← Chapters

အခန်း ၁၄၄၉

Vol. 97 Ch. 1449

အခန်း ၁၄၄၉

Vol. 97 Ch. 1449

အပိုင်း ( 1449 ) ငွေနဂါးတောင်ကြားသခင်။

ကောင်တာပေါ်တွင် အုပ်ချုပ်သူအဆင့် ဝိညာဉ်ရတနာများ စုပုံထားသည်။ အနည်းဆုံး တစ်ဒါဇင်ခန့် ရှိ၏။

ဆံပင်ဖြူ အဘိုးအိုများလည်း အနည်းငယ် အံ့အားသင့်သွားကြသည်။

လုမင်၏ အမူအရာကတော့ မပြောင်းလဲပါ။ သူဟာ မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေတွင် ပြိုင်ဘက်များစွာကို သတ်ဖြတ်ခဲ့သည်။ ထိုလူအားလုံးက ပါရမီရှင်များ ဖြစ်၏။ သူတို့ထဲတွင် အတော်များများက အုပ်ချုပ်သူအဆင့် ဝိညာဉ်ရတနာများ ရှိကြသည်။ လုမင်၏ လက်ထဲမှာပင် အုပ်ချုပ်သူအဆင့် ဝိညာဉ်ရတနာများ အများအပြား ရှိနေသေးသည်။

သူထုတ်ယူလိုက်သော အရာအားလုံးက သူ့အတွက် အသုံးမဝင်သော တူလက်နက်များ၊ ပုဆိန်အမျိုးအစားလက်နက်များနှင့် လက်စွပ်အမျိုးအစား အုပ်ချုပ်သူ ဝိညာဉ်ရတနာများ ဖြစ်ကြသည်။

ဤဝိညာဥ်ရတနာများက လုမင်၏ လက်ထဲမှာတော့ သတ္တုအပိုင်းအစများနှင့် မခြားပေ။ အသုံးဝင်သော အရင်းအမြစ်များနှင့် လဲလှယ်ရန်အတွက် ဂိုဏ်းသို့ လွှဲပြောင်းပေးခြင်းက ပိုကောင်းသည်။

"အုပ်ချုပ်သူအဆင့် ဝိညာဉ်ရတနာ ဆယ့်ငါးခုရှိတယ်။ ဒါတွေက အလယ်လတ်အဆင့် ကျောက်ကြမ်း ဆယ့်ငါးသန်းနဲ့ ညီမျှပါတယ်။ ဒါတွေကို ဂိုဏ်းထည့်ဝင်မှတ်နဲ့ လဲလှယ်မလား၊ ဒါမှမဟုတ် ကျောက်ကြမ်းတွေ လိုချင်သလား"

ဆံဖြူ အဘိုးအိုက မေးလိုက်သည်။

"ဂိုဏ်းထည့်ဝင်မှတ်တွေနဲ့ လဲလှယ်ပါမယ်"

လုမင် ပြောလိုက်၏။

သူသတ်ခဲ့သော ပြိုင်ဘက်များ၏ သိုလှောင်လက်စွပ်များထဲတွင် အလယ်အလတ်တန်းစား ကျောက်ကြမ်းများ အများကြီးရှိသည်။ ယင်းက အချိန်အတိုင်းအတာတစ်ခုအထိ လုမင် အသုံးပြုရန် လုံလောက်၏။

ဤရတနာများကို ဂိုဏ်းထည့်ဝင်မှတ်များဖြင့် လဲလှယ်ပါက၊ ၎င်းတို့ကို အခြားရတနာများနှင့် လဲလှယ် အသုံးပြုနိုင်သည်။

"ကောင်းပြီလေ၊ ငါတို့ စာရင်းသွင်းထားလိုက်မယ်။ မင်းမှာ လွှဲပြောင်းပေးရမဲ့ ရတနာတွေ ရှိသေးလား"

ဆံပင်ဖြူ အဘိုးအိုက ထပ်မေးလိုက်သည်။

"ရှိပါတယ်"

လုမင် ခေါင်းညိတ်လိုက်သည်။ ဤတစ်ခါတော့ ရတနာနှစ်ခုသာ ပေါ်လာခဲ့၏။

တစ်ခုက စစ်သုံးဓားကြီး၊ ထိုဓားကြီးမှ ထွက်ပေါ်နေသော အငွေ့အသက်များက ကြောက်စရာကောင်းလွန်းသည်။

ကျန်တစ်ခုကတော့ လက်ဖဝါးအရွယ် ဓားတစ်ချောင်းပင်။ ယင်းက အစိမ်းရောင် မြူခိုးများရှိပြီး ရွံရှာဖွယ် အနံ့အသက်များလည်း ထွက်ပေါ်လျက်ရှိသည်။

"သူတော်စင်ရတနာ၊ သူတော်စင်ရတနာ နှစ်ခု"

တစ်ယောက်က တအံ့တဩ အော်လိုက်သည်။

လူတိုင်း၏အကြည့်များက သူတော်စင်ရတနာများ‌အပေါ်ကို ကျရောက်လာ၏။

လူတချို့၏ အကြည့်များဆိုလျှင် စူးစူးရဲရဲ ဝင်းလက်နေတော့သည်။

"တကယ်ကို ဒါက သူတော်စင်ရတနာတွေပဲ။ မဟာဧကရာဇ်ရဲ့ လျှို့ဝှက်နယ်မြေမှာ ရိတ်သိမ်းရတာ တကယ်ကို ကြွယ်ဝပုံရတယ်"

"အဲဒီလူက ဘယ်သူလဲ။ သူက အခြားတိုက်ကြီးကထင်တယ်။ သူတော်စင်ရတနာနှစ်ခုကို ရလိုက်တာက တကယ်ကံကောင်းကံတာပဲ"

လူအများက ဆွေးနွေးရင်း အလွန်မနာလိုဖြစ်ခဲ့ကြလေသည်။

မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေက အလွန်ကြုံရခဲသော အခွင့်အလမ်း ဖြစ်သည်။ သူတို့က သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ဖြတ်ကျော်ပြီးသွားသည်မှာ စိတ်မကောင်းစရာပင်။

ဆံပင်ဖြူ အဘိုးအိုများ၏ မျက်လုံးများမှာလည်း တောက်ပလာခဲ့သည်။ ဤသည်မှာ တစ်စုံတစ်ယောက်က သူတော်စင်ရတနာအား ထုတ်ယူပြီး ပထမဆုံး ပေးအပ်လိုက်ခြင်းပင်။

"ဒီရတနာနှစ်ခုက တောက်ပသော သူတော်စင်ရတနာတွေပဲ။ အဲဒါတွေက အုပ်ချုပ်သူရတနာတွေထက် အဆတစ်ရာ ပိုတန်ဖိုးရှိတယ်။ ဒါတွေကို ထည့်ဝင်မှတ် ဒါမှမဟုတ် အလယ်အလတ်တန်းစား ကျောက်ကြမ်းတွေနဲ့ လဲလှယ်ချင်သလား"

ဆံပင်ဖြူ အဘိုးကြီးက သူတော်စင်ရတနာနှစ်ခုကို သေသေချာချာ စစ်ဆေးကြည့်ပြီးနောက် မေးလိုက်သည်။

"အားလုံးကို ထည့်ဝင်မှတ်အဖြစ် ပြောင်းလဲလိုက်ပါ"

လုမင် ပြောလိုက်သည်။

"ကောင်းပြီ၊ တောက်ပသော သူတော်စင်ရတနာနှစ်ခုနဲ့ အုပ်ချုပ်သူအဆင့် ဝိညာဉ်ရတနာ ဆယ့်ငါးခု၊ စုစုပေါင်း 2.15 သန်း ဂိုဏ်းထည့်ဝင်မှတ် ရတယ်။ မင်းမှာ နောက်ထပ် အပ်ချင်တာ ရှိသေးလား"

ဆံဖြူအဘိုးအိုက ပြောဆိုပြီးနောက် လုမင်ကို အနည်းငယ် မျှော်လင့်နေသေးဟန်ဖြင့် ကြည့်လိုက်သည်။

"မရှိတော့ပါဘူး"

လုမင် ခေါင်းယမ်းလိုက်၏။

ဂိုဏ်းထည့်ဝင်မှတ် နှစ်သန်းကျော် အချိန်တစ်ခုကြာ အသုံးပြုရန် လုံလောက်သင့်သည်။

"အဲဒါ မဟုတ်နိုင်ဘူး၊ လုမင် ဒါက မင်းရရှိထားတဲ့ ရတနာအကုန်လုံး မဟုတ်သေးဘူး မဟုတ်လား"

ထိုအချိန်တွင် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

လှည့်မကြည့်ဘဲ အသံပိုင်ရှင်က ရင်ဖုန်းဖြစ်ကြောင်း လုမင် သိလိုက်၏။

လုမင်က ရင်ဖုန်းကို အေးစက်စက်ကြည့်ရင်း ပြောလိုက်သည်။

"ငါ့မှာ ပေးစရာ မရှိဘူး"

"ဘာကိုမရှိတာလဲ၊ မင်း ဘယ်သူ့ကို လိမ်ဖို့ကြိုးစားနေတာလဲ။ မင်းရဲ့ အတောင်ပံ သူတော်စင်ရတနာက ဘယ်မှာလဲ။ မင်းရဲ့ တခြားရတနာတွေကော ဘယ်မှာလဲ။ မင်းရလာတာက ဒီထက် အများကြီးပိုဦးမှာ၊ ဒါတွေကို ဘာဖြစ်လို့ ထုတ်ပြီး ဂိုဏ်းကိုမအပ်ရတာလဲ"

ရင်ဖုန်းက လှောင်ပြောင်လိုက်သည်။

"ငါ့မှာ တခြားရတနာတွေရှိတာမှန်ပါတယ်၊ ဒါပေမဲ့ ငါကိုယ်တိုင်သုံးနိုင်ရင် ငါ့ဘာသာ သိမ်းထားနိုင်တယ်လို့ အကြီးအကဲဟုန်က ပြောပြီးသားပဲ။ မင်း အသုံးပြုလို့ရတဲ့ ရတနာတွေရှိရင်ကော မင်း လွှဲပေးမှာလား"

လုမင် လှောင်ပြုံးပြုံးလိုက်၏။

"သေချာတာပေါ့။ ငါ လုပ်မှာ၊ ငါက ဂိုဏ်းကို စိတ်နှလုံးအကြွင်းမဲ့ မြှုပ်နှံထားတာ"

ရင်ဖုန်း‌ ပြောလိုက်သည်။

"အိုး၊ ငါမေ့သွားလို့။ မင်းက ရတနာကောင်းကောင်းတောင် မရနိုင်တော့တဲ့ အမှိုက်ပဲ။ ထုံးစံအတိုင်း မင်းလို အမှိုက်တွေကို လွှဲပေးဖို့ ဆန္ဒရှိမှာပေါ့"

လုမင် အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏။

"မင်း... မင်း ဘယ်သူ့ကို အမှိုက်လို့ ခေါ်လိုက်တာလဲ"

ရင်ဖုန်း ဒေါသတကြီး ဖြစ်သွားသည်။

"မဟုတ်ဘူးလား၊ ဒါဆိုရင် မင်းက အမှိုက်မဟုတ်ကြောင်း သက်သေပြဖို့ ငါနဲ့ တိုက်ခိုက်ချင်လို့လား"

လုမင်က ဆက်လက် လှောင်ပြောင်သည်။

ရင်ဖုန်း စကားမပြောနိုင်တော့ပေ။ လုမင်၏ တိုက်ခိုက်နိုင်စွမ်းက အလွန်ကြောက်စရာကောင်းမှန်း သူသိသည်။ အမှန်တကယ် တိုက်ခိုက်ပါက လုမင်၏ တစ်ဖက်‌စီးနင်း ရိုက်နှက်ခြင်းကိုသာ ခံရလိမ့်မည်။

"မင်းက တိုက်ခိုက်ဖို့တောင် မဝံ့ဘူး။ ဒါကမှ အမှိုက်မဟုတ်ရင် မင်း ဘာလဲ"

လုမင် အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။

ရင်ဖုန်း ဒေါသထွက်လွန်းသဖြင့် အသားများ တဆတ်ဆတ်တုန်လာသော်လည်း အဆုံးမှာတော့ မချေပနိုင်တော့ပေ။

"လုမင်၊ မင်း သူတော်စင်ချိုးဖြတ်ခြင်း ဆေးလုံးကို ရရှိခဲ့တယ်ဆိုတာ ငါမှတ်မိတယ်။ ဒါက အခု မင်းအတွက် အသုံးမှ မလိုအပ်သေးတာ။ ဘာလို့ မအပ်တာလဲ"

ဤအချိန်တွင် ရင်ဖုန်းအနားမှာရပ်နေသော ဟဲယွိက အေးစက်စက် ပြောလိုက်သည်။

"ဘာ၊ သူတော်စင်ချိုးဖြတ်ခြင်း ဆေးလုံးလား"

ထိုအချိန်တွင် နေရာတစ်ခုလုံးက အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။ မရေတွက်နိုင်သော မျက်လုံးများက လုမင်ကို ကြည့်လာကြ၏။ လူများစွာတို့၏ မျက်လုံးများက လောဘအရိပ်အယောင်များ တောက်လောင်နေတော့သည်။

သူတော်စင်ချိုးဖြတ်ခြင်း ဆေးလုံး၊ လုမင်က သူတော်စင်ချိုးဖြတ်ခြင်းဆေးလုံးကို ရရှိခဲ့သည်။

"ဝှူး..."

တချို့လူများဆိုလျှင် အသက်ရှုသံများပင် မြန်လာခဲ့ကြသည်။

ရင်ပြင်တဝိုက်တွင် လူများစွာ ရှိသည်။ ၎င်းတို့ထဲတွင် အများစုက အထွတ်အထိပ် သိုင်းအုပ်ချုပ်သူများ ဖြစ်ကြသော်လည်း သိုင်းအုပ်ချုပ်သူနယ်ပယ်၏ အထွတ်အထိပ်တွင် ပိတ်မိနေပြီး မဖြတ်ကျော်နိုင်ခဲ့ကြပေ။

သူတို့ထဲမှ တချို့တိုလျှင် သူတို့၏သက်တမ်း ကုန်ဆုံးသွားတော့မည် ဖြစ်သည်။ သူတော်စင်ချိုးဖြတ်ခြင်း ဆေးလုံးရ သူတို့အတွက် ဆွဲဆောင်မှုအား ကြီးလွန်းသည်။

အကယ်၍ ဤနေရာသာ သိုင်းသူတော်စင်များ တည်ရှိရာ နဂါးနတ်ဘုရားတောင်ကြား မဟုတ်ပါက၊ အချို့ ချက်ချင်း လုယူသွားလိမ့်မည်။

လုမင် မျက်မှောင်ကြုတ်လိုက်သည်။ ဟဲယွိ၏ ဤလှုပ်ရှားမှုကတော့ တကယ်ကို များသွားပြီ။

အကယ်၍ သူ သူတော်စင်ချိုးဖြတ်ခြင်းဆေးလုံးကို ထုတ်မအပ်ပါက၊ နဂါးနတ်ဘုရားတောင်ကြား၌ မရေမတွက်နိုင်သော မျက်လုံးများက သူ့ကို စောင့်ကြည့်နေကြမည် ဖြစ်သည်။ အနာဂတ်တွင် နဂါးနတ်ဘုရားတောင်ကြားမှ လုမင် ထွက်ခွာပါက၊ တစ်စုံတစ်ယောက်မှ သူ့အား တိတ်တဆိတ် မလုပ်ကြံပါဟု မည်သူ အတပ်သိမည်နည်း။

ဤလှုပ်ရှားမှုက ရက်စက်ကြမ်းကြုတ်လွန်းလှသည်။

"လုမင်၊ မင်းမှာ သူတော်စင်ချိုးဖြတ်ခြင်းဆေးလုံး ရှိတယ်ဆိုရင် ဘာဖြစ်လို့ ကောင်းကျိုးဆောင်ပြီး ဂိုဏ်းကိုမအပ်တာလဲ။ ဒီရတနာက မင်းအတွက် အခု အသုံးမဝင်သေးဘူး။ နောက်ပြီး မင်းက အချိန်မရွေး သေသွားနိုင်တယ်။ ဒီလို ရတနာကောင်းကို ဖြုန်းတီးပစ်တော့မှာလား"

ရင်ဖုန်းကလည်း ဝင်အော်လိုက်သည်။

လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။ ထို့နောက်တော့ ဟဲယွိနှင့် ရင်ဖုန်းတို့ကို ဂရုမစိုက်တော့ပေ။

"အကြီးအကဲတို့၊ ကျွန်တော်မှာ ပေးစရာအရှိတော့ပါဘူး။ စာရင်းသွင်းလို့ရမလား"

"ဟုတ်ပါတယ်၊ စာရင်းသွင်းပါ"

ဆံပင်ဖြူ အဘိုးအိုတစ်ဦးက ပြောလိုက်သည်။

လုမင်လည်း ခေါင်းညိတ်ပြီး စာရင်းသွင်းတော့မည်။

"ခဏနေဦး"

ထိုအချိန်တွင် အဝေးမှ အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ငွေရောင်ဝတ်ရုံနှင့် အဖိုးအိုတစ်ဦး ကောင်းကင်၌ ပေါ်လာခဲ့၏။

အကြီးအကဲဟုန်နှင့် အခြား ဆံပင်ဖြူအဘိုးကြီးတို့လည်း ငွေရောင်ဝတ်လုံဝတ် အဘိုးအိုကိုတွေ့သောအခါ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ အားလုံး ချက်ချင်း မတ်တပ်ရပ်၍ ဦးညွှတ်လိုက်၏။

"ရေခဲနဂါးတောင်ကြားသခင်ကို နှုတ်ခွန်းဆက်ပါတယ်"

ရင်ပြင်တဝိုက်ရှိ လူအများက ထိုအဘိုးကြီးကို ဦးညွှတ်လိုက်ကြသည်။

"ဘာ၊ ရေခဲနဂါးတောင်ကြားသခင်လား။ တောင်ကြားခုနစ်ခုက ရေခဲနဂါးတောင်ကြားရဲ့ တောင်ကြားသခင်လား"

ရင်ပြင်အလယ်မှ နဂါးနတ်ဘုရားတောင်ကြား၏ တရားဝင်တပည့်ဖြစ်မလာသေးသော လူငယ်များ တုန်လှုပ်သွားကြသည်။

တောင်ကြားခုနစ်ခု၏ တောင်ကြားသခင်များသည် နဂါးနတ်ဘုရားတောင်ကြား၏ အထွတ်အထိပ်တွင် ရပ်တည်နေသော အရေးကြီး ပုဂ္ဂိုလ်ကြီးများ ဖြစ်သည်။ ကျယ်ပြောလှသည့် စန်းပြည်နယ်မှာတောင် သူတို့က ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်နေသေးသည်။

ယခုအခါ တောင်ကြားခုနစ်ခုမှ ရေခဲနဂါးတောင်ကြားသခင် ကိုယ်တိုင်ကိုယ်ကျ ရောက်လာပြီ ဖြစ်သည်။

"အဘိုး"

ရေခဲနဂါး တောင်ကြားဆရာသခင်ကို တွေ့သောအခါ ရင်ဖုန်း အံ့ဩဝမ်းသာဖြစ်သွားပြီး အော်လိုက်သည်။ ယင်းက အခြားသူများကို အံ့ဩတကြီး ဖြစ်စေခဲ့၏။

ရင်ဖုန်း၏ အဖိုးက ရေခဲနဂါးတောင်ကြားသခင် ဖြစ်သည်။

လုမင်လည်း မျက်ခုံးပင့်လိုက်မိသည်။ ရင်ဖုန်း၏ နောက်ခံက သူ့စိတ်ကူးထက် ကျော်လွန်နေသေးသည်။

"အင်း"

ရေခဲနဂါးတောင်ကြားသခင်က မြေပြင်ပေါ်သို့ ဆင်းလာပြီး ခေါင်းညိတ်လိုက်သည်။

"ဒီမှာ ဘာတွေဖြစ်နေတာလဲ"

"အဲဒါက သူပဲ၊ ဒီကောင်လေးက လူရိုင်းကျွန်းကလာပြီး လူတွင်ကျယ်လုပ်နေတာ။ သူက မဟာဧကရာဇ်ရဲ့ လျှို့ဝှက်နယ်မြေမှာ ရတနာတစ်ခုရခဲ့ပေမဲ့ သူ့ဘာသာသူ ယူသွားချင်နေတယ်။ အခုလည်း သူတော်စင်ချိုးဖြတ်ခြင်းဆေးလုံးလိုမျိုး ရတနာတစ်ခုကို ကိုယ့်အတွက် အသုံးမဝင်ဘဲ သိမ်းထားချင်နေတယ်လေ"

ရင်ဖုန်းက လုမင်ကို လက်ညှိုးထိုးပြီး ထအော်လိုက်သည်။

All Chapters