← Chapters

အခန်း ၁၄၃၁

Vol. 96 Ch. 1431

အခန်း ၁၄၃၁

Vol. 96 Ch. 1431

အပိုင်း ( 1431 ) စန်းဧကရာဇ်၏နန်းတော်။

"လော့ရှန်း ရသွားခဲ့တယ်"

လုမင် ပြုံးလိုက်သည်။

"သေခြင်းရှင်ခြင်းဓားဂိုဏ်းက ပါရမီရှင် လော့ရှန်းလား"

ချိုးရင်ရင်၏ မျက်လုံးများက အရောင်ပြောင်းသွားသည်။

"မင်းသူ့ကိုသိလား"

လုမင် မေးလိုက်၏။

ချိုးရင်ရင်က ခေါင်းညိတ်ပြလိုက်သည်။

"ငါနဲ့အစ်ကိုက ယွမ်လုကို နှစ်နှစ်စောပြီး ရောက်လာတာလေ။ ကိုယ့်အကြောင်းကိုသိသလို ရန်သူအကြောင်းကိုလည်း သိထားရမယ် ဆိုတဲ့စကားအတိုင်း ဒီနှစ်နှစ်အတွင်းမှာ လေ့ကျင့်တာအပြင် စန်းပြည်နယ်က အင်အားစုတွေနဲ့ ပါရမီရှင်တချို့အကြောင်းကို လေ့လာထားခဲ့တယ်"

"သေခြင်းရှင်ခြင်းဓားဂိုဏ်းက ထိပ်တန်း အင်အားစုဆယ့်သုံးခုမှာ ထူးခြားတဲ့ တည်ရှိမှုတစ်ခုပဲ။ အခြား အင်အားစုတွေမှာ တပည့်အများကြီးရှိပေမဲ့ သေခြင်းရှင်ခြင်းဓားဂိုဏ်းမှာတော့ တပည့်နည်းနည်းပဲ ရှိတယ်။ သူတို့ရဲ့ တပည့်လက်ခံမှု စည်းမျဉ်းတွေကလည်း အရမ်းတင်းကျပ်ပါတယ်"

လုမင် ခေါင်းညိတ်လိုက်သည်။ နောက်ဆုံး‌တွင်၊ သေခြင်းရှင်ခြင်းဓားဂိုဏ်းမှ မဟာဧကရာဇ်လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သူဦးရေမှာ အနည်းဆုံး ဖြစ်၏။

"လော့ရှန်းက သေခြင်းရှင်ခြင်းဓားဂိုဏ်းမှာ ကြောက်စရာအကောင်းဆုံး ပါရမီရှင်ပဲ။ သူ့ရဲ့ အသက်ခြောက်နှစ်မှာ ဓားပညာကို စတင်လေ့ကျင့်ခဲ့ပြီး အသက် ခုနစ်နှစ်အရွယ်မှာ ဝိညာဉ်ပင်လယ်နယ်ပယ်ကို ရောက်ရှိခဲ့တယ်။ အသက်ကိုးနှစ်မှာတော့ အဓိပဓိနယ်ပယ် အထွတ်အထိပ်ကို ရောက်ရှိခဲ့တယ်တဲ့"

ချိုးရင်ရင်က ပြောလိုက်သည်။

"အသက်ခြောက်နှစ်မှာ ဓားပညာကို စတင်လေ့ကျင့်ခဲ့ပြီး ကိုးနှစ်သားမှာ အဓိပဓိနယ်ပယ် အထွတ်အထိပ်ကို ရောက်ခဲ့တာလား"

လုမင် အံသြသွားသည်။

ဤကျင့်ကြံမှုအရှိန်မှာ စိတ်ကူးမယဉ်နိုင်အောင် မြန်ဆန်လွန်း၏။

သူတို့က ယွမ်လုတိုက်ကြီးမှာဖြစ်လျှင်ပင် အံ့ဩစရာကောင်းနေသေးသည်။

နဝမနဂါးသွေးမျိုးဆက်ကို ရရှိခဲ့သောကြောင့် လုမင်၏ ကျင့်ကြံခြင်းအမြန်နှုန်းဟာ အံ့ဩစရာဖြစ်ခဲ့သည်။ သို့သော်လည်း သူ၏ လက်ရှိအဆင့်သို့ရောက်ရန် ဆယ်နှစ်ကျော် အချိန်ယူခဲ့ရသည်။

"ဒီလိုဆိုရင် လော့ရှန်းရဲ့ အရည်အချင်းက မဆိုးပေမဲ့ သူ့ကိုကြည့်ရတာ အသက်နှစ်ဆယ်လောက်ရှိပုံရတယ်။ အဲဒါက ဘယ်လိုဖြစ်တာလဲ"

လုမင် စိတ်ရှုပ်ထွေးသွားသည်။

"အဲဒါကြောင့်ပဲ လော့ရှန်းက ကြောက်စရာအကောင်းဆုံးဖြစ်နေတာပေါ့။ သူက သိုင်းအုပ်ချုပ်သူနယ်ပယ်ကို အစောကြီးကတည်းက ဖြတ်ကျော်သွားနိုင်ပေမဲ့ သူ့ရဲ့နယ်ပယ်ကို အဓိပဓိအဆင့်မှာ တမင် ဖိနှိပ်ထားခဲ့တာ။ သူ့ရည်ရွယ်ချက်က သူ့ကိုယ်ပိုင် ဓားဝိညာဉ်နဲ့ ဓားနှလုံးသားကို လေ့ကျင့်ဖို့ပဲ။ အဲဒီအတွက် သူက သူ့ကိုယ်သူ ဆယ့်ငါးနှစ်တိုင်တိုင် ဖိနှိပ်ထားခဲ့တယ်"

ချိုးရင်ရင် ပြောလိုက်သည်။

လုမင် အတော်အံ့အားသင့်သွား၏။

သူဟာ ဓားဝိညာဉ်ကို လေ့ကျင့်ပြီး ဓားနှလုံးသားကို သန့်စင်ရန်အတွက် အဆင့်တစ်ခုတည်းတွင် သူ့ကိုယ်သူ ဆယ့်ငါးနှစ်ကြာ ဖိနှိပ်ထးရန် ဆန္ဒရှိခဲ့သည်။ ဤလူမျိုးက အလွန်ကြောက်စရာကောင်းပေသည်။

ယခုဆိုလျှင် လော့ရှန်းက ဓားတာအိုအမွေကို ရရှိခဲ့သွားခဲ့ပြီ ဖြစ်သည်။ အနာဂတ်တွင် သူက လုံးဝ ကြောက်စရာကောင်းသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာလိမ့်မည်။

လုမင်လည်း လော့ရှန်း၏အမည်ကို သူ့နှလုံးသားထဲတွင် တိတ်တဆိတ် မှတ်သားထားလိုက်သည်။

အခြားအရာအားလုံးကို ဘေးဖယ်ထားလျှင်ပင် သူ့စိတ်နေစိတ်ထားတစ်ခုတည်းက လေးစားထိုက်သည်။

လုမင်လည်း သူ၏ ကျင့်ကြံခြင်းကို ဆယ့်ငါးနှစ်ကြာအောင် ဖိနှိပ်ထားနိုင်မလားဟု မိမိကိုယ်ကို မေးခဲ့မိသည်။ သူ မလုပ်နိုင်ပေ။

သို့ရာတွင် လူတိုင်း၏ လမ်းကြောင်းများက မတူပါ။ လုမင်မှာလည်း ကိုယ်ပိုင်လမ်းစဉ် ရှိသည်။ လုမင်၏ လမ်းကြောင်းက အခြားသူများနှင့် တူချင်မှတူလိမ့်မည်။

ခဏတာ စကားပြောပြီးနောက် ရှေ့ဆက်ခဲ့ကြသည်။

ထို့နောက်တွင် လျှို့ဝှက်နယ်မြေတစ်ခုလုံးက ပို၍ အသက်ဝင်စည်ကားလာ၏။

ကျန်ရှိသော အမွေများကို လူတိုင်းက အသည်းအသန် ရှာဖွေနေတော့သည်။

ရက်များ ကုန်လွန်သွားခဲ့သည်။

..........

လျှို့ဝှက်နယ်မြေတစ်ခုမှ သွေးအိုင်ထဲတွင် နဂါးဟိန်းသံကို ကြားလိုက်ရသည်။ ရုတ်တရက်၊ လူရိပ်တစ်ခုက ကောင်းကင်သို့ ပျံတက်လာပြီး သွေးအိုင်ပေါ်တွင် ရပ်လိုက်၏။

ဤလူကတော့ နဂါးနတ်ဘုရားတောင်ကြား၏ ပါရမီရှင်ခေါင်းဆောင် ဟဲယွိမှတပါး အခြားမဟုတ်ပေ။

"ဝမ်"

သွေးပင်လယ်အတွင်းမှ သက်တံတံတားတစ်စင်းကလည်း ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့သည်။

စတုတ္ထ အမွေ ပေါ်လာပြီ။

.......

ပန်းပင်လယ်ကြီးအလယ်တွင် ချောမောလှပသော မိန်းကလေးတစ်ယောက် မတ်တပ်ရပ်နေသည်။ သူမ၏ တစ်ကိုယ်လုံးကို တောက်ပသော အလင်းရောင်များက လွှမ်းခြုံထား၏။ ပန်းပင်လယ်မှ အလင်းရောင်များ ဖြာထွက်ပြီး သက်တံတံတားအဖြစ်သို့ ထိုးတက်သွားတော့သည်။

ပဉ္စမ အမွေ ပေါ်လာပြီ။

......

သဲကန္တာရအလယ်မှလည်း သက်တံတံတားတစ်ခု ရှိခဲ့သည်။

ဆဋ္ဌမ အမွေ ပေါ်လာပြီ။

......

ရှေးနတ်နန်းတော်တစ်ခုတွင် လူငယ်တစ်ဦးကို နတ်အလင်းရောင်များ လွှမ်းခြုံသွားခဲ့သည်။

ထိုလူငယ် ထွက်လာပြီးနောက် နတ်နန်းတော်အထက် ကောင်းကင်သို့ သက်တံတံတားတစ်စင်း ထိုးတက်သွား၏။

သတ္တမမြောက် အမွေ ပေါ်လာပြီ။

"ဝှစ်၊ ဝှစ်၊ ဝှစ်"

ထိုစဉ် လူငယ်အနားမှာ လူရိပ်တချို့ပေါ်လာပြီး တလေးတစား ဦးညွှတ်လိုက်ကြသည်။

"ဂုဏ်ယူပါတယ် ဂိုဏ်းတူအစ်ကိုရှစ်၊ အမွေကိုရယူတဲ့အတွက် ဂုဏ်ယူပါတယ်"

"အမွေခုနစ်ခုစလုံး ပေါ်လာပြီဆိုတော့ စန်းဧကရာဇ်ရဲ့ နန်းတော် ပေါ်လာတော့မယ်။ ဒီတစ်ခါ စန်းဧကရာဇ်ရဲ့ ရတနာတွေက ငါတို့ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ ဥစ္စာပဲ"

လူငယ်က နတ်ဘုရားတစ်ပါး ပြောဆိုသကဲ့သို့ ကြီးကျယ်ခမ်းနားသော လေသံဖြင့် ပြောလိုက်သည်။

"စန်းဧကရာဇ်ရဲ့ ရတနာက ငါတို့ ကောင်းကင်နတ်ဘုရားဂိုဏ်းအတွက်ပဲ"

တခြားလူငယ်များကလည်း တစ်ယောက်ပြီး တစ်ယောက် ပြောလိုက်ကြလေသည်။

.........

ဤအခိုက်အတန့်တွင်၊ လျှို့ဝှက်နယ်မြေရှိ လူတိုင်းက လေဟာပြင်ကို ကြည့်နေခဲ့ကြသည်။

"အမွေ ခုနစ်ခုစလုံး ပေါ်လာပြီ။ စန်းဧကရာဇ်ရဲ့ နန်းတော် ပေါ်လာတော့မယ်"

တောင်ထိပ်တစ်ခုမှာလည်း လုမင်၊ ချိုးရင်ရင်နှင့် ချိုးဟောက်က လေဟာပြင်ကို ကြည့်နေသည်။

ဤကာလအတွင်း သူတို့ဟာ အမွေများကို ရှာဖွေခဲ့ကြသည်။ ကံမကောင်းစွာဖြင့် အခြားရတနာများ ရရှိသော်လည်း အမွေများကိုမူ ရှာမတွေ့ခဲ့ပေ။

ကောင်းကင်အမြင့်တွင် သက်တံတံတားခုနစ်စင်းက နေရာပေါင်းစုံမှ ပျံသန်းကာ တစ်နေရာတည်းတွင် စုရုံးလာခဲ့သည်။

ယင်းကို မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေတစ်ခုလုံးမှ မြင်နိုင်ကြ၏။

"ဝုန်း"

ရုတ်တရက် သက်တံ့တံတားများစုဝေးရာနေရာ၌ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက်မှာတော့ လင်းယုန်ငှက်ကြီးတစ်ကောင်၏ အော်ဟစ်သံက မိုးနှင့်မြေကြားမှာ ပဲ့တင်ထပ် ထွက်ပေါ်လာတော့သည်။

လေဟာပြင်၏ နက်ရှိုင်း‌သောအရပ်တွင် ကြီးမားသော အရာတစ်ခု ထွက်လာတော့မည့်ပုံ ရသည်။

"စန်းဧကရာဇ်ရဲ့နန်းတော် ပေါ်လာတော့မယ်"

"ဒီအခွင့်အရေးကို ဆုပ်ကိုင်ထားမှ"

"အမွေ ခုနစ်ခုမှာ တစ်ခုမှ ငါ မရခဲ့ဘူး။ စန်းဧကရာဇ်ရဲ့ အမွေက ငါ့အတွက်ပဲဖြစ်ရမယ်"

လူရိပ်များစွာက ကောင်းကင်ယံမှ သက်တံတံတားများစုဝေးရာအရပ်ဆီသို့ ပြေးသွားကြသည်။

ကောင်းကင်အမြင့်မှ အောက်ကိုငုံ့ကြည့်လိုက်လျှင် မြင်ကွင်းမှာ အလွန်ခမ်းနား၏။

မရေမတွက်နိုင်သော လူများကို တစ်နေရာတည်းတွင် စုစည်းထားခြင်းမှာ စိတ်လှုပ်ရှားစရာကောင်းလွန်းသည်။

"သွားရအောင်"

လုမင် ပြောလိုက်သည်။ ထို့နောက်တော့ သူတို့သုံးဦးလည်း ကောင်းကင်မှ ပျံသန်းသွားတော့သည်။

ထိုအချိန်တွင် လင်းယုန်ငှက်၏ အော်ဟစ်သံက ကောင်းကင်ယံတွင် ကျယ်လောင်စွာ ထွက်ပေါ်လာပြန်သည်။

"ဂျုန်း"

ဟင်းလင်းပြင်က အက်ကွဲသွားပြီး ကြီးမားသော အရာဝတ္တုတစ်ခုက လူတိုင်းရှေ့တွင် ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

လင်းယုန်ကြီး၊ အလွန်ကြီးမားသော လင်းယုန်ကြီး ဖြစ်သည်။

အတိအကျပြောရလျှင် ၎င်းက လင်းယုန်ပုံသဏ္ဍာန်ရှိသော အဆောက်အအုံတစ်ခု ဖြစ်၏။ အဝေးမှကြည့်လျှင် အလွန်အသက်ဝင်ပုံရပြီး သူ့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါက လူတိုင်း၏နှလုံးသားကို လွှမ်းမိုးထားခဲ့ပေသည်။

ဒါက စန်းဧကရာဇ်ရဲ့ နန်းတော်လား။

လူတိုင်း၏ မျက်လုံးများက တောက်ပလာခဲ့သည်။

ဒဏ္ဍာရီများတွင် စန်းဧကရာဇ်က လင်းယုန်ဧကရာဇ် ဖြစ်၏။ သူ့ခန္ဓာက လင်းယုန်ငှက်ကြီး ဖြစ်ချေသည်။

"လူတော်တော်နည်းသွားတာပဲ"

ချိုးရင်ရင်က တိုးတိုးလေး ပြောလိုက်သည်။

လုမင် ခေါင်းညိတ်လိုက်၏။ အမှန်တွင်၊ မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လာသောအခါ လူပေါင်း သုံးသိန်းကျော် ရှိခဲ့သည်။ သို့သော်လည်း ယခု ဤနေရာမှာ လူပေါင်း နှစ်သိန်းအောက်ပဲ ရှိတော့သည်။

ကျန်သူများ အားလုံးနီးပါး သေဆုံးခဲ့ကြသည်။

လူပေါင်း တစ်သိန်းကျော် သေဆုံးခဲ့ခြင်းက ဘယ်လောက်တောင် ကြောက်စရာကောင်းသည့် နံပါတ်ဖြစ်သနည်း။

မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေက အခွင့်အလမ်းကောင်းများ ရှိခဲ့သော်ငြားလည်း ကြီးမားသော အန္တရာယ်များ ရှိခဲ့သည်။

ဥပမာအားဖြင့်၊ ဓားတာအိုအမွေနယ်မြေတွင် အနည်းဆုံး လူတစ်သောင်းခန့် ဓားသွားအမြီး ပိုးကောင်များအောက်မှာ သေဆုံးခဲ့ကြရသည်။

"ဝမ်"

ခဏအကြာတွင် လင်းယုန်ကြီးတစ်ကောင်လုံး လူတိုင်း၏ မျက်စိရှေ့မှာ ပေါ်လာခဲ့သည်။

ကြီးမားသည်၊ အလွန်ကြီးမား၏။ လင်းယုန်ငှက်ကြီးက ကောင်းကင်ကို ဖုံးလွှမ်းသွားကာ အဆုံးကိုပင် မမြင်နိုင်ပေ။ လင်းယုန်ငှက်ကြီး တစ်ကောင်လုံးက မဟူရာရောင် တောက်ပနေသော်လည်း မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို မည်သူမျှ မသိကြပါ။

"ဝင်ပေါက်က ဘယ်မှာလဲ"

အားလုံးက အလျင်အမြန် ကြည့်လိုက်သော်လည်း ဝင်ပေါက်ကို မတွေ့ကြပေ။

လင်းယုန်ကြီး၏ ခန္ဓာကိုယ်က ဗလာ ဖြစ်နေသည်။ ထင်ရှားသည်မှာ၊ ၎င်းက နန်းတော်အစစ်မဖြစ်နိုင်ပါ။ တကယ့်နန်းတော်က လင်းယုန်ကိုယ်အတွင်း၌ ရှိရမည်။

"ဂီး"

ထိုအချိန်တွင် လင်းယုန်၏ အော်ဟစ်သံက ကောင်းကင်ယံ၌ ပဲ့တင်ထပ်သွားသည်။ လူတိုင်းက လင်းယုန်ပါးစပ်ဟလိုက်သောအခါ အနက်ရောင်လမ်းကြောင်းတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရ၏။

ယင်းက စန်းဧကရာဇ်၏နန်းတော် ဝင်ပေါက် ဖြစ်နိုင်ပါ‌မည်လော။

လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။ နောက်ဆုံးတွင် လူအချို့က အံကြိတ်ပြီး လင်းယုန်၏ ပါးစပ်ဆီသို့ ပြေးသွားကြ၏။

အကယ်၍ ဤအရာသာ လမ်းကြောင်းအမှန်ဖြစ်ပါက၊ ဦးစွာဝင်ရောက်ခြင်းဖြင့် အားသာချက် ဖြစ်နိုင်သည်။

All Chapters