အခန်း ၁၄၆၅
Vol. 98 Ch. 1465
အပိုင်း ( 1465 ) စိတ်ဝိညာဉ်တိုက်ခိုက်ခြင်း။
လုမင်က ဆယ်မီတာကျော် ကျယ်ပြန့်သော အနက်ရောင် တောင်ပံများကို ဖြန့်ကျက်လိုက်သည်။ အတောင်ပံခတ်သံနှင့်အတူ လုမင်က လျှပ်စီးကဲ့သို့ ပြေးထွက်သွား၏။ သူက ဟင်းလင်းပြင်ခုန်ကျော်သကဲ့သို့ မိုင်တစ်ရာ အကွာအဝေးကို ခဏချင်း ဖြတ်သန်းသွားတော့သည်။
သိထားရမည်မှာ ဤသည်က ယွမ်လုတိုက်ကြီး ဖြစ်သည်။ ဤအမြန်နှုန်းက အလွန်အံ့သြဖွယ်ဖြစ်နေပြီ ဖြစ်၏။
သို့သော်လည်း နောက်ကွယ်မှ အလွန်လျင်မြန်သောနှုန်းဖြင့် ချဉ်းကပ်လာသော အလင်းတန်းတစ်ခုကို လုမင် ခံစားလိုက်ရသည်။
"အေးခဲလေပုလဲ"
လုမင်က အေးခဲလေပုလဲ၏ စွမ်းအင်ကို တိုးမြှင့်လိုက်သည်။ သူ့အရှိန်က ရုတ်တရက် တဟုန်ထိုး ထိုးတက်သွား၏။ သူ့နောက်မှ လိုက်လာနေသော အဘိုးကြီး၏အရှိန်ကို ထိန်းနိုင်လောက်အောင် ပို၍ မြန်ဆန်လာတော့သည်။
နှစ်ယောက်သား ပြေးရင်း လိုက်ရင်း၊ မျက်စိတစ်မှိတ်အတွင်းမှာပင် လျိုခုန်းတောင်မှထွက်၍ အဝေးသို့ ပျံသန်းသွားကြသည်။
ဤသို့ဖြင့် နေ့ဝက်ကြာသွားသည်။
"ဒီကောင်၊ သူ့အရှိန်က အတော်မြန်တာပဲ။ ဒါပေမဲ့ ဒီအမြန်နှုန်းကို ထိန်းသိမ်းထားပြီး မင်း ဘယ်လောက်ကြာကြာခံနိုင်မလဲ ကြည့်ချင်စမ်းပါရဲ့"
သူ့နောက်တွင် အဘိုးကြီးက လှောင်ပြောင်လိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင်၊ ထိုအချိန်တွင် လုမင်က တဖြည်းဖြည်း နှေးကွေးသွားခဲ့သည်။
ဤအမြန်နှုန်းဖြင့် ပျံသန်းခြင်းက စွမ်းအင်များစွာ စားသုံးသည်။
လေဓာတ်စွမ်းအင်တာအိုသိုင်းကို အဆက်မပြတ် အသုံးပြုပြီး အနက်ရောင်တောင်ပံများကို ထိန်းချုပ်ခြင်းက ယွမ်ချီစွမ်းအင် အများအပြား သုံးစွဲခဲ့ရသည်။ ယခုတော့ လုမင်၏ ယွမ်ချီစွမ်းအင်များ ကုန်သွားပြီ။
လုမင်နှင့် အဘိုးကြီးက ပို၍ နီးကပ်လာခဲ့သည်။
"ကောင်လေး၊ ငါက လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်သောင်းလောက်က ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပြီး အခုထိ ပြန်ကောင်းမလာသေးရင်တောင် မင်းလို ပထမအဆင့် သိုင်းအုပ်ချုပ်သူကို ရင်ဆိုင်ဖို့အတွက်တော့ ငါ့အတွက် ထမင်းစား ရေသောက်သလောက်ပဲ ရှိသေးတယ်"
အဘိုးကြီးက အေးစက်စက်ဖြင့် ပြောလိုက်သည်။
"အဘိုးကြီး၊ မင်းငါ့ကို အမီလိုက်နိုင်မယ်လို့ တကယ်ထင်တာလား"
လုမင်၏ လေသံက တည်ငြိမ်နေဆဲပင်။
"ဟုတ်လား၊ မင်းမှာ တခြား လှည့်ကွက်တွေ ရှိသေးလားဆိုတာ ငါကြည့်ချင်တယ်"
အဘိုးကြီးက လှောင်ပြောင်လိုက်၏။
ရုတ်တရက်၊ လုမင်ရှေ့တွင် လျှောက်လမ်းတစ်ခု ပေါ်လာခဲ့သည်။ လုမင်က ထိုအထဲကို လှမ်းဝင်လိုက်၏။ နောက်အခိုက်မှာတော့ လုမင်က မိုင်ထောင်ချီအကွာတွင် ပြန်ပေါ်လာတော့သည်။
"အချိန်ဟင်းလင်းပြင်တာအိုနယ်မြေ၊ ဒါက အချိန်ဟင်းလင်းပြင်တာအိုနယ်မြေပဲ"
အဘိုးကြီး တအံ့တဩဖြစ်ပြီး ထအော်လိုက်သည်။
ဟုတ်ပေသည်၊ လုမင်က ပူဖောင်းလေးကို အချိန်ဟင်းလင်းပြင် လျှောက်လမ်းဖွင့်ရန် အကူအညီတောင်းခဲ့ခြင်း ဖြစ်သည်။ သူက မိုင်ထောင်ချီအကွာသို့ ဖြတ်သန်းသွားပြီး အဘိုးကြီးနှင့် အကွာအဝေးတစ်ခု ခြားသွားပြန်တော့သည်။
အကွာအဝေးတစ်ခု ခြားသွားပြီးနောက် လုမင်က သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ ကျောက်ကြမ်းအပုံကြီးတစ်ပုံ လေထဲတွင် ပေါ်လာခဲ့သည်။ လုမင်၏လက်ဝါးမှ ပြင်းထန်သော ဝါးမျိုခြင်းစွမ်းအားများ ထွက်ပေါ်လာပြီး ကျောက်ကြမ်းအားလုံးကို ဝါးမျိုသွား၏။ ထို့နောက်တော့ ၎င်းတို့ကိုသန့်စင်ကာ ယွမ်ချီစွမ်းအင် ပြန်လည်ဖြည့်တင်းရင်း ဆက်လက်ပျံသန်းသွားတော့သည်။
"ထွက်ပြေးဖို့ မစဉ်းစားနဲ့"
အဘိုးကြီးက ဟိန်းဟောက်လိုက်သည်။ သူ့မျက်လုံးက စူးရှသောအလင်းများ လင်းလက်လာ၏။
နှစ်ယောက်သား ဆက်လက် ပျံသန်းခဲ့ကြသည်။ သူတို့ကြားတွင် အကွာအဝေးနီးကပ်လာသောအခါ လုမင်က ပူဖောင်းလေးကို အချိန်နှင့်ဟင်းလင်းပြင် လျှောက်လမ်းဖွင့်ရန် ပြောလိုက်၏။ ဤသို့ဖြင့် သူတို့နှစ်ယောက်ကြားမှ အကွာအဝေးက တစ်ဖန်တိုးလာပြန်တော့သည်။
ဤနည်းအတိုင်း ကြိမ်ဖန်များစွာ ဖြစ်ခဲ့သည်။ အဘိုးကြီး ဒေါသထွက်လွန်းသဖြင့် ပေါက်ကွဲလုနီး ဖြစ်လာသော်လည်း လုမင်ကို ဖမ်းမမိသေးပေ။
"ချီးပဲ၊ ငါ ဒီအတိုင်း ဆက်မသွားနိုင်တော့ဘူး။ ငါက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတာ၊ ဒီအတိုင်းဆက်သွားရင် ငါ့ရဲ့ ပြန်လည်ကောင်းမွန်မှုနှုန်းကို ထိခိုက်စေလိမ့်မယ်။ ဒီကောင်လေးကို အမြန် ဖယ်ရှားပစ်ရမယ်။ နောက်ပြီး သူ့မှာ အကူအညီရှိနေတယ်၊ အချိန်ဟင်းလင်းပြင်ဝိညာဉ်ကြွက်ပဲ ဖြစ်ရမယ်။ ဒါပေမဲ့ အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်က တိုက်ပွဲမှာ မသေခဲ့ဘူးလား။ ဘာဖြစ်လို့ ထပ်ပေါ်လာတာလဲ။ ဟာကွာ၊ ဘာပဲဖြစ်ဖြစ် သူ ဒီလောက်အစွမ်းမထက်သေးခင် တစ်ခါတည်း သတ်ပစ်လိုက်တော့မယ်"
အဘိုးကြီး၏ မျက်လုံးက ရက်စက်ကြမ်းကြုတ်မှုအလင်းများ လင်းလက်သွားခဲ့သည်။
"ကွဲလော့"
အဘိုးကြီးက ဟိန်းဟောက်လိုက်သည်။ ထို့နောက်တွင်၊ သူ့ခန္ဓာကိုယ်မှ အလင်းတန်းတစ်ခုဖြင့် ဟင်းလင်းပြင်ကို ခွဲထုတ်ပြီး တိုးဝင်လိုက်၏။
သို့သော်လည်း အဘိုးကြီး၏ အရှိန်အဝါက အနည်းငယ် အားနည်းသွားတော့သည်။
ရှေ့တွင် လုမင်က ပျံသန်းနေသည်။ ရုတ်တရက် သူ့ရှေ့မှ ဟင်းလင်းပြင်က တွန့်လိပ်သွား၏။ အနက်ရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး လူရိပ်တစ်ခု ပေါ်လာတော့သည်။
လုမင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ချက်ချင်း ရပ်လိုက်သည်။ ယင်းက အရိုးစုနှင့်တူသော အဘိုးကြီးပင်။
ထိုအဘိုးကြီးက လုမင်ရှေ့တွင် အမှန်တကယ်ပေါ်လာခဲ့သည်။
"ဝုန်း"
အဘိုးကြီးထံမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာပြီး လုမင်ကို ပိတ်လှောင်လိုက်၏။
"ကောင်လေး၊ အခု မင်း ဘယ်ကို ပြေးနိုင်ဦးမလဲ ကြည့်ရအောင်"
အဘိုးကြီးက လှောင်ပြောင်လိုက်သည်။
"ဝှစ်"
လေထု အက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ အနက်ရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး လုမင်၏နောက်တွင် အခြားအရိုးစုပမာ အဘိုးကြီးတစ်ယောက် ပေါ်လာခဲ့ပြန်သည်။
အနက်ရောင်ဝတ် အဘိုးအိုနှစ်ယောက်က လုမင်ကို ဝိုင်းထား၏။
ဤတော့မှ အဘိုးကြီးတွင် ခန္ဓာကိုယ်အောက်ပိုင်းမရှိသည်ကို လုမင် သတိပြုလိုက်မိသည်။ သူ့တွင် ခန္ဓာကိုယ်အပေါ်ပိုင်းသာ ကျန်တော့သည်။ ဤအဘိုးကြီးက အနက်ရောင်ဝတ်လုံကြီးကို ၀တ်ထားသောကြောင့် လှိုဏ်ဂူထဲတွင် သူတို့ သတိမပြုမိခဲ့ခြင်း ဖြစ်သည်။
"ကောင်လေး၊ မင်းက တကယ်ကို မရိုးရှင်းဘူးပဲ။ ရှေးဦးကစဉ့်ကလျားတာအိုကို နားလည်တဲ့အပြင် အချိန်ဟင်းလင်းပြင်ဝိညာဉ်ကြွက်ကိုလည်း အဖော်အဖြစ် ခေါ်ထားနိုင်သေးတယ်။ မင်းလိုလူကို ကြီးထွားခွင့်မပေးနိုင်ဘူး။ ဒီနေ့ မင်းသေရမယ်"
အဘိုးကြီးက လှောင်ပြောင်လိုက်သည်။ အနက်ရောင်အလင်းတန်းများက သူ့မျက်ခုံးနှစ်ခုကြားမှ ရုတ်တရက် ထွက်ပေါ်လာ၏။
အနက်ရောင်အလင်းက နတ်ဓားတစ်လက်ကဲ့သို့ လုမင်ဆီသို့ မယုံနိုင်စရာအမြန်နှုန်းဖြင့် ပစ်လွှတ်လာတော့သည်။
အတွေးတစ်ခုဖြင့် ရှေးဦးကစဉ့်ကလျားတာအိုနယ်မြေက ပျံ့နှံ့သွားပြီး လုမင်ရှေ့မှာ ပိတ်ဆို့လိုက်သည်။
"ဝမ်"
အနက်ရောင်အလင်းက ရှေးဦးကစဉ့်ကလျားတာအိုနယ်မြေက ဖောက်ထွက်သွားသည်။ သို့သော်လည်း ရှေးဦးကစဉ့်ကလျားတာအိုနယ်မြေက ၎င်း၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို အားနည်းသွားစေခဲ့၏။ ကျန်အစိတ်အပိုင်းများသာ လုမင်၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ပြီး နတ်ဘုရားဝိညာဥ်ဆီသို့ ပြေးသွားတော့သည်။
"ဒေါင်"
အနက်ရောင်အလင်းတန်းက နတ်ဘုရားဝိညာဉ်ပေါ်ရှိ ကျောက်စိမ်းချပ်ဝတ်တန်ဆာကို ထိမှန်ပြီး တုန်ခါသွားစေခဲ့သည်။
နောက်ဆုံးတွင်၊ ကျောက်စိမ်းချပ်ဝတ်တန်ဆာက အနက်ရောင်အလင်းကို ပိတ်ဆို့ထားနိုင်ခဲ့၏။ သို့တိုင် ၎င်း၏ စွမ်းအားအနည်းငယ်က ချပ်ဝတ်မှတဆင့် နတ်ဘုရားဝိညာဉ်ကို ထိမှန်ခဲ့သေးသည်။
လုမင်လည်း သူ၏အသိစိတ်က တုန်ခါပြီး ထုံကျဉ်သွားသလို ခံစားလိုက်ရသည်။
'ထူးဆန်းလိုက်တာ။ အဲဒါက စိတ်ဝိဥာဉ်ကို တိုက်ရိုက်တိုက်ခိုက်တာပဲ။ ကံကောင်းထောက်မလို့ ကျောက်စိမ်းချပ်ဝတ်ရှိတဲ့အပြင် ငါ့ဝိညာဉ်စွမ်းအားကလည်း အားကောင်းတယ်။ အဲဒါကြောင့်ပဲ ငါတားဆီးနိုင်ခဲ့တာ'
လုမင်လည်း သူ့စိတ်ထဲမှ တွေးလိုက်မိသည်။
"ကောင်လေး၊ မင်းမှာ နတ်ဘုရားဝိညာဉ်ကို ခုခံကာကွယ်တဲ့ ရတနာတစ်ခုရှိတဲ့အပြင်၊ မင်းရဲ့ ဝိညာဉ်စွမ်းအားကလည်း အရမ်း အစွမ်းထက်တယ်။ ဒါဆိုရင် မင်း ပိုပြီး သေသင့်ပြီ"
သူ၏ တိုက်ခိုက်မှုက မထိရောက်ကြောင်း မြင်ရပြီးနောက် အဘိုးကြီး၏ မျက်လုံးထဲမှ သတ်ဖြတ်ချင်စိတ်မှာ ပို၍ ပြင်းထန်လာခဲ့သည်။
"အဘိုးကြီး၊ မင်းက လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီကတည်းက ဒဏ်ရာအပြင်းအထန်ရခဲ့တာ။ သေမင်းတံခါးဝမှာ ရုန်းကန်နေရတဲ့ မင်းမှာ အင်အားဘယ်လောက်ရှိဦးမှာလဲ။ ဒါတောင် အေးအေးဆေးဆေး မလေ့ကျင့်နေဘဲ ငါ့ကိုလာရှာတယ်၊ မင်း သေချင်နေတာပဲ"
လုမင်၏ ပခုံးတစ်ဖက်တွင် တန်တန် ထွက်ပေါ်လာပြီး အော်ဟစ်လိုက်သည်။
"ဟးဟားဟား၊ ဒီအဘိုးကြီးက ဒဏ်ရာအပြင်းအထန်ရနေပြီး အင်အားသိပ်မကျန်ရင်တောင် မင်းကိုသတ်ဖို့ လုံလောက်တာထက် ပိုသေးတယ်"
အဘိုးအိုက လှောင်ပြောင်ရယ်မောလိုက်သည်။ သူ့ခန္ဓာကိုယ်မှ အနက်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ သူ့အရှိန်အဝါက ပို၍ အားနည်းလာသော်လည်း အနက်ရောင်အလင်းမှာ ပိုမို တောက်ပသည်ထက်တောက်ပလာတော့သည်။
လုမင်၏ မျက်လုံးများလည်း လေးနက်လာခဲ့သည်။
ထိုအဘိုးကြီးက ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း၊ သူတော်စင်နယ်ပယ် အကျော်အမော်တစ်ဦး ဖြစ်နေဆဲပင်။ သူတော်စင်နယ်ပယ် အကျော်အမော်များကို လျှော့တွက်လို့မရပါ။
"ရား"
ဟိန်းဟောက်သံနှင့် အဘိုးကြီး၏ ခန္ဓာကိုယ်က ပို၍ပို၍ ပုံရိပ်ယောင်သဖွယ် ဖြစ်လာခဲ့သည်။ နောက်ဆုံးတွင်၊ သူက သေမင်းတံစဉ်ကောက်ကို ကိုင်ဆောင်ထားသော ဧရာမ အနက်ရောင် သေမင်းအဖြစ် ပြောင်းသွားသည်။
လုမင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ ရှမ်းဟွမ်တိုက်ကြီးမှ မင်ကျစ်အကြောင်းက သူ့စိတ်ထဲတွင် အလိုအလျောက် ပေါ်လာခဲ့၏။ မင်ကျစ်၏ သွေးမျိုးဆက်ကဘည်း စိတ်ဝိညာဉ်ကို တိုက်ခိုက်နိုင်သော သေမင်း ဖြစ်သည်။
"သေ"
သေမင်းက သေမင်းတံစဉ်ကောက်ဖြင့် လုမင်ကို ခုတ်ချလိုက်သည်။
သူ့ရှေ့မှ အဘိုးကြီးကလည်း ရယ်မောလိုက်သည်။ သူ့မျက်လုံးများက အလင်းရောင် တောက်ပနေ၏။ အနက်ရောင် နတ်ဓားနှစ်လက်က သူ့မျက်လုံးများမှ ထွက်လာပြီး လုမင်ကို ထိုးစိုက်လိုက်တော့သည်။
"မိုးကြိုး၊ မီးလျှံ"
လုမင် အော်လိုက်သည်။ ရှေးဦးကစဉ့်ကလျားတာအိုနယ်မြေတွင် မိုးကြိုးလျှပ်စီးများ ပြည့်သွားသည်။ တစ်ချိန်တည်းမှာပင်၊ မိုးကြိုးများကြားတွင် တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များဖြင့် လောင်ကျွမ်းသွား၏။
ရှေးဦးကစဉ့်ကလျားတာအိုနယ်မြေက အလွန်အားကောင်းသည့် အချိန်နှင့် ဟင်းလင်းပြင်တာအိုနယ်မြေကဲ့သို့ တာအိုနယ်မြေအနည်းငယ်မှလွဲ၍ ထောင်ပေါင်းများစွာသော တာအိုနယ်မြေများအဖြစ်သို့ ပြောင်းလဲနိုင်သည်။
လုမင်က အမှောင်စွမ်းအင်၏ ရန်ဘက်ဖြစ်သော မိုးကြိုးလျှပ်စီးနှင်း မီးကို အသုံးပြုကာ အဘိုးကြီးကိုတားဆီးရန် ကြိုးစားလိုက်ခြင်းပင်။
သေမင်းတံစဉ်ကောက်နှင့် အနက်ရောင် နတ်ဓားနှစ်လက်က လျှပ်စီးနှင့်မီးတာအိုနယ်မြေကို တိုက်မိသောအခါ စူးစူးရှရှ အသံများ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ ပေါက်ကွဲသံနှင့်အတူ အနက်ရောင် မီးခိုးများ ထွက်ပေါ်လာ၏။
အလုပ်ဖြစ်တယ်။
လုမင်၏ မျက်လုံးများက တောက်ပလာတော့သည်။
"ချိုးဖြတ်စမ်း"
အဘိုးကြီး ဟိန်းဟောက်လိုက်သည်။