← Chapters

အခန်း ၁၄၄၈

Vol. 97 Ch. 1448

အခန်း ၁၄၄၈

Vol. 97 Ch. 1448

အပိုင်း ( 1448 ) နဂါးတောင်ကြား ခုနစ်ခု။

"ဂါး"

နဂါးဟိန်းသံက ကောင်းကင်ကို တုန်ခါသွားစေခဲ့သည်။

အကြီးအကဲဟုန်က ရက်စက်ကြမ်းကြုတ်သော နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပုံရ၏။ သူ၏ရှည်လျားသောဆံပင်များက လေထဲတွင် ကခုန်လာကာ ကောင်းကင်အဆိပ်ဂိုဏ်းမှ သူတော်စင်နယ်ပယ် အကျော်အမော်ကို စိုက်ကြည့်လိုက်သည်။

"မဟာဧကရာဇ်ရဲ့ လျှို့ဝှက်နယ်မြေမှာ သတ်ဖြတ်ခြင်းကို တားမြစ်မထားဘူး။ ပုံမှန်ဆိုရင် ရတနာတွေအတွက် ပြိုင်ဆိုင်မှုရှိမှာပဲ။ ဒီနည်းလမ်းကို မင်းတို့ ကောင်းကင်အဆိပ်ဂိုဏ်းက ကောင်းကောင်းသုံးတတ်မှာပါ။ ဒီမှာရှိတဲ့အင်အားစု တော်တော်များများတောင် မင်းတို့ ကောင်းကင်အဆိပ်ဂိုဏ်းက လူတွေလက်ချက်နဲ့ တပည့်တွေ ကျဆုံးခဲ့ရဦးမှာ။ ဒီလိုဆိုရင် မင်းရဲ့ကောင်းကင်အဆိပ်ဂိုဏ်းလည်း ဖြေရှင်းပေးသင့်တယ် မဟုတ်လား"

"မျိုးဆက်သစ်လူငယ်တွေ တိုက်ခိုက်ရင်း သေဆုံးသွားရင် သူတို့ရဲ့ အသုံးမကျမှုအတွက် ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမယ်။ လူကြီးတစ်ယောက်အနေနဲ့ အငယ်တစ်ဦးကို ဆက်ဆံချင်နေတယ်။ မင်းမှာ အရှက်ရှိသေးရဲ့လား"

အကြီးအကဲဟုန်က အလွန်လွှမ်းမိုးနေပြီး သူ၏အသံက မိုးကြိုးထစ်ချူန်းသကဲ့သို့ ဟိန်းထွက်လာခဲ့သည်။

"မင်း…"

ကောင်းကင်အဆိပ်ဂိုဏ်းမှ သူတော်စင်နယ်ပယ် အကျော်အမော်၏ မျက်နှာက သုန်မှုန်သွားသည်။

သို့သော်၊ မမှားပေ။ မျိုးဆက်သစ်များ တိုက်ခိုက်ရင်း ကျဆုံးပါက သူတို့၏ ညံ့ဖျင်းမှုကြောင့် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်နိုင်သည်။

အထူးသဖြင့်၊ သူတော်စင်နယ်ပယ် အကျော်အမော်များသာ ဤအရာမျိုးကြောင့် ဝင်ရောက်စွက်ဖက်ပါက ရှုပ်ထွေးကုန်မည် မဟုတ်ပေလော။

မင်းက ငါ့အငယ်တွေကို သတ်တယ်၊ မင်းရဲ့အငယ်တွေကို ငါက ပြန်သတ်မယ်။

ဤသို့ဆိုလျှင် ထိုဂိုဏ်းများ ဘယ်တော့မှ ဖွံ့ဖြိုးနိုင်တော့မည် မဟုတ်ပေ။

"ဟမ့်၊ နဂါးနတ်ဘုရားတောင်ကြားမှာ ကျွမ်းကျင်သူတွေ ပေါ်ပါတယ်။ ဒါပေမဲ့ ငါ့ရဲ့ ကောင်းကင်အဆိပ်ဂိုဏ်းကလည်း အသီးအရွက်စားနေတာ မဟုတ်ဘူး။ စောင့်ကြည့်ကြသေးတာပေါ့"

ကောင်းကင်အဆိပ်ဂိုဏ်းမှ သူတော်စင်နယ်ပယ် အကျော်အမော်က သူ့အင်္ကျီလက်ကို ဆတ်ခနဲ ခါယမ်းလိုက်သည်။ သူက အေးစက်စက်ဖြင့် စူးစိုက်ကြည့်နေပြီးမှ ထွက်သွား၏။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ကောင်းကင်အဆိပ်ဂိုဏ်းမှ လူအားလုံး ထွက်သွားကြတော့သည်။

"ချီးပဲ၊ ဒီကောင် လွတ်ဖြစ်အောင်လွတ်သွားသေးတယ်"

လူအုပ်ကြားထဲတွင် ရင်ဖုန်းက အံကိုကြိတ်လိုက်သည်။

"သူ ကံကောင်းသွားလို့ပါ၊ နဂါးနတ်ဘုရားတောင်ကြားကိုရောက်ရင် သူ့ကိုသတ်ဖို့ နည်းလမ်းတွေ အများကြီးရှိတယ်"

ဟဲယွိကလည်း အေးစက်စက် ပြောလိုက်လေသည်။

မူလက သူတို့ဟာ ကောင်းကင်အဆိပ်ဂိုဏ်း၏ လက်နှင့် လုမင်ကို ဖယ်ရှားလိုခဲ့သည်။ သို့သော်လည်း၊ အကြီးအကဲဟုန်က ဤမျှလွှမ်းမိုးပြီး လုမင်ကို ကာကွယ်နေရန် သူတို့ မမျှော်လင့်ခဲ့ပေ။

လုမင် နောက်ပြန်လှည့်ပြီး ဟဲယွိနှင့် ရင်ဖုန်းကို အေးစက်စက်မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူ့မျက်လုံးအကြည့်ကတော့ လူသေနှစ်ယောက်ကို ကြည့်နေသကဲ့သို့ ဖြစ်၏။

ဤလူနှစ်ယောက်က သူ့ကိုသတ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ ဤလူနှစ်ယောက်ကို သတ်ရမည်။

"ကောင်းပြီ၊ နဂါးနတ်ဘုရားတောင်ကြားကို အရင်သွားရအောင်"

အကြီးအကဲဟုန်က ပြောဆိုပြီး စစ်သင်္ဘောတစ်စင်းကို ထုတ်လိုက်လိုက်သည်။ အားလုံး စစ်သင်္ဘောပေါ် တက်ရောက်ပြီးနောက်မှာတော့ စစ်သင်္ဘောက နဂါးနတ်ဘုရားတောင်ကြားသို့ ဦးတည်ပျံသန်းသွားတော့သည်။

ရက်အနည်းငယ်အကြာတွင်၊ အားလုံး နဂါးနတ်ဘုရားတောင်ကြားသို့ ပြန်လည် ရောက်ရှိခဲ့ကြသည်။

နဂါးနတ်ဘုရားတောင်ကြား အပြင်ဘက်တွင် စစ်သင်္ဘောက ရပ်တန့်သွားပြီး လူတိုင်း ထွက်ခဲ့ကြလေသည်။ အကြီးအကဲဟုန်က သူတို့ကို နဂါးနတ်ဘုရားတောင်ကြားအတွင်းသို့ ခေါ်သွားသည်။ သူတို့က အပြင်ဘက်ချိုင့်ဝှမ်းကိုဖြတ်၍ အတွင်းပိုင်းမှ နှင်းထူထပ်သောတောင်သို့ ပျံသန်းသွား၏။ မကြာမီ သူတို့အားလုံး ကြီးမားသော နန်းတော်တစ်ခုရှေ့သို့ ရောက်လာကြတော့သည်။

နန်းတော်ကို ကျောက်စိမ်းဖြူဖြင့် ပြုလုပ်ထားပုံရသည်။ နန်းတော်ရှေ့တွင် ကြီးမားသော ရင်ပြင်တစ်ခု ရှိ၏။ လုမင်နှင့် အခြားလူများက ရင်ပြင်ပေါ်သို့ ဆင်းသက်ခဲ့ကြသည်။

လုမင်တို့ ရောက်လာသောအခါ ရင်ပြင်ကိုဝိုင်းနေသော လူများစွာအား မြင်လိုက်ကြရသည်။ ၎င်းတို့က သူတို့ပြန်လာသည်ကို ကြိုသိသောကြောင့် လာစောင့်နေကြကြောင်း သိသာထင်ရှားလှပေသည်။

ဤတစ်ကြိမ်တွင် သူတို့က မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ခဲ့ကြသည်။ ထို့ကြောင့် သူတို့က သဘာဝအတိုင်း သိချင်ကြကာ လာရောက်ခဲ့ခြင်းပင်။

"ကောင်းပြီ၊ မင်းတို့အားလုံး နဂါးနတ်ဘုရားတောင်ကြားရဲ့ စမ်းသပ်မှုကို အောင်မြင်ပြီးပြီ။ နောက်ထပ် မင်းတို့မှာ လုပ်စရာနှစ်ခုရှိတယ်"

အကြီးအကဲဟုန်က အမြင့်ဆုံးနေရာ၌ ရပ်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

မြင်ကွင်းက တိတ်ဆိတ်သွား၏။

"ပထမအချက်က မင်းတို့ မဟာဧကရာဇ်ရဲ့ လျှို့ဝှက်နယ်မြေမှာ ရရှိလာတဲ့ ရတနာတွေကို လွှဲပြောင်းပေးအပ်ရမယ်။ ဒါပေါ့၊ ဒါတွေအားလုံးက မင်းတို့ရဲ့ ဆန္ဒအတိုင်းပဲ။ အဲဒါတွေက မင်းတို့အတွက် အသုံးဝင်တယ်လို့ ယူဆရင် သိမ်းထားနိုင်တယ်။ အသုံးမဝင်ရင်တော့ ဂိုဏ်းဆီ လွှဲပေးနိုင်တယ်။ ဂိုဏ်းက မင်းတို့ကို နစ်နာမှုအတွက် ပြန်ပေးလိမ့်မယ်။ ဒီအတွက် ကျောက်ကြမ်း ဒါမှမဟုတ် ဂိုဏ်းထည့်ဝင်မှတ်တွေနဲ့ လျော်ကြေးပေးနိုင်တယ်"

"ဂိုဏ်းထည့်ဝင်မှတ် တစ်မှတ်က အလယ်အလတ်တန်းစား ကျောက်ကြမ်းတစ်ရာနဲ့ ညီမျှတယ်။ နဂါးနတ်ဘုရားတောင်ကြားမှာ ရှိနေသေးသရွေ့ ဂိုဏ်းထည့်ဝင်မှတ်နဲ့ ဂိုဏ်းရဲ့ ရတနာခန်းမက ဘယ်ရတနာကိုမဆို လဲလှယ်ဖို့ အသုံးပြုနိုင်တယ်"

အကြီးအကဲဟုန်က အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။

'ဂိုဏ်းထည့်ဝင်မှတ်နဲ့ ဘယ်လိုရတနာကိုမဆို လဲလှယ်နိုင်တာလား'

လုမင်၏ မျက်လုံးများက တောက်ပလာသည်။ သူ အနည်းငယ် သွေးဆောင်ခဲ့ရ၏။

သူ၏ နဂါးနတ်ဘုရား တိုက်ခိုက်ရေးခန္ဓာက မြေကမ္ဘာအဆင့်နိမ့် ဝိညာဉ်ခန္ဓာ ဖြစ်သည်။ သို့သော်လည်း စဉ်ဆက်မပြတ် အဆင့်မြှင့်တင်၍ ရ၏။ အဆင့်မြှင့်တင်ရန် လိုအပ်သော ရတနာများကတော့ အစစ်အမှန်နဂါးများနှင့် သက်ဆိုင်ပေသည်။

အစစ်အမှန်နဂါးအရိုး၊ နဂါးသွေး၊ နဂါးခြင်ဆီ စသည်တို့ဖြင့် လုမင်၏ နဂါးနတ်ဘုရားတိုက်ခိုက်ရေးခန္ဓာကို အဆင့်မြှင့်တင်ရန်အတွက် အသုံးပြုနိုင်သည်။

ဟုတ်ပေသည်၊ သိုင်းအုပ်ချုပ်သူနယ်ပယ်အထက် အစစ်အမှန်နဂါးများသာ အသုံးပြုနိုင်သည်။ ထိုကဲ့သို့သော ရတနာများကို ပြင်ပကမ္ဘာမှာ ရှာတွေ့ဖို့က မလွယ်ပေ။ သို့ရာတွင်၊ နဂါးနတ်ဘုရားတောင်ကြားမှ ကျင့်ကြံသူတိုင်းက နဂါးသွေးမျိုးဆက်ကို နိုးထကြသူများချည်း ဖြစ်သည်။ ထို့ကြောင့် အစစ်အမှန်နဂါးများနှင့် ပတ်သက်သော ရတနာများလည်း ရှိသင့်ပေသည်။

ရတနာများရှိနေသရွေ့ ထည့်ဝင်မှတ်များဖြင့် လဲလှယ်နိုင်သည်။ လုမင်လည်း နောက်တွင် ပေးအပ်ရမည့် ရတနာများကို စတင်စဉ်းစားနေတော့သည်။

"ဒုတိယအချက်ကတော့ နဂါးနတ်ဘုရားတောင်ကြားကို ဝင်ရောက်ပြီး နဂါးနတ်ဘုရားတောင်ကြားရဲ့ တရားဝင်တပည့်ဖြစ်လာဖို့ပဲ။ ဒါပေမဲ့ နဂါးနတ်ဘုရားတောင်ကြားကို တောင်ကြားခုနစ်ခု ခွဲခြားထားတယ်။ အဲဒါက ရေခဲနဂါးတောင်ကြား၊ ငွေနဂါးတောင်ကြား၊ သွေးနဂါးတောင်ကြား၊ အနီရောင်နဂါးတောင်ကြား၊ အနက်ရောင်နဂါးတောင်ကြားနဲ့ တိမ်နဂါးတောင်ကြားပဲ"

"နောက်ပြီးရင် နဂါးတောင်ကြားခုနစ်ခုရဲ့ လက္ခဏာတွေကို အတိုချုပ်ရှင်းပြမယ်။ ဒီနဂါးတောင်ကြားခုနစ်ခုမှာ မင်းတို့ ဆန္ဒရှိတဲ့အရပ်ကို ရွေးလို့ရတယ်"

ထို့နောက်တွင် အကြီးအကဲဟုန်က နဂါးတောင်ကြားခုနစ်ခု၏ လက္ခဏာများကို အကျဉ်းချုံး ရှင်းပြခဲ့သည်။

ရေခဲနဂါးတောင်ကြားက နဂါးတောင်ကြား ခုနစ်ခု၏ ခေါင်းဆောင် ဖြစ်သည်။ နဂါးတောင်ကြား ခုနစ်ခုအနက် ရေခဲနဂါးတောင်ကြားက အသန်မာဆုံး ဖြစ်၏။ ရေခဲနဂါးတောင်ကြားမှ လူအများစုက ရေခဲနဂါးသွေးမျိုးဆက်ကို နိုးထကြာကာ ရေခဲနဂါး တိုက်ခိုက်ရေးခန္ဓာအား လေ့ကျင့်ကြပေသည်။

သွေးနဂါးတောင်ကြားကတော့ အလွန်သွေးဆာကြသည်။ သူတို့က သွေးနဂါးတိုက်ခိုက်ရေးခန္ဓာကို လေ့ကျင့်ကာ သတ်ဖြတ်ခြင်းဖြင့် ကျင့်ကြံခြင်းတွင် ကောင်းစွာ ကျွမ်းကျင်ကြသည်။

.....

တိမ်နဂါးတောင်ကြားတောင်ကြားကတော့ နဂါးတောင်ကြားခုနစ်ခုတို့တွင် အားအနည်းဆုံးပင်။ လူအနည်းဆုံးလည်း ဖြစ်သည်။ တိမ်နဂါးတောင်ကြားတစ်ခုလုံးတွင် လူတစ်ရာကျော်သာ ရှိ၏။ ထို့အပြင် မည်သည့်နဂါးခန္ဓာကို လေ့ကျင့်ရမည်နှင့်ဟူ၍ စည်းမျဉ်းများလည်း မရှိပေ။ နဂါးတိုက်ခိုက်ရေးခန္ဓာ လေ့ကျင့်ထားသရွေ့ ဝင်ရောက်နိုင်သည်။

တိမ်နဂါးတောင်ကြား၏ အထူးဝိသေသက လွတ်လပ်ခြင်း ဖြစ်သည်။ သူတို့က တိမ်စိုင်များပမာ လွတ်လွတ်လပ်လပ် နေခဲ့ကြပေသည်။

'လွတ်လပ်ခြင်း၊ လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းတဲ့ တိမ်နဂါးတောင်ကြား'

လုမင်လည်း စိတ်ဝင်စားသွားမိသည်။

"ကောင်းပြီလေ၊ မင်းတို့ရဲ့ ရတနာတွေကို လွှဲအပ်ဖို့အချိန်ရောက်ပြီ"

အကြီးအကဲဟုန်က အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။

ရင်ပြင်အထက်တွင် ကောင်တာအကြီးကြီးတစ်ခု ရှိ၏။ ရတနာများကို စစ်ဆေးရန်နှင့် ၎င်းတို့၏ အချက်အလက်များကို စာရင်းသွင်းရန် တာဝန်ခံနေသော ဆံပင်ဖြူ အဘိုးအိုတချို့လည်း ရှိပေသည်။

ဘေးနားမှာတော့ လူအများက စိတ်ဝင်တစား ကြည့်နေကြသည်။ မဟာဧကရာဇ်၏လျှို့ဝှက်နယ်မြေတွင် မည်သို့သော ရတနာများ ရနိုင်သည်ကို သူတို့တွေ့ချင်ကြသည်။

"ငါအရင်သွားလိုက်မယ်"

ထွားကျိုင်းသော လူငယ်တစ်ယောက်က ရှေ့ကိုထွက်လိုက်သည်။ ဝိညာဉ်ဆေးပင်အနည်းငယ်နှင့် ဝိညာဉ်ရတနာတစ်ခုကို ထုတ်ယူလိုက်၏။ ဝိညာဉ်ရေးရတနာက အုပ်ချုပ်သူအဆင့် ဝိညာဉ်ရေးရတနာ ဖြစ်သည်။

"အင်း၊ မဆိုးဘူး။ အုပ်ချုပ်သူ ဝိညာဉ်ရတနာတစ်ခုက အလယ်အလတ် ကျောက်ကြမ်းတစ်သန်း ဒါမှမဟုတ် ဂိုဏ်းထည့်ဝင်မှတ်တစ်သောင်း တန်တယ်။ မင်း ဂိုဏ်းထည့်ဝင်မှတ်ယူမလား ဒါမှမဟုတ် ကျောက်ကြမ်းတွေ လိုချင်လား"

ဆံပင်ဖြူ အဘိုးကြီးတစ်ယောက်က မေးလိုက်သည်။

"ကျွန်တော် ဂိုဏ်းထည့်ဝင်မှတ်တွေ ယူပါမယ်"

ထွားကျိုင်းသော လူငယ်လေးက ပြော၏။

"ကောင်းပြီ၊ ငါ အဲဒါကို အရင် စာရင်းသွင်းထားလိုက်မယ်။ မင်း နဂါးတောင်ကြားခုနစ်ခုထဲက တစ်ခုကို ဝင်လိုက်တာနဲ့ မင်းကို အထောက်အထားတံဆိပ်ပြား ထုတ်ပေးရင်း တခါတည်း ပေးလိုက်မယ်"

ဆံပင်ဖြူ အဘိုးကြီးက ပြောလိုက်သည်။

ထွားကျိုင်းသော လူငယ်လေးလည်း ခေါင်းညိတ်ပြကာ သူ့အချက်အလက်ကို မှတ်ပုံတင်လိုက်လေသည်။

"ကောင်းပြီ၊ နောက်တစ်ယောက်..."

ဆံပင်ဖြူ အဘိုးကြီးက ပြောလိုက်၏။

ထို့နောက် နောက်လူငယ်များ တစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်လာပြီး မလိုအပ်သော ရတနာများကို ပေးအပ်လိုက်တော့သည်။

ဟုတ်သည်၊ အချို့မှာ ပိုများပြီး အချို့က နည်း၏။ ရတနာမျိုးစုံရှိခဲ့သည်။

ဝိညာဉ်ဆေးပင်များ၊ သန့်စင်ခြင်း ရတနာများ၊ သိုင်းကျင့်စဉ်များ၊ ဝိညာဉ်ရတနာများ အားလုံးကို လွှဲပြောင်းပေးနိုင်သည်။ ဆံပင်ဖြူ အဘိုးကြီးများက စျေးနှုန်းကို အကဲဖြတ်ပြီး လျော်ကြေးပေးလိမ့်မည်။

များမကြာမီတွင် လူထောင်ပေါင်းများစွာတို့က ၎င်းတို့၏ ရတနာများကို လွှဲပြောင်းပေးအပ်ခဲ့ကြသည်။ သို့သော်လည်း မည်သူကမှ သူတော်စင်ရတနာများကို မထုတ်ခဲ့ကြပါ။

နောက်ဆုံးတွင် သူတော်စင်ရတနာများက အလွန်အဖိုးတန်ပြီး ရှားပါးသည်။

မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေမှာပင် လူများစွာက တစ်ခု မရရှိခဲ့ပေ။

ထို့ပြင်၊ သူတို့ ရခဲ့လျှင်ပင် လူအများစုက ထုတ်ယူရန် ဆန္ဒရှိမှာ မဟုတ်ပါ။

'ငါသွားလိုက်မယ်'

လုမင် ပြုံးပြီး ကောင်တာရှေ့ကို လျှောက်သွားသည်။

သူ့လက်ဝှေ့ယမ်းလိုက်ရာ ကောင်တာပေါ်၌ ဝိညာဉ်ရတနာအစုအပုံကြီး ပေါ်လာခဲ့၏။ ရတနာအလင်း အမျိုးမျိုးကို ထုတ်လွှတ်လာတော့သည်။

"အုပ်ချုပ်သူ ဝိညာဥ်ရတနာတွေ၊ အားလုံးက အုပ်ချုပ်သူဝိညာဉ်ရတနာတွေပဲ။ နောက်ပြီးတော့ အများကြီးပဲ"

တစ်ယောက်က တအံ့တဩ‌ ပြောလိုက်သည်။

All Chapters