အခန်း ၁၄၈၅
Vol. 99 Ch. 1485
အပိုင်း ( 1485 ) ရင်ဖုန်း ပြဿနာရှာခြင်း။
"ပြန်ဖို့အချိန်ကျပြီ"
လုမင်လည်း သိုလှောင်လက်စွပ်ကို သိမ်းဆည်းလိုက်သည်။ ထို့နောက်တော့ နဂါးနတ်ဘုရားတောင်ကြားသို့ ဦးတည်လိုက်တော့သည်။
ခုနစ်ရက်အကြာတွင် နဂါးဘုရားတောင်ကြားကို လှမ်းမြင်လိုက်ရသည်။
နဂါးနတ်ဘုရားတောင်ကြားသို့ ရောက်လာပြီးနောက် အပူချိန်သည် လျင်မြန်စွာ ကျဆင်းသွား၏။ တစ်ချက်ကြည့်လိုက်ပါက ကောင်းကင်တစ်ခုလုံး နှင်းများဖုံးလွှမ်းကာ ဖွေးဖွေးလှုပ်နေခဲ့ပေသည်။
လုမင်လည်း အပြင်ချိုင့်ဝှမ်းဆီသို့ ပျံသန်းသွားခဲ့သည်။ လက်ရှိ သူ၏အထောက်အထားအရ တားဆီးမည့်သူတော့ သဘာဝအတိုင်း မရှိပါ။
သို့ရာတွင် အပြင်ဘက်ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်သွားသည့် သူ့ကို စောင့်ကြည့်နေသော မျက်လုံးအချို့ ရှိနေသည်ကိုတော့ သူ သတိမထားမိလိုက်တော့ပေ။
"လုမင် ပြန်ရောက်လာပြီ၊ သူတကယ်မသေသေးဘူးကွ။ သခင်လေးကို မြန်မြန်သတင်းပို့လိုက်"
တစ်ယောက်က အသံလွှင့်ကျောက်ကို ထုတ်ပြီး စာတစ်စောင် ပို့လိုက်သည်။
လုမင်က တိမ်နဂါးဘုရားတောင်ကြားဆီသို့ ပျံသန်းသွားခဲ့သည်။
သို့သော်လည်း လမ်းတစ်ဝက်သို့ မရောက်မီတွင် လူငယ်အချို့က တားဆီးလိုက်၏။
လူငယ်သုံးယောက်က လုမင်ရှေ့မှာ ရပ်ပြီး လုမင်ကို တင်းမာသော မျက်လုံးများဖြင့် ကြည့်နေခဲ့ကြသည်။
"လုမင်၊ မင်း ဘယ်လိုတောင် ပြန်လာဝံ့တာလဲ"
အလယ်မှ လူငယ်က လုမင်ကို အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်၏။
"ဘာဖြစ်လို့ ငါက ပြန်မလာဝံ့ရမှာလဲ။ နောက်ပြီး မင်းတို့ကကော ငါ့လမ်းကို ဘာကိစ္စပိတ်ဆို့နေတာလဲ"
လုမင် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဘာကိစ္စလဲ... ဟုတ်လား။ လုမင်... ငါမင်းကို မေးမယ်။ မင်း ငါ့အစ်ကိုကြီး ရွှီလုံနဲ့ အခြားသူတွေနဲ့အတူ တာဝန်တစ်ခုကို လက်ခံသွားခဲ့တာ။ အခု မင်းတစ်ယောက်တည်း ဘာဖြစ်လို့ ပြန်လာတာလဲ။ အစ်ကိုကြီးနဲ့ ကျန်တဲ့သူတွေ ဘာဖြစ်လို့ ပြန်မလာကြတာလဲ။ ငါ့ကိုပြောစမ်း၊ မင်း လောဘကြောင့် အပြင်လူတွေနဲ့ပေါင်းပြီး ငါ့အစ်ကိုနဲ့ အခြားသူတွေကို သတ်လိုက်ပြီမဟုတ်လား"
အလယ်မှ လူငယ်က အော်ဟစ်လိုက်၏။
"ရွှီလုံရဲ့ညီလား"
လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။ ထိုလူငယ်က ရွှီလုံနှင့် ဆင်တူနေသည်မှာ အံ့သြစရာမဟုတ်တော့ပေ။
"ရွီလုံနဲ့ အခြားသူတွေအကြောင်းက အခြားကိစ္စတွေရှိသေးတယ်။ ဒီကိစ္စကို တာဝန်ခန်းမရဲ့ အကြီးအကဲတွေဆီ သတင်းပို့ပြီး ရှင်းရှင်းလင်းလင်း ရှင်းပြမယ်"
လုမင် ပြောလိုက်သည်။
"ဘာကိုရှင်းပြမှာလဲ၊ လုမင်... မင်း ငြင်းဖို့မကြိုးစားနဲ့။ ငါ့အစ်ကိုနဲ့ တခြားသူတွေကို မင်းသတ်ခဲ့တာပဲ ဖြစ်မယ်။ အခု မင်းရဲ့ပြစ်ဒဏ်ကိုခံယူဖို့ ငါနဲ့အတူ နဂါးပြစ်ဒဏ်ခတ်ခန်းမကို လိုက်ခဲ့တော့"
ရွှီလုံ၏ ညီဖြစ်သူက အော်လိုက်သည်။
သူတို့၏ လှုပ်ရှားမှုများက အခြားသူများ၏အာရုံကို သဘာဝအတိုင်း ဆွဲဆောင်ခဲ့သည်။ ထိုအချိန်တွင် လမ်းသွားလမ်းလာများလည်း စိတ်ဝင်စားလာပြီး တီးတိုးပြောဆိုသံများ ထွက်ပေါ်လာ၏။
လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။
ဤလူများက ကြိုတင်စီစဉ်ထားပုံပင်။
လုမင် ပြန်ရောက်လာသည်နှင့်တပြိုင်နက် ထိုလူများက ချက်ချင်းသိပြီး သူ့လမ်းကြောင်းကို ပိတ်ဆို့လိုက်ကြသည်။ အပြင်ချိုင့်ဝှမ်းတွင် လုမင် ပြန်အလာကို စောင့်ကြည့်နေသော လူများရှိနေကြောင်း သိသာထင်ရှားလှပေသည်။
သူတို့၏ ရည်ရွယ်ချက်မှာ လုမင်ပြန်အလာကို စောင့်ဆိုင်းပြီး ပြဿနာရှာရန် ဖြစ်သည်။
ဤတွင် လုမင်၏အတွေးထဲသို့ ပထမဆုံး ရောက်လာသူက ရင်ဖုန်းပင်။
ရွှီလုံကို စေလွှတ်ခဲ့သူမှာ ရင်ဖုန်း ဖြစ်သည်။ သွမ့်ရန်နှင့် ဖူရှင်းကိုလည်း ရင်ဖုန်းကပင် စေလွှတ်ခဲ့၏။
နဂါးပြစ်ဒဏ်ခတ်နန်းတော်က နဂါးနတ်ဘုရားတောင်ကြား၏ တရားစီရင်ရေးနေရာ ဖြစ်သည်။ ထိုနေရာတွင် ရင်ဖုန်း၏လူများလည်း ရှိကောင်းရှိလိမ့်မည်။ နဂါးပြစ်ဒဏ်ခတ်နန်းတော်သို့ သွားရောက်ပါက သူ့အသက်ကို သူ အာမခံနိုင်မည်ဟု မထင်ပေ။
သို့ဖြစ်ပေရာ နဂါးပြစ်ဒဏ်ခတ်နန်းတော်ကို လုမင် မည်သို့သွားမည်နည်း။
"ငါ့ရှေ့ကဖယ်စမ်း၊ ရွှီလုံနဲ့ တခြားသူတွေက အကြောင်းရှိသေးတယ်လို့ ငါပြောပြီးပြီ။ ဒါက ငါနဲ့ ဘာမှမဆိုင်ဘူး"
လုမင် အေးစက်စက်ဖြင့် အော်လိုက်သည်။
"စဉ်းတောင်မစဉ်းစားနဲ့၊ ဒီနေ့ မင်း ငါတို့နဲ့ နဂါးပြစ်ဒဏ်ခတ်နန်းတော်ကို လိုက်ခဲ့ရမယ်"
ရွှီလုံ၏ညီဆိုသူက ပြောလိုက်သည်။ သူ့မျက်လုံးများက အရောင်လက်သွားပြီးနောက် ရှေ့သို့လှမ်းကာ လုမင်၏လက်ကို ဖမ်းကိုင်လိုက်၏။
"ထွက်သွား"
လုမင် ငေါက်ငမ်းပြီး ရှေ့တစ်လှမ်းတိုးလိုက်သည်။ နဝမနဂါးတစ်ကောင်က သူ့ခြေဖဝါးအောက်မှ ပြေးထွက်လာပြီး ရွှီလုံ၏ညီဖြစ်သူကို ဝင်တိုက်လိုက်၏။ နာကျင်စွာ အော်ဟစ်ရင်း ပါးစပ်ထဲမှ သွေးများ အန်ထွက်လာတော့သည်။
လုမင်လည်း ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး အရိပ်တစ်ခုကဲ့သို့ တိမ်နဂါးတောင်ကြားကို ပြေးသွားသည်။
ရင်ဖုန်းက ရွှီလုံနှင့် အခြားသူများ သေဆုံးခြင်းကို ကြိုသိထားကာ သူပြန်အလာကို စောင့်ဆိုင်းနေကြမှန်း လုမင် သိသည်။
မကြာမီ၊ တိမ်နဂါးတောင်ကြားသို့ လုမင် ပြန်ရောက်လာခဲ့သည်။
"ဂိုဏ်းတူအစ်ကိုလုမင်"
တိမ်နဂါးတောင်ကြားအဝင်ဝတွင် သာမန်တပည့်နှစ်ယောက်က လုမင်အား ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။
လုမင်လည်း သူတို့နှစ်ယောက်ကို ခေါင်းညိတ်ပြပြီး တိမ်နဂါးတောင်ကြား၏ နက်နဲရာဆီသို့ ဆက်လျှောက်သွားတော့သည်။
တာဝန်အကြောင်းရှင်းပြရန် တိမ်နဂါးတောင်ကြားသခင် သို့မဟုတ် လုံယွမ်ရှန်ကို တွေ့ချင်မိသည်။
သို့သော်လည်း၊ ထိုအချိန်တွင် တောင်ကြားအဝင်ဝမှ ရုတ်ရုတ်သဲသဲ အသံများကို သူကြားလိုက်ရသည်။
"လုမင်ကို ထွက်လာခဲ့ဖို့ ပြောလိုက်စမ်း"
ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရ၏။
"သူတို့ ရောက်လာတာက မြန်တာပဲ"
လုမင်၏ မျက်လုံးများက အေးစက်စက် အလင်းရောင်တစ်ခု လင်းလက်လာသည်။ သူ ချက်ချင်းလှည့်ပြီး တောင်ကြားအဝင်ဝသို့ ပြန်လျှောက်သွား၏။
လူတစ်စုက တိမ်နဂါးတောင်ကြားအဝင်ဝကို ပိတ်ဆို့ထားကြသည်။ ထိုအထဲတွင် ရွှီလုံ၏ညီဖြစ်သူလည်း ပါဝင်ပေသည်။
ရင်ဖုန်းလည်း ရှိသည်။ သူ့နောက်မှာလည်း လူအုပ်ကြီး ရှိနေကြ၏။ တချို့က ရွှေရောင်နဂါးဝတ်စုံကို ဝတ်ဆင်ထားပြီး အရှိန်အဝါကြီးမားသည်။ သူတို့က နဂါးပြစ်ဒဏ်ခတ်နန်းတော်မှ ဖြစ်ချေသည်။
ထိုအချိန်တွင် တိမ်နဂါးတောင်ကြားမှ တပည့်နှစ်ယောက်က လူအုပ်ကြီးကို တားဆီးလိုက်ကြသည်။
"လူတိုင်း၊ ဒါက တိမ်နဂါးတောင်ကြားပဲ။ တိမ်နဂါးတောင်ကြားက မဟုတ်တဲ့သူတွေကို ဝင်ခွင့်မပေးဘူး"
တပည့်တစ်ယောက်က ပြောလိုက်သည်။
"လုမင်ကို ထွက်လာခဲ့ဖို့ ပြောလိုက်စမ်း။ လုမင်က မစ်ရှင်ကို အခွင့်ကောင်းယူပြီး အပြင်လူတွေနဲ့ ပူးပေါင်းပြီး ဂိုဏ်းတူတပည့်တွေကို သတ်ခဲ့တယ်။ ဒါက ကြီးမားတဲ့ အပြစ်တစ်ခုပဲ။ အခု သူ့ကို စစ်ဆေးမေးမြန်းဖို့ နဂါးပြစ်ဒတ်ခတ်နန်းတော်ဆီ ခေါ်သွားရမယ်"
ရင်ဖုန်းက အေးစက်စက်ဖြင့် ပြောလိုက်၏။
"အားလုံးပဲ၊ ဂိုဏ်းတူအကို လုမင်က တောင်ကြားသခင်ရဲ့ အစစ်အမှန်တပည့်ပါ။ တစ်ခုခုဖြစ်ခဲ့ရင်တောင် နဂါးပြစ်ဒဏ်ခတ်နန်းတော်ရဲ့ အကြီးအကဲတွေက တောင်ကြားသခင်ကို အရင်အကြောင်းကြားသင့်တယ်။ ပြီးရင် တောင်ကြာသခင်ကိုယ်တိုင် ဒီကိစ္စကို စုံစမ်းလိမ့်မယ်"
တိမ်နဂါးတောင်ကြားမှ တပည့်တစ်ဦးက ပြောလိုက်သည်။
"လုမင် ဂိုဏ်းတူတပည့်တွေကို သတ်ခဲ့တယ်ဆိုတဲ့ အထောက်အထားက ခိုင်လုံနေပြီပဲ။ တိမ်နဂါးတောင်ကြားသခင်ကို နှောက်ယှက်ဖို့ မလိုပါဘူး။ သူ့ကို နဂါးပြစ်ဒဏ်ခတ်နန်းတော်ဆီကို ခေါ်သွားလိုက်ရုံပဲ။ လမ်းဖယ်ကြ၊ လုမင်ကို ခေါ်သွားရမယ်"
ရင်ဖုန်းက ပြစ်တင်ပြောဆိုသည်။
"မဟုတ်ဘူး၊ မင်း တိမ်နဂါးတောင်ကြားထဲ မင်းတို့ကို ဝင်ခွင့်မပြုဘူး"
တိမ်နဂါးတောင်ကြား၏ တပည့်နှစ်ယောက်က သူတို့ကို တားဆီးလိုက်သည်။
"ထွက်သွား"
ရင်ဖုန်း၏ နောက်ကွယ်မှ ထွားကျိုင်းသော လူငယ်တစ်ဦးက ဒေါသတကြီး ငေါက်ငမ်းပြီး လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။ တိမ်နဂါးတောင်ကြားမှ တပည့်နှစ်ယောက်လည်း အော်ဟစ်ပြီး နောက်ပြန်ဆုတ်သွားကြရသည်။ သူတို့၏ နှုတ်ခမ်းထောင့်မှ သွေးများလည်း စီးကျလာတော့သည်။
"ဒီနေ့ သူ့ပြစ်ဒဏ်ကိုခံယူဖို့ လုမင်ကို နဂါးပြစ်ဒဏ်ခတ်နန်းတော်ဆီ ခေါ်ဆောင်သွားရမယ်"
ရင်ဖုန်းက အေးစက်စက်ဖြင့် ပြောလိုက်သည်။
"မင်းငါ့ကိုရှာနေတာလား"
အေးစက်စက် အသံတစ်ခုထွက်ပေါ်လာပြီး လုမင်၏ရုပ်သွင် ပေါ်လာခဲ့သည်။
"လုမင်"
ရင်ဖုန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"ရင်ဖုန်း၊ မင်း ပိုပိုပြီး အတင့်ရဲလာတာပဲ။ မင်းက လူစုလူဝေးနဲ့ တိမ်နဂါးတောင်ကြားကို ဝင်လာဝံ့တဲ့အပြင် ငါတို့တောင်ကြားရဲ့ တပည့်တွေကိုတောင် ဒဏ်ရာရစေဝံ့တယ်။ မင်းက တိမ်နဂါးတောင်ကြားကို လေးစားမှုမရှိဘူးထင်တယ်"
လုမင် အေးစက်စက် ပြောလိုက်သည်။
"လုမင်၊ ငါတို့က မင်းကိုဖမ်းဖို့ပဲလာခဲ့တာ။ ဒါပေမဲ့ မင်းက တိမ်တိုက်နဂါးတောင်ကြားမှာ ပုန်းနေမှတော့ ငါတို့မှာ ရွေးစရာမရှိတော့ဘူးပေါ့"
"လုမင်၊ မင်းရောက်လာတာကောင်းတယ်။ မင်း အပြင်လူတွေနဲ့ပူးပေါင်းပြီး ရွှီလုံ၊ သွမ့်ရန်နဲ့ အခြားသူတွေကို သတ်ပစ်ခဲ့တယ် မဟုတ်လား"
ရင်ဖုန်းက ခပ်တိုးတိုးပြောပြီး လုမင်ကို တိုက်ရိုက်မေးလိုက်သည်။
"ငါ သွမ့်ရန်နဲ့ တခြားသူတွေကို မသတ်ခဲ့ဘူး"
လုမင်က တည်ငြိမ်စွာ ပြောသည်။
"အခုထိ လိမ်ဖို့ကြိုးစားတုန်းပဲလား။ လုမင်... ငါမင်းကို ပြောလိုက်မယ်။ ငါ ဖုန်းမိသားစုက လူတွေကိုခေါ်ပြီး လိုက်ရှာကြည့်တော့ သွမ့်ရန်၊ ဖူရှင်းနဲ့ ရွှီလုံရဲ့ အလောင်းတွေကို လှိုဏ်ဂူထဲမှာ ရှာတွေ့ခဲ့တယ်။ သူတို့ကို မင်းသတ်ခဲ့တာက ထင်ရှားနေတာပဲ။ နောက်ပြီး ရွှီလုံရဲ့ အလောင်းပေါ်မှာ မင်းရဲ့ အငွေ့အသက်တွေ ရှိနေသေးတယ်။ ဒါတောင်မှ သူတို့ကိုမသတ်ဘူးလို့ မင်း ဘယ်လိုတောင်ပြောဝံ့တာလဲ"
ရင်ဖုန်းက အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏။
လုမင် မျက်မှောင်ကြုတ်လိုက်သည်။ ရင်ဖုန်းက သူ့ကို အရိုးထဲထိ မုန်းတီးနေပုံရ၏။ သူ့ကိုစုံစမ်းရန်အတွက် ဖုန်းမိသားစုမှ လူများကိုပင် စေလွှတ်ခဲ့သေးသည်။
လုမင်က ရွှီလုံကို အမှန်တကယ် သတ်ခဲ့သည်။
သို့သော်လည်း ထိုအချိန်က ရွှီလုံဟာ သူ့ကိုသတ်ချင်သောကြောင့် ပြန်လည် သတ်ခဲ့ရခြင်း ဖြစ်ချေသည်။
ယခုတော့ ရင်ဖုန်းက ဤအချက်ကို အမှန်တကယ် ဆုပ်ကိုင်လာခဲ့ပြီ ဖြစ်သည်။
"ဟုတ်တယ်၊ ရွှီလုံကို ငါ သတ်ခဲ့တယ်"
လုမင် ပြောလိုက်သည်။
ယင်းက လူတော်တော်များများ၏ နှလုံးသားကို တုန်လှုပ်သွားစေခဲ့ပေသည်။
ရင်ဖုန်းကတော့ စိတ်ဓာတ်တက်ကြွပြီး ပို၍ ဝမ်းသာသွားသည်။
"အားလုံးကြားတယ်နော်၊ လုမင်ကိုယ်တိုင် ဝန်ခံလိုက်ပြီ။ ရွှီလုံကို သူသတ်ခဲ့တာ။ ဂိုဏ်းတူတပည့်အချင်းချင်းတောင် သတ်တဲ့အထိ ရက်စက်ကြမ်းကြုတ်တဲ့သူကို ဒီကမ္ဘာမှာ ဆက်ရှင်သန်ခွင့် မပြုနိုင်တော့ဘူး။ ဒီနေ့ နဂါးပြစ်ဒဏ်ခတ်နန်းတော်မှာ သူ့ကိုသတ်ပြီး ရွှီလုံနဲ့ အခြားသူတွေအတွက် လက်စားချေရမယ်"
"ဂိုဏ်းတူတပည့်အချင်းချင်း သတ်ဝံ့ရင် နဂါးပြစ်ဒဏ်ခတ်နန်းတော်ကသူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး"
ရင်ဖုန်း၏နောက်ကွယ်ရှိ နဂါးပြစ်ဒဏ်ခတ်နန်းတော်မှ လူငယ်တစ်ယောက်ကလည်း အေးစက်စက်ဖြင့် ပြောလိုက်သည်။