← Chapters

အခန်း ၁၄၆၁

Vol. 98 Ch. 1461

အခန်း ၁၄၆၁

Vol. 98 Ch. 1461

အပိုင်း ( 1461 ) ဝိညာဉ်တုန်ခါခေါင်းလောင်း။

ထိုအချိန်တွင် ရွှီလုံက စတုထ္ထအဆင့် သိုင်းအုပ်ချုပ်သူတစ်ပါး၏ အရှိန်အဝါများကို ရုတ်တရက် ထုတ်ဖော်လိုက်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံက စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အစောပိုင်းအဆင့်သာ ရှိသေးသော်လည်း၊ သန်မာသော တိုက်ခိုက်နိုင်စွမ်းကြောင့် ဖုန်းမိသားစု၏ခေါင်းဆောင်ကို ရင်ဆိုင်နိုင်ခဲ့ပြီ။

'သူက သူ့ရဲ့ကျင့်ကြံခြင်းကို ဖုံးကွယ်ထားတာလား'

လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။

ရွှီလုံက သူ၏ကျင့်ကြံခြင်းအခြေခံကို ဖုံးကွယ်ထားသော်လည်း ယခုအချိန်မှာတော့ ထုတ်ဖော်ရန်မှတပါး အခြား ရွေးချယ်စရာမရှိတော့ပေ။

ရွှီလုံ၏ ရုတ်တရက် ပေါက်ကွဲခြင်းက ဖုန်းမိသားစုမှ အခြားသူများကို တုန်လှုပ်သွားစေခဲ့သည်။

ဖုန်းယီ၏ မျက်လုံးများမှာလည်း အေးစက်စက်အလင်းများ လက်သွား၏။

"ကောင်လေး၊ မင်းကိုပဲ အရင်သတ်လိုက်တော့မယ်။ ပြီးမှ အခြားသူတွေကို ကိုင်တွယ်ဖို့ နည်းလမ်းကို စဉ်းစားမယ်။ သေပေတော့"

ဖုန်းယီ၏ လက်သည်းများက အနက်ရောင်အလင်းများ လင်းလက်လာကာ လုမင်ကို ကုပ်ဆွဲလိုက်တော့သည်။

"ဖြောင်း"

လုမင်က ဖုန်းယီ၏လက်ကို လက်သီးဖြင့် ပြန်ထိုးလိုက်သည်။ အရိုးအက်ကွဲသံများ ထွက်ပေါ်လာပြီး ဖုန်းယီ၏လက်တစ်ဖက်က လက်အရိုးများ ကျိုးကြေသွား၏။

ဖုန်းယီ နာကျင်စွာ အော်ဟစ်လိုက်တော့သည်။

"ဖြောင်း"

လုမင်က ဖုန်းယီ၏ ဒန်တျန်ကို နောက်ထပ် လက်သီးတစ်ချက် ထိုးလိုက်သည်။ ကြောက်စရာကောင်းသော အင်အားတစ်ခု ထွက်ပေါ်လာပြီး ဖုန်းယီ၏ဒန်တျန်ကို ချက်ချင်း ဖျက်ဆီးလိုက်သည်။ ဖုန်းယီလည်း ကြိုးပြတ်သွားသော စွန်တစ်ကောင်ပမာ မီတာရာဂဏန်းအကွာသို့ လွင့်သွား၏။ သူ့ခန္ဓာကိုယ်က တောင်ကုန်းတစ်ခုကို ပြင်းပြင်းထန်ထန် ဝင်ဆောင့်မိကာ အသက်ရှူရပ်သွားတော့သည်။

ဖုန်းယီ၏ ကျင့်ကြံခြင်းက ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်တွင်ရှိသော်လည်း၊ သူ၏ တိုက်ခိုက်နိုင်စွမ်းက နဂါးနတ်ဘုရားတောင်မှ တပည့်များထက် အားနည်းသည်။ လုမင်ကို မဆိုထားနှင့်၊ ဟဲယွိနှင့် ဝမ့်ရှောင်ကဲ့သို့ အခြား ပါရမီရှင်များကိုပင် ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

"ယီအာ..."

ဖုန်းမိသားစု၏ခေါင်းဆောင်ထံမှ ကြောက်စရာကောင်းအောင် ရက်စက်ကြမ်းကြုတ်သည့် သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်လာပြီး ဟိန်းဟောက်လိုက်သည်။

"အဲဒီကောင်ကို သတ်ကြ"

ဖုန်းမိသားစု‌၏ခေါင်းဆောင် အော်ဟစ်လိုက်၏။

"သေစမ်း"

သွမ့်ရန်နှင့်ဖူရှင်းကို တိုက်ခိုက်နေသော အဘိုးကြီးတစ်ဦးလည်း လုမင်ကို ချက်ချင်း တိုက်ခိုက်လာတော့သည်။

မှင်ကဲ့သို့ နက်မှောင်နေသော လက်ဝါးပုံရိပ်ကြီးတစ်ခုက လုမင်ထံသို့ ကျရောက်လာခဲ့သည်။

"သတ်"

လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။ ကစဉ့်ကလျား တာအိုနယ်မြေက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွား၏။ သူက အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးပြုကာ လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။

"ဝုန်း"

လက်သီးအင်အားနှင့် လက်ဝါးပုံရိပ်ကြီး ထိပ်တိုက်တွေ့ဆုံပြီးနောက် ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် ညည်းညူသံနှင့်အတူ အဘိုးကြီး ဒယီးဒယိုင်ဖြင့် ဆုတ်သွား၏။ သူ့ပါးစပ်ထဲမှ သွေးများလည်း အန်ထွက်လာတော့သည်။

"ဝှစ်"

လုမင်၏ ပုံရိပ်က လှုပ်ရှားလာပြီး ပြေးဝင်တိုက်ခိုက်လိုက်သည်။ သူ့လက်သီးက တစ်ဖက်လူထံ ခဏချင်း အချက်ပေါင်းများစွာ တိုးဝင်သွား၏။

အဘိုးကြီးမှာ ဟိန်းဟောက်ပြီး အစွမ်းကုန်ခုခံရန် ကြိုးစားသော်လည်း လုမင်၏လက်သီးအောက်တွင် တစ်ချက်တောင်မှ မခုခံနိုင်ခဲ့ပေ။

လက်သီးအင်အားများ ပျောက်ကွယ်သွားသည်နှင့် အဘိုးကြီးလည်း အပိုင်းပိုင်းကွဲသွားသည်။

တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူတစ်ဦးသည်ပင် လုမင်၏ ချက်ချင်း သတ်ခံလိုက်ရခြင်းက တက်ရောက်သူတိုင်းကို အလွန်တုန်လှုပ်စေခဲ့သည်။

'ဒီလုမင်က တကယ်ကို သန်မာတာပဲ'

သွမ့်ရန်နှင့် ဖူရှင်း၏ မျက်လုံးများက အလင်းရောင်တစ်ခု လက်သွားသည်။ သူတို့ ဘာတွေစဉ်းစားနေမှန်းတော့ မည်သူမျှ မသိပေ။

"ဂိုဏ်းတူညီလေး လုမင်၊ လာပါဦး... ဒီလူကို သတ်ဖို့ ငါ့ကိုကူညီပါဦး"

ထိုအချိန်တွင် ရွှီလုံက အော်ပြောလိုက်သည်။

"ကောင်းပြီ"

လုမင် ခေါင်းညိတ်လိုက်၏။ သူ့ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ကာ ရွှီလုံနှင့် ဖုန်းမိသားစုခေါင်းဆောင်တို့၏ တိုက်ပွဲဆီသို့ ပြေးသွားတော့သည်။

"ဝုန်း"

လုမင်က လက်သီးတစ်ချက် ထုတ်ဖော်လိုက်ရာ လေထု တုန်လှုပ်သွားခဲ့သည်။ ကြောက်စရာကောင်းသော လက်သီးအင်အားက ဖုန်းမိသားစု၏ ခေါင်းဆောင်ဆီသို့ တိုးဝင်သွားသည်။

လုမင်နှင့် လက်သီးချင်း ယှဉ်ထိုးပြီးနောက် ဖုန်းမိသားစု၏ခေါင်းဆောင်မှာ အမှန်တကယ် ခြေတစ်လှမ်း နောက်ပြန်ဆုတ်သွားရ၏။

"ပထမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်နဲ့ သူက ဘယ်လိုလုပ်ပြီး ‌ဒီလောက်တောင် သန်မာနိုင်တာလဲ။ သူက နဂါးနတ်ဘုရားတောင်ကြားရဲ့ ထိပ်သီးပါရမီရှင်များလား"

ဖုန်းမိသားစုခေါင်းဆောင်၏ မျက်လုံးများက အံ့အားသင့်မှုဖြင့် အရောင်ပြောင်းသွားသည်။

"သတ်"

ရွှီလုံကလည်း ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်၏။ လုမင်နှင့် ရွှီလုံတို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ဖုန်းမိသားစု၏ခေါင်းဆောင် အရေးနိမ့်လာတော့သည်။

"ဒေါင်..."

ထိုအချိန်တွင် အနက်ရောင် ခေါင်းလောင်းကြီးတစ်ခုက ဖုန်းမိသားစု‌ခေါင်းဆောင်၏ ဦးခေါင်းထက်မှ ထွက်ပေါ်လာသည်။

ခေါင်းလောင်းမှ မမြင်နိုင်သော လှိုင်းလုံးကြီးတစ်ခု ပျံ့နှံ့သွား၏။ ထိုမမြင်နိုင်သော စွမ်းအား၏ တိုက်ခိုက်မှုကြောင့် သူ၏နတ်ဘုရားဝိညာဉ် တုန်လှုပ်သွားသည်ကို လုမင် ခံစားလိုက်ရသည်။

ခေါင်းလောင်းသံက နတ်ဘုရားဝိညာဉ်ကို တိုက်ခိုက်နိုင်၏။ အတိအကျပြောရလျှင် ၎င်းက နတ်ဘုရားဝိညာဉ်ကို အဓိကတိုက်ခိုက်သော ရတနာတစ်ခု ဖြစ်တော့သည်။

သို့သော်လည်း လုမင်၏ နတ်ဘုရားဝိညာဉ်က အလွန် အစွမ်းထက်သည်။ ထို့အပြင် သူ၏ နတ်ဘုရားဝိညာဉ်က ကျောက်စိမ်းချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထား၏။ ဤအခိုက်အတန့်တွင်၊ ကျောက်စိမ်းချပ်ဝတ်တန်ဆာက နတ်ဘုရားဝိညာဉ်ကို ဖုံးအုပ်ထားသည့် အလင်းအလွှာတစ်ခု ထုတ်လွှတ်လာတော့သည်။ ထို့ကြောင့် လုမင်၏ နတ်ဘုရားဝိညာဉ်က အနည်းငယ် တုန်လှုပ်ရုံမျှသာဖြစ်ပြီး အခြေအနေကောင်းခဲ့သည်။

တစ်ဖက်တွင်မူ ရွှီလုံ၏ မျက်နှာက ဖြူဖျော့သွားသည်။ သူ့ခန္ဓာကိုယ်လည်း တုန်လှုပ်သွားလေသည်။

"သတ်၊ သတ်"

ဖုန်းမိသားစုခေါင်းဆောင်က အခွင့်အရေးကို ဆုပ်ကိုင်ကာ လုမင်နှင့် ရွှီလုံအား ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။

လုမင်က လက်သီးနှစ်ချက်ထုတ်ဖော်ပြီး တိုက်ခိုက်မှုကို တားဆီးခဲ့သော်လည်း ရွှီလုံမှာ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါပြီး ပါးစပ်ထဲမှ သွေးများ အန်ထွက်လာခဲ့ရသည်။

"ဂိုဏ်းတူညီလေးလုမင်၊ မင်း သူ့ကို ခဏတားဆီးထားပါ။ ငါ ဂိုဏ်းတူညီမလေး သွမ့်ရန်တို့ကိုကူညီပြီး အခြားသူတွေကို အရင်သွားသတ်လိုက်ဦးမယ်။ ပြီးရင် မင်းကို ပြန်လာကူညီမယ်"

ထိုအချိန်တွင် ရွှီလုံက အော်ဟစ်ပြီး နောက်ပြန်ဆုတ်သွားသည်။ သူက ဖုန်းမိသားစု၏ခေါင်းဆောင်ကို မတိုက်ခိုက်တော့ဘဲ လုမင်တစ်ဦးတည်း ထားရစ်ခဲ့၏။

"ဟားဟား၊ နဂါးဘုရားတောင်ကြားက တပည့်တွေလည်း အချင်းချင်း တိုက်ခိုက်နေကြပုံရတယ်။ ဒီလိုဆိုမှတော့ မင်း အရင်သေလိုက်တော့"

ဖုန်းမိသားစုခေါင်းဆောင်က လှောင်ပြောင်ရယ်မောလိုက်သည်။ သူ့ဦးခေါင်းထက်ရှိ အနက်ရောင် ခေါင်းလောင်းကြီးမှ မမြင်နိုင်သော လှိုင်းများကလည်း လုမင်ဆီသို့ ပျံ့လွင့်ထွက်ပေါ်လာ၏။ တချိန်တည်းမှာပင် မသတီစရာ အနံ့မျိုး ထွက်ပေါ်နေသော အနက်ရောင် အလင်းများနှင့် လက်ဝါးရိုက်ချက်ကို လုမင်ဆီသို့ ထုတ်ဖော်လာတော့သည်။

လုမင်၏ မျက်လုံးများက အေးစက်စက် အလင်းရောင်များ လက်သွားသည်။ သို့သော်လည်း ဘာမျှမပြောတော့ဘဲ သူ၏ အင်အားအမှန်ကို ထုတ်ဖော်ကာ ဖုန်းမိသားစု၏ခေါင်းဆောင်ကို တိုက်ခိုက်လိုက်တော့သည်။

မျက်စိတစ်မှိတ်အတွင်း၊ လုမင်ဟာ ဖုန်းမိသားစု၏ခေါင်းဆောင်နှင့် ဆယ်ကြိမ်တိုင်တိုင် အပြန်အလှန် ထိုးနှက်ခဲ့သည်။

'သေစမ်း၊ ငါ့ရဲ့ ဝိညာဉ်တုန်ခါခေါင်းလောင်းက ဒီကောင်လေးအတွက် ဘာဖြစ်လို့ မထိရောက်ရတာလဲ။ ဒါ့အပြင် သူ့ရဲ့အင်အားက သန်မာလွန်းတယ်'

အချိန်ကြာလာသည်နှင့်အမျှ‌ ဖုန်းမိသားစု၏ခေါင်းဆောင်မှာ ပို၍ တုန်လှုပ်လာခဲ့သည်။

သူ မည်သို့ပင် တိုက်ခိုက်နေပါစေ၊ လုမင်ကို အနိုင်မယူနိုင်ခဲ့ပေ။ လုမင်က လေပြင်းကြားမှ ကျောက်ဆောင်တစ်ခုကဲ့သို့ ခိုင်မာစွာ ရပ်တည်နေခဲ့သည်။

တစ်ဖက်တွင် ရွှီလုံက သွမ့်ရန်၊ ဖူရှင်းနှင့်အတူ အခြားသူများကို တိုက်ခိုက်လိုက်၏။ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် သူ့အင်အား၊ သန်မာသော တိုက်ခိုက်နိုင်စွမ်းနှင့် တိုက်ပွဲတွင် အသာစီးရလာတော့သည်။

အချိန်တိုလေးအတွင်းမှာပင် သူက အဘိုးကြီးသုံးယောက်ကို ဆက်တိုက်သတ်ခဲ့ပြီး တိုက်ပွဲ၏ ရေစီးကြောင်းကို ပြောင်းလဲစေခဲ့သည်။

"ဝှစ်၊ ဝှစ်..."

ရွှီလုံ၏လက်ထဲမှ ဓားက နဂါးတစ်ကောင်ကဲ့သို့ ကခုန်နေခဲ့သည်။ ကြောက်စရာကောင်းအောင် ထက်မြက်သော ဓားအလင်းများလည်း ထွက်ပေါ်လာ၏။ သွမ့်ရန်နှင့် ဖူရှင်းကလည်း ရွှီလုံနှင့်ပူးပေါင်းကာ ကျန်သော အဘိုးအိုလေးဦးကို မုန်တိုင်းကဲ့သို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်တော့သည်။

"ရွှပ်"

အဘိုးအိုတစ်ဦးမှာ ရွှီလုံ၏ဓားဖြင့် ထက်ခြမ်း ခုတ်ပိုင်းခံလိုက်ရသည်။

ကျန်သော အဘိုးအိုသုံးယောက်လည်း ရွှီလုံနှင့် အခြားသူများကို မယှဉ်နိုင်တော့ပေ။

"သွားကြ"

အဘိုးအိုသုံးယောက်က ထွက်ပြေးချင်သော်လည်း ရွှီလုံတို့သုံးဦး၏ ပိတ်ဆို့ခြင်းကို ခံခဲ့ရသည်။

မကြာမီ၊ ရွှီလုံက အဘိုးကြီးတစ်‌ယောက်ကို သတ်ဖြတ်လိုက်၏။

ကျန်အဘိုးကြီးနှစ်ယောက်ကိုလည်း ရွှီလုံက တစ်ယောက်ပြီး တစ်ယောက် သတ်ပစ်လိုက်တော့သည်။

နေရာတွင်၊ ဖုန်းမိသားစု၏ခေါင်းဆောင် တစ်ဦးတည်းသာ ကျန်သည်။

"မဟုတ်ဘူး၊ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

ဖုန်းမိသားစု၏ ခေါင်းဆောင် ဒေါသတကြီး အော်လိုက်သည်။

နဂါးနတ်ဘုရားတောင်ကြားမှ တပည့်များ၏ ခွန်အားက သူ့မျှော်လင့်ချက်ထက် များစွာ ကျော်လွန်သွားခဲ့ပြီ။

နဂါးနတ်ဘုရားတောင်ကြားကို သူတောင်းဆိုခဲ့သော တာဝန် ခက်ခဲမှုအရ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် တပည့်တစ်ဦးကို စေလွှတ်ရန် မဖြစ်နိုင်ပေ။ သို့သော်လည်း ရွှီလုံက အံ့ဩစရာကောင်းအောင် သူ၏ ကျင့်ကြံခြင်းအခြေခံကို ဖုံးကွယ်ထားခဲ့သည်။ ၎င်းက အမှန်တကယ်ပင် စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်တွင် ဖြစ်၏။

တစ်ဖက်တွင်၊ လုမင်၏ ခွန်အားက သူ့ကို ပို၍ပင် တုန်လှုပ်သွား‌စေခဲ့သည်။ ပထမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံခြင်းအခြေခံဖြင့် သူ့ကို ရင်ဆိုင်နိုင်ခဲ့၏။

ထို့အပြင် လုမင်က သူ၏ အစီအစဉ်ကို မြင်ခဲ့သည်။ ထို့ကြောင့်ပင် လုမင်နှင့် အခြားသူများက ဝင်္ကပါအတွင်းသို့ မ၀င်ရောက်ဘဲ လက်ရှိအခြေအနေသို့ ဦးတည်သွားခဲ့ရတော့သည်။

"အား၊ တိုက်ခိုက်မယ်ကွ"

ဖုန်းမိသားစု၏ခေါင်းဆောင်က ခေါင်းလောင်းပေါ်သို့ သွေးတစ်လုပ်ကို ထွေးချလိုက်သည်။ ခေါင်းလောင်းတွင် ကြက်သွေးရောင်အလင်းများ တစ်ချက်လက်သွား၏။ တဒေါင်ဒေါင်မြည်နေသော ခေါင်းလောင်းသံကလည်း ပို၍ အားကောင်းလာတော့သည်။

မမြင်နိုင်သော စွမ်းအားလှိုင်းများက လုမင်ဆီသို့ တိုးလာပြီး သူ၏နဝ်ဘုရားဝိညာဉ်ကို တိုက်ခိုက်လိုက်သည်။ သို့သော် ၎င်းတို့အားလုံးကို ကျောက်စိမ်းချပ်ဝတ်တန်ဆာက ပိတ်ဆို့ထား၏။

ထိုအချိန်တွင် ရွှီလုံ၊ ဖူရှင်းနှင့် သွမ့်ရန်က ဘေးနားတွင် ရှိကြသည်။ သို့သော်လည်း သူတို့က လုမင်ကို မကူညီခဲ့ကြပေ။

"ဂိုဏ်းတူအစ်ကိုရွှီလုံ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို လာကူညီပါဦး။ ဒီလူကို အတူတူသတ်ရအောင်"

လုမင် အော်လိုက်သည်။

All Chapters