အခန်း ၁၄၃၇
Vol. 96 Ch. 1437
အပိုင်း ( 1437 ) လင်းယုန်ကြီးနှင့် အနက်ရောင်အရိပ်။
"တောက်ပသောသူတော်စင်ရတနာ၊ အနက်ရောင်တောင်ပံများ"
လုမင် စိတ်လှုပ်ရှားသွားသည်။
တောက်ပသော သူတော်စင်ရတနာမှာ တောက်ပသော သူတော်စင်အဆင့် စွမ်းရည်ရှိသည့် ရတနာ ဖြစ်သည်။
သူ့အထက်မှာတော့ မဟာသူတော်စင်ရတနာနှင့် အန္တိမသူတော်စင်ရတနာများ ရှိ၏။
ခဏတာ သန့်စင်ပြီးနောက် လုမင်ဟာ အနက်ရောင်တောင်ပံများကို အခြေခံလောက် ထိန်းချုပ်နိုင်ခဲ့ပေသည်။ လုမင်၏ လက်ရှိ ကျင့်ကြံခြင်းအခြေခံဖြင့် ၎င်းကို အပြည့်အဝ သန့်စင်ရန်က မဖြစ်နိုင်ပါ။ အနာဂတ်တွင် အပြည့်အဝ ထိန်းချုပ်နိုင်သည်အထိ တဖြည်းဖြည်း သန့်စင်ရမည် ဖြစ်သည်။
အနက်ရောင်တောင်ပံများကို သန့်စင်ပြီးနောက်၊ အတောင်များက လုမင်၏ အနောက်ဘက်သို့ အလိုအလျောက် ပျံသန်းသွားကာ နောက်ကျောထဲသို့ နစ်မြုပ်သွားသည်။
နောက်အခိုက်အတန့်တွင် လုမင်၏ အတွေးတစ်ခုဖြင့်၊ သူ့နောက်ကျောတွင် အတောင်ပံတစ်စုံ ထွက်ပေါ်လာ၏။ ထိုအတောင်များက လေထဲမှ အလိုအလျောက် ထွက်ပေါ်လာသလို ဖြစ်သည်။
"ဝှစ်"
အတောင်ပံခတ်သံနှင့်အတူ လုမင်၏ရုပ်သွင်က အံ့မခန်းအမြန်နှုန်းဖြင့် နေရာမှ ပျောက်ကွယ်သွား၏။ လုမင်လည်း သူ့မူလနေရာသို့ မပြန်မီ ကျောက်အခန်းထဲမှာ အကြိမ်ပေါင်းများစွာ လှည့်ပတ်ခဲ့လေသည်။
"မဆိုးဘူး"
အနက်ရောင်တောင်ပံများကို လုမင် အလွန်ကျေနပ်သွားမိသည်။
ဤအနက်ရောင်တောင်ပံများကို လေဓာတ်စွမ်းအင်တာအိုသိုင်း၊ အေးခဲလေပုလဲတို့နှင့် ပေါင်းစပ်လိုက်ပါက သူ၏ မြန်နှုန်းမှာ ကြီးကြီးမားမား တိုးတက်လာလိမ့်မည်။
တစ်ချိန်တည်းမှာပင်၊ ဤအနက်ရောင်တောင်ပံများက ပြင်းထန်သော တိုက်ခိုက်နိုင်စွမ်းလည်း ရှိသည်။ ထို့အပြင် တောင်ပံများက ခန္ဓာကိုယ်တစ်ခုလုံးကို ပတ်ထားနိုင်ပြီး အားကောင်းသော ခုခံနိုင်စွမ်း ရှိ၏။
ဤရတနာမျိုးက လုပ်ဆောင်မှုအမျိုးမျိုးရှိသော သူတော်စင်ရတနာအနည်းငယ်ထဲမှ တစ်ခုဟု ဆိုနိုင်သည်။ ယင်းကိုရောင်းချပါက အခြားအဆင့်တူ သူတော်စင်ရတနာများထက် ဆယ်ဆကျော် စျေးကြီးပေလိမ့်မည်။
အတွေးတစ်ခုဖြင့်၊ အတောင်ပံနက်များက ပြန်ကျုံ့လာကာ လုမင်၏ အရေပြားထဲသို့ နစ်မြုပ်ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် ပတ်ဝန်းကျင်ကို လုမင် ကြည့်လိုက်သည်။ ဤကျောက်အခန်းမှာတော့ အနက်ရောင်တောင်ပံများနှင့် သူ့ရှေ့မှ လမ်းလျှောက်လမ်းကလွဲလို့ တခြားဘာမှ မရှိတော့ပေ။
လုမင်လည်း ရှေ့ကို ဆက်လျှောက်ခဲ့သည်။
"ဂီး"
ရုတ်တရက် အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ လမ်းပေါက်ဝမှ အနက်ရောင် လင်းယုန်ကြီးတစ်ကောင် ရုတ်တရက် ပေါ်လာခဲ့၏။ လင်းယုန်ကြီးက လုမင်ဆီသို့ ပျံသန်းလာတော့သည်။
လုမင်၏ အမူအရာ ပြောင်းသွားသည်။ ဤလင်းယုန်က အစစ်အမှန်တော့ မဟုတ်ပေ။ ၎င်းကို စွမ်းအင်တစ်မျိုးမျိုးမှ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ သို့ရာတွင်၊ ရုတ်ချည်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။
လုမင်လည်း မသိစိတ်၏ စေ့ဆော်မှုဖြင့် လျင်မြန်စွာ ဆုတ်ခွာသွားတော့သည်။
သို့ရာတွင် လင်းယုန်ကြီးက သူ့နောက်သို့ ဆက်မလိုက်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ထိုအစား လေထဲတွင်ပျံဝဲကာ လုမင်ကို ကြည့်နေခဲ့လေသည်။
"လူငယ်လေး၊ ပြန်သွားပါ။ ရှေ့ကို ဆက်မသွားနဲ့၊ မဟုတ်ရင် ကြီးမားတဲ့ ဘေးဒုက္ခကြီး ကြုံရလိမ့်မယ်"
လင်းယုန်ကြီးက ရုတ်တရက် ပြောလိုက်သည်။
"မင်းဘယ်သူလဲ"
လုမင်က မေးသည်။
"ငါဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ ပြန်သွားတော့၊ ရှေ့မှာ လမ်းမရှိဘူး"
လင်းယုန်ကြီးက ထပ်ပြောပြန်သည်။
"ဘေးဒုက္ခလား၊ လမ်းမရှိဘူးလား။ ငါ မယုံဘူး။ မကြိုးစားဘဲ လမ်းရှိမရှိကို ဘယ်လိုသိနိုင်မလဲ။ “
လုမင်က ပြုံးပြီး ရှေ့ကို တိုးသွားခဲ့၏။
လမ်းတစ်လျှောက်မှာ အတားအဆီးများ အများကြီး ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ ဤလင်းယုန်က လုမင်ကို မည်သို့ တားဆီးနိုင်မည်နည်း။
လင်းယုန်ကြီးလည်း သက်ပြင်းချလိုက်ဟန်ဖြင့် အတောင်များကိုခတ်ကာ လုမင်အား ကန်ထုတ်လိုက်တော့သည်။
"ဝုန်း"
လုမင်လည်း ကစဉ့်ကလျားတာအိုနယ်မြေကို အသက်သွင်းကာ ထိုးနှက်လိုက်သည်။
ပြင်းထန်သော လက်သီးချက်ကြောင့် ကျောက်အခန်းပင် တုန်လှုပ်သွား၏။
"ဒါက... ရှေးဦးကစဉ့်ကလျားတာအိုနယ်မြေလား"
လင်းယုန်ကြီးက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ သို့သော်လည်း အတောင်ပံများကို လျင်မြန်စွာခတ်ရင်း ပြင်းထန်စွာ တိုက်ခိုက်လာတော့သည်။
အတောင်များနှင့် လုမင်၏လက်သီး တိုက်မိသောအခါ ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။ နောက်ဆုံးတွင် လှုပ်ရှားမှုများ ရပ်တန့်သွား၏။ လုမင်လည်း ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့ရပေသည်။
လုမင်၏ မျက်နှာက လေးနက်လာခဲ့သည်။
'ကြည့်ရတာ ငါ့ရဲ့ခွန်အားကို အပြည့်အ၀မသုံးဘဲ မလုပ်နိုင်ဘူးထင်တယ်'
လုမင် သူ့ဘာသာသူ တွေးလိုက်မိသည်။
သို့သော်လည်း ဤအခိုက်အတန့်တွင် ထူးဆန်းသောအရာတစ်ခု ဖြစ်ပျက်ခဲ့သည်။
နောက်ထပ် ရုပ်သွင်တစ်ခု ရုတ်တရက် ပေါ်လာခဲ့၏။
၎င်းသည် အနက်ရောင်အလင်းများ ဖုံးလွှမ်းနေသော အနက်ရောင်အရိပ်တစ်ခုဖြစ်သည်။ သူ၏ အသွင်အပြင်ကိုတော့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ အရိပ်က ပေါ်လာသည်နှင့် တပြိုင်နက် လင်းယုန်ကြီးကို တိုက်ခိုက်လိုက်သည်။
အနက်ရောင်အရိပ်နှင့် လင်းယုန်ကြီးက ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်၏။
"ကောင်လေး၊ ငါ သူ့ကို ထိန်းထားမယ်။ မင်း သွားတော့"
အနက်ရောင်အရိပ်ထံမှ အိုမင်းသော အသံတစ်ခု ထွက်လာခဲ့သည်။ သို့သော်လည်း သူ့အသံက နူးညံ့ပြီး သက်တောင့်သက်သာ ရှိပေသည်။
"မသွားပါနဲ့၊ ငါ့စကားကိုနားထောင်ပါ"
လင်းယုန်ကြီးကလည်း အော်ပြောသည်။
"ဝုန်း"
အနက်ရောင်အရိပ်က လင်းယုန်ကြီးကို ပို၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်၏။ တိုက်ပွဲက ပို၍ ပြင်းထန်လာတော့သည်။
လုမင် မျက်ခုံးပင့်လိုက်သည်။
ဤအနက်ရောင်အရိပ်နှင့် လင်းယုန်ကြီးက ဘာများဖြစ်သနည်း။
ဤနေရာက စစ်ဆေးရေးဂိတ် ဖြစ်သလော၊ သို့တည်းမဟုတ် စမ်းသပ်မှုတစ်ခုပင်လော။
တစ်ယောက်က သူ့ကိုလွှတ်နေသော်လည်း တစ်ယောက်က မလွှတ်ပေ။ ယင်းက မည်သို့ဖြစ်သနည်း။
'ဒါက စမ်းသပ်မှုတစ်ခုပဲဖြစ်ရမယ်။ ငါ ဖြတ်သွားမယ်'
နောက်ဆုံးတွင် လုမင် ဆုံးဖြတ်လိုက်သည်။
ဤမျှဝေးဝေး ရောက်လာပြီးမှ လင်းယုန်ကြီး၏ စကားအနည်းငယ်ကြောင့် ထွက်သွားရန် မဖြစ်နိုင်တော့ပေ။
"ဝှစ်"
လုမင်က လေဓာတ်စွမ်းအင်တာအိုသိုင်းကို အသုံးပြုပြီး အေးခဲလေပုလဲ၏ စွမ်းအားကိုလည်း အသက်သွင်းလိုက်သည်။ နောက်တော့၊ လင်းယုန်ကြီးနှင့် အနက်ရောင်အရိပ်ကြားမှ လမ်းကြောင်းထဲကို ပြေးဝင်ကာ ပျောက်ကွယ်သွားတော့သည်။
"ဝုန်း"
လင်းယုန်ကြီးနှင့် အနက်ရောင်အရိပ်လည်း အပြန်အလှန် ထိုးနှက်ကြပြီးနောက် နှစ်ဦးစလုံး နောက်ဆုတ်သွားကြသည်။
"ဟင်း"
လင်းယုန်ကြီးက လုမင်၏ နောက်ကျောကိုကြည့်ကာ သက်ပြင်းချလိုက်လေသည်။
"ဟားဟားဟား၊ စန်းဧကရာဇ်... မင်း သူတို့ကို တားဆီးဖို့ မဖြစ်နိုင်ဘူး။ ဒီအချီမှာ မင်းရှုံးသွားပြီ"
အေးစက်ပြီး ကြမ်းတမ်းခက်ထန်သော ရယ်မောသံက အနက်ရောင် အရိပ်မှ ထွက်ပေါ်လာခဲ့သည်။ ယင်းက ယခင် နူးညံ့သိမ်မွေ့သောအသံနှင့် လုံးဝ မတူပေ။
သို့ရာတွင် လုမင်က ထိုစကားများကို မကြားနိုင်တော့ပါ။
ရှေ့သို့ ဆက်လျှောက်လာရင်း ခဏကြာတော့ သူ့ရှေ့မှာ အလင်းရောင် ပေါ်လာခဲ့သည်။ လမ်းကြောင်းအဆုံးသို့ သူ ရောက်လာခဲ့ပြီ။
"ထန်၊ ထန်"
သူ့ရှေ့တွင် ပြင်းထန်သော ပေါက်ကွဲသံနှင့် လက်နက်ချင်း တိုက်မိသံများ ထွက်ပေါ်လာခဲ့သည်။
တိုက်ပွဲတစ်ခုတော့ ဖြစ်နေပြီ။
လုမင်လည်း အရှိန်မြှင့်ပြီး ပြေးသွားသည်။
"ဝှစ်"
လုမင် ပြေးထွက်လာသည်နှင့် အနက်ရောင်အလံငယ်လေးတစ်ခုက သူ့ဆီသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ အလံငယ်ပေါ်တွင် နတ်ဆိုးအငွေ့အသက်များ ရှိ၏။
"ပိုင်ရှင်မဲ့ အုပ်ချုပ်အဆင့် ဝိညာဉ်ရတနာ"
လုမင် စိတ်လှုပ်ရှားသွားသည်။
"ထွက်သွား"
ရုတ်တရက်၊ သူ့ရှေ့တွင် ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ နတ်ဆိုးစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော လက်ကြီးတစ်ဖက်က လုမင်နှင့် အလံငယ်လေးကို ဖမ်းဆုပ်လိုက်၏။
"ဟမ်"
လုမင်၏ မျက်လုံးများက အေးစက်သွားခဲ့သည်။ သူက လက်သီးတစ်ချက် ထုတ်ဖော်လိုက်ရာ လက်ဝါးကြီး ပေါက်ကွဲသွား၏။
လုမင်က အနက်ရောင် အလံငယ်လေးကို ဖမ်းယူလိုက်တော့သည်။
"ကောင်လေး၊ မင်းငါ့ကို တားဆီးဝံ့လား"
ကြီးစိုးသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
နတ်ဆိုးအငွေ့အသက်များ ပြည့်နှက်နေသော လူငယ်တစ်ယောက်က လုမင်ရှေ့တွင်ပေါ်လာကာ အေးစက်စက် စိုက်ကြည့်လိုက်၏။
လုမင်က ထိုလူငယ်ကို တစ်ချက်သာကြည့်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
ဤသည်မှာ အနှိုင်းမဲ့ကျယ်ဝန်းသော ခန်းမကြီးတစ်ခု ဖြစ်သည်။ လေထဲမှာတော့ ရတနာအလင်းတန်းများ လှည့်ပတ်နေ၏။ ထိုရတနာအလင်းများကို အလောတကြီး လိုက်ဖမ်းနေသော လူငယ်များလည်း များစွာရှိသေးသည်။
"အုပ်ချုပ်သူအဆင့် ဝိညာဉ်ရတနာတွေ အများကြီးပဲ။ သူတော်စင်ရတနာတွေတောင် ရှိသေးတယ်"
လုမင် အံ့သြသွားသည်။
လေထဲတွင်ပျံဝဲနေသော ရတနာအများစုမှာ အုပ်ချုပ်သူအဆင့် ဝိညာဉ်ရတနာများဖြစ်ပြီး တစ်ရာကျော် ရှိသည်။ ထိုအထဲတွင် သူတော်စင်အဆင့် ရတနာများနှင့် ဆေးဝါးများပင် ပါဝင်သေးသည်။
ဤအခိုက်တွင် လူငယ် ဆယ်ယောက်ကျော်က ရတနာများကို လိုက်လံဖမ်းဆီးရင်း လေထဲတွင် ပျံသန်းနေကြသည်။ ရံဖန်ရံခါ ရတနာများကြောင့် အချင်းချင်း တိုက်ခိုက်ကြ၏။
"အတော်သန်မာတာပဲ"
လုမင်ဟာ ထိုလူငယ်များအားလုံးက မခေကြကြောင်း မြင်လိုက်ရသည်။ သူတို့အားလုံးက ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူများ ဖြစ်၏။
သူတို့ကြားတွင် ရင်းနှီးသော မျက်နှာတချို့ကိုပင် လုမင် မြင်လိုက်ရသည်။
နဂါးနတ်ဘုရားတောင်ကြား၏ ခေါင်းဆောင် ဟဲယွိ၊ ကောင်းကင်ကိုးဆင့်ဓားဂိုဏ်း၏ ခေါင်းဆောင် ဝမ့်ရှောင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ခေါင်းဆောင် ရှစ်ထျန်း၊ သေခြင်းရှင်ခြင်းဓားဂိုဏ်း၏ ခေါင်းဆောင် လော့ရှန်း...
သူတို့က သက်ဆိုင်ရာ အင်အားစုများ၏ ပါရမီရှင်ခေါင်းဆောင်များ ဖြစ်ကြသည်။
ပြောရလျှင် ဤနေရာမှ လူတိုင်းက အလွန်အစွမ်းထက်ကြပေသည်။
"ဟေ့ကောင်၊ မင်း ငါ့ကို လျစ်လျူရှုထားဝံ့တယ်လား"
လုမင်ရှေ့မှ နတ်ဆိုးအငွေ့အသက်များနှင့် လူငယ်က ကြိမ်းမောင်းကာ လက်ညိုးညွှန်လိုက်သည်။
နတ်ဆိုး၏လက်ချောင်းကဲ့သို့ အနက်ရောင်လက်ချောင်းက လေထုကိုဖြတ်ပြီး လုမင်၏ဦးခေါင်းကို တိုးဝင်လာ၏။
ထိုလက်ချောင်းကို လွှတ်ထားပါက လုမင်သေမှာ သေချာသည်။
လုမင်၏ အမူအရာက အေးစက်သွားသည်။
"ဝုန်း"
လုမင်လည်း ပြိုင်ဘက်၏လက်ချောင်းကို ပြန်လည်ထိုးနှက်လိုက်တော့သည်။