← Chapters

အခန်း ၁၄၄၄

Vol. 97 Ch. 1444

အခန်း ၁၄၄၄

Vol. 97 Ch. 1444

အခန်း ( 1444 ) သတ်ဖြတ်ခြင်း။

'ရင်ရင်၊ မင်း အသာနေလိုက်ပါ။ ဒီ လူပြက်တွေက ငါ့ကို ဘာမှမလုပ်နိုင်ဘူး'

လုမင် အသံပို့လွှတ်ပြီး ပြောလိုက်သည်။

"မောက်မာလိုက်တဲ့ကောင်၊ စန်းဧကရာဇ်ရဲ့အမွေကို မြန်မြန်လွှဲပေးမလား၊ ဒါမှမဟုတ် သေချင်းဆိုးနဲ့ သေသွားချင်လား"

"မြန်မြန်လုပ်စမ်း"

ပတ်ဝန်းကျင်မှ လူငယ်များက လုမင်ကို လောဘတကြီးဖြင့် စိုက်ကြည့်လိုက်ကြသည်။

"စန်းဧကရာဇ်ရဲ့ အမွေကို မရခဲ့ဘူးလို့ ငါပြောထားပြီးသားပဲ။ ဒါမှ မယုံကြည်ဘဲ ငါ့ကို တိုက်ခိုက်ချင်ရင်တော့ မင်းကို ပြန်သတ်မှာကိုလည်း အသင့်ပြင်ထားရမယ်"

လုမင်က အေးစက်စက် သတ်ဖြတ်ချင်စိတ်ဖြင့် ပြောလိုက်သည်။

"ဟာသပဲ၊ ငါတို့မှာလူတွေအများကြီးရှိတယ်ကွ။ ဘယ်သူက ဘယ်သူ့ကို သတ်မလဲဆိုတာ ကြည့်ရအောင်"

ဝမ့်ရှောင်က လှောင်ပြောင်ပြီး ရှေ့ထွက်လိုက်သည်။ ဓားတစ်ချောင်းက သူ့ဦးခေါင်းထက်မှာ ပေါ်လာပြီး ကြောက်စရာကောင်းသော အရှိန်အဝါများလည်း ထွက်ပေါ်လာ၏။ သူတော်စင်ရတနာဓား ဖြစ်သည်။

တစ်ဖက်တွင် ရှစ်ထျန်းကလည်း သူတော်စင်ရတနာတစ်ခုကို ထုတ်ဖော်ပြီး ရှေ့တက်လိုက်၏။

မော့ကျယ်ကလည်း အလားတူပင် အခြား လမ်းတစ်ဖက်မှ ထွက်ပေါ်လာတော့သည်။

သူတို့ သုံးယောက်အပြင် အခြား ခေါင်းဆောင် သုံးဦးလည်း ရှိသေးသည်။ သူတို့က သူတော်စင်ရတနာများကို ကိုယ်စီထုတ်ကာ လုမင်အား ဝိုင်းထားလိုက်ကြသည်။

"အသက်သုံးရှိုက်စာ၊ လုမင်... မင်းကို အသက်သုံးရှိုက်စာ အချိန်ပေးမယ်။ ဧကရာဇ်ရဲ့ အမွေကို လွှဲမပေးဘူးဆိုရင် မင်း ဒီမှာပဲ ထာဝရနေရလိမ့်မယ်"

ဝမ့်ရှောင်က အေးစက်စက်ဖြင့် ပြောလိုက်သည်။

"တစ်"

ထို့နောက်တွင် ရှစ်ထျန်းက စတင်ရေတွက်လိုက်သည်။

တခြားလူငယ်များကလည်း လုမင်ကိုကြည့်ရင်း အေးစက်စက် သတ်ဖြတ်လိုစိတ်များကို ထုတ်ဖော်လာကြ၏။ သူတို့က အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ။

"နှစ်"

ရှစ်ထျန်းက ထပ်မံ ရေတွက်လိုက်သည်။

"ဝှစ်"

ထိုအချိန်တွင် လုမင်၏နောက်ကျောမှ အနက်ရောင် တောင်ပံတစ်စုံ ပေါ်လာသည်။ အတောင်ခတ်သံနှင့်အတူ လုမင်၏ရုပ်သွင်က ကောင်းကင်သို့ ထိုးတက်သွား၏။

"သူ ထွက်ပြေးဖို့ ကြိုးစားနေပြီဟေ့"

"မစဉ်းစားနဲ့"

ဝမ့်ရှောင်၊ ရှစ်ထျန်းနှင့် အခြား ခေါင်းဆောင်များလည်း အလျင်မြန်ဆုံး တုံ့ပြန်ခဲ့ကြပြီး လုမင်နောက်သို့ လိုက်သွားကြတော့သည်။

သို့ရာတွင် လုမင်က လေထဲမှာ ရုတ်တရက် ရပ်သွားသည်။ ထို့နောက်တွင် သူက ရှစ်ထျန်းနှင့် အခြားငါးယောက်ကိုဖြတ်ပြီး လမ်းကြောင်းပြောင်း၍ အောက်ကို ထိုးဆင်းသွား၏။

"ငါ ထွက်ပြေးဖို့ ကြိုးစားနေတယ်လို့ ဘယ်သူကပြောလဲ။ မင်းတို့က ငါ့ကို သတ်ချင်နေမှတော့ မင်းကို အရင်သတ်မယ်"

လုမင်က အော်ဟစ်ပြီး အောက်ခြေလူအုပ်စုကြားကို ပြေးသွားသည်။

အနက်ရောင် အတောင်ပံများက ကောင်းကင်ဓားနှစ်လက်ကဲ့သို့ လေထဲမှ ဖြတ်သွား၏။ ချက်ချင်းဆိုသလိုပင် လူငယ် တစ်ဒါဇင်ကျော်ကို ထက်ခြမ်း ဖြတ်ချသွားတော့သည်။

လှုပ်ရှားမှုတစ်ခုတည်းဖြင့် လူငယ် တစ်ဒါဇင်ကျော် သေဆုံးသွားသည်။

"တိုက်ခိုက်ကြ၊ အတူတူတိုက်ခိုက်ပြီး သူ့ကိုသတ်ကြ"

တစ်ယောက်က ညာသံပေးကာ အော်လိုက်သည်။

ရုတ်တရက်၊ မရေမတွက်နိုင်သော တိုက်ခိုက်မှုများက လုမင်ထံသို့ ကျရောက်လာ၏။

သို့သော်လည်း လုမင်က ရှေးဦးကစဉ့်ကလျားတာအိုကို ထုတ်ဖော်လိုက်သည်။ ရှေးဦိးကစဉ့်ကလျားတာအို ဖုံးအုပ်ထားသော အနက်ရောင်တောင်ပံများ၏ စွမ်းအားက ပို၍ ကြောက်စရာကောင်းလာခဲ့၏။

"ဝှစ်"

လုမင်က ဘာကိုမှ ဂရုစိုက်ပုံမရဘဲ အနီးနား လူအုပ်ထဲသို့ ပြေးဝင်သွားသည်။ သူက အနက်ရောင်အတောင်ပံများကို ခတ်လိုက်သောအခါ နောက်ထပ် လူတစ်ဒါဇင်ခန့် သေဆုံးသွားပြန်တော့သည်။

"ဝှစ်... ဝှစ်... ဝှစ်..."

ထို့နောက်တွင် အနက်ရောင်တောင်ပံများပေါ်ရှိ အနက်ရောင် ငှက်မွေးများက နတ်ဘုရားဓားများကဲ့သို့ အရပ်ရပ်ကို ထိုးဖောက်သွားခဲ့သည်။

"ဖောက်၊ ဖောက်၊ ဖောက်"

ငှက်မွှေးများက ၎င်းတို့၏ နဖူး သို့မဟုတ် ဒန်တျန်များကို ထိုးဖောက်သွားကာ တစ်ဦးပြီးတစ်ဦး သေဆုံးသွားတော့သည်။

"အား၊ မဟုတ်ဘူး..."

သနားစရာကောင်းသော အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ တခဏချင်းမှာပင်၊ လူတစ်ရာကျော်ခန့် လုမင်၏လက်ချက်ဖြင့် သေဆုံးသွား၏။ သွေးညှီနံ့များကလည်း လေထဲမှာ လှိုင်ထနေတော့သည်။

"လုမင်၊ မကောင်းဆိုးရွားကောင်... အပြစ်မရှိတဲ့လူတွေကို သတ်ချင်သလို သတ်နေတယ်။ ဒီနေ့ မင်းကို ငါ သတ်မယ်"

ရှစ်ထျန်း ဟိန်းဟောလိုက်သည်။ သူ့မျက်လုံးများကလည်း နီရဲလာ၏။ လုမင် သတ်ပစ်ခဲ့သော လူတစ်ဝက်လောက်က ကောင်းကင်နတ်ဘုရားဂိုဏ်း၏ တပည့်များ ဖြစ်သည်။

"မကောင်းဆိုးရွားလား၊ အပြစ်မဲ့သူကို သတ်တာလား။ ဟာသပဲ၊ မင်းတို့က ငါ့ကို အရင်တိုက်ခိုက်ပြီး သတ်ချင်နေတာ။ မင်းငါ့ကိုသတ်ချင်ရင် ငါပြန်သတ်မှာကိုလည်း အသင့်ပြင်ထားရမယ်လို့ ငါပြောထားပြီးသား။ မင်းတို့ကျ ငါ့ကိုသတ်ချင်ပြီး ငါက ပြန်မတိုက်ခိုက်နိုင်ဘူးလို့ မင်းတကယ်ထင်နေတာလား"

လုမင်၏ အေးစက်သောအသံ ထွက်ပေါ်လာခဲ့သည်။ သူက အနက်ရောင်တောင်ပံများကိုခတ်ပြီး ရှစ်ထျန်းနှင့် အခြားခေါင်းဆောင်များ၏ တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်ထွက်သွား၏။

သန္ဓေဝိညာဉ်ခန္ဓာများကို ပိုင်ဆိုင်ထားသော အခြား လူငယ်များက လုမင်ကို လုံးဝ မယှဉ်နိုင်ပေ။ သူတို့အားလုံး လုမင်၏ သတ်ဖြတ်ခံရပြီး နာကျင်စွာ အော်ညည်းသံများလည်း အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။

သူတို့၏ တိုက်ခိုက်မှုများက အားမနည်းသော်လည်း လုမင်ကိုတော့ ထိခိုက်မှု တစ်စုံတစ်ရာ မဖြစ်စေနိုင်ခဲ့ပေ။

မြေပြင်က အလောင်းများ ဖုံးလွှမ်းနေပြီ ဖြစ်သည်။ မကြာခင်မီပင် လုမင်၏လက်ထဲမှာ လူရာနှင့်ချီ သေဆုံးခဲ့ကြပြီ။

လူအုပ်အပြင်ဘက်မှ ရင်ဖုန်းနှင့် တခြားသူများလည်း တုန်ယင်မောဟိုက်လာကြသည်။

'ဒီကောင်က ပိုပိုပြီး ကြောက်စရာကောင်းလာပြီပဲ။ သူ့ကို သတ်ဖို့ အခွင့်အရေး ရှာရမယ်'

ရင်ဖုန်း သူ့စိတ်ထဲမှ တွေးလိုက်သည်။

"ဆုတ်၊ မင်းတို့အားလုံး နောက်ပြန်ဆုတ်ကြ"

ရှစ်ထျန်း အော်ဟစ်လိုက်၏။

ထိုလူငယ်များလည်း တတ်နိုင်သမျှ အရပ်ရပ်ကို ပြေးထွက်သွားတော့သည်။

ရှစ်ထျန်းနှင့် အခြား လူငယ်ငါးယောက်ကမူ လုမင်အနောက်မှ အစွမ်းကုန် လိုက်ခဲ့သည်။

"ဝှစ်"

လုမင်က ပျံသန်းနေရာမှ ရုတ်တရက် ရပ်လိုက်သည်။

ရှစ်ထျန်းနှင့် အခြားငါးယောက်ကလည်း လုမင်ကို တစ်ဖန် ဝိုင်းထားလိုက်၏။ ဤတစ်ကြိမ်တွင် ၎င်းတို့က လုမင် လွတ်မြောက်မည်ကို စိုးရိမ်သောကြောင့် သေသေချာချာ ဝိုင်းထားလိုက်တော့သည်။

"လုမင်၊ မင်းလို မကောင်းဆိုးရွားကောင်အတွက် ဒီကမ္ဘာမှာ နေစရာမရှိဘူး"

ရှစ်ထျန်းက ဟိန်းဟောက်လိုက်သည်။

"စန်းဧကရာဇ်ရဲ့အမွေကို မြန်မြန်လွှဲ‌ပေးစမ်း၊ ဒါဆိုရင် မင်းရဲ့အလောင်းကို အကောင်းအတိုင်း ချန်ထားခဲ့မယ်"

ဝမ့်ရှောင်ကလည်း အေးစက်စက် ပြောသည်။

"ဟားဟားဟား၊ ငါမင်းကို တကယ်ကြောက်တယ်လို့ ထင်နေတာလား"

လုမင်၏ နှုတ်ခမ်းများက အေးစက်စက် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။

"ဒုန်း"

လုမင်က ခြေတစ်ချက်လှမ်းပြီး ဝမ့်ရှောင်ထံ လျှောက်သွားလိုက်၏။

"အတူတူတိုက်ခိုက်ကြ"

ဝမ့်ရှောင်၏ မျက်လုံးများက ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာတော့သည်။

လုမင်ကို တစ်ယောက်တည်း ရင်ဆိုင်ဝံ့သည်မှာ သဘာဝ ဖြစ်သည်။

"တိုက်ခိုက်ကြ"

"ဝုန်း... ဝုန်း... ဝုန်း"

ရှစ်ထျန်းတို့ ခြောက်ယောက်လည်း သူတို့၏ သူတော်စင်ရတနာများကို အသက်သွင်းလိုက်ကြသည်။ သူတော်စင်ရတနာများက စွမ်းအားများ ထွက်ပေါ်လာပြီး လုမင်ကို တိုက်ခိုက်တော့မည်။

"တွိ... တွိ..."

ထိုအချိန်တွင် လုမင်၏ ပခုံးပေါ်၌ တန်တန် ပေါ်လာခဲ့သည်။ ပူဖောင်းခြောက်ခု ထွက်ပေါ်လာပြီး ရှစ်ထျန်းတို့ ခြောက်ဦးကို ဖုံးသွား၏။

"သတ်"

လုမင် ဟိန်းဟောက်ပြီး ဝမ့်ရှောင်ကို တိုက်ခိုက်လိုက်တော့သည်။

"အချိန်ဟင်းလင်းပြင်တာအိုနယ်မြေ"

ဝမ့်ရှောင် တုန်လှုပ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူက သူ၏ဝိညာဉ်ရတနာကို အစွမ်းကုန် လှုံ့ဆော်လိုက်၏။

"ဝှစ်"။

အားကောင်းသော ဓားအလင်းတစ်ခု ထွက်ပေါ်လာပြီး ဖောက်ထွင်းမြင်ရသော ပူဖောင်းကို ချက်ချင်း ဖောက်ထွက်သွားတော့သည်။

သူတော်စင်ရတနာတစ်ခု၏ စွမ်းအားက တုနှိုင်းမရလောက်အောင် သန်မာသည်။ ပူဖောင်းများက သူတို့ခြောက်ယောက်ကို အကြာကြီး ထိန်းထားနိုင်မည် မဟုတ်ပါ။

အခြားသူများကလည်း ကြည်လင်သော ပူဖောင်းကို ချိုးဖျက်ရန် ၎င်းတို့၏ သူတော်စင်ရတနာများကို အသုံးပြုခဲ့ကြသည်။

သို့သော်လည်း ဤအခိုက်အတန့်လေးက လုမင်အတွက် လုံလောက်ပေသည်။

"နတ်ဘုရားတံခါးရဲ့ တံဆိပ်ကိုးခု၊ ချိတ်ပိတ်"

လုမင် အော်လိုက်သည်။ တံဆိပ်တော်တံခါးငါးခုက ဝမ့်ရှောင် ပတ်ဝန်းကျင်တွင် ရုတ်တရက် ထွက်ပေါ်လာ၏။ အဆုံးမဲ့ အလင်းများကလည်း ချက်ချင်း ထွက်ပေါ်လာတော့သည်။

သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ပြီးနောက် လုမင်၏ နတ်ဘုရားတံခါး တံဆိပ်ကိုးခုက အောင်မြင်မှုတစ်ခုရကာ ပဉ္စမမြောက် တံဆိပ်တော်ကို လေ့ကျင့်နိုင်ခဲ့သည်။

နတ်ဘုရားတံခါး တံဆိပ်ကိုးခုသည် မူလက ဧကရာဇ်များ အသုံးပြုသော လျှို့ဝှက်နည်းလမ်းတစ်ခု ဖြစ်သည်။ ယင်း၏စွမ်းအားက အလွန်ကြောက်စရာကောင်း၏။ တံဆိပ်တော်တံခါးငါးခုက ဝမ့်ရှောင်ကို ချက်ချင်း ပိတ်လှောင်လိုက်တော့သည်။

"သတ်"

လုမင်က ဝမ့်ရှောင်ရှေ့တွင်ပေါ်လာပြီး လက်သီးဖြင့် ထိုးချလိုက်သည်။

"ဝုန်း"

ကြီးမားသော လက်သီးအင်အားကြောင့် ဝမ့်ရှောင် ကြောက်ရွံ့တုန်လှုပ်သွား၏။

"ဝမ်"

သို့သော်လည်း ထိုအချိန်တွင် ဝမ်ရှောင်၏ ခန္ဓာကိုယ်ပေါ်မှာ ချပ်ဝတ်တန်ဆာ ဝတ်စုံတစ်ခု ပေါ်လာပြီး သူ့အား အပြည့်အဝ ဖုံးအုပ်သွားတော့သည်။

"ဒေါင်"

လုမင်၏ လက်သီးက ချပ်ဝတ်တန်ဆာပေါ်သို့ ကျရောက်သွားသည်။ ချပ်ဝတ်က တုန်ခါသွားပြီး မိုင်ပေါင်းများစွာ အကွာအဝေးသို့ ဝမ့်ရှောင် လွင့်ထွက်သွား၏။ သူ့မှာ ကြီးမားသော တောင်တစ်လုံးကို ဝင်ဆောင့်မိပြီး ပါးစပ်ထဲမှ သွေးများပင် အန်ထွက်လာတော့သည်။

"သူတော်စင်အဆင့် ချပ်ဝတ်တန်ဆာ"

လုမင် မျက်ခုံးပင့်လိုက်သည်။

ဤချပ်ဝတ်တန်ဆာကို လျှို့ဝှက်နယ်မြေအတွင်းသို့ မဝင်မီကပင် ဝမ့်ရှောင်က ဝတ်ဆင်ထားခဲ့ခြင်း ဖြစ်နိုင်သည်။

လုမင် သက်ပြင်းချလိုက်မိ၏။ ဤလူတွေများက တကယ်ချမ်းသာသည်။ သူတို့မှာ သူတော်စင်အဆင့် ချပ်ဝတ်တန်ဆာများပင် ရှိသေးသည်။

"ဝမ်"

လုမင်က ဝမ့်ရှောင်ကို ထပ်မံတိုက်ခိုက်လိုက်သည်။

"သူ့ကိုတားဆီးကြ"

"သူ့ကို ရပ်လိုက်"

ရှစ်ထျန်းနှင့် အခြားသူများကလည်း အော်ဟစ်ပြီး လုမင်ကို တိုက်ခိုက်လိုက်၏။ သို့သော်လည်း သူတို့က လုမင်ထက် နှေးကွေးနေသေးသည်။ သူတို့ လှုပ်ရှားလိုက်စဉ်မှပင် လုမင်က ဝမ့်ရှောင်ရှေ့တွင် ပေါ်လာခဲ့သည်။

"မင်းရဲ့ လိပ်ခွံထဲမှာ ပုန်းနေတာကြောင့် မင်းကို ငါဘာမှမတတ်နိုင်တော့ဘူးလို့ မထင်နဲ့"

လုမင်က အေးစက်စက်ပြောပြီး တက်နင်းလိုက်သည်။

"ဒုန်း"

လုမင်၏ ခြေလှမ်းကျရောက်လာသည်နှင့် တောင်ပေါ်ရှိ ကျောက်တုံးများ ပေါက်ကွဲသွား၏။ ဝမ့်ရှောင်၏ တကိုယ်လုံးက ကျောက်ဆောင်ထဲတွင် မြုပ်ဝင်သွားတော့သည်။

All Chapters