← Chapters

အခန်း ၁၄၈၂

Vol. 99 Ch. 1482

အခန်း ၁၄၈၂

Vol. 99 Ch. 1482

အပိုင်း ( 1482 ) တိုက်တန်နွားချေးပိုးကောင်။

"အလှကြိုက်တယ်လား"

လုမင် ဆွံ့အသွားသည်။

ပူဖောင်းလေးက မိန်းကလေးတစ်ဦး ဖြစ်နိုင်ပါသလော။ သို့ရာတွင် ပူဖောင်းလေးက ငယ်ငယ်လေးသာ ရှိသေးသည်။ သို့ဆိုလျှင်၊ ပူဖောင်းလေး၏ မိခင်၊ ဒဏ္ဍာရီလာ အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက် ဖြစ်နိုင်ပါသလော။

လုမင်လည်း သူ့ကိုယ်သူ တွေးလိုက်မိသည်။

သို့သော်လည်း ပူဖောင်းလေးအတွက် သူ ပျော်ခဲ့ရပေသည်။ တန်တန်၏အမူအရာကို ကြည့်ခြင်းအားဖြင့် အချိန်ဟင်းလင်းပြင်ကျောက်က သာမန်မဟုတ်ကြောင်း သိနိုင်သည်။

"တွိ..."

ပူဖောင်းလေးက ခပ်တိုးတိုးလေး အော်လိုက်သည်။ သူ့ခန္ဓာကိုယ်ကို နို့ဖြူရောင်အလင်းများက လွှမ်းခြုံသွား၏။ ထိုအလင်းများက အချိန်နှင့်ဟင်းလင်းပြင် နိယာမများ ပါဝင်နေပြီး တချိန်တည်းမှာပင် အစစ်အမှန်နှင့်ပုံရိပ်ယောင် ဖြစ်နေသကဲ့သို့ ဖြစ်ချေသည်။ သူက တန်တန်ကို ဂုဏ်ယူဝံ့ကြွားစွာဖြင့် ကြည့်လိုက်သည်။

ယင်းက တန်တန်ကို ဒေါသထွက်လွန်းသဖြင့် အခွံများကိုပင် စိမ်းလန်းသွားစေခဲ့ပေသည်။

"တန်တန်၊ အဲဒီလူက ဘယ်သူလဲ။ သူက ဘာဖြစ်လို့ ဒီလောက်တောင် တန်ခိုးကြီးတာလဲ"

လုမင် စိတ်ဝင်တစား မေးလိုက်သည်။

လုမင်လည်း ထိုရုပ်သွင်ကြီးကို တန်တန်နှင့် ခေတ်တူ သို့မဟုတ် အဆင့်တူကျွမ်းကျင်သူပင် ဖြစ်သင့်သည်ဟု ခန်မှန်းမိခဲ့သည်။ သူက ထိပ်တန်းစစ်သားရဲဆယ်ကောင်မှ နောက်ထပ်တစ်ကောင် ဖြစ်နိုင်ပါသလော။

"အခြား ဘယ်သူဖြစ်နိုင်ဦးမှာလဲ။ သူ့အရွယ်အစားကနေ ပြောနိုင်တယ်။ သူက ထိပ်တန်းစစ်သားရဲဆယ်ကောင်ထဲက တစ်ကောင်ဖြစ်တဲ့ တိုက်တန်နွားချေးပိုးပဲ။ အဲဒီတုန်းက ငါ့ရဲ့ လက်အောက်ငယ်သားလို့ ပြောနိင်တယ်"

တန်တန်က သူ့နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ"

လုမင်လည်း စိတ်ထဲမှာလှုပ်ရှားပြီး တုန်လှုပ်သွားမိလေသည်။

သူဟာ ထိပ်တန်းစစ်သားရဲဆယ်ကောင်ထဲမှ အနည်းငယ်နှင့် အမှန်တကယ် ထိတွေ့ခွင့်ရခဲ့သည်။

ပထမက သူ၏ သွေးမျိုးဆက်ဖြစ်သော နဝမနဂါး ဖြစ်သည်။

ထို့နောက် သူ့ကိုယ်သူ မြင့်မြတ်သော ကမ္ဘာ့လိပ်ဟု အမြဲခေါ်ဝေါ်နေသော တန်တန်လည်း ရှိ၏။ သူ့ကိုတော့ လုမင်က ဂရုမစိုက်ပါ။

အချိန်ဟင်းလင်းပြင်ဝိညာဉ်ကြွက်မှ ဆင်းသက်လာသော ပူဖောင်းလေးလည်း ရှိသေးသည်။

လုံချန်၏ သွေးမျိုးဆက်ဖြစ်သည့် ရှေးဟောင်းနဂါးဆင်လည်း ရှိသည်။

သို့ရာတွင် သူကြုံဖူးသော သားရဲများက မူလခန္ဓာများ မဟုတ်ပါ။ သူတို့က သွေးမျိုးဆက်များ သို့မဟုတ် ၎င်းတို့၏ သားစဉ်မြေးဆက်များ ဖြစ်သည်။ တန်တန်သည်လည်း ပြန်လည်မွေးဖွားခဲ့ခြင်း ဖြစ်ချေသည်။

သို့ရာတွင် တိုက်တန်ဦးချိုရှည်နွားချေးပိုးကတော့ အမှန်တကယ် မူလခန္ဓာ ဖြစ်သည်။ တန်တန်က ၎င်းကို ဒဏ်ရာရရှိထားကာ သူ၏အထွတ်အထိပ်သို့ မရောက်သေးဘူးဟုဆိုကြသော်လည်း မိုးနှင့်မြေကို ပြိုကွဲစေနိုင်သော တိုက်ခိုက်နိုင်စွမ်းတို့ ရှိသေးသည်။

တိုက်တန်နွားချေးပိုးကို သူ၏ညီငယ်ဟု ပြောဆိုနေသော တန်တန်၏ စကားများကိုတော့ လုမင် လျစ်လျူရှုခဲ့သည်။

"ထိပ်တန်းစစ်ရဲကောင်ဆယ်ကောင်မှာ ဘယ်နှစ်ကောင်များ အသက်ရှင်နေဦးမလဲ"

လုမင် ရေရွတ်လိုက်သည်။

ထိပ်တန်းစစ်သားရဲဆယ်ကောင်က ကမ္ဘာလောက၏ အထွတ်အထိပ် တည်ရှိမှုများ ဖြစ်တာကိုတော့ သံသယဖြစ်စရာ မလိုပေ။ သူတို့အားလုံးက ထူးကဲသော တားမြစ်တည်ရှိမှုများ ဖြစ်ကြသည်။

"ငါလည်းမသိဘူး"

တန်တန်လည်း ရှားရှားပါးပါး လေးနက်မှုတို့ကို လှစ်ဟလာကာ စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်လေသည်။

"တွိ..."

ဤအခိုက်အတန့်တွင် ပူဖောင်းလေးက အော်ဟစ်ပြီး သူ့လက်သေးသေးလေးများဖြင့် ရှေ့သို့ ညွှန်ပြလိုက်သည်။

လုမင် ရှေ့ကို လှမ်းကြည့်လိုက်၏။

"မော့ဟဲ"

လုမင်၏ မျက်လုံးများက အေးစက်သွားသည်။

သူတို့ ပြန်ပေါ်လာသောတောင်က မရဏနယ်မြေနှင့် မဝေးပါ။

အတော်ဝေးဝေးတွင် မြစ်နက်ကြီးကို လှမ်းမြင်နိုင်သည်။

မြစ်ကမ်းနံဘေးမှာတော့ မောဟဲက လက်နှစ်ဖက်ကိုနောက်ပစ်ပြီး မရဏနယ်မြေသို့ ကြည့်နေပေသည်။

"ဟမ့်၊ ဒီကောင်ကို နည်းလမ်းရှာပြီး ငါဖယ်ရှားရမယ်"

လုမင်၏ မျက်လုံးများက အေးစက်စက် သတ်ဖြတ်ချင်စိတ်တို့ လင်းလက်သွားခဲ့သည်။

ဤတစ်ကြိမ်တွင် သူကံကောင်းပြီး လွတ်မြောက်ခဲ့တာဟု ဆိုနိုင်သည်။ ခရီးတစ်လျှောက်တွင် အန္တရာယ်များက ပြည့်နှက်နေခဲ့၏။ ဤအတွက် လုမင် သေချာပေါက် လက်စားချေရမည်။

"ဟုတ်ပြီ"

လုမင်၏ မျက်လုံးများက အရောင်လက်သွားပြီး ကမ္ပည်းတာအို ဒုတိယခန္ဓာ ပေါ်လာခဲ့သည်။

လုမင်၏ အစီအစဉ်က အလွန်ရိုးရှင်းပေသည်။ ဝင်္ကပါတည်ဆောက်ပြီး မော့ဟဲကို သတ်ရန် ဖြစ်သည်။

ကမ္ပည်းတာအို ဒုတိယခန္ဓာက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ တောင်နောက်ဘက် ချိုင့်ဝှမ်းတစ်ခုတွင် ပေါ်လာခဲ့သည်။ ထို့နောက်တော့ ဝင်္ကပါတစ်ခုကို စတင်တည်ဆောက်တော့သည်။

"ငါလည်း ကူညီမယ်"

တန်တန်က နောက်မှလိုက်သွားသည်။ ဤသို့သော အစီအစဉ်မျိုးကို သူက မည်သို့ လက်လွတ်ခံမည်နည်း။

လုမင်လည်း သူ၏အရှိန်အဝါကိုထိန်းချုပ်ကာ မြစ်ဆီသို့ တိတ်တဆိတ် ပြန်လည်ချဉ်းကပ်သွားတော့သည်။

မြစ်က အလွန်ရှည်လျားပြီး ကုန်းမြေကြီးကို နှစ်ပိုင်းခွဲထားသည်။ တစ်ဖက်က မရဏနယ်မြေဖြစ်ပြီး ကျန်တစ်ဖက်ကတော့ ပုံမှန်ဖြစ်ချေသည်။

လုမင်လည်း မြစ်ကမ်းနားသို့ တိတ်တဆိတ် လျှောက်လာပြီးနောက် မော့ဟဲနှင့် မိုင်တစ်ရာအကွာမှ ကျောက်ဆောင်ကြီနောက်တွင် ပုန်းနေလိုက်သည်။

ထို့နောက် သူ့အရှိန်အဝါကိုထိန်းချုပ်ပြီး တိတ်တဆိတ် စောင့်ကြည့်နေလိုက်လေသည်။

"ဒီကောင် ဘယ်လိုနေလဲမသိဘူး။ သူ သေများသေသွားပြီလား"

မော့ဟဲက မရဏနယ်မြေကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"ဒီကောင်တွေ ဟိုကောင်လေးကိုသတ်ပြီး သူ့အလောင်းကို သယ်ထုတ်လာနိုင်မယ်လို့ပဲ မျှော်လင့်ရတော့မယ်"

ဤတစ်ကြိမ်တွင် သူက လုမင်ကိုသတ်ရန် လူများစွာ ခေါ်လာခဲ့သည်။ ထို့ကြောင့် လုမင်၏အလောင်းကို ပြန်သယ်လာနိုင်မည်ဟု သူ ယုံကြည်မှုရှိ၏။ မရဏနယ်မြေတွင် လုမင် လွတ်မြောက်လိမ့်မည်ဟုတော့ သူ မထင်ပေ။

ထို့အပြင် သူကိုယ်တိုင် မဝင်ရဲသောကြောင့် အပြင်ဘက်တွင်သာ စောင့်နေခဲ့ရသည်။

အချိန်များ ကုန်လွန်သွားခဲ့ပြီ။

မကြာခင် တစ်ရက်ကြာသွားပြီ ဖြစ်သည်။

"ဘာလို့ ထွက်မလာသေးတာလဲ၊ အားလုံးသေသွားပြီလား"

"မရဏနယ်မြေက အရမ်းအန္တရာယ်များတယ်။ သူတော်စင်နယ်ပယ် အကျော်အမော်တွေတောင်မှ အဲဒီထဲမှာ သေဆုံးကြရတာ။ တစ်ခါက မဟာဧကရာဇ်တစ်ပါး ဝင်ရောက်သွားဖူးပေမဲ့ ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး ထွက်ပြေးလာခဲ့ရတယ်တဲ့။ ဟိုကောင်လေးက အထဲကိုဝင်သွားတာ ကြာပြီဆိုတော့ သေသွားလောက်ပါပြီ။ ငါ နောက်တစ်ရက် ဆက်စောင့်မယ်။ အဲဒါမှ မထွက်လာသေးရင်တော့ ငါထွက်သွားတော့မယ်"

မော့ဟဲ မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။

မကြာမီ နောက်ထပ်တစ်ရက် ကုန်လွန်သွားပြီ။

"ဒီကောင်လေး တကယ်သေသွားပြီထင်ပါတယ်။ ငါလည်း ပြန်တော့မယ်"

မော့ဟဲလည်း ထွက်ခွာရန်ရည်ရွယ်ကာ လေထဲသို့ ပျံတက်လိုက်သည်။

သတ္တမအဆင့် သိုင်းအုပ်ချုပ်သူ ငါးဦးအတွက်တော့ ၎င်းတို့က သူ့မျက်လုံးထဲတွင် ပုရွက်ဆိတ်များသာ ဖြစ်သည်။ သူတို့ကို လုံးဝ ဂရုမစိုက်ပေ။

"သူ ထွက်သွားတော့မှာလား။ အချိန်ကတိုလွန်းတယ်၊ ဒါပေမဲ့ နှစ်ရက်လောက် အချိန်ယူတည်ဆောက်ထားရ‌တာဆိုတော့ သူ့ကိုသတ်ဖို့ လုံလောက်ပါပြီ"

လုမင်၏ မျက်လုံးများက အေးစက်သွားသည်။

ထို့နောက် သူ့ယွမ်ချီစွမ်းအင်များကို လှည့်ပတ်လိုက်သည်။ သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ပါးစပ်မှ သွေးတစ်ပွက် အန်ထွက်လာသည်။ ထို့နောက် လုမင်က သူ့ဘေးနားမှ ကျောက်တုံးကြီးတစ်တုံးကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။ ပေါက်ကွဲသံနှင့်အတူ ကျောက်တုံးကြီး ပေါက်ကွဲသွားတော့သည်။

ယင်းက အဝေးမှ ထွက်ခွာသွားတော့မည့် မော့ဟဲကို သတိပြုမိစေကာ ချက်ချင်း ပြန်လှည့်ကြည့်လိုက်သည်။

"လုမင်၊ မင်းမသေသေးဘူး"

မော့ဟ၏ မျက်လုံးများက ပြူးကျယ်သွားကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"ဝှစ်"

လုမင်က မော့ဟဲကို အာရုံစိုက်ရန် စိတ်ကူးမရှိပါ။ သူက ဒဏ်ရာအပြင်းအထန်ရဟန်ဆောင်ပြီး မရဏနယ်မြေမှ အဝေးကို အလောတကြီး ပျံသန်းသွားခဲ့သည်။

"ပြေးချင်တာလား၊ သေစမ်း"

မော့ဟဲ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ သူက အလွန်လျင်မြန်သောနှုန်းဖြင့် နတ်ဆိုးအလင်းတစ်ခုကဲ့သို့ လုမင်နောက်ကို ပျံသန်းလိုက်ပါသွားတော့သည်။

လုမင်၏ နောက်ကျောတွင် အနက်ရောင်တောင်ပံတစ်စုံ ပေါ်လာခဲ့သည်။ သူက လျှပ်စီးကဲ့သို့ တောင်ကြောတစ်ခုကို ပျံသန်းသွား၏။

ထို့နောက်တော့ ချိုင့်ဝှမ်းတစ်ခုထဲကို ပြေးဝင်သွားတော့သည်။

ဒုတိယခန္ဓာလုမင်နှင့် တန်တန်ကတော့ ယခင်ကတည်းက ပုန်းကွယ်နေခဲ့ပြီး ဖြစ်သည်။

မော့ဟဲကလည်း ဘာကိုမှ သံသယမဝင်ဘဲ ချိုင့်ဝှမ်းထဲသို့ လိုက်သွားခဲ့ပေသည်။

ထိုအချိန်တွင် လုမင်က ရုတ်တရက် ရပ်တန့်သွားသည်။

"ဘာလို့မပြေးတော့တာလဲ။ မလွတ်နိုင်ဘူးဆိုတာ မင်းသိလို့လား။ ကောင်းကင်နတ်ဆိုးဂိုဏ်းကလူတွေ ဘယ်မှာလဲ"

မော့ဟဲက အေးစက်စက်ဖြင့် ပြောလိုက်သည်။

"အဲဒီအမှိုက်တွေ အကုန်သေသွားပြီ"

လုမင် ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

"သူတို့က တကယ်ကိုအမှိုက်ပဲ။ မင်းလို ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ပုရွက်ဆိတ်ကိုတောင် မသတ်နိုင်ကြဘူး။ ထားပါ၊ ဘာပဲဖြစ်ဖြစ် မင်း သေလို့ရပြီ"

မော့ဟဲက အေးစက်စက်ဖြင့် ပြောလိုက်သည်။ နတ်ဆိုးစွမ်းအင်များက သူ့ခန္ဓာကိုယ်မှ လှိုင်းထလာပြီး လုမင်ကို ဖိချလိုက်၏။

"ပုရွက်ဆိတ်လား။ ဒါဆို ပုရွက်ဆိတ်ရဲ့ တန်ပြန်တိုက်ခိုက်မှုကို မင်းမြင်အောင်ပြမယ်"

လုမင်က အေးစက်စက် ပြုံးပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

"ဝမ်"

‌ချိုင့်ဝှမ်းတစ်ခုလုံးက ထူထပ်သော ကမ္ပည်းစာများဖြင့် ပြည့်နှက်နေပြီး ဝင်္ကပါကြီးတစ်ခု ပေါ်လာခဲ့၏။

"သတ်ဖြတ်ခြင်း ဝင်္ကပါလား။ မင်း... မင်းထွက်လာတာကြာပြီပဲ"

ဝင်္ကပါကြီး ပေါ်လာပြီးနောက် မော့ဟဲ၏အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ လုမင်ဟာ ဟိုးအရင်ကတည်းက ပြန်ထွက်လာပြီး ဤနေရာတွင် ဝင်္ကပါတစ်ခုတည်ဆောက်ကာ သူ့ကို ဆွဲဆောင်ခဲ့ခြင်းဖြစ်ကြောင်း နောက်ဆုံးတွင် သူနားလည်သွားပြီ ဖြစ်သည်။

"သတ်"

လုမင်က အပိုစကားများ မပြောတော့ဘဲ အော်လိုက်သည်။

ချိုင့်ဝှမ်းထဲတွင် ဒုတိယခန္ဓာလုမင်က သူ့လက်များကို ဝှေ့ယမ်းလိုက်၏။ အဆုံးမဲ့ဓားအလင်းများက စုစည်းကာ မော့ဟဲဆီသို့ ပစ်လွှတ်လာတော့သည်။

"မင်းကများ ငါ့ကို သတ်ချင်နေတာလား။ အိပ်မက်မက်နေတာပဲ။ ချိုးဖြတ်"

မော့ဟဲ ဟိန်းဟောက်လိုက်သည်။ သူ့ထံမှ နတ်ဆိုးအငွေ့အသက်များ ပေါက်ကွဲထွက်လာ၏။ သူ့အသွင်က ကောင်းကင်မှ နတ်ဆိုးနတ်ဘုရားတစ်ပါး ဟိန်းဟောက်နေသကဲ့သို့ပင်။

သူ၏ နတ်ဆိုးတာအိုနယ်မြေက သူ၏ဝိညာဉ်ခန္ဓာနှင့် ပေါင်းစပ်ခဲ့သည်။ သူ့ထံမှ တုန်လှုပ်ချောက်ချားဖွယ် နတ်ဆိုးဓားအလင်းများ ပေါက်ကွဲထွက်လာခဲ့၏။ သူ၏ ဓားအလင်းက သတ်ဖြတ်ခြင်းဝင်္ကပါမှ ဓားအလင်းများကို တစ်ခုပြီးတစ်ခု ချေဖျက်လိုက်တော့သည်။

All Chapters