အခန်း ၁၄၄၇
Vol. 97 Ch. 1447
အပိုင်း ( 1447 ) စက်ဆုပ်ဖွယ်ကောင်းသော ရင်ဖုန်း။
လုမင်၏ မျက်လုံးအကြည့်က ဟဲယွိအပေါ်သို့ ဖျတ်ခနဲ ကျရောက်လာသည်။
ထိုလူသည် အင်မတန် စက်ဆုပ်စရာကောင်း၏။ သူတို့က တူညီသောဂိုဏ်းတစ်ခုမှ ဖြစ်ကြသော်လည်း သစ္စာဖောက်ပြီး လုမင်ကိုသတ်နိုင်ရန် ရသမျှနည်းလမ်း သုံးနေသည်။
ဟဲယွိအနားတွင် ရပ်နေသော ရင်ဖုန်းက ခပ်တိုးတိုး လှောင်ပြောင် ရယ်မောလိုက်သည်။
"ဟားဟားဟား၊ နဂါးနတ်ဘုရားတောင်ကြားက တပည့်တွေတောင် ပြောနေပြီ။ ကြည့်ရတာ ဒါက အမှန်ပဲ"
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ သူတော်စင်နယ်ပယ် အကျော်အမော်က လှောင်ပြောင်လိုက်သည်။ သူ့အရှိန်အဝါက ပို၍ အားကောင်းလာ၏။
"ကျုပ် ခင်ဗျားကိုပြောခဲ့ပြီးပြီပဲ။ ကျုပ် စန်းဧကရာဇ်ရဲ့အမွေကို မရရှိခဲ့ဘူး"
လုမင်က ရှစ်ထျန်း၊ မော့ကျယ်၊ ဟဲယွိနှင့် အခြားလူများကို တစ်ချက်ဝေ့ကြည့်ရင်း ပြန်ပြောလိုက်သည်။
ထိုအကြောင်းကိုပြောလျှင် လုမင်က သူတို့ကို ကယ်တင်ခဲ့သူ ဖြစ်သည်။ လုမင်အတွက်သာမဟုတ်လျှင် သူတို့အားလုံး ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်၏ သတ်ခံရပြီး သူတို့၏အသွေးအသားများကို သန့်စင်သွားလိမ့်မည်။ ထိုအခါမှာ လူတိုင်းသေကြမည် ဖြစ်သည်။
သို့သော်လည်း ယခုတော့ ဤလူများက လုမင်ကို သတ်ချင်နေကြပြီ။
လုမင် ထိုလူများကို စွဲနေအောင် မှတ်သားထားလိုက်သည်။ ဤအကြွေးကို နောင်တွင် သေချာပေါက် ဖြေရှင်းရလိမ့်မည်။
"မင်းစကားက အခြေအမြစ်မရှိဘူး၊ ငါတို့ အဲဒါကို စစ်ဆေးကြည့်ချင်တယ်"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သူတော်စင်နယ်ပယ် အကျော်အမော်က အေးစက်စက် ပြောလိုက်သည်။
"မင်းက စစ်ဆေးချင်တာလား။ ကောင်းကင်နတ်ဘုရား ဂိုဏ်းက အရမ်း မောက်မာလွန်းနေပြီ။ ငါ့ နဂါးနတ်ဘုရားတောင်ကြားက မင်းကိုကြောက်နေမယ်လို့ ထင်လား"
အကြီးအကဲဟုန်က နဂါးတစ်ကောင်ကဲ့သို့ အရှိန်အဝါများထုတ်ဖော်ရင်း ပြန်အော်လိုက်၏။
သူတော်စင်နယ်ပယ် အကျော်အမော်နှစ်ဦးကြား ထိပ်တိုက်ရင်ဆိုင်မှုက လူငယ်တော်တော်များများ၏ နှလုံးသားကို တောင်တစ်လုံးနှင့် ဖိချလိုက်သလို ခံစားရစေခဲ့သည်။ ဤဖိအားက သူတို့ကိုမရည်ရွယ်သော်လည်း သွေးအန်လုနီး ဖြစ်လာကြတော့သည်။
ဤတွင် လုမင်ကတော့ အနည်းငယ် ပိုကောင်းသည်။ ဧကရာဇ်နှစ်ပါး၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကိုပင် သူမြင်ဖူး၏။ ထို့ကြောင့် သူတော်စင်နယ်ပယ် အကျော်အမော်များ၏ အရှိန်အဝါက ပြင်းထန်သော်လည်း၊ သူ၏နှလုံးသားကိုတော့ မထိခိုက်စေနိုင်တော့ပေ။
"လုမင်၊ မင်း စန်းဧကရာဇ်ရဲ့နန်းတော် အမြုတေကို တကယ်ဝင်ခဲ့တာလား"
အကြီးအကဲဟုန်က လုမင်ကို မေးလိုက်သည်။
လူတိုင်း၏ မျက်လုံးများကလည်း လုမင်ကို စိုက်ကြည့်လျက် လုမင် မည်သို့ပြန်ဖြေမည်ကို စောင့်မျှော်နေကြလေသည်။
"ဟုတ်ပါတယ်၊ ကျွန်တော် စန်းဧကရာဇ်ရဲ့ နန်းတော် အမာခံထဲကိုဝင်ခဲ့တယ်"
လုမင် ခေါင်းညိတ်လိုက်သည်။
"မင်းကို ဘယ်သူမှ ချောက်တွန်းနေတာ မဟုတ်ဘူးပဲ။ အခု မင်းကိုယ်တိုင် ဝန်ခံလာပြီ"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သူတော်စင်နယ်ပယ် အကျော်အမော်က အေးစက်စက် ဝင်ပြောလိုက်၏။
"စန်းဧကရာဇ်ရဲ့နန်းတော်ကို ဝင်နိုင်တာက မင်း အမွေရမယ်လို့ မဆိုလိုဘူး။ လုမင်၊ စန်းဧကရာဇ်ရဲ့နန်းတော် အမြုတေမှာ မင်းဘာတွေ တွေ့ခဲ့လဲ။ မင်း ဘာလုပ်ခဲ့တာလဲ"
အကြီးအကဲဟုန်က ထပ်မေးပြန်သည်။
"စန်းဧကရာဇ်ကို တွေ့ခဲ့တယ်"
လုမင် ခပ်တိုတို ပြောလိုက်သည်။
ဤစကားများက လူတိုင်း၏စိတ်ထဲတွင် မိုးကြိုးထစ်ချုန်းသကဲ့သို့ ကျယ်လောင်စွာ မြည်ဟီးသွား၏။
အားလုံးက လုမင်ကို အလန့်တကြား ကြည့်လိုက်ကြသည်။
လုမင်က စန်းဧကရာဇ်ကို တွေ့ခဲ့တာလား။
စန်းဧကရာဇ် အသက်ရှင်နေသေးတာများ ဖြစ်နိုင်မလား။
"စန်းဧကရာဇ် အသက်ရှင်သေးလား"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သူတော်စင်နယ်ပယ် အကျော်အမော်က အနည်းငယ် ခြောက်ကပ်သွားသော လေသံမျိုးဖြင့် မေးလိုက်သည်။
လုမင် ခေါင်းညိတ်လိုက်သည်။
"အမှန်ပဲ၊ စန်းဧကရာဇ် အသက်ရှင်နေသေးတယ်"
"ဒုတ်... ဒုတ်...ဒုတ်"
လူတိုင်း ကိုယ့်နှလုံးခုန်သံ ကိုယ်ပြန်ကြားလိုက်ရသည်။
စန်းဧကရာဇ် အသက်ရှင်နေဦးမည်ဟု မည်သူထင်ထားခဲ့မည်နည်း။ ထိုသို့ဆိုလျှင် စန်းပြည်နယ်က အမှန်တကယ် ပြောင်းလဲသွားလိမ့်မည်။
"စန်းဧကရာဇ် အသက်ရှင်နေသေးတယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်သောင်းအတွင်း သူ့ကို ဘာဖြစ်လို့ အရိပ်အယောင်တောင် မမြင်ရတာလဲ"
တစ်ယောက်က မယုံနိုင်သေးဟန်ဖြင့် မေးလိုက်သည်။
"ဟုတ်တယ် လုမင်၊ ရှင်းရှင်းလင်းလင်း ပြောပါ။ မင်းဘာတွေ့ခဲ့တာလဲ၊ နောက်ပြီး ဘာရခဲ့လဲ"
အခြားတစ်ယောက်ကလည်း မေးသည်။
"စန်းဧကရာဇ် နှစ်ပေါင်းခြောက်သောင်းလောက် ပျောက်ကွယ်သွားရတဲ့ အကြောင်းရင်းက ဒဏ်ရာအပြင်းအထန်ရနေတာကြောင့်ပါ။ ဒါ့အပြင် သူက မဟာရန်သူကြီးကိုလည်း နှစ်ပေါင်း ခြောက်သောင်းကြာအောင် ရင်ဆိုင်ခဲ့ရတယ်။ အမှန်တော့...."
လုမင်လည်း မည်သည့်အရာကိုမျှ ဖုံးကွယ်မထားတော့ဘဲ သူမြင်သမျှ ပြောပြလိုက်လေသည်။
သို့သော်၊ သူ အနည်းငယ်ပြောင်းလဲထားသော အရာတစ်ခု ရှိသည်။
တကယ်တော့ ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်က အသာစီးရခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လုမင်ကတော့ စန်းဧကရာဇ်နှင့် ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်ကို လက်ရည်ညီမျှသည်ဟု ပြောထား၏။ အနှစ်ခြောက်သောင်း ထိပ်တိုက်ရင်ဆိုင်ပြီးနောက် စန်းဧကရာဇ်က အသာစီးရရန်နှင့် ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်ကို ဖိနှိပ်ရန် သူ၏ လဲ့တင်းကို ငှားယမ်း အသုံးပြုခဲ့ပေသည်။
"ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်၊ အဲဒါက ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်..."
"ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်က အသက်ရှင်နေသေးတာလား"
သူတော်စင်နယ်ပယ် အကျော်အမော်များက ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်၏ နာမည်ကို ကြားဖူးပုံရသည်။ သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သလို လေးနက်သောအမူအရာကိုလည်း လှစ်ဟလာကြတော့သည်။
"ဒါတွေက အမှန်ပဲလား"
ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်အကြောင်းကို မကြားဖူးသော လူများလည်း ဤမြင်ကွင်းကြောင့် အံ့သြသွားကြသည်။
စန်းဧကရာဇ်သည် လွန်ခဲ့သော နှစ်ပေါင်း ခြောက်သောင်းက အဘယ်ကြောင့် ရုတ်တရက် ပျောက်ကွယ်သွားသည်ကို သူတို့ နောက်ဆုံးတော့ သိရှိခဲ့ကြပြီ ဖြစ်သည်။ ယင်းက မဟာရန်သူကြီးကို ရင်ဆိုင်ခဲ့ရခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။
လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လာခဲ့ကြသော လူငယ်အများစုမှာလည်း ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဤတော့မှ မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေမှ သူတို့တွေ့ဖူးသော အရိုးစုများစွာကို သတိရလာကြ၏။ သူတို့အားလုံး စန်းဧကရာဇ်၏ ရန်သူကြီးမှ သတ်ဖြတ်ခံခဲ့ရကြောင်း ထင်ရှားသည်။
"အကြီးအကဲ စန်းဧကရာဇ်က ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်ကို ဖိနှိပ်ဖို့ ကျုပ်ရဲ့ လဲ့တင်းကိုငှားပြီး အဆုံးမဲ့ဟင်းလင်းပြင်ကို ထွက်ခွာသွားခဲ့တာ။ မသွားခင်မှာ သူက ငါ့အကူအညီအတွက် ကျေးဇူးတင်ကြောင်းနဲ့ လဲ့တင်းကို ပြန်လာပေးမယ်လို့ ပြောခဲ့တယ်"
လုမင်က သူ့စကားကို အဆုံးသတ်လိုက်သည်။
သူ့စကား အဓိပ္ပါယ်ကတော့ ရိုးရှင်း၏။ စန်းဧကရာဇ်က အသက်ရှင်နေသေးသော်လည်း စန်းဧကရာဇ်၏အမွေကို မရရှိခဲ့ပေ။ ထို့အပြင်၊ စန်းဧကရာဇ်က သူ့အား အကြွေးတင်ခဲ့သည်။ ထို့ကြောင့် ရန်သူကို အနိုင်ယူပြီးသည်နှင့် သူ့ကို ရှာဖွေရန် ပြန်လာပေလိမ့်မည်။
သူက အခြားဂိုဏ်းများ၏ ကျွမ်းကျင်သူများကို ခြိမ်းခြောက်ရန် စန်းဧကရာဇ်၏အမည်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
သူတို့ လုမင်ကို ယခု ထိပါးဝံ့ပါက စန်းဧကရာဇ်ပြန်ရောက်လာသည့်အခါ ဖြေရှင်းချက် ပေးကြရလိမ့်မည်။
"ဟားဟားဟား၊ ကောင်လေး... စန်းဧကရာဇ်ရဲ့နာမည်နဲ့ ငါတို့ကို ခြိမ်းခြောက်စရာ မလိုဘူး"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သူတော်စင်နယ်ပယ် အကျော်အမော်က လှောင်ပြောင်လိုက်သည်။
သဘာဝအားဖြင့် သူတို့အားလုံး လုမင်၏စကားကို အပြည်အဝ ယုံမည်မဟုတ်ပေ။
သို့ရာတွင် သူတို့ သေချာပေါက် သိနိုင်တာ တစ်ခုတော့ ရှိသည်။ စန်းဧကရာဇ်က အမှန်တကယ် အသက်ရှင်နေသေးသည်။
ယခင်ကလည်း စန်းဧကရာဇ်၏နန်းတော်ကို သူတို့ မြင်လိုက်ရသည်။ သူတို့၏ သူတော်စင်နယ်ပယ် ကျင့်ကြံခြင်းဖြင့် စန်းဧကရာဇ်၏ အရှိန်အဝါကိုတော့ ခံစားနိုင်သေးသည်။ ယခု လုမင်ကလည်း ထပ်လောင်းပြောလိုက်သည့်အခါ စန်းဧကရာဇ် မသေသေးကြောင်း ပို၍ သေချာသွားခဲ့ပြီ ဖြစ်သည်။
စန်းဧကရာဇ်က မသေသေးသောကြောင့် လုမင် စန်းဧကရာဇ်၏အမွေကို ရယူရန် မဖြစ်နိုင်တော့ပါ။ အသက်ရှင်သော ဧကရာဇ်တစ်ပါးက သူ၏အမွေကို လွယ်လင့်တကူ ပေးမည်မဟုတ်ပေ။ တစ်ယောက်ယောက်က သူ့အမွေကို ဆက်ခံလိုလျှင် သူ့တပည့်အဖြစ် လက်ခံမှ ဖြစ်သည်။
လုမင်သာ စန်းဧကရာဇ်၏ အမွေကို မရခဲ့ပါက လုမင်ကို ဖမ်းဆီးရန်လည်း အကြောင်းမရှိပါ။ ထိုအစား၊ နဂါးနတ်ဘုရားတောင်ကြားကို စော်ကားမိပါက မတန်ပေ။
တခြား သူတော်စင်နယ်ပယ် အကျော်အမော်များလည်း တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ခေါင်းယမ်းလိုက်ကြသည်။
"သွားကြစို့။ စန်းဧကရာဇ် မသေသေးတာကြောင့် ငါတို့ စောစောစီးစီး အစီအမံတွေ လုပ်သင့်တယ်"
"ပြန်သွားပြီး ဂိုဏ်းခေါင်းဆောင်ကို သတင်းပို့ရအောင်"
သူတော်စင်နယ်ပယ် ကျွမ်းကျင်သူတချို့က တစ်ယောက်ပြီး တစ်ယောက် ပြောလိုက်ကြသည်။ ထို့နောက်တော့ သက်ဆိုင်ရာ ဂိုဏ်းပေါင်းစုံမှ လူငယ်များနှင့် ထွက်ခွာသွားတော့သည်။
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သူတော်စင်နယ်ပယ် အကျော်အမော်ကလည်း အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူ့မျက်လုံးများက အကြိမ်အနည်းငယ် အရောင်လက်သွားသော်လည်း လုမင်ကို ဆက်လက်မလိုက်ဘဲ လှည့်ထွက်သွားတော့သည်။
"ဂိုဏ်းတူအစ်ကိုဟဲယွိ၊ လုမင်က စန်းဧကရာဇ်ရဲ့နန်းတော်မှာ ကောင်းကင်အဆိပ်ဂိုဏ်းရဲ့ ဝူစန်းတုကို သတ်လိုက်တယ်လို့ကြားတယ်။ ငါတို့ရဲ့ နဂါးနတ်ဘုရားတောင်ကြားမှာ နောက်ထပ် ပါရမီရှင်တစ်ယောက် ရှိနေပြီထင်တယ်"
ထိုအချိန်တွင် နဂါးနတ်ဘုရားတောင်ကြား၏ လူများကြားမှ အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံက ကျယ်လောင်စွာ ပျံ့လွင့်သွား၏။
ရင်ဖုန်း။
လုမင်၏ မျက်လုံးများက သတ်ဖြတ်ချင်စိတ်တို့ ပြည့်နှက်သွားသည်။
ရင်ဖုန်းက သူ့ကို အန္တရာယ်ပြုရန် ရည်ရွယ်ချက်ရှိရှိ ကြိုးစားခဲ့ခြင်း ဖြစ်၏။
ဝူစန်းတုက စန်းဧကရာဇ်၏နန်းတော်တွင် လုမင်သတ်ခဲ့သော အစိမ်းရောင်ဝတ် လူငယ် ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင်၊ ကောင်းကင်အဆိပ်ဂိုဏ်းမှ သူတော်စင်နယ်ပယ် အကျော်အမော်က ဤစကားကိုကြားသောအခါတွင် ချက်ချင်း ရပ်လိုက်သည်။ သူ့ထံမှ အေးစက်စက် သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်လာပြီး လုမင်ကို လှည့်ကြည့်လိုက်၏။
"ကောင်စုတ်လေး၊ ဝူစန်းတုကို မင်းသတ်လိုက်တာပေါ့"
ကောင်းကင်အဆိပ်ဂိုဏ်းမှ သူတော်စင်နယ်ပယ် အကျော်အမော်၏ အသံက အေးစက်သွားသည်။ သူ့ခန္ဓာကိုယ်မှ ထွက်လာသော အဆိပ်ပြင်း မြူအလွှာတစ်ခုနှင့် စွမ်းအားကြီးသော ရောင်ဝါများက လုမင်အပေါ် ဖိနှိပ်လာ၏။
"ဟားဟားဟား"
နဂါးနတ်ဘုရားတောင်ကြား၏ လူများကြားမှာတော့ ဟဲယွိနှင့် ရင်ဖုန်းက တိတ်တဆိတ် လှောင်ပြောင်နေကြတော့သည်။
မကြာသေးမီကပင် လုမင်က ထိုသို့သောအခြေအနေများအောက်မှ အမှန်တကယ် လွတ်မြောက်နိုင်ခဲ့သည်။ ယင်းကို သူတို့ မည်သို့ ကျေကျေနပ်နပ် လက်ခံနိုင်မည်နည်း။ ထို့ကြောင့် ရင်ဖုန်းက လုမင်ဟာ ဝူစန်းတုကို သတ်ခဲ့ကြောင်း ရည်ရွယ်ချက်ရှိရှိ ကြေညာခဲ့ခြင်း ဖြစ်သည်။
"ကျုပ် သူ့ကိုသတ်ခဲ့တာ မှန်တယ်။ ဒါက မဟာဧကရာဇ်ရဲ့ လျှို့ဝှက်နယ်မြေက ယှဉ်ပြိုင်မှုပဲ။ သူက ကျုပ်ကို အရင်သတ်ချင်နေတာ၊ ကျုပ်က သူ့ကို ဘာဖြစ်လို့ မသတ်နိုင်ရမှာလဲ"
လုမင် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ဒါဆို သူ့အတွက် လက်စားချေဖို့ မင်းကိုသတ်ရမယ်"
ကောင်းကင်အဆိပ်ဂိုဏ်းမှ အကြီးအကဲတစ်ဦးက ကြိမ်းမောင်းပြီး ရှေ့ကိုတိုးလိုက်သည်။ အဆိပ်အတောက် မြူများက လေထုကို ပြည့်နှက်သွား၏။
ဤတစ်ကြိမ်တွင် မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခဲ့သော ကောင်းကင်အဆိပ်ဂိုဏ်းမှ ပါရမီရှင်ခေါင်းဆောင် ဝူစန်းတုမှာ အလွန်ထက်မြက်သည်။ အနာဂတ်တွင် သူ ကြီးပြင်းလာသောအခါတွင် သူက ကောင်းကင်အဆိပ်ဂိုဏ်း၏ ထိပ်တန်းပါရမီရှင်တစ်ဦး သသေချာပေါက် ဖြစ်လာလိမ့်မည်။ သို့သော်လည်း ယခုတော့ လုမင်မှ သူ့ကို အသတ်ခံလိုက်ရပြီ ဖြစ်သည်။