← Chapters

အခန်း ၁၄၆၀

Vol. 98 Ch. 1460

အခန်း ၁၄၆၀

Vol. 98 Ch. 1460

အပိုင်း ( 1460 ) ဖုန်းမိသားစု၏ အခြေအနေ။

"ဟာကွက်တွေအများကြီးရှိတယ်၊ မဖြစ်နိုင်ဘူး"

ဖုန်းမိသားစုခေါင်းဆောင်၏ မျက်လုံးများက အေးစက်သွားသည်။

သူ၏ စေ့စပ်သေချာသော အစီအစဉ်က ဤမျှလောက် ဟာကွက်များ မည်သို့ရှိနိုင်ပါမည်နည်း။

"မင်းကြားချင်ရင် မင်း စိတ်ဖြောင့်ဖြောင့်ထားပြီး သေလို့ရအောင် ငါပြောပြပါမယ်"

"ခေါင်းတလားကို ဖွင့်လိုက်ကတည်းက ပထမဆုံး ဟာကွက်ကို ရှာတွေ့ခဲ့တာ"

လုမင် ပြောလိုက်သည်။

"ခေါင်းတလားထဲမှာ ဟာကွက်ရှိတာလား၊ မဖြစ်နိုင်ဘူး"

ငြင်းဆိုလိုက်သံ ထပ်မံထွက်ပေါ်လာခဲ့သည်။ သို့ရာတွင်၊ ဤတစ်ကြိမ်မှာတော့ ဖုန်းမိသားစု၏ခေါင်းဆောင်မဟုတ်ဘဲ ဖုန်းယီ ဖြစ်၏။

ရွှီလုံ၊ သွမ့်ရန်နှင့် ဖူရှင်းတို့လည်း နားမလည်နိုင် ဖြစ်ခဲ့ကြသည်။ ရုပ်မလောင်းများကို သူတို့ စစ်ဆေးစဉ်က ဘာမှမတွေ့ပေ။ လူသုံးဦး၏ အလောင်းတွင် ဒဏ်ရာများမရှိသဖြင့် သဲလွန်စလည်း ရှာမတွေ့ခဲ့ပါ။

"ဘယ်လိုဟာကွက်လဲ၊ လုမင်... နင် မဟုတ်တမ်းတရားတွေ လျှောက်မပြောရင် ပိုကောင်းမယ်"

သွမ့်ရန်က လှောင်ပြောင်လိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း။ မိုက်မဲတဲ့မိန်းမ၊ မသိရင်လည်း ငြိမ်ငြိမ်နားထောင်"

လုမင်က သွမ့်ရန်ကိုကြည့်ပြီး အေးစက်စက် ကြိမ်းမောင်းလိုက်၏။

"နင်..."

သွမ့်ရန်၏ လှပသော မျက်နှာလေးက နီမြန်းသွားခဲ့သည်။ လုမင်က သူမကို မိုက်မဲသူဟု ခေါ်နေသည်။

"ကောင်းပြီ၊ ဂိုဏ်းတူညီလေးလုမင်ရဲ့ စကားကို အရင်နားထောင်ရအောင်"

ရွှီလုံက ကြားမှ ဝင်ထိန်းလိုက်သည်။

"ငါ့ရဲ့ ခန့်မှန်းချက်အရ ဖုန်းမိသားစုရဲ့ သေဆုံးသွားတဲ့လူသုံးဦးမှာ ဒုတိယအကြီးအကဲနဲ့ တတိယအကြီးအကဲက တကယ်ပဲ အသတ်ခံခဲ့ကြရတယ်။ ဒါ့အပြင် သူတို့ကို သတ်ခဲ့တဲ့လူက မင်းပဲ၊ ဟုတ်တယ် မဟုတ်လား"

လုမင် ပြောလိုက်သည်။

ဖုန်းမိသားစု၏ ခေါင်းဆောင်က အေးစက်စက်ပြုံးပြီး ဘာမျှပြန်မပြောပေ။

"‌‌ဒါပေမဲ့ သူတို့က မင်းရဲ့ မိသားစုဝင်တွေပဲလေ။ သူတို့ကို သတ်လိုက်မိတဲ့အတွက် အပြစ်ရှိတယ်လို့ မင်း ခံစားခဲ့မိတယ်။ ဒါကြောင့်ပဲ မင်း သူတို့ကို သင်္ဂြိုဟ်တဲ့အခါ သေသေချာချာ ပြင်ဆင်ပေးခဲ့တာ၊ ဒီအတွက် အလောင်းတွေက အင်မတန် သပ်ရပ်မှုရှိခဲ့တယ်"

"ဒါပေမဲ့ ဖုန်းမိသားစုခေါင်းဆောင်ရဲ့ အလောင်းကျတော့ သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားပေမယ့် စေ့စပ်သေချာမှု မရှိခဲ့ဘူး။ တစ်ချို့ အစိတ်အပိုင်းတွေက နည်းနည်း ဖြစ်ကတတ်ဆန်းဆန်ပြီး ဒါက အများကြီးကို ရှင်းပြပေးခဲ့တယ်"

"တကယ်လို့ အဲဒီလူသာ ဖုန်းမိသားစုရဲ့ ခေါင်းဆောင်ဆိုရင် သူ့ကို သဂြိုလ်တုန်းက ဒုတိယအကြီးအကဲနဲ့ တတိယ အကြီးအကဲတွေလို ဘာကြောင့် စေ့စေ့စပ်စပ် မလုပ်ခဲ့တာလဲ။ ဒါက မဖြစ်နိုင်ဘူးလေ၊ သူက ဖုန်းမိသားစုရဲ့ခေါင်းဆောင်အတုဆိုတာ သေချာတယ်။ အဲဒါကြောင့် ဖုန်းယီက သင်္ဂြိုလ်တဲ့အခါမှာ စေ့စပ်သေချာမှု မရှိခဲ့ဘူး"

လုမင်က အေးအေးဆေးဆေး ရှင်းပြလိုက်သည်။

"မင်း... မင်း..."

ဖုန်းယီ၏ မျက်လုံးများ ပြူးကျယ်သွား၏။

လုမင်က ခန့်မှန်းပြောဆိုနေခြင်းဖြစ်သော်လည်း အခြေအနေမှာ အမှန်တကယ် ဖြစ်သည်။

ဖုန်းမိသားစုခေါင်းဆောင်၏ မျက်လုံးများမှာလည်း အံ့အားသင့်မှု အရိပ်အမြွက်တို့ ပေါ်လာခဲ့ပေသည်။

"မင်းက အရမ်းငယ်ပေမဲ့ မင်းရဲ့ စူးစမ်းမှုစွမ်းရည်ကတော့ တကယ်ကို လက်ဖျားခါလောက်ပါတယ်။ တကယ်ကို ချီးကျူးထိုက်တယ်၊ ဒါကို ငါတောင်မှ ငါမမျှော်လင့်ထားဘူး"

"ဒီကောင်…"

တစ်ဖက်မှာလည်း ရွှီလုံ၊ သွမ့်ရန်နှင့် ဖူရှင်းတို့အားလုံး ဤသို့ မစဉ်းစားမိကြောင်း ဝန်ခံလိုက်ရသည်။

"‌ဒါ့အပြင် ဒုတိယအချက်လည်း ရှိသေးတယ်။ လွန်ခဲ့တဲ့သုံးရက်က အရိပ်တစ်ခု ငါနဲ့ကျန့်ခုန်းကို ဆွဲဆောင်ခဲ့တယ်။ သူက ငါတို့ကို တစ်ယောက်ပြီးတစ်ယောက် ဖယ်ရှားချင်နေတာလို့ထင်ပေမဲ့ အဲဒီလူရိပ်က လျိုခုန်းတောင်ရဲ့ ပထဝီအနေအထားကို ရင်းနှီးကျွမ်းဝင်လွန်းတယ်။ သူက ကျန့်ခုန်းကို တိုက်ခိုက်ပြီးတာနဲ့ ပျောက်ကွယ်သွားခဲ့တာ။ ဒါကြောင့် လျှို့ဝှက်လမ်းကြောင်းတစ်ခု ဒါမှမဟုတ် အနီးအနားမှာ တစ်ခုခုရှိမယ် ငါထင်ခဲ့တယ်"

"ဒီလိုဆိုရင် အဲဒီလူက ဖုန်းမိသားစုရဲ့ လူတစ်ယောက်ပဲ။ မဟုတ်ရင် သူက ဒီပတ်ဝန်းကျင်နဲ့ ဘယ်လိုလုပ်ပြီး ဒီလောက်ရင်းနှီးနိုင်မှာလဲ"

"တတိယအချက်ကတော့ အခုအခြေမနေပဲ။ ဖုန်းယီရဲ့ အိပ်ခန်းထဲမှာ ငါတို့ ဝင်္ကပါတည်ဆောက်ထားတာတောင် မင်းက ဖုန်းယီကို အလွယ်တကူ ခေါ်သွားနိုင်သေးတယ်။ ဒါကိုကြည့်ရင် ဖုန်းယီက မင်းနဲ့ အတူတူ လှုပ်ရှားနေကြောင်း ထင်ရှားတယ်။ သူက မင်းနဲ့ အလိုတူအလိုပါပဲ"

"ဒီအချက်တွေကို ဆက်စပ်ကြည့်လိုက်ရင် မင်းရဲ့ အထောက်အထားက သိသာထင်ရှားနေခဲ့ပြီ။ ဖုန်းမိသားစုရဲ့ ခေါင်းဆောင်အပြင် အခြား မရှိနိုင်ဘူး။ မင်းရဲ့ အစီအစဉ်က ဒီနေရာမှာ ဝင်္ကပါတည်ဆောက်ထားပြီး ငါတို့ကို တမင် ဆွဲဆောင်ဖို့ တစ်နည်းပြောရရင် ငါတို့ကို သတ်ဖြတ်လိုက်ဖို့ပဲ။ ဒါပေမဲ့ ငါ အတော်လေးသိချင်နေတာ တစ်ခုရှိတယ်။ ငါတို့က နဂါးနတ်ဘုရားတောင်ကြားရဲ့တပည့်တွေပဲလေ၊ မင်းက ဘာဖြစ်လို့ ငါတို့ကို သတ်ချင်နေရတာလဲ"

လုမင်လည်း အလုံးစဉ် ရှင်းပြပြီးနောက် သူ့သံသယများကို ထုတ်မေးလိုက်သည်။

"ငါတို့ကိုသတ်ဖို့ကြိုးစားနေတာလား။ ဖုန်းမိသားစုက တကယ်ကို အတင့်ရဲတာပဲ၊ ငါ့အမြင်တော့ ဖုန်းမိသားစု မရှိသင့်တော့ဘူး"

သွမ့်ရန်က အေးစက်စက်ဖြင့် ပြောသည်။

"ဟားဟားဟား၊ မင်းက အမှန်တရားကို သိသွားရင်တောင် ဘာဖြစ်လဲ။ ဒီဝင်္ကပါထဲကို မကျရောက်ခဲ့ရင်တောင် ဘာဖြစ်လဲ။ ဒီနေ့ မင်းတို့အားလုံး သေရလိမ့်မယ်"

ဖုန်းမိသားစု၏ခေါင်းဆောင်က လှောင်ပြောင် ရယ်မောလိုက်၏။

"ဝုန်း"

ယင်းနောက်တွင် ‌ဖုန်းမိသားစု၏ခေါင်းဆောင်ထံမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာတော့သည်။

စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်။

"မင်းရဲ့... မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက ဘာဖြစ်လို့ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်လဲ"

ရွှီလုံ၊ သွမ့်ရန်နှင့် ဖူရှင်းတို့ အံ့ဩသွားကြသည်။

သတင်းအချက်အလက်များအရ မိသားစုလေးတစ်ခုဖြစ်သော ဖုန်းမိသားစု၏ ခေါင်းဆောင်ဟာ တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းကလည်း နဂါးနတ်ဘုရားတောင်ကြား၏ တပည့်များနှင့် နှိုင်းယှဉ်၍မရပေ။ ထို့ကြောင့်ပင် သူတို့က အစပိုင်းတွင် သူ့ကို အလေးအနက်မထားခဲ့ကြပါ။

သို့ရာတွင်၊ ယခုတော့ ဖုန်းမိသားစုခေါင်းဆောင်၏ အရှိန်အဝါက စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။

"ဝှစ်၊ ဝှစ်၊ ဝှစ်..."

ဤအခိုက်အတန့်တွင် တောထဲမှ လူရိပ်များစွာ ပေါ်လာသည်။ လူရိပ်ရှစ်ခုပေါ်လာပြီး လုမင်နှင့် ကျန်လူများကို ဝိုင်းထားလိုက်၏။

သူတို့ ရှစ်ယောက်စလုံးက အသက်အရွယ် ကြီးရင့်နေပြီဖြစ်ပြီး သူတို့၏ အရှိန်အဝါများကလည်း တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

"တတိယအဆင့် သိုင်းအုပ်ချုပ်သူတွေ အများကြီးပဲ။ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

သွမ့်ရန် အော်ဟစ်လိုက်သည်။

မှတ်တမ်းများအရ၊ အမြင့်ဆုံး ကျင့်ကြံခြင်းအခြေခံရှိသော ဖုန်းမိသားစု၏ခေါင်းဆောင်ဟာ တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ဖြစ်သည်။ အခြား အကြီးအကဲများကတော့ ယေူဘုယျအားဖြင့် ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူများသာ ဖြစ်ချေသည်။

ဖုန်းမိသားစုက နဂါးနတ်ဘုရားတောင်ကြားကဲ့သို့ စန်းပြည်နယ်၏ ထိပ်တန်း အင်အားစုကြီးများထဲမှ တစ်ခု မဟုတ်ပေ။ သူတို့က လျိုခုန်းတောင်မှ မျိုးနွယ်စုလေး တစ်ခုမျှသာ ဖြစ်သည်။ သူတို့၏ ကျွမ်းကျင်သူ အရေအတွက်က နဂါးနတ်ဘုရားတောင်နှင့် ယှဉ်လို့မရပါ။

နဂါးနတ်ဘုရားတောင်တွင် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူများစွာ ရှိသည်။ စတုထ္ထအဆင့်နှင့် အထက် သိုင်းအုပ်ချုပ်သူများကိုပင် အလွယ်တကူ ရှာတွေ့နိုင်၏။ သို့သော်လည်း ဖုန်းမိသားစုကဲ့သို့ မျိုးနွယ်စုလေးမှာတော့ ထိုမျှလောက်သော သိုင်းအုပ်ချုပ်သူများ မရှိသင့်ပေ။

ယခုမူ၊ မှတ်တမ်းများနှင့် လုံးဝမတူဘဲ တတိယအဆင့် သိုင်းအုပ်ချုပ်သူရှစ်ဦးက တပြိုင်နက်တည်း ပေါ်လာပြီ ဖြစ်သည်။

ရွှီလုံ၊ သွမ့်ရန်နှင့် ဖူရှင်းတို့၏ မျက်နှာများ မည်းမှောင်သွားတော့သည်။

"ဒီနေ့ မင်းတို့အားလုံးသေရလိမ့်မယ်"

ဖုန်းမိသားစု၏ ခေါင်းဆောင်က ပြင်းထန်သော သတ်ဖြတ်ချင်စိတ်များကို ထုတ်လွှတ်လာခဲ့သည်။ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်တစ်ခုကလည်း လုမင်တို့လေးဦးကို လွှမ်းခြုံသွား၏။

"သတ်"

ဖုန်းမိသားစုခေါင်းဆောင်က ဟိန်းဟောက်ပြီး သူတို့လေးယောက်ထံ ခုန်ဝင်လာတော့သည်။

"ငါ သူ့ကို ရင်ဆိုင်လိုက်မယ်"

ရွှီလုံထံမှ တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်၏ အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့သည်။ တချိန်တည်းမှာပင် တာအိုနယ်မြေကို ဖြန့်ကျက်ပြီး ဖုန်းမိသားစုခေါင်းဆောင်ကို တိုက်ခိုက်လိုက်၏။

"ဒုန်း"

နှစ်ယောက်သား အပြန်အလှန် ထိုးနှက်လိုက်ကြသည်။ ရွှီလုံက နောက်ပြန်ဆုတ်ရသွားသော်လည်း တိုက်ခိုက်မှုကိုတော့ ခုခံနိုင်ခဲ့ပေသည်။

ထိုအချိန်တွင် ဖုန်းမိသားစုမှ အဘိုးကြီးရှစ်ယောက်က ဖူရှင်းနှင့် သွမ့်ရန်ကို ပစ်မှတ်ထားကာ တိုက်ခိုက်လိုက်ကြသည်။

လုမင်ကိုတော့ သူတို့က လျစ်လျူရှုထားကြ၏။ ပထမအဆင့် သိုင်းအုပ်ချုပ်သူတစ်ပါးက သူတို့အတွက်တော့ ခြိမ်းခြောက်မှုတစ်ခု မဟုတ်ပေ။

မြင်ကွင်းက ခဏချင်း ဖရိုဖရဲတိုက်ပွဲကြီးတစ်ခုအဖြစ် ပြောင်းသွားသည်။

ရွှီလုံနှင့် ဖုန်းမိသားစု၏ ခေါင်းဆောင်က ပြင်းထန်စွာ တိုက်ခိုက်လိုက်၏။

နဂါးနတ်ဘုရားတောင်ကြားမှ တပည့်များ၏ တိုက်ခိုက်နိုင်စွမ်းက မျိုးနွယ်လေးများမှ လူများထက် သန်မာကြသည်ကတော့ သံသယဖြစ်စရာမလိုပေ။

ဖူရှင်းနှင့် သွမ့်ရန်က အနည်းငယ် အရေးနိမ့်နေသယောင်ရှိသော်လည်း အဘိုးကြီးရှစ်ယောက်၏ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ကြသည်။

သို့သော်လည်း ရွှီလုံက ဖုန်းမိသားစုခေါင်းဆောင်နှင့် ရင်ဆိုင်ရာမှာ အားနည်းချက်ရှိနေခဲ့၏။

နောက်ဆုံးတွင် ရွှီလုံ၏ ကျင့်ကြံခြင်းအခြေခံက ဖုန်းမိသားစုခေါင်းဆောင်ထက် တစ်ဆင့်နိမ့်သည်။ ထို့အပြင် ရွှီလုံက အဆင့်ကျော်ပြီး တိုက်ခိုက်အနိုင်ယူနိုင်သော ပါရမီရှင်တစ်ဦး မဟုတ်ပေ။ ထို့ကြောင့်ပင် သူ့အင်အားက အားမနည်းသော်လည်း၊ ဖုန်းမိသားစု၏ခေါင်းဆောင်က ဖိနှိပ်ထားခဲ့ဆဲ ဖြစ်သည်။

"သေစမ်း"

ဖုန်းမိသားစု၏ ခေါင်းဆောင်ထံမှ အနက်ရောင်အလင်းများ ထွက်ပေါ်လာခဲ့သည်။

"ဖူး"

ရွှီလုံ၏ပါးစပ်မှ သွေးတစ်ပွက် အန်ထွက်လာ၏။

"ဟားဟားဟား၊ ကောင်လေး... ဒီတစ်ခါတော့ မင်း သေပြီပဲ။ မင်းက ပထမအဆင့် သိုင်းအုပ်ချုပ်သူလေးတစ်ဦးပဲ။ ငါ မင်းကို ကိုင်တွယ်ပါရစေ"

ဖုန်းယီက လုမင်၏နောက်တွင် ပေါ်လာခဲ့သည်။ သူ့အရှိန်အဝါများက လုမင်ကို ဖိအားပေးလာသည်။

ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်။

"ဟုတ်လား"

လုမင်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်၏။

"သတ်"

ထိုအချိန်တွင်၊ မာန်သွင်း ဟိန်းဟောက်သံနှင့်အတူ ရွှီလုံ၏ အရှိန်အဝါက သိသိသာသာ မြင့်တက်သွားတော့သည်။

စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်။

All Chapters