← Chapters

အခန်း ၁၄၅၅

Vol. 97 Ch. 1455

အခန်း ၁၄၅၅

Vol. 97 Ch. 1455

အပိုင်း ( 1455 ) သူတော်စင်နယ်ပယ် နဂါးအရိုး။

"ဒုတိယ ဆရာတူအစ်ကို"

လုမင် ပြုံးပြီး ပြောလိုက်သည်။

"ကျွန်တော် စိတ်ထဲမထားပါဘူး၊ ဒါ့ထက် အဋ္ဌမမြောက် ဆရာတူအစ်မရဲ့ ခွန်အားက တကယ် နက်ရှိုင်းတယ်။ သူ့ကို အတော်လေးစားသွားမိတယ်"

"နဝမမြောက် ညီလေး၊ မင်းကို ပြောရဦးမယ်"

လုံယွမ်ရှန်က ထူးခြားသော အပြုံးတစ်ခုကို လှစ်ဟလာခဲ့သည်။

"တကယ်တော့ အဋ္ဌမမြောက် ညီမလေးက လူသား မဟုတ်ဘူး"

"လူသား မဟုတ်ဘူး၊ နတ်ဆိုးသားရဲလား"

ရေရွတ်ရင်း လုမင်၏ မျက်လုံးထောင့်များ လှုပ်သွားသည်။

"အဋ္ဌမမြောက် ညီမလေးရဲ့ မူလခန္ဓာက နဂါးတစ်ကောင်၊ သွေးသန့်စင်တဲ့ အစစ်အမှန်နဂါးတစ်ကောင်ပဲ"

လုံယွမ်ရှန်က ပြောလိုက်သည်။

"ဗျာ၊ သွေးသန့်စင်တဲ့ အစစ်အမှန်နဂါးလား"

လုမင် အံ့သြသွားသည်။

ရှန်းရွှီတိုက်အဖွဲ့အစည်းတွင် သွေးသန့်စင်သော နတ်သားရဲတစ်ကောင်ကို လုမင် တစ်ခါမျှမတွေ့ခဲ့ဖူးပါ။ သွေးသန့်စင်သော နတ်သားရဲက နတ်ဘုရားဆင့်ကိုး သွေးမျိုးဆက်နှင့် ညီမျှသည်။

သို့ရာတွင်၊ တကယ်တမ်းမှာတော့ အဆင့်ကိုး နတ်သားရဲသွေးမျိုးဆက်နှင့် သွေးသန့်စင်သော နတ်သားရဲက မတူညီသောကမ္ဘာများ ဖြစ်ကြသည်။

သွေးသန့်စင်သော နတ်သားရဲက မွေးရာပါ အားသာချက်ရှိပြီး အလွန်တရာ အစွမ်းထက်သည်။ လူသားတစ်ဦး၏ သန္ဓေဝိညာဉ်ခန္ဓာသည်ပင်လျှင် သွေးသန့်စင်သော နတ်သားရဲသွေးထက် နိမ့်ကျသေးသည်။

အထူးသဖြင့် အစစ်အမှန်နဂါးကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှု ဖြစ်သည်။

အစစ်အမှန်နဂါးတစ်ကောင်သည် ဝိညာဉ်ပင်လယ်နယ်ပယ် ကျင့်ကြံသူ၏ ခွန်အားဖြင့် မွေးဖွားလာသည်ဟု ဆိုကြသည်။ သူတို့ မလေ့ကျင့်ဘဲနေလျှင်ပင် သဘာဝအတိုင်း ကြီးပြင်းလာပြီး သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဝင်ရောက်လာလိမ့်မည်။

လေ့ကျင့်နေပါက၊ သူတို့၏ အောင်မြင်မှုများမှာ ပို၍ မြင့်မားမည် ဖြစ်သည်။

ထို့အပြင်၊ သွေးသန့်စင်သော နတ်သားရဲများမှာ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ရောက်ရှိပြီးနောက် ၎င်းတို့၏ခန္ဓာကိုယ်များကလည်း အသွင်ပြောင်း၍ ပိုမို ကြောက်စရာကောင်းလာလိမ့်မည်။

သို့ရာတွင် အစစ်အမှန်နဂါးများတွင်လည်း အရည်အချင်းအားဖြင့် ကွဲပြားမှုရှိသည်။ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဝင်ရောက်ပြီးနောက် ၎င်းတို့၏ ခန္ဓာကိုယ် အင်အားသည်လည်း ကွဲပြားသွားပေမည်။

လုမင်ဟာ ရွယ်နင်ရှင်း၏ ခန္ဓာကိုယ်က မြေကမ္ဘာအဆင့်နိမ့်တွင်မဟုတ်ကြောင်း ခံစားခဲ့ရသည်။ ယင်းက မြေကမ္ဘာအလယ်လတ်အဆင့်ကိုပင် ကျော်လွန်သွား၏။

ထို့အပြင် သူမက အစစ်အမှန်နဂါး ဖြစ်နေသည်။ သူမက ဤမျှအစွမ်းထက်ခဲ့သည်မှာ အံ့သြစရာမဟုတ်တော့ပေ။

'ယွမ်လုက မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ငါရောက်ပြီးမကြာခင်မှာပဲ သွေးသန့်စင်တဲ့ အစစ်အမှန် နဂါးတစ်ကောင်ကို တွေ့ခဲ့ရတယ်။ ဒါ့အပြင် ယွမ်လုမှာ တခြားသွေးသန့်စင်တဲ့ နတ်သားရဲတွေဖြစ်တဲ့ ချီလင်နဲ့ ဖီးနစ်တွေတောင် ရှိဦးမလား မသိဘူး'

လုမင်၏ နှလုံးသားတွင် အဆုံးမရှိသော မျှော်လင့်ချက်များဖြင့် ပြည့်သွားသည်။

ယွမ်လုက ရှန်းရွှီတိုက်အဖွဲ့အစည်းထက် ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းပြီး တောက်ပမည်မှာ သေချာလှပေသည်။

မရေမတွက်နိုင်သော ပါရမီရှင်များနှင့် နတ်သားရဲများစွာ၏ ပြိုင်ဆိုင်မှုက လုမင်၏ သွေးများကို ဆူပွက်လာစေခဲ့သည်။

"နဝမမြောက်ညီလေး၊ မင်း ဘယ်သွားမလို့လဲ"

လုံယွမ်ရှန်က မေးလိုက်သည်။

"ကျွန်တော် အသုံးဝင်တဲ့အရာတွေကို လဲလှယ်ဖို့ ရတနာနဂါးခန်းမကို သွားမလို့ပါ"

လုမင် ပြန်ဖြေသည်။

"ဟ၊ ငါလည်း ရတနာနဂါးခန်းမကိုသွားမလို့ပဲ။ ငါ မင်းကို ခေါ်သွားလိုက်မယ်"

လုံယွမ်ရှန်က ပြုံးလိုက်သည်။

"ကောင်းပြီ"

လုမင်လည်း ခေါင်းညိတ်ပြပြီး လုံယွမ်ရှန်နှင်အတူ ရတနာနဂါးခန်းမသို့ လိုက်သွားတော့သည်။

ရတနာဂါးခန်းမက ကြီးမားသော နှင်းတောင်ပေါ်တွင် တည်ရှိသည်။ နဂါးနတ်ဘုရားတောင်ကြားမှ တပည့်များစွာက ဤနေရာတွင် ရတနာများနှင့် ၎င်းတို့၏ ထည့်ဝင်မှတ်များကို လဲလှယ်နိုင်၏။ ဟုတ်သည်၊ သူတို့၏ ရတနာများကိုလည်း ထည့်ဝင်မှတ်အဖြစ် လဲလှယ်နိုင်သေးသည်။

မကြာခင်မှာပဲ လုမင်နှင့် လုံယွမ်ရှန်တို့ဟာ ရတနာနဂါးခန်းမသို့ ရောက်လာခဲ့ကြသည်။

ရတနာနဂါးခန်းမအပြင်ဘက်တွင် အလွန့်အလွန် များပြားသော လူများ ဝင်ထွက်သွားလာနေ၏။ ကံကောင်းထောက်မစွာဖြင့် ခန်းမက အလွန်ကြီးမားကာ ဤလူအားလုံး လွတ်လွတ်လပ်လပ် သွားလာနိုင်ကြသည်။

'ကျွမ်းကျင်သူတွေ အများကြီးပဲ'

ဝိညာဉ်အသိဖြင့် ဧရိယာကို အကဲခတ်လိုက်ပြီးနောက် ဤလူများအားလုံးဟာ သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူများဖြစ်ကြောင်း လုမင် သတိပြုလိုက်မိသည်။ အုပ်ချုပ်သူနယ်ပယ်အောက်မှ ကျင့်ကြံသူဟူ၍ တစ်ဦးမျှ မတွေ့ခဲ့ရပေ။

ရတနာနဂါးခန်းမ၏ ပတ်ပတ်လည်မှာတော့ ကောင်တာများစွာ ရှိသည်။

"ဆရာတူညီလေး၊ မင်း အေးအေးဆေးဆေး လျှောက်ကြည့်လိုက်ပါဦး။ ငါ့မှာ လုပ်စရာတွေ ရှိသေးတယ်"

လုံယွမ်ရှန်က ပြောလိုက်သည်။

"အကိုကြီး၊ သွားစရာရှိရင်သွားပါခင်ဗျာ"

လုမင် ခေါင်းညိတ်လိုက်၏။

လုံယွမ်ရှန်လည်း ခေါင်းညိတ်ပြပြီး ထွက်သွားတော့သည်။ လုမင်ကတော့ ပတ်ဝန်းကျင်ကို စူးစမ်းရင်း ကြည့်လိုက်သည်။

ခဏကြာ လှည့်ကြည့်ပြီးနောက် ကောင်တာတစ်ခုဆီသို့ လုမင် လျှောက်သွားသည်။ ကောင်တာရှေ့တွင် ဆံပင်ဖြူ အဘိုးကြီးတစ်ယောက် ထိုင်နေ၏။

"အကြီးအကဲ၊ ဒီမှာ ဝိညာဉ်အရည်ရှိမလားလို့ မေးပါရစေ"

လုမင် မေးလိုက်သည်။

"ရှိပါတယ်။ ဒီကျောက်စိမ်းပြားမှာ ဝိညာဉ်အရည်အမျိုးမျိုးကို မှတ်တမ်းတင်ထားတယ်။ မင်းစိတ်ကြိုက်ရွေးလို့ရပါတယ်"

အဘိုးအိုက ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို ထုတ်ပြီး လုမင်အား ပေးလိုက်သည်။

လုမင်လည်း လက်ခံယူကာ ဝိညာဉ်အသိဖြင့် ကြည့်လိုက်၏။ ထိုအခါ ရာနှင့်ချီသော ဝိညာဉ်အရည်များကို မှတ်တမ်းတင်ထားကြောင်း သတိပြုလိုက်မိသည်။ ဝိညာဉ်ရေးအရည်တစ်ခုစီ၏ လုပ်ဆောင်မှုများနှင့် သက်ရောက်မှုများကိုလည်း ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားသေးသည်။

လုမင်လည်း အတန်ကြာအောင် တစ်ခုပြီးတစ်ခု ကြည့်နေပြီးနောက် အဘိုးအိုကို ကျောက်စိမ်းပြား ပြန်‌ပေးလိုက်သည်။

"အကြီးအကဲ၊ ကျွန်တော် ညဝိညာဥ်တစ်သောင်းလိုချင်ပါတယ်။ ဘယ်လိုလဲလှယ်ရမလဲ"

လုမင် မေးလိုက်သည်။

"ညဝိညာဉ်တစ်သောင်းက ဝိညာဉ်ဆေးပင်တွေရဲ့ ကြီးထွားမှုကို မြှင့်တင်ပေးနိုင်တယ်။ အဲဒါက မှော်ဆေးပညာရှင်တွေ လိုအပ်တဲ့ အရာတစ်ခုပဲလေ။ အတော်လေး တန်ဖိုးကြီးလို့ ထည့်ဝင်မှတ် တစ်ထောင်၊ နှစ်ထောင်လောက် တန်တယ်"

အဘိုးအိုက ပြော၏။

'ထည့်ဝင်မှတ်တစ်ထောင်... ဒါက တကယ်စျေးကြီးတာပဲ'

လုမင် စိတ်ထဲမှ ညည်းညူလိုက်မိသည်။

ထည့်ဝင်မှတ်တစ်မှတ်က အလယ်အလတ်တန်းစား ကျောက်ကြမ်းတစ်ရာနှင့် ညီမျှသည်။ ထည့်ဝင်မှတ်တစ်ထောင်က အလယ်အလတ်တန်းကျောက်ကြမ်းတစ်သိန်းနှင့် ညီမျှ၏။ ယင်းက ထိပ်တန်းအဆင့် အသက်၏ရေနှင့်ပင် တန်ဖိုးချင်း တူညီလုနီးနီးပင်။

သို့သော်လည်း ရှေးဟောင်းဉာဏ်အလင်းသစ်ပင် ကြီးထွားစေရန် ကူညီနိုင်ပါက ထိုက်တန်သည်။

"အကြီးအကဲ၊ ကျွန်တော် ညဝိညာဉ်တစ်သောင်း တစ်ဆယ် ကီလိုဂရမ် လိုချင်ပါတယ်"

လုမင် ပြောလိုက်သည်။

"ကောင်းပြီ၊ မင်းရဲ့ အမှတ်အသားတံဆိပ် ပေးပါ"

အဘိုးအိုက ပြောသည်။

လုမင်လည်း တံဆိပ်ကို အဖိုးအိုထံ ပေးလိုက်လေသညိ။ အဘိုးအိုက တံဆိပ်ပြားကို စကင်ဖန်ဖတ်သလို ပြုလုပ်ပြီးမှ လုမင်ထံ ပြန်ပေးလိုက်လေသည်။ လုမင် ကြည့်လိုက်တော့ ထည့်ဝင်မှတ်တစ်သိန်း လျော့နည်းသွားကြောင်း တွေ့လိုက်ရသည်။

ထို့တောက် အဖိုးအိုက ကျောက်စိမ်းအိုးတစ်လုံးကို ထုတ်ပြီး လုမင်ထံ လွှဲပေးလိုက်၏။ ကျောက်စိမ်းအိုးထဲမှာတော့ ညဝိညာဉ်တစ်သောင်း အရည် တစ်ဆယ်ကီလိုဂရမ် ရှိနေတော့သည်။

လုမင်လည်း ကျေနပ်သောအကြည့်ဖြင့် သိမ်းလိုက်သည်။

"အကြီးအကဲ၊ သိုင်းအုပ်ချုပ်သူနယ်ပယ်အထက်က အစစ်အမှန်နဂါးနဲ့ပတ်သက်တဲ့ နဂါးအရိုး၊ နဂါးသွေး၊ နဂါးခြင်ဆီ အစရှိတဲ့အရာတွေ ရှိလား"

လုမင်က အဖိုးအိုကို ခပ်တိုးတိုး မေးလိုက်သည်။

ရှမ်းဟွမ်တိုက်ကြီးတွင်ရှိစဉ်က လုမင်ဟာ နဂါးအရိုးတစ်ချောင်းကို ရရှိခဲ့ဖူးသည်။ သို့သော်လည်း ထိုနဂါး၏ ကျင့်ကြံခြင်းအခြေခံက မမြင့်မားသလို၊ သေဆုံးသွားသည်မှာ ကြာပြီဖြစ်သောကြောင့် စွမ်းအင်အများစု မရှိတော့ပေ။ ထိုနဂါးအရိုးမျိုးက လက်ရှိ လုမင်အတွက် လုံးဝ အသုံးမဝင်တော့ပါ။

"ငါတို့မှာ သိုင်းအုပ်ချုပ်သူနယ်ပယ်အထက်နဲ့ စွမ်းအင်အပြည့်ရှိတဲ့ နဂါးပစ္စည်းတွေရှိပါတယ်။ ဒါပေမဲ့ အများကြီးမရှိတဲ့အပြင် ဈေးကကြီးလွန်းတယ်"

အဘိုးအိုက အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ ပြန်ပြောလိုက်၏။

"အကြီးအကဲ၊ ကျွန်တော် လဲလှယ်ချင်ပါတယ်"

လုမင်၏ မျက်လုံးများ အရောင်လက်သွားသည်။

"ကောင်းပြီ၊ ငါ မေးကြည့်လိုက်ဦးမယ်"

အဘိုးအိုလည်း အသံလွှင့်ကျောက်တစ်ခုဖြင့် သတင်းပို့လိုက်သည်။ ခဏကြာတော့ သတင်း ပြန်ရောက်လာ၏။

"မင်းရဲ့တောင်းဆိုချက်အရ၊ အလေးချိန် ကီလိုဂရမ်သုံးဆယ်ရှိတဲ့ နဂါးအရိုးတစ်ခုရှိတယ်။ အစစ်အမှန်နဂါး အသက်ရှင်တုန်းက သူတော်စင်နယ်ပယ်မှာ ရှိခဲ့တယ်လို့ ဆုံးဖြတ်ထားတယ်လေ။ သူ့ရဲ့ဝိညာဉ်အရည်အသွေးက ပြည့်ဝပေမဲ့ ထည့်ဝင်မှတ်ကတော့ နှစ်သန်းကျသင့်မယ်။ မင်း လိုချင်သေးရဲ့လား"

အဘိုးအိုက ပြောသည်။

"ထည့်ဝင်မှတ်နှစ်သန်း"

လုမင် သွေးတိုးချင်သွား၏။

ကီလိုဂရမ်သုံးဆယ် အလေးချိန်ရှိသော နဂါးအရိုးတစ်ခုတည်းက ထည့်ဝင်မှတ်နှစ်သန်း တန်ကြေးရှိနေသည်။

ယင်းက သူတော်စင်ရတနာနှစ်ခု၏ တန်ဖိုးပင်။

သို့သော်လည်း အဖိုးအိုပြောပုံအရ ထိုအစစ်အမှန်နဂါးသည် အသက်ရှင်စဉ်အခါက သူတော်စင်နယ်ပယ်၌ ရှိခဲ့သည်။ သို့ဖြစ်ပေရာ ဤမျှ တန်ဖိုးကြီးတာ အံ့ဩစရာတော့မရှိပေ။

"ကျွန်တော် ယူပါမယ်"

အဆုံးမှာတော့ လုမင် အံကိုတင်းတင်းကြိတ်ပြီး ပြောလိုက်သည်။

အဘိုးအိုလည်း လုမင်ကို တအံ့တသြ ကြည့်လိုက်၏။

လုမင်၏ ကျင့်ကြံခြင်းက ပထမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်တွင်သာ ရှိသေးသော်လည်း ထည့်ဝင်မှတ်နှစ်သန်း ရထားသည်။

"ကောင်းပြီ၊ မင်း ခဏလောက် စောင့်ပါ"

အဘိုးကြီးလည်း ကောင်တာမှ ချက်ချင်း ထွက်သွားသည်။ အဘိုးကြီးမှာ နဂါးအရိုးကို သွားယူမည်ဖြစ်ကြောင်း လုမင် သိ၏။

ခဏအကြာတွင် အဘိုးအိုက သိုလှောင်လက်စွပ်တစ်ကွင်းနှင့် ပြန်လာကာ လုမင်အား ကမ်းပေးလိုက်သည်။

"မင်း အရင်စစ်ဆေးကြည့်လို့ရပါတယ်"

လုမင်လည်း သိုလှောင်လက်စွပ်ကိုယူကာ ဝိညာဉ်အသိဖြင့် စကင်န်ဖတ်လိုက်၏။ အထဲတွင် အားကောင်းသော အတက်အကျများနှင့် ဖြူဆွတ်နေသော နဂါးအရိုးအပိုင်းတစ်ခု ရှိနေသည်ကို တွေ့လိုက်ရတော့သည်။

နဂါးအရိုးပေါ်တွင် ကူးခတ်နေသော နဂါးလေးများကိုပင် ယောင်ဝါးဝါး မြင်နိုင်သည်။

ဤသည်က သာမာန် သိုင်းအုပ်ချုပ်သူနယ်ပယ် အစစ်အမှန်နဂါး၏ အရိုးမဟုတ်ကြောင်း သိသာထင်ရှားလှပေသည်။ ယင်းက သူတော်စင်နယ်ပယ် အစစ်အမှန်နဂါးတစ်ကောင်မှ ကျန်ရစ်ခဲ့ခြင်း ဖြစ်ဖို့များသည်။

လုမင်၏ မျက်နှာက ဝင်းလက်သွားပြီး အဘိုးအိုကို သူ၏ အထောက်အထား တံဆိပ်ပြား လွှဲပေးလိုက်သည်။

အဘိုးအိုက နောက်တစ်ကြိမ် စကင်န်ပြီး နှုတ်ယူလိုက်သောအခါ လုမင်၏ ထည့်ဝင်မှတ်က ငါးသောင်းအဖြစ်သို့ ချက်ချင်း ထိုးကျသွားတော့သည်။

All Chapters