← Chapters

အခန်း ၁၄၆၇

Vol. 98 Ch. 1467

အခန်း ၁၄၆၇

Vol. 98 Ch. 1467

အပိုင်း ( 1467 ) သိုင်းအုပ်ချုပ်သူနယ်ပယ် ဒုတိယအဆင့်။

အတွေးတစ်ခုဖြင့် ငရဲဖိနှိပ်ကျောက်စာချပ် ထွက်ပေါ်လာခဲ့သည်။

"ဖိနှိပ်"

လုမင် ဟိန်းဟောက်လိုက်၏။ ငရဲဖိနှိပ်ကျောက်စာချပ်က လျင်မြန်စွာ ကျယ်ပြန့်လာပြီး အဘိုးကြီးကို ဖိနှိပ်လိုက်တော့သည်။

"ငရဲဖိနှိပ်ကျောက်စာချပ်၊ အဲဒါက ငရဲဖိနှိပ်ကျောက်စာချပ်ပဲ။ မဖြစ်နိုင်ဘူး...၊ ငရဲဖိနှိပ်ကျောက်စာချပ်က ပြိုကွဲသွားပြီ မဟုတ်ဘူးလား"

ငရဲဖိနှိပ်ကျောက်စာချပ်ကို မြင်လိုက်သည်နှင့် အဘိုးကြီးက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့လေသံမှာလည်း အဆုံးမဲ့ အကြောက်တရားများဖြင့် ပြည့်နှက်နေသည်။

ထို့နောက်တွင် ချာခနဲ လှည့်ပြေးတော့၏။

အရိုးစုပမာ အဘိုးကြီးက ငရဲဖိနှိပ်ကျောက်စာချပ်ကို မြင်သောအခါ လှုပ်ရှားရန်ပင် မဝံ့ရဲဘဲ တိုက်ရိုက်ပြေးတော့သည်။

"ဝုန်း"

ငရဲဖိနှိပ်ကျောက်စာချပ်က တုန်ခါသွားပြီး ဖိနှိပ်ဟူသော စကားလုံးမှ ပြိုးပြိုးပြက်ပြက် တောက်ပလာခဲ့သည်။ ငရဲဖိနှိပ်ကျောက်စာချပ်က ကောင်းကင်တမျှ မြင့်မားလာ၏။ ယင်းက အဘိုးကြီး၏ ဦးခေါင်းထက်တွင် ချက်ချင်းပေါ်လာကာ ဖိချလိုက်တော့သည်။

"အား"

အဘိုးကြီး ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်အလင်းတန်းတစ်ခုလည်း သူ့ခန္ဓာကိုယ်မှ ပျံ့နှံ့သွား၏။ ဤအခိုက်အတန့်တွင် အဘိုးကြီး၏ အငွေ့အသက်များက အလွန်တရာအားကောင်းသည်။ သူက သူ့လက်ကိုဝှေ့ယမ်းပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခုကို ထုတ်ဖော်လိုက်တော့သည်။

ဤဓားချက်က ယခင် လုမင်ကိုခုတ်ခဲ့သော ဓားချက်ထက် အဆများစွာ အစွမ်းထက်သည်။

လုမင်၏ အမူအရာက လေးနက်သွားသည်။ ဤအဘိုးကြီး အမှန်တကယ်ပေါက်ကွဲနေပြီ။

သို့ရာတွင်၊ ငရဲဖိနှိပ်ကျောက်စာချပ်က ကမ္ဘာပေါ်ရှိ အရာအားလုံးကို ချိုးနှိမ်နိုင်ပုံရသည့် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်လာသည်။ အဘိုးကြီး ထုတ်ဖော်လိုက်သော ဓားအလင်းက ချက်ချင်း ပြိုကျသွားရသည်။

"ဝုန်း"

ထို့နောက် ငရဲဖိနှိပ်ကျောက်စာချပ်က အရိုးစုပမာအဘိုးအို၏ ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ဖိချလိုက်သည်။ အရိုးစုပမာ အဘိုးကြီး ငယ်သံပါအောင် အော်ဟစ်လိုက်၏။ အားနည်းနေသော သူ့ခန္ဓာကိုယ်က တိုက်ရိုက်ပေါက်ကွဲကာ ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

လုမင် အံသြသွားသည်။

အကြောင်းမှာ၊ သူက ငရဲဖိနှိပ်ကျောက်စာချပ်ကို လုံးဝ အသက်မသွင်းခဲ့သောကြောင့်ပင်။ ငရဲဖိနှိပ်ကျောက်စာချပ်က သူ့ဘာသာသူ ရန်သူကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ၎င်း၏စွမ်းအားက လုမင်ကိုယ်တိုင် အသက်သွင်းချိန်ကထက်တောင် အဆများစွာ အားကောင်းနေသေးသည်။

ငရဲဖိနှိပ်ကျောက်စာချပ်က ရန်သူကို အလိုအလျောက်သတ်နိုင်သည့်အပြင် အံ့မခန်းစွမ်းအားဖြင့် ပေါက်ကွဲနိုင်သည်။ ထိုအတွက် လုမင်လည်း မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရပေသည်။

"ဝှစ်"

ထိုအခိုက်တွင်၊ အရိုးစုအဘိုးကြီး ပေါက်ကွဲသွားသည့်နေရာမှ အနက်ရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်း၏အရှိန်က အံ့ဩဘနန်းဖြစ်အောင် မြန်ဆန်လွန်း၏။ ဟင်းလင်းပြင်ခုန်ကျော်သကဲ့သို့ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

"ကောင်လေး၊ ငါ့ မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ လက်စားချေမှုကို မင်းစောင့်နေလိုက်တော့"

အရိုးစုအမာ အဘိုးကြီး၏ မနှစ်မြို့ဖွယ်အသံက အဝေးမှ ထွက်ပေါ်လာခဲ့သည်။

"မသေသေးဘူးလား"

လုမင် မျက်မှောင်ကြုတ်လိုက်၏။ အရိုးစုပမာ အဘိုးကြီး၏ ခန္ဓာကိုယ်က ပျက်စီးသွားသော်လည်း သူ့ဝိညာဉ်ကတော့ လွတ်မြောက်သွားပြီ။

"ဝမ်"

ငရဲဖိနှိပ်ကျောက်စာချပ်က ဒေါသဖြစ်သကဲ့သို့ တစ်ချက် တုန်ခါသွားသည်။ ထို့နောက်တော့ လျင်မြန်စွာ ကျုံ့သွားကာ လုမင်၏ ဦးခေါင်းထက်သို့ တိတ်တဆိတ် လွင့်မျောလာတော့သည်။

လုမင်လည်း ငရဲဖိနှိပ်ကျောက်စာချပ်ကို စူးစမ်းဟန်ဖြင့် ကြည့်လိုက်သည်။

ငရဲဖိနှိပ်ကျောက်စာချပ်က တကယ်ကို ရိုးရှင်းပုံမရပေ။ ၎င်း၏ဇာစ်မြစ်က အံ့ဩစရာ ဖြစ်သည်။ လုမင်ကိုယ်တိုင်သည်လည်း ၎င်း၏ စစ်မှန်သောစွမ်းအားကို တစ်ခါမှ မပြသခဲ့ဖူးပေ။ သူပြသခဲ့သည့်အရာက ရေခဲတောင်ကြီး၏ အစွန်အဖျားမျှသာ ဖြစ်သည်။

'ငရဲဖိနှိပ်ကျောက်စာချပ်က တကယ်ကြီး ရန်သူကို သူ့ဘာသာ တိုက်ခိုက်ခဲ့တာပဲ၊ ဒါမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ ထူးခြားလိုက်တာ၊ တစ်ဖက်လူက မိစ္ဆာကျင့်စဉ်တွေကို လေ့ကျင့်ထားပေမဲ့ အရင်ကလည်း မိစ္ဆာကျင့်စဉ်ကျင့်တဲ့သူတွေကို ငါ ရင်ဆိုင်ဖူးတာပဲ။ ဒီလိုဖြစ်ရပ်မျိုးတော့ တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး'

လုမင်လည်း လေးလေးနက်နက် တွေးရင်း မျက်မှောင်ကြုတ်လိုက်မိသည်။

တစ်ဖက်လူက မိစ္ဆာကျင့်စဉ်ကို လေ့ကျင့်ခြင်းတစ်ခုတည်းကြောင့် တိုက်ခိုက်ခြင်းဖြစ်မည်ဟုတော့ သူမထင်ပေ။ နောက်ကွယ်တွင် အခြား အကြောင်းရင်းတစ်ခုခု ရှိနိုင်သည်။ သို့ရာတွင်၊ မည်သည့်အရာဖြစ်မှန်းတော့ လုမင် မသိသေးပါ။

"ရှန်းရွှီတိုက်အဖွဲ့အစည်းမှာတုန်းက... ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ ဟိုလူကြီး ကောင်းကင်နတ်ဘုရားဂိုဏ်းမှာ ငရဲဖိနှိပ်ကျောက်စာချပ်ရဲ့ အစိတ်အပိုင်းတစ်ခုရှိတယ်လို့ ပြောခဲ့တယ်။ အဲဒါက မမှားသင့်ဘူး။ အဲဒီအပိုင်းအစကိုရဖို့ ငါ နည်းလမ်းရှာရမယ်"

လုမင်လည်း သူ့စိတ်ထဲမှ တွေးလိုက်သည်။

သို့ရာတွင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းက အလွန်အင်အားကြီးမားသည်။ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ အလုံးစုံစွမ်းအာက စန်းပြည်နယ်ရှိ ထိပ်တန်းအင်အားစု ဆယ့်သုံးခုတွင် အသန်မာဆုံးဖြစ်သည်ဟုပင် အချို့က ပြော၏။ ထို့ကြောင့် ငရဲဖိနှိပ်ကျောက်စာချပ်၏ အပိုင်းအစကို ရရှိရန် အလွန်ခက်ခဲလိမ့်မည်။

"အဲ"

လုမင်က အရိုးစု အဘိုးကြီး၏ ခန္ဓာကိုယ် ပျက်စီးသွားသည့် နေရာကို ကြည့်လိုက်သည်။

ထိုနေရာတွင် အရိုးစုအဘိုးကြီးထံမှ သိုလှောင်လက်စွပ်တစ်ကွင်းတောင် မတွေ့ရပေ။ သို့သော်၊ ထိုအခိုက်တွင် အနက်ရောင်စာရွက်တစ်ရွက် လွင့်ကျနေသည်ကို တွေ့လိုက်ရသည်။

လုမင်လည်း ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်ကို ရုတ်သိမ်းလိုက်၏။ ထို့နောက်တော့ သူ့ခန္ဓာကိုယ်ကို လှုပ်ရှားပြီး စာရွက်ကို ဖမ်းယူလိုက်တော့သည်။

"လျှို့ဝှက်နည်းလမ်းတစ်ခုပဲ"

တစ်ချက်ကြည့်လိုက်ပြီးနောက် လုမင်ဟာ လျှို့ဝှက်နည်းလမ်းတစ်ခုကို မှတ်တမ်းတင်ထားသော စာရွက်ဖြစ်ကြောင်း တွေ့လိုက်ရသည်။

"ဒီနေရာကနေ အရင်ထွက်သွားတာပေါ့"

လုမင်လည်း စာရွက်ကို သိမ်းဆည်းလိုက်သည်။ နောက်တော့ သူ၏အနက်ရောင်တောင်ပံများကို ခတ်ကာ ဟင်းလင်းပြင်ကိုဆုတ်ဖြဲပြီး ဤနေရာမှ ထွက်သွားတော့သည်။

ယခုတိုက်ပွဲက ပြင်းထန်လွန်းသဖြင့် အနီးနားရှိ ကျွမ်းကျင်သူများ၏ အာရုံကို ဆွဲဆောင်နိုင်ချေ ရှိသည်။

မိုင်သိန်းဂဏန်း အနည်းငယ်အကွာတွင်၊ လုမင်က တိတ်ဆိတ်သော ဂူတစ်ခုကိုရှာဖွေပြီး ဝင်ရောက်သွားခဲ့သည်။

လှိုဏ်ဂူထဲတွင် တင်ပျဉ်ခွေထိုင်ပြီးနောက် လုမင်က သူ့လက်ကို ဝှေ့ယမ်းရာ ကျောက်ကြမ်းအပုံလိုက်ကြီး ထွက်ပေါ်လာသည်။ သူက ဝါးမျိုခြင်းစွမ်းအားကို ပေါက်ကွဲပြီး ကျောက်ကြမ်းများကို လွှမ်းခြုံလိုက်၏။ ၎င်းတို့ကို သန့်စင်စေပြီးနောက် ကုန်ခမ်းသွားသော စွမ်းအင်များကို ပြန်လည်ဖြည့်တင်းလိုက်တော့သည်။

နာရီအနည်းငယ်ကြာပြီးနောက်၊ လုမင်၏ ယွမ်ချွီစွမ်းအင်က အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့သည်။ ထို့အပြင် သူ၏ ယွမ်ချီစွမ်းအင် စီးဆင်းမှုက လွန်စွာချောမွေ့ပြီး သန့်စင်မှု အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ။

"ငါ အဆင့်တက်တော့မယ်"

လုမင်၏ မျက်နှာက ရွှင်လန်းမှုတို့ ပြည့်သွားသည်။

ယခင်က သူဟာ နဂါးနတ်ဘုရားတောင်ကြားတွင် အုပ်ချုပ်သူတာအိုနယ်မြေ သစ်သီးသုံးလုံးကို သန့်စင်ခဲ့သည်။ သူ၏ တာအိုနယ်မြေနှင့် ကျင့်ကြံခြင်းအခြေခံက ပထမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိသွား၏။ ယင်းက ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်မှ ခြေတစ်လှမ်းသာ ဝေးတော့သည်။

အချိန်အတော်ကြာအောင် အရိုးစုအဘိုးကြီးနှင့် တိုက်ခိုက်ပြီးနောက်၊ နောက်ဆုံးတွင် အောင်မြင်မှုများ ရရှိတော့မည် ဖြစ်သည်။

လုမင်က သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ ကောင်းကင်တာအိုကျောက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်တာအိုကျောက်က သူ့ဦးခေါင်းထက်သို့ လွင့်မျောပြီး‌ ကောင်းကင်တာအိုအငွေ့အသက်များ ထွက်ပေါ်လာ၏။

လုမင်လည်း တိတ်တဆိတ် လေ့ကျင့်နေလိုက်တော့သည်။

ရက်အနည်းငယ်အကြာတွင်၊ လုမင်၏ ခန္ဓာကိုယ်မှ အားပြင်းသော စုပ်ယူမှုအားတစ်ခု ထွက်ပေါ်လာခဲ့သည်။ မိုးနှင့်မြေကြားမှ ယွမ်ချီစွမ်းအင်များက လုမင်ထံသို့ တဟုန်ထိုး စီးဝင်လာ၏။

တစ်ချိန်တည်းမှာပင်၊ လုမင်က အလယ်လတ်တန်းစား ကျောက်ကြမ်းများကိုထုတ်ကာ ဝါးမျိုလိုက်တော့သည်။

ကျောက်ကြမ်းများကို ဝါးမျိုပြီးနောက် လုမင်ထံမှ အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်။

နောက်ဆုံးတွင်၊ လုမင် အောင်မြင်များ ရခဲ့ပြီ ဖြစ်သည်။ သူ၏ ကစဉ့်ကလျားတာအိုနယ်မြေက ဒုတိယအဆင့် တာအိုနယ်မြေဖြစ်လာပြီး ကျင့်ကြံခြင်းအခြေခံကလည်း ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ချိုးဖြတ်သွားပြီ။ ယခုအခါ သူ့ခွန်အားများ သိသိသာသာ တိုးတက်လာပြီ ဖြစ်သည်။

သို့သော်လည်း လုမင်က လေ့ကျင့်ခြင်းကို မရပ်တန့်ခဲ့ပေ။ သူ၏ ကျင့်ကြံခြင်းအခြေခံကို တည်ငြိမ်အောင် ဆက်လက်လေ့ကျင့်နေခဲ့သည်။

သုံးရက်ကြာပြီးနောက်၊ နောက်ဆုံးတွင် လုမင်၏ လေ့ကျင့်မှု ပြီးဆုံးသွားခဲ့သည်။ သူ၏ကျင့်ကြံခြင်းက ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်တွင် တည်ငြိမ်သွားပြီ။

"အခု အဘိုးကြီးကျန်ခဲ့တဲ့ လျှို့ဝှက်နည်းလမ်းက ဘယ်လိုမျိုးလဲဆိုတာ ကြည့်ရအောင်"

ထို့နောက်တွင် လုမင်က အရိုးစုအဘိုးကြီး ကျန်ခဲ့သော စာရွက်ကို ထုတ်ယူကာ စတင်ဖတ်လိုက်သည်။

ယင်းက အမည်မသိပစ္စည်းတစ်ခုဖြင့် ပြုလုပ်ထားသော အမည်းရောင်စာရွက် ဖြစ်သည်။ ယင်းက အလွန်ပြောင်းလွယ်ပြင်လွယ်ရှိပြီး ပေါ့ပါးသော်လည်း မာကျော၏။ စာရွက်ပေါ်မှာတော့ စာလုံးသေးသေးလေးများကို ရေးမှတ်ထားလေသည်။

"ဝိညာဉ်တိုက်ခိုက်ခြင်း လျှို့ဝှက်နည်းလမ်း၊ နတ်ဘုရားဓား"

ခဏအကြာတွင် လုမင်၏မျက်လုံးများက စိတ်လှုပ်ရှားမှု အရိပ်အမြွက်တို့ပေါ်လာပြီး စာရွက်ကို ပြန်ချလိုက်သည်။

ဤစာရွက်ပေါ်တွင် မှတ်တမ်းတင်ထားသည်က ဝိညာဉ်တိုက်ခိုက်ရေးနည်းလမ်းတစ်ခုပင်။ မှတ်တမ်းတင်ထားသည့်အတိုင်းဆိုပါက ဤလျှို့ဝှက်နည်းလမ်းကို လေ့ကျင့်ခြင်းသည် လူတစ်ဦး၏စိတ်ဝိညာဉ်ကို သန့်စင်သလိုဖြစ်ပြီး စိတ်စွမ်းအား အဆက်မပြတ်တိုးစေမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ အခြားသူတစ်ဦး၏စိတ်ဝိညာဉ်ကို တိုက်ခိုက်ရန်အတွက် စိတ်စွမ်းအားကို နတ်ဘုရားဓားအဖြစ် စုစည်း၍ ရ၏။

လုမင်လည်း အရိုးစုအဘိုးကြီး၏ တိုက်ခိုက်မှုကို ပြန်လည်အမှတ်ရသွားမိသည်။ အရိုးစုအဘိုးကြီး၏ မျက်လုံးများက နတ်ဘုရားနှင့်တူသော အနက်ရောင်အလင်းများ ထွက်ပေါ်လာပြီး စိတ်ဝိညာဉ်ကို တိုက်ခိုက်ခြင်း ဖြစ်၏။

ယင်းက တကယ်ကို အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခု ဖြစ်သည်။ ယင်းကို ပြင်ပကမ္ဘာတွင် ဝယ်ယူလိုပါက မဖြစ်နိုင်သလောက်ပင်။

ယင်းက စိတ်ဝိညာဉ်ကို သန့်စင်စေပြီး စိတ်စွမ်းအားကို တိုးစေနိုင်သည်။ ဝိညာဉ်ကို တိုက်ခိုက်ရာတွင်လည်း အသုံးပြုနိုင်သေးသည်။

ယင်းက လုမင်အတွက် အလွန်သင့်တော်သည်။ သူ့ဝိညာဉ်က ကမ္ဘာသန့်စင်ခြင်း ကပ်ဘေးခေါင်းလောင်းဖြင့် သန့်စင်ထားပြီး ပျက်စီးပြီးမှ ပြန်လည်တည်ဆောက်ခဲ့ခြင်းပင်။ ထို့ကြောင့် သူ၏ စိတ်ဝိညာဉ်စွမ်းအားက သာမန်လူများထက် အဆများစွာ ပြင်းထန်သည်။

ဤနတ်ဘုရားဓားကိုပါ လေ့ကျင့်လိုက်လျှင်၊ သူ၏ဝိညာဉ်တိုက်ခိုက်မှုက အလွန်အစွမ်းထက်လိမ့်မည်။

လုမင်လည်း မတုံ့ဆိုင်းဘဲ ချက်ချင်း နားလည်ဆင်ခြင်လိုက်တော့သည်။

All Chapters