အခန်း ၁၄၃၄
Vol. 96 Ch. 1434
အပိုင်း ( 1434 ) ရွှေရောင်လင်းယုန်အလောင်း။
ရှေ့ကို ဆက်လျှောက်ခဲ့ကြသည်။
ဤလမ်းကြောင်းရှိ အနက်ရောင်အလင်းက အလွန်အားကောင်းသော်လည်း၊ ၎င်းသည် အဓိကအားဖြင့် အဓိပဓိ သို့မဟုတ် အားနည်းသော သိုင်းအုပ်ချုပ်သူအချို့ကိုသာ ခြိမ်းခြောက်နိုင်ပေသည်။ တော်ရုံ အင်အားရှိရုံဖြင့် ဆက်သွားနိုင်သည်။
သူတို့သုံးယောက်လည်း နောက်ထပ် မိုင်တစ်ထောင်ခန့် လမ်းလျှောက်ခဲ့ရ၏။ ဤတွင် နောက်ဆုံးမှာ အဆုံးကို ရောက်သွားခဲ့ကြသည်။
လျှောက်လမ်း ဆုံးသွားပြီးနောက် သူတို့ရှေ့တွင် မြေပြန့်တစ်ခု ပေါ်လာသည်။ သို့ရာတွင် မြူများဖြင့် ပြည့်နေ၏။
ဤမြူခိုးများက လူတစ်ယောက်၏ မြင်နိုင်စွမ်းအပေါ် သက်ရောက်မှုကြီးမားသည်။
လူငယ်အချို့က မြူခိုးထဲသို့ ပြေးဝင်ကာ ပျောက်ကွယ်သွားကြသည်။
လုမင်တို့သုံးယောက်လည်း တုံ့ဆိုင်းမနေဘဲ မြူခိုးထဲသို့ ပြေးသွားကြ၏။
မြူခိုးထဲတွင် ဘာအသံမျှ မကြားရပေ။ သက်ရှိသတ္တဝါ လုံးဝ မရှိသကဲ့သို့ အသံလုံးဝမရှိဘဲ တိတ်ဆိတ်နေခဲ့သည်။ ယောင်ဝါးဝါးဖြင့် သူတို့သုံးယောက်၏ နှလုံးခုန်သံများကိုသာ ကြားနေရသည်။
သို့သော်လည်း အချိန်အတော်ကြာ လမ်းလျှောက်လာပြီးနောက် လူသုံးယောက်၏ နှလုံးခုန်သံက တစ်ခုသာ ကြားလိုက်ရ၏။
လုမင် လှည့်ကြည့်လိုက်တော့ ချိုးရင်ရင်နှင့် ချိုးဟောက်ကို မတွေ့ရတော့ပေ။
"ဘာတွေဖြစ်နေတာလဲ"
မကြာမီကပင် ချိုးရင်ရင်နှင့် ချိုးဟောက်က သူ့နောက်သို့ လိုက်လာခဲ့ကြသည်။ ယခုမှ ဘာကြောင့် ရုတ်တရက် ပျောက်သွားရသနည်း။
"ရင်ရင်၊ ညီနောင်ချိုး..."
လုမင် အော်ခေါ်လိုက်သည်။ သူ့အသံက ကျယ်လောင်စွာ ပဲ့တင်ထပ် ထွက်ပေါ်လာသော်လည်း တုံ့ပြန်သံမကြားရပေ။
လုမင်က အချိန်အတော်ကြာအောင် ရှာဖွေခဲ့သော်လည်း မည်သူမျှ မတွေ့ခဲ့ရပါ။
ယခုလေးတင် လူငယ်တော်တော်များများ ပြေးဝင်လာကြသော်လည်း ယခုအခါ တစ်ဦးကိုမျှ မတွေ့တော့ပါချေ။
"ဒါက ဝင်္ကပါများ ဖြစ်နိုင်မလား။ မဟုတ်သေးဘူး၊ ဒါက ဝင်္ကပါမဟုတ်ဘူး"
လုမင်က သေသေချာချာ ကြည့်လိုက်သော်လည်း ဤနေရာတွင် ဝင်္ကပါကို လုံးဝ မရှိခဲ့ပါ။
'ဒီနေရာက အတော်ထူးဆန်းတာပဲ။ အဲဒါက လူတွေရဲ့ အာရုံကို ထိခိုက်စေနိုင်တယ်။ သူတို့က ငါနဲ့ မနီးမဝေးမှာ ရှိနိုင်ပေမဲ့ တစ်ယောက်ကိုတစ်ယောက် မခံစားရဘူး ဖြစ်နေတယ်'
လုမင် တစ်ယောက်တည်း တွေးလိုက်မိသည်။
ကမ္ဘာပေါ်တွင် အံ့ဖွယ်နေရာများစွာ ရှိ၏။ ဤနေရာမှာ ဝင်္ကပါတစ်ခုမှ မရှိသော်လည်း ဝင်္ကပါတစ်ခုထက် ပို၍ လျှို့ဝှက်ဆန်းကြယ်သော လုပ်ဆောင်ချက်များ ရှိနေသည်။
'ဒီနေရာကနေ ထွက်သွားပြီးမှ ပြန်ဆုံနိုင်မယ်ထင်တယ်'
ထိုသို့တွေးမိသောအခါ လုမင်လည်း ဦးတည်ရာကို ဆုံးဖြတ်ပြီး ရှေ့တည့်တည့် လျှောက်လာတော့သည်။
သို့သော်လည်း မကြာမီ လုမင် ရပ်တန့်သွားသည်။
သူ့ပတ်ဝန်းကျင်မှာ မမြင်နိုင်သော စွမ်းအင်တစ်ခု ရှိနေ၏။ ယင်းက သူ့ခန္ဓာကိုယ်ထဲသို့စိမ့်ဝင်ကာ သူ့စိတ်ဝိညာဉ်ကို ဖြည်းညှင်းစွာ တိုက်ခိုက်နေကြောင်း တွေ့လိုက်ရသည်။
မမှားပေ၊ ဤနေရာတွင် သူ့ဝိညာဉ်ကို တိုက်ခိုက်နိုင်သည့် မမြင်နိုင်သော စွမ်းအင်တစ်ခု ရှိနေသည်။
သူ၏ ရှေးဦးကစဉ့်ကလျား တာအိုနယ်မြေပင်လျှင် ၎င်းကို မခုခံနိုင်ပေ။
ကံကောင်းထောက်မစွာ၊ သိုင်းအုပ်ချုပ်သူကပ်ဘေးဒုက္ခတွင် သူ့ဝိညာဉ်ကို ကမ္ဘာသန့်စင်ခြင်းကပ်ဘေးခေါင်းလောင်းနှင့် လေ့ကျင့်ခွင့်ရခဲ့သည်။ ထို့ကြောင့် သူ၏ ဝိညာဉ်က အဆင့်တူများထက် အဆများစွာ အားကောင်း၏။ ဤတိုက်ခိုက်မှု လုမင်ကို အန္တရာယ်မဖြစ်စေနိုင်ပေ။
လုမင်လည်း လျစ်လျူရှုပြီး ရှေ့ကို ဆက်သွားသည်။
လမ်းတစ်လျှောက်မှ မြေပြင်ပေါ်တွင် တွင်းပေါက်များ အများအပြား ရှိနေသည်ကို သတိပြုမိခဲ့၏။ အချို့သော အပေါက်များက လက်ဝါးရာများနှင့် ဆင်တူသည်။
"အရင်က ဒီမှာ တိုက်ပွဲကြီးတစ်ခု ရှိခဲ့လို့များလား"
လုမင် မှန်းဆလိုက်သည်။
"ဒုန်း"
လုမင်က မြေပြင်ကို ထိုးနှက်လိုက်၏။ သို့သော်လည်း မြေပြင်က အနည်းငယ်မှ မလှုပ်ရှားသလို ခြစ်ရာလေးပင် မထင်ကျန်ခဲ့ပေ။
"မာလှချေလား"
လုမင်လည်း လေအေးကြီးကို ရှုရှိုက်လိုက်မိသည်။
ဤမြေကို ထူးဆန်းသော သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပုံရသည်။ ယင်းက မာကျောပြီး ဖျက်ဆီးလို့မရပေ။ လုမင်၏ အင်အားဖြင့်ပင် အမှတ်အသားတစ်ခုမျှ မထားခဲ့နိုင်ပါ။
ဤမျှမာကျောသော မြေပြင်တွင် တွင်းပေါက်ကြီးများ ချန်ရစ်ခဲ့နိုင်သူက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။
ရှေ့ကို ဆက်လျှောက်လာသည်နှင့်အမျှ၊ သူ့စိတ်ဝိညာဉ်ကို တိုက်ခိုက်နေသည့် စွမ်းအင်မှာ ပိုမိုအားကောင်းလာသည်ကို လုမင် တွေ့ရှိခဲ့ရသည်။
လုမင်၏ လက်ရှိ စိတ်စွမ်းအားအရ ပြဿနာမရှိသော်လည်း အခြား ပါရမီရှင်များအတွက်တော့ စိန်ခေါ်မှုကြီးတစ်ခုပင်။
"ရှေ့မှာ အားကောင်းတဲ့ စွမ်းအင်အတက်အကျ ရှိနေတယ်..."
ရုတ်တရက်၊ လုမင်၏ ရင်ထဲတွင် လှုပ်ရှားသွားသည်။ ရှေ့တွင် ပြင်းထန်သော အတက်အကျတစ်ခု ရှိနေသည်ကို သူတွေ့ရှိခဲ့၏။ ရှေ့မှာ အကျော်အမော်တစ်ဦး ရှိနေပုံရသည်။
လုမင် ခဏတုံ့ဆိုင်းသွားသော်လည်း သူ့အရှိန်အဝါကိုထိန်းချုပ်ကာ သွားကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။
မကြာမီ ဧရာမ အရာဝတ္ထုကြီးတစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။
လင်းယုန်၊ ဧရာမ လင်းယုန်ကြီး။ လင်းယုန်ကြီး၏ အမွေးများက ရွှေရောင်တောင်ပနေပြီး တောင်တစ်လုံးကဲ့သို့ ကြီးမားသည်။
သူ ခံစားရသော အတက်အကျများက ဤလင်းယုန်ကြီးထံမှ ဆင်းသက်လာခြင်း ဖြစ်၏။
သို့သော်လည်း ဧရာမရွှေလင်းယုန်ကြီးမှာ သေသွားပြီဖြစ်ကြောင်း ထင်ရှားသည်။ သူ့တွင် အသက်ဓာတ်၏ လက္ခဏာများ မရှိတော့ပါ။
သို့တိုင် သူ့အရှိန်အဝါများက အမှန်တကယ် အားကောင်းနေဆဲ ဖြစ်သည်။ အနားသို့ နီးကပ်လေလေ ပို၍ ကြောက်စရာကောင်းလာလေပင်။
'သူတော်စင်နယ်ပယ် အကျော်အမော်တစ်ဦးရဲ့ အရှိန်အဝါပဲ။ နောက်ပြီး ဒီအရှိန်အဝါက သာမန် သူတော်စင်နယ်ပယ် တန်ခိုးရှင်ထက် ပိုပြီး အားကောင်းတယ်'
လုမင် တွေးလိုက်သည်။
လုမင်သည်လည်း ရွှမ်ထျန်းသူတော်စင်နှင့် နဂါးနတ်ဘုရားတောင်ကြားမှ အကြီးအကဲဟုန်တို့၏ အရှိန်အဝါများကို ခံစားခဲ့ဖူးသည်။ သို့တိုင်၊ သူတို့က ဤရွှေလင်းယုန်ကြီးနှင့် နှိုင်းယှဉ်လျှင် မပြောပလောက်တော့ပါ။
ဤရွှေလင်းယုန်ကြီးက တောက်ပသော သူတော်စင်ပင်လျှင်မဟုတ်ဘဲ၊ သူအသက်ရှင်စဉ်အခါက မဟာသူတော်စင် သို့မဟုတ် အန္တိမသူတော်စင် ဖြစ်ခဲ့မည်မှာ သေချာသည်။
"စာလုံးတစ်လုံး ရှိနေတယ်"
ရုတ်တရက်၊ လုမင်ဟာ ဧရာမရွှေလင်းယုန်၏ အတောင်အောက်တွင် စကားလုံးတစ်လုံးရှိသည်ကို တွေ့ရှိခဲ့သည်။ 'မိစ္ဆာ' ဟူသော စကားလုံးဖြစ်၏။
မိစ္ဆာ။
ယင်းက ဘာကိုဆိုလိုမှန်း လုမင် မသိပေ။
ထို့အပြင်၊ လုမင်ဟာ လင်းယုန်ကြီး၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ဒဏ်ရာတစ်စုံတစ်ရာ မတွေ့ခဲ့ရပါ။ သူ ဘယ်လိုသေသွားမှန်းတောင် မသိရပေ။
'ဒီလင်းယုန်ကြီးကို ငါယူသွားလို့ရမလား မသိဘူး။ သူ့တကိုယ်လုံးက ရတနာတွေနဲ့ ပြည့်နေတာ'
လုမင် တွေးလိုက်မိသည်။
သူက အရည်အသွေးမြင့် သိုလှောင်လက်စွပ်ကို ထုတ်ယူပြီး ယွမ်ချီစွမ်းအင် ပို့လွှတ်လိုက်သည်။ သိုလှောင်လက်စွပ်က လင်းယုန်ကြီး၏အထက်သို့ ပျံသန်းသွား၏။ သိုလှောင်လက်စွပ်မှ ဆွဲအားတစ်ခု ထုတ်လွှတ်လာတော့သည်။
လုမင်ကို အံ့အားသင့်စေအောင်၊ လင်းယုန်အလောင်းကြီးကို အလွယ်တကူ ဖယ်ရှားနိုင်ခဲ့သည်။
"ဟားဟားဟား၊ ငါ ချမ်းသာပြီ"
လုမင် ဝမ်းသာအားရ ဖြစ်သွားသည်။ ထို့နောက် သိုလှောင်လက်စွပ်ကို သိမ်းဆည်းကာ ရှေ့ကို ဆက်သွားခဲ့လေသည်။
ဤကမ္ဘာကြီးတွင် လုမင် တစ်ဦးတည်း ရှိနေသကဲ့သို့ ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်သည်။ ဤနေရာတွင် အကြာကြီးနေမိပါက ဤခံစားချက်ကြောင့် ရူးသွားလိမ့်မည်။
ထို့အပြင်၊ လူများ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်ပြီး ဝိညာဉ်ကို တိုက်ခိုက်နေသည့် မမြင်နိုင်သော စွမ်းအင်တစ်ခုလည်း ရှိနေသည်။
အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက်၊ လုမင် ရှေ့တစ်လှမ်းတိုးလိုက်သောအခါ သူ့ပတ်ဝန်းကျင်က သိသိသာသာ ပြောင်းလဲသွားသည်။
မြူခိုးများ ပျောက်ကွယ်သွားပြီး လျှောက်လမ်းတစ်ခုဆီကို လုမင် ရောက်လာခဲ့၏။
ခြေတစ်လှမ်းစီက ကမ္ဘာအစွန်းကို နီးလာသကဲ့သို့ပင်။
ဤသို့ဖြင့် နောက်ဆုံးတွင် မြူခိုးများထဲမှ ထွက်လာခဲ့သည်။
ထိုအခါ ရှေ့မှ ဆူဆူညံညံ အသံများထွက်လာသည်။ ဤတော့မှ လုမင်ဟာ လူများစွာ စုဝေးနေသည်ကို တွေ့လိုက်ရသည်။
"ချိုးရင်ရင်၊ ချိုးဟောက်"
လုမင်လည်း သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်၏။
"လုမင်"
မောင်နှမနှစ်ယောက်ကလည်း လုမင်ကိုမြင်ပြီး ဝမ်းသာအားရ လျှောက်လာခဲ့ကြသည်။
"မင်းတို့ ဘယ်တုန်းက မြူခိုးတွေကို ဖြတ်လာခဲ့တာလဲ"
လုမင် မေးလိုက်သည်။
"ငါတို့ရောက်တာမကြာသေးဘူး..."
ချိုးရင်ရင် ရှင်းပြလိုက်၏။
သူတို့နှစ်ယောက်လည်း လုမင်ကဲ့သို့ပင် ကြုံခဲ့ကြရသည်။ မြူခိုးများထဲ လမ်းလျှောက်ရင်း တခြားသူများနှင့် ကွဲကွာသွားကြ၏။ သူတို့က ကမ္ဘာပေါ်တွင် တစ်ဦးတည်း ကျန်နေသကဲ့သို့ပင် ဖြစ်သည်။
ထို့အပြင် သူတို့၏ဝိညာဉ်ကို တိုက်ခိုက်နေသည့် စွမ်းအင်တစ်မျိုးလည်း ရှိသေးသည်။ ထို့ကြောင့် အံကြိတ်ပြီး ရှေ့ကို လျှောက်သွားခဲ့သော်လည်း မြူခိုးများကို ချောချောမွေ့မွေ့ ဖြတ်သန်းနိုင်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သို့သော်လည်း သူတို့က လုမင်နှင့် မတူပါ။ လုမင်က လင်းယုန်ကြီး၏ အလောင်းကို ရခဲ့သော်လည်း သူတို့ကတော့ ဘာမျှ မတွေ့ခဲ့ပါချေ။
"လုမင်"
ထိုအချိန်တွင် အသံတစ်ခု ကြားလိုက်ရသည်။ လူငယ်သုံးယောက် လျှောက်လှမ်းလာပြီး လုမင်ကို နှုတ်ဆက်လိုက်၏။
ရွမ်ညီနောင် သုံးဖော်။
ဤရွမ်ညီနောင်သုံးဖော်က ပူးပေါင်းတိုက်ခိုက်သောအခါ အတော် သန်မာသည်။ မဟာဧကရာဇ် လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်လာပြီးနောက် ၎င်းတို့လည်း သိုင်းအုပ်ချုပ်သူနယ်ပယ််ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ကြ၏။ ထို့ကြောင့် ဤနေရာကို သူတို့ ရောက်လာနိုင်တာ အံ့ဩစရာတော့မရှိပေ။
"ရှေ့မှာ ဘာဖြစ်နေတာလဲ"
လုမင်က ရှေ့ကို လှမ်းကြည့်လိုက်သည်။
လူအတော်များများ သူတို့ရှေ့မှာရှိသော်လည်း ရပ်နေကြ၏။ လမ်းပိတ်နေသကဲ့သို့ ဖြစ်သည်။
"အရှေ့ဘက်မှာ ချောက်ကြီးတစ်ခုရှိတယ်၊ အဲဒီမှာ လိမ်းပိတ်နေတာ"
ချိုးရင်ရင်က ရှင်းပြလိုက်သည်။
လုမင် လှမ်းကြည့်လိုက်သည်။ အမှန်တကယ်ပင် မိုင်တစ်ရာကျယ်သော ချောက်ကြီးတစ်ခု ဖြစ်၏။ ချောက်နက်ကြီးအောက်မှာ ကြောက်စရာကောင်းသော အင်အားများ ရှိနေပုံရသည်။ မည်သူမဆို ချောက်အပေါ်မှ ပျံသွားသည်နှင့် တစ်ပြိုင်နက် ချောက်ထဲသို့ ကျသွားပေလိမ့်မည်။ မည်သူမျှ မလွတ်မြောက်နိုင်ပါ။
ဤချောက်ကို ပျံသန်းပြီး ဖြတ်ကျော်၍မရပေ။