← Chapters

အခန်း ၁၄၉၂

Vol. 100 Ch. 1492

အခန်း ၁၄၉၂

Vol. 100 Ch. 1492

အပိုင်း ( 1492 ) ရတနာများ လဲလှယ်ခြင်း။

"တောက်ပသောသူတော်စင်ရတနာက ထည့်ဝင်မှတ်တစ်သန်းတန်တယ်။ အုပ်ချုပ်သူ ဝိညာဉ်လက်နက်ငါးခုကတော့ ထည့်ဝင်မှတ်ငါးသောင်းရလိမ့်မယ်။ စုစုပေါင်း ထည့်ဝင်မှတ် တစ်သန်းနဲ့ ငါးသောင်းရှိတယ်။ ကောင်စုတ်လေး... ငါ့ကို မင်းရဲ့ အထောက်အထား တံဆိပ်ပြား ပေးပါ"

အဘိုးအိုက ပြောလိုက်သည်။

လုမင်လည်း အဘိုးအိုကို သူ၏ အထောက်အထား တံဆိပ်ပြား ပေးလိုက်လေသည်။ နောက်အခိုက်တွင်၊ လုမင်၏ အထောက်အထား တံဆိပ်ပြားပေါ်၌ ထည့်ဝင်မှတ် တစ်သန်းငါးသောင်း ပေါ်လာခဲ့သည်။ ယခင် ထည့်ဝင်မှတ်ငါးသောင်းနှင့်အတူ စုစုပေါင်း ထည့်ဝင်မှတ် တစ်သန်းနှင့်တစ်သိန်း ရရှိခဲ့ပေသည်။

"ကောင်လေး၊ မင်း ဘယ်ရတနာကို လဲလှယ်ချင်လဲ"

အဘိုးအိုက မေးလိုက်သည်။

"အကြီးအကဲ၊ ဒီမှာ လက်အိတ်အမျိုးအစား သူတော်စင်ရတနာတွေရှိလား"

လုမင် မေးလိုက်၏။

သူဟာ အနီးကပ်တိုက်ပွဲအတွက် အဓိကထားရန် လက်အိတ်အမျိုးအစား သူတော်စင်ရတနာကို အမြဲဝယ်လိုခဲ့သည်။

"ငါတို့ နဂါးနတ်ဘုရားတောင်ကြားရဲ့ သွေးမျိုးဆက် အနေအထားကြောင့် လက်သီး၊ လက်ဖဝါးနဲ့ လက်ချောင်းကို လေ့ကျင့်သူတွေများတဲ့အတွက် လက်အိတ်အမျိုးအစား ရတနာတွေက အတော်လိုအပ်တယ်။ အဲဒါကြောင့် လက်အိတ်အမျိုးအစား သူတော်စင်ရတနာက လောလောဆယ်တော့ နဂါးရတနာခန်းမမှာ မရှိသေးဘူး"

"နောက်ပြီးတော့ လက်အိတ်အမျိုးအစား သူတော်စင်ရတနာတွေက ပိုရှုပ်ထွေးပြီး သန့်စင်ရ ခက်ခဲတယ်။ အဲဒါကြောင့် အဲဒါတွေက သာမန်သူတော်စင်ရတနာတွေထက် နှစ်ဆ၊ သုံးဆလောက် ပိုစျေးကြီးတယ်"

အဘိုးအိုက ခေါင်းယမ်းပြီး ရှင်းပြလိုက်လေသည်။

"ဒီလောက်ဈေးကြီးတာလား"

လုမင် မချိပြုံး ပြုံးလိုက်သည်။

လက်အိတ်အမျိုးအစား သူတော်စင်ရတနာများက သာမန် သူတော်စင်ရတနာများထက် နှစ်ဆမှ သုံးဆအထိ ဈေးကြီးနေသည်။ နဂါးရတနာခန်းမတွင် တစ်ခုရှိနေလျှင်ပင် လုမင် တတ်နိုင်ဦးမှာ မဟုတ်ပါ။

လုမင် ခေါင်းခါယမ်းလိုက်သည်။ အနာဂတ်တွင် လက်အိတ်အမျိုးအစား သူတော်စင်ရတနာများကို ရရှိရန် နည်းလမ်း စဉ်းစားရဦးမည်။ ယခုတော့ အခြားရတနာများနှင့် လဲလှယ်လိုက်တာ ပိုကောင်းသည်။

လုမင် ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။

"အကြီးအကဲ၊ ကျွန်တော် ဝိညာဉ်ရတနာတချို့ကို လဲလှယ်ချင်ပါတယ်။ ခရမ်းရောင် မီးကျောက်၊ နဂါးငါးကြင်း၊ မီးဝိညာဥ်အမြစ်..."

လုမင်က နိဗ္ဗာနဆေးလုံးကို သန့်စင်ရန် လိုအပ်သော အဓိက ပစ္စည်းခုနစ်ခုကို အဘိုးအိုအား ပြောပြခဲ့သည်။

ဤသည်မှာ ယွမ်လုတိုက်ကြီး ဖြစ်၏။ ထိုပစ္စည်းများကို စုဆောင်းပြီး ရှမ်းဟွမ်တိုက်ကြီးသို့ ပြန်ရောက်သောအခါ နိဗ္ဗာန ဆေးလုံးများကို ဖော်စပ်ပေးနိုင်ပေလိမ့်မည်။

"ကောင်လေး၊ မင်း နိဗ္ဗာနဆေးလုံးကို ဖော်စပ်ဖို့ ကြိုးစားနေတာလား"

အဘိုးအိုက မေးလိုက်သည်။

လုမင် အံ့သြသွား၏။ ဤအဘိုးကြီးသည်လည်း နိဗ္ဗာနဆေးလုံးကို သိသည်။ ထို့အပြင် လုမင်က အဓိက ပါဝင်ပစ္စည်း ခုနစ်မျိုးကိုသာ ပြောပြရသေးသည်။ သူ့တွင်လည်း နိဗ္ဗာနဆေးဖော်စပ်နည်း ရှိနေပါသလော။

"မင်းဆန္ဒရှိရင် နိဗ္ဗာနဆေးလုံးတွေကို တိုက်ရိုက် လဲလှယ်လို့ရပါတယ်"

အဘိုးကြီးက ဆက်ပြောလိုက်သည်။

"နိဗ္ဗာနဆေးလုံးကို တိုက်ရိုက် လဲလှယ်နိုင်တာလား၊ ဒီမှာ နိဗ္ဗာနဆေးလုံးတွေရှိတာလား"

လုမင် ထပ်မေးလိုက်သည်။

"ဟားဟားဟား၊ ဟုတ်ပါတယ်။ တကယ်တော့ နိဗ္ဗာနဆေးလုံးက အဖိုးတန်ဆေးလုံး မဟုတ်ဘူးလေ။ ယွမ်လုတိုက်ကြီးမှာရှိတဲ့ ဂိုဏ်းတိုင်းလိုလိုမှာ ရှိကြတယ်။ မျိုးနွယ်စုငယ်တွေနဲ့ အင်အားစုလေးတွေတောင်မှ အဲဒါကို မျိုးဆက်သစ်လူငယ်တွေရဲ့ သွေးမျိုးဆက်အဆင့်ကို မြှင့်တင်ဖို့ အသုံးပြုကြတယ်"

အဘိုးအိုက ရယ်ရယ်မောမော ပြောလိုက်သည်။

လုမင် ဘာပြောရမည်မှန်းမသိတော့ပေ။ သူ ရတနာအဖြစ် မှတ်ယူထားသည့် နိဗ္ဗာနဆေးလုံးက ယွမ်လုတွင် အများသုံးပစ္စည်းတစ်ခုသာ ဖြစ်နေသည်။

သို့သော်လည်း တွေးကြည့်ပါက နားလည်နိုင်ပေသည်။ ယွမ်လုတွင် ပါရမီရှင်များ မရေမတွက်နိုင်အောင် ရှိသည်။ နဂါးနတ်ဘုရားတောင်ကြားကဲ့သို့ အင်အားစုကြီးတစ်ခုအတွက်တော့ တပည့်စုဆောင်းခြင်းအတွက် အနိမ့်ဆုံးလိုအပ်ချက်မှာ နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ကို နိုးထလာစေရန် ဖြစ်၏။ နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ကို နိုးထနိုင်လျှင်ပင် အများစုက နဂါးနတ်ဘုရားတောင်ကြားကဲ့သို့ အင်အားစုကြီးတစ်ခုကို မဝင်ရောက်နိုင်ပေ။

ထို့ကြောင့်ပင် နိဗ္ဗာနဆေးလုံးက နဂါးနတ်ဘုရားတောင်ကြားတွင် ရှားပါးသော ဆေးလုံးမဟုတ်ကြောင်း သိနိုင်သည်။

လုမင်လည်း သူရှိခဲ့သော ထိုဆေးညွှန်းမှာ ယွမ်လုမှ ကျွမ်းကျင်သူတစ်ဦး ယူဆောင်လာခဲ့ခြင်းဖြစ်မည်ဟု ခန့်မှန်းမိခဲ့သည်။

သို့ရာတွင်၊ ယင်းက ယွမ်လုတိုက်ကြီးတွင် ပေါများသော်လည်း ရှန်းရွှီတိုက်အဖွဲ့အစည်းမှာတော့ အဖိုးမဖြတ်နိုင်ပေ။

"အကြီးအကဲ၊ ဒါဆို နိဗ္ဗာနဆေးလုံးတွေနဲ့ တိုက်ရိုက်လဲလှယ်မယ်ဆိုရင် ထည့်ဝင်မှတ် ဘယ်လောက်ကျမလဲ သိချင်ပါတယ်"

လုမင် မေးလိုက်သည်။

"ဆေးတစ်လုံးကို အလယ်လတ်တန်းစား ကျောက်ကြမ်းတစ်သောင်းနဲ့ ထည့်ဝင်မှတ်ဆိုရင် တစ်ရာကျသင့်တယ်"

အဘိုးအိုက ပြောလိုက်သည်။

"ဈေးသက်သာလိုက်တာ"

လုမင် အံ့ဩသွားပြီးနောက် စိတ်ထဲမှ ခါးသက်သက်ဖြင့် ပြုံးလိုက်လေသည်။

ရှန်းရွှီတိုက်အဖွဲ့အစည်းတစ်ခုလုံးကို ရူးသွပ်သွားစေနိုင်သော နိဗ္ဗာနဆေးလုံးက ဤနေရာမှာ အမှန်တကယ် ဈေးပေါနေသည်။

"အကြီးအကဲ၊ ကျွန်တော် ဆေးလုံးတစ်ထောင် လဲလှယ်ချင်ပါတယ်။ ခင်ဗျားမှာ ရှိရဲ့လား"

လုမင် မေးလိုက်သည်။

အကယ်၍ ဤဆေးလုံးတစ်ထောင်ကို ရှမ်းဟွမ်တိုက်ကြီးသို့ ယူဆောင်ခဲ့ပါက၊ နဂါးမဟာမိတ်တွင် ပါရမီရှင်များ မည်မျှ ထွက်ပေါ်လာမည်နည်း။

"ရှိပါတယ်၊ ဒီမှာ အများကြီးရှိတယ်"

အဘိုးအိုက ပြုံးပြီး သိုလှောင်လက်စွပ်တစ်ကွင်းကိုထုတ်ကာ လုမင်အား ပေးလိုက်သည်။

လုမင် စိတ်လှုပ်ရှားသွားသည်။ အတွေးတစ်ခုဖြင့် သူ့လက်ထဲတွင် နိဗ္ဗာနဆေးလုံးထည့်ထားသော ကျောက်စိမ်းပုလင်းတစ်ခုလုံး ပေါ်လာခဲ့၏။ အရည်အသွေးကို ကြည့်လိုက်ပါက၊ ယခင် သူသန့်စင်ထားသော ဆေးလုံးထက် များစွာ ပို၍ကောင်းပေသည်။

"ဒီနိဗ္ဗာနဆေးလုံးက သွေးမျိုးဆက်ကို အဆင့်သုံးဆင့်ကနေ လေးဆင့် ဒါမှမဟုတ် အဲဒီထက်ပိုပြီး မြှင့်တင်နိုင်တယ်"

အဘိုးကြီးက ရှင်းပြလိုက်သည်။

လုမင်၏ နှလုံးသားလည်း ပြင်းပြစွာ ပူလောင်လာတော့သည်။

လုမင်လည်း ရှမ်းဟွမ်တိုက်ကြီးသို့ ချက်ခြင်းပြန်ပြေးပြီး ဤနိဗ္ဗာနဆေးလုံးများကို သူ့မိသားစုနှင့် သူငယ်ချင်းများထံ ပေးအပ်နိုင်ရန် အမှန်တကယ် တွေးလိုက်မိလေသည်။

တချိန်တည်းမှာပင် လုမင် မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။ ရှမ်းဟွမ်တိုက်ကြီး၏ ကျင့်ကြံခြင်း ပတ်ဝန်းကျင်က ယွမ်လုနှင့် ဝေးကွာလွန်းပေသည်။

ရှမ်းဟွမ်တိုက်ကြီးတွင် မြင့်မြတ်သော ရတနာက ယွမ်လုမှာတော့ သာမာန်ကုန်စည်တစ်ခုမျှသာ ဖြစ်နိုင်ချေ ရှိသည်။

နိဗ္ဗာနဆေးလုံးများကို လက်ခံပြီးနောက် သူ၏ အထောက်အထားတံဆိပ်ပြား၌ ထည့်ဝင်မှတ်တစ်သိန်း လျော့ကျသွားသည်။

"အကြီးအကဲ၊ ကျွန်တော် ဝိညာဉ်အရည် ကီလိုငါးဆယ် လဲလှယ်ချင်ပါတယ်"

လုမင် ခဏစဉ်းစားပြီးနောက် ကျန်သော ထည့်ဝင်မှတ်အားလုံးကို ဝိညာဉ်အရည်နှင့် လဲလှယ်ရန် ဆုံးဖြတ်လိုက်သည်။

မူလက သူသည် ဟင်းလင်းပြင်လွန်းပျံတစ်ခုနှင့် လဲလှယ်ချင်သော်လည်း ဈေးမေးပြီးနောက် သွေးတိုးချင်သွားသည်။ သူ လုံးဝ မတတ်နိုင်‌ပေ။ ထို့ကြောင့် အားလုံးကို ဝိညာဉ်အရည်နှင့် လဲလှယ်ပြီး ရှေးဟောင်းဉာဏ်အလင်းသစ်ပင် ကြီးထွားနှုန်းကို မြှင့်တင်ရန်သာ တတ်နိုင်ခဲ့သည်။

ထို့အပြင် မရဏနယ်မြေသို့ ဝင်ရောက်သွားမိစဉ်က ဦးချိုရှည် တိုက်တန်နွားချေးပိုးကောင်ကို ရှေးဟောင်းဉာဏ်အလင်းသစ်ပင်အောက်တွင် ထိုက်နေသည်အား သူတွေ့ခဲ့ရသည်။ ယင်းက လုမင်အား ရှေးဟောင်းဉာဏ်အလင်းသစ်ပင်အပေါ် လေးလေးနက်နက် စွဲလမ်းစေခဲ့ပေသည်။

ထိုရှေးဟောင်းဉာဏ်အလင်းသစ်ပင်က ကောင်းကင်ထက်မြင့်မားပြီး နေကို ဖုံးအုပ်ထားသည်။ သစ်ပင်အကိုင်းအခက်များမှာလည်း မဟာတာအိုက လှုပ်ရှားနေ၏။ အကယ်၍ လူတစ်ဦးသည်သာ ထိုနေရာတွင် တာအိုကို နားလည်ဆင်ခြင်ပါက အကျိုးသက်ရောက်မှုများမှာ သေချာပေါက် အံ့မခန်း ဖြစ်လိမ့်မည်။

ယင်းက တကယ့် ရှေးဟောင်းဉာဏ်အလင်းသစ်ပင် ဖြစ်သည်။ လုမင်၏ ရှေးဟောင်း ဉာဏ်အလင်းသစ်ပင်က နှိုင်းယှဉ်စရာ‌ပင် မရှိပေ။

လုမင်လည်း သူ၏ ရှေးဟောင်းဉာဏ်အလင်းသစ်ပင်ကို အတိုင်းအတာတစ်ခုအထိ ပြုစုပျိုးထောင်နိုင်သည့်နေ့အား မျှော်လင့်နေမိသည်။

"မင်း ဝိညာဉ်အရည်တွေကို ဒီလောက် အများကြီး လဲလှယ်ချင်တာလား"

အဘိုးကြီး အနည်းငယ် အံ့သြသွားသည်။

"ဘာဖြစ်လို့လဲ၊ မရှိဘူးလား"

လုမင် မေးလိုက်၏။

"ရှိပါတယ်၊ ငါနည်းနည်း အံ့သြသွားလို့။ ခဏလောက်စောင့်ပါ"

အဘိုးအိုလည်း ကောင်တာမှ ထွက်သွားပြီး မကြာမီ ပြန်လာခဲ့လေသည်။ ထို့နောက် လုမင်ကို သိုလှောင်လက်စွပ်တစ်ကွင်း ပေးလိုက်သည်။ အထဲတွင် ကီလိုငါးဆယ်အထိထည့်ထားသော ပုလင်းကြီးဆယ်လုံး ရှိ၏။

လုမင် လက်ခံလိုက်ပြီးနောက် သူ၏ အထောက်အထား တံဆိပ်ပြားပေါ်ရှိ ထည့်ဝင်မှတ်များမှာ သုည ဖြစ်သွားတော့သည်။

လုမင် ခါးသက်သက်ဖြင့် ပြုံးလိုက်သည်။ သူ အမှန်တကယ် ဆင်းရဲသွားချေပြီ။

လိုအပ်သော ရတနာများကို လဲလှယ်ပြီးနောက် လုမင်လည်း တိမ်နဂါးတောင်ကြားသို့ ပြန်လာခဲ့သည်။

သူ့ကိုယ်ပိုင် ဂူအိမ်တော်သို့ ပြန်ရောက်ပြီးနောက် တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ဝင်ရောက်သွား၏။

တောင်ထိပ်တစ်ခုတွင်၊ ရှေးဟောင်းဉာဏ်အလင်းသစ်ပင်က ကောင်းကင်တာအို အငွေ့အသက်များကို ထုတ်လွှတ်ပြီး ရှိနေသည်။ နို့ဖြူရောင် အလင်းများနှင့် ပူဖောင်းလေးက ရှေးဟောင်းဉာဏ်အလင်းသစ်ပင်အောက်တွင် လဲလျောင်းနေ၏။ သူ့ပတ်ဝန်းကျင်မှ လေဟာပြင်ကတော့ ရေကဲ့သို့ လှိုင်း‌ထနေခဲ့ပေသည်။

တိုက်တန်နွားချေးပိုးထံမှ အချိန်နှင့်ဟင်းလင်းပြင်ကျောက်ကို ရရှိပြီးနောက် ပူဖောင်းလေး၏ ကျင့်ကြံခြင်းမှာ သိသိသာသာ တိုးတက်လာခဲ့သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်ကပင် သူက တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ချိုးဖြတ်သွားခဲ့၏။ ယခုလည်း စတုတ္ထအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ရန် ကြိုးစားနေသည်။

ရှေးဟောင်းဉာဏ်အလင်းသစ်ပင်ကိုကြည့်ရင်း လုမင် တစ်ချက် ပြုံးလိုက်သည်။

ဤကာလအတွင်း၌ ရှေးဟောင်းဉာဏ်အလင်းသစ်ပင်ဟာ အလွန်ကြီးထွားလာခဲ့သည်။ ယင်းက အကိုင်းအခက်နှစ်ခု ပေါက်နေပြီဖြစ်ပြီး အစိမ်းရောင်သစ်ရွက် တစ်ဒါဇင်ကျော်ပင် ရှိနေပြီ။ တိုက်တန်နွားချေးပိုးကောင်၏ ရှေးဟောင်းဉာဏ်အလင်းသစ်ပင်နှင့် နှိုင်းယှဉ်၍ မရသော်လည်း ယွမ်လုသို့ ရောက်ရှိလာချိန်နှင့် နှိုင်းယှဉ်ပါက အဆများစွာ ကြီးထွားလာခဲ့ပြီ ဖြစ်သည်။

လုမင်လည်း ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူပြီး ဝိညာဉ်အရည် ငါးကီလိုဂရမ်ကို ရှေးဟောင်းဉာဏ်အလင်းသစ်ပင်၏ အမြစ်များပေါ်သို့ လောင်းချလိုက်သည်။

ယင်းနောက် တောင်နှင့်မြစ်ပန်းချီကားအတွင်းမှ လုမင် ပြန်ထွက်ခဲ့၏။

တောင်နှင့်မြစ်ပန်းချီကားအတွင်းမှ ထွက်လာပြီးနောက် လုမင်က လိုဏ်ဂူမှထွက်ကာ တိမ်နဂါးတောင်ကြားထဲသို့ ပိုမိုနက်ရှိုင်းစွာ ဦးတည်သွားခဲ့သည်။

ဤတစ်ကြိမ်တွင် လုမင်၏ရည်မှန်းချက်က တိမ်နဂါးတောင်ကြားသခင်၏ ကျင့်ကြံခြင်း အတွေ့အကြုံများရှိသော တိမ်နဂါးတောင်ကြားသခင်၏ စာကြည့်ဆောင်ကိုပင်။

မကြာမီ၊ တိမ်နဂါးတောင်ကြားသခင်၏ စာကြည့်ဆောင်သို့ လုမင် ရောက်လာခဲ့သည်။

စာကြည့်ဆောင်တွင် စာအုပ်များစွာ ရှိ၏။ လုမင်လည်း အရေးကြီးသော စာအုပ်အချို့ကို ရွေးချယ်ပြီး စတင်ဖတ်ရှုလိုက်တော့သည်။

All Chapters