← Chapters

အခန်း ၁၄၆၃

Vol. 98 Ch. 1463

အခန်း ၁၄၆၃

Vol. 98 Ch. 1463

အပိုင်း ( 1463 ) ထောင်ချောက်ထဲသို့ ထပ်မံကျရောက်ခြင်း။

နောက်ဆုံးတွင်၊ ဖုန်းမိသားစုခေါင်းဆောင်လည်း ရွေးချယ်စရာမရှိတော့ဘဲ ခေါင်းညိတ်ပြီး လုမင်တို့ကို ရှေးဟောင်းအပျက်အယွင်းသို့ ခေါ်ဆောင်သွားရန် သဘောတူလိုက်ရသည်။

"သွားရအောင်၊ မင်းလမ်းပြချေ"

ရွှီလုံက ဖုန်းမိသားစုခေါင်းဆောင်ကိုကြည့်ကာ ပြောလိုက်သည်။

"အရှေ့ကို..."

ဖုန်းမိသားစုခေါင်းဆောင်က လက်ညှိုးထိုးပြလိုက်၏။ လုမင်တို့ လေးဦးလည်း ဖုန်းမိသားစုခေါင်းဆောင် လမ်းညွှန်ပြသည့်အတိုင်း ပျံသန်းသွားတော့သည်။

လျိုခုန်းတောင်၏ နက်နဲရာသို့ လီတစ်သိန်းကျော် ပျံသန်းခဲ့ကြသည်။ နောက်ဆုံးတွသ် ဝေးလံခေါင်သီသောအရပ်မှ ချောက်တစ်ခုသို့ ရောက်သွား၏။

ချောက်နက်ကြီးအတွင်းရှိ လှိုဏ်ဂူတစ်ခုရှေ့သို့ သူတို့ ရောက်ရှိလာကြတော့သည်။

ဤဂူက အမှန်တကယ် လျှို့ဝှက်သည်။ ပုံမှန်အတိုင်း ရှာဖွေလိုပါက တွေ့ရှိရန်မလွယ်ပေ။

"ရှေးဟောင်းအပျက်အယွင်းက ဒီဂူထဲမှာပါ။ အတွင်းပိုင်းက အရမ်းကြီးတယ်။ ငါ့အထင် ဒါက ‌ထိပ်သီးကျွမ်းကျင်သူတစ်ဦး တိတ်တဆိတ်လေ့ကျင့်တဲ့နေရာ ဖြစ်နိုင်တယ်"

ဖုန်းမိသားစုခေါင်းဆောင်က ပြောလိုက်သည်။

ရွှီလုံ၏ မျက်လုံးက လောဘအရိပ်အယောင်များ ဖြစ်ပေါ်လာ၏။ သူက လေသံကိုထိန်းပြီး ပြောလိုက်သည်။

"မင်း အမှန်အတိုင်းပြောရင် ပိုကောင်းမယ်။ မဟုတ်ရင် အကျိုးဆက်တွေကို မင်းသိမှာပါ"

"ငါပြောသမျှအားလုံး အမှန်တွေချည်းပါပဲ။ ငါ့ခေါင်းလောင်းကိုလည်း ဒီလှိုဏ်ဂူထဲက ရခဲ့တာ"

ဖုန်းမိသားစုခေါင်းဆောင် အမြန်ပြောလိုက်၏။

ဤစကားများက ရွှီလုံနှင့် ကျန်လူများက သူ့ကို ပို၍ ယုံကြည်စေခဲ့သည်။

ထိုခေါင်းလောင်းက တကယ့်ကို လျှို့ဝှက်ဆန်းကြယ်ပေသည်။ ယင်းက အခြားသူများ၏ နတ်ဘုရားဝိညာဉ်ကိုတောင် ထိခိုက်စေနိုင်သည်။ ဤရတနာမျိုးက ပြင်ပကမ္ဘာတွင် ဝယ်ယူရန်မလွယ်ပေ။

ရွှီလုံက ယဉ်ကျေးခြင်းမရှိပါ။ ဖုန်းမိသားစုခေါင်းဆောင်ကို ဖမ်းဆီးခဲ့သူက လုမင်ဖြစ်သော်လည်း လုမင်ကို ဘာမျှမပြောတော့ပေ။

လုမင်လည်း ထွေထွေထူးထူး မပြောတော့ဘဲ‌ နောက်မှ လိုက်သွားခဲ့သည်။

"မင်းတို့ စိတ်မချသေးဘူးဆိုရင် ငါအရင်သွားလို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံကို တံဆိပ်ခတ်ထားတာကြောင့် ငါ ထွက်မပြေးနိုင်ပါဘူး"

ဖုန်းမိသားစုခေါင်းဆောင်က ထပ်ပြောလိုက်သည်။

"ကောင်းပြီ၊ မင်းရှေ့ကသွား"

ရွှီလုံက ဖုန်းမိသားစုခေါင်းဆောင်ကို တွန်းထုတ်လိုက်သည်။

ဖုန်းမိသားစုခေါင်းဆောင်က ဂူထဲသို့ ချက်ချင်း ဝင်ရောက်သွားခဲ့သည်။ ရွှီလုံ၊ သွမ့်ရန်နှင့် ဖူရှင်းတို့လည်း ရတနာများကို အပြိုင်ဆိုင် ယူငင်ကြရန် နောက်မှ အလျင်စလို လိုက်သွားကြ၏။

လုမင်ကမူ နောက်မှ လမ်းလျှောက်လိုက်သွားခဲ့ပေသည်။

ဂူထဲကိုရောက်တော့ ခပ်ကျဉ်းကျဉ်း လမ်းတစ်ခု ပေါ်လာခဲ့သည်။ ထိုလမ်းအတိုင်း လျှောက်သွားပြီးနောက် မီတာရာဂဏန်းခန့်အကွာတွင် အလင်းရောင်ဖျော့ဖျော့ကို လှမ်းမြင်လိုက်ရ၏။

ဤသို့ဖြင့် ဆက်လျှောက်လာရာ မြင်ကွင်းက ရုတ်တရက် ပြောင်းသွားသည်။ ရှေ့တွင် ကြီးမားကျယ်ဝန်းသော မြေအောက်လှိုဏ်ဂူကြီး ဖြစ်၏။ ဂူနံရံများမှာလည်း အလင်းရောင်ဖျော့ဖျော့ တောက်ပနေသော ကျောက်မျက်ရတနာများ မြှုပ်နှံထားသေးသည်။

ဤနေရာသို့ ရောက်လာပြီးနောက် ဖုန်းမိသားစုခေါင်းဆောင်၏ မျက်နှာက ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူက ရုတ်တရက် ရှေ့ထွက်သွားပြီး ဒူးထောက်လိုက်၏။

"ဒီငယ်သားက အကြီးအကဲ နတ်ဆိုးဝိညာဉ်ကို နှုတ်ခွန်းဆက်ပါတယ်"

ဖုန်းမိသားစုခေါင်းဆောင်က လူရိပ်တစ်ခုကို ဦးညွတ်ကာ ပြောလိုက်သည်။

လုမင်နှင့် အခြားသူများ အံ့ဩသွား၏။

ဤတော့မှ မြေအောက်လှိုဏ်ဂူအလယ်တွင် တင်ပျဉ်ခွေထိုင်နေသည့် ပုံသဏ္ဍာန်ရှိကြောင်း သူတို့ သတိပြုလိုက်မိတော့သည်။

ယင်းက အလွန်အိုမင်းရင့်ရော်ပြီဖြစ်သောအဘိုးအိုတစ်ဦးဖြစ်သည်။ သူ့ခေါင်းပေါ်တွင်လည်း ဆံပင်ဖြူ အနည်းငယ်မျှသာ ကျန်တော့သည်။ သူ့မျက်နှာပေါ်ရှိ အရေပြားက ရှုံ့တွနေပြီး အရေးအကြောင်းများမှာ တောင်တန်းများကဲ့သို့ စုစည်းနေခဲ့သည်။ ပြောရလျှင် သူ့တကိုယ်လုံးက အသွေးအသား ကင်းမဲ့သည့် အရိုးစုတစ်ခု ထိုင်နေသကဲ့သို့ပင်။

သို့သော်လည်း လုမင်နှင့် အခြားသူများကို စိုက်ကြည့်နေသည့် နက်ရှိုင်းသော သူ့မျက်လုံးများက အရောင်လက်နေပုံရသည်။

ဤရှေးဟောင်းလှိုဏ်ဂူထဲတွင် အခြားလူတစ်‌ဦး အမှန်တကယ် ရှိနေခဲ့၏။ ယင်းက အရိုးစုပမာ အရိုးပေါ်အရေတင် အဖိုးအိုတစ်ဦး ဖြစ်တော့သည်။

"ဟားဟားဟား၊ မင်း တကယ်တော်တယ်"

အရိုးစုပမာ အဖိုးအိုက အော်ဂလီဆန်စရာ အသံမျိုးဖြင့် ရယ်မောလိုက်သည်။

"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ၊ ဒါက ကျုပ် လုပ်သင့်တဲ့အရာပါ"

ဖုန်းမိသားစုခေါင်းဆောင်က မြှောက်ထိုးပင့်ကော် အမူအရာဖြင့် ပြောလိုက်သည်။

"ဘယ်လိုဖြစ်တာလဲ"

လုမင်နှင့် အခြားသူများလည်း သတိထားပြီး တဖြည်းဖြည်း ဆုတ်သွားကြသည်။ သွမ့်ရန်ကတော့ နားမလည်နိုင်စွာဖြင့် မေး၏။

"ငါတို့ ထောင်ချောက်မိပြီ"

လုမင်က လေးလေးနက်နက် ပြောလိုက်သည်။

"ထောင်ချောက်မိတာလား"

သွမ့်ရန် အံ့သြသွားသည်။

"ဒီဖုန်းမိသားစုခေါင်းဆောင်ရဲ့ ရည်ရွယ်ချက်က ငါတိုကို ဒီကိုခေါ်လာဖို့ဖြစ်နိုင်တယ်။ သူက ငါတို့ကို ဒီနေရာရောက်အောင် တမင်ခေါ်လာခဲ့တာ၊ ဒါက သူ့ရဲ့အကြံပဲ"

လုမင် ပြောလိုက်၏။

"ဟားဟားဟား၊ မင်းက တကယ်ကို ဉာဏ်ကောင်းတာပဲ။ မင်းမှန်ပါတယ်၊ ငါ့ရဲ့ ရည်ရွယ်ချက်က မင်းတို့ကို ဒီကို ခေါ်လာပြီး အကြီးအကဲ နတ်ဆိုးဝိညာဉ်ဆီမှာ ယဇ်ပူဇော်ဖို့ပဲ။ မင်းတို့ကို ဖမ်းဆီးပြီး ဒီကိုခေါ်လာနိုင်ရင် သဘာဝအတိုင်း ပိုကောင်းပါတယ်။ ဒါပေမဲ့ ငါ မင်းတို့ကို မဖမ်းနိုင်ရင်တောင် လှည့်စားပြီး ဒီကိုခေါ်လာနိုင်သေးတယ်"

ဖုန်းမိသားစုခေါင်းဆောင်က လှောင်ပြောင်ရယ်မောလိုက်သည်။

အလိမ်အညာ၊ ရှေးဟောင်းအပျက်အယွင်းနှင့်ပတ်သက်သည့် အရာအားလုံးက အလိမ်အညာများ ဖြစ်သည်။

ဖုန်းမိသားစုခေါင်းဆောင်၏ ရည်ရွယ်ချက်က သူတို့ကို ဤနေရာသို့ ခေါ်ဆောင်လာရန်ပင်။

"ဟို...ဟိုမှာကြည့်ကြစမ်း"

ရုတ်တရက်၊ သွမ့်ရန်က အရိုးစုနှင့်တူသော အဖိုးအိုနောက်သို့ လက်ညှိုးထိုးကာ လေသံကတုန်ကယင်ဖြင့် ပြောလိုက်သည်။

လုမင်နှင့် အခြားသူများလည်း တစ်ချက်ကြည့်လိုက်ပြီးနောက် အံ့ဩသွား၏။

ထိုနေရာတွင် အရိုးစုအပုံလိုက်ကြီး ရှိနေသည်။ မဟုတ်သေး၊ အတိအကျပြောရလျှင် ယင်းက သွေ့ခြောက်ပြီး ပိန်ကပ်နေသော အရိုးစုအပုံကြီး ဖြစ်၏။

ထိုပုံစံက လုမင်၏ ဝါးမျိုခြင်းစွမ်းအားဖြင့် ဝါးမျိုခံလိုက်ရသကဲ့သို့ ဖြစ်တော့သည်။

"ဒီ... ဒီလူက လူတွေကိုဝါးမျိုပြီး သူ့ကိုယ်သူ ပြန်ကောင်းအောင်ကုသနေတာ"

သွမ့်ရန်က တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။

ဤအချိန်ထိ အဘိုးကြီး၏ ရည်ရွယ်ချက်ကို မခန့်မှန်းမိသေးပါက မိုက်မဲလွန်းရာကျလိမ့်မည်။

ဤအဘိုးကြီးက ဒဏ်ရာရရှိထားပြီး ပြန်လည်ကောင်းမွန်လာစေရန် သူတို့ကို အသုံးပြုလိုကြောင်း ထင်ရှားသည်။

"နင်ဘယ်သူလဲ၊ ငါတို့က နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်တွေနော်။ နင် ငါတို့ကိုသတ်ရင် နဂါးနတ်ဘုရားတောင်ကြားရဲ့ ကျွမ်းကျင်သူတွေက နင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး"

သွမ့်ရန် အော်လိုက်သည်။

"ဟားဟားဟား၊ နဂါးနတ်ဘုရားတောင်ကြားလား။ လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်သောင်းကဆိုရင် ဒီအဘိုးကြီးသတ်ခဲ့တဲ့ လူတွေက ရေတွက်လို့တောင် မရနိုင်ဘူး"

အရိုးစုပမာ အဘိုးအိုက လှောင်ရယ်လိုက်သည်။

သူ့စကားက ရွှီလုံနှင့် အခြားသူများကို ရေခဲခန်းထဲသို့ ကျသွားသလို ခံစားရစေခဲ့သည်။

လွန်ခဲ့သောနှစ်ပေါင်း ရှစ်သောင်းက၊ ဤအဘိုးကြီးမှာ အနည်းဆုံး နှစ်ပေါင်း ရှစ်သောင်းကျော် နေထိုင်ခဲ့သူ ဖြစ်၏။

သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူတစ်ဦးက ဤမျှကြာအောင် အသက်ရှင်ရန် မဖြစ်နိုင်ပေ။ တစ်နည်းဆိုရသော်၊ ဤအဘိုးအိုက စစ်မှန်သော သူတော်စင်နယ်ပယ် ကျွမ်းကျင်သူ ဖြစ်သည်။

သူတို့က စစ်မှန်သော သူတော်စင်နယ်ပယ် ကျွမ်းကျင်သူနှင့်မှ တည့်တည့် တိုးမိခဲ့ကြပြီ။

"ပြေး"

သွမ့်ရန်နှင့် ဖူရှင်းက အော်ပြီး လှည့်ထွက်ပြေးသွားသည်။

"သေ၊ သေ"

အရိုးစုပမာ အဘိုးအိုက အော်လိုက်သည်။ ထို့နောက်တွင် အံ့ဩ တုန်လှုပ်စရာ မြင်ကွင်းတစ်ခု ပေါ်လာခဲ့၏။

သွမ့်ရန်နှင့် ဖူရှင်း၏ ခန္ဓာကိုယ်များက ရုတ်ခြည်း တောင့်တင်းလာပြီး လေထဲ၌ ရပ်တန့်သွားသည်။ ထို့နောက်တော့ နှစ်ယောက်စလုံး မြေပြင်ပေါ်သို့ တအိအိ လဲကျသွား၏။ သူတို့ထံမှ အသက်ဓာတ်‌ကိုတော့ အရိပ်အယောင်မျှ မတွေ့ရတော့ပေ။

သူတို့နှစ်ဦးစလုံး သေဆုံးသွားကြပြီ ဖြစ်သည်။ အရိုးစုနှင့်တူသော အဘိုးအိုက မည်သို့မည်ပုံ တိုက်ခိုက်လိုက်မှန်း မမြင်ခဲ့ကြရပါ။ ဖူရှင်းနှင့် သွမ့်ရန်၏ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာတစ်ခုမျှ မရှိပါချေ။

ထိုမြင်ကွင်းကြောင့် ရွှီလုံ၏ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ခါသွားကာ နောက်ကျောတစ်ခုလုံး ချွေးများရွှဲသွားသည်။

"ဝုန်း"

ဤအခိုက်တွင် အရိုးစုနှင့်တူသော အဘိုးကြီးထံမှ ကြီးမားသော ရောင်ဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဤအရှိန်အဝါက သမုဒ္ဒရာကဲ့သို့ နက်နဲပြီး မိုးနှင့်မြေကဲ့သို့ ကြီးမားလွန်း၏။

စစ်မှန်သော သူတော်စင်နယ်ပယ်၊ စစ်မှန်သော သူတော်စင်နယ်ပယ် အကျော်အမော်၏ အရှိန်အဝါ။

"ဒုတ်"

ရွှီလုံက ရုတ်တရက် ဒူးထောက်ထိုင်ချလိုက်သည်။ သူက မြေပြင်ကို နဖူးနှင့်တိုက်ပြီး ဦးညွတ်ရင်း အော်ပြောလိုက်၏။

"အကြီးအကဲ၊ အကြီးအကဲ... ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါ။ ကျုပ်အသက်ကို ချမ်းသာပေးသရွေ့ အကြီးအကဲရဲ့ ခွေးတစ်ကောင်ဖြစ်ဆို ဖြစ်နိုင်ပါတယ်။ အကြီးအကဲ ဆန္ဒရှိရင် မီးနဲ့ရေကိုတောင် ဖြတ်သန်းသွားနိုင်ပါတယ်"

လုမင် အနည်းငယ် ဆွံ့အသွားမိသည်။ ရွှီလုံသည် အဘိုးကြီး၏ အရှိန်အဝါကို ခံစားမိသည်နှင့် ကျင့်ကြံသူတစ်ဦး၏ဂုဏ်သိက္ခာ အနည်းငယ်မျှ မရှိတော့ဘဲ ကြောက်လန့်တကြား ဒူးထောက်၍ တောင်းပန်နေခဲ့ပြီ။

"ဟားဟားဟား၊ မင်းအသက်ကို ချမ်းသာပေးစေချင်ရင် ရပါတယ်။ ဒါပေမဲ့... မင်းရဲ့ စိတ်ဝိညာဉ်မှာ တားမြစ်ချက်တစ်ခုတော့ ရေးထိုးရလိမ့်မယ်။ နောင်အနာဂတ်မှာ မင်း ငါ့အပေါ်မှာ လုံးဝ သစ္စာရှိတာ သေချာမှပဲ ငါ မင်းကို လွှတ်ပေးနိုင်မှာ"

အရိုးစုနှင့်တူသော အဘိုးကြီးက သူ့အရှိန်အဝါကို ပြန်လည်ရုတ်သိမ်းရင်း ပြောလိုက်သည်။

ရွှီလုံ၏မျက်နှာက ဖြူဖျော့သွားသည်။ လက်မခံလိုသော အရိပ်အယောင်များကလည်း သူ့မျက်လုံးထဲတွင် ပြည့်သွား၏။

ထိုအဘိုးကြီးသာ သူ့စိတ်ဝိညာဉ်အပေါ် ကန့်သတ်ချက်တစ်ခု ရေးထိုးထားပါက၊ အဘိုးကြီးကို တစ်သက်လုံး နာခံရကာ ကျွန်ဖြစ်သွားလိမ့်မည်။

သို့သော် သူသဘောမတူပါက၊ အဘိုးကြီးမှာ အစစ်အမှန် သူတော်စင်နယ်ပယ် အကျော်အမော် ဖြစ်သည်။ သွမ့်ရန်နှင့် ဖူရှင်း၏ သေဆုံးခြင်းက သူ့မျက်စိထဲတွင် အထင်အရှား ရှိသေးသည်။

"ဘာလဲ၊ တွန့်ဆုတ်နေသေးတာလား။ ငါ မင်းကိုပြောလိုက်မယ်၊ ငါက မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပဲ။ ငါ့ရဲ့ မိစ္ဆာဝိညာဉ်ဂိုဏ်းမှာ ပါဝင်ခွင့်ရတာက မင်းအတွက် ကံကောင်းခြင်းတစ်ခုလို့ ဆိုနိုင်တယ်"

အဘိုးအိုက လှောင်ပြောင်လိုက်သည်။

"ဘာ၊ ခင်ဗျား... ခင်ဗျားက မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်လား"

ထိုစကားက ရွှီလုံ၏ မျက်နှာအမူအရာကို အကြီးအကျယ် ပြောင်းလဲသွားစေခဲ့သည်။ အလွန်ကြောက်စရာကောင်းသော အရာတစ်ခုကို ကြားလိုက်ရသလို သူ့မျက်နှာက အဆုံးမဲ့ ကြောက်ရွံ့ခြင်းများ ပြည့်သွားတော့သည်။

All Chapters