← Chapters

အခန်း ၁၄၉၃

Vol. 100 Ch. 1493

အခန်း ၁၄၉၃

Vol. 100 Ch. 1493

အပိုင်း ( 1493 ) တုန်ထျန်းစင်မြင့်။

​

နောက်​ဆယ်​ရက်​​လောက်​အထိ လုမင်ဟာ တိမ်နဂါးတောင်ကြားသခင် ၏ ‌စာ‌ကြည့်ဆောင်တွင် နေခဲ့သည်။ သူဟာ တိမ်နဂါးတောင်ကြားသခင် ချန်ထားခဲ့သော ကျင့်ကြံခြင်းမှတ်တမ်းများကို ဂရုတစိုက် ဖတ်ရှူနေခဲ့၏။

ထို့နောက် သူ၏ဂူအိမ်သို့ လုမင် ပြန်လာခဲ့လေသည်။

လုမင်၏ ဦးခေါင်းထက်တွင် ကောင်းကင်တာအိုကျောက်တစ်ခု ရှိနေသည်။ လုမင်လည်း စိတ်နှစ်ပြီး နားလည်ဆင်ခြင်နေခဲ့၏။

သိုင်းပညာတွင် ဉာဏ်အလင်းရလာသည်နှင့်အမျှ ကောင်းကင်တာအိုကျောက်ကလည်း တဖြည်းဖြည်း ကျုံ့လာပြီး ပျောက်ကွယ်သွားလိမ့်မည်။

ရက်အနည်းငယ်အကြာတွင် ထိုကောင်းကင်တာအိုကျောက် ပျောက်ကွယ်သွား၍ နောက်တစ်ခုကို ထပ်မံထုတ်ယူလိုက်ရသည်။

ဤသို့ဖြင့် လုမင်ဟာ ကျင့်ကြံခြင်းတွင် နှစ်မြှုပ်ခဲ့ပေသည်။

ဟုတ်သည်၊ သူက ကစဉ့်ကလျားတာအိုနယ်မြေတစ်ခုတည်းကို နားလည်ဆင်ခြင်ခြင်းတော့ မဟုတ်ပေ။

နေ့စဉ်နှင့်အမျှ နတ်ဘုရားဓားကျင့်စဉ်ကို အချိန်အနည်းငယ်ပေးကာ လေ့ကျင့်သည်။

နတ်ဘုရားဓားကျင့်စဉ်က လူတစ်ဦး၏ စိတ်ဝိညာဉ်ကို အားကောင်းစေပြီး ဝိညာဉ်တိုက်ခိုက်မှုများကို ပို၍ စွမ်းအားကြီးလာစေနိုင်သည်။ ဤကျင့်စဉ်ကို လုမင် မေ့လျော့နေမည် မဟုတ်ပေ။ ယင်းကို မြင့်မားသောအဆင့်အထိ လေ့ကျင့်ခဲ့မည်ဆိုပါက လုမင်အတွက် များစွာအထောက်အကူဖြစ်လိမ့်မည်။

ထို့အပြင်၊ လုမင်က အစွန်းရောက်လှံ ဆယ့်သုံးချက်နှင့် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်တို့ကို လျစ်လျူမရှုခဲ့ပေ။ နေ့စဉ် အချိန်ပေး၍ လေ့ကျင့်ခဲ့သည်။

အချိန်များ လျင်စွာ ကုန်လွန်သွားခဲ့ပြီ။ မျက်စိတစ်မှိတ်အတွင်း သုံးလကြာသွားသည်။

ထိုနေ့တွင် လုမင်က လေ့ကျင့်ခြင်းကို ရပ်လိုက်သည်။

"ကစဉ့်ကလျားတာအိုနယ်မြေကို လေ့ကျင့်တာက တကယ်ခက်တာပဲ။ တိုးတက်မှုနှုန်းက နှေးလွန်းတယ်"

လုမင် ရေရွတ်လိုက်သည်။

သူသည် ကောင်းကင်တာအိုကျောက်များဖြင့် သုံးလကြာ လေ့ကျင့်ခဲ့သော်လည်း ကစဉ့်ကလျားတာအိုနယ်မြေမှာတော့ စတုတ္ထအဆင့်ကို မဆိုထားဘိ၊ တတိယအဆင့်၏ အထွတ်အထိပ်သို့ပင် မရောက်သေးပေ။

ဤအတောအတွင်း၌ သူဟာ ကောင်းကင်တာအိုကျောက်များ၏ အကူအညီကို ရယူခဲ့သေးကြောင်း သိထားကြရမည် ဖြစ်သည်။ ကောင်းကင်တာအိုကျောက်က အလွန်တန်ဖိုးကြီးပြီး သူတော်စင်နယ်ပယ် ကဝိများပင် လိုချင်ကြ၏။ ယင်းက သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူတိုင်း အသုံးပြုနိုင်သော ရတနာမဟုတ်ပေ။ ထိပ်တန်း အင်အားစုကြီးများ၏ ထိပ်သီးတပည့်အချို့သာ အသုံးပြုနိုင်သည်။

သို့တိုင်၊ သူတို့အားလုံး လုမင်ကဲ့သို့ ကောင်းကင်တာအိုကျောက်များနှင့် တချိန်လုံး မလေ့ကျင့်နိုင်ပေ။

ယခုတော့ သူ့မှာ သုံးလအတွင်း ကောင်းကင်တာအိုကျောက် သုံးဆယ်နီးပါးကို အသုံးပြုခဲ့ပြီးဖြစ်သော်လည်း ကစဉ့်ကလျားတာအိုနယ်မြေမှာတော့ တတိယအဆင့်၏ အထွတ်အထိပ်သို့ပင် မရောက်သေးပါ။ ထိုမှ ကစဉ့်ကလျားတာအိုနယ်မြေမှာ လေ့ကျင့်ရန် မည်မျှခက်ခဲကြောင်း ဖော်ပြနေခဲ့သည်။

ထို့အပြင် ကစဉ့်ကလျားတာအိုနယ်မြေအဆင့် မြင့်မားလာသည်နှင့်အမျှ လေ့ကျင့်ရန်အခက်အခဲများမှာလည်း ဆက်လက်တိုးလလိမ့်မည်။

ယခင်က တိုးတက်မှုမြန်ဆန်နိုင်ခဲ့ခြင်းမှာ အုပ်ချုပ်သူ တာအိုနယ်မြေ သစ်သီးသုံးလုံးကို သန့်စင်ပြီး တိုက်တန်နွားချေးပိုးနှင့် မျက်လုံးသုံးလုံးသတ္တဝါတို့ကြား တိုက်ပွဲအား ကြည့်ရှုခဲ့ရခြင်းကြောင့် ဖြစ်သည်။ ယခုတော့ ပုံမှန်အတိုင်း လေ့ကျင့်နေရပြီဖြစ်ရာ သူ၏တိုးတက်မှုမှာ သဘာဝအတိုင်း နှေးကွေးသွားတော့သည်။

သို့သော်လည်း ကစဉ့်ကလျားတာအိုနယ်မြေမှတပါး အခြားကဏ္ဍများတွင် သူ၏တိုးတက်မှုက အလွန်လျင်မြန်ခဲ့သည်။

လုမင်ဟာ အစွန်းရောက်လှံ ဆယ့်သုံးချက်ကို ပဉ္စမအဆင့်အထိ လေ့ကျင့်နိုင်ခဲ့သည်။ လှံတစ်ချက်ထုတ်ဖော်လိုက်တိုင်း စွမ်းအားအလွှာ ဆယ့်သုံးခုက တပြိုင်နက်တည်း ပေါက်ကွဲထွက်လာမည် ဖြစ်၏။ ထိုစွမ်းအားက တကယ်ကို အံ့မခန်း ဖြစ်သည်။ ယခုအခါ ယင်းက ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်မှတပါး လုမင်၏ အသန်မာဆုံး တိုက်ကွက်တစ်ခု ဖြစ်လာခဲ့ချေပြီ။

အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးပြုခဲ့စဉ်ကထက် ပို၍ အားကောင်းသည်။

ယင်းက လုမင်အတွက် တိုက်ခိုက်ရေးနည်းလမ်းများ ပို၍ ကြွယ်ဝစေခဲ့ပေသည်။

ကစဉ့်ကလျားမှောက်လှန်‌ ကောင်းကင်တံဆိပ်တော်မှာတော့ တတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ယင်းက ပိုအားကောင်းလာသည့်အပြင် လုမင်လည်း ပို၍ ချောမွေ့စွာ အသုံးပြု‌နိုင်ချေပြီ။

နတ်ဘုရားဓားလျှို့ဝှက်ကျင့်စဉ်ကတော့ တိုးတက်မှု အမြန်ဆုံး ဖြစ်သည်။

နဂိုကတည်းက လုမင်၏ နတ်ဘုရားဝိညာဉ်ကို ကမ္ဘာသန့်စင်ခြင်း ကပ်ဘေးခေါင်းလောင်းက သန့်စင်ပြီးပြီ။ ၏ နတ်ဘုရားဝိညာဉ်မှာ သာမန်လူတစ်ယောက်၏ နတ်ဘုရားဝိညာဉ်ထက် အဆပေါင်း ရာချီ ပို၍ အားကောင်းသည်။ ထိုအတွက် စိတ်ဝိညာဉ်တိုက်ခိုက်ခြင်းကို လေ့ကျင့်ရန်မှာ သူ့အတွက် ရိုးရှင်းလွန်းပေသည်။

ဤကာလအတွင်း၌ လေ့ကျင့်ပြီးနောက်၊ လုမင်၏ စိတ်ဝိညာဉ်စွမ်းအားက ပိုမိုအားကောင်းလာသည့်အပြင် နတ်ဘုရားဓားပညာ၏ တိုက်ခိုက်မှုစွမ်းရည်မှာလည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ၎င်း၏စွမ်းအားက တကယ်ကို အံ့မခန်း ဖြစ်ခဲ့ပေသည်။

လုမင်လည်း ဤတိုးတက်မှုများအတွက် အလွန်ကျေနပ်မိသည်။ သို့သော် ကစဉ့်ကလျားတာအိုနယ်မြေ၏ နှေးတိနှေးကွေး တိုးတက်မှုက သူ့ကို စိတ်ပျက်စေခဲ့ပေသည်။

"ဒီအတိုင်း လေ့ကျင့်နေလို့်ရတော့ဘူး။ အရှိန်မြှင့်ရမယ်။ ဒါနဲ့ နဂါးနတ်ဘုရားတောင်ကြားရဲ့ တုန်ထျန်းစင်မြင့်က ကောင်းကင်တာအိုကို နားလည်ဆင်ခြင်ပြီး ကစဉ့်ကလျားတာအိုနယ်မြေ လေ့ကျင့်ဖို့တောင် ကူညီပေးနိုင်တယ်လို့ ကြားတယ်။ သွားကြည့်ရအောင်"

လုမင်လည်း တိတ်တဆိတ် လေ့ကျင့်နေခြင်းကို ရပ်တန့်ပြီး တုန်ထျန်းစင်မြင့်သို့သွားရန် စီစဉ်လိုက်သည်။

"နဂါးနတ်ဘုရားတောင်ကြားကဲ့သို့ ဂိုဏ်းကြီးတစ်ခုတွင် လူများ လေ့ကျင့်ရာမှာ ကူညီပေးနိုင်သော အံ့ဖွယ်နေရာများစွာ သဘာဝအတိုင်း ရှိသည်။

တုန်ထျန်းစင်မြင့်ကတော့ နဂါးနတ်ဘုရားတောင်ကြားတွင် အလွန်ကျော်ကြားသော ကျင့်ကြံခြင်းအတွက် မြင့်မြတ်မြေတစ်ခု ဖြစ်ချေသည်။

နဂါးနတ်ဘုရားတောင်ကြားမှ တပည့်များ လေ့ကျင့်လိုပါက ကျောက်ကြမ်းများ ပေးဆောင်လိုက်ရုံသာ ဖြစ်သည်။

လုမင်လည်း တိမ်နဂါးတောင်ကြားမှ ထွက်ခွာပြီး နှင်းတောင်တန်းကြီး၏ အနက်ရှိုင်းဆုံးဆီသို့ ပျံသန်းသွားခဲ့လေသည်။

မကြာမီ၊ တောင်ကြားတစ်ခုရှေ့ကို လုမင် ရောက်လာခဲ့သည်။

တုန်ထျန်းစင်မြင့်က ကြီးမားသော နှင်းတောင်တချို့၏ အလယ်တွင် ရှိ‌ပေသည်။ ဧရာမ နှင်းတောင်နှစ်ခုက တောင်ကြားလမ်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။ အကယ်၍ လူတစ်ယောက်က တုန်ထျန်းစင်မြင့်ကို ဝင်လိုခဲ့သော် ဤတောင်ကြားလမ်းကို ဦးစွာဖြတ်သန်းရလိမ့်မည်။

"ဟေ့၊ ရပ်လိုက်စမ်း"

လမ်းထဲသို့ လုမင် ဝင်ခါနီးတွင် လူငယ်အချို့က ဟန့်တားလိုက်ကြသည်။

"ဒါက ဘာအဓိပ္ပာယ်လဲ"

လုမင် မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

သူသိသလောက်ဆိုလျှင် တုန်ထျန်းစင်မြင့်ရှေ့မှ လမ်းကြောင်းကို စောင့်နေသော တစ်ယောက်မှ မရှိပေ။ လမ်းကြောင်းထဲသို့ ဝင်ပြီးမှသာ ကျောက်ကြမ်းများ ပေးအပ်ရမည် ဖြစ်သည်။

"တုန်ထျန်းစင်မြင့်ကို ငွေနဂါးတောင်ကြားနဲ့ သွေးနဂါးတောင်ကြားက လူတွေ သုံးနေတယ်။ နောက်မှ ပြန်လာခဲ့ချေ"

လူငယ်တစ်ယောက်က လှောင်ပြောင်ပြောဆိုလိုက်သည်။

"ငွေနဂါးတောင်ကြားနှင့် သွေးနဂါးတောင်ကြားက သိမ်းပိုက်ထားတာလား။ တုန်ထျန်းစင်မြင့်က နဂါးနတ်ဘုရားတောင်ကြားရဲ့တပည့်တွေ လေ့ကျင့်ဖို့အတွက် မြင့်မြတ်နယ်မြေတစ်ခုပဲ။ တောင်ကြားခုနစ်ခုစလုံးက တပည့်အားလုံးအတွက် ဖွင့်လှစ်ထားတာ။ နဂါးတောင်ကြားတစ်ခုခုက သိမ်းပိုက်ထားတာမျိုး ငါ တစ်ခါမှ မကြားဖူးဘူး။ ဘေးကိုဖယ်စမ်း"

လုမင် ပြောလိုက်သည်။

"လုမင်၊ မင်း ဘာလုပ်နေတာလဲ။ အခုလောလောဆယ် သိမ်းပိုက်ထားတာကြောင့် သီးသန့်လို့ ပြောနေတယ်"

လူငယ်တစ်ဦးက လုမင်၏ လမ်းကို ပိတ်ဆို့လိုက်သည်။

"မင်း ငါ့ကိုသိတာလား"

လုမင်၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။

လူငယ်များ၏ မျက်နှာများက အေးစက်ပြီး လှောင်ပြောင်သရော်ခြင်း အရိပ်အယောင်များ လှစ်ဟလာခဲ့ကြသည်။

"ဝှစ်၊ ဝှစ်"

ထိုအခိုက်တွင် ရေခဲနဂါးပုံ ပန်းထိုး‌ထားသော နှင်းဖြူရောင် ၀တ်စုံဝတ် လူငယ်နှစ်ဦး ပေါ်လာခဲ့သည်။

သူတို့က ရေခဲနဂါးတောင်ကြားမှ တပည့်များ ဖြစ်၏။

ထိုလူငယ်များက ရေခဲနဂါးတောင်ကြားမှ တပည့်နှစ်ယောက်ကိုတော့ မတားဆီးပေ။ သူတို့က တောင်ကြားလမ်းသို့ တိုက်ရိုက်ဝင်ရောက်ပြီး ပျောက်ကွယ်သွားကြသည်။

လုမင် မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။

"တုန်ထျန်းစင်မြင့်ကို ငွေနဂါးတောင်ကြားနဲ့ သွေးနဂါးတောင်ကြားက သိမ်းထားတယ်လို့ မင်းမပြောခဲ့ဘူးလား။ ရေခဲနဂါးတောင်ကြားက လူတွေ ဘာကြောင့် ဝင်လို့ရတာလဲ"

ထိုလူငယ်များက‌ ဘာမျှမပြောဘဲ လှောင်ပြုံးပြုံးပြီး လုမင်၏ရှေ့တွင်သာ ရပ်နေခဲ့ကြသည်။

လုမင်၏ မျက်လုံးများ အေးစက်သွားသည်။

သူတို့က လုမင်ကို တမင်တကာ ခက်ခဲစေရန် လုပ်နေကြခြင်း ဖြစ်ပေမည်။

ဤလူငယ်များက ငွေနဂါးတောင်ကြား၏ တပည့်များဖြစ်ကြောင်း ထင်ရှားသည်။ လုမင်က ငွေနဂါးတောင်ကြား၏ တောင်ကြားသခင်ရှေ့တွင် ရင်ဖုန်းကို သတ်ခဲ့သောကြောင့် ငွေနဂါးတောင်ကြား၏ ရန်ဘက် ဖြစ်နေပြီ။

သို့ရာတွင်၊ ဤလူများက သူ့ကို တစ်ခါမှ မမြင်ဖူးသည့်တိုင် တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနေကြသည်။ ယင်းက လုမင်ကို အတွေးများစွာဝင်စေခဲ့ပေသည်။

ငွေနဂါးတောင်ကြားသခင်က လုမင်ကို တုန်ထျန်းစင်မြင့်တွင် မလေ့ကျင့်နိုင်စေရန် လူများကို ရည်ရွယ်ချက်ရှိရှိ စေလွှတ်ခဲ့ခြင်း ဖြစ်နိုင်ပါမည်လော။

ထိုသို့တွေးမိတော့ လုမင်၏ မျက်လုံးများက အေးစက်သွားပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

"ဝုန်း ဝုန်း ဝုန်း"

ငွေနဂါးတောင်ကြား၏ လူငယ်သုံးဦးထံမှ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။ သူတို့အားလုံးက စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူများ ဖြစ်ကြသည်။

"ရပ်စမ်း"

လူငယ်တစ်ယောက်က အေးစက်စက်ဖြင့်ပြောရင်း လုမင်ကို ဖိနှိပ်လိုက်သည်။

ထိုအချိန်တွင် လူအနည်းငယ် ထပ်မံရောက်လာကြ၏။ ဤအခြေအနေကို မြင်သောအခါ ရပ်တန့်သွားပြီး စိတ်ဝင်တစား ကြည့်လိုက်ကြသည်။

"အဲဒါက လုမင်ပဲ၊ နောက်ပြီး ငွေနဂါးတောင်ကြားရဲ့ တပည့်တွေ"

"စိတ်ဝင်စားစရာပဲ။ လွန်ခဲ့တဲ့ လအနည်းငယ်က လုမင်ဟာ ငွေနဂါး တောင်ကြားသခင်ရှေ့မှာ ရင်ဖုန်းကို သတ်ဖြတ်ခဲ့ပြီး ငွေနဂါးတောင်ကြားသခင်ကို ဒေါသထွက်စေခဲ့တယ်။ ဒါကြောင့် ငွေနဂါးတောင်ကြားသခင်က ငွေနဂါးတောင်ကြားကို ပြန်ရောက်ပြီးတဲ့နောက်၊ ငွေနဂါးတောင်ကြားရဲ့ တပည့်တွေကို ချက်ချင်းစုစည်းပြီး အနာဂတ်မှာ လုမင်ကိုတွေ့ရင် ဂရုစိုက်ပေးဖို့ မိန့်ခဲ့တာ"

ကြည့်ရှုနေကြသော လူငယ်တချို့က တီးတိုး ပြောဆိုလိုက်ကြသည်။ သို့ရာတွင် သူတို့၏ အသံများက တိုးညှင်းသည့်တိုင် လုမင် ရှင်းရှင်းလင်းလင်း ကြားနိုင်သေးသည်။

လုမင်၏ အကြည့်များက ပို၍ အေးစက်လာခဲ့သည်။

ငွေနဂါးတောင်ကြား၏ တောင်ကြားသခင်အနေဖြင့်၊ သူသည် မြေးဖြစ်သူက ကြီးလေးသောပြစ်မှုကို ကျူးလွန်ခဲ့သည့်တိုင် မဆုံးမဘဲ လုမင်ကိုပင် ပြစ်တင်ခဲ့သေးသည်။ ထို့ကြောင့်ပင် သူ၏မြေးကို လုမင် သတ်ခဲ့ခြင်း ဖြစ်သည်။

ယခုမူ၊ သူက ငွေနဂါးတောင်ကြားမှ တပည့်များကိုပင် လုမင်ကို ကိုင်တွယ်ရန် အမှန်တကယ် လှုံ့ဆော်ပေးခဲ့ပြီ။ သူက တကယ်ကို စက်ဆုပ်ဖွယ်ကောင်းပြီး အရှက်ကင်းမဲ့သူ ဖြစ်သည်။

သူကိုယ်တိုင်ကတော့ တိမ်နဂါးတောင်ကြားသခင်ကို ကြောက်ရွံ့သောကြောင့် မလှုပ်ရှားဝံ့တော့ပေ။ သို့သော်လည်း ငွေနဂါးတောင်ကြား၏ မျိုးဆက်သစ်များကို လှုပ်ရှားစေခဲ့သည်။

All Chapters