အခန်း ၁၄၈၆
Vol. 100 Ch. 1486
အပိုင်း ( 1486 ) ဘာကြောင့်လဲဆိုတော့ ငါက သန်မာတယ်။
ရင်ဖုန်းနှင့် အခြားသူများကို အေးစက်စက်ဖြင့်ကြည့်ရင်း လုမင် လှောင်ပြုံး တစ်ချက်ပြုံးလိုက်သည်။ သူ လျစ်လျူရှုစွာ ပြောလိုက်၏။
"ရွှီလုံက ငါ့ကိုသတ်ချင်တာကြောင့် ငါ သူ့ကို သတ်လိုက်ရတာ၊ ဘာလဲ... ငါက သူ့ကို မတုံ့ပြန်ဘဲ မသတ်ရဘူးလား"
လုမင်၏ စကားသံသံကြောင့် တစ်နေရာလုံး တိတ်ဆိတ်သွားသည်။
"တိတ်စမ်း၊ ရွှီလုံနဲ့ မင်းကြားမှာ ဘာပြဿနာမှ မရှိဖူးဘူး။ ငါက ဘာဖြစ်လို့ မင်းကိုသတ်ဖို့ ကြိုးစားရမှာလဲ။ ရယ်စရာကောင်းလိုက်တာ"
ရင်ဖုန်းက ချက်ချင်း ထအော်သည်။
"ငါမင်းကို မေးလို့လား"
လုမင်က လှောင်ပြောင်သရော်ဟန်ဖြင့် ရင်ဖုန်းကိုကြည့်လိုက်သည်။ သူက အဓိကအချက်ကို ချက်ချင်း ဖမ်းဆုပ်လိုက်၏။
ရင်ဖုန်း၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီးနောက် လှောင်ပြောင်ပြောဆိုလိုက်သည်။
"လုမင်၊ ရွှီလုံက သေသွားပြီလေ။ သက်သေမရှိဘဲ မင်း ဘာပဲပြောပြော ဘယ်သူမှယုံမှာမဟုတ်ဘူး။ ဒါပေမဲ့ လက်ရှိ အမှန်တရားကတော့ မင်းဟာ ရွီလုံကိုသတ်ခဲ့တယ်။ ဒီအမှန်တရားက ပြောင်းလဲသွားမှာ မဟုတ်ဘူး။ မင်း အပြစ်ပေးခံရလိမ့်မယ်"
"ရင်ဖုန်း၊ ဘာဖြစ်လို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ။ မင်းက အမှန်တရားကို သိပ်သိချင်ရင် ငါပြောပြမယ်"
လုမင်က ရင်ဖုန်းကို တည်ငြိမ်စွာကြည့်ရင်း ပြောလိုက်သည်။
"အဲဒီတုန်းက မစ်ရှင်မှာ အစွမ်းထက်ရန်သူနဲ့ ရင်ဆိုင်ရပြီး သွမ့်ရန်၊ ဖူရှင်းနဲ့ ကျန့်ခုန်းတို့အားလုံး သတ်ခံခဲ့ရတယ်။ ရွှီလုံကိုလည်း အဲဒီရန်သူက ထိန်းချုပ်သွားခဲ့တာ၊ တစ်ဖက်လူရဲ့ ထိန်းချုပ်မှုအောက်မှာ ရွှီလုံက ငါ့ကိုသတ်ဖို့ ကြိုးစားလာတာကြောင့် ငါ သူ့ကို သတ်လိုက်ရတာပဲ"
လုမင်က မစ်ရှင်၏ အသေးစိတ်အချက်အလက်များကို အတိုချုံးရှင်းပြလိုက်၏။
"တော်စမ်း၊ ငါသိသလောက်ဆိုရင် သွမ့်ရန်နဲ့ ဖူရှင်းရဲ့ ကျင့်ကြံခြင်းအခြေခံက တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်မှာ ရှိတယ်။ ရွှီလုံရဲ့ ကျင့်ကြံခြင်းအခြေခံက စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်ပဲ။ သူတို့တောင်မှ အစွမ်းထက်ရန်သူရဲ့လက်မှာ သေခဲ့ရတယ်၊ ဒါပေမဲ့ မင်းလို လူရိုင်းကျွန်းက ပုရွက်ဆိတ်ကတော့ အခုထိ အသက်ရှင်နေသေးတယ်ပေါ့။ ရယ်စရာကောင်းလိုက်တာ၊ မင်းက ငါတို့အားလုံးကို ငတုံးတွေလို့ ထင်လို့လား"
ရင်ဖုန်း လှောင်ပြောင်လိုက်သည်။
"သူတို့က မတုံးကြပါဘူး၊ မင်းကပဲ ငတုံး"
လုမင် တည်ငြိမ်စွာပြောသည်။
"မင်း…"
ရင်ဖုန်း၏မျက်နှာ မည်းမှောင်သွား၏။
"ငါမင်းကို ပြောပြမယ်၊ သူတို့အားလုံး သေကုန်ပေမဲ့ ငါ အသက်ရှင်နေရတာ အကြောင်းပြချက်တစ်ခုပဲ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ငါက သန်မာလို့ပဲ"
လုမင်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
ဘာကြောင့်လဲဆိုတော့ ငါက သန်မာလို့။
ယင်းက ရိုးရှင်းသော အကြောင်းပြချက်တစ်ခု ဖြစ်သော်လည်း အရာအားလုံးကို ရှင်းပြခဲ့ပေသည်။ ရွှီလုံနှင့် တခြားသူများ သေဆုံးသွားသော်လည်း လုမင်က အသက်ရှင်နေဆဲ ဖြစ်သည်။
အကြောင်းမူကား၊ လုမင်က ပို၍ သန်မာသောကြောင့်ပင်။ သူက ပို၍သန်မာသောကြောင့် အသက်ရှင်ခဲ့သည်။
"ဟားဟားသား၊ မင်းက သန်မာတယ်လား။ ရွှီလုံက စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကွ၊ မင်းကတော့ လူရိုင်းကျွန်းက ပုရွက်ဆိတ်တစ်ကောင်ပဲ။ နောက်ပြီး သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ချိုးဖြတ်သွားတာတောင် မကြာသေးဘူး။ မင်းကိုယ်မင်း သန်မာတယ်လို့ ဘယ်လိုပြောရဲတာလဲ။ ဟာသပဲ၊ အခု မင်း ဘယ်လောက်တောင် သန်မာမလဲ ကြည့်ရသေးတာပေါ့။ သူ့ကိုဖမ်းလိုက်တော့"
ရင်ဖုန်းက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
ရင်ဖုန်း ပြောပြီးသည်နှင့် နဂါးပြစ်ဒဏ်ခတ်နန်းတော်မှ လူငယ်နှစ်ဦးက ပြေးထွက်လာခဲ့ကြသည်။ သူတို့လက်ထဲတွင်လည်း သံကြိုးကြီးများကို အသီးသီး ကိုင်ဆောင်ထား၏။ သူတို့က လုမင်ကိုကြည့်ပြီး အော်ဟစ်လိုက်ကြသည်။
"အညံ့ခံပြီး အဖမ်းခံစမ်း"
"ထွက်သွား"
လုမင် ငေါက်ငမ်းပြီး ရှေ့ကို ခြေလှမ်းအနည်းငယ် လှမ်းလိုက်၏။
နဝမနဂါးခြေလှမ်းက မြေပြင်ကို တုန်လှုပ်သွားစေသည်။ မြေပြင်က ပင်လယ်ရေကဲ့သို့ လှိုင်းထလာ၏။ နဂါးပြစ်ဒဏ်ခတ်နန်းတော်မှ လူငယ်နှစ်ဦးဆီသို့ ကြောက်မက်ဖွယ်ရာ စွမ်းအားများက လှိမ့်ဝင်သွားတော့သည်။
"ဝုန်း၊ ဝုန်း"
နဂါးပြစ်ဒဏ်ခတ်နန်းတော်မှ လူငယ်နှစ်ဦး၏ ခန္ဓာကိုယ်များ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။ သူတို့မျက်နှာများမှာလည်း တုန်လှုပ်ခြောက်ခြားမှုများဖြင့် ပြည့်နှက်သွား၏။ သူတို့၏ပါးစပ်မှ သွေးများအန်ထွက်ကာ လွင့်စဉ်သွားတော့သည်။
"သန်မာလွန်းတယ်"
လူများစွာတို့ တုန်လှုပ်သွားကြသည်။
လုမင်က ခြေလှမ်းအနည်းငယ်မျှဖြင့် နဂါးပြစ်ဒဏ်ခတ်နန်းတော်၏ တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် လူငယ်နှစ်ဦးကို ဒဏ်ရာရစေခဲ့ပေပြီ။ ဤတိုက်ခိုက်နိုင်စွမ်းက အံ့ဩစရာကောင်းသည်။
"အတင့်ရဲလိုက်တာ၊ မင်း ပြန်ပြီးခုခံဝံ့တယ်လား။ သေစမ်း"
ရင်ဖုန်း၏ အနောက်မှ အသံတစ်ခု ထပ်မံထွက်လာသည်။ အားကောင်းသော အရှိန်အဝါဖြင့် လူရိပ်တချို့ ထွက်လာကြ၏။ သူတို့ ရှေ့မရောက်သေးသော်လည်း အားကောင်းသော အရှိန်အဝါများက လေပြင်းကဲ့သို့ လုမင်ကို ဦးတည်တိုက်ခတ်လာတော့သည်။
စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်။
စတုထ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်မှ ကျွမ်းကျင်သူ သုံးဦးက လုမင်ကို ဖိအားပေးခဲ့သည်။
"ထွက်သွား"
လုမင်၏ မျက်လုံးများက လျှပ်စီးတဖျတ်ဖျတ်လက်သွားသည်။ အော်ဟစ်ကြိမ်းမောင်းပြီး လုမင် လက်သီးဖြင့်ထိုးချလိုက်၏။
"ဒုန်း၊ ဒုန်း၊ ဒုန်း"
လေထုကို ထွင်းဖောက်သွားနိုင်ပုံရသော လက်သီးအင်အားသုံးခုက စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူသုံးဦးထံ တိုးဝင်သွားတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော လက်သီးအင်အားသုံးခုက နဂါးပြစ်ဒဏ်ခတ်နန်းတော်မှ လူငယ်သုံးဦး၏ တိုက်ခိုက်မှုနှင့် ခုခံမှုကို ချက်ချင်း ဖြိုခွဲပစ်လိုက်သည်။ သူတို့ခန္ဓာကိုယ်များက တဆတ်ဆတ် တုန်သွားကြ၏။ ကြိုးပြတ်သွားသော စွန်တစ်ကောင်ကဲ့သို့ တိမ်နဂါးတောင်ကြားအဝမှ လွင့်ထွက်ကာ မြေပြင်ပေါ်ကို ပြင်းပြင်းထန်ထန် ပြုတ်ကျသွားတော့သည်။
လူအုပ်ကြီးထံမှ ပင့်သက်ရှိူက်သံများ ကြားလိုက်ရသည်။
နဂါးပြစ်ဒဏ်ခတ်နန်းတော်မှ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူသုံးဦးကို လက်သီးတစ်ချက်စီဖြင့် လွင့်စဉ်စေခဲ့၏။ သူ့ခွန်အားက မည်မျှ အားကောင်းနေသနည်း။
ရွှီလုံသည်လည်း စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူမျှသာ ဖြစ်သည်။
ထိုအချိန်တွင် သူတို့အားလုံး လုမင်၏ စကားများကို သတိရသွားကြသည်။
ဘာကြောင့်လဲဆိုတော့ ငါက သန်မာလို့။
ဟုတ်သည်၊ ရွှီလုံနှင့် အခြားသူများ သေသွားသော်လည်း လုမင်ကတော့ ပို၍ သန်မာသောကြောင့် အသက်ရှင်ကျန်ရစ်ခဲ့ပေသည်။
'ချီးတဲ့မှပဲ၊ သေစမ်း'
ရင်ဖုန်းက စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ သူ့မျက်လုံးမှာလည်း မနာလိုခြင်းများ ပြည့်သွား၏။
သူတို့နောက်ဆုံးတွေ့ရသည်မှာ မကြာသေးသော်လည်း လုမင်က ပို၍ သန်မာလာပြီ။ ပျက်စီးခြင်းကျွန်းမှ ပုရွက်ဆိတ်လေးတစ်ကောင်က မည်သို့ ဤမျှအားကောင်းလာသနည်း။ ယင်းက ရင်ဖုန်း၏ နှလုံးသားထဲတွင် ပို၍ အေးစက်လာစေခဲ့သည်။
လုမင် အားကောင်းလေလေ၊ သူရင်ဆိုင်ရမည့်အန္တရာယ်က ပို၍ ကြီးလေပင်။ ထို့ကြောင့် လုမင်ကို ယခုထက်ပိုပြီး သန်မာလာရန် သူ ခွင့်မပြုနိုင်တော့ပါ။
"ဒီလူက တကယ်ကို စည်းလွတ်ဝါးလွတ်ဖြစ်နေပြီပဲ။ တပည့်အချင်းချင်း ရန်ပြုတဲ့အပြင် နဂါးပြစ်ဒဏ်ခတ်နန်းတော်ရဲ့လူတွေကိုတောင် တိုက်ခိုက်ဝံ့တယ်။ အခြားသူတွေကို သတိ သတိပေးတဲ့အနေနဲ့ သူ့ကိုသတ်ပစ်ဖို့ အကြံပြုချင်တယ်"
ရင်ဖုန်းက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ဟုတ်တယ်ဟေ့၊ သူ့ကို ချက်ချင်း သတ်လိုက်ကြ"
အေးစက်စက် အသံများ ထွက်ပေါ်လာ၏။
ရင်ဖုန်း၏ နောက်ဘက်မှ အားကောင်းသော အရှိန်အဝါများဖြင့် နဂါးအပြစ်ဒဏ်နန်းတော်၏ ကျွမ်းကျင်သူ ဆယ်ဦးကျော် ထွက်လာတော့သည်။
သူတို့ထဲတွင် နှစ်ဦးက ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူများ ဖြစ်သည်။ ကျန်သူများကတော့ ပဉ္စမနှင့် စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူများ ဖြစ်ကြ၏။
ကျွမ်းကျင်သူများစွာက လုမင်ကိုသတ်ရန် ထွက်ပေါ်လာကြပြီ။
"သတ်"
ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ လူငယ်တစ်ဦးက ဟိန်းဟောက်လိုက်သည်။ သူက ဟိန်းဟောက်ပြီး နဂါးတစ်ကောင်ကဲ့သို့ လက်သီးဖြင့် ထိုးချလိုက်၏။ အားကောင်းသော ဖိအားတစ်ခုကလည်း လုမင်ကို ဖိနှိပ်လာတော့သည်။
လုမင်၏ မျက်နှာအမူအရာက လေးနက်သွားသည်။
ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူ၏ အင်အားက သူ့ထက် များစွာပိုမို အားကောင်း၏။
လုမင်က အစွမ်းကုန်ရင်ဆိုင်ရန် ဟန်ပြင်လိုက်ချိန်တွင် အဖြူရောင်ရုပ်သွင်တစ်ခုက လုမင်၏ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။ သူက ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူ လူငယ်ကို လက်သီးဖြင့် ထိုးချလိုက်၏။
လက်သီးက မကြီးမားသော်လည်း ကြီးစိုးသည့်အငွေ့အသက်ဖြင့် အရာအားလုံးကို ဖျက်ဆီးနိုင်ပုံရပေသည်။
"ဝုန်း"
ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ လူငယ်၏ လက်တစ်ဖက်က ပေါက်ကွဲသွားသည်။ သူ့ခန္ဓာကလည်း မီတာတစ်ထောင်ကျော် လွင့်စဉ်ပြီး မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် လဲကျသွား၏။
"ဝုန်း၊ ဝုန်း"
ယင်းနောက်၊ ထိုရုပ်သွင်က လက်သီးချက်များ ထပ်မံထုတ်ဖော်လိုက်ရာ နာကျင်စွာ အော်ဟစ်ညည်းညူသံနှင့် နဂါးပြစ်ဒဏ်ခတ်နန်းတော်မှ ကျွမ်းကျင်သူများကို လွင့်စဉ်သွားစေတော့သည်။
"တိမ်နဂါးတောင်ကြားမှာ ဘယ်သူ ရိုင်းရိုင်းစိုင်းစိုင်း လုပ်ဝံ့ဦးမလဲ ငါသိချင်တယ်"
ချိုသာသော်လည်း ပြတ်သားသော စကားသံကို ကြားလိုက်ကြရသည်။
"အဋ္ဌမမြောက် ဆရာတူအစ်မ"
လုမင် အံ့အားသင့်သွားသည်။
ရုတ်တရက် ထွက်ပေါ်လာပြီး၊ ကြီးစိုးသောအင်အားဖြင့် နဂါးပြစ်ဒဏ်ခတ်နန်းတော်မှ ကျွမ်းကျင်သူများကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သူမှာ ဆရာတူအစ်မ ရွယ်နင်ရှင်း ဖြစ်၏။
သူမက နှင်းနဂါးတစ်ကောင်လည်း ဖြစ်ချေတော့သည်။
"ဆရာတူမောင်လေး နင်အဆင်ပြေရဲ့လား"
ရွယ်နင်ရှင်းက စိုးရိမ်ပူပန်သော လေသံဖြင့် မေးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး"
လုမင် ခေါင်းယမ်းလိုက်လေသည်။
"မင်း... မင်းဘာလုပ်တာလဲ။ နဂါးပြစ်ဒဏ်ခတ်နန်းတော်ကလူတွေကို ထိခိုက်စေဝံ့တယ်။ မင်း အတင့်ရဲလှ..."
ရင်ဖုန်းက ရွယ်နင်ရှင်းကို လက်ညှိုးထိုးပြပြီး ပြစ်တင်ပြောဆိုလိုက်သည်။
"ပါးစပ်ပိတ်ထား"
ရွယ်နင်ရှင်း၏မျက်နှာက အေးစက်သွားပြီး ဒေါသတကြီး အော်ဟစ်ပြောဆိုလိုက်၏။
"နင်တို့ကများ တိမ်နဂါးတောင်ကြားကို ကျူးကျော်ပြီး ငါ့ရဲ့ ဆရာတူမောင်လေးကို ထိခိုက်စေဝံ့တယ်။ နောက်ထပ် ခြေတစ်လှမ်းတိုးဝံ့ရင် ဒဏ်ရာရရုံနဲ့မရပ်တော့ဘူး၊ နင်တို့ရဲ့ခေါင်းတွေကို ဖရဲသီးခွဲနည်း ခွဲပစ်လိုက်မယ်"
ရွယ်နင်ရှင်း၏ ခန္ဓာကိုယ်မှ အေးစက်စက် သတ်ဖြတ်ချင်သော စိတ်ဆန္ဒတို့ ဖြာထွက်လာတော့သည်။
လူအများလည်း တံတွေးကို တိတ်တဆိတ်မြိုချလိုက်မိသည်။
သူတို့ ရှေ့ကို နောက်တစ်လှမ်းတက်ပါက သူတို့၏ ခေါင်းများကို အပိုင်းပိုင်း ခွဲလိုက်မည် ။
ယင်းက အထိန်းအကွပ်မဲ့ပြီး ကြီးစိုးခြင်း၏ သရုပ်သကန်ပင်။
လုမင်လည်း သူ့နှာခေါင်းကို ပွတ်လိုက်မိသည်။ သူ၏ ဆရာတူအစ်မကို ဤမျှ လွှမ်းမိုးပြီး ကြမ်းတမ်းမည်ဟု မထင်ထားခဲ့ပေ။ ရုတ်တရက်၊ သူ့ကိုယ်သူ ကြင်နာတတ်လွန်းသူဟု ခံစားလိုက်ရသည်။
"ရွယ်နင်ရှင်း၊ နဂါးပြစ်ဒဏ်ခတ်နန်းတော်က ကိုယ့်အလုပ်ကို လုပ်နေတာနော်။ နင့်ရဲ့ ဆရာတူမောင်က ဂိုဏ်းတူတပည့်အချင်းချင်းသတ်တဲ့ ကြီးလေးတဲ့ပြစ်မှုကို ကျူးလွန်ခဲ့တာ၊ အခု သက်သေတွေကလည်း ထင်ရှားနေပြီ။ ဒါကြောင့် သူ့ကို အပြစ်ပေးဖို့အတွက် နဂါးပြစ်ဒဏ်ခတ်နန်းတော်ဆီ ခေါ်သွားရမယ်"
ရင်ဖုန်း၏ အနားတွင်ရပ်နေသော နဂါးပြစ်ဒဏ်ခတ်နန်းတော်မှ လူငယ်တစ်ဦးက ပြောလိုက်သည်။ သူ့ထံမှ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာ၏
သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်။