← Chapters

အခန်း ၁၄၉၉

Vol. 100 Ch. 1499

အခန်း ၁၄၉၉

Vol. 100 Ch. 1499

အပိုင်း ( 1499 ) သတ္တမမြောက် ဆရာတူအစ်ကို။

"ဝုန်း"

လုမင်က လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ ကစဉ့်ကလျားတာအိုနယ်မြေက ဧရာမ လက်ဝါးကြီးတစ်ခုအဖြစ် ရင်ချန်ကို ဖိချလိုက်၏။

ပေါက်ကွဲသံတစ်ချက်နှင့်အတူ၊ ရင်ချန်မှာ လုမင်၏ရှေ့တွင် ချက်ချင်း ဒူးထောက်ကျသွားတော့သည်။

ယခင်က သူသည် လုမင်ကို ဒူးထောက်ခိုင်းခဲ့သော်လည်း ယခုမူကား သူကိုယ်တိုင် ဒူးထောက်လိုက်ရပြီ ဖြစ်သည်။

ယင်းနောက် လုမင်က လက်သီးနှစ်ချက်ကို ဆက်တိုက် ထိုးလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အင်အားကြောင့် အခြားလူငယ်နှစ်ဦးလည်း သွေးအန်ပြီး လွင့်စဉ်သွားကြ၏။

ထိုအချိန်တွင် ငွေနဂါးတောင်ကြားမှ ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူသုံးဦးမှာ... နှစ်ဦး လွင့်စဉ်သွားပြီး နောက်ဆုံးတစ်ဦးမှာလည်း လုမင်ရှေ့တွင် ဒူးထောက်လျက် ရှိခဲ့သည်။

ပတ်ဝန်းကျင်မှ အခြားလူများ အံသြသွားခဲ့ကြပေသည်။

လုမင်က ပို၍ သန်မာလာသည်။

ရင်ဖုန်းကို သတ်ခဲ့စဉ်ကထက် သူ့ခွန်အားမှာ ပိုအားကောင်းလာ၏။ ယင်းက မည်မျှ ကြောက်စရာကောင်းလိုက်ပါသနည်း။

သူက တကယ်ပဲ လူရိုင်းကျွန်းမှ ကျင့်ကြံသူဖြစ်သလော။ သူ့အင်အားက မယုံနိုင်စရာကောင်းလောက်အောင် သန်မာသည်။

တိမ်နဂါးတောင်ကြား၏ တောင်ကြားသခင်က လုမင်ကို သူ့တပည့်အဖြစ် ဘာကြောင့် ခေါ်ယူခဲ့တာလဲဆိုတာ နောက်ဆုံးတော့ သူတို့ သိသွားပြီ။ တိမ်နဂါးတောင်ကြားသခင်က လုမင်၏ အရည်အချင်းကို အသိအမှတ်ပြုခဲ့သည်။

"ဝမ်"

ထိုအချိန်တွင် တင်းမောက်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။ ကြောက်မက်ဖွယ် ဖိအားတစ်ခုလည်း လုမင်ဆီသို့ ဖိနှိပ်ရင်း ထွက်ပေါ်လာ၏။

လုမင်လည်း သူ့အပေါ်သို့ တောင်ကြီးတစ်လုံး ပြိုကျလာသလို ခံစားလိုက်ရသည်။

'သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်'

လုမင်၏ နှလုံးသားက အနည်းငယ် တုန်လှုပ်သွားသည်။

တင်းမောက်က သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူဖြစ်ပြီး အဆင့်မြင့် သိုင်းအုပ်ချုပ်သူ ဖြစ်သည်။

"လုမင်၊ မင်း အတင့်ရဲလှချေလား။ အရင်က ငွေနဂါးတောင်ကြားရဲ့ တပည့်သုံးယောက်ကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်။ အခုလည်း ထပ်ပြီး တိုက်ခိုက်နေပြန်ပြီ။ ဒီလူကို ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်တယ်။ အခု ငါကိုယ်တိုင် မင်းရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးပြီး နဂါးပြစ်ဒဏ်ခတ်နန်းတော်ဆီ အပ်လိုက်မယ်"

တင်းမောက်က အေးစက်စက်ပြုံးရင်း ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ နဂါး ဟိန်းဟောက်သံတစ်ခုကိုပင် သူ့ခန္ဓာကိုယ်မှ ကြားနိုင်ကြ၏။

"ဝှစ်"

ယင်းနောက်၊ တင်းမောက်က လုမင်ကိုရည်ရွယ်ကာ လက်သည်းဖြင့် ကုပ်ဆွဲလိုက်သည်။

ဤတွင်၊ တင်းမောက်၏ လက်ဝါးနှင့် လက်တစ်ဖက်လုံးမှ တောက်ပသော ငွေရောင်အလင်းတန်းများနှင့် ငွေရောင် နဂါးအကြေးခွံအလွှာတစ်ခု ထွက်ပေါ်လာခဲ့၏။

"အစွန်းရောက်လှံဆယ့်သုံးချက်"

လုမင်၏ လက်ထဲတွင် အုပ်ချုပ်သူ လှံရှည်တစ်ချောင်း ပေါ်လာခဲ့သည်။ လှံရှည်က တုန်ခါသွားပြီးနောက် တောက်ပသော လှံအလင်းတစ်ခု ထွက်ပေါ်လာခဲ့၏။

"ဒုန်း"

လှံက တင်းမောက်၏လက်ဝါးကို ထိုးမိသွားသည်။ ထိုအခါ၊ လှံရှည်မှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ တဟုန်ထိုး တိုးဝင်လာသလို ခံစားလိုက်ရပြီး လှံရှည်မှာလည်း အနည်းငယ် ကွေးလာတော့သည်။

သို့သော်လည်း လှံရှည်မှ အင်အားဆယ်ခုက ချက်ချင်း ထွက်ပေါ်လာပြီး အနှိုင်းမဲ့ စူးရှစွာဖြင့် တင်းမောက်၏ လက်ဖဝါးကို ထိုးဖောက်ရန် ကြိုးစားလိုက်သည်။

တင်းမောက်၏ အမူအရာက ပြောင်းသွားသည်။ အသံကျယ်ကျယ်ဖြင့် ဟိန်းဟောက်ရင်း သူ့ထံမှ ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့၏။

"ဒုန်း"

လုမင်၏ ခန္ဓာကိုယ်က တုန်ခါကာ လွင့်စဉ်သွားတော့သည်။ သူဟာ အဝေးမှ နှင်းတောင်နံရံကို ပြင်းပြင်းထန်ထန် ဝင်ဆောင့်မိသွားသည်။ နှင်းတောင်လည်း ပြိုကျသွား၏။

သို့ပေမည့် တစ်ချိန်တည်းမှာပင် တင်းမောက်လည်း နောက်ပြန်ဆုတ်သွားရတော့သည်။

'အဆင့်မြင့် သိုင်းအုပ်ချုပ်သူက မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ တကယ်ကို အားကောင်းတယ်'

လုမင် သူ့စိတ်ထဲမှ တွေးလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ သွေးနှင့်ချီများ ဆူပွက်သွားသလို ခံစားလိုက်ရ၏။ သူ့ပါးစပ်မှ သွေးများ အန်ထွက်တော့မလိုပင် ခံစားလိုက်ရသည်။

"ဒီကောင်..."

တင်းမောက်ထံမှ သတ်ဖြတ်ချင်စိတ်တို့ ပေါက်ကွဲထွက်လာခဲ့သည်။

သူ့လက်က အနည်းငယ်တုန်နေ၏။ သူ့လက်ဖဝါးပေါ်ရှိ နဂါးအကြေးခွံများ ကွဲအက်သွားပြီး သွေးစအချို့ကိုပင် မြင်တွေ့ရနိုင်သည်။

လုမင်၏ လှံချက်က သူ့လက်ဝါးကိုပင် ထိုးဖောက်လုနီးပါးဖြစ်နေပြီ။

"သတ်"

"ဂါး"

နဂါးဟိန်းသံကို ကြားလိုက်ရသည်။ တင်းမောက်၏ ခန္ဓာကိုယ်ပေါ်ရှိ ငွေရောင်အလင်းများက ပို၍ တောက်ပလာ၏။ သူက ငွေနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ လုမင်ဆီသို့ လက်သီးချက် ထုတ်ဖော်လိုက်တော့သည်။

ထိုအချိန်တွင် ကြီးမားသော တူကြီးတစ်ချောင်းက တုန်ထျန်းစင်မြင့်အဝင်ဝမှ အရှိန်ပြင်းပြင်းဖြင့် ပစ်လွင့်လာခဲ့သည်။ တူကြီးက ကြောက်စရာကောင်းသော အငွေ့အသက်များဖြင့် လေထုကိုဖြတ်သန်းရင်း တင်းမောက်ဆီသို့ ဦးတည်သွား၏။

တင်းမောက်၏ အမူအရာက အလွန်ပြောင်းလဲသွားသည်။ လုမင်ကို ဂရုမစိုက်နိုင်တော့ဘဲ ဟိန်းဟောက်ကာ တူကြီးကို လှည့်ရိုက်လိုက်တော့သည်။

"ဒုန်း၊ ဒုန်း"

တင်းမောက်၏လက်ဝါးက တူကြီးကို ရိုက်မိပြီးနောက် တုန်ခါမှု နှစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းများက အားနည်းသော ကျင့်ကြံသူ အများအပြားကို မျက်နှာဖျော့တော့ကာ နောက်ဆုတ်သွားစေခဲ့၏။

"ဝုန်း"

တူကြီး ပြန်လွင့်သွားသော်လည်း တင်းမောက်ကိုယ်တိုင် မီတာတစ်ရာခန့်အထိ လွင့်သွားတော့သည်။ ထိုအခါမှ သူ့ကိုယ်သူ တည်ငြိမ်စေရန် ထိန်းချုပ်လိုက်နိုင်ပြီး သူ့လက်များလည်း တဆတ်ဆတ်တုန်ခါသွားသည်။

"ဒုန်း၊ ဒုန်း"

ထိုအချိန်တွင် အဝင်ဝမှ အရပ်ထောင်ထောင်မောင်းမောင်းဖြင့် ကြံ့ခိုင်သော ရုပ်သွင်တစ်ခု ပြေးလာပြီး တူကို ဖမ်းယူလိုက်သည်။ သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မြေပြင်က ပြင်းထန်စွာ တုန်ခါသွား၏။

"ငွေနဂါးတောင်ကြားက တကယ် မောက်မာတာပဲ။ သတ္တမအဆင့် သိုင်းအုပ်ချုပ်သူက ငါ့ရဲ့ တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ဆရာတူညီလေးကို တိုက်ခိုက်ဝံ့တယ်။ ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်လဲ"

ထွားကျိုင်းသော ရုပ်သွင်က မိုးကြိုးထစ်ချုန်းသကဲ့သို့ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

ထိုသူမှာ လုမင်ထက် ဦးခေါင်းနှစ်လုံးပိုမြင့်မားပြီး ထွားကျိုင်းသော လူငယ်တစ်ဦး ဖြစ်သည်။ သူ၏ ကြွက်သားများကလည်း နဂါးတစ်ကောင်ကဲ့သို့ ဖုထစ်နေခဲ့ပေသည်။

သူ့လက်ထဲမှာတော့ တူကြီးတစ်ချောင်းကို ကိုင်ထားသည်။ သို့သော်လည်း၊ တူလက်ကိုင်မှာ လူအရပ်ထက် ပိုရှည်လျားပြီး ကြီးမား၏။

"ထျန်းချွေး မင်းပဲ"

တင်းမောက်က လူငယ်ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

'ထျန်းချွေး၊ သတ္တမြောက ဆရာတူအစ်ကိုပေါ့'

လုမင် စိတ်လှုပ်ရှားသွား၏။

တိမ်နဂါးတောင်ကြားသခင်မှာ လွန်ခဲ့သော ဆယ်နှစ်အတွင်း တပည့် သုံးယောက်သာ ခေါ်ယူခဲ့သည်။ သူတို့က သူ လုမင်၊ ရွယ်နင်ရှင်းနှင့် သူ၏ သတ္တမမြောက် ဆရာတူအစ်ကို ထျန်းချွေး ဖြစ်ချေသည်။

"အေး၊ မင်းရဲ့ဖိုးဖိုး ထျန်းချွေးပဲ"

ထျန်းချွေးက ပြုံးပြီး လုမင်ကိုတစ်ဖန်ကြည့်ကာ ပြောလိုက်သည်။

"ဒီတော့ မင်းက ငါ့ရဲ့ နဝမမြောက် ဆရာတူညီလေး လုမင်ပေါ့။ မဆိုးဘူး"

"အကူအညီအတွက် ကျေးဇူးတင်ပါတယ် သတ္တမမြောက် ဆရာတူအစ်ကို"

လုမင် ပြုံးလိုက်လေသည်။

"ဟားဟားဟား၊ ယဉ်ကျေးမနေပါနဲ့။ အခု ဒီခွေးမသားလေးတွေကို သင်ခန်းစာပေးလိုက်ဦးမယ်"

ထျန်းချွေးက ရယ်မောပြီး တင်းမောက်ကို တစ်ဖန်စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

"လာစမ်း၊ သတ္တမအဆင့် သိုင်းအုပ်ချုပ်သူမို့ ဆရာကြီးဖြစ်ပြီထင်နေတာလား။ ငါ မင်းရဲ့ဖိုးဖိုး ထျန်းချွေးက မင်းနဲ့ ကစားပေးမယ်"

"ထျန်းချွေး၊ မင်း ဝင်စွက်ဖက်ဝံ့ရင် ငါ မင်းကိုလည်း ဖယ်ရှားပစ်မယ်"

တင်းမောက်က အေးစက်စက်ဖြင့် ပြောလိုက်သည်။

"မင်းငါ့ကို ဘယ်လိုဖယ်ရှားမှာလဲ ကြည့်ရအောင်"

ထျန်းချွေး၏ မျက်နှာက ကြမ်းတမ်းခက်ထန်မှုတို့ ပေါ်လာခဲ့သည်။ သူ့ကြွက်သားများက ဖောင်းကြွလာပြီး ခြေတစ်ချက် ဆောင့်နင်းလိုက်သည်။

"ဒုန်း"

ထျန်းချွေး၏ရုပ်သွင်က နဂါးတစ်ကောင်ကဲ့သို့ တင်းမောက်ထံ ပြေးဝင်သွား၏။ သူ့လက်ထဲမှ ဧရာမတူကြီးဖြင့် တင်းမောက်ကို ထုချလိုက်တော့သည်။

"ဒုန်း"

ဧရာမတူကြီးက လေဟာနယ်ကို ဖြတ်သွားသောအခါ ကြောက်မက်ဖွယ်ကောင်းသော လေပြင်းများ ထွက်ပေါ်လာခဲ့သည်။

တင်းမောက်၏ ခန္ဓာကိုယ်မှလည်း ငွေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ငွေရောင်နဂါး အကြေးခွံအလွှာတစ်ခုက သူ့ခန္ဓာကိုယ်မှာ ပေါ်လာပြီး သူ့လက်များမှာလည်း ငွေရောင်လက်အိတ်တစ်စုံ ပေါ်လာခဲ့၏။

အုပ်ချုပ်သူအဆင့် ရတနာ၊ လက်အိတ်။

"ငွေနဂါးတိုက်ခိုက်ရေး လက်သီး"

တင်းမောက်က ဟိန်းဟောက်ပြီး လက်သီးချက် ထုတ်ဖော်လိုက်သည်။

"ဒေါင်"

တင်းမောက်၏လက်သီးက ဧရာမ သံတူကြီးနှင့် တိုက်မိပြီးနောက် ကောင်းကင်ကြီး ပြင်းပြင်းထန်ထန် တုန်လှုပ်သွားခဲ့သည်။

ထျန်းချွေးကော တင်းမောက်ပါ နောက်သို့ ဆုတ်သွားရ၏။ ထို့နောက်မှာတော့ ဟိန်းဟောက်ပြီး တစ်ဖန် တိုက်ခိုက်ကြပြန်တော့သည်။

"ဆဋ္ဌမအဆင့် တာအိုနယ်မြေနဲ့ ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်... ဆရာတူအစ်ကိုထျန်းချွေးကလည်း တကယ်သန်မာတာပဲ"

ဘေးမှကြည့်ရင်း ထျန်းချွေး၏ အင်အားကြောင့် လုမင် တိတ်တဆိတ် အံ့ဩသွားခဲ့သည်။

ဆဋ္ဌမအဆင့် တာအိုနယ်မြေနှင့် ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်ဖြင့် သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်မှ တင်းမောက်ကို တိုက်ခိုက်နိုင်သည်။ ထိုတိုက်ခိုက်နိုင်စွမ်းက တကယ်ကို အံ့မခန်းပင်။

'ကြည့်ရတာ ငါ့ရဲ့ ဆရာတူအစ်ကို၊ အစ်မတွေ တစ်ဦးမှ ရိုးရှင်းပုံမရဘူး'

လုမင် ပြုံးလိုက်သည်။

"သတ်၊ သတ်၊ သတ်"

ထိုအချိန်တွင်၊ ထျန်းချွေးက ဟိန်းဟောက်လိုက်သည်။ သူဟာ ထရန်နိုဆောရပ်တစ်ကောင်ကဲ့သို့ တိုက်ပွဲကြာလာသည်နှင့်အမျှ ပို၍စိတ်လှုပ်ရှားလာခဲ့၏။ သူက ဧရာမတူကြီးဖြင့် တင်းမောက်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်တော့သည်။

တဖြည်းဖြည်းနှင့် တင်းမောက်မှာ ထျန်းချွေး၏ ဖိနှိပ်ခြင်းကို ခံလာခဲ့ရသည်။

"ထျန်းချွေးက ပိုသန်မာလာတာပဲ။ တိမ်နဂါးတောင်ကြားက လူတွေက တကယ်ကို ရူးနေကြပြီ"

"တကယ်ကို ကြောက်စရာကောင်းလွန်းတာပဲ။ ရွယ်နင်ရှင်း၊ လုမင်နဲ့ တိမ်နဂါးတောင်ကြားက လူအားလုံးက အရူးတွေချည်းပဲ။ သူတို့ရဲ့ ခွန်းအားတွေက ကြောက်စရာကောင်းလွန်းကြတယ်"

"တိမ်နဂါးတောင်ကြားသခင်ရဲ့ တပည့်ကိုးယောက်မှာ တစ်ယောက်မှ မရိုးရှင်းဘူးလို့ ငါကြားဖူးတယ်"

ပတ်ဝန်းကျင်တွင် နဂါးနတ်ဘုရားတောင်ကြားမှ လူများက အချင်းချင်း ဆွေးနွေးပြောဆိုလိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ထျန်းချွေးနှင့် တင်းမောက်က တိုက်ကွက်ရာနှင့်ချီပြီး ရင်ဆိုင်ခဲ့ကြပေသည်။

All Chapters