← Chapters

အခန်း ၁၄၅၂

Vol. 97 Ch. 1452

အခန်း ၁၄၅၂

Vol. 97 Ch. 1452

အပိုင်း ( 1452 ) သနားစရာ လုမင်။

တိမ်နဂါးတောင်ကြားသခင်က အလွန် လွတ်လပ်ပေါ့ပါးသည်။ သူက တစ်လှမ်းချင်း ထွက်ခွာသွားပြီး ခဏချင်း ပျောက်ကွယ်သွား၏။ လုမင်လည်း အနည်းငယ် ဆွံ့အသွားမိသည်။

"နဝမမြောက် ဆရာတူညီလေးရေ... ဆရာက ဒီလိုပဲကွ။ သူက ပေါ့ပေါ့ပါးပါး နေတတ်တယ်၊ ဒါပေမဲ့ သူ့တပည့်တွေကိုတော့ ကောင်းကောင်းဆက်ဆံပါတယ်"

လုံယွမ်ရှန်က ပြုံးပြီး ရှင်းပြလိုက်သည်။

"ဒုတိယ ဆရာတူအစ်ကို... တိမ်နဂါးတောင်ကြားမှာ တပည့်တစ်ရာပဲရှိတယ်လို့ ကြားတယ်။ အဲဒါက အမှန်ပဲလား"

လုမင် စိတ်ဝင်တစား မေးလိုက်၏။

"မှန်ပါတယ်။ ဆရာ အပါအဝင် တိမ်နဂါးတောင်ကြားမှာ လူတစ်ရာ့နှစ်ဆယ်ပဲ ရှိတယ်။ ကျန်တဲ့ တောင်ကြားတွေမှာ တပည့်တွေ၊ သင်းထောက်တွေ၊ အကြီးအကဲတွေ အများကြီးရှိတယ်။ ဒါပေမဲ့ တိမ်နဂါးတောင်ကြားမှာတော့ အကြီးအကဲတွေ မရှိဘဲ ငါတို့ပဲရှိတယ်။ ဆရာနဲ့ သူ့ရဲ့ အစစ်အမှန်တပည့် ကိုးယောက်ပေါ့၊ ကျန်တာက သာမန်တပည့်တွေပဲ"

လုံယွမ်ရှန်က ပြောလိုက်သည်။

"အကြီးအကဲတွေ မရှိဘူးလား။ ဒါဆိုရင် မျိုးဆက်ဟောင်းတွေထဲမှာ ဆရာတစ်ယောက်ပဲ ရှိတာပေါ့"

လုမင် ပို၍ သိချင်သွားလေသည်။

"ဟုတ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဟိုတုန်းက နဂါးနတ်ဘုရားတောင်ကြားမှာ တောင်ကြားခြောက်ခုပဲရှိတယ်။ အဲဒီတောင်ကြားတစ်ခုစီမှာ ရှည်လျားတဲ့သမိုင်းကြောင်းတွေရှိတယ်လေ။ တိမ်နဂါးတောင်ကြားကတော့ မဟုတ်ဘူး၊ တိမ်နဂါးတောင်ကြားကို ဆရာ့ဘာသာ တည်ထောင်ခဲ့တာ"

လုံယွမ်ရှန်က ရှင်းပြလိုက်သည်။

"ဆရာ တည်ထောင်ထားတာလား"

လုမင် အံ့ဩသွားသည်။ ယခုလေးတင် သူ အသိအမှတ်ပြုထားသော ဆရာဖြစ်သူကိုလည်း သိချင်စိတ်တို့ တဖွားဖွား ပေါ်လာတော့သည်။

နဂါးတောင်ကြားကဲ့သို့ ဂိုဏ်းကြီးတစ်ခုတွင် သီးခြားတောင်ကြားတစ်ခုကို တည်ထောင်ရန် အလွန်ခက်ခဲကြောင်း လုမင် သိသည်။ အမှန်တကယ် ထိုသို့လုပ်ပါက မရေမတွက်နိုင်သောလူများ ဆန့်ကျင်မည်ကို သူကြောက်၏။ သို့သော်လည်း တိမ်နဂါးတောင်ကြားသခင်က လုပ်နိုင်ခဲ့သည်။ ယင်းက သေချာပေါက် မရိုးရှင်းပေ။

"နဝမမြောက် ဆရာတူညီလေး၊ သွားရအောင်။ မင်းနေဖို့ နေရာကို ငါ လိုက်ပို့ပေးမယ်"

လုံယွမ်ရှန်က ပြောပြီး ရှေ့မှလျှောက်သွားသည်။

လုမင်လည်း နောက်မှ လိုက်သွား၏။

တိမ်နဂါးတောင်ကြားက ကြီးမားကျယ်ဝန်းသော်လည်း လူတစ်ရာခန့်သာရှိသေးသည်။ အချိန်အတော်ကြာ ပျံသန်းပြီးမှ နောက်ဆုံးတွင် လူငယ်နှစ်ဦးနှင့် တွေ့ဆုံခဲ့ရသည်။

"မင်္ဂလာပါ အစ်ကိုကြီး"

လူငယ်နှစ်ဦးက လုံယွမ်ရှန်ကို မြင်သောအခါ ဦးညွှတ်ပြီး နှုတ်ဆက်လိုက်လေသည်။

"ယဉ်ကျေးနေစရာမလိုပါဘူး၊ ငါ မိတ်ဆက်ပေးရဦးမယ်။ ဒါက ဆရာရဲ့ တပည့်အသစ်ပဲ"

လုံယွမ်ရှန်က လုမင်ကို ညွှန်ပြပြီး မိတ်ဆက်ပေးလိုက်သည်။

"တောင်ကြားသခင်ရဲ့ တပည့်သစ်လား"

လူငယ်နှစ်ယောက်လည်း လုမင်ကို စူးစူးစိုက်စိုက် ကြည့်လိုက်ပြီးနောက် ဦးညွတ်လိုက်လေသည်။

"မင်္ဂလာပါ ဂိုဏ်းတူအစ်ကို"

"ဟမ်၊ ဂိုဏ်းတူအစ်ကိုလား"

လုမင် အံ့သြသွားသည်။

"နဝမမြောက် ဆရာတူညီလေး... သူတို့က တိမ်နဂါးတောင်ကြားရဲ့ သာမန်တပည့်တွေပဲလေ။ သူတို့က ငါတို့ အစစ်အမှန်တပည့်တွေကို ဂိုဏ်းတူအစ်ကိုလို့ ခေါ်တာ"

လုံယွမ်ရှန်က လုမင်ကို အသံပို့လွှတ်ပြီး ရှင်းပြလိုက်သည်။

လုမင်လည်း ဤတော့မှ နားလည်သွားလေသည်။

"ယဉ်ကျေးနေစရာမလိုပါဘူး"

လုမင် ပြုံးလိုက်သည်။

"သွားစရာရှိတာ ဆက်သွားကြပါ"

လုံယွမ်ရှန်လည်း သူ့လက်ကိုဝှေ့ယမ်းပြီး လုမင်ကို ဆက်လက်ခေါ်ဆောင်သွားခဲ့သည်။

တောက်ကြား အတွင်းပိုင်းသို့ ရောက်လာလေလေ၊ ယွမ်ချီစွမ်းအင်က ပို၍ သိပ်သည်းလာလေပင်။

"ဆရာ့ရဲ့ တပည့်ကိုးယောက်မှာ ငါတို့နှစ်ယောက်ကလွဲလို့ တချို့က တံခါးပိတ်လေ့ကျင့်နေတယ်၊ တချို့ကတော့ အပြင်မှာ လေ့ကျင့်နေကြတယ်လေ။ တချို့ကလည်း ဂိုဏ်းရဲ့တာ‌ဝန်တွေကို ထမ်းဆောင်နေကြတယ်။ အခွင့်ကြုံရင် ငါမင်းကို တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ပေးမယ်"

လမ်းလျှောက်ရင်း လုံယွမ်ရှန်က တိမ်နဂါးတောင်ကြား၏ အခြေအနေကို ရှင်းပြပေးခဲ့သည်။

ခဏကြာတော့ ရေခဲလှိုဏ်ဂူတစ်ခုရှေ့ကို ရောက်လာကြ၏။ ဤရေခဲလှိုဏ်ဂူ၏ ဝင်ပေါက်ကိုတော့ တင်းတင်းကြပ်ကြပ် ပိတ်ထားသည်။

"ဒီဂူအိမ်တော်က မင်းအတွက်ဖြစ်သွားပြီ၊ ဂူဝင်ပေါက်မှာလည်း ဝင်္ကပါတစ်ခုရှိတယ်‌လေ။ အဲဒါကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာ ငါ မင်းကိုသင်ပေးမယ်"

လုံယွမ်ရှန်က ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ လုမင်အား ကမ်းပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဒုတိယအစ်ကို"

လုမင် လက်ယှက်ပြလိုက်သည်။

"နဝမမြောက်ညီလေး အဲဒါကို ရင်းနှီးအောင် လုပ်ထားပါ။ ငါခန့်မှန်းတာမမှားရင် ရက်ပိုင်းအတွင်း ဆရာ မင်းကို ခေါ်လာလိမ့်မယ်"

လုံယွမ်ရှန်က ပြုံးပြီး ထွက်သွားသည်။

လုမင်လည်း ကျောက်စိမ်းပြားအတွင်းသို့ ဝိညာဉ်အသိပို့လွှတ်ပြီး ကြည့်လိုက်၏။ သူက ကျောက်စိမ်းပြားအတွင်းမှ ကမ္ပည်းနည်းလမ်းကို သေချာမှတ်သားထားလိုက်သည်။

လှိုဏ်ဂူအဝင်ဝတွင် ယွမ်ချီစွမ်းအင်ဖြင့် ထိန်းချုပ်ရ‌သည့် ရိုးရှင်းသော ဝင်္ကပါတစ်ခု ရှိ၏။

လုမင်က ရှေ့သို့တိုးပြီး ယွမ်ချီစွမ်းအင် ပို့လွှတ်လိုက်သည်နှင့် အသံတစ်ချက်နှင့်အတူ ရေခဲလှိုဏ်ဂူ ဝင်ပေါက်တံခါး ပွင့်သွားတော့သည်။

လုမင် လှမ်းဝင်သွားခဲ့သည်။

ထို့နောက် ဝင်္ကပါကိုထိန်းချုပ်ကာ ဝင်ပေါက်ကို ပြန်ပိတ်လိုက်၏။

လုမင်လည်း ဂူပတ်ပတ်လည်ကို စူးစမ်းကြည်ရှုလိုက်လေသည်။

ဂူအိမ်တော်က အတော်ကြီးမာသည်။ အတွင်းတွင် ရေခဲခုတင်တစ်လုံး၊ ရေခဲစားပွဲတစ်ခု၊ ရေခဲကုလားထိုင် စသည်ဖြင့် အစုံအလင် ရှိ၏။ သို့သော်လည်း အနီးကပ်ကြည့်လိုက်ပြီးနောက် တစ်ခုခု လွဲမှားနေသည်ကို တွေ့လိုက်ရသည်။ ယင်းက သာမန်ရေခဲမဟုတ်ဘဲ ကြည်လင်ပြတ်သားပြီး အနည်းငယ်အေးစက်သော ရေခဲကျောက်စိမ်းဖြစ်၏။ ယင်းက လူတစ်ယောက်၏ ဝိညာဉ်ခန္ဓာကို သန့်စင်ရန် အထောက်အကူဖြစ်စေနိုင်ပေသည်။

ထို့အပြင်၊ ရေခဲလှိုဏ်ဂူထဲတွင် အိပ်ခန်းတစ်ခန်းအပြင် လူသွားလမ်းများနှင့် ချိတ်ဆက်ထားသည့် တခြားရေခဲအခန်းများလည်း ရှိသည်။ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ရေခဲအခန်း ဆယ်ခန်းကျော် ရှိနေသည်ကို တွေ့လိုက်ရ၏။ ရေခဲခန်းတစ်ခုတွင်ဆိုပါက အေးခဲခြင်းမရှိသော ဝိညာဉ်စမ်းရေများပင် ရှိလေသည်။

လုမင်လည်း ဤဂူအိမ်တော်ကို အလွန် ကျေနပ်သွားမိသည်။

ဤနေရာ၌ ကောင်းကင်နှင့်မြေပြင်၏ ယွမ်ချီစွမ်းအင်ကလည်း အပြင်ပန်း ချိုင့်ဝှမ်းထက် အဆများစွာ ပိုကြွယ်ဝသေးသည်။

"ဒီတစ်ခါ အမြတ်တွေကို ရေတွက်ကြည့်ရအောင်"

လုမင်လည်း ရေခဲကျောက်စိမ်း ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး သူ့လက်ကို ဝှေ့ယမ်းကာ ဤတစ်ကြိမ်ရရှိခဲ့သော သိုလှောင်လက်စွပ်လုံးကို ထုတ်ယူလိုက်သည်။

အပြန်လမ်းတွင် လုမင်က ယင်းတို့ကို သာမန်ကာလျှံကာလောက်သာ စစ်ဆေးခဲ့ပေသည်။

သူက အလယ်အလတ်တန်းစား‌ ကျောက်ကြမ်းများ၊ ဝိညာဉ်ဆေးပင်များ၊ ဝိညာဉ်လက်နက်များ စသည်တို့ကို ခွဲခြားထားခဲ့သည်။

ဝိညာဉ်ဆေးပင်များကိုတော့ တန်တန်နှင့် ပူဖောင်းလေးစားရန် တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ အကုန်လုံး ထည့်သိမ်းလိုက်၏။

နောက်ဆုံး အဖိုးတန်ပစ္စည်းများကိုတော့ သိုလှောင်လက်စွပ်တစ်ခုထဲတွင် သိမ်းဆည်းခဲ့ပေသည်။

ဤတစ်ကြိမ်တွင်၊ လုမင်ဟာ မဟာဧကရာဇ်မင်းမြတ်၏ လျှို့ဝှက်နယ်မြေသို့ ဤခရီးမှ အများအပြား ရရှိခဲ့သည်။

အချို့သော ဝိညာဉ်ဆေးဖက်ဝင်အပင်များနှင့် သန့်စင်သောပစ္စည်းများကို ဖော်ပြခြင်းမပြုပါ။

အချို့ ဆေးပင်များနှင့် လက်နက်သန့်စင်ခြင်း ပစ္စည်းများကို မဖော်ပြလျှင်ပင်... သူတော်စင်ဆေးပင်၊ ထျန်းရဲ့ရှေးဟောင်းသစ်ပင်ကို ရခဲ့သည်။

ကောင်းကင်တာအိုကျောက်များမှာလည်း နှစ်ရာကျော် ရှိ၏။

သူတော်စင်ရတနာများမှာလည်း ဂိုဏ်းထည့်ဝင်မှတ်များနှင့် နှစ်ခုကို လဲလှယ်ခဲ့သည့်တိုင် လုမင်မှာ နောက်ထပ်သုံးခု ကျန်သေးသည်။ အနောက်ရောင်တောင်ပံများ၊ ချိုးဟောက်မှ သူ့အားပေးခဲ့သော ဒိုင်းလွှားနှင့် ကျောက်စိမ်းလက်ကောက် ဖြစ်သည်။ ကျောက်စိမ်းလက်ကောက်ကိုတော့ လုမင်က ရှဲ့နျန်ချင်းကိုပေးရန် စီစဉ်ထားလေသည်။

ထို့အပြင် အုပ်ချုပ်သူတာအိုနယ်မြေသစ်သီးသုံးလုံးနှင့် သူတော်စင်ချိုးဖြတ်ခြင်း ဆေးလုံးတစ်လုံးလည်း ရှိ၏။

ထို့ထက် အရေးအကြီးဆုံးက စန်းဧကရာဇ်ဟာ သူ့ကို သိုလှောင်လက်စွပ်တစ်ခု ပေးခဲ့သည်။ ဤသည်မှာ ဧကရာဇ်တစ်ပါး၏ သိုလှောင်လက်စွပ် ဖြစ်၏။ ထိုအကြောင်းကို တွေးလိုက်မိရုံဖြင့် လုမင် စိတ်လှုပ်ရှားသွားမိသည်။

စိတ်မကောင်းစရာကတော့ သူ၏ လဲ့တင်း မရှိတော့ပါ။ ယင်းက အန္တိမသူတော်စင်ရတနာ ဖြစ်သည်။

စန်းဧကရာဇ်၏ နန်းတော်တွင် စန်းဧကရာဇ်က ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်အား လဲ့တင်းဖြင့် ဖိနှိပ်နိုင်ခဲ့ပုံရသည်။ သို့သော်လည်း ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်က စန်းဧကရာဇ်ထက် အခြေအနေပိုကောင်းတာ အသိသာကြီး ဖြစ်၏။ သူတို့နှစ်ဦးက ဟင်းလင်းပြင်ကို ခွဲကာ ထွက်သွားခဲ့ကြခြင်း ဖြစ်သည်။ ဤအတိုက်ပွဲတွင် မည်သူ အနိုင်မရလဲဆိုတာ မသိနိုင်သေးပေ။ စန်းဧကရာဇ် ဘယ်တော့မှ ပြန်မလာနိုင်တော့တာလည်း ဖြစ်နိုင်သည်။ ထို့ကြောင့် လုမင်၏ လဲ့တင်းကို ပြန်မရနိုင်လောက်တော့ပေ။

ကံကောင်းထောက်မစွာဖြင့်၊ စန်းဧကရာဇ်၏ သိုလှောင်လက်စွပ်ကို လျော်ကြေးအဖြစ် ရရှိခဲ့သောကြောင့် လုမင် အနည်းငယ် ကျေနပ်ခဲ့သည်။

"စန်းဧကရာဇ်ရဲ့ သိုလှောင်လက်စွပ်ထဲမှာ ဘာတွေပါလဲ ကြည့်ရအောင်။ ဧကရာဇ်ရတနာတွေ၊ ဧကရာဇ်ဆေးလုံးတွေများ ရှိနေမလားမသိဘူး"

လုမင်၏ မျက်လုံးများက တောက်ပလာသည်။ သူက သိုလှောင်လက်စွပ်ကို ကောက်ယူပြီး ယွမ်ချီစွမ်းအင် ချက်ချင်း ပို့လွှတ်လိုက်၏။

"ဟင်"

လုမင် အံ့သြသွားသည်။ သူဖွင့်လို့မရပါ။

"ဆက်လုပ်မယ်"

လုမင် အံကြိတ်ပြီး ယွမ်ချီစွမ်းအင်ကို ဆက်လက်ပို့လွှတ်လိုက်သော်လည်း ဖွင့်မရသေးပေ။

"ဆက်လုပ်မယ်၊ ဆက်လုပ်မယ်ကွာ..."

အတန်ကြာ ကြိုးစားနေပြီးနောက် လုမင် လက်လျှော့သွားခဲ့သည်။

"သေစမ်း၊ ဒီသိုလှောင်လက်စွပ်မှာ စန်းဧကရာဇ်ရဲ့ အမှတ်အသား ရှိတာပဲ။ ငါ့ရဲ့ ကျင့်ကြံခြင်းနဲ့ ဒီအမှတ်အသားကို လုံးဝ မချိုးဖျက်နိုင်ဘူး"

လုမင် ကောင်းကင်ကိုမော့ပြီး အော်ဟစ်ချင်သွားသည်။

စိတ်ဓာတ်ကျလွန်းသဖြင့် သူ သွေးအန်တော့မည်။

အဆီတုံးကြီးကို ပါးစပ်ထဲရောက်မှ ဆက်မစားနိုင်သော သူ့အဖြစ်။

ယင်းက သိုင်းဘုရင်၏ သိုလှောင်လက်စွပ်ကို သူ ရရှိခဲ့သည့် အတိတ်အချိန်အား ပြန်လည်အမှတ်ရစေခဲ့သည်။ သူ့မှာ အကူအညီမဲ့ပြီး မည်သို့မျှ မတတ်နိုင်ခဲ့ပေ။

အခြေအနေခြင်းက အလွန်တူသော်လည်း ဤတစ်ကြိမ်တွင် လုမင် ပို၍ စိတ်ဓာတ်ကျမိသည်။ ဤသည်မှာ ဧကရာဇ်တစ်ပါး၏ သိုလှောင်လက်စွပ် ဖြစ်၏။ သူ၏ အန္တိမရတနာ လဲ့တင်းနှင့် လဲလှယ်ပြီး ရရှိလာခဲ့ခြင်း ဖြစ်ချေသည်။

လုမင် အလျှော့မပေးချင်ဘဲ အကြိမ်အနည်းငယ် ကြိုးစားလိုက်သော်လည်း နောက်ဆုံးတွင် ကူကယ်ရာမဲ့စွာ လက်လျှော့လိုက်ရသည်။

သူ၏ ကျင့်ကြံခြင်းအဆင့်က စန်းဧကရာဇ်၏ အမှတ်အသားကို ချိုးဖျက်ရန် မလုံလောက်ပေ။ တဖြည်းဖြည်း ချိုးဖျက်လိုလျှင်ပင် သူတော်စင်နယ်ပယ် ကျင့်ကြံခြင်းအခြေခံမဟုတ်ဘဲ လုပ်နိုင်လိမ့်မည်မဟုတ်ပါ။

လုမင်လည်း စန်းဧကရာဇ်ကို အချိန်အတော်ကြာ မကျေမနပ်ဖြင့် မြည်တွန်တောက်တီးနေလိုက်သည်။ သူက သိုလှောင်လက်စွပ်ကို သူ့အား ပေးခဲ့မှတော့ ၎င်းပေါ်မှ အမှတ်အသားကို အဘယ်ကြောင့် မဖယ်ရှားခဲ့သနည်း။

နောက်ဆုံးတွင် စန်းဧကရာဇ်၏ သိုလှောင်လက်စွပ်ကို သိမ်းထားရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

ထို့နောက် အနက်ရောင်တောင်ပံများက သူ့နောက်ကျောတွင် ပေါ်လာသည်။

လုင်က အနက်ရောင်တောင်ပံများကို ဆက်လက်သန့်စင်ရန် စဉ်းစားထား၏။

အနာဂတ်တွင်လည်း အနက်ရောင်တောင်ပံများကို မကြာခဏ သန့်စင်ရမည်။ ဤနည်းဖြင့် သူတော်စင်ရတနာတစ်ခု၏ စွမ်းအားကို တဖြည်းဖြည်း ပို၍ ထုတ်ဖော်လာနိုင်မည် ဖြစ်သည်။

နောက်တစ်နေ့သို့ရောက်မှ လုမင်ဟာ အနက်ရောင်တောင်ပံများကို ပြန်လည် သိမ်းဆည်းလိုက်သည်။

ထို့နောက် ဒိုင်းလွှားကို ထုတ်ယူကာ တစ်ဖန် သန့်စင်လိုက်လေသည်။

All Chapters