← Chapters

အခန်း ၁၄၆၂

Vol. 98 Ch. 1462

အခန်း ၁၄၆၂

Vol. 98 Ch. 1462

အပိုင်း ( 1462 ) ဘယ်သူက ဘယ်သူ့ကို လှည့်စားနေတာလဲ။

သို့ရာတွင် ရွီလုံ၏ နှုတ်ခမ်းများက လှောင်ပြောင်သရော်ခြင်းများနှင့် တွန့်ကွေးသွားခဲ့သည်။ သူက လျစ်လျူရှုစွာ ပြောသည်။

"ဂိုဏ်းတူညီလေးလုမင်၊ မင်းက နဂါးနတ်ဘုရားတောင်ကြားကို ဝင်ရောက်ပြီးပြီဆိုပေမဲ့ တိုက်ပွဲအတွေ့အကြုံ အားနည်းနေတုန်းပဲ။ ဒါကြောင့် ဖုန်းမိသားစုရဲ့ခေါင်းဆောင်ကို မင်းအတွက် ထားခဲ့လိုက်မယ်။ ငါတို့ မင်းကို စိတ်အားထောက်ပံ့ပေးပါမယ်"

'တကယ်ကို ငါးစာ လာဟပ်တာပဲ'

လုမင်၏ မျက်လုံးက အေးစက်စက် အလင်းတစ်ခု လင်းလက်သွားခဲ့သည်။

သွမ့်ရန်နှင့် ဖူရှင်းကို တစ်စုံတစ်ခု မှားယွင်းနေကြမှန်း အစောကြီးကတည်းက သူသိသော်လည်း၊ ယခုအခါ ရွှီလုံကလည်း ငါးတစ်ကောင် ဖြစ်နေပုံရသည်။

မူလက ရွှီလုံဟာ သူ၏ကျင့်ကြံခြင်းကို ဖိနှိပ်ပြီး ပြင်ပစိတ်ဆန္ဒများအား ဖိနှိပ်ထားခဲ့သည်။ ယခုတော့ သူဟာ ဖုန်းမိသားစု၏ခေါင်းဆောင်ကို လုမင်တစ်ဦးတည်း ရင်ဆိုင်ရန် လွှတ်ပေးထား၏။ သူက ဖုန်းမိသားစု၏ခေါင်းဆောင်ကို အသုံးချပြီး လုမင်ကိုကိုင်တွယ်ရန် ကြိုးစားနေကြောင်း ထင်ရှားသည်။

ဖုန်းမိသားစု၏ခေါင်းဆောင်ကလည်း လုမင်နှင့် အခြားသူများကြားမှ ပြဿနာကို သဘာဝအတိုင်း မြင်ခဲ့သည်။ သူက ဤအခွင့်အရေးကိုဆုပ်ကိုင်ပြီး လုမင်ကို တိုက်ခိုက်လိုက်၏။ လုမင်ကို သတ်နိုင်သရွေ့ သူ့တွင် အခွင့်အရေးရှိသည်။

"ဂိုဏ်းတူအစ်ကိုတို့၊ ငါ ကြာကြာမထိန်းနိုင်တော့ဘူး"

လုမင်က အော်ပြောလိုက်သည်။ ဖုန်းမိသားစု၏ခေါင်းဆောင်နှင့် လက်ဝါးချင်း ယှဉ်ရိုက်ပြီးနောက် မတော်တဆဖြစ်ဟန်ဆောင်ကာ ရွှီလုံတို့ဘက်ကို ဆုတ်သွားလိုက်၏။

"ဒေါင်"

ဖုန်းမိသားစု၏ ခေါင်းဆောင်ကလည်း လုမင်နောက်သို့ ချက်ချင်း လိုက်လာသည်။ ဝိညာဉ်တုန်ခါခေါင်းလောင်း တုန်ခါသွားသည်နှင့် မမြင်နိုင်သော အတက်အကျလှိုင်းတစ်ခုက ရွှီလုံနှင့် အခြားသူများကို ဖုံးအုပ်သွားတော့သည်။

'သေစမ်း'

ရွှီလုံတို့သုံးဦးလည်း စိတ်ထဲမှ ကျိန်ဆဲလိုက်ကြသည်။ သို့သော်လည်း ခုခံရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

"ဂိုဏ်းတူအစ်ကို၊ အစ်မ‌တို့ရေ... အကူအညီပေးလို့ ကျေးဇူးတင်ပါတယ်"

လုမင်က အေးစက်စက်ပြုံးပြီး ပြောလိုက်သည်။ ယင်းက ရွှီလုံနှင့် အခြားသူများ၏ မျက်နှာများကို ဒယ်အိုးဖင်ကဲ့သို့ မည်းမှောင်သွားစေခဲ့ပေသည်။

"ဒေါင်..."

ဝိညာဉ်တုန်ခါခေါင်းလောင်း၏ အသံက ရွှီလုံတို့သုံးဦး၏မျက်နှာကို ဖြူဖျော့သွားစေခဲ့သည်။ သူတို့၏ နတ်ဘုရားဝိညာဉ်များ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိသာထင်ရှားလှပေသည်။

"ဂုဏ်းတူအစ်ကိုရွှီလုံ၊ ငါတို့ သူ့ကို တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားမှရမယ်"

သွမ့်ရန် ပြောလိုက်သည်။

ဤအတိုင်း ဆက်သွားပါက သူတို့၏ နတ်ဘုရားဝိညာဉ်များ ပြင်းထန်စွာ ဒဏ်ရာများ ရရှိကြလိမ့်မည်။ ခန္ဓာကိုယ်တွင် ထိခိုက်ဒဏ်ရာများ ရရှိပါက သက်သာပျောက်ကင်းစေရန် လွယ်ကူသော်လည်း စိတ်ဝိညာဉ်၏ ဒဏ်ရာများမှာ ကုသရန် ခက်ခဲသည်။ စိတ်ဝိညာဉ်ကို ကုသနိုင်သော ဝိညာဉ်ဆေးများကလည်း တန်ဖိုးကြီးလွန်းလှပေသည်။

"အားလုံးထွက်သွားကြ"

ရွှီလုံ အော်ပြောလိုက်သည်။

"ဝှစ်၊ ဝှစ်၊ ဝှစ်"

ရွှီလုံထံမှ တောက်ပသော ဓားအလင်းများ ဖြာထွက်လာပြီး ဖုန်းမိသားစုခေါင်းဆောင်ကို တိုက်ခိုက်လိုက်၏။

သွမ့်ရန်နှင့် ဖူရှင်းကလည်း ရွှီလုံနှင့်အတူ ပူးပေါင်းကာ တိုက်ခိုက်ကြတော့သည်။

ထိုအချိန်တွင်၊ လုမင်က ဘေးမှသာလှည်ပတ်ရင်း ဖုန်းမိသားစုခေါင်းဆောင်ကို ရှောင်တခင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

"ဂိုဏ်းတူညီလေးလုမင်၊ မင်း ဘာလုပ်နေတာလဲ။ မင်း ဘာဖြစ်လို့ အစွမ်းကုန် တိုက်ခိုက်ပြီး သူ့ကို မဖိနှိပ်တာလဲ"

ရွှီလုံက အော်ပြောလိုက်သည်။

"မရဘူးလေ၊ စောစောပိုင်းက ကျုပ်တစ်ယောက်တည်း ရင်ဆိုင်နေရတာ။ ကျုပ်ရဲ့အင်အားက အတော်အားနည်းသွားခဲ့ပြီ။ ဒါကြောင့် ကျုပ် တဖြည်းဖြည်းချင်း အားပြန်ဖြည့်ရမယ်"

လုမင် လျှောက်ပြောလိုက်သည်။

ရွှီလုံ၏ မျက်နှာက မည်းမှောင်သွား၏။ လုမင်ဟာ အစောပိုင်းက သူတို့ မလှုပ်ရှားခဲ့ခြင်းအတွက် လက်စားချေနေမှန်း သူသိသည်။

လုမင်၏ အကူအညီမပါဘဲ ရွှီလုံတို့သုံးဦးက ဖုန်းမိသားစု၏ခေါင်းဆောင်ကို အလွယ်တကူ ဖိနှိပ်နိုင်မှာ မဟုတ်ပါ။ အချိန်ကြာလာသည်နှင့်အမျှ သူတို့၏မျက်နှာများ ဖြူဖျော့လာကြသည်။ သူတို့၏ နတ်ဘုရားဝိညာဉ်များက သိသိသာသာ ထိခိုက်လာကြပြီ။

ဤဒဏ်ရာမျိုး ရရှိပါက အနည်းဆုံး နှစ်အနည်းငယ်ကြာမှ ပြန်ကောင်းလာနိုင်သည်။

"သေစမ်း"

ရွှီလုံ၊ သွမ့်ရန်နှင့် ဖူရှင်းတို့လည်း နှလုံးသားထဲမှ ဟိန်းဟောက်လိုက်ကြသည်။ ဤအရာအားလုံးမှာ လုမင်၏အပြစ် ဖြစ်၏။ လုမင်၏ အစွမ်းအစနှင့်၊ သူပူးပေါင်းပါက ဖုန်းမိသားစု၏ခေါင်းဆောင်ကို အစောကြီးကတည်းက ချေမှုန်းနိုင်လိမ့်မည်။ သို့ဖြစ်လျှင်၊ သူတို့၏ဝိညာဉ်များ မည်သို့ ဒဏ်ရာရရှိနိုင်မည်နည်း။

မျက်စိတစ်မှိတ်အတွင်း၊ တိုက်ကွက်ဒါဇင်ချီပြီး ရင်ဆိုင်ခဲ့ကြသည်။

"အချိန်တန်ပြီ"

လုမင်၏ နှုတ်ခမ်းများက တွန့်ကွေးသွားခဲ့သည်။ အနက်ရောင် အတောင်ပံများက သူ့နောက်တွင် ရုတ်တရက် ပေါ်လာပြီး အလျားလိုက် ဖြတ်လိုက်ကြ၏။

"ရွှစ်"

အနက်ရောင်တောင်ပံများက သူတော်စင်ရတနာ ဖြစ်သည်။ ဖုန်းမိသားစုခေါင်းဆောင်က ယင်းကို မည်သို့ရင်ဆိုင်နိုင်မည်နည်း။ သူ့ခန္ဓာကိုယ်က လွင့်စဉ်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျကာ သွေးအန်ထွက်လာတော့သည်။

"ဝှစ်"

လုမင်က ဖုန်းမိသားစုခေါင်းဆောင်၏ရှေ့တွင် ပေါ်လာခဲ့သည်။ သူက လက်ဝါးကိုးချက် ရိုက်ထုတ်ပြီး ဖုန်မိသားစုခေါင်းဆောင်၏ ယွမ်ချီစွမ်းအင်ကို တံဆိပ်ခတ်ထားလိုက်တော့သည်။

ဖုန်းမိသားစု၏ခေါင်းဆောင်လည်း မြေပြင်ပေါ်သို့ ပျော့ခွေကျသွားသည်။

"သူတော်စင်ရတနာ"

ရွှီလုံ၊ သွမ့်ရန်နှင့် ဖူရှင်း၏ မျက်လုံးများက အရောင်လက်သွားသည်။

"လုမင်၊ နင့်မှာ သူတော်စင်ရတနာတစ်ခုရှိတယ်ဆိုရင် အစောကြီးကတည်းက ဘာဖြစ်လို့ မသုံးခဲ့တာလဲ"

သွမ့်ရန်က အော်ဟစ်ရင်း လုမင်ကို မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။

"သူတော်စင်ရတနာတွေကို ငါသုံးချင်တိုင်း သုံးလို့ရမယ်ထင်လို့လား။ ရတနာက အဆင့်မြင့်လေ၊ စွမ်းအင်စားသုံးမှုက ကြီးမားလေပဲ။ အခုလေးတင် ဖုန်းမိသားစုခေါင်းဆောင်ကို ရင်ဆိုင်ရတာက ငါ့ရဲ့ ယွမ်ချီစွမ်းအင်အများကြီး ကုန်ဆုံးသွားစေခဲ့တယ်။ အခုမှ နည်းနည်းပဲ ပြန်ရသေးတာ"

လုမင်က ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်သည်။

သို့ရာတွင် လုမင်၏ မျက်လုံးများက တောက်ပနေပြီး အငွေ့အသက်များကလည်း တည်ငြိမ်သည်။ သူ့တွင် ယွမ်ချီစွမ်းအင် ကုန်ဆုံးသွားခြင်းက မည်သို့ဖြစ်နိုင်ပါမည်နည်း။ သူ လိမ်နေကြောင်း ထင်ရှားသည်။

သို့သော်လည်း၊ ယခုလေးတင် သူတို့က လုမင်ကို မကူညီခဲ့ကြပါ။ ထို့ကြောင့် လုမင်၏စကားကို မငြင်းနိုင်ခဲ့ကြပေ။

ရွှီလုံ၏ မျက်လုံးများ နက်နဲရာမှ အေးစက်စက်အလင်းတစ်ခု ယှက်သန်းသွားကာ ပြုံးပြီး ပြောလိုက်သည်။

"ဂိုဏ်းတးညီလေးလုမင်က သူ့ရဲ့အင်အားကို အပြည့်အဝ အသုံးချခဲ့ရတယ်ဆိုတာ ငါယုံပါတယ်။ အခု ဖုန်းမိသားစုရဲ့ခေါင်းဆောင်ကို ဖမ်းလိုက်ပြီမို့ သူက ငါတို့ကို ဘာကြောင့်သတ်ချင်ရတာလဲဆိုတာ မေးကြည့်ကြရအောင်"

သူတို့က ဖုန်းမိသားစု၏ခေါင်းဆောင်ထံ လျှောက်သွားကြ၏။

"အဘိုးကြီး ပြောစမ်း၊ နင် ငါတို့ကို ဘာဖြစ်လို့ သတ်ချင်ရတာလဲ။ အမှန်အတိုင်း မပြောရင် နင့်အရေပြားကို ခွာပြီး အရွတ်တွေကို ဆွဲထုတ်ပစ်မယ်။ သေချင်လွန်းလို့ ငါတို့ကို တောင်းဆိုလာရစေမယ်"

သွမ့်ရန်က နာကြည်းစွာဖြင့် ပြောလိုက်သည်။

ဖုန်းမိသားစု၏ခေါင်းဆောင်ကြောင့် သူမ၏ဝိညာဉ် ဒဏ်ရာပြင်းစွာ ရရှိခဲ့သည်။ ယင်းက အပြည့်အဝ ပြန်လည်ကောင်းမွန်လာစေရန် နှစ်အနည်းငယ် အချိန်ယူရဦးမည်။ ထို့‌ကြောင့် သူ့အရေပြားကို ဆွဲခွာပြီး အရွတ်များကို ဆွဲထုတ်ပစ်ချင်ခဲ့သည်။

"ဟင်း၊ ငါ အရာအားလုံးကို ပြင်ဆင်ထားခဲ့ပေမဲ့ အခုတော့ အားလုံး ပျက်စီးသွားခဲ့ပြီ။ ငါပြောမယ်၊ ငါမင်းတို့ကို အကုန်လုံး ပြောပြပါ့မယ်"

ဖုန်းမိသားစုခေါင်းဆောင်လည်း သက်ပြင်းချပြီး အဝေးကို လှမ်းကြည့်လိုက်လေသည်။

"ဒါတွေအားလုံးက ငါ မတော်တဆ ရှာတွေ့ခဲ့တဲ့ ရှေးဟောင်း အပျက်အယွင်းကနေ စခဲ့တာပါ..."

ဖုန်းမိသားစုခေါင်းဆောင်က သက်ပြင်းချလိုက်ပြန်သည်။

"ရှေးဟောင်းအပျက်အယွင်းတစ်ခုလား"

ရွှီလုံ၊ သွမ့်ရန်နှင့် အခြားသူများ၏ မျက်လုံးများ အရောင်လက်သွား၏။

ပုံမှန်အားဖြင့်၊ ရှေးဟောင်းအပျက်အယွင်းများ ပေါ်လာပါက ရတနာများကို ရှာတွေ့နိုင်ချေများပေသည်။ ယင်းက ကံကောင်းခြင်းတစ်ခု ဖြစ်သည်။

"ဟုတ်တယ်၊ လျိုခုန်းတောင်မှာတုန်းက ရှေးဟောင်းဂူတစ်လုံးထဲကို မတော်တဆ ဝင်ရောက်မိပြီး ကျင့်ကြံခြင်းနည်းလမ်းတစ်ခု ရခဲ့တယ်။ အဲဒီကျင့်စဉ်အရ အခြားသူတွေရဲ့ သွေးနဲ့ဝိညာဉ်ကို စားသုံးတာနဲ့ ကျင့်ကြံခြင်းအခြေခံ ခုန်ပျံတိုးတက်စေနိုင်တယ်"

ဖုန်းမိသားစု၏ခေါင်းဆောင်က ပြောလိုက်သည်။

"မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက မှတ်တမ်းတွေနဲ့ မတူဘဲ သိုင်းအုပ်ချုပ်သူနယ်ပယ် စတုတ္ထအဆင့်ကို ရောက်နေတာ အံ့ဩစရာမရှိတော့ပါဘူး"

ရွှီလုံက အခြေအနေများကို ယုံကြည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

"တကယ်ပါပဲ၊ ငါက ဒီသိုင်းပညာကို လေ့ကျင့်ထားပြီးပြီ။ မှတ်တမ်းတင်ထားပုံအရ၊ ငယ်ရွယ်တဲ့ ပါရမီရှင်တွေရဲ့ သွေးနဲ့ဝိညာဉ်ဖြစ်လေလေ... တိုးတက်မှုက ပိုပြီး မြန်ဆန်နိုင်လေပဲ"

ဖုန်းမိသားစုခေါင်းဆောင်က ပြောလိုက်သည်။

"ဒါကြောင့် မင်းက နဂါးနတ်ဘုရားတောင်ကြားက တပည့်တွေကို ‌ဆွဲဆောင်ပြီး သူတို့ရဲ့ သွေး၊ ဝိညာဉ်နဲ့ လေ့ကျင့်ဖို့ စီစဉ်ထားခဲ့တာပေါ့"

ရွှီလုံက ပြောသည်။

"မှန်ပါတယ်"

ဖုန်းမိသားစုခေါင်းဆောင် ခေါင်းညိတ်လိုက်၏။

"အတင့်ရဲလိုက်တာ၊ ဒီအတွက် နင့်မျိုးနွယ်တစ်ခုလုံး ဖျက်ဆီးခံရမှာကို မကြောက်ဘူးလား"

သွမ့်ရန်က ကြိမ်းမောင်းပြောဆိုသည်။

"ဟားဟားဟား၊ ငါ့အကြံအစည်သာ အောင်မြင်ခဲ့မယ်ဆိုရင် မင်းအားလုံးကိုသတ်ပြီး ငါ့ရဲ့ကျင့်ကြံခြင်းက အများကြီးတိုးတက်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် ငါက ရှေးဟောင်းအပျက်အယွင်းမှာရှိတဲ့ ရတနာတွေအားလုံးကိုယူပြီး စန်းပြည်နယ်ကနေ ထွက်သွားတော့မှာလေ။ အခုတော့ ငါ့ကို ဖော်ထုတ်နိုင်ခဲ့တာ စိတ်မကောင်းစရာပဲ။ နောက်ပြီးတော့ ပထမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကောင်လေးတစ်ယောက်ရဲ့လက်ထဲမှာ ကျရှုံးသွားရတာ"

ဖုန်းမိသားစုခေါင်းဆောင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ရှေးဟောင်း အပျက်အယွင်းမှာ ရတနာတွေ ရှိသေးတယ်လို့ နင်ပြောနေတာလား"

သွမ့်ရန်၏ မျက်လုံးက လောဘအရိပ်အယောင်များ ပေါ်လာခဲ့သည်။

ရွှီလုံနှင့်ဖူရှင်းလည်း အလားတူစွာ တုံ့ပြန်ခဲ့၏။

"အမှန်ပဲ"

ဖုန်းမိသားစုခေါင်းဆောင်က ခေါင်းညိတ်လိုက်ပေသည်။

"မြန်မြန်၊ ငါတို့ကို အဲဒီကို မြန်မြန်ခေါ်သွားစမ်း"

သွမ့်ရန်က အလောတကြီး ပြောလိုက်သည်။

"မဟုတ်ဘူး၊ ငါ့ကိုလွှတ်မယ်လို့ ကတိမပေးရင် ငါအဲဒီကိုမခေါ်သွားနိုင်ဘူး။ ငါမရှိရင် မင်းတို့ ရှာမတွေ့နိုင်ဘူးဆိုတာ အာမခံတယ်"

ဖုန်းမိသားစုခေါင်းဆောင်က ပြောလိုက်သည်။

"ဟမ့်၊ နင်လိုက်မပို့ရင် နင့်ကို အခုချက်ချင်းသတ်မယ်"

သွမ့်ရန်၏ မျက်လုံးများက အေးစက်သွားသည်။ အေးစက်စက် သတ်ဖြတ်ချင်စိတ်တစ်ခုကလည်း ဖုန်းမိသားစုခေါင်းဆောင်ကို ဖုံးလွှမ်းသွား၏။

"ချွမ်"

ရွှီလုံက ဖုန်းမိသားစုခေါင်းဆောင်၏လည်မြိုကို ဓားနှင့်ရွယ်ပြီး ပြောလိုက်သည်။

"ငါတို့ကို အခုချက်ချင်းလိုက်ပို့ပါ၊ မဟုတ်ရင် အခုသေလိုက်တော့။ တကယ်လို့ ရှေးဟောင်းအပျက်အယွင်းကိုတွေ့ရင် မင်းကို လွှတ်ပေးမယ်လို့ ကတိပေးတယ်"

"သွေးသစ္စာစာချုပ်နဲ့မှ ငါ့ကို လွှတ်ပေးမယ်ဆိုတာ ယုံကြည်နိုင်မယ်"

ဖုန်းမိသားစုခေါင်းဆောင်က တင်းခံနေဆဲပင်။

"ဝှစ်"

ရွှီလုံ၏ ဓားက တစ်ချက်လှုပ်ရှားသွားခဲ့သည်။ ဓားအလင်းတစ်ခုထွက်လာပြီး ဖုန်းမိသားစုခေါင်းဆောင်၏ နားရွက်တစ်ဖက်ကို ဖြတ်ပစ်လိုက်၏။

"တိတ်စမ်း၊ ငါပြောရင် ပြောသလိုလုပ်တယ်။ မင်း ဒီထက်ပိုပြီး လျှာရှည်နေသေးရင် အခုသေရမယ်"

ရွှီလုံ၏ အသံက အေးစက်သွားတော့သည်။

All Chapters