အခန်း ၁၄၄၅
Vol. 97 Ch. 1445
အပိုင်း ( 1445 ) လျှို့ဝှက်နယ်မြေ ပြိုကျပြီ။
"သတ်"
ထိုအချိန်တွင် ရှစ်ထျန်း ရောက်လာသည်။
"ထွက်သွား"
လုမင်က ဝမ့်ရှောင်၏ ခြေတစ်ဖက်ကိုဖမ်းကိုင်ပြီး တူတစ်လက်ကဲ့သို့ အသုံးပြု၍ ရှစ်ထျန်းကို လွှဲရိုက်လိုက်သည်။
"ဖြောင်း"
ရှစ်ထျန်း အနောက်ကို ပျံလွင့်သွား၏။
"အား၊ လုမင်... ငါမင်းကိုသတ်မယ်"
ဝမ့်ရှောင် ဒေါသတကြီး အော်ဟစ်ရင်း ပါးစပ်ထဲမှ သွေးများ အန်ထွက်လာတော့သည်။
သူ့အား သူတော်စင်ချပ်ဝတ်တန်ဆာက ကာကွယ်ထားသော်လည်း အဆက်မပြတ် တိုက်ခိုက်မှုကြောင့် စွမ်းအင်များ စိမ့်ဝင်သွားကာ ပြင်းထန်စွာ ဒဏ်ရာရရှိလာခဲ့သည်။
"တိတ်စမ်း"
လုမင်က ဝမ့်ရှောင်၏ ခြေတစ်ဖက်ကိုကိုင်ပြီး တောင်ထိပ်ကို ပြင်းပြင်းထန်ထန် လွှဲရိုက်လိုက်သည်။
"ဒုန်း"
ကျောက်စကျောက်နများက နေရာတိုင်းသို့ ပျံ့လွင့်သွားပြီး တောင်ထိပ်တစ်ခုလုံး တုန်လှုပ်သွားသည်။ တောင်ထိပ်တွင် ကြီးမားသော တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။ ဝမ့်ရှောင်၏ ပါးစပ်ထဲမှ သွေးများ ထွက်လာပြီး ဤတစ်ခါတော့ ငိုတော့သည်။
ယခုလေးတင် ဝမ့်ရှောင်နှင့် ရှစ်ထျန်းက မာနအကြီးဆုံး ဖြစ်ခဲ့သည်။ ယခုတော့ လုမင်က သူတို့နှစ်ဦးထဲမှ တစ်ဦးကို ရက်ရက်စက်စက် နှိပ်စက်နေခဲ့ပြီ။
"ဒုန်း... ဒုန်း... ဒုန်း..."
လုမင်က ဝမ့်ရှောင်ကို တောင်ထိပ်ဆီသို့ အဆက်မပြတ် ထုနှက်လိုက်သည်။
ကျောက်တုံးများက နေရာအနှံ့သို့ လွင့်စဉ်နေပြီး တောင်ထိပ်မှာလည််း တုန်လှုပ်သွား၏။ နောက်ဆုံးမှာတော့ ကြီးမားသော တောင်တန်းကြီး၏ အစိတ်အပိုင်းကြီးတစ်ခု ဖြိုချခံလိုက်ရတော့သည်။
တချိန်တည်းမှာပင် ရှစ်ထျန်း၊ မော့ကျယ်နှင့် ကျန်သူများ တိုက်ခိုက်ရန် ကပ်လာသောအခါ လုမင်က ဝမ့်ရှောင်နှင့် လှည့်၍ ရိုက်ခဲ့သည်။
သူတော်စင် ချပ်ဝတ်တန်ဆာဖြင့် ဝမ့်ရှောင်က ယခုအချိန်တွင် ဒိုင်းတစ်လက်ကဲ့သို့၊ တူတစ်လက်ကဲ့သို့ဖြစ်ကာ အမှန်တကယ် သုံးလို့ကောင်းပေသည်။
အတော်ဝေးဝေးမှ စောင့်ကြည့်နေသူများလည်း အံသြသွားကြသည်။
ဝမ့်ရှောင်သည် ဤလျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ခဲ့သူများကြား၌ ကောင်းကင်ကိုးဆင့်ဓားဂိုဏ်း၏ ခေါင်းဆောင် ဖြစ်သည်။ ယခုမူကား၊ ဤမျှ ဆိုးရွားသော အခြေအနေသို့ ရောက်နေပြီ။ သူ့ခမျာ လုံးဝ မခုခံနိုင်ဘဲ လုမင်၏ အပြတ်အသတ် ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။
ဝမ့်ရှောင်ကိုယ်တိုင်လည်း သေချင်စိတ်ပေါက်နေပြီ။
သူ့မျက်နှာ လုံးဝ ပျက်သွားသည်။
"ဝုန်း"
ဤအချိန်တွင် အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်သွားသည်။ ကောင်းကင်နှင့် မြေပြင်က ပြင်းထန်စွာ တုန်လှုပ်သွား၏။
ထို့အပြင် ကမ္ဘာကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေသကဲ့သို့ တုန်ခါမှုက ပို၍ပြင်းထန်လာတော့သည်။
"ဝုန်း... ဝုန်း"
ထိုအချိန်တွင် မြေပြင်က အက်ကွဲပြီး ချော်ရည်များ မီတာတစ်ထောင်အထိ ထိုးတက်သွားခဲ့သည်။
"မကောင်းတော့ဘူး၊ ဒီလျှို့ဝှက်နယ်မြေ ပြိုကျတော့မယ်"
တစ်ယောက်က အလန့်တကြား အော်ဟစ်လိုက်သည်။ လူအားလုံး လေထဲကို ချက်ချင်း ပျံတက်သွား၏။
"ဒါက စန်းဧကရာဇ် ထွက်သွားတာကြောင့် ဖြစ်နိုင်တယ်"
"ငါတို့ ဘာလုပ်ကြမလဲ။ လျှို့ဝှက်နယ်မြေပြိုကျရင် ငါတို့အားလုံး ဒီမှာပဲ သေကြရလိမ့်မယ်"
မြင်ကွင်းက ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
"ပျံသွားကြစို့၊ ငါတို့ ဒီလျှို့ဝှက်နယ်မြေကို ဝင်လာခဲ့တာ ပူဖောင်းတစ်ခုထဲကနေ မဟုတ်လား။ အဲဒါက ထွက်ပေါက်ဖြစ်ရမယ်။ ပျံသန်းပြီး ဒီကနေထွက်သွားကြစို့"
"ဟုတ်တယ်ဟေ့၊ သွားကြစို့"
"ဝှစ်"
ချက်ချင်းဆိုသလို အလင်းတန်းများကဲ့သို့ ကောင်းကင်၏ နက်နဲရာသို့ ပျံတက်သွားကြသည်။
"ဝမ်"
ကောင်းကင်တွင် ဟင်းလင်းပြင်က ရုတ်တရက် ပွင့်ထွက်သွားပြီး အနက်ရောင် ဟင်းလင်းပြင် အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာသည်။ ဟင်းလင်းပြင်အက်ကြောင်းအတွင်း ကျရောက်သွားသော လူငယ်များထံမှ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သံများ ထွက်ပေါ်လာ၏။
အကယ်၍ ရှန်းရွှီတိုက်အဖွဲ့အစည်းတွင်ဖြစ်ပါက ဟင်းလင်းပြင်အက်ကြောင်းအတွင်းသို့ ဝင်ရောက်ခြင်းမှာ သိုင်းအုပ်ချုပ်သူများအတွက် ဘာမျှ ပြဿနာမရှိပေ။ သို့ရတာတွင် ဤနေရာမှာတော့ ဟင်းလင်းပြင်အက်ကြောင်းအတွင်းမှ ကစဉ့်ကလျား အဖျက်စွမ်းအားများက ကြောက်စရာကောင်းလွန်းသည်။ သိုင်းအုပ်ချုပ်သူများ ဝင်ရောက်သွားပါက သေခြင်းတရားသာ အဆုံးသတ်ရှိလိမ့်မည်။
"ဟင်းလင်းပြင်ကလည်း အက်ကွဲလာပြီဟေ့၊ ဟင်းလင်းပြင် အက်ကြောင်းတွေကို သတိထားကြ"
တစ်ယောက်ယောက်က အော်လိုက်သည်။
ပုံရိပ်များ တစ်ခုပြီးတစ်ခု အလွန်မြန်ဆန်သောနှုန်းဖြင့် ကောင်းကင်တွင် ပျံသန်းသွား၏။
ရှစ်ထျန်း၊ မော့ကျယ်နှင့် အခြားသူများလည်း မျက်စိမျက်နှာ ပျက်သွားခဲ့ကြသည်။ နောက်တော့ လုမင်ကို ဂရုမစိုက်နိုင်တော့ဘဲ အသက်လု၍ ကောင်းကင်ကို ပျံသန်းသွာတော့သည်။
"ထွက်သွား"
လုမင်က ဝမ့်ရှောင်ကို မြေပြင်ပေါ်ရှိ ချော်ရည် အက်ကွဲကြောင်းတစ်ခုထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် အနက်ရောင်တောင်ပံများကို ခတ်ပြီး ကောင်းကင်သို့ ပျံတက်သွား၏။ အသက်အနည်းငယ်ကြာသောအခါ လုမင်က ချိုးရင်ရင်၊ ချိုးဟောက်နှင့် ရွမ်ထျန်းတို့အနားတွင် ပေါ်လာတော့သည်။
"ငါနဲ့လိုက်ခဲ့ကြ"
လုမင် ပြောလိုက်သည်။ ကစဉ့်ကလျားတာအိုနယ်မြေက ချိုးရင်ရင်နှင့် အခြားသူများကို ဖုံးအုပ်သွား၏။ ထို့နောက် အနက်ရောင်အတောင်ပံများကိုခတ်ကာ လျှပ်စီးလက်သကဲ့သို့ ကောင်းကင်ကို ပျံတက်သွားတော့သည်။
"ဝုန်း"
မြေပြင်က ပို၍ ပို၍ ပြင်းထန်စွာ တုန်ခါလာခဲ့သည်။ သူတို့အောက်မှာ မြေပြင်က အက်ကွဲသွားပြီး ချော်ရည်များလည်း ပန်းထွက်လာ၏။ လောကတစ်ခုလုံး ကမ္ဘာပျက်သကဲ့သို့ ဖြစ်နေတော့သည်။
ကောင်းကင်မှာလည်း လူများ ပျံသန်းသွားပြီး အလင်းတန်းများကဲ့သို့ ဖြစ်နေခဲ့သည်။
မိုင်ပေါင်းသောင်းချီ ပျံသန်းပြီးနောက် နောက်ဆုံးတွင် အလင်းမျက်နှာပြင်ကို သူတို့ တွေ့ခဲ့ရသည်။
"ငါတို့ရောက်လာပြီဟေ့"
တစ်ယောက်က အော်ဟစ်ပြီး အလင်းမျက်နှာပြင်ထဲသို့ ပြေးဝင်သွားသည်။ အလင်းမျက်နှာပြင်က တုန်ခါပြီးနောက် ထိုလူငယ် ပျောက်ကွယ်သွား၏။
"တကယ်အလုပ်လုပ်တယ်ဟေ့"
အခြားလူများလည်း ဝမ်းသာသွားပြီး အလင်းမျက်နှာပြင်ထဲကို ပြေးသွားကြတော့သည်။
လုမင်ဟာ မော့ကျယ်၊ ဟဲယွိ၊ ရှစ်ထျန်းနှင့် အခြားလူများလည်း အလင်းမျက်နှာပြင်ဆီသို့ တစ်ဦးပြီးတစ်ဦး ပြေးလာတာကို တွေ့လိုက်ရသည်။
အခြားသူများလည်း ထိုကဲ့သို့ပင် ဖြစ်၏။
"ရင်ရင်၊ မင်းတို့ အရင်ထွက်သွားကြ"
လုမင် ပြောလိုက်သည်။
"လုမင်၊ နင် ဘာလုပ်မလို့လဲ"
ချိုးရင်ရင် အံ့ဩသွားပြီး မေးသည်။
"လူတစ်ယောက်ကို သတ်မလို့"
လုမင် အေးစက်စက် ပြောလိုက်၏။ နောက်တော့ သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ ချိုးရင်ရင်နှင့် အခြားသူများ အလင်းမျက်နှာပြင်ဆီသို့ လွင့်မျောသွားကာ ပျောက်ကွယ်သွားတော့သည်။
ထို့နောက် လုမင်က အောက်ကိုငုံ့ကြည့်လိုက်သည်။
ထိုအချိန်တွင် အဝေးမှ အလွန်လျင်မြန်သော အရှိန်ဖြင့် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ဝမ့်ရှောင်။
လုမင်ဟာ သူ့ကို ထုထောင်းရိုက်ပုတ်ပြီး ချော်ရည်ထဲကို ပစ်ချခံခဲ့သည်။ သူတော်စင် ချပ်ဝတ်တန်ဆာကြောင့်သာ မဟုတ်ပါက၊ သူ အရှင်လတ်လတ် မီးရှို့ခံရလိမ့်မည်။
နောက်ဆုံးတွင် ကောင်းကင်သို့ ပျံတက်နိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း အခြားသူများထက် များစွာနောက်ကျနေခဲ့သည်။
လုမင်က သူ၏ အနက်ရောင်တောင်ပံများကိုခတ်ပြီး လေဓာတ်စွမ်းအင် တာအိုသိုင်းကို အသုံးပြုခဲ့သည်။ သူ့ပုံရိပ်က အနက်ရောင်အလင်းတန်းတစ်ခုကဲ့သို့ အောက်ကို ထိုးဆင်းသွား၏။
"မြန်မြန်၊ မြန်စမ်း၊ ပိုပြီးမြန်စမ်း"
ဝမ့်ရှောင်က တတ်နိုင်သမျှ အမြန်ဆုံး ပျံသန်းလာခဲ့သည်။ လျှို့ဝှက်နယ်မြေက ပိုပိုပြီး ပြိုကျလာ၏။ နောက်ကျနေပါက လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲမှ ကျိန်ဆဲနေခဲ့သည်။ လုမင်ကို လက်စားချေရန်လည်း တေးမှတ်ထားပြီးပြီ။
ရုတ်တရက်၊ အလွန်မြင့်မားသော အမြန်နှုန်းဖြင့် ပျံသန်းလာသော အနက်ရောင်အလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။
"လုမင်၊ မင်း ဘာလုပ်နေတာလဲ"
ဝမ့်ရှောင် ဟိန်းဟောက်လိုက်၏။
"မင်းကိုသတ်မလို့"
လုမင် လှောင်ပြောင်လိုက်သည်။ သူက အောက်ကိုငုံ့ကြည့်ရင်း နဝမနဂါးခြေလှမ်းကို အသုံးပြုလိုက်၏။ ခြေလှမ်းကိုးလှမ်း၏ စွမ်းအားက တစ်ခုတည်းအဖြစ် စုစည်းသွားပြီး ဧရာမ ခြေဖဝါးကြီးအဖြစ် ဝမ့်ရှောင်ကို နင်းချလာတော့သည်။
ဝမ့်ရှောင် ဟိန်းဟောက်ပြီး ဓားချက် ထုတ်ဖော်လိုက်သည်။ ဓားအလင်းက လုမင်၏ ခြေဖဝါးကြီးကို ဖြတ်တောက်လိုက်၏။ သို့တိုင် သူကိုယ်တိုင်လည်း အနောက်ဆုတ်သွားရတော့သည်။
"ဝှစ်"
လုမင်က ဝမ့်ရှောင်အနောက်ကို ထပ်မံ လိုက်သွားသည်။
"လုမင်၊ မင်း ရူးနေတာပဲ။ မင်းသေချင်နေတာလား"
ဝမ့်ရှောင် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
သူ့တွင် လုမင်၏ တိုက်ခိုက်မှုကို တားဆီးနိုင်သည့် သူတော်စင် ချပ်ဝတ်တန်ဆာ ရှိသည်။ သို့သော်လည်း လျှို့ဝှက်နယ်မြေ မပြိုကွဲမီ အပြင်မထွက်နိုင်ပါက သူတော်စင် ချပ်ဝတ်တန်ဆာသည်ပင် သူ့အသက်ကို ကယ်တင်နိုင်မည် မဟုတ်ချေ။
"သတ်"
လုမင် ဟိန်းဟောက်လိုက်သည်။ သူ့နောက်ကျောမှ အနက်ရောင် အတောင်ပံများက ကောင်းဓါးကဲ့သို့ ခုတ်ထစ်လိုက်၏။
သူတော်စင်ရတနာ ချပ်ဝတ်တန်ဆာက ဝမ့်ရှောင်၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာသည်။ ဝမ့်ရှောင်လည်း ဓားတစ်လက်ကိုကိုင်ကာ လုမင်အား ပြန်လည်တိုက်ခိုက်တော့သည်။
"ထန်"
ဓားက အနက်ရောင်တောင်ပံများကို ခုတ်ပိုင်းမိသောအခါ မီးပွားများ နေရာအနှံ့သို့ လွင့်စဉ်ထွက်ပေါ်လာခဲ့သည်။
လုမင် အနည်းငယ်ရပ်တန့်သွားသော်လည်း ဝမ့်ရှောင်မှာတော့ အမြောက်ဆန်ကဲ့သို့ အောက်ဘက်ကို ထိုးကျသွား၏။
"ဝုန်း"
ဤအချိန်တွင် ကောင်းကင်နှင့် မြေပြင်က ပို၍ပင် ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ ဟင်းလင်းပြင် အက်ကြောင်းများကလည်း ကောင်းကင်မှာ ပိုပိုပြီး ပေါ်လာခဲ့၏။ အောက်ခြေ မြေပြင်တစ်ခုလုံးက ချော်ရည်များ ပြည့်နေတော့သည်။
ဤလျှို့ဝှက်နယ်မြေက အချိန်မရွေး လုံးဝပြိုကျသွားတော့မည် ဖြစ်သည်။
သို့သော်လည်း လုမင်က ရပ်တန့်ရန် စိတ်ကူးမရှိပါ။ သူက ဝမ့်ရှောင်ဆီသို့ ဆက်ပြေးသွားခဲ့သည်။
"အရူး၊ မင်းက အရူးပဲ။ ရပ်လိုက်၊ မင်း အခု ရပ်လိုက်တော့"
ဝမ့်ရှောင် တုန်လှုပ်ချောက်ချားစွာဖြင့် အော်ဟစ်လိုက်သည်။
ဤအခိုက်တွင် သူတကယ်ကို ကြောက်နေပြီ။ လုမင်က အရူးတစ်ယောက် ဖြစ်သည်။ သူ့ကိုသတ်ဖို့အတွက် သူ့အသက်ကိုတောင် ဂရုမစိုက်ပေ။
ဤအတိုင်းဆက်သွားပါက သူကော လုမင်ပါက နှစ်ယောက်စလုံး ဤနေရာမှာပဲ သေသွားရနိုင်သည်။
လုမင် သေသွားပါက အကောင်းဆုံးဖြစ်သော်လည်း သူ မသေချင်သေးပေ။
ခုတော့ သူနောင်တရသွားပြီ။ လုမင်ကဲ့သို့ အရူးတစ်ယောက်ကို ရန်စမိခဲ့သည့်အတွက် သူ နောင်တရခဲ့ပြီ။
"လူတွေ၊ ကိုယ်လုပ်တာကို ကိုယ်ခံကြရမယ်"
လုမင်က အေးစက်စက် ပြောလိုက်သည်။ သူ၏ အနက်ရောင်တောင်ပံများကလည်း ဝမ့်ရှောင်ကို ဆက်လက်ခုတ်ထစ်လိုက်တော့သည်။