အခန်း ၁၄၆၆
Vol. 98 Ch. 1466
အပိုင်း ( 1466 ) ခက်ခဲသောတိုက်ပွဲ။
"ဝုန်း"
သေမင်းနတ်ဘုရား၏ တံစဉ်ကောက်နှင့် အနက်ရောင် နတ်ဓားနှစ်လက်စလုံးက ပို၍ အားကောင်းလာသည်။ ယင်းက မိုးကြိုးနှင့်မီး တာအိုနယ်မြေကိုဖြတ်ကျော်ပြီး လုမင်ထံသို့ တိုးဝင်လာကြ၏။
"တွိ..."
ပူဖောင်းလေးက သူ့လက်သေးသေးလေးကို ဝှေ့ယမ်းကာ လုမင်၏အနီးတွင် အချိန်ဟင်းလင်းပြင်အကာကွယ်တစ်ခုကို ဖန်တီးလိုက်သည်။
အဘိုးကြီး၏ တိုက်ခိုက်မှုက လျှို့ဝှက်ဆန်းကြယ်သော်လည်း အချိန်ဟင်းလင်းပြင် အကာကွယ်ကြောင့် စွမ်းအား ထပ်မံအားနည်းသွားရသည်။
ထို့နောက်တွင်၊ ၎င်းက အနက်ရောင်တောင်ပံများ၏ ခုခံမှုကို ထပ်မံ ဖြတ်ကျော်ပြီးမှ နတ်ဘုရားဝိညာဉ်အား တိုက်ခိုက်နိုင်ခဲ့ပေသည်။
"ဒေါင်"
ကျောက်စိမ်းချပ်ဝတ်တန်ဆာက ပြင်းထန်စွာ တုန်ခါသွားသည်။ အားကောင်းသော စွမ်းအားက ကျောက်စိမ်းချပ်ဝတ်တန်ဆာကို ဖြတ်၍ လုမင်၏ဝိညာဉ်ကို ထိမှန်သွား၏။ လုမင်လည်း မျက်နှာအမူအရာ ပြောင်းလဲကာ နောက်ဆုတ်သွားရတော့သည်။
အဘိုးအို၏ ဤတိုက်ခိုက်မှုက တကယ်ကို ကြောက်စရာကောင်းသည်။ လုမင်၏ စိတ်ဝိညာဉ်က သာမန်လူထက် အဆပေါင်းများစွာ သန်မာပြီး ကျောက်စိမ်းချပ်ဝတ်တန်ဆာပင် ရှိသော်လည်း နာကျင်ခြင်းကို ခံစားလိုက်ရသေးသည်။
သူ့နေရာတွင် သာမန်လူတစ်ဦးဖြစ်ပါက ကျောက်စမ်းချပ်ဝတ်တန်ဆာ ရှိထားလျှင်ပင် သူ၏ဝိညာဉ် ပျက်သုဉ်းသွားရမည် ဖြစ်သည်။
"မသေသေးဘူးလား"
လုမင် အံ့ဩသွားခဲ့သည်။ သို့သော်လည်း သူမသိသည်မှာ၊ အဘိုးကြီးက သူ့ထက် ပို၍တုန်လှုပ်သွားခြင်းပင်။
အဘိုးအို၏ ဝိညာဉ်တိုက်ခိုက်မှုက အဆင့်ခုနစ် သိုင်းအုပ်ချုပ်သူ၏ နတ်ဘုရားဝိညာဉ်ကိုပင် ဖျက်ဆီးပစ်နိုင်သည်။ သို့ရာတွင် ပထမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်၌သာရှိသော လုမင်က အမှန်တကယ် တားဆီးခဲ့၏။
ယင်းက ဒဏ်ရာပြင်းထန်စွာ ရရှိထားသော သူ့ခန္ဓာကိုယ်အတွက် အလွန်အန္တရာယ်များသော်လည်း ဂရုမစိုက်ဘဲ စတေးပြီး ထုတ်ဖော်ခဲ့သော တိုက်ခိုက်မှုတစ်ခု ဖြစ်ချေသည်။
'သတ်၊ ငါသူ့ကိုသတ်ရမယ်။ မဟုတ်လို့ ငါ အသက်ရှင်နေသေးတယ်ဆိုတဲ့ သတင်းကိုဖြန့်လိုက်ရင် ဒုက္ခဖြစ်လိမ့်မယ်'
အဘိုးကြီးက သူ့စိတ်ထဲမှ အော်ဟစ်လိုက်သည်။ သူက ဒဏ်ရာများကိုလျစ်လျူရှုပြီး တိုက်ခိုက်မှု ထပ်မံထုတ်ဖော်လိုက်၏။
သေမင်းနတ်ဘုရားတံစဉ်ကောက်က ထပ်မံခုတ်လှဲလိုက်သည်။ လုမင် အရှေ့မှ အရိုးစုအဘိုးကြီးကလည်း လက်ဝါးတစ်ချက်ကို လုမင်ဆီသို့ ရိုက်ထုတ်လာတော့သည်။
ယခုတစ်ကြိမ်တွင် သူက ဝိညာဉ်တိုက်ခိုက်မှုကို ပြုလုပ်ရုံသာမက သာမန်တိုက်ခိုက်မှုကိုလည်း ထုတ်ဖော်ခဲ့သည်။
"ဒါကို ငါ့အတွက်ထားလိုက်ပါ"
တန်တန်က ရှေ့သို့ပြေးထွက်သွားပြီး ပါးစပ်ကိုဟလိုက်သည်။ ပုံရိပ်ယောင်ကမ္ဘာကြီးတစ်ခု ထွက်လာပြီး လက်ဝါးပုံရိပ်ကို တိုက်ခိုက်လိုက်၏။
တစ်ချိန်တည်းမှာပင်၊ ပူဖောင်းလေးက တိုက်ခိုက်ခဲ့ကာ ကြောက်မက်ဖွယ်ကောင်းသော အချိန်ဟင်းလင်းပြင် ဓားသွားများစွာက အဘိုးအိုဆီသို့ တိုးဝင်သွားတော့သည်။
"မင်းက တိုက်ခိုက်ချင်မှတော့ သေတဲ့အထိ တိုက်ခိုက်ကြတာပေါ့"
လုမင်၏ မျက်လုံများက ပြတ်သားမှုတို့ လင်းလက်လာခဲ့သည်။ သူ့အနောက်ဘက်မှ သေမင်းနတ်ဘုရား တံစဉ်ကောက်ကို ဂရုမစိုက်တော့ပေ။ သူက အတောင်များကိုခတ်ကာ ရှေ့သို့ ပျံသန်းသွားခဲ့သည်။
သူ တန်ပြန်တိုက်ခိုက်တော့မည်။
သူ့မျက်ခုံးနှစ်ခုကြားမှ တောက်ပပြီး ရှေ့တွင် ဒိုင်းတစ်ခု ပေါ်လာခဲ့သည်။ ယင်းက တောင်တစ်လုံးကဲ့သို့ ကြီးမားလာ၏။
"ဒုန်း"
တန်တန် ထွေးထုတ်လိုက်သော ပုံရိပ်ယောင်ကမ္ဘာက ဧရာမ လက်ဝါးပုံရိပ်ကြီးအောက်တွင် ပြိုကျသွားခဲ့သည်။ ထို့နောက်တွင် လုမင်ဆင့်ခေါ်ခဲ့သော ဧရာမဒိုင်းကြီးကို ဝင်တိုက်လိုက်သည်။
"ဒေါင်"
ဤဒိုင်းက သူတော်စင်ရတနာဖြစ်ပြီး ဖျက်ဆီး၍မရနိုင်ပါ။
လက်ဝါးပုံရိပ်ကြီးက ဒိုင်းကိုထိမှန်ကာ လွင့်စဉ်သွားစေခဲ့သည်။ သို့ရာတွင် လက်ဝါးပုံရိပ်ကြီးလည်း ပျောက်ကွယ်သွားတော့သည်။
လက်ဝါးပုံရိပ်ကြီး ပျက်စီးသွားခဲ့သည်။
ထိုအချိန်တွင် ပူဖောင်းလေး၏ အချိန်ဟင်းလင်းပြင်ဓားများက ဆက်လက် တိုက်ခိုက်လိုက်သည်။
လုမင်၏ မျက်လုံးများ တောက်ပလာသည်။ တစ်ဖက်လူမှာ အလွန်အားနည်းနေပုံရ၏။ သူ၏ ဝိညာဉ်တိုက်ခိုက်မှုများက အနည်းငယ် အားကောင်းသည်မှလွဲ၍ သာမာန်တိုက်ခိုက်မှုများက အားကောင်းခြင်းမရှိပေ။
"သတ်"
လုမင်က ဟိန်းဟောက်ပြီး လက်နှစ်ဖက်စလုံးဖြင့် လက်သီးချက်များ ထုတ်ဖော်လိုက်သည်။ လက်သီးအင်အား တစ်ဒါဇင်ကျော်က အချိန်ဟင်းလင်းပြင် ဓားသွားများနှင့်အတူ အဘိုးအိုထံ တိုးဝင်သွား၏။
အဘိုးအို၏ အမူအရာက ပြောင်းလဲသွားသည်။ သူ့တစ်ကိုယ်လုံးကို အနက်ရောင်အလင်းတန်းဖြင့် ဖုံးလွှမ်းထားပြီး လက်ဝါးပုံရိပ်များ အဆက်မပြတ် ထုတ်ဖော်လိုက်သည်။
"ဝုန်း... ဝုန်း... ဝုန်း"
ပြင်းထန်သော ပေါက်ကွဲသံ ထွက်ပေါ်လာ၏။ ကြောက်မက်ဖွယ်ကောင်းသော တိုက်မိမှုအပြီးတွင် အရိုးစုပမာ အဘိုးအို၏ ခန္ဓာကိုယ်က နောက်သို့ လွင့်စဉ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် သေမင်းနတ်ဘုရား တံစဉ်ကောက်က ခုတ်ချလိုက်ရာ လုမင်၏ နတ်ဘုရားဝိညာဉ်က နာကျင်မှုကို ခံစားလိုက်ရသည်။
သို့သော်လည်း လုမင်က အံကြိတ်ပြီး တောင့်ခံထားခဲ့ပေသည်။
"သတ်"
လုမင်က အနက်ရောင်တောင်ပံများကိုခတ်ပြီး သူ့ရှေ့ရှိ အရိုးစုအဖိုးအိုဆီသို့ ပျံသန်းသွားသည်။
သူက သူ့နောက်ကွယ်မှ သေမင်းနတ်ဘုရားတံစဉ်ကောက်၏ တိုက်ခိုက်မှုကို လုံးဝလျစ်လျူရှုထား၏။ သူ့ရှေ့မှ အရိုးစုပမာ အဘိုးအိုကိုသာ စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
"ရွှစ်"
အနက်ရောင်အတောင်များက ကောင်းကင်ဓားနှစ်လက်ကဲ့သို့ အဘိုးအိုကို ခုတ်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင်၊ လုမင်လက်ထဲမှာ လှံတစ်လက်ပေါ်လာပြီး လှံချက် ထုတ်ဖော်လိုက်၏။
အစွန်းရောက်လှံ ဆယ့်သုံးချက်။
အုပ်ချုပ်သူအဆင့် လှံရှည်က လေးကြိမ်ဆက်တိုက် တုန်ခါသွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော အင်အားလေးခုက ရုတ်ခြည်း ပေါက်ကွဲထွက်လာပြီး အဘိုးအိုဆီသို့ တိုးဝင်သွား၏။
တစ်ချိန်တည်းမှာပင်၊ တန်တန်နှင့် ပူဖောင်းလေးတို့၏ တိုက်ခိုက်မှုများက တပြိုင်နက်တည်း ကျရောက်လာတော့သည်။
အဘိုးကြီးလည်း ဟိန်းဟောက်ပြီး လက်ဝါးရိုက်ချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော တိုက်မိမှုတစ်ခု ဖြစ်ပေါ်လာပြီး အင်အားလှိုင်းများက အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ နောက်ဆုံးတွင် အဘိုးကြီးက အားနည်းချက်တစ်ခုရှိပြီး လွင့်စဉ်သွား၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်အလင်းတန်းများသည်ပင် ခဏတာ တုန်လှုပ်သွားတော့သည်။
"အား၊ ကောင်စုတ်လေး... ငါ မင်းကို သေစေချင်တယ်"
အဘိုးကြီးက ရူးသွပ်သွားသလို အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်အလင်းများက မီးတောက်ကဲ့သို့ လောင်ကျွမ်းသွား၏။
သူ့နောက်မှ ဧရာမ သေမင်းနတ်ဘုရားက အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အရိုးစုပမာအဘိုးအို၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားတော့သည်။
"ဝုန်း"
ထို့နောက်တွင် အဘိုးအိုထံမှ ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။ လုမင်လည်း နတ်ဘုရားတောင်တစ်လုံးဖြင့် ဖိခံရသလို ခံစားလိုက်ရ၏။
ယင်းက သူတော်စင်နယ်ပယ် အကျော်အမော်တစ်ယောက်၏ ကြောက်စရာကောင်းသော အရှိန်အဝါ ဖြစ်တော့သည်။
"မကောင်းတော့ဘူး၊ ဒီအဘိုးကြီး အကုန်လုပ်နေပြီ"
တတ်တန်က အော်လိုက်သည်။
"မိစ္ဆာဝိညာဉ်ဓား သတ်ဖြတ်ခြင်း"
အရိုးစုပမာ အဘိုးကြီးက ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်အလင်းများက ဧရာမဓားတစ်လက်အဖြစ် ပေါင်းစပ်သွား၏။ ဧရာမ အနက်ရောင်ဓားကြီးက လုမင်ဆီသို့ ဖြတ်သန်းလာတော့သည်။
ဧရာမဓားကြီးက ကောင်းကင်မှ တိမ်တိုက်များကို ဖြတ်သွားခဲ့သည်။
ဤဓားကြီးက လုမင်အား ကြီးမားသောအန္တရာယ်ကို ခံစားရစေခဲ့၏။
"ဝမ်"
ဧရာမဒိုင်းကြီးက လုမင်ရှေ့တွင် ချက်ချင်း ပိတ်ဆို့လိုက်သည်။
ထို့နောက် တန်တန်နှင့် ပူဖောင်းလေးကလည်း ကိုယ်ပိုင် အကာကွယ်နည်းလမ်းများကို ချက်ချင်း ထုတ်ဖော်လိုက်၏။
"ဝုန်း၊ ဝုန်း၊ ဝုန်း"
ဧရာမ ဓါးကြီး ကျရောက်လာသည်နှင့် ဒိုင်းက လွင့်စဉ်သွားခဲ့သည်။ ထို့နောက် တန်တန်နှင့် ပူဖောင်းလေး၏ အကာကွယ်များ ပြိုကျသွား၏။
ထို့နောက်တွင် ဧရာမဓားကြီးက လုမင်ဆီသို့ ဆက်လက် ခုတ်ပိုင်းလာတော့သည်။
အနက်ရောင်တောင်ပံများက လုမင်ရှေ့မှ ချက်ချင်း ပိတ်ဆို့လိုက်သည်။ ကစဉ့်ကလျားတာအိုနယ်မြေကလည်း ဖုံးအုပ်ထားသေးသည်။
"ဒေါင်"
ဧရာမဓားကြီး ကျရောက်လာသည်နှင့် အနက်ရောင်တောင်ပံများက ပြင်းထန်စွာ တုန်ခါသွားသည်။ လုမင်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားပြီး ပါးစပ်မှ သွေးများ အန်ထွက်လာ၏။ ထို့နောက်မှာတော့ လုမင်၏ခန္ဓာကိုယ်က ဥက္ကာခဲကြွေကျသကဲ့သို့ မြေပြင်ပေါ်ကို ထိုးကျသွားတော့သည်။
"ဒုန်း"
လုမင်၏ ခန္ဓာကိုယ်က မြေပြင်ကို ဝင်ဆောင့်မိသောအခါ ကြီးမားသော တွင်းပေါက်ကြိးတစ်ခု ပေါ်လာခဲ့သည်။
'သေစမ်း၊ အားကောင်းလိုက်တဲ့ စွမ်းအားပဲ'
လုမင်၏ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲမှ သွေးများ ဆူပွက်နေပြီး အရိုးပေါင်းများစွာလည်း ကျိုးသွားခဲ့၏။
အရိုးစုပမာ အဘိုးကြီးက လက်ထဲတွင် ပုံရိပ်ယောင် ဓားကြီးကိုကိုင်ကာလုမင်ဆီသို့ ပျံသန်းလာခဲ့သည်။ အားကောင်းသော ဖိအားတစ်ခုက လုမင်ကို ဖိလာခဲ့၏။ သူ့မျက်လုံးမှာတော့ ရက်စက်ကြမ်းကြုတ်သော အလင်းများက တဖျတ်ဖျတ်တောက်နေတော့သည်။
လုမင်က သူထင်သည်ထက် ကိုင်တွယ်ရ ပို၍ခက်ခဲသည်။ သူလေ့ကျင့်ထားသော သိုင်းပညာက အစွမ်းထက်သလို သူတော်စင်ရတနာအနည်းငယ်အပါအဝင် ရတနာများစွာလည်း ပိုင်ဆိုင်ထား၏။ သူက ပထမအဆင့် သိုင်းအုပ်ချုပ်သူနှင့်ပင် လုံးဝ မတူတော့ပေ။
တစ်ချိန်တည်းမှာပင် သူ့တွင် အချိန်ဟင်းလင်းပြင်ဝိညာဉ်ကြွက်နှင့် လိပ်ကလေးတစ်ကောင် ရှိသည်။ ထိုလိပ်ကို သူ မမှတ်မိနိုင်သော်လည်း သေချာတာကတော့ အလွန် ထူးခြား၏။
ထို့အပြင်၊ လုမင်၏အင်အားက အားကောင်းလွန်းလှသည်။
အရိုးစုပမာ အဘိုးကြီးက ပြင်းထန်စွာ ဒဏ်ရာရခဲ့သော်လည်း၊ သာမန်ပထမအဆင့် သိုင်းအုပ်ချုပ်သူကိုတော့ အလွယ်တကူ သတ်နိုင်သေးသည်။ သို့ရာတွင် လုမင်က ယခုထိ အသက်ရှင်နေခဲ့သည်။
သူက ဒဏ်ရာများကိုလျစ်လျူရှုပြီး တားမြစ်နည်းလမ်းအချို့ကိုပင် အသုံးပြုထားပြီးဖြစ်သော်လည်း လုမင် အသက်ရှင်နေသေးသည်။
ယင်းကြောင့် အရိုးစုပမာအဘိုးကြီး တုန်လှုပ်သွားသလို လုမင်အပေါ် သတ်ဖြတ်လိုစိတ်ကလည်း ပို၍ စိတ်ပိုင်းဖြတ်လာတော့သည်။
'ငါဘယ်လိုလုပ်ရမလဲ၊ ဒီအတိုင်းဆက်သွားနေရင် မဖြစ်တော့ဘူး၊ အဘိုးကြီးလက်မှာ သေရလိမ့်မယ်'
လုမင်လည်း စိတ်ထဲမှ အမြန်စဉ်းစားလိုက်သည်။
'အဲ၊ ငရဲဖိနှိပ်ကျောက်စာချပ် ရှိသေးတာပဲ'
ရုတ်တရက်၊ လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။
ဤအရိုးစုပမာ အဘိုးကြီးက မိစ္ဆာဆန်သော ကျင့်စဉ်များကို လေ့ကျင့်ထားကြောင်း ထင်ရှားသည်။ ငရဲဖိနှိပ်ကျောက်စာချပ်ကလည်း မိစ္ဆာတာအိုနှင့် နတ်ဆိုးလမ်းစဉ်အပေါ် ဆန့်ကျင်ရာတွင် အလွန်ထိရောက်မှုရှိ၏။
လုမင်လည်း ယင်းကို မေ့လုနီးပါးပင်။
လုမင်ဟာ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ချိုးဖြတ်ပြီး ဝိညာဉ်ခန္ဓာအား လေ့ကျင့်ပြီးနောက် ကျန်သွေးမျိုးဆက်နှစ်ခုကို မသိစိတ်မှ လျစ်လျူရှုခဲ့မိသည်။
ယင်းတို့ကို အသုံးမပြုသလောက် ဖြစ်သွား၏။
ယခုမှ လုမင်မှာ ရုတ်တရက် သတိရလာတော့သည်။