← Chapters

အခန်း ၁၄၇၂

Vol. 99 Ch. 1472

အခန်း ၁၄၇၂

Vol. 99 Ch. 1472

အပိုင်း ( 1472 ) နိုင်ပွဲများ။

မော့ကျယ်ကဲ့သို့ လူများဟာ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ မချိုးဖြတ်မီတွင် သူတို့၏ ကျင့်ကြံခြင်းအခြေခံကို အဓိပဓိနယ်ပယ်၌ အချိန်အတော်ကြာ ဖိနှိပ်ထားခဲ့သည်။ ထို့ကြောင့် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ချိုးဖြတ်ပြီးသည်နှင့် သူတို့၏ ကျင့်ကြံခြင်းအခြေခံများက ခုန်ပျံကျော်လွှားပြီး တိုးတက်လာပေမည်။

သို့ရာတွင် တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်သို့ရောက်ရှိပြီးနောက်၊ သူတို့၏ ယခင်စုဆောင်းမှုများမှာ ကုန်ဆုံးလုနီးပါးဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏ အနာဂတ်တိုးတက်မှုကလည်း ပုံမှန်အတိုင်း နှေးကွေးသွားလိမ့်မည်။

သို့သော်လည်း၊ ဤအရာက မော့ကျယ်ကို ယုံကြည်မှုရှိစေရန် လုံလောက်သည်။ နောက်ဆုံးတွင်၊ သူ၏ လက်ရှိ ကျင့်ကြံခြင်းအခြေခံက နှစ်ဆနီးပါး မြင့်မားသေးသည်။

ခြေတစ်ချက်လှမ်းလိုက်တိုင်း မော့ကျယ်၏ အရှိန်အဝါက ပို၍ အားကောင်းလာခဲ့သည်။ သူ၏ နတ်ဆိုးခန္ဓာက တောက်ပနေပြီး နတ်ဆိုးစွမ်းအင်များကလည်း ပတ်ဝန်းကျင်တွင် စီးဆင်းလာတော့သည်။

"မော့ကျယ်မှာ ရှားပါးတဲ့ မြေကမ္ဘာအလယ်လတ်တန်းစား ဝိညာဉ်ခန္ဓာရှိတယ်။ သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံကလည်း တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်ကို ရောက်နေပြီလေ။ ဒါက ဒီကောင်လေးကို အလွယ်တကူ ဖိနှိပ်ဖို့ လုံလောက်ပါတယ်"

"အမှန်ပါပဲ၊ ဒီကောင်လေး မော့ကျယ်ဆီကနေ ဘယ်လောက်ထိ ခံနိုင်မလဲဆိုတာပဲ ငါသိချင်မိတယ်"

ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူငယ်တချို့က စတင်ဆွေးနွေးလိုက်ကြသည်။

"မော့ကျယ်၊ မင်းက အတော်လေး ယုံကြည်မှုရှိနေတာပဲ။ ဒါပေမဲ့... အရင်နှစ်ယောက်လို အဆုံးမသတ်ရစေဖို့ ငါမျှော်လင့်တယ်"

လုမင်က ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။

ယခင်လူငယ်နှစ်ဦးမှာလည်း ယုံကြည်မှုအပြည့် ရှိခဲ့သည့်တိုင် အဆုံးတွင် ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်ခဲ့ရပေသည်။

"အမှောင်နတ်ဆိုးလက်သီး"

မော့ကျယ်က ရုတ်တရက် ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်က လျှပ်စီးလက်သလို လှုပ်ရှားသွားပြီး လုမင်ကို ခုန်အုပ်လိုက်၏။ ထို့နောက် လုမင်ကို လက်သီးတစ်ချက် ထုတ်ဖော်လိုက်တော့သည်။

လက်သီးအင်အား ဖြတ်သန်းသွားတိုင်း ဟင်းလင်းပြင်က တုန်ခါကာ ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့ရသည်။

"ကောင်းတယ်"

လုမင် ပြုံးပြီး လက်သီးတစ်ချက် ထုတ်ဖော်လိုက်သည်။

"ဒုန်း"

လက်သီးနှစ်လုံးက ပြင်းထန်စွာ တိုက်မိသွားခဲ့သည်။ ဧရာမ တူကြီးနှစ်ချောင်း ယှဉ်ထုမိသကဲ့သို့ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။

နတ်ဆိုးစွမ်းအင်များက လှိုင်းထသွားခဲ့သည်။ လက်သီးနှစ်လုံး တိုက်မိပြီးနောက် မော့ကျယ်၏မျက်နှာအမူအရာ ပြောင်းလဲသွား၏။ ညည်းတွားသံနှင့် သူ့ခန္ဓာကိုယ်က တုန်ခါသွားကာ အဝေးသို့ လွင့်စဉ်သွားတော့သည်။

"ဘာ"

ကောင်းကင်နတ်ဆိုးဂိုဏ်းမှ အခြားလူငယ်များ၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။

‌ထိပ်တိုက်ရင်ဆိုင်မှုတွင် မော့ကျယ် ရှုံးနိမ့်သွားခဲ့ပြီ။

မော့ကျယ်ဟာ မြေကမ္ဘာအလယ်လတ်တန်းစား ဝိညာဉ်ခန္ဓာရှိပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှု အလွန်မြင့်မားသည်။ သို့တိုင် လုမင်က သူ့ကို လက်သီးတစ်ချက်ဖြင့် အနိုင်ယူခဲ့၏။ လုမင်တွင်လည်း အလတ်တန်းစား မြေကမ္ဘာဝိညာဉ်ခန္ဓာ ရှိနေပါသလော။

စန်းပြည်နယ်ရှိ အင်အားစုကြီး ဆယ့်သုံးခုမှာပင် အလယ်လတ်တန်းစား မြေကမ္ဘာဝိညာဉ်ခန္ဓာက ရှားပါးသော ဝိညာဉ်ခန္ဓာအဖြစ် သတ်မှတ်ခံရသည်။

"အမှောင်နတ်ဆိုးတံဆိပ်တော်"

မော့ကျယ်၏ မျက်နှာက မည်းမှောင်နေသည်။ သူဟာ မီတာတစ်ရာခန့်အထိ ဆုတ်သွားပြီး ကောင်းကင်ကိုမော့၍ ဟိန်းဟောက်လိုက်၏။ နတ်ဆိုးစွမ်းအင်များက တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်ကဲ့သို့ သူ့ခန္ဓာကိုယ်မှ ထွက်လာတော့သည်။ မီတာတစ်ရာအတွင်း အရာအားလုံးကို နတ်ဆိုးစွမ်းအင်များက ဖုံးအုပ်သွားခဲ့သည်။

ကောင်းကင်တွင် ကြီးမားသော လက်ဝါးပုံရိပ်ကြီးတစ်ခု ပေါ်လာသည်။ ယင်းက ကောင်းကင်နှင့် နေကို ဖုံးအုပ်ထားပုံရပြီး လုမင်ထံ ကျရောက်လာခဲ့၏။

ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်သည်။

မော့ကျယ်၏ တိုက်ခိုက်နိုင်စွမ်းက အမှန်တကယ် သန်မာလှပေသည်။ သူဟာ ယခင် တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူထက် ပို၍ အားကောင်းသည်။

သူ၏ ဝိညာဉ်ခန္ဓာ ခွန်အားနှင့် တာအိုနယ်မြေသိုင်းပညာ နှစ်ခုစလုံးက တုန်လှုပ်ချောက်ချားစရာ ဖြစ်၏။ သာမန် တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူက မော့ကျယ်၏ ဤတိုက်ခိုက်မှုတစ်ခုကိုပင် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

သို့သော်လည်း လုမင်၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်သည်။

"ဝမ်"

လုမင်က ကစဉ့်ကလျားတာအိုနယ်မြေကို ဖြန့်ကျက်ပြီး အတားအဆီးမဲ့သော ကောင်းကင်သိုင်းအား ထုတ်ဖော်လိုက်သည်။

လုမင်၏ ခန္ဓာကိုယ်က မော့ကျယ်၏ နတ်ဆိုးလက်ဝါးရှေ့တွင် အလွန်သေးငယ်သည်။ သို့သော်လည်း လုမင်၏လက်သီးက နတ်ဆိုးလက်ဝါးပေါ်သို့ ကျရောက်သောအခါ နတ်ဆိုးလက်ဝါးကြီးက ချက်ချင်း ပြိုကျသွားတော့သည်။

လုမင်က နတ်ဆိုးစွမ်းအင်များကြားမှ မော့ကျယ်ဆီသို့လျှောက်သွားကာ အေးစက်စက်ဖြင့် ပြောလိုက်သည်။

"မော့ကျယ်၊ မင်းမှာရှိတာက ဒါအကုန်ပဲလား။ စိတ်ပျက်စရာကောင်းလိုက်တာ"

"မဖြစ်နိုင်ဘူး"

မော့ကျယ် ဟိန်းဟောက်လိုက်သည်။ ထိုတိုက်ခိုက်မှုက သူ၏ဝိညာဉ်ခန္ဓာနှင့် တာအိုနယ်မြေသိုင်းပညာ ပေါင်းစပ်မှု ဖြစ်၏။ သူက အစွမ်းကုန်ထုတ်ဖော်ခဲ့သည်ဟုပင် ဆိုနိုင်သည်။ သို့တိုင်၊ လုမင်ရှေ့မှာတော့ လက်သီးတစ်ချက်ကိုပင် မခံနိုင်ခဲ့ပေ။

"နဝမနဂါးခြေလှမ်း"

လုမင်က ခြေတစ်လှမ်းဖြင့် မော့ကျယ်၏ ဦးခေါင်းထက်တွင် ချက်ချင်းပေါ်လာခဲ့သည်။ သူက မော့ကျယ်ကိုရည်ရွယ်ပြီး ခြေကိုးလှမ်း ဆင့်နင်းလိုက်၏။ နဝမနဂါးကြီးတစ်ကောင်က မော့ကျယ်ထံသို့ တိုးဝင်သွားတော့သည်။

"ထွက်သွား"

မော့ကျယ် ဟိန်းဟောက်လိုက်သည်။ သူ့နတ်ဆိုးခန္ဓာကိုယ်က တောက်ပနေပြီး တာအိုနယ်မြေကလည်း သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွား၏။ သူက လက်ဝါးရိုက်ချက် ထုတ်ဖော်ပြီး နဝမနဂါးကို ဖျက်ဆီးပစ်လိုက်သည်။ သို့သော် လုမင်က မော့ကျယ်ရှေ့မှာပေါ်လာပြီး လက်သီးဖြင့် ထိုးလိုက်ပြန်တော့သည်။

"ဒုန်း"

မော့ကျယ်၏ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာပြီး အရုပ်ကြိုးပြတ် လွင့်စဉ်သွားသည်။

မော့ကျယ် ရှုံးသွားပြီ။

ထို့အပြင် လုမင် မသက်ညှာခဲ့ပါက မော့ကျယ် တစ်ခါတည်းသေသွားနိုင်ကြောင်း လူတိုင်း သိနိုင်သည်။

အားလုံးက လုမင်ကို အလန့်တကြားဖြင့် ကြည့်လိုက်ကြလေသည်။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းလွန်းသည်။ မော့ကျယ်သည် အလယ်လတ်တန်းစား မြေကမ္ဘာဝိညာဉ်ခန္ဓာရှိပြီး ကျင့်ကြံခြင်းအခြေခံကလည်း ပိုမိုမြင့်မားသည့်တိုင် လုမင်၏လက်တွင် အလွယ်တကူ ရှုံးနိမ့်ခဲ့ရသေးသည်။

လုမင်တွင် အဆင့်မြင့် မြေကမ္ဘာ ဝိညာဉ်ခန္ဓာရှိခြင်းပင်လော။

ဤဖြစ်နိုင်ချေကို စဉ်းစားမိတော့ လူအားလုံး၏ နှလုံးသားများ တုန်ခါသွားကြသည်။

မဖြစ်နိုင်ဘူး။

ချက်ခြင်းပင် သူတို့စိတ်ထဲမှ ခေါင်းယမ်းလိုက်၏။

စန်းပြည်နယ်တစ်ခုလုံးမှာပင် အဆင့်မြင့် မြေကမ္ဘာဝိညာဉ်ခန္ဓာက အများအပြား မရှိပါ။ သူတို့အားလုံးကလည်း ပြိုင်ဘက်ကင်း တိုက်ခိုက်နိုင်စွမ်းရှိသည့် ပါရမီရှင်များချည်း ဖြစ်သည်။ သူတို့က မျိုးဆက်သစ်လူငယ်များကြားတွင် ပြိုင်ဘက်ကင်းလောက်သော တည်ရှိမှုများ ဖြစ်၏။

လုမင်က အဆင့်မြင့် မြေကမ္ဘာဝိညာဉ်ခန္ဓာကို မည်သို့ ပိုင်ဆိုင်နိုင်မည်နည်း။

အမှန်တော့ လုမင်တွင် အဆင့်မြင့် မြေကမ္ဘာဝိညာဉ်ခန္ဓာမရှိပါ။ သို့ရာတွင် လုမင်က ကမ္ဘာသန့်စင်ခြင်းကပ်ဘေးခေါင်းလောင်းကို ဖြတ်ကျော်ခဲ့ရသူဖြစ်ပြီး သူ့ခန္ဓာကိုယ်ထဲတွင် ကစဉ့်ကလျားစွမ်းအင် အရိပ်အယောင်တစ်ခု ရှိနေသည်။ ယင်းက လုမင်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အဆင့်တူ အခြားသူများထက် ပို၍ သန်မာစေခဲ့သည်။

သူ၏ လက်ရှိဝိညာဉ်ခန္ဓာက အလယ်အလတ်တန်းစား မြေကမ္ဘာဝိညာဉ်ခန္ဓာဖြစ်သော်လည်း ၎င်း၏စွမ်းအားနှင့် ခွန်အားက အဆင့်မြင့် မြေကမ္ဘာဝိညာဉ်ခန္ဓာနှင့် နှိုင်းယှဉ်နိုင်သည်။

ထို့အပြင်၊ လုမင်၏နယ်ပယ်က ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်သွားခဲ့ပြီးနောက် သူ၏ ကစဉ့်ကလျားတာအိုကလည်း ဒုတိယအဆင့်သို့ ဖြတ်သွားခဲ့သည်။ ထိုအတွက် သူ၏ တိုက်ခိုက်နိုင်စွမ်းက အလွန်တိုးတက်လာပြီး မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေတွင် ရှိစဉ်ကထက် ပို၍ အားကောင်းခဲ့ပေသည်။

ကစဉ့်ကလျားတာအိုနယ်မြေက လေ့ကျင့်ရန်ခက်သလို တိုးတက်ရန် ခက်ခဲသော်လည်း၊ အဆင့်တက်တိုင်း ပါဝင်လာသည့်စွမ်းအားက ကြောက်မက်ဖွယ်ကောင်းလွန်းသည်။

"မဟုတ်ဘူး"

မော့ကျယ် မျက်စိပျက်မျက်နှာပျက်ဖြင့် အော်ဟစ်လိုက်သည်။

သို့ရာတွင် လုမင်က သူ့ကို ဂရုမစိုက်တော့ပါ။ သူက ပတ်ပတ်လည်ကို ကြည့်ပြီး ပြောလိုက်သည်။

"နောက်ထပ် ဘယ်သူ တိုက်ခိုက်ချင်သေးလဲ"

ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကျန်သော အခြားလူငယ်များလည်း မျက်နှာမကောင်းစွာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

မော့ကျယ်သည်ပင် ရှုံးနိမ့်သွားခဲ့ပြီ။ သူ့ကို မည်သူက တိုက်ခိုက်နိုင်မည်နည်း။

မော့ကျယ်တွင် အလယ်အလတ်တန်းစား မြေကမ္ဘာ ဝိညာဉ်ခန္ဓာရှိပြီး သူ၏ တိုက်ခိုက်နိုင်စွမ်းကလည်း သန်မာလွန်းသည်။ ယေဘုယျအားဖြင့် အဆင့်နိမ့်ဝိညာဉ်ခန္ဓာနှင့် စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူတစ်ဦးက မော့ကျယ်ကို ဤသို့လွယ်လွယ်ကူကူ အနိုင်ယူနိုင်မည် မဟုတ်ပါ။ သို့ရာတွင် လုမင် လုပ်ခဲ့သည်။

ထို့ကြောင့် သာမန် စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ပါရမီရှင်က လုမင်ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။

အလယ်အလတ်တန်းစား မြေကမ္ဘာဝိညာဉ်ခန္ဓာရှိသော စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ပါရမီရှင်တစ်ဦးသာ သူ့ကိုအနိုင်ယူနိုင်မည်ဖြစ်သည်။

သို့ရာတွင် အလယ်လတ်တန်းစား မြေကမ္ဘာဝိညာဉ်ခန္ဓာပိုင်ရှင်က များများမရှိပါ။

ထို့အပြင် လူငယ်အများစု၏ ကျင့်ကြံခြင်းအခြေခံက စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်ကိုကျော်လွန်ပြီး ပဉ္စမသို့မဟုတ် ဆန္ဒမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

ဤကျင့်ကြံခြင်းအခြေခံဖြင့် ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူ လုမင်ကို အနိုင်ကျင့်သည့်သတင်းသာ ထွက်ပေါ်လာပါက ကောင်းကင်နတ်ဆိုးဂိုဏ်း၏ မျိုးဆက်သစ်များ ရယ်စရာ ဖြစ်လာလိမ့်မည်။

ထို့ကြောင့် ခဏကြာသည်အထိ မည်သူမျှ အသံမထွက်ကြတော့ပါ။

"ငါ မင်းနဲ့ တွေ့ဆုံပါရစေ"

ထိုအချိန်တွင် အသံတစ်ခုကို ကြားလိုက်ရသည်။ အဝေးမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လူငယ်တစ်ဦး ပေါ်လာ၏။

"ဂိုဏ်းတူအစ်ကိုကျင်းယွိ၊ အဲဒါ ဂိုဏ်းတူအစ်ကို ကျင်းယွိပဲ"

"ကောင်းတယ်ဟေ့၊ ဂိုဏ်းတူအစ်ကိုကျင်းယွိ တိုက်ခိုက်ပြီဆိုရင် အောင်ပွဲက ငါတို့လက်ထဲမှာဘဲ။"

"ဒီကောင်လေး ဘယ်လောက်ထိ မောက်မာနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့"

ထိုလူငယ်ကိုမြင်တော့ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူငယ်များ ဝမ်းသာသွားကြသည်။

"အဲဒါ သူပဲ"

လုမင်၏ မျက်လုံးများက အေးစက်လာသည်။ ဤလူငယ်မှာ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တောင်တံခါးသို့ ပထမဆုံးရောက်ရှိချိန်က လုမင်ကို တိုက်ခိုက်ခဲ့သူ ဖြစ်၏။ သို့သော်လည်း လျိုယွိက သူ့ကို တားဆီးခဲ့သည်။

ဤလူငယ်၏ ကျင့်ကြံခြင်းအခြေခံက စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်သို့ ရောက်နေပြီ။

ကျင်းယွိက လုမင်အား အေးစက်စက်ဖြင့်ကြည့်ကာ ပြောလိုက်သည်။

"ကောင်လေး၊ အရင်က မင်း လွတ်သွားခဲ့တယ်။ ဒါပေမဲ့ အခု ကိုင်တွယ်လို့လည်း နောက်မကျသေးပါဘူး"

သူ့အသံက အလွန်အေးစက်ပြီး မာနကြီးကာ သာလွန်မြင့်မြတ်ပုံရသည်။

သူ၏ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ဖိအားများက လုမင်အပေါ် ကျရောက်လာ၏။

လုမင် မျက်မှောင်ကြုတ်ပြီး ကျင်းယွိ၏ ဖိအားကိုတွန်းလှန်ရန် ယွမ်ချီစွမ်းအင်ကို လှည့်ပတ်လိုက်သည်။

"ဝုန်း"

သူတို့နှစ်ဦးကြားတွင် အရှိန်အဝါများကြောင့် ကျယ်လောင်သော ပေါကိကွဲသံတစ်ခု ထွက်ပေါ်လာတော့သည်။

All Chapters