← Chapters

အခန်း ၁၄၃၃

Vol. 96 Ch. 1433

အခန်း ၁၄၃၃

Vol. 96 Ch. 1433

အပိုင်း ( 1433 ) နတ်ဘုရားပြစ်ဒဏ်လှံ။

"ဖြောင်း"

လုမင်က ခြေတစ်လှမ်းတည်းဖြင့် ဝတ်ရုံဖြူဝတ် လူငယ်ရှေ့တွင် ပေါ်လာကာ ကန်ကျောက်လိုက်သည်။

"ဒုန်း"

ဝတ်ရုံဖြူဝတ် လူငယ်၏ အကာအကွယ် ယွမ်ချီစွမ်းအင်နှင့် တာအိုနယ်မြေက ပြိုကျသွား၏။

မရေမတွက်နိုင်သော အနက်ရောင်အလင်းတန်းများက ဝတ်ရုံဖြူဝတ် လူငယ်ဆီသို့ ချက်ချင်း ကျရောက်လာတော့သည်။

၀တ်စုံဖြူဝတ် လူငယ်လည်း သူ့ကိုယ်သူ ကာကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့်၊ သူ့တွင် သန္ဓေ၀ိညာဉ်ခန္ဓာတစ်ခုရှိ၏။ ယင်းက မြေကမ္ဘာအဆင့်နိမ့် ဝိညာဉ်ခန္ဓာအဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်မှာ အပေါက်များစွာ ပေါ်လာသော်လည်း အသက်မသေခဲ့ပေ။

သို့ရာတွင် လုမင်က သူ့ကို ထပ်မံတိုက်ခိုက်လိုက်သည်။

"ဒုန်း"

လုမင်က သူ့လက်သည်းဖြင့် ကုပ်ဆွဲပြီး ဝတ်ရုံဖြူဝတ် လူငယ်၏ တာအိုနယ်မြေကို ထိုးဖောက်လိုက်သည်။ ထို့နောက် သူက ဝတ်ရုံဖြူဝတ် လူငယ်၏လည်ပင်းကို ဖမ်းဆုပ်လိုက်၏။

သဘာအတိုင်း၊ လူငယ်၏ ယွမ်ချီစွမ်းအင်နှင့် တာအိုနယ်မြေက ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

"ကယ်ကြပါဦး..."

မရေမတွက်နိုင်သော အလင်းတန်းများကလည်း ထပ်မံပစ်ခတ်လာသောကြောင့် ဝတ်ရုံဖြူဝတ်လူငယ်မှာ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

လုမင်က သူ၏ တာအိုနယ်မြေဖြင့် လူငယ်ကိုပါ ဖုံးလွှမ်းကာ အနက်ရောင်အလင်းများကို တားဆီးလိုက်၏။

ဝတ်ရုံဖြူဝတ်လူငယ်လည်း အသက်ပြင်းပြင်းရှူပြီး အော်ဟစ်လိုက်သည်။

"လုမင်၊ ငါ့ကို လွှတ်ပေးနော်။ ငါ့ဦးလေးဟာ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပဲ။ မင်းငါ့ကိုသတ်ရင် သူ..."

"တိတ်စမ်း"

လုမင် သတ်ဖြတ်ချင်စိတ်ဖြင့် အေးစက်စက် အော်ဟစ်လိုက်၏။ ဝတ်ရုံဖြူဝတ် လူငယ်လည်း ထိတ်လန့်သွားကာ နောက်ထပ် ဆက်မပြောဝံ့တော့ပေ။

"ပြောစမ်း၊ ငါ့ကိုသတ်ဖို့ မင်းကိုဘယ်သူစေလွှတ်လိုက်တာလဲ"

လုမင် အေးစက်စက် ပြောလိုက်သည်။

"အဲဒါ... အဲဒါက..."

ဝတ်ရုံဖြူဝတ်လူငယ် တစ်ခုခု ပြန်ပြောခါနီးတွင် တစ်ဖက်မှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"မင်း သူ့ကို လွှတ်လိုက်တာ ပိုကောင်းမယ်"

လမ်း၏ အခြားတစ်ဖက်မှ လူငယ်အချို့ ထွက်လာကြသည်။

အဖွဲ့ကို ဦးဆောင်လာသူမှာ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူငယ်တစ်ဦး ဖြစ်၏။ သူ၏ မျက်လုံးများက တောက်ပနေပြီး အရှိန်အဝါကလည်း ကြောက်မက်ဖွယ် ဖြစ်သည်။ သူ့ထံမှ အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အငွေ့အသက်များ ထွက်ပေါ်နေသည်။

ထိုလူငယ်နောက်တွင်လည်း အခြားလူငယ်နှစ်ဦး ရှိ၏။ သူတို့နှစ်ဦးစလုံးက ပထမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ ၎င်းတို့ကို တာအိုနယ်မြေများက ရစ်ပတ်ထားသောကြောင့် အနက်ရောင်အလင်းတန်းများက ၎င်းတို့ကို အန္တရာယ်မပြုနိုင်ပေ။

"ဒါက ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ ပါရမီရှင်ခေါင်းဆောင် ရှစ်ထျန်းပဲ"

ဖြတ်သွားဖြတ်လာ လူတချို့က အချင်းချင်း တိုးတိုးပြောလိုက်သည်။ ထို့နောက် သူတို့က ရှေ့ကိုသာ အပြေးအလွှား ထွက်ခွာသွား၏။

"ဂိုဏ်းတူအစ်ကိုရှစ်ထျန်း၊ ကျုပ်ကိုကယ်ပါဦး"

ဝတ်ရုံဖြူဝတ်လူငယ်က ရှစ်ထျန်းကိုတွေ့သောအခါ အော်ဟစ်လိုက်သည်။

"ကောင်စုတ်လေး၊ ငါ့ကို အမြန်လွှတ်ပေးစမ်း။ မဟုတ်ရင် ဂိုဏ်းတူအစ်ကိုရှစ်ထျန်းက မင်းကို သေချင်ရင်တောင် မလွယ်တဲ့ဘဝကို ရောက်စေလိမ့်မယ်"

ဝတ်ရုံဖြူလူငယ်က တစ်ဖန် မောက်မာလာပြီး လုမင်ကို ကြိမ်းမောင်းလိုက်သည်။

"တကယ်လား"

လုမင်က လှောင်ပြောင်ပြီး လွှမ်းခြုံပေးထားသော တာအိုနယ်မြေကို ရုတ်သိမ်းလိုက်သည်။ ချက်ချင်းပင် အနက်ရောင် အလင်းတန်း ခုနစ်ခု၊ ရှစ်ခုက ဝတ်ရုံဖြူဝတ် လူငယ်ကို ဖောက်ထွက်သွား၏။ သနား၏ဖွယ် အော်ဟစ်ရင်း ချွေးသီးချွေးပေါက် ကျလာတော့သည်။

"မင်း သေချင်နေတာပဲ"

"ဘယ်လိုတောင် မင်း လုပ်ဝံ့တာလဲ"

ရှစ်ထျန်း၏အနောက်မှ လူငယ်နှစ်ဦးက အော်ဟစ်လိုက်ကြသည်။

"ဒုန်း"

ရှစ်ထျန်းက ရှေ့သို့တိုးလိုက်သည်။

"သူ့ကို လွှတ်လိုက်လို့ ငါပြောနေတယ်"

အေးစက်စက် ပြောရင်း အားကောင်းသော အရှိန်အဝါဖိအားများက လုမင်ကို ဖိနှိပ်လိုက်၏။

လုမင်ကို ပြောလိုက်သော သူ့လေသံမှာ သာလွန်မြင့်မြတ်သူတစ်ဦးကဲ့သို့ အာဏာသံအပြည့်ရှိသည်။

"မင်းက ဘာကောင်မို့လဲ။ ဒီကောင်က ငါ့ကို အကြိမ်ကြိမ် ချောင်းမြောင်းတိုက်ခိုက်နေခဲ့တာ။ သူ သေရမယ်"

လုမင် အေးစက်စက် ပြောလိုက်သည်။

ရှစ်ထျန်း၏ မျက်နှာက မှုန်ကုပ်သွားသည်။

"မင်း သူ့ကိုသတ်ရင် ငါ မင်းကို သေချာပေါက် သတ်မယ်"

"တကယ်လား"

လုမင်၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာတို့ ဖြစ်ပေါ်လာသည်။ သူ၏ သတ်ဖြတ်ချင်စိတ်များက ပိုမို အေးစက်လာ၏။

"မဟုတ်ဘူး..."

၀တ်စုံဖြူဝတ် လူငယ်လေး ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

"ဝုန်း"

လုမင်၏ လက်ဝါးမှ စွမ်းအင်များ ရုတ်တရက် ထွက်ပေါ်လာပြီး လူငယ်ကို လွှမ်းခြုံသွား၏။ ကြောက်မက်ဖွယ် စွမ်းအားအောက်တွင် ဝတ်ရုံဖြူဝတ်လူငယ်၏ ခန္ဓာကိုယ်က အပိုင်းပိုင်း ပေါက်ကွဲသွားတော့သည်။

"သေစမ်း"

ထိုအချိန်တွင် ရှစ်ထျန်းထံမှ သတ်ဖြတ်ချင်စိတ်များ ပေါက်ကွဲထွက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ကို မြင့်မြတ်သော အရောင်ဝါများက လွှမ်းခြုံရစ်ပတ်သွား၏။ သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် လေထဲတွင် ပေါက်ကွဲသံ ထွက်ပေါ်လာတော့သည်။ ရှစ်ထျန်းက သူ့လက်ကိုမြှောက်ပြီး အောက်ကို ဖိချဟန် ပြုလိုက်သည်။ ကြီးမားသော လက်ဖဝါးကြီးတစ်ဖက်ကလည်း လုမင်ကို ဖိချလိုက်၏။

"ကလေးကွက်တွေ"

လုမင် လှောင်ပြောင်လိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်၏။ ကစဉ့်ကလျား လက်ဝါးပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာတော့သည်။

လက်ဝါးနှစ်ဖက် ထိပ်တိုက်တွေ့ဆုံပြီးနောက် ပေါက်ကွဲသံကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။ တိုက်မိရာမှ လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာပြီး အနီးပတ်ဝန်းကျင်ရှိ အနက်ရောင်အလင်းတန်းများ ပျက်စီးသွားရသည်။

"ဝုန်း"

နောက်အခိုက်အတန့်တွင် ရှစ်ထျန်း၏ လက်ဝါးပုံရိပ်က ပြိုကျသွား၏။ ကစဉ့်ကလျား လက်ဝါးကြီးကမူ မရပ်တန့်ဘဲ ရှစ်ထျန်းကို ဆက်လက်ဖိနှိပ်လာတော့သည်။

ရှစ်ထျန်း၏ အမူအရာ ပြောင်းသွားသည်။ သူ့ခန္ဓာကိုယ်ပေါ်မှ မြင့်မြတ်သော ရောင်ဝါက ပိုမိုတောက်ပလာပြီး သူ့လက်ထဲတွင်လည်း လှံရှည်တစ်ခု ပေါ်လာခဲ့၏။

"နတ်ဘုရားအပြစ်ဒဏ် လှံ"

ရှစ်ထျန်းက ခပ်တိုးတိုး အော်လိုက်သည်။ လှံက လေဟာပြင်ကိုဖြတ်၍ ကမ္ဘာပေါ်ရှိ အရာအားလုံးကို ထိုးဖောက်ဝင်ရောက်နိုင်ပုံရ၏။ အလွန်လျင်မြန်သောအရှိန်ဖြင့် လုမင်ဆီသို့ ထိုးဖောက်လာတော့သည်။

ရှစ်ထျန်း၏ ကျင့်ကြံခြင်းက သိုင်းအုပ်ချုပ်သူနယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိနေကာ မြေကမ္ဘာ အလယ်လတ် ဝိညာဉ်ခန္ဓာကို လေ့ကျင့်ထားခဲ့သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းက အလွန်အားကောင်းပြီး ဟဲယွိ၊ ဝမ့်ရှောင်၊ လော့ရှန်းတို့နှင့် အဆင့်တူတွင် ဖြစ်၏။

မဟာဧကရာဇ် လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ခဲ့သော ပါရမီရှင်များထဲတွင် သူက အထွတ်အထိပ်မှာ ရပ်နေခဲ့သည်။

လူအများစုက သူ့ကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

သို့ရာတွင်၊ လုမင်နှင့် သူ တွေ့ခဲ့ရသည်။

ကစဉ့်ကလျားတာအိုနယ်မြေက သူ့ကို ဖုံးလွှမ်းသွားသည်။ လုမင်က အတားအဆီးမဲ့သော ကောင်းကင်သိုင်းဖြင့် လှံသွားကို ထိုးနှက်လိုက်၏။

"ဒုန်း"

အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ရှစ်ထျန်း၏ နတ်ဘုရားပြစ်ဒဏ် လှံက ပြင်းထန်စွာ တုန်ခါသွားသည်။ ကြောက်စရာကောင်းသော အင်အတစ်ခုက လှံကိုဖြတ်ပြီး ရှစ်ထျန်း၏လက်တစ်လျှောက် စီးဆင်းသွားကာ သူ့ခန္ဓာကိုယ်ကို တုန်ခါသွားစေသည်။

"ဝုန်း"

နောက်အခိုက်အတန့်တွင် နတ်ဘုရားပြစ်ဒဏ်လှံက ပေါက်ကွဲသွား၏။ ရှစ်ထျန်း၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး မီတာရာဂဏန်းအကွာသို့ ဆုတ်သွားရတော့သည်။ သူ့နှုတ်ခမ်းထောင့်မှလည်း သွေးများ စီးကျလာခဲ့သည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ"

ကျန်လူငယ်နှစ်ဦး အံသြသွားကြသည်။

ရှစ်ထျန်းက လုမင်၏ပြိုင်ဘက် မဟုတ်ပေ။ ယင်းက မည်သို့ဖြစ်နိုင်ပါမည်နည်း။

"သွားကြစို့"

ရှစ်ထျန်း စကားတစ်ခွန်းမှ မပြောတော့ဘဲ လှည့်ထွက်သွားသည်။

"မင်းကိုယ်မင်း လာချင်တိုင်းလာ သွားချင်တိုင်းသွားနိုင်မယ် ထင်နေလို့လား။ ဒီလောက် ဘယ်လိုလွယ်ပါ့မလဲ"

လုမင် အေးစက်စက် ပြောလိုက်သည်။ သူက လေဓာတ်စွမ်းအင်တာအိုသိုင်းဖြင့် လှုပ်ရှားပြီး ရှစ်ထျန်းရှေ့တွင် ပိတ်ရပ်လိုက်၏။

ကြောက်မက်ဖွယ်ကောင်းသော လက်သီးချက်များက ရှစ်ထျန်းဆီသို့ ကျရောက်လာတော့သည်။

ရှစ်ထျန်း ဒေါသတကြီး ဟိန်းဟောက်ပြီး လုမင်ကို တိုက်ခိုက်ရန် သူ့အစွမ်းရှိသမျှ ထုတ်ဖော်လိုက်သည်။

သို့သော်၊ သူက အားမနည်းသော်လည်း လုမင်ထက် နိမ့်ကျနေဆဲပင်။ ဆယ်ကွက်မပြည့်မီတွင် သူ သွေးအန်သည်အထိ လုမင်၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။

"ဂိုဏ်းတူအစ်ကိုရှစ်ထျန်း၊ ငါတို့ မင်းအတွက် လက်စားချေပေးမယ်"

ဤမြင်ကွင်းက အခြားလူငယ်နှစ်ဦးကို အလွန်ထိတ်လန့်သွားစေခဲ့သည်။ အလောတကြီး အော်ဟစ်ပြီးနောက် နှစ်ဦးစလုံး ချက်ချင်း ထွက်ပြေးသွားတော့သည်။

"ဟားဟားဟား၊ ဒါတွေက မင်းရဲ့ ဂိုဏ်းတူညီနောင်တွေလား"

လုမင်က လှောင်ပြောင်လိုက်သည်။

ရှစ်ထျန်း ဒေါသတကြီး အော်ဟစ်ရင်း အစွမ်းကုန် ခုခံရန် ကြိုးစားလိုက်၏။

သို့သော်လည်း လုမင်၏ ကစဉ့်ကလျား တာအိုနယ်မြေအောက်တွင် သူ ဆုတ်ခွာသွားရုံမှတပါး အခြား မတတ်နိုင်တော့ပေ။

"သေစေ"

လုမင်က ရှစ်ထျန်း၏ အကာကွယ်ကိုဖျက်ဆီးကာ တိုက်ရိုက်သတ်ရန် ထိုးနှက်လိုက်သည်။

ထိုအချိန်တွင် ရှစ်ထျန်း၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာ၏။ ရှစ်ထျန်း၏ ခန္ဓာကိုယ်ပေါ်တွင် အရိပ်တစ်ခု ပေါ်လာပြီး မမြင်နိုင်သော စွမ်းအားတစ်ခု ပေါက်ကွဲထွက်ပေါ်လာတော့သည်။

"ဒါက…"

လုမင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ဤစွမ်းအားက ဓားမျှော်စင်တွင် ရင်ဆိုင်ခဲ့ရသော အလင်းဓားနှင့် အလွန်ဆင်တူ၏။

စွမ်းအားအဆင့်ကလည်း အတူတူ ဖြစ်သည်။

"ဒုန်း"

ဤအင်အားက လုမင်ကို ထိမှန်သောအခါ နောက်ဆုတ်သွားရ၏။

"လုမင်၊ နောက်တစ်ခါကျရင် ငါ မင်းကို သေချာပေါက် သတ်မယ်"

ရှစ်ထျန်း ကြုံးဝါးလိုက်သည်။ နောက်တော့ လျှောက်လမ်း၏ အနက်ရှိုင်းဆုံးသို့ ကတိုက်ကရိုက် ပြေးဝင်သွားတော့သည်။

"ရှစ်ထျန်းကလည်း အမွေရထားတာပဲ"

လုမင် မျက်မှောင်ကြုတ်လိုက်သည်။

ရှစ်ထျန်းသည်လည်း အမွေကို ရရှိထားသင့်၏။ သူဟာ အမွေကိုရရှိထားသည်မှာ မကြာသေးသောကြောင့် အမွေတွင် ၎င်း၏ပိုင်ရှင်ကို အလိုအလျောက် ကာကွယ်ပေးသည့် လုပ်ဆောင်ချက် ရှိသည်။

သို့သော်လည်း အမွေကို အပြည့်အဝ သန့်စင်ပြီးနောက် ဤလုပ်ဆောင်ချက်က ပျောက်ကွယ်သွားလိမ့်မည်။

"နောက်တစ်ခါ ပြန်တွေ့ချိန်မှာ အမွေက ပိုင်ရှင်ကို မကာကွယ်နိုင်ရင် မင်းကို ငါ သေချာပေါက် သတ်မယ်"

လုမင်၏ မျက်လုံးများတွင် စူးရှသော အလင်းတန်းတစ်ခု လင်းလက်လာခဲ့သည်။

"လုမင်၊ နင်အဆင်ပြေရဲ့လား"

ချိုးရင်ရင်က ရှေ့တိုးလာပြီး မေး၏။

"ငါအဆင်ပြေပါတယ်။ သွားကြရအောင်"

လုမင် ပြောလိုက်သည်။

All Chapters