← Chapters

အခန်း ၁၄၈၁

Vol. 99 Ch. 1481

အခန်း ၁၄၈၁

Vol. 99 Ch. 1481

အပိုင်း ( 1481 ) ဧကရာဇ်ဆေးပင်နဲ့ ဧကရာဇ်လက်တွေလိုချင်တယ်နော်။

မြင့်မားသော ရုပ်သွင်နှင့် ရက်စက်ကြမ်းကြုတ်သော သတ္တဝါကြီးက ကြယ်တာရာကောင်းကင်တွင် တိုက်ပွဲဝင်ခဲ့ကြသည်။

သို့သော်လည်း လုမင်ဟာ ရှင်းရှင်းလင်းလင်း မြင်နိုင်သေးသည်။ ပြိုကျနေသော ဟင်းလင်းပြင်မှတဆင့် ကြယ်တာရာကောင်းကင်ယံတွင် တိုက်ခိုက်နေသော ရုပ်သွင်နှစ်ခုကို ယောင်ဝါးဝါးမြင်နိုင်သည်။

ကြီးမားသော ရုပ်သွင်ကြီးနှစ်ခုက ကြယ်တာရာကောင်းကင်တွင် တိုက်ခိုက်ခဲ့ကာ ဟင်းလင်းပြင်လည်း အဆက်မပြတ် ပြိုကျခဲ့ရသည်။

"ဝုန်း"

ရုတ်တရက်၊ မြင့်မားသောရုပ်သွင်ကြီးက ဟိန်းဟောက်ပြီး ကောင်းကင်သို့ ထိုးတက်သွားသည်။ သူဟာ ရှည်လျားသော ဦးချိုနှစ်ချောင်းဖြင့် နွားချေးပိုးကောင်ကြီးတစ်ကောင်အသွင် ပြောင်းလဲသွား၏။ ၎င်း၏ ဦးချိုနှစ်ချောင်းက နတ်ဓါးနှစ်ချောင်းနှင့်ပင် တူလှသည်။

ဧရာမရုပ်သွင်၏ ကိုယ်ခန္ဓာက အမှန်တကယ်ပင် ဧရာမနွားချေးပိုးကောင်ကြီးတစ်ကောင် ဖြစ်ချေသည်။

ကောင်းကင် နွားချေးပိုးကောင်ကြီး ခြေတစ်ချက်လှမ်းလိုက်တိုင်း ဟင်းလင်းပြင်က ပြိုကျသွားရသည်။

"ဝူး"

ကောင်းကင် နွားချေးပိုးကောင်ကြီးက ဟိန်းဟောက်လိုက်ရာ ဟင်းလင်းပြင်က ကစဉ့်ကလျား ဖြစ်သွားသည်။ လုမင်လည်း ကြယ်တာရာကောင်းကင်မှ မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲထွက်နေသော ကြယ်များကိုပင် မြင်လိုက်ရပေသည်။

လုမင် ရင်ဖိုမောသွားသည်။ ဟိန်းဟောက်သံသက်သက်က ကြယ်များကို ပေါက်ကွဲသွားစေနိုင်၏။ ဟောက်သံက ကြယ်တွေကို ပေါက်ကွဲစေနိုင်ပါတယ်။ ယင်းက မည်မျှ ကြောက်စရာကောင်းလိုက်ပါသနည်း။

လူတစ်ယောက်၏ ခွန်အားက ဤအဆင့်ကို တကယ်ရောက်နိုင်ပါ့မလား။

လုမင်လည်း မြင့်မားသောရုပ်သွင်၏ တိုက်ခိုက်နိုင်စွမ်းက ရှမ်းဟွမ်တိုက်ကြီးကဲ့သို့ တိုက်ကြီးများကို အမှုန့်ချေပစ်နိုင်သည်ဟု ခံစားလိုက်ရသည်။ သူတို့၏လက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် ရှမ်းဟွမ်တိုက်ကြီး ပျောက်ကွယ်သွားပေလိမ့်မည်။

ထိုကဲ့သို့သော ခွန်အားမျိုးက လုမင်၏ စိတ်ကူးထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

"ဒါက ဧကရာဇ်တစ်ပါးရဲ့ အင်အားလား။ ဒါပေမဲ့ စန်းဧကရာဇ်တို့ရဲ့ တိုက်ပွဲကတောင် ဒီလောက်ကြောက်စရာကောင်းတာ မဟုတ်လား"

လုမင် ရေရွတ်လိုက်သည်။

"ကောင်လေး၊ မင်းဘာသိလို့လဲ။ ငါတို့က မဟာဧကရာဇ်ချင်းတူရင်တောင် ငါတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းက မိုးနဲ့မြေလို ကွာခြားတယ်။ ငါ့ရဲ့ အထွတ်အထိပ်မှာဆိုရင် သာမန်ဧကရာဇ်တွေကို တစ်ချက်တည်းနဲ့ ရိုက်သတ်ပစ်နိုင်တယ်"

တန်တန်က မျက်နှာကိုမိုးမော့ပြီး ပြောလိုက်သည်။

လုမင် ဘာမျှမပြောတော့သော်လည်း တန်တန်၏စကားကို အပြည့်အဝ မယုံပေ။

နှစ်ဦးစလုံးက မဟာဧကရာဇ်များဖြစ်လျှင်ပင် တိုက်ခိုက်နိုင်စွမ်းက ကွာခြားမှုရှိတာ လုမင် နားလည်သည်။

သို့ရာတွင် သာမန်ဟာဧကရာဇ်များက ထိုမျှအားနည်းသည်မဟုတ်ပေ။

စန်းဧကရာဇ်နှင့် ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်က ဒဏ်ရာပြင်းထန်စွာရပြီး အချင်းချင်းတိုက်ခိုက်ခဲ့ကြသည်မှာ နှစ်ပေါင်းခြောက်သောင်းရှိပြီဖြစ်သည်။ လုမင်တွေ့တော့ သူတို့က အလွန်အားနည်းနေကြပြီ။

မဟုတ်ပါက၊ စန်းဧကရာဇ်ဟာ လဲ့တင်းဖြင့် အခြေအနေကို ပြောင်းလဲရန် မဖြစ်နိုင်ပေ။

အကယ်၍ စန်းဧကရာဇ်နှင့် ဝိညာဉ်ဖျက်ဆီးခြင်းဘုရင်သာ သူတို့၏ အထွတ်အထိပ်သို့ ရောက်နေကြပါက အလွန် ကြောက်မက်ဖွယ်ကောင်းမည်မှာ သေချာသည်။

ကောင်းကင်နွားချေးပိုးကောင်ကြီး၏ ဟိန်းဟောက်သံက ကြယ်များကို ပေါက်ကွဲစေခဲ့သည်။ နတ်မျက်စိသတ္တဝါကြီး၏ နောက်ကျောမှ လက်တံများလည်း တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားသည်။

ထို့နောက် ကောင်းကင် နွားချေးပိုးကောင်ကြီးက လေထဲသို့ ခြေလှမ်းကာ ဝှေ့လိုက်၏။ သူ၏ ဦးချို‌နှစ်ချောင်းမှ ကောင်းကင်ဓားနှစ်လက်ကဲ့သို့ အလင်းတန်းနှစ်ခု ထွက်ပေါ်လာတော့သည်။ ကြယ်ကောင်းကင်တွင် ဓားရာ အက်ကြောင်းကြီးနှစ်ခု ပေါ်လာခဲ့သည်။ အဝေးမှ လှမ်းကြည့်လိုက်ပါက ကြယ်တာရာကောင်းကင်တစ်ခုလုံး ကွဲထွက်သွားသလို ထင်မှတ်ရပေသည်။

နတ်မျက်စိသတ္တဝါကြီးက ဟိန်းဟောက်ပြီး ပုဆိန်ကြီးနှစ်လက်ဖြင့် ဓားအလင်းနှစ်ခုကို ခုတ်ချလိုက်သည်။ ဟင်းလင်းပြင်တစ်ခုလုံးကတော့ ရစရာမရှိအောင်ပြိုကျနေပြီ။

အကယ်၍၊ ဤမျှကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများ မြေပြင်ပေါ်သို့ ကျရောက်ခဲ့သည်ရှိသော်... မိုးနှင့်‌မြေ ပျက်စီးသွားလိမ့်မည်မှာ သေချာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကြောက်စရာကောင်းသော တည်ရှိမှုနှစ်ခုက ဆယ်ကြိမ်ထက်မနည်း ဖလှယ်ခဲ့ကြသည်။

သို့သော်လည်း နောက်ဆုံးမှာတော့ ကောင်းကင် နွားချေးပိုးကောင်ကြီးက အသာစီးရခဲ့၏။

ကောင်းကင် နွားချေးပိုးကောင်ကြီးက ပြိုင်ဘက်၏ ခုခံမှုအားလုံးကို ဖြတ်ကျော်ကာ လေထဲသို့ နင်းချလိုက်သည်။ ယင်းက ပြိုင်ဘက်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး ကြီးမားသော အပေါက်ကြီးတစ်ခု ပေါ်လာစေ၏။ ထို့နောက်တော့ နွားချိုများဖြင့် ဖွဲ့စည်းထားသော ကောင်းကင်ဓားသွားက ပြိုင်ဘက်၏ဦးခေါင်းကို ဖြတ်ချလိုက်တော့သည်။

သို့တိုင်၊ ဧရာမ နတ်မျက်စိသတ္တဝါကြီးက အသက်ရှင်နေသေးပြီး ပုဆိန်ဖြင့် ထိုးခုတ်ကာ ကောင်းကင်နွားချေးပိုးကောင်ကြီး၏ခန္ဓာတွင် နက်ရှိုင်းသောဒဏ်ရာတစ်ခု ထင်ကျန်စေခဲ့သည်။

"ဝူး"

ကောင်းကင်နွားချေးပိုးကောင်ကြီးက အသံကျယ်ကျယ်ဖြင့် ဟိန်းဟောက်လိုက်ရာ ဟင်းလင်းပြင်က ပြိုကျပြီး ရှေးဦးကစဉ့်ကလျားအဖြစ် ပြောင်းလဲသွား၏။ နတ်မျက်စိသတ္တဝါကြီး၏ ခန္ဓာကိုယ်က အက်ကြောင်းများ ပေါ်လာပြီး အနက်ရောင် အရည်များ အဆက်မပြတ် စီးကျလာတော့သည်။

"ဝူး"

ကောင်းကင် နွားချေးပိုးကောင်ကြီးက ထပ်မံ ဟိန်းဟောက်လိုက်သည်။ ဤတစ်ကြိမ်တော့ နတ်မျက်စိသတ္တဝါကြီး မခံနိုင်တော့ပေ။ သူ့တစ်ကိုယ်လုံး လေထဲတွင် ပေါက်ကွဲသွားရသည်။

သို့သော်လည်း ၎င်း၏လက်များက လှုပ်ရှားနေဆဲပင်။ ထိုလက်များက ပုဆိန်ကြီးနှစ်လက်ဖြင့် ကောင်းကင်နွားချေးပိုးကောင်ကြီးကို ဆက်လက် ခုတ်ပိုင်းလိုက်ကြသည်။

ပြိုကွဲအက်နေသော အသားများနှင့် ပေါက်ကွဲသွားသော ဦးခေါင်းတို့ကလည်း လျင်မြန်စွာ လှုပ်ရှားလာ၏။ ၎င်းတို့က ပြန်လည်စုဖွဲ့ပြီး ခန္ဓာကိုယ်တည်ဆောက်ရန် အလျင်အမြန် ကြိုးစားနေတော့သည်။

သို့ရာတွင် ကောင်းကင် နွားချေးပိုးကောင်ကြီးက တစ်ဖက်လူကို မည်သို့အခွင့်အရေးပေးမည်နည်း။ သူက ခြေတစ်ချက်လှမ်းလိုက်ရာ လေထဲတွင် တောက်ပသောအလင်းများ ထွက်ပေါ်လာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော မဟာတာအိုနိယာမများက တစ်ဖက်လူ၏ ခန္ဓာအစိတ်အပိုင်းများကို လွှမ်းခြုံပြီး စတင်သန့်စင်တော့သည်။

"ချီ...ချီ"

နတ်မျက်စိသတ္တဝါကြီး၏ အသွေးအသားများက မီးလျှံထဲတွင် နှစ်မြုပ်နေသကဲ့သို့ ဖြစ်သည်။ ၎င်းက အဆက်မပြတ် သန့်စင်ခံရပြီး အနက်ရောင် မီးခိုးများအဖြစ်သို့ လွင့်စင်သွားခဲ့လေသည်။

"မင်း ငါ့ကမ္ဘာကို တားဆီးလို့ မရဘူး။ မင်းက သုသာန်တံခါးဝမှာ ရုန်းကန်နေရတဲ့ စစ်သူကြီးတစ်ယောက်ပဲ..."

ဖြတ်တောက်ခံထားရသော ဦးခေါင်းက ဟိန်းဟောက်လိုက်သည်။ သူ့နဖူးရှိ တတိယမျက်လုံးမှ ကောင်းကင်နွားချေးပိုးကောင်ကြီးကို တိုက်ခိုက်ရန်အတွက် အဖျက်အလင်းတန်းတစ်ခုပင် ပစ်လွှတ်လိုက်၏။ သို့သော်လည်း ကောင်းကင်နွားချေးပိုးကောင်ကြီးက အလွယ်တကူ ဖျက်ဆီးခဲ့ပေသည်။

"ကောင်းကင်ကမ္ဘာ ပျက်စီးတော့မယ်၊ မင်းတို့ အချုပ်ကမ္ဘာလည်း လွတ်မယ်မထင်နဲ့။ မင်းတို့အားလုံးက သေဆုံးတော့မဲ့ ကမ္ဘာတံခါးဝမှာ ရုန်းကန်နေရတဲ့ တံခါးစောင့်တွေထက်မပိုဘူး။ ကမ္ဘာလမ်းကြောင်းပွင့်လာတဲ့အခါ ငါတို့တပ်မဟာကြီးတွေ ဝင်လာကြလိမ့်မယ်၊ အဲဒီအချိန်က မင်းတို့အားလုံး ပျက်သုဉ်းရမဲ့အချိန်ပဲ"

ခေါင်းပြတ်ကြီးက ထပ်မံဟိန်းဟောက်လိုက်သည်။

"ရွှပ်"

ကောင်းကင်ဓားအလင်းနှစ်ခု ထွက်ပေါ်လာပြီး ဧရာမဦးခေါင်းကြီးကို ထက်ခြမ်းခွဲပစ်လိုက်၏။ မဟာတာအိုနယ်မြေက ကျဉ်းမြောင်းလာပြီး တတိယမျက်လုံးမှာလည်း အနက်ရောင်မီးခိုးများအဖြစ်သို့ လွင့်စင်သွားတော့သည်။

"ငါ့ကမ္ဘာ၊ ငါ့မျိုးနွယ်က ငါ့အတွက် လက်စားချေလိမ့်မယ်..."

နာရီအနည်းငယ်ကြာပြီးနောက် နောက်ဆုံးအသံကို ကြားလိုက်ရသည်။ နတ်မျက်စိသတ္တဝါကြီးကိုလည်း နောက်ဆုံးတွင် လုံးဝ သန့်စင်ပြီးသွားပြီ။ ဧရာမ ကောင်းကင်နွားချေးပိုးကောင်ကြီးလည်း လူသားပုံစံအဖြစ် ပြန်လည် ပြောင်းလဲသွားခဲ့သည်။ ထို့နောက်တော့ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ရှေးဟောင်းဉာဏ်အလင်းသစ်ပင်အောက်မှ ပြန်ပေါ်လာတော့သည်။

ကောင်းကင်ကို ပြိုကျစေသည့် တိုက်ပွဲကြီးက ပြီးသွားပြီ။ သို့သော်လည်း ထိုတိုက်ပွဲကြီး၏ သက်ရောက်မှုကြောင့် လုမင်၏ နှလုံးသားထဲတွင် တုန်ခါနေဆဲ ဖြစ်သည်။

ထိုသို့သောတည်ရှိမှုက ကမ္ဘာ၏အထွတ်အထိပ် ဖြစ်သင့်သည် မဟုတ်လော။

အတွေးတစ်ခုဖြင့် မိုးနှင့်မြေကို ပြိုကျစေနိုင်သည်။ ယင်းက မယုံနိုင်လောက်အောင် အစွမ်းထက်ခဲ့ပေသည်။

"ကျွတ်၊ ဒီနွားအိုကြီး မသန်တော့ဘူးပဲ။ ဒီလိုပြိုင်ဘက်လေးကိုသတ်ဖို့တောင် အချိန်ယူနေရတယ်။ ကြည့်ရတာ အဲဒီတုန်းက တိုက်ပွဲမှာ ဒဏ်ရာအပြင်းအထန် ရသွားပုံရတယ်"

တန်တန်က ရေရွတ်လိုက်သည်။ ယင်းက လုမင်၏ မျက်ခွံများကို လှုပ်ယမ်းသွားစေခဲ့ပေသည်။

ဤမျှကြောက်စရာကောင်းသော တိုက်ခိုက်ရေးအင်အားက မလုံလောက်သေးဘူးလား။

"ဟေး... နွားအိုကြီး၊ မတွေ့တာကြာပြီနော်။ ငါ့ကိုလွမ်းနေလား"

တန်တန်က မြင့်မားသော ရုပ်သွင်ကြီးကို လှမ်းအော်ပြောလိုက်သည်။

မြင့်မားသော ရုပ်သွင်ကြီးကလည်း တန်တန်ကိုကြည့်ကာ ပြန်ပြောလိုက်၏။

"လိပ်အိုကြီး၊ မင်း တကယ် အသက်ရှင်နေသေးတာပဲ။ တော်တော်ကံကောင်းတဲ့ကောင်"

"ဟားဟားဟား၊ မင်းလို နွားအိုကြီးတောင် မသေသေးဘူး။ ငါက ဘယ်သူလဲ၊ ငါက ဘယ်လိုလုပ်ပြီး လွယ်လွယ်နဲ့ သေရမှာလဲ။ နွားအိုကြီး၊ ငါတို့ နောက်ဆုံးတွေ့ခဲ့ကြတာ ကြာပြီနော်။ အခုလိုပြန်တွေ့ကြချိန်မှာ ငါ့ကို လက်ဆောင်လေးဘာလေး ဘာဖြစ်လို့မပေးရမှာလဲ။ ဧကရာဇ်ဆေးပင်၊ ဧကရာဇ်လက်နက်... တစ်ခုခုတော့ ပေးကွာ"

တန်တန်က ရယ်မောကာ ပြောလိုက်သည်။

လုမင် ဆွံ့အသွား၏။ ဤအကောင်က အမှန်တကယ် လောဘကြီးလွန်းသည်။

သို့ပေမည့် လုမင်လည်း ယင်းကို မျှော်လင့်ခဲ့မိပေသည်။ မြင့်မားသော ရုပ်သွင်ကြီး၏ အဆင့်အတန်းဖြင့် တန်တန်ကို ဧကရာဇ်ဆေးပင်၊ ဧကရာဇ်ရတနာများကို ပေးလိုပါက ပေးနိုင်မည်ဟု သူထင်သည်။

မြင့်မားသော ရုပ်သွင်ကြီးက တစ်ချက်ပြုံးလိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အလင်းတန်းတစ်ခုက လေထဲကို ပျံတက်သွား၏။

သို့သော်လည်း အလင်းတန်းက တန်တန်ဆီသို့မဟုတ်ဘဲ ပူဖောင်းလေးဆီကို ဖြစ်သည်။ အလင်းတန်း၏ အရှိန်က မယုံနိုင်လောက်အောင် မြန်သည်။ တခဏအတွင်းမှာပင် ပူဖောင်းလေးရှေ့သို့ ရောက်လာခဲ့၏။

ယင်းက ဘယ်လိုအရာမှန်း လုမင် ရှင်းရှင်းလင်းလင်းမမြင်ရသေးခင်မှာ ပူဖောင်းလေးက ပါးစပ်ကိုဟပြီး မျိုချလိုက်သည်။ ထို့နောက်တော့ သူ့မျက်နှာမှာ ကျေနပ်နှစ်သိမ့်သော အမူအရာတို့ ဖြစ်ပေါ်လာတော့သည်။

"အချိန်နဲ့ဟင်းလင်းပြင်ကျောက်၊ နွားအိုကြီး... မင်း တကယ် ရက်ရောတာပဲ။ ငါ့အတွက်ကော၊ ငါ့ရတနာတွေ ဘယ်မှာလဲ"

တန်တန်၏ မျက်လုံးများက ဝင်းလက်သွားသည်။

"သွားကြတော့"

မြင့်မားသော ရုပ်သွင်ကြီးက ပြောလိုက်သည်။

"ဟေး၊ ခဏနေဦး။ ငါ့ရတနာတွေကော...၊ နွားအိုကြီး... ငါက မင်းထက်ပိုချောလို့ ငါ့ကို လက်စားချေနေတာလား..."

တန်တန်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်ကြိမ်းမောင်းလိုက်၏။

မြင့်မားသောရုပ်သွင်က သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ မမြင်နိုင်သော စွမ်းအားတစ်ခု ပေါ်လာခဲ့သည်။ လုမင်လည်း သူ့ခန္ဓာကိုယ် တင်းကျပ်လာသည်ကို ခံစားလိုက်ရ၏။ နောက်တော့ သူ့ပတ်ဝန်းကျင် မြင်ကွင်းများက ပြောင်းလဲသွားတာကို ခံစားလိုက်ရသည်။ နောက်အခိုက်အတန့်မှာတော့ အမှောင်ကမ္ဘာမှ ထွက်သွားပြီး တောင်ထိပ်တစ်ခုပေါ်တွင် ရပ်နေသည်ကို တွေ့လိုက်ရတော့သည်။

"လက်စားချေမယ်၊ လက်စားချေမယ်။ ဒီနွားအိုကြီးကို ကလဲ့စားချေရမယ်၊ ဒီကောင် ငါ့ကိုကျတော့ ဘာမှ မပေးခဲ့ဘူး..."

တန်တန်က မကျေမနပ်ဖြင့် ကျိန်ဆဲလိုက်သည်။ ထို့နောက် ပူဖောင်းလေးကို မနာလိုဟန်ဖြင့်ကြည့်ကာ ပြောလိုက်လေသည်။

"ပြီးပြီ၊ ဒီကောင်စုတ်လေးက အချိန်ဟင်းလင်းပြင်ကျောက်ကို ရောက်သွားပြီ။ အနာဂတ်မှာ သူ့ရဲ့ကျင့်ကြံခြင်းအခြေခံက ခုန်ပျံတိုးတက်လာပြီး ငါ့ကို ကျော်တက်သွားတော့မှာ သေချာတယ်။ အဲဒီနွားအိုကြီးက တကယ် အလှကြိုက်တယ်"

All Chapters