အခန်း ၁၄၅၇
Vol. 98 Ch. 1457
အပိုင်း ( 1457 ) ခေါင်းတလားကိုဖွင့်ပြီး အလောင်းကိုစစ်ဆေးခြင်း။
လျိုခုန်းတောင်မှ ဖုန်းမိသားစုသည် နဂါးနတ်ဘုရားတောင်၏ လက်အောက်မှ မိသားစုလေးတစ်ခု ဖြစ်သည်။ သို့သော်လည်း အကွာအဝေးမှာ အတော်အတန် အလှမ်းဝေး၏။
သူတို့ငါးယောက်က နေ့ရောညပါ ခရီးထွက်ကြသည့်တိုင် ဖုန်းမိသားစုသို့ရောက်ရန် ဆယ်ရက်ကြာသည်။
"ဒီလောက် ကြောက်စရာကောင်းတဲ့ ရောင်ဝါ"
ဖုန်းမိသားစုအနီးသို့ ချဉ်းကပ်လာမိသည်နှင့် သွမ့်ရန် တုန်လှုပ်သွားခဲ့သည်။
အခြားသူများလည်း လေထုက အေးစက်သွားသလို ခံစားလိုက်ကြရ၏။
အရှေ့ဘက်တွင် နန်းတော်များရှိပြီး သူတို့ကိုကြိုဆိုရန် လူတစ်စု ထွက်လာကြလေသည်။
အဖွဲ့ကို ဦးဆောင်လာသူမှာ ဖြူဖျော့ဖျော့မျက်နှာနှင့် လူငယ်တစ်ဦးဖြစ်သည်။ သူက လုမင်နှင့် အခြားသူများကိုမြင်တော့ ချက်ချင်း ဦးညွတ်လိုက်သည်။
"ဖုန်းမိသားစုရဲ့ ဖုန်းယီက နဂါးနတ်ဘုရားတောင်ကြားရဲ့ တမန်တော်တွေကို နှုတ်ခွန်းဆက်ပါတယ်"
"ယဉ်ကျေးနေစရာမလိုပါဘူး"
ရွှီလုံက သူ့လက်ကို ဝှေ့ယမ်းလိုက်၏။
အနည်းငယ် မိတ်ဆက်ပြီးနောက်၊ ဖုန်းယီဟာ ဖုန်းမိသားစုခေါင်းဆောင်၏ တစ်ဦးတည်းသောသားဖြစ်ကြောင်း သိရှိခဲ့ရသည်။ ဖုန်းယီနောက်မှ သူတို့ကိုကြိုဆိုရန် လိုက်လာသူများကတော့ ဖုန်းမိသားစု၏ အကြီးအကဲတချို့ ဖြစ်ချေသည်။
"အားလုံးပဲ အထဲဝင်ပြီးမှ စကားပြောကြရအောင်"
ဖုန်းယီက လုမင်နှင့် အခြားသူများကို ဖုန်းမိသားစု၏ နေအိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။
'ဒီလောက် ကြောက်စရာကောင်းတဲ့ ရောင်ဝါက...'
ဖုန်းမိသားစု၏ နေအိမ်အတွင်းသို့ ဝင်ရောက်လာရင်း လုမင် မျက်မှောင်ကြုတ်သွားသည်။ ဤနေရာရှိ အငွေ့အသက်များက ပို၍ပင် အေးစက်သွားသည်ဟု သူ ခံစားရ၏။
"မကြာသေးခင်က ဖုန်းမိသားစုမှာ တစ်ခုခုဖြစ်ခဲ့သလား"
ဖုန်းမိသားစု၏ ခန်းမတွင် နေရာယူပြီးနောက် ရွှီလုံက ပထမဆုံး ပြောလိုက်သည်။
"လွန်ခဲ့တဲ့ သုံးရက်ကပဲ ငါ့ရဲ့ တတိယဦးလေးလည်း ဆုံးသွားပါပြီ"
ဖုန်းယီက ဝမ်းနည်းနေသော အမူအရာနှင့် ပြောလိုက်လေသည်။
ဖုန်းမိသားစုမှ အခြားသူများ၏ မျက်နှာများလည်း ခပ်ပျက်ပျက်ဖြစ်နေကြသည်။
ဖုန်းမိသားစုမှ မည်သူ့ကို စော်ကားခဲ့သလဲမသိ၊ ဖုန်းမိသားစု၏ အဆင့်မြင့်ကျွမ်းကျင်သူများ ထူးထူးခြားခြား တစ်ယောက်ပြီးတစ်ယောက်သေဆုံးသွားသောကြောင့် တစ်မိသားစုလုံး ထိတ်လန့်တကြား ဖြစ်ခဲ့ရပေသည်။
မဟုတ်လျှင်လည်း နောက်တစ်ခါကျ သေရမည့်လူဟာ မည်သူဖြစ်မည်မှန်း အဘယ်သူသိမည်နည်း။
"သူတို့ ဘယ်လိုသေလဲ သိကြလား"
ရွှီလုံက မေးလိုက်သည်။
"မသိဘူး၊ ငါတို့ သေသေချာချာ စစ်ဆေးပြီးပြီ။ ဒဏ်ရာမရှိဘူး၊ ဒဏ်ရာတစ်ခုမှတောင် မရှိဘူး"
ဖုန်းယီက ခေါင်းယမ်းရင်း ပြောလိုက်၏။
"ဒဏ်ရာမရှိဘူးလား၊ အဲဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
ဖူရှင်း မယုံကြည်နိုင်စွာ ပြောလိုက်သည်။
“တကယ်ကို ဒဏ်ရာ မရှိပါဘူး။ ငါတို့ သေသေချာချာ စစ်ဆေးပြီးပြီ။ ငါ့အဖေ၊ ငါ့ရဲ့ ဒုတိယဦးလေး၊ တတိယဦးလေး အားလုံး အတူတူပဲ။ နေရင်းထိုင်ရင်း ရုတ်တရက် သေသွားသလိုမျိုး ဒဏ်ရာ လုံးဝ မရှိတာ၊ ဒါပေမဲ့ သူတို့အားလုံးက သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူတွေပဲလေ။ ဒါကြောင့် အခုလိုမျိုး သူတို့ ရုတ်တရက်သေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီနောက်ကွယ်မှာ တစ်ယောက်ယောက် ရှိကိုရှိရမယ်"
ဖုန်းယီက အံကိုတင်းတင်းကြိတ်ထားရင်း ပြောလိုက်သည်။
"ဖုန်းမိသားစုမှာ ရန်သူတွေရှိလား"
ရွှီလုံက မေးသည်။
"ငါတို့ ဖုန်းမိသားစုက လျိုခုန်းတောင်မှာ အတော်လေး အားနည်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်အားဖြင့် ငါတို့လှုပ်ရှားဆောင်ရွက်တဲ့အခါ အတော်လေး သတိထားကြတယ်။ အခြားအင်အားစုတွေကိုလည်း တတ်နိုင်သမျှ မစော်ကားမိအောင် နေခဲ့တာပါ။ ဒါကြောင့် ငါတို့ ဖုန်းမိသားစုက အခြားမိသားစုတွေနဲ့ ဆက်ဆံရေး ကောင်းမွန်ပြီး ရန်သူမရှိပါဘူး"
ဖုန်းယီ ပြောလိုက်၏။
ရွီလုံ၊ လုမင်နှင့် အခြားလူများ မျက်မှောင်ကြုတ်သွားကြသည်။
ယခု ပြောပုံအရ ရန်သူမရှိသလို ဒဏ်ရာလည်းမရှိပေ။ သဲလွန်စ လုံးဝ မရှိဘူးဟု ဆိုနိုင်သည်။ သို့ဆိုလျှင် သူတို့ မည်သို့စုံစမ်းရမည်နည်း။
ယုန်ပြန်ပေါ်လာမည်ကို စောင့်ရဦးမည်လော။
တစ်ဖက်လူများ ထပ်မံတိုက်ခိုက်မည်ကို စောင့်ရပါမည်လော။
ခန်းမက ရုတ်တရက် တိတ်ဆိတ်သွားပြီး လေထုမှာလည်း အနည်းငယ်လေးလံသွားပုံရသည်။
"ငါတို့ အခေါင်းကိုဖွင့်ပြီး အလောင်းကို ခွဲစိပ်ကြည့်ဖို့ အကြံပေးချင်တယ်"
ရုတ်တရက် အသံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
စကားပြောလာသူမှာ လုမင် ဖြစ်၏။
"အခေါင်းကိုဖွင့်ပြီး အလောင်းကို ခွဲစိတ်ရမှာလား"
အားလုံးက လုမင်ကို ကြည့်လိုက်ကြသည်။
"ငါ...အဲဒါက အကြံကောင်းတစ်ခုလို့တော့ ငါ မထင်ဘူး။ ငါ့အဖေနဲ့ တခြားသူတွေကို မကြာခင်ကပဲ သင်္ဂြိုဟ်လိုက်တာ၊ အခုလိုလုပ်တာက မလေးမစားလုပ်ရာကျမလား"
ဖုန်းယီက ပြောသည်။
"ခေါင်းတလားကိုဖွင့်ပြီး အလောင်းတွေကို စစ်ဆေးမယ်ဆိုရင် ငါလည်း သဘောတူတယ်။ မဟုတ်ရင် သဲလွန်စမရှိဘဲ ဒီကိစ္စကို ဘယ်လိုစံစမ်းရမှာလဲ။ တကယ်လို့ တစ်ဖက်လူက ထပ်မလှုပ်ရှားသေးဘူးဆိုရင် ဒီကိစ္စကို ရပ်ထားလိုက်ရမှာလား"
ရွှီလုံက ဝင်ပြောလိုက်၏။
ထို့နောက် ဖူရှင်း၊ သွမ့်ရန်နှင့် ကျန့်ခုန်းတို့ကလည်း ခေါင်းတလားကိုဖွင့်ပြီး အလောင်းကိုစစ်ဆေးရန် အသီးသီး သဘောတူကြောင်း ပြောခဲ့ကြပေသည်။
ယင်းကြောင့် ဖုန်းယီ၏အမူအရာ ပြောင်းလဲသွားသော်လည်း အဆုံးတွင် အံကြိတ်ကာ ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။
ဖုန်းယီနှင့် ဖုန်းမိသားစုမှ အဆင့်မြင့်ခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် သူတို့အဖွဲ့ဟာ အနောက်ဘက် တောင်ပေါ်သို့ ဦးတည်သွားခဲ့သည်။
မကြာမီ၊ သူတို့အဖွဲ့က ဖုန်းမိသားစုခေါင်းဆောင်နှင့် အခြားသူများ၏ သင်္ချိုင်းနေရာသို့ ရောက်ရှိလာကြသည်။
ဖုန်းယီက ဖုန်းမိသားစုမှ လူများကို လုပ်ကိုင်ဆောင်ရွက်ရန် အချက်ပြလိုက်၏။ မကြာမီ၊ ရွှေခရမ်းရောင် ခေါင်းတလားသုံးခုက ရွှီလုံနှင့် အခြားသူများရှေ့တွင် အဖုံးဖွင့်လျက် ပေါ်လာတော့သည်။
ခေါင်းတလားများ အတွင်းမှာတော့ လူလတ်ပိုင်းအရွယ် အမျိုးသားသုံးဦးက ငြိမ်သက်စွာ ရှိနေခဲ့ကြသည်။
သူတို့သုံးဦးက သိုင်းအုပ်ချုပ်သူများဖြစ်၍ အနည်းဆုံး နှစ်တစ်ရာမကြာဘဲ ၎င်းတို့၏အလောင်းများမှာ ဆွေးမြေ့သွားမည် မဟုတ်ပေ။
လုမင်၊ ရွှီလုံနှင့် အခြားသူများလည်း အလောင်းများကို သေသေချာချာ စစ်ဆေးလိုက်ကြသည်။
ရုတ်တရက်၊ လုမင်၏ မျက်ခုံးများက တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ လှုပ်သွားသည်။ သူ့မျက်လုံးများမှာလည်း သံသယအရိပ်အမြွက်တစ်လု ဖြတ်ပြေးသွား၏။ သို့သော်လည်း သူက ဘာမျှမပြောခဲ့ပေ။
ထို့နောက် အလောင်းများကို သေသေချာချာ စစ်ဆေးခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း ဒဏ်ရာ အနည်းငယ်မှမရှိခဲ့ပေ။
"ဒဏ်ရာမရှိဘူးလား"
လုမင် မျက်မှောင်ကြုတ်လိုက်သည်။ စန်းဧကရာဇ်၏လျှို့ဝှက်နယ်မြေမှ ဒဏ်ရာမရှိဘဲ သေဆုံးနေကြသော ကျွမ်းကျင်သူ အလောင်းများကို ပြန်သတိရမိ၏။
လုမင်ဟာ ထိုလူများကို ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်မှ သတ်ခဲ့ခြင်းဖြစ်မည်ဟု မှန်းဆခဲ့မိသည်။ သို့သော်၊ ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်က စန်းဧကရာဇ်၏လက်မှ လွတ်မြောက်ခဲ့လျှင်ပင် အဆင့်နိမ့် သိုင်းအုပ်ချုပ်သူများကိုသတ်ရန် ဤနေရာကို ရောက်လာမည်ဟု မထင်ခဲ့ပေ။
ယင်းက မဖြစ်နိုင်ပါချေ။
'ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်၊ စိတ်ဝိညာဉ်ကို ဖျက်ဆီးတာ။ နေဦး၊ ဒီလူတွေရဲ့ စိတ်ဝိညာဉ်တွေကို ဖျက်ဆီးခံခဲ့ရတာလား'
ဤဖြစ်နိုင်ချေကို တွေးတောမိတော့ လုမင်၏ နှလုံးသားက တုန်လှုပ်သွားသည်။
သူ့မျက်လုံးများက အံ့အားသင့်စွာဖြင့် အရောင်လက်သွား၏။ ဤကိစ္စက ထင်သလောက် မရိုးရှင်းသလိုလည်း သူ ခံစားလိုက်ရလေသည်။
ဂရုတစိုက်စစ်ဆေးပြီးနောက်၊ ဖုန်းမိသားစု၏လူများက ခေါင်းဆောင်သုံးဦးကို သင်္ဂြိုဟ်ကာ ပင်မခန်းမသို့ ပြန်လာခဲ့ကြသည်။
ရွှီလုံ၊ ဖူရှင်းနှင့် အခြားသူများလည်း သဲလွန်စ ရှာမတွေ့သဖြင့် မျက်မှောင်ကြုတ်ခဲ့ကြပေသည်။
"ထူးဆန်းတယ်၊ ဘာဒဏ်ရာမှ မရှိဘူး။ သူတို့ရဲ့ ဝိညာဉ်တွေ တိုက်ရိုက် ဖျက်ဆီးခံခဲ့ရတာများ ဖြစ်နိုင်မလား"
ရွီလုံက လေးလေးနက်နက် ပြောလိုက်သည်။
ကျန်သူများလည်း ယင်းက အလွန်ဖြစ်နိုင်ချေရှိသလို ခံစားခဲ့ကြရပေသည်။
"တရားခံက ဖုန်းမိသားစုကို ရန်ငြိုးထားပြီး ကလဲ့စားချေဖို့ ဒီကိုရောက်နေတာဆိုရင် နောက်ပစ်မှတ်က မင်းပဲဖြစ်နိုင်တယ်၊ ဖုန်းသခင်လေး"
ဖူရှင်း၏ ပြောစကားက ဖုန်းယီ၏ မျက်နှာကို ဖြူဖျော့သွားစေခဲ့သည်။
"ငါ ဘာလုပ်ရမလဲ။ တမန်တော်ကြီးတွေ ကျေးဇူးပြုပြီး ငါ့ကို ကူညီကြပါ။ ဖုန်းမိသားစု ဒေဝါလီခံသွားရင်တောင် မင်းတို့ကျေနပ်အောင် ငါတို့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ"
ဖုန်းယီ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် တောင်းပန်လိုက်၏။
"အင်း၊ စိတ်ချပါ။ ဒီတာဝန်ကို လက်ခံပြီးကတည်းက မင်းရဲ့ဘေးကင်းမှုကို အာမခံရမှာပေါ့"
ရွှီလုံက ပြောလိုက်သည်။
"ဒီလိုဆိုရင်ကော၊ ငါတို့ ဖုန်းသခင်လေးကို ဘာကြောင့် အလှည့်ကျ မစောင့်ကြပ်ရမှာလဲ။ ဂိုဏ်းတူမောင်လုမင်နဲ့ ဂိုဏ်းတူမောင်လေးကျန့်ခုန်းက တစ်ဖွဲ့၊ ငါနဲ့ ဖူရှင်းက တစ်ဖွဲ့နေပြီး ဂိုဏ်းတူအစ်ကိုရွှီလုံကတော့ တစ်ယောက်တည်း နေလိမ့်မယ်။ ဘယ်လိုသဘောရကြလဲ"
သွမ့်ရန်က ဝင်ပြောသည်။
"ငါအဆင်ပြေပါတယ်"
ဖူရှင်း ပြုံးပြလိုက်၏။
လုမင်လည်း တိတ်တဆိတ် မျက်ခုံးပင့်လိုက်မိသည်။ ဤလူအုပ်စုက အတော်စိတ်ဝင်စားစရာကောင်းပေသည်။
သူနှင့်ကျန့်ခုန်းက ကျင့်ကြံခြင်းအခြေခံ အားအနည်းဆုံးဖြစ်သော်လည်း အဖွဲ့တစ်ခုတည်းတွင် နေရာချနေသည်။
ယင်းက အဓိပ္ပာယ်မရှိပေ။
လုမင်၏ နှုတ်ခမ်းများက အနည်းငယ်တွန့်ကွေးသွားကာ ပြုံးလိုက်သည်။
၎င်းတို့ငါးဦးတွင် ရွှီလုံ၊ ဖူရှင်းနှင့် သွမ့်ရန်တို့က တတိယအဆင့် သိုင်းအုပ်ချုပ်သူများ ဖြစ်ကြသည်။ သူကတော့ ပထမအဆင့် သိုင်းအုပ်ချုပ်သူသာ ဖြစ်၏၏။
ဤအစီအစဥ်က လုံးဝ အဓိပ္ပါယ်မရှိပေ။
ယုတ္တိဗေဒအရ ရွှီလုံ၊ ဖူရှင်းနှင့် သွမ့်ရန်တို့ဟာ တတိယအဆင့် သိုင်းအုပ်ချုပ်သူများဖြစ်သောကြောင့် ဤတာဝန်ကလည်း တတိယအဆင့် သိုင်းအုပ်ချုပ်သူများသာ ပြီးမြောက်စေနိုင်ခြင်း ဖြစ်တန်ရာသည်။ သို့ဖြစ်ပါလျက်နှင့် ပထမအဆင့် သိုင်းအုပ်ချုပ်သူတစ်ဦးကို ထည့်လိုက်ခြင်းက အဘယ်သို့သော အဓိပ္ပါယ်နည်း။
တစ်စုံတစ်ယောက်က တာဝန်ကို ကြိုးကိုင်နေခြင်းကြောင့် ဖြစ်နိုင်မည်လော။
သို့တည်းမဟုတ်၊ တစ်ယောက်ယောက်က ရွှီလုံ၊ ဖူရှင်းနှင့် သွမ့်ရန်တို့ကို ဤနေရာသို့ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပို့လွှတ်ခဲ့ခြင်း ဖြစ်မည်လော။
လုမင်လည်း ရင်ဖုန်းနှင့် ဟဲယွိတို့ကို ချက်ချင်း ပြန်သတိရသွားသည်။
ရင်ဖုန်းဆိုပါက သူ့အဆင့်အတန်းနှင့် လုမင်ကိုကိုင်တွယ်ရန် တာဝန်တစ်ခုတွင် လှည့်ကွက်များကို သုံးနိုင်သေးသည်။