← Chapters

အခန်း ၁၄၃၈

Vol. 96 Ch. 1438

အခန်း ၁၄၃၈

Vol. 96 Ch. 1438

အပိုင်း ( 1438 ) သူတော်စင်ရတနာအတွက် တိုက်ခိုက်ကြခြင်း။

"ချိုးဖြတ်စမ်း"

လူငယ်၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုတို့ လင်းလက်သွားခဲ့သည်။ သို့သော်လည်း နောက်အခိုက်အတန့်တွင် သူ၏အမူအရာက သိသိသာသာ ပြောင်းလဲသွား၏။

သူ့လက်ချောင်းမှ ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို သူ ခံစားနိုင်သည်။ ဤစွမ်းအားက ရှေးဦးတောင်တန်းကဲ့သို့ သူ့အပေါ်ကို ကျရောက်လာ‌တော့သည်။

"ဂျွတ်"

အရိုးကျိုးသံကို ကြားလိုက်ရသည်။

လူငယ် အော်ဟစ်ပြီး ကမန်းကတန်း ဆုတ်သွားသည်။ သူဟာ လုမင်ကို အထိတ်တလန့် ကြည့်ရင်း ခြေဆယ်လှမ်းကျော် နောက်ပြန်ဆုတ်သွား၏။

လုမင်ကိုကြည့်ရင်း သူ့မျက်လုံးထဲတွင် မကျေနပ်သော အရိပ်ယောင်တစ်ခု ပေါ်လာခဲ့သည်။ သို့သော်လည်း သူက ဆက်လက်တိုက်ခိုက်ခြင်းမပြုတော့ဘဲ နောက်ပြန်ဆုတ်သွားခဲ့၏။ သူ၏ တာအိုနယ်မြေဖြင့် အုပ်ချုပ်သူအဆင့် ဝိညာဉ်ရတနာတစ်ခုကို လွှမ်းခြုံလိုက်တော့သည်။

"ဖိနှိပ်"

ထိုအချိန်တွင် လုမင်လည်း လှုပ်ရှားလိုက်သည်။ သူ့လက်ကို ဝှေ့ရမ်းလိုက်သည်နှင့် ကစဉ့်ကလျားတာအိုနယ်မြေက အုပ်ချုပ်သူအဆင့် ရတနာနှစ်ခုကို ဖိနှိပ်လိုက်၏။ ထို့နောက်တော့ သိမ်းထားလိုက်တော့သည်။

'ဒါက ရတနာအိမ်တော်တစ်ခုလား'

လုမင်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။ သူလှည့်ကြည့်လိုက်တော့ ကောင်းကင်မှာ ပျံသန်းနေသော အလင်းရောင်များကို တွေ့လိုက်ရ၏။

လုမင်လည်း မတုံ့ဆိုင်းဘဲ ချက်ချင်း လှုပ်ရှားတော့သည်။

ဤနေရာတွင်ရှိသော လူငယ် ဆယ်ယောက်ကျော်စလုံးက အသီးသီး သန်မာကြသည်။ ဆက်ပြီး နှောင့်နှေးနေလျှင် သူ့အတွက် ဘာမျှကျန်တော့မှာ မဟုတ်ပါ။

"ဝှစ်၊ ဝှစ်"

လူငယ် ဆယ်ယောက်ကျော်က အလွန်လျင်မြန်သော အရှိန်ဖြင့် လှုပ်ရှားလိုက်ကြသည်။ အုပ်ချုပ်သူအဆင့် ရတနာများကို ဖယ်ထုတ်လိုက်သောကြောင့် ကောင်းကင်တွင် အလင်းတန်းများ နည်းပါးလာ၏။

အချိန်တိုအတွင်း လုမင်ဟာ အုပ်ချုပ်သူအဆင့် ရတနာရှစ်ခုကို ရရှိခဲ့သည်။

"ထွက်သွား"

"ဝုန်း"

ကောင်းကင်မှာ တိုက်ပွဲများ ပို၍များလာသည်။ လူငယ်နှစ်ဦးက သူတော်စင်ရတနာတစ်ခုအတွက် တိုက်ခိုက်နေကြ၏။ သို့သော်လည်း နှစ်ယောက်စလုံးက တစ်ယောက်ကို တစ်ယောက် သတိထားနေကြသည်။ ထိုစဉ် သူတော်စင်ရတနာက ပျံသွားသည်ကိုမြင်သောအခါ နှစ်ဦးစလုံး ရပ်တန့်ပြီး လိုက်သွားကြတော့သည်။

မကြာမီတွင် အုပ်ချုပ်သူအဆင့် ရတနာများ အားလုံးနီးပါးကို စုဆောင်းပြီးသွားသည်။ ကောင်းကင်တွင် သူတော်စင်အဆင့် ရတနာအချို့နှင့် ကျောက်စိမ်းသေတ္တာအချို့သာ ကျန်တော့သည်။

ထိုကျောက်စိမ်းသေတ္တာများက အမြန်ဆုံး ဖြစ်သည်။ ၎င်းတို့က လျှပ်စီးတမျှ မြန်ဆန်ကြကာ ဖမ်းဆီးရန်မလွယ်ပေ။

"ဝှစ်"

လုမင်လည်း ကောင်းကင်သို့ ပျံတက်သွားပြီး သူတော်စင်ရတနာတစ်ခုကို ဖမ်းဆီးရန် ကြိုးစားလိုက်သည်။

ဤသူတော်စင်ရတနာက ထူထပ်သော နတ်ဆိုးစွမ်းအင်များ ပြည့်နေသော ကျောက်စိမ်းလက်ကောက် ဖြစ်၏။

လုမင်လည်း ရှဲ့နျန်ချင်းကို သတိရသွားသည်။ ဤကျောက်စိမ်းလက်ကောက်က ရှဲ့နျန်ချင်းနှင့် အလွန်သင့်လျော်ပေသည်။

"ထွက်သွား"

သို့ရာတွင် ဤကျောက်စိမ်းလက်ကောက်ကို စိတ်ဝင်စားသူက သူ တစ်ဦးတည်းမဟုတ်ပါ။ အခြားလူငယ် နှစ်ဦးလည်း ရှိသည်။

ထိုအထဲတွင် တစ်ယောက်က လုမင်ကို ယခင် တိုက်ခိုက်ခဲ့ဖူးသော နတ်ဆိုးအငွေ့အသက်များနှင့် လူငယ် ဖြစ်သည်။ အခြားသူတစ်ဦးကတော့ အစိမ်းရောင်ဝတ်ရုံကို ၀တ်ဆင်ထားပြီး သူ့မျက်နှာတွင်လည်း ဆိုးရွားသော အပြုံးတစ်ခုရှိ၏။

အစိမ်းရောင်ဝတ် လူငယ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အစိမ်းရောင်မြူခိုးများက လုမင်ထံသို့ ပျံ့နှံ့လာတော့သည်။

မြူခိုးများ ပေါ်လာသည်နှင့် တပြိုင်နက်၊ ရွံရှာဖွယ်ကောင်းသော အနံ့တစ်မျိုးက လေထဲတွင် ပြည့်သွားခဲ့သည်။

အဆိပ်ငွေ့။

ဤအဆိပ်ငွေ့က အလွန်အဆိပ်ပြင်းသည်။

သို့ရာတွင် လုမင် ဂရုမစိုက်ဆုံးကလည်း အဆိပ်များ ဖြစ်၏။

သူ့တကိုယ်လုံးကို အဆိပ်များက လွှမ်းခြုံသွားသော်လည်း လျစ်လျူရှုခဲ့သည်။ သူက အစိမ်းရောင်ဝတ်လူငယ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။

အစိမ်းရောင်ဝတ်လူငယ်လည်း လုမင်က သူ့အဆိပ်ငွေ့ကို လျစ်လျူရှုထားမည်ဟု လုံးဝမမျှော်လင့်သောကြောင့် အမူအရာ ပြောင်းသွားသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ အဆိပ်အင်းဆက်ကောင်များက သူ့ရှေ့တွင် ပေါ်လာခဲ့၏။ အဆိပ်ရှိသော အင်းဆက်များက သူ့ရှေ့တွင် အကာအရံများသဖွယ် ဖြစ်ပေါ်လာတော့သည်။

လုမင်၏ လက်ဝါးရိုက်ချက် ထိမှန်သောအခါ အဆိပ်ရှိသော အင်းဆက်ပိုးကောင်အများအပြား ပေါက်ကွဲသွားကြသည်။ အစိမ်းရောင်ဝတ်လူငယ်၏ ခန္ဓာကိုယ်လည်း တုန်လှုပ်သွားပြီး မီတာများစွာ ဆုတ်သွားရတော့သည်။

"ဖြောင်း"

ထို့နောက်တွင် လုမင်က ကိုယ်တစ်ပတ်လှည့်ပြီး နတ်ဆိုးအငွေ့အသက်များနှင့် လူငယ်ကို ကန်ကျောက်ကာ နောက်ဆုတ်သွားစေခဲ့သည်။

နောက်တော့ သူ့ညာလက်ဖြင့် ကျောက်စိမ်းလက်ကောက်ကို ဖမ်းယူလိုက်တော့သည်။

"ဝမ်၊ ဝမ်"

သို့တိုင်၊ ကျောက်စိမ်းလက်ကောက်က သူ့လက်ထဲမှာ အဆက်မပြတ် တုန်ခါနေဆဲ ဖြစ်သည်။

"သန်မာလိုက်တဲ့ ဝိညာဉ်"

လုမင် ဝမ်းသာသွားသည်။

သူတော်စင်ရတနာ၏ ဝိညာဉ်က အားကောင်းလေလေ၊ အဆင့်မြင့်မားပြီး ပို၍ အဖိုးတန်လေလေပင်။

ဥပမာအားဖြင့်၊ လုမင်၏ လဲ့တင်းနှင့် အေးခဲလေပုလဲတို့က လွန်စွာထူးကဲကြသည်။

"ဟေ့ကောင်၊ သူတော်စင်တနာကို အခုလွှဲပေးရင် မင်းအသက်ကို ချမ်းသာပေးမယ်"

အစိမ်းရောင်ဝတ်လူငယ်က ပြောဆိုပြီး လုမင်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

"မင်း သေချင်ရင် ဒီကိုလာ"

လုမင်၏ အဖြေက ရိုးရှင်းသော်လည်း အလွန်လွှမ်းမိုးမှုရှိ၏။

အစိမ်းရောင်ဝတ် လူငယ်၏ မျက်နှာက မည်းမှောင်ပြီး အေးစက်စက် သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်လာခဲ့သည်။

သူဟာ ဤတစ်ခေါက် မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ခဲ့သော အင်အားစုဆယ့်သုံးခုတွင် အဆိပ်ဂိုဏ်း၏ခေါင်းဆောင် ဖြစ်သည်။ သူက အလွန်သန်မာပြီး အဆိပ်ကို ကောင်းကောင်း သုံးတတ်၏။ အခြားဂိုဏ်းများ၏ ခေါင်းဆောင်များပင် သူ့ကို သတိထားကြရသည်။

ယခုတော့ လုမင်က သူ့ကို ဤသို့သော အပြုအမူမျိုးဖြင့် မကြောက်မရွံ့ ပြောနေပြီ။

သေချင်နေခြင်းသာ ဖြစ်မည်။

သူ့စိတ်ထဲတွင် လုမင်ကို သေဒဏ်ပေးထားခဲ့ပြီးပြီ။

"အဆိပ်တစ်သောင်းသတ်ဖြတ်ခြင်း"

အစိမ်းရောင်ဝတ် လူငယ်က အေးစက်စက် အော်ဟစ်လိုက်သည်။ သူက အဆိပ်ပိုးကောင်များ ပြည့်နှက်နေသော လက်ဝါးဖြင့် လုမင်ကို ရိုက်ချလိုက်၏။ ဤအဆိပ်ပိုးကောင်များ၏ အခွံများက အလွန်မာကျောပြီး ပါးစပ်မှလည်း အဆိပ်ငွေ့များ အဆက်မပြတ် ထွက်ပေါ်နေတော့သည်။

ထို့ထက်ပို၍ အံ့သြစရာကောင်းသည်မှာ ဤအဆိပ်ရှိသော အင်းဆက်များ အမှန်တကယ် ပေါင်းစပ်နိုင်ကြခြင်း ဖြစ်သည်။ မရေမတွက်နိုင်သော အဆိပ်ပိုးကောင်များက လက်နက်တစ်ခုအသွင်ဖြင့် လုမင်ကို တိုက်ခိုက်လာတော့သည်။

လေထဲတွင် လက်နက်ဆယ်ခုကျော် ပေါ်လာခဲ့သည်။ ၎င်းတို့အားလုံးကို အဆိပ်ရှိသော ပိုးကောင်များဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။ ဓား၊ လှံ ပုံသဏ္ဍာန်အမျိုးမျိုး ရှိလေသည်။

တူညီသော အရာဟူ၍ သူတို့အားလုံး အဆိပ်များနှင့် ပြည့်နေခြင်း ဖြစ်သည်။

"ဝါးမျိုစေ"

လုမင်က လက်ဝါးတစ်ဖက်ကို ဖြန့်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဝါးမျိုခြင်းစွမ်းအားက အဆိပ်ပိုးကောင်အားလုံးကို ဖုံးအုပ်သွားသည်။

ဝါးမျိုခြင်းစွမ်းအားက အလွန်သည်းသော အဆိပ်ငွေ့ကို ချက်ခြင်း စုပ်ယူသွား၏။ အဆိပ်အင်းဆက်များသည်လည်း သွေးအနှစ်သာရများ ဝါးမျိုခံရကာ ခြောက်ကပ်သွားတော့သည်။ ၎င်းတို့က မိုးရေစက်များကဲ့သို့ မြေပေါ်ကို ပြုတ်ကျသွားခဲ့သည်။

'ပြင်းထန်လိုက်တဲ့ အဆိပ်ပါလား'

အဆိပ်ငွေ့များစွာကို မျိုချပြီးနောက် လုမင်ဟာ သူ့ခန္ဓာကိုယ် ထုံကျင်သွားသလို ခံစားလိုက်ရသည်။

ပြင်းထန်သော အဆိပ်ငွေ့အစွမ်းကြောင့် လုမင်သည်ပင် သက်ပြင်းချမိ၏။

ဤသည်မှာ အဆိပ်ကြောင့် သူ့ခန္ဓာကိုယ် ပထမဆုံးအကြိမ် ထုံကျင်သွားရခြင်း ဖြစ်သည်။

ယခင်ကဆိုလျှင် မည်သည့်အဆိပ်ကို ဝါးမျိုသည်ဖြစ်စေ၊ လုမင်ကို လုံးဝ မထိခိုက်စေခဲ့ပေ။

'နောက်ဆုံးတော့ ဒါက ယွမ်လုတိုက်ကြီးပဲ...'

ဤအဆိပ်က လုမင်ကို သတိထားစေခဲ့သည်။ နောက်ဆုံးတွင်၊ ဤသည်က ယွမ်လုတိုက်ကြီးဖြစ်ပြီး ရှန်းရွှီတိုက်အဖွဲ့အစည်းနှင့် လုံးဝ မဆိုင်ပေ။ ကောင်းကင်နှင့်မြေပြင်၏ နိယာမများက ပြီးပြည့်စုံပြီး မိုးနှင့်မြေကြားရှိ အရာအားလုံးက ရှန်းရွှီတိုက်အဖွဲ့အစည်းနှင့် ကွဲပြားသည်။ ထို့ကြောင့် ဤနေရာတွင် သူကိုယ်တိုင် မဝါးမျိုနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အဆိပ်အချို့ မွေးဖွားလာနိုင်ဖွယ်ရှိပေသည်။

လုမင်လည်း အနာဂတ်မှာ အဆိပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် သတိပေါ့လျော့၍မဖြစ်ကြောင်း မိမိကိုယ်ကို သတိပေးခဲ့သည်။

ဟုတ်ပေသည်၊ အစိမ်းရောင်ဝတ်လူငယ်၏ အဆိပ်ကတော့ လုမင်အတွက် ဘာမှမဖြစ်ပါ။ ၎င်းက သန့်စင်မပြီးခင် တခဏမျှသာ လုမင်၏ခန္ဓာကိုယ်ကို ထုံကျင်သွားစေခဲ့သည်။

"မင်း…"

အစိမ်းရောင်ဝတ်လူငယ်လည်း လုမင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သူ၏အဆိပ်ငွေ့ကို လုမင်က အမှန်တကယ် ဝါးမြိုသွား၏။ ယင်းက မည်သို့ဖြစ်နိုင်ပါမည်နည်း။

သူ့ထက် များစွာအဆင့်မြင့်သည့် ကျင့်ကြံသူပင်လျှင် သူ့အဆိပ်ကို သတိထားရမည် ဖြစ်သည်။ ဝါးမျိုရန်ကတော့ လုံးဝ တွေးကြည့်၍ပင် မရပေ။

"ဒီအဆိပ်လောက်နဲ့ လူတွေကို နှိပ်စက်ချင်တာလား၊ ရယ်စရာကောင်းလိုက်တာ"

လုမင်က လှောင်ပြောင်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ကြောက်စရာကောင်းသော ကစဉ့်ကလျားတာအိုနယ်မြေက အစိမ်းရောင်၀တ်လူငယ်ကို ဖိနှိပ်လိုက်၏။

အစိမ်းရောင်ဝတ် လူငယ်လည်း မျက်နှာအမူအရာ ပြောင်းလဲသွားကာ အစွမ်းကုန် ခုခံရန် ကြိုးစားတော့သည်။

သို့သော်လည်း သူအပိုင်နိုင်ဆုံးဖြစ်သည့် အဆိပ်က မထိရောက်သောအခါ စွမ်းအားများစွာ လျော့ကျသွားခဲ့သည်။ လုမင်၏ ကစဉ့်ကလျားတာအိုနယ်မြေကလည်း သူ့ကို ချေမှုန်းခဲ့၏။ လူငယ် သွေးအန်ပြီး အရုပ်ကြိုးပြတ် လွင့်စဉ်သွားတော့သည်။ သူ့ခန္ဓာကိုယ် အရိုးများပင် ကျိုးသွားခဲ့ရသည်။

"ဝုန်း"

ယခုအချိန်တွင် သူတော်စင်ရတနာများအတွက် တိုက်ပွဲက အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

လူငယ် ဆယ်ဦးကျော်က သူတော်စင်ရတနာ အနည်းငယ်အတွက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့၏။

နောက်ဆုံးတွင်၊ သူတော်စင်ရတနာများကို မတူညီသောလူများက သိမ်းယူသွားတော့သည်။

သေခြင်းရှင်ခြင်းဓားဂိုဏ်းမှ လော့ရှန်းက ဓားတာအိုအမွေကိုရယူပြီးနောက် ပိုမိုအားကောင်းလာခဲ့သည်။ သူ့ဓားအလင်းက လေထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး အရာအားလုံးကို ဖြတ်တောက်ခဲ့၏။ သူက သူတော်စင်ရတနာ ဓားတစ်လက်ကို ရယူခဲ့ပေသည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ရှစ်ထျန်းသည်လည်း သူတော်စင်ရတနာတစ်ခုကို ရခဲ့သည်။

နဂါးနတ်ဘုရားတောင်ကြားမှ ဟဲယွိတွင် သွေးနဂါး တိုက်ခိုက်ရေးခန္ဓာရှိပြီး အလွန်အစွမ်းထက်သည်။ သူသည်လည်း သူတော်စင်ရတနာတစ်ခုကို ရရှိခဲ့၏။

ယင်းက တခြားလူငယ်များ မနာလိုဖြစ်သွားစေခဲ့သည်။

All Chapters