← Chapters

အခန်း ၁၄၄၂

Vol. 97 Ch. 1442

အခန်း ၁၄၄၂

Vol. 97 Ch. 1442

အပိုင်း ( 1442 ) စန်းဧကရာဇ် မသေသေးဘူး။

လုမင်၏ စိတ်ထဲမှာလည်း တုန်လှုပ်သွားသည်။

လုမင် အံသြပြီး မယုံကြည်နိုင် ဖြစ်သွား၏။

စန်းဧကရာဇ်လား။

အဲဒီ တည်ရှိမှုက စန်းဧကရာဇ်လား။

ရှေ့က လင်းယုန်ကြီးဟာ စန်းဧကရာဇ် ဖြစ်မလား။

ဒဏ္ဍာရီများအရ စန်းဧကရာဇ်၏ မူလခန္ဓာမှာ လင်းယုန်ကြီး ဖြစ်သည်။

စန်းဧကရာဇ် မသေသေးပေ။

ဤအခိုက်တွင် လုမင်၏စိတ်ထဲ ပြောမပြတတ်လောက်အောင် ထိတ်လန့်သွားမိသည်။

စန်းဧကရာဇ် ပျောက်ကွယ်သွားခဲ့သည်မှာ နှစ်ပေါင်း ခြောက်သောင်း ကြာသွားသော်လည်း အသက်ရှင်နေသေးသည်။ ယခု လုမင်ကိုယ်တိုင် သူ့မျက်လုံးများဖြင့် တပ်အပ်မြင်နေရပြီ ဖြစ်သည်။

သို့ဆိုလျှင် ဧရာမ လူရုပ်ကြီးကလည်း ဧကရာဇ်တစ်ပါးဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။

"ဝိညာဉ်ဖျက်ဆီးခြင်း နိယာမ ဘုရင်၊ ငါသေရင်တောင် မင်းကို ငါနဲ့အတူ ဆွဲချသွားမယ်"

လင်းယုန်ကြီးထံမှ အသံတစ်ခုထွက်လာသည်။

"ဟားဟားဟား၊ မင်းက ငါ့ကိုဆွဲချချင်သေးတာလား။ အိပ်မက်မက်နေတာပဲ။ မင်းတို့ လူသားတော်တော်များများက ဒီလျှို့ဝှက်နယ်ပယ်ထဲကို ဝင်လာကြတာနဲ့ အချင်းချင်း အပြိုင်အဆိုင် သတ်နေကြတာ။ အခုဆိုရင် အမုန်းဝိညာဉ်တွေ၊ စိတ်ဝိညာဉ်စွမ်းအင်တွေ ဘယ်လောက်တောင် ထွက်လာနေပြီလဲ။ ဒီအမုန်းချီနဲ့ ဝိညာဉ်အားလုံးကို စုပ်ယူလိုက်ရတာကြောင့် ငါက နည်းနည်း ပြန်ကောင်းလာပြီ။ ဒါက နည်းနည်းပဲဖြစ်ပေမဲ့ မင်းကို ဖိနှိပ်ဖို့တော့ လုံလောက်ပြီလေ။ နောက်ပြီးတော့ ပါရမီရှင် လူငယ်တချို့ ဒီကို ရောက်လာတော့မယ်။ သူတို့နဲ့ဆိုရင် ငါ နည်းနည်းလောက် ပိုပြီး ကောင်းလာဦးမှာပဲ။ စန်းဧကရာဇ်... ဒီနေ့ မင်း သေနေ့စေ့ပြီ"

"လွန်ခဲ့တဲ့ အနှစ်ခြောက်သောင်းကတည်းက မင်းအတွက် ငါ သင်္ချိုင်းတစ်ခုကို ပြင်ဆင်ထားပြီးပြီ။ မင်း ငါ့ကို အနှစ်ခြောက်သောင်းလောက် ခေါင်းမာမာနဲ့ တွန်းလှန်ခဲ့မယ်ဆိုရင်တောင် ဘာအကျိုးရှိမှာလဲ။ ရလဒ်က ဆုံးဖြတ်ပြီးသွားပြီ။ ကောင်းကင်တောင်မှ ငါ့ဘက်မှာ ရှိနေပြီကွ။ ဟားဟားဟား"

ဧရာမ လူရုပ်သွင်ကြီးက ရယ်မောလိုက်သည်။

ထိုအချိန်တွင် လုမင်၏ စိတ်ထဲမှာ အတွေးမျိုးစုံ ပေါ်လာသည်။

စန်းဧကရာဇ်နှင့် ဧရာမလူရုပ်သွင်ကြီးတို့ကြား အပြန်အလှန် ပြောဆိုမှုများက လုမင်၏ သံသယများစွာကို ပြေလည်သွားစေခဲ့၏။

ပြင်ပကမ္ဘာမှ သတင်းများအရ စန်းဧကရာဇ်သည် လွန်ခဲ့သော နှစ်ပေါင်း ခြောက်သောင်းက ရုတ်တရက် ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်ပြီး ထိုအချိန်မှစ၍ သူ့အကြောင်း သတင်းမရှိခဲ့ပေ။

ယခုတော့ စန်းဧကရာဇ်ဟာ အလွန် အစွမ်းထက်သော ရန်သူကြီးနှင့် ထတိုက်ခိုက်နေရပုံရှိသည်။ ထို့ကြောင့် နှစ်ပေါင်းခြောက်သောင်းကြာ ခုခံတိုက်ခိုက်ခဲ့သော်လည်း မပြီးပြတ်သေးပေ။

ထို့အပြင် ဤနေရာသို့ လာရာလမ်း၌ စန်းဧကရာဇ်၏ လက်အောက်ငယ်သားများ ဖြစ်ပုံရသော အရိုးစုများစွာကို လုမင် တွေ့ရှိခဲ့ရသည်။ အများစုက အလွန်အားကောင်းသော ရန်သူ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရဟန်ဖြင့် မည်သို့ အသတ်ခံရမှန်းပင် သိလိုက်ကြပုံမရပေ။

ဤရန်သူမှာလည်း မဟာဧကရာဇ်တစ်ပါး ဖြစ်သည်။ သူက အနှိုင်းမဲ့ အားကောင်းပြီး စန်းဧကရာဇ်နှင့်ပင် ပြင်းထန်သော တိုက်ပွဲကြီးကို ဆင်နွှဲခဲ့ပေသည်။ နောက်ဆုံးတွင် နှစ်ဖက်စလုံး ဒဏ်ရာရသွားခဲ့ကြသည်။

သို့သော်လည်း လုမင် အံ့ဩသည်မှာ စန်းဧကရာဇ်နှင့် ထိုဧရာမလူရုပ်သွင်ကြီး နှစ်ယောက်လုံးက ဒဏ်ရာရသွားသော်လည်း တိုက်ခိုက်နေသေးခြင်း ဖြစ်သည်။ ထို့အပြင် ဤတိုက်ပွဲက နှစ်ပေါင်းခြောက်သောင်း ကြာသွားပြီ။

ဧကရာဇ်တစ်ပါး၏ စွမ်းရည်က မယုံနိုင်စရာကောင်းလွန်းသည်။

ယခုတော့ လုမင်နှင့် အခြားသူများ၏ ဝင်ရောက်မှုက တိုက်ပွဲကြီး၏ မျှခြေကို ချိုးဖျက်လိုက်ပုံရပေသည်။

"ဒီလိုဆိုရင်..."

လုမင် ရုတ်တရက် မျက်ခုံးပင့်လိုက်သည်။

ယခင်က အနက်ရောင် အတောင်ပံများကိုရရှိသည့် ကျောက်ခန်းထဲတွင် လင်းယုန်တစ်ကောင် ပေါ်လာပြီး သူ့အား ရှေ့မဆက်ရန် တားဆီးခဲ့သည်။ ထိုလင်းယုန်မှာ စန်းဧကရာဇ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သင့်သည်။

လင်းယုန်ကြီးကို ဝင်ရောက်တိုက်ခိုက်ခဲ့သူကတော့ ဤဧရာမလူရုပ်သွင်ကြီး ဝိညာဉ်ဖျက်ဆီးခြင်းဘုရင် ဖြစ်ပုံပင်။

စန်းဧကရာဇ်က အကြောင်းသိစောကြောင့် လုမင်တို့ကို တားမြစ်ခဲ့သော်လည်း၊ ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်က လုမင်နှင့် အခြားသူများ၏ အသွေးအသားကိုသန့်စင်ကာ အားဖြည့်လိုသောကြောင့် တမင် လွှတ်ပေးခဲ့ခြင်း ဖြစ်ချေသည်။

ယခုတော့ အကြောင်းရာ အတော်များများကို လုမင် နားလည်လာခဲ့ပြီ ဖြစ်သည်။

ထိုအချိန်တွင်၊ လူရိပ်ကြီးက လုမင်ကိုကြည့်ကာ ပြောလိုက်သည်။

"မင်းက ဘာဖြစ်လို့ တစ်ယောက်တည်း ဖြစ်နေတာလဲ။ ထားတော့၊ ငါမင်းကို အရင်သန့်စင်ပြီးမှ အခြားသူတွေကို စောင့်လိုက်မယ်"

စကားဆုံးသည်နှင့် အနှိုင်းမဲ့ကြီးမားသော လက်တစ်ဖက် လုမင်ကို လှမ်းဆွဲလိုက်၏။

"ပြေး"

လုမင် မတုံ့ဆိုင်းတော့ဘဲ ချာခနဲ လှည့်ပြေးတော့သည်။

သို့သော်လည်း ထိုလက်ကြီးက ကောင်းကင်နှင့်‌ နေလုံးကိုပင် ဖုံးကွယ်ထားခဲ့သည်။ ယင်းမှာ အလွန်ကြီးမား၏။ ထို့အပြင်၊ ဖြာထွက်နေသော ရောင်ဝါက ကြောက်စရာကောင်းလွန်းသည်။ လုမင်လည်း သူ့ခန္ဓာကိုယ် ပေါက်ကွဲတော့မလို ခံစားလာရတော့သည်။

ရှေးဦးကစဉ့်ကလျားတာအိုက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းလိုက်သော်လည်း မရပ်မနား တုန်ခါသွားသည်။ သူ့ခန္ဓာကိုယ်အတွင်းမှ နဝမနဂါး ထွက်ပေါ်လာတော့မည်ကဲ့သို့ နဂါးဟိန်းသံကို ကြားလိုက်ရ၏။

"ကစဉ့်ကလျားတာအိုနယ်မြေ... အဲဒါက တကယ်ကို ရှေးဦးကစဉ့်ကလျားတာအိုနယ်မြေပဲ"

ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်၏ တုန်လှုပ်သွားသော အသံ ထွက်ပေါ်လာခဲ့သည်။

"ကစဉ့်ကလျားတာအိုနယ်မြေနဲ့ ဒီလို ပါရမီရှင်ဆိုရင် ပိုပြီး သတ်ပစ်သင့်တယ်"

ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်၏ အသံက သတ်ဖြတ်ချင်စိတ်တို့ ပြည့်နှက်သွား၏။

"မစဉ်းစားနဲ့"

ဟိန်းဟောက်သံနှင့် ကြယ်ကောင်းကင်ကို ခွဲထုတ်လိုက်သလို ကြီးမားသောတောင်ပံကြီးတစ်ခု လွင့်ထွက်လာခဲ့သည်။ တောင်ပံကြီးက ဧရာမလက်ကြီးကို ထိမှန်ပြီး နှစ်ခုစလုံး ကွဲကြေသွား၏။

"စန်းဧကရာဇ်၊ မင်း သေချင်နေတာပဲ"

ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်၏ ခန္ဓာကိုယ်က တောက်ပလာပြီး စန်းဧကရာဇ်ကို တိုက်ခိုက်လိုက်တော့သည်။

စန်းဧကရာဇ်လည်း သံရှည်ဆွဲကာ ဟိန်းဟောက်ပြီး ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်နှင့် ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

ဧကရာဇ်နှစ်ပါး တိုက်ခိုက်ကြသည့် မြင်ကွင်းက ကြောက်စရာကောင်းလွန်းသည်။ ကြယ်များပျက်စီးပြီး ကြယ်ရောင်စုံ ကောင်းကင်ကြီးလည်း ကွဲအက်သွား၏။

စန်းဧကရာဇ်နှင့် ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်က လုမင်နှင့် အဝေးကြီးတွင် ဖြစ်သည်။ သို့တိုင် သူတို့၏ အရှိန်အဝါများက လုမင်အဖို့ အသက်ရှူရန်ပင် ခက်ခဲစေသေးသည်။

"ဧကရာဇ်၊ ဒါက ဧကရာဇ်ပဲ။ အားကောင်းလွန်းပါတယ်။ ဧကရာဇ်တွေရှေ့မှာ သိုင်းအုပ်ချုပ်သူက ပုရွက်ဆိတ်နဲ့တူတယ်။ မဟုတ်သေးဘူး၊ သူတော်စင်တွေတောင်မှ ပုရွက်ဆိတ်ပဲ"

လုမင်လည်း တစ်ယောက်တည်းရေရွတ်ရင်း ခပ်မြန်မြန် ပြန်ဆုတ်သွားခဲ့သည်။

သို့ရာတွင်၊ ကြယ်ကောင်းကင်မှာ တံခါးမရှိသလို ထွက်ရပ်လမ်းလည်း မရှိပေ။ သူ ဘယ်နေရာက လာခဲ့မှန်းလည်း မသိတော့ပါ။

လုမင်အနေဖြင့် ဧကရာဇ်နှစ်ပါးနှင့် ဝေးနိုင်သမျှ ဝေးဝေးနေရန်သာ တတ်နိုင်ခဲ့သည်။

"ကောင်လေး၊ မင်းဒီကိုရောက်ကတည်းက မင်းကံကြမ္မာက သတ်မှတ်ပြီးသွားပြီ။ မင်းငါ့ရဲ့ အာဟာရ ဖြစ်လာလိမ့်မယ်"

ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်၏ အသံကို ကြားလိုက်ရသည်။ အနက်ရောင်အလင်းတန်းတစ်ခုက လုမင်ဆီသို့ လျင်မြန်စွာ ပစ်လွင့်လာ၏။

ဤအခိုက်တွင် လုမင်၏တကိုယ်လုံး အေးခဲသွားသလို လုံးဝမလှုပ်ရှားနိုင်တော့ပေ။

"တွိ၊ တွိ..."

ထိုအချိန်တွင် ပူဖောင်းလေး ပေါ်လာသည်။ အော်ဟစ်ပြီး သူ့လက်သေးသေးလေးကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်၏။ လုမင်၏ ပတ်လည်တွင် ကွဲအက်နေသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ လုမင်လည်း သူ့ခန္ဓာကိုယ်ကို ပြေလျော့သွားသလို ခံစားလိုက်ရကာ သူပြန်လှုပ်ရှားနိုင်လာတော့သည်။ ချက်ချင်းပင် အနက်ရောင် အတောင်ပံများကို ထုတ်ဖော်လိုက်သည်။ တစ်ချိန်တည်းမှာပင်၊ သူ၏ မျက်ခုံးနှစ်ခုကြားရှိ အေးခဲလေပုလဲမှ စွမ်းအင်များက သူ့န္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွား၏။ လုမင် အရူးအမူး ဆုတ်သွားတော့သည်။

ဧကရာဇ်တစ်ပါးနှင့် ရင်ဆိုင်နေရခြင်းဖြစ်သော်လည်း သေမင်းကိုတော့ ထိုင်မစောင့်နိုင်ပေ။ ရှင်သန်ရန် အခွင့်အလမ်း နည်းနေလျှင်ပင် ထို့အတွက် တိုက်ခိုက်သွားဦးမည် ဖြစ်သည်။

"ထိပ်တန်း စစ်သားရဲဆယ်ကောင်ထဲက အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်က အခုထိ အသက်ရှင်နေသေးတာပဲ။ မင်းကို ပိုပြီး သတ်သင့်တယ်"

ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်၏ သတ်ဖြတ်ချင်စိတ်က ပို၍ ပြင်းထန်လာခဲ့သည်။

"မစဉ်းစားနဲ့"

စန်းဧကရာဇ် ဟိန်းဟောက်သည်။ သူက အလင်းတန်းတစ်ခုထုတ်လွှတ်ရင်း ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်၏ အလင်းတန်းများကို တားဆီးရန် ကြိုးစားလိုက်၏။

"စန်းဧကရာဇ်... မင်းငါ့ကိုတားလို့မရဘူး။ မင်းကို ဒီနေ့ ငါမသတ်ရရင်တောင် အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်နဲ့ ကစဉ့်ကလျားတာအိုနယ်မြေကို နားလည်တဲ့ ကောင်လေးကို သတ်ပစ်ရမယ်"

သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်က ကြိမ်းမောင်းလိုက်သည်

ဤအခိုက်အတန့်တွင် အနည်းဆုံး အနက်ရောင်အလင်းတန်း တစ်ဒါဇင်က လုမင်ဆီသို့ ကျရောက်လာ၏။

"ဒီလောက်တောင် များတာလား"

လုမင်၏ မျက်လုံးများ ပြူးသွားသည်။

စန်းဧကရာဇ်နှင့် ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်သည် ဒဏ်ရာပြင်းထန်စွာရပြီး အနှစ်ခြောက်သောင်းကြာ တိုက်ပွဲဝင်ထားခဲ့သော်လည်း၊ လုမင်အတွက်တော့ ကြောက်မက်ဖွယ် ဖြစ်တည်မှုများ ဖြစ်ဆဲပင်။ ၎င်းတို့က သူ့ကို အလွယ်တကူ သတ်နိုင်သည်။

စန်းဧကရာဇ်က ဟိန်းဟောက်ပြီး အတောင်များကို ခတ်လိုက်သည်။ ငှက်မွေးတစ်ဒါဇင်ခန့်က နတ်ဓားများကဲ့သို့ ပျံထွက်သွားပြီး အနက်ရောင်အလင်းတန်းများကို ပိတ်ဆို့လိုက်၏။

သို့သော်လည်း‌ နောက်ဆုံးတွင် ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်က ပို၍သန်မာသည်။ အနက်ရောင် အလင်းတန်းတစ်ခုက စန်းဧကရာဇ်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းကာ လုမင်ဆီသို့ ပစ်လွှတ်လိုက်တော့သည်။

"တွိ..."

ပူဖောင်းလေးက အော်ဟစ်ပြီး ကြည်လင်နေသော ပူဖောင်းတစ်ခုကို ထွေးထုတ်ပစ်လိုက်သည်။ ယင်းက အနက်ရောင်အလင်းကို တားဆီးနိုင်ရန် မျှော်လင့်ကာ ဖုံးအုပ်သွား၏။

သို့သော်လည်း အနက်ရောင်အလင်း ဖြတ်သွားသောအခါ ပူဖောင်းက ချက်ချင်း ပေါက်ကွဲသွားတော့သည်။

ပူဖောင်းလေးက အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်ဖြစ်၍ အချိန်နှင့်ဟင်းလင်းပြင်ကို ထိန်းချုပ်နိုင်သော်လည်း ကျင့်ကြံခြင်းအဆင့်က ကွာခြားလွန်းလှသည်။

အနက်ရောင်အလင်းတန်းက လုမင်ဆီသို့ ဆက်လက် ပစ်ခတ်လာတော့သည်။

ဤအခိုက်တွင် လုမင် သူ့ခန္ဓာကိုယ်မှ သွေးများ အေးခဲသွားသလို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်က အေးစက်သွားပြီး မလှုပ်နိုင်တော့ပေ။

'ငါဒီမှာသေရတော့မှာလား'

လုမင်၏ စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာသည်။

ဧကရာဇ်တစ်ပါးက သန်မာလွန်းပေသည်။ သူတို့က ကမ္ဘာ့အထွတ်အထိပ်တွင် ရပ်တည်နေသူများဖြစ်သည်။ လုမင်တွင် ထိုအကျော်အမော်မျိုးကို ဆန့်ကျင်ရန် အခွင့်အရေးမရှိပါ။

သူ မည်မျှ လက်မခံနိုင်သည်ဖြစ်စေ ကွာဟချက်က ကြီးမားလွန်းလှသည်။

All Chapters