← Chapters

အခန်း ၁၄၉၄

Vol. 100 Ch. 1494

အခန်း ၁၄၉၄

Vol. 100 Ch. 1494

အပိုင်း ( 1494 ) တမင်တကာ ပြဿနာရှာခြင်း။

လုမင်၏ မျက်လုံးများက လျှပ်စီးများ ဖျတ်ခနဲ လက်သွားသည်။ သူ့ထံမှ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး ငွေနဂါးတောင်ကြားမှ လူငယ်သုံးဦးကို တုန်လှုပ်သွားစေခဲ့၏။

"ထွက်သွား"

လုမင် ဟိန်းဟောက်လိုက်သည်။

ဤဟိန်းဟောက်သံတွင် လုမင်က နတ်ဘုရားဓားကျင့်စဉ်ကိ အသုံးပြုထား၏။ မမြင်နိုင်သော လှိုင်းလုံးကြီးတစ်ခုက လူငယ်သုံးဦးဆီသို့ ပြေးလာပြီး သူတို့၏ နတ်ဘုရားဝိညာဉ်များထံ ပေါက်ကွဲသွားတော့သည်။

ဤအခိုက်အတန့်တွင်၊ လူငယ်သုံးဦး၏ နတ်ဘုရားဝိညာဉ်များက ပြင်းထန်စွာ တုန်လှုပ်သွားကြသည်။ တစ်ချိန်တည်းမှာပင်၊ သူတို့၏မျက်လုံးများတွင် လုမင်က ဧရာမသားရဲကြီးအဖြစ်သို့ ပြောင်းလဲသွားပုံရ၏။ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါက သူတို့အပေါ် ကျရောက်လာတော့သည်။

နာကျင်စွာ အော်ဟစ်ရင်း သူတို့၏ခန္ဓာကိုယ်များက ပြင်းပြင်းထန်ထန် တုန်ခါကာ မြေပေါ်သို့ လဲကျသွားခဲ့သည်။ ထို့အပြင် သူတို့၏ ခန္ဓာကိုယ်များက အေးစက်သော ချွေးများဖြင့် စိုရွှဲနေခဲ့ပြီ။

ဘေးနားမှ ကြည့်နေသူများ အံသြကြသွားသည်။

လုမင်၏ ဟိန်းဟောက်သံကြောင့် ငွေနဂါးတောင်ကြားမှ လူငယ်သုံးဦး မြေပြင်ပေါ်ကို လဲကျသွား၏။ ယင်းက မယုံနိုင်စရာပင်။

ဟုတ်သည်၊ ယင်းက နတ်ဘုရားဓားကျင့်စဉ်ကြောင့်ဖြစ်မှန်းတော့ သဘာဝအတိုင်း သူတို့ မသိပါ။

နတ်ဘုရားဓားကျင့်စဉ်မှာ အဓိကအားဖြင့် လူတစ်ဦး၏ စိတ်ဝိညာဉ်စွမ်းအားကို မြှင့်တင်ရန်နှင့် တိုက်ခိုက်ခြင်း ဖြစ်သည်။

ဤအချိန်ကာလအတွင်း လေ့ကျင့်ပြီးနောက် လုမင်ဟာ မမြင်နိုင်သော အဆင့်အထိ ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။ သူ၏ ဟိန်းဟောက်သံနှင့်အတူ၊ နတ်ဘုရားဓားကျင့်စဉ်ကို အသက်သွင်းပြီး ပြိုင်ဘက်၏ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်နိုင်၏။ ယင်းက မမြင်မတွေ့နိုင်ဘဲ အလွန် လျှို့ဝှက်ဆန်းကျယ်သည်။

ယခုလည်း ငွေနဂါးတောင်ကြားမှ လူငယ်သုံးဦးကို ဤကဲ့သို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ချေသည်။ သူတို့၏ နတ်ဘုရားဝိညာဉ်များ တုန်လှုပ်သွားပြီး မယုံကြည်နိုင်သလိုပင် ခံစားခဲ့ရသည်။ သူတို့အားလုံး ဧရာမ ရှေးဦးသားရဲတစ်ကောင်ကို ရင်ဆိုင်ခဲ့ရသလို ထင်ခဲ့ကြ၏။ ထို့ကြောင့် သူတို့၏ စိတ်ဝိညာဉ်ထဲမှ တုန်လှုပ်ချောက်ချားက မြေပြင်ပေါ်ကို ဒူးထောက်ကျခဲ့ရခြင်း ဖြစ်ချေသည်။

အချိန်အတော်ကြာမှ သူတို့သုံးဦး သတိပြန်ဝင်လာခဲ့ကြသည်။

"ချီးပဲ၊ လုမင်... မင်း ဘယ်လိုအတတ်မျိုးကို သုံးခဲ့တာလဲ။ ငါ မင်းရဲ့ ကျင့်ကြံခြင်းကို ဖျက်ဆီးပစ်မယ်"

အလယ်မှ လူငယ်၏ မျက်နှာက နီမြန်းသွားကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

ကျန်သော လူငယ်နှစ်ယောက်လည်း အလားတူပင်။

ရှက်စရာကောင်းလွန်းသည်။ လုမင်၏ ဟိန်းဟောက်သံကြောင့် ကြောက်ရွံ့တုန်လှုပ်ပြီး မြေပြင်ပေါ်တွင် ဖင်ထိုင်ကျခဲ့၏။ ဤသတင်း ပျံ့သွားပါက သူတို့မျက်နှာ ထားစရာပင် နေရာရှိတော့မည် မဟုတ်ပေ။

ထို့ကြောင့် သူတို့အားလုံး လုမင်ကို အပြစ်ပုံချလိုက်ကြသည်။

လူငယ်သုံးဦးလည်း ယွမ်ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပြီး ဟိန်းဟောက်ကာ လုမင်ကို တိုက်ခိုက်လိုက်တော့သည်။

"ထွက်သွား"

လုမင်က ထပ်မံဟိန်းဟောက်လိုက်သည်။ ဤတစ်ကြိမ် ဟိန်းဟောက်သံတွင် နတ်ဘုရားဓားကျင့်စဉ်၏ တိုက်ခိုက်ခြင်းအပြင် အစွမ်းထက်သော ယွမ်ချီစွမ်းအင်လည်း ပါ၀င်ခဲ့၏။ အားကောင်းသော ယွမ်ချီစွမ်းအင်က မုန်တိုင်းကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ပြီးနောက်၊ ဝိညာဉ်ခန္ဓာ၏အဆင့်မြင့်လေ... ဝိညာဉ်ခန္ဓာက ပို၍အားကောင်းပြီး ယွမ်ချီစွမ်းအင်ကလည်း ပို၍ သိပ်သည်းနိုင်လေပင်။

သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူများအတွက်၊ ၎င်းတို့၏ ကျင့်ကြံခြင်းအခြေခံ တိုးတက်လာခြင်းက ယွမ်ချီစွမ်းအင်နှင့် ယွမ်ချီစွမ်းအင်တို့၏ ပေါင်းစပ်မှုအပေါ် မူတည်သည်။ ထို့ကြောင့် ယွမ်ချီစွမ်းအင်နှင့် ဝိညာဉ်ခန္ဓာက တစ်ခုနှင့်တစ်ခု ဖြည့်စွက်ထားခဲ့ပေသည်။

မဟုတ်ပါက၊ အဆင့်မြင့် ဝိညာဉ်ခန္ဓာပိုင်ရှင်များ၏ တိုက်ခိုက်နိုင်စွမ်းက ထိုမျှ အားကောင်းနေမည် မဟုတ်ပေ။

ဝိညာဉ်ခန္ဓာအဆင့်မြင့်လေ၊ ယွမ်ချီစွမ်းအင်အဆင့် မြင့်မားလေ ဖြစ်သည်။

လုမင်၏ လက်ရှိ ကျင့်ကြံခြင်းနှင် အလယ်လတ်တန်းစား မြေကမ္ဘာဝိညာဉ်ခန္ဓာတို့ဖြင့်၊ သာမန်ပြိုင်ဘက်များကို သူ၏ ယွမ်ချီစွမ်းအင်ဖြင့် အလွယ်တကူ ချေမှုန်းနိုင်သည်။

လှုပ်ရှားကြသည်နှင့် ငွေနဂါးတောင်ကြားမှ လူငယ်သုံးယောက်မှာ နတ်ဘုရားဓားကျင့်စဉ်ဖြင့် တိုက်ခိုက်ခံလိုက်ရသည်။ သူတို့၏ နတ်ဘုရားဝိညာဉ်များက ပြင်းပြင်းထန်ထန် တုန်လှုပ်သွားပြီး နာကျင်မှုကို ခံစားခဲ့ရသည်။ ထို့နောက် လုမင်၏ ယွမ်ချီစွမ်းအင်က ထပ်မံ ရိုက်ခတ်လာသောကြောင့် ပါးစပ်တွင်းမှ သွေးများ အန်ထွက်လာခဲ့၏။ သူတို့၏ ခန္ဓာကိုယ်များက နောက်ပြန်ဆုတ်သွားကာ မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် ပစ်လဲသွားတော့သည်။

ဘေးမှ ကြည့်‌ရှူနေကြသူအားလုံး လေအေးကြီးကို ရှူရှိုက်လိုက်မိသည်။ တချိန်တည်းမှာပင် မဖော်ပြတတ်လောက်အောင် တုန်လှုပ်သွား၏။

ပထမ ဟိန်းဟောက်သံက ငွေနဂါးတောင်ကြားမှ လူငယ်သုံးဦးကို မြေပြင်ပေါ်သို့ ဖင်ထိုင်ကျစေခဲ့သည်။

ယခုတော့ သူ၏ ဟိန်းဟောက်သံကြောင့် သုံးဦးစလုံး ဒဏ်ရာအပြင်းအထန်ရပြီး သွေးများ အန်ထွက်လာခဲ့ပြီ။

ယင်းက အံ့သြစရာကောင်းလွန်းသည်။

လုမင်လည်း သူတို့သုံးယောက်ကို အေးစက်စက်ဖြင့်ကြည့်ပြီး လမ်းထဲသို့ လျှောက်သွားသည်။

လုမင် အဝေးသို့ရောက်သွားမှ ငွေနဂါးတောင်ကြား၏ လူငယ်သုံးဦးလည်း ရုန်းကန်ပြီး ပြန်ထလာခဲ့ကြသည်။ သူတို့၏ မျက်လုံးများမှာတော့ ကြောက်ရွံ့မှုတို့ ပြည့်နေပြီ။ သူတို့လည်း လမ်းထဲသို့ လိုက်ဝင်သွားကြသည်။

လမ်းအတိုင်း လျှောက်သွားပြီးနောက် လူ စောင့်ကြပ်နေသော ကောင်တာတစ်ခုကို မြင်လိုက်ရသည်။

ဤနေရာကမှ စစ်မှန်သော အစောင့်များ နေရာယူထားသော နေရာပင်။

"တုန်ထျန်းစင်မြင့်ကို တစ်ကြိမ်သုံးရင် အလယ်လတ်တန်းစား ကျောက်ကြမ်းနှစ်သိန်း ပေးရမယ်"

ကောင်တာမှ အစောင့်က ပြောလိုက်သည်။

လုမင် ခေါင်းညိတ်ပြပြီး အလယ်လတ်တန်းစား ကျောက်ကြမ်းနှစ်သိန်း ထုတ်ပေးလိုက်သည်။

ထို့နောက် ရှေ့သို့လှမ်းကာ လှမ်းကြည့်လိုက်၏။

ထိုအခါ အံ့မခန်း မြင်ကွင်းတစ်ခုက လုမင်၏ မျက်လုံးများကို ဆွဲဆောင်လာတော့သည်။

ဤသည်မှာ ထူထပ်သော နှင်းတောင်တန်းအချို့၏ အလယ်မှ ကြီးမားသော ဧရိယာရပ်တန်းတစ်ခု ဖြစ်သည်။

သူ့ရှေ့မှ လေထဲတွင် လွင့်မျောနေသော ကျောက်စင်မြင့်များစွာ ရှိသည်။

စုစုပေါင်း အတန်းသုံးဆယ့်ခြောက်တန်းရှိပြီး အတန်းတစ်ခုစီက အထက်ကို ခပ်စောင်းစောင်း တက်သွား၏။ မီတာတစ်ရာပြည့်တိုင်း လေထဲမှာ လွင့်မျောနေသော ကျောက်စင်မြင့်တစ်ခု ရှိလိမ့်မည်။ ထိုကဲ့သို့ဖြင့်၊ လေဝဲစင်မြင့် ဆယ့်သုံးခု ရှိသည်။

ယင်းက တုန်ထျန်းစင်မြင့် ဖြစ်ချေသည်။ အတိုချုပ်အားဖြင့်၊ စုစုပေါင်း အတန်းသုံးဆယ့်ခြောက်တန်းရှိပြီး အတန်းတစ်ခုစီတွင် ဆယ့်သုံးထပ် ရှိသည်။

ယခုအချိန်မှာတော့ ကျောက်တုံးစင်မြင့်အချို့ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသူများ ရှိနေပြီ။

စင်မြင့်တစ်ခုစီက တစ်ကြိမ်လျှင် လူတစ်ဦးသာ ဝင်ခွင့်ပြုနိုင်သည်။

တတိယကျောက်စင်တန်းတွင် တင်ပျဉ်ခွေထိုင်နေသော လူတချို့ရှိနေသည်ကို လုမင် တွေ့လိုက်ရသည်။ တချို့က စတုတ္ထကျောက်စင်မြင့်တွင် တင်ပျဉ်ခွေထိုင်နေကြ၏။ တချို့ကလည်း ပဉ္စမမြောက် ကျောက်စင်မြင့်ပေါ်တွင် ထိုင်နေကြသည်။

တချိန်တည်းမှာပင် ထူထဲသော ကမ္ပည်းစာလုံးများက တင်ပျဉ်ခွေထိုင်နေသူများကို ဖုံးလွှမ်းထား၏။

ထို့အပြင်၊ လူတချို့က အောက်မှာရပ်ပြီး စောင့်ကြည့်နေကြသည်။

တုန်ထျန်းစင်မြင့်ကို နဂါးနတ်ဘုရားတောင်ကြား၏ တည်ထောင်သူက ဖန်တီးခဲ့သည်ဟု ဆိုသည်။ ယင်းမှာ အလွန်တရာ ထူးကဲ၏။ ထိုအပေါ်တွင် ထိုင်လိုက်သည်နှင့် သူတို့၏ဝိညာဉ်ဟာ အဆုံးမဲ့ လေဟာပြင်ထဲကို လွင့်မျောသွားလိမ့်မည်။ ထိုနေရာတွင် နဂါးနတ်တောင်ကြားကို တည်ထောင်သူမှ ဖန်တီးထားသော စစ်မြေပြင်တစ်ခု ရှိသည်။ အထဲတွင် ကောင်းကင်တာအိုနိယာမများဖြင့် ဖွဲ့စည်းထားသော သားရဲများ ရှိ၏။ ကျင့်ကြံသူများအနေဖြင့် ကောင်းကင်တာအိုနိယာမ သားရဲများကို တိုက်ခိုက်ရင်းဖြင့် တာအိုနယ်မြေနှင့် ကောင်းကင်နိယာမများကိုပင် နားလည်နိုင်သည်။

ကျောက်စင်မြင့်က တစ်ဆင့်မြင့်သွားတိုင် အခက်ခဲများ ပိုတိုးလာလိမ့်မည်။

လုမင်လည်း ရှေ့ကိုလျှောက်သွားသည်။

ဤအခိုက်တွင်၊ အောက်မှ စောင့်ကြည့်နေသော လူငယ်တချို့က စူးရှသော မျက်လုံးများဖြင့် လုမင်ကို လှမ်းကြည့်လိုက်၏။

ထိုအချိန်မှာပင် လုမင်၏ ကြိမ်းမောင်းသံကြောင့် ဒဏ်ရာရသွားသော ငွေနဂါးတောင်ကြားမှ လူငယ်သုံးယောက် ပြေးဝင်လာကာ ထိုလူငယ်လေးများ အနားသို့ကပ်ပြီး တီးတိုး ပြောဆိုလိုက်ကြသည်။ ထိုအခါ ယင်းလူငယ်များ၏ မျက်လုံးအကြည့်များက ပို၍ စူးရှလာတော့သည်။

ငွေရောင်ဝတ်ရုံဝတ် လူငယ်တစ်ဦးက အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ဒီလုမင်က တိမ်နဂါးတောင်ကြားသခင်ရဲ့ အထောက်အပံ့နဲ့ ပိုပိုပြီး မာနကြီးလာတာပဲ။ ငါ သူ့ကို သင်ခန်းစာပေးရတော့မယ်"

ထိုသို့ ပြောဆိုပြီးနောက် လုမင်ထံ လျှောက်သွားလိုက်၏။

"ဒီတော့ မင်းက လုမင်ပေါ့"

ငွေရောင်ဝတ်ရုံဝတ် လူငယ်က အေးစက်စက် ပြောလိုက်သည်။

"ဟုတ်တယ်၊ ဘာကိစ္စရှိလို့လဲ"

လုမင် ပုံမှန်အတိုင်း ပြန်ပြောလိုက်၏။

"မင်းလည်း တုန်ထျန်းစင်မြင့်ကို လေ့ကျင့်ဖို့အတွက် ရောက်လာတာထင်တယ်။ ဒါပေမဲ့ သိုင်းအုပ်ချုပ်သူနယ်ပယ် အဆင့်သုံး မင်းရဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ ကျောက်စင်မြင့် နည်းနည်းလောက်ပဲ ဖြတ်ကျော်နိုင်မှာ ကြောက်ရတယ်။ ဒါက ကျောက်ကြမ်းတွေကို ဖြုန်းတီးတာနဲ့ မခြားဘူး"

ငွေရောင်ဝတ်ရုံဝတ် လူငယ်က လှောင်ပြောင်သရော်ဟန်ဖြင့် ပြောလိုက်သည်။

"ငါ့အတွက်တော့ ကျောက်စင်မြင့်နည်းနည်းလောက် ဖြတ်ကျော်နိုင်ရင်လည်း ကျောက်ကြမ်းတွေကို ဖြုန်းတီးမိတယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ မင်းရဲ့ သိုင်းအုပ်ချုပ်သူနယ်ပယ် အဆင့်ငါး ကျင့်ကြံခြင်းအခြေခံနဲ့... ဖြစ်ကောင်းဖြစ်နိုင်တာက ငါ့ထက် ပိုမသွားနိုင်ဘူးလို့ ထင်တယ်"

လုမင် လျစ်လျူရှုစွာ ပြောလိုက်၏။

"မင်းထက် ပိုမသွားနိုင်ဘူးလား။ ရယ်စရာကောင်းလိုက်တာ၊ လုမင်... မင်းက ကိုယ့်ကိုကိုယ် အတော်အထင်ကြီးနေတာပဲ။ အရည်အချင်းလေး နည်းနည်းရှိတာနဲ့ အောက်ခြေလွတ်နိုင်မယ်လို့ မင်းထင်တာလား။ ဒီကမ္ဘာကြီးမှာ မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေ ရှိကြတယ်။ အခြားအရာတွေကို ဘေးဖယ်ထားဦး၊ နဂါးနတ်ဘုရားတောင်ကြားမှာ‌တင် မင်းထက် သာလွန်တဲ့သူ အများကြီးရှိသေးတယ်"

ငွေရောင်ဝတ်ရုံဝတ် လူငယ်က လှောင်ပြောင်လိုက်သည်။

"အိုး၊ မင်းကိုယ်မင်း တော်တော် ထူးချွန်တယ်လို့ လာပြောနေတာလား။ ဒါဆိုရင်၊ မင်းရဲ့ အဆင့်ငါး သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံခြင်းအခြေခံကြီးအရ ငါနဲ့ အလောင်းအစား လုပ်ဝံ့သလား"

လုမင် ပြောလိုက်၏။

"အလောင်းအစားလား၊ ဘယ်လိုလောင်းမှာလဲ"

ငွေရောင်ဝတ်လူငယ်၏ မျက်လုံးများက အရောင်လက်သွားသည်။

"ဘယ်သူက စင်မြင့်ပေါ်မှာ ပိုမြင့်မားတဲ့အဆင့်ကို ရောက်နိုင်မလဲဆိုတာ လောင်းကြည့်ရအောင်"

လုမင် ပြောလိုက်သည်။

"မင်းက ငါနဲ့ တကယ် လောင်းချင်လား။ ကောင်းပြီ၊ ငါလက်ခံတယ်။ ဘာကြေးလောင်းမလဲ"

ငွေရောင်ဝတ်ရုံဝတ် လူငယ်က မဆိုင်းမတွ လက်ခံလိုက်သည်။

တုန်ထျန်းစင်မြင့်က စုစုပေါင်း ဆယ့်သုံးခု ရှိသည်။

တစ်ခုချင်းစီက တာအိုနယ်မြေတစ်ခုနှင့် သက်ဆိုင်မှုရှိ၏။ ပထမထပ် စင်မြင့်က ပထမအဆင့် တာအိုနယ်မြေနှင့်ညီမျှပြီး ဒုတိယထပ် စင်မြင့်က ဒုတိယအဆင့် တာအိုနယ်မြေနှင့် ညီမျှသည်။

လုမင်၏ ကျင့်ကြံခြင်းက တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်ဖြစ်၍ တတိယအဆင့် တာအိုနယ်မြေသာ ရှိရမည်။ ထိုအတွက် သူ၏ တာအိုနယ်မြေက မည်မျှ အစွမ်းထက်သည်ဖြစ်စေ၊ စတုတ္ထအထပ် စင်မြင့်သို့ ရောက်နိုင်လျှင်ပင် အထင်ကြီးစရာ ဖြစ်လိမ့်မည်။

သို့ရာတွင်၊ ငွေရောင်ဝတ်ရုံဝတ် လူငယ်က ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံခြင်းအခြေခံရှိသည်။ သူ၏ တာအိုနယ်မြေကလည်း ဆဋ္ဌမအဆင့်သို့ ရောက်နေပြီ။

လုမင်သာ သတ္တမမြောက် ကျောက်စင်မြင့်ပေါ်သို့ မတက်နိုင်ပါက သူ့ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။

သို့သော်၊ တတိယအဆင့် တာအိုနယ်မြေဖြင့် သတ္တမအဆင့် ကျောက်စင်မြင့်သို့ တက်လှမ်းရန်က လုံးဝ မဖြစ်နိုင်ပါ။ သို့ဖြစ်ပေရာ သေချာနေသော နိုင်ပွဲတစ်ခုအတွက် သူက အဘယ်ကြောင့် သဘောမတူဘဲ နေမည်နည်း။

All Chapters