← Chapters

အခန်း ၆၂၅

Vol. 34 Ch. 625

အခန်း ၆၂၅

Vol. 34 Ch. 625

အပိုင်း (၆၂၅) ရိုးသားဖြူစင်သော တောက်ယွမ်ခရိုင် ပြည်သူများ။

နောက်တစ်နေ့ မွန်းတည့်ချိန်။

အရှင်မင်းမြတ်၏ ရထားလုံးသည် တောက်ယွမ်ခရိုင် မြို့တံခါးဝတွင် ပေါ်လာခဲ့၏။ လူတိုင်း၏ လက်ထဲတွင် အာလူးထည့်ထားသော ပိုက်ကွန်ကဲ့သို့ အိတ်ငယ် တစ်ခုစီကို ကိုင်ဆောင်ထားကြသည်။

ဖန်ကျန်းရီသည် ပြုံးရွှင်စွာဖြင့် လူအားလုံးကို နှုတ်ဆက်လိုက်၏။ မနက်ခင်းတည်းက အရှင်မင်းမြတ်ထံတွင် ခွင့်ပန်ထားပြီး ဖြစ်သည်။ နောက်တစ်ရက် နောက်ကျမှ ပြန်သွားခြင်းက အခြားသူများကို စဉ်းစားစရာ အချိန်အနည်းငယ် ပေးသလို ဖြစ်ပေမည်။

ဤတစ်ကြိမ် ပြင်ဆင်မှုများက အတော်လေး ပင်ပန်းခဲ့သော်လည်း ရလဒ်ကတော့ အပြည့်အဝ ရရှိခဲ့သည်မှာ သိသာပေသည်။ မနက်ခင်းတစ်ပိုင်းလုံး ပင်လယ်ထွက်မည့် ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးနေကြသူများကို ကြားခဲ့ရသည်။ အကယ်၍ ဘာအမှားအယွင်းမှ မရှိဘူးဆိုလျှင်... နောင်တွင် နန်းတွင်း၌ ဆွေးနွေးရမည့် ဖိအားက အတော်လေး လျော့ကျသွားမည် ဖြစ်သည်။ သို့မဟုတ် လုံးဝ မရှိတော့သည်လည်း ဖြစ်နိုင်၏။

အနည်းဆုံးတော့ နန်းတွင်းမှ သင်္ဘောအုပ်စု အမြောက်အမြား စေလွှတ်မည့် ကိစ္စကို သဘောတူအောင် ပြောဆိုဖို့ ပြဿနာ မရှိနိုင်တော့ချေ။

အရှင်မင်းမြတ်သည် မြို့တံခါးဝတွင် ရပ်ကာ အနောက်သို့ လှည့်ကြည့်ရင်း သက်ပြင်းချလိုက်သည်။ "တောက်ယွမ်ခရိုင်က... တကယ့်ကို နေရာကောင်းတစ်ခုပဲ။ လာတိုင်း ကိုယ်တော့်ကို အံ့သြစရာတွေချည်း ပေးစွမ်းတယ်။ ဖန်အမတ်... မင်း မနေ့ညက ဖောက်ပြသွားတဲ့ မီးပန်းလေးတွေကို နန်းတော်ထဲ နည်းနည်းလောက် ပို့ပေးဖို့ မှတ်ထားအုံး။ ကိုယ်တော် အတော်လေး သဘောကျသွားလို့။"

ဖန်ကျန်းရီက ပြုံး၍ လျှောက်တင်လိုက်၏။ "ဒါကတော့ သေချာပေါက် ပို့ပေးရမှာပေါ့ အရှင်မင်းကြီး။ ကျွန်တော်မျိုး မနက်ဖြန်ကျရင် အရှင်မင်းကြီးဆီကို အကုန်လုံး ပို့ပေးလိုက်ပါ့မယ်။"

အခြားသူများလည်း လိုချင်နေကြသည်ကို မြင်သောအခါ ဖန်ကျန်းရီက ကျယ်လောင်စွာ ထပ်ပြောလိုက်သည်။ "အခြားသူတွေအတွက်လည်း အလုံအလောက် ရှိပါတယ်။ အာ... မကြာခင်ကျရင် တောက်ယွမ်ခရိုင်က မြို့တော်မှာ မီးပန်းဆိုင် လာဖွင့်ပါလိမ့်မယ်။ အားလုံး ပွဲတော်ရက်တွေ ရောက်လာရင် ဝယ်ပြီး ဖောက်လို့ ရပါတယ်။ ဒါလေးက ကံဆိုးမှုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။”

လူတိုင်းက အပေါ်ယံတွင် သဘောတူညီကြောင်း ပြသနေကြသော်လည်း စိတ်ထဲတွင်မူ အသီးသီး ညည်းညူနေကြ၏။

သောက်ကျိုးနည်း … မနေ့ညက ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်းကြီး လုပ်ပြခဲ့တဲ့ အဓိက ရည်ရွယ်ချက်က လူတွေဆီက ငွေရှာချင်လို့ကိုး။ ဒါကြီးက ငွေဘယ်လောက်တောင် ပေးရမလဲ မသိဘူး...

...

အရှင်မင်းမြတ်ကို ပို့ဆောင်ပြီးနောက် ဖန်ကျန်းရီသည် လက်နှစ်ဖက်နောက်ပစ်ကာ ခရိုင်ရုံးတော်ဆီသို့ ဖြည်းဖြည်းချင်း ပြန်လျှောက်သွားခဲ့၏။

အခြားကိစ္စများ အားလုံး အဆင်ပြေသွားပြီ ဖြစ်သော်လည်း ခရိုင်အတွင်းရှိ ပြဿနာများကို ဖြေရှင်းရဦးမည် ဖြစ်သည်။ ထိုမြေလွတ်များကို မိမိကိုယ်တိုင် တည်ဆောက်ရန် ချန်ထားခဲ့သော်လည်း ယခုအခါ အခြားသူများကို ရောင်းချလိုက်ပြီဖြစ်သောကြောင့် အနည်းငယ် ပြဿနာ ရှိနေသည်။ အောက်ချန်နှင့် သေချာ ထပ်မံ ဆွေးနွေးရဦးမည်။

ခရိုင်ရုံးတော် အပြင်ဘက်သို့ ရောက်သောအခါ စည်ကားသိုက်မြိုက်နေသော လူအုပ်ကြီးကို မြင်လိုက်ရသဖြင့် ဖန်ကျန်းရီ မျက်မှောင်ကြုတ်သွား၏။

အမှု ရှိနေတာလား။

လူအုပ်ကို တိုးဝှေ့ကာ ဝင်သွားရာ လူတော်တော်များများက ဖန်ကျန်းရီ ရောက်လာသည်ကို မြင်သောအခါ အံ့သြဝမ်းသာသွားကြပြီး အော်ဟစ်ရန် ပြင်လိုက်ကြသည်။

ဖန်ကျန်းရီသည် ပါးစပ်တွင် လက်ညှိုးတင်ကာ တိတ်တိတ်နေရန် အချက်ပြလိုက်သဖြင့် ပြည်သူများက ချက်ချင်း ရပ်တန့်သွားကြ၏။ ရုံးတော်တံခါးဘေးတွင် မှီရပ်နေရင်း ရုံးတော်အတွင်း၌ ဒူးထောက်နေသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။

အောက်ချန်သည် အမျိုးသမီး ပြောပြနေသည်များကို တိတ်ဆိတ်စွာ နားထောင်နေ၏။

ဖန်ကျန်းရီက ဘေးဘယ်ညာသို့ မေးလိုက်သည်။ "ဟေ့... ဘာဖြစ်ကြတာလဲ။ ဒီလူနှစ်ယောက်က ဘာအမှုများ ကျူးလွန်ထားလို့လဲ။"

ပြည်သူတစ်ဦးက ပြန်ဖြေလိုက်၏။ "သခင်လေး... ဒီအမျိုးသမီးက ပြဿနာ ရှာနေတာပါ။ ဟိုအမျိုးသားက လမ်းပေါ်မှာ သူ့ကို နှောင့်ယှက်တယ်ဆိုပြီး လျော်ကြေးတောင်းနေတာ။ ငွေတုံး ငါးဆယ်တောင် တောင်းနေတာ။"

ဖန်ကျန်းရီက ပြုံးလိုက်သည်။ "ခရိုင်ထဲမှာ ဒီလို ကိစ္စမျိုး လုပ်တဲ့သူ ရှိသေးတာလား။"

ပြည်သူတစ်ဦးက လက်ပိုက်ကာ မထီမဲ့မြင် ပြုံးလျက် ပြောလိုက်၏။ "အသစ်ရောက်လာတဲ့သူတွေပါ သခင်လေးရယ်။ ဒီနှစ်ယောက်စလုံးက ခရိုင်ထဲကို အသစ်ဝင်လာတဲ့သူတွေမို့ စည်းကမ်း မသိကြသေးဘူး။ အပြင်ကလာတဲ့ ကောင်စုတ်တွေကများ မြို့တော်မှာ ရောက်နေတယ်လို့ ထင်နေတာလား မသိဘူး။"

အခြားသူတစ်ဦးက ပြောလိုက်သည်။ "ဟေ့... သခင်လေး ဒီနေရာမှာ ရှိနေတာကို စကားကြမ်းတွေ မပြောနဲ့လေ။"

…..

အောက်ချန်သည် မျက်မှောင်ကြုတ်ထားပြီး အမျိုးသမီးကို ကြည့်ကာ မေးလိုက်၏။ "ထန်အမျိုးသမီး... ကျုပ် မင်းကို သေချာ ထပ်မေးမယ်။ ဝမ်အာက မင်းကို တမင်သက်သက် လာနှောင့်ယှက်ခဲ့တာ သေချာလား။"

ထန်အမျိုးသမီးက နူးညံ့ပျော့ပျောင်းစွာ ပြန်ဖြေလိုက်သည်။ "သေချာပါတယ်ရှင်။"

ဝမ်အာသည် မကျေမနပ် ဖြစ်သွားပြီး ပြောလိုက်၏။ "အမတ်မင်း … လမ်းပေါ်မှာ လူတွေ အများကြီး မြင်ကြပါတယ်။ သူက ကျုပ်ကို မတရား လာစွပ်စွဲနေတာပါ။ ဒီအမျိုးသမီးက ကျုပ်ရဲ့ အိမ်နီးချင်းလေ။ မနေ့က လောင်းကစားရုံမှာ ကျုပ် ငွေတုံး ငါးဆယ် နိုင်လာတာကို မြင်ပြီး သူက အရင်လာပြီး စကားစပြောတယ်။ ကျုပ်ရဲ့ ငွေတွေကို မျက်စိကျနေတာ အသေအချာပဲ။"

ထန်အမျိုးသမီး၏ လှပသော မျက်လုံးများတွင် ဒေါသများ ပြည့်နှက်နေသည်။ "ရှင် လိမ်နေတာပဲ … ရှင့်ငွေတွေကို ဘယ်သူကများ မျက်စိကျနေလို့လဲ။ ရှင့်ဟာရှင် ကျွန်မကို လာပြီး နှောင့်ယှက်တာလေ။"

အောက်ချန်သည် တည်ငြိမ်စွာ ခေါင်းညိတ်ပြီး ပြောလိုက်၏။ "ကဲ... မဆူကြနဲ့။ သက်သေရှိရင် လွယ်လွယ်လေးပါ။ အပြင်က လူတွေ... မင်းတို့ထဲမှာ သူ နှောင့်ယှက်တာကို မြင်လိုက်တဲ့သူ ရှိလား။"

အောက်ချန်က ရုံးတော်အပြင်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။

ထိုသို့ လက်ညှိုးထိုးပြလိုက်သည်နှင့် ပြည်သူ ဆယ်ကျော်ခန့် ထွက်လာကြပြီး အလုအယက် ပြောဆိုကြ၏။ "မနှောင့်ယှက်ပါဘူး။ ကျုပ်တို့ အသေအချာ မြင်လိုက်ပါတယ်။ ဒီအမျိုးသမီးက သူ့ဟာသူ အတင်းသွားကပ်ပြီး ပြဿနာ ရှာနေတာပါ။"

ထိုအထဲတွင် လက်မောင်းတွင် အနီရောင် လက်ပတ် ပတ်ထားသော အဘွားအို နှစ်ဦးလည်း ပါဝင်ပြီး ဝမ်အာ အတွက် သေချာပေါက် သက်သေခံပေးကြသည်။

ထန်အမျိုးသမီးသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။ မဖြစ်နိုင်ဘူး။ တောက်ယွမ်ခရိုင်က လူတွေက ဒီလောက်ထိ ကူညီတတ်ကြသလား။

ထန်အမျိုးသမီး၏ ခန္ဓာကိုယ်သည် ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ လဲကျလုမတတ် ဖြစ်သွားခဲ့သည်။

အောက်ချန်က သတိပေးသံပေးလိုက်၏။ "ဟေ့... မဆူကြနဲ့။ ထန်အမျိုးသမီး... ဒီနေရာမှာ သက်သေတွေ အများကြီး ရှိတဲ့အပြင် ကင်းလှည့်အစောင့်တွေပါ သက်သေခံပေးနေပြီဆိုတော့ မင်းမှာ ဘာပြောစရာ ရှိသေးလဲ။"

ထန်အမျိုးသမီးသည် ဗလုံးဗထွေးဖြင့် ချေပရန် ကြိုးစားနေစဉ် အောက်ချန်က ထပ်ပြောလိုက်သည်။ "ကင်းလှည့်အစောင့်တွေပါ သက်သေခံပေးထားတာမို့ မင်း လိမ်ညာရင် ပြစ်ဒဏ်ပိုကြီးမယ်နော်။ ကြိမ်ဒဏ်ပေးပြီး တောက်ယွမ်ခရိုင်ကနေ နှင်ထုတ်ခံရမယ်။ သေချာ စဉ်းစားပြီးမှ ပြောပါ..."

ထန်အမျိုးသမီးသည် တံတွေးမြိုချလိုက်ပြီး ကြောက်လန့်တကြား ဖြေလိုက်၏။ "ကျွန်မ ခေါင်းနည်းနည်း မူးနေလို့ ဖြစ်မယ်... သူ ကျွန်မကို ကိုင်မိလား မကိုင်မိဘူးလားဆိုတာ... သေချာ မမှတ်မိတော့ဘူး။"

အောက်ချန်က ခေါင်းညိတ်လိုက်သည်။ "ဒါဆို မင်းက သူ့ကို မတရား စွပ်စွဲတာပေါ့လေ။ လူလာခဲ့။ သူ့ကို ထောင်ထဲ ပို့လိုက်။ ဆယ်ရက် ပြုပြင်ပြောင်းလဲရေး စခန်းပို့မယ်။ ပြီးတော့ မတရား စွပ်စွဲခံရသူအတွက် ဒဏ်ကြေး ငွေတုံး ဆယ်တုံး ပေးလျော်စေ။ ဝမ်အာ... မင်း ကျေနပ်လား။"

အောက်ချန်က ဝမ်အာကို ကြည့်လိုက်၏။

ဝမ်အာသည် စိတ်သက်သာရာရသွားပြီး ချစ်စရာကောင်းကာ နူးညံ့ပျော့ပျောင်းသော ထန်အမျိုးသမီးကို ကြည့်ရင်း တံတွေးမြိုချလိုက်သည်။ "အမတ်မင်း... ပြီးတာတွေ ပြီးပါစေတော့။ ဘယ်လိုပဲဖြစ်ဖြစ် အထင်လွဲတာပဲလေ။"

ဝမ်အာ စကားဆုံးသည်နှင့် ရုံးတော်အပြင်ဘက်တွင် ရုတ်တရက် ဆူညံသွားပြီး ပြည်သူများက ဒေါသတကြီး အော်ဆဲကြတော့၏။ "တောက် … သောက်ကျိုးနည်း။ ဒီကောင်စုတ်က ကောင်မလေးကို သဘောကျနေတာပဲ။ ဟမ့် … . ခွေးမသားက ငွေတုံး ဆယ်တုံးကိုတောင် မယူဘဲ သဘောထားကြီးဟန် ဆောင်နေသေးတယ်။ သူ့ကို စည်းကမ်းဆိုတာ ဘာလဲဆိုတာ သိအောင် လုပ်ပေးလိုက်။"

အောက်ချန်သည် သတိပေး တုတ်နှင့် ခုံကို ပြင်းထန်စွာ ရိုက်လိုက်၏။ "တိတ်တိတ်နေကြစမ်း။ ဝမ်အာ .. မင်းက တော်တော် ရဲတင်းနေတာပဲ။ ကျုပ်က မင်းကို ကျေနပ်လားလို့ မေးနေတာကို မင်းက ပြီးတာတွေ ပြီးပါစေလို့ ပြောရဲတယ်ပေါ့။

မိန်းမတစ်ယောက်က လမ်းပေါ်မှာ မင်းကို မတရား စွပ်စွဲတယ်။ ကျုပ်က သူ့ကို ဒဏ်ရိုက်တာကို မင်းက ထားလိုက်ပါတော့လို့ ပြောတာက တောက်ယွမ်ခရိုင်ရဲ့ ဓလေ့စရိုက်ကို ဖျက်ဆီးတာပဲ။ မကောင်းတဲ့ အလေ့အထတွေကို အားပေးအားမြှောက် လုပ်တာပဲ။ ဒါက ပြစ်မှု တစ်ခု။ ဒဏ်ငွေကို လက်မခံတာက ရုံးတော်ကို မထီမဲ့မြင် ပြုတာပဲ။ ဒါက ပြစ်မှု နှစ်ခု။ ဝမ်အာကို ဖမ်းသွားပြီး ထောင်ထဲမှာ သုံးရက် ထည့်ထားလိုက်။ ကိုယ့်အမှားကို ကိုယ် ပြန်စဉ်းစားစေ။ ဟိုအမျိုးသမီးရဲ့ ဒဏ်ငွေကို ဘဏ္ဍာတိုက်ထဲ ထည့်ပြီး ပြုပြင်ပြောင်းလဲရေး စခန်းကို ဆက်ပို့လိုက် … ရုံးတော် ပြီးပြီ။"

ရုံးတော်အပြင်ဘက်ရှိ ပြည်သူများက အသီးသီး လက်ခုပ်တီးကြ၏။ "ကောင်းတယ်။ တရားစီရင်တာ သိပ်ကောင်းတယ်။"

ဖန်ကျန်းရီသည်လည်း အပြုံးဖြင့် လက်ခုပ်လိုက်တီးလိုက်သည်။ သူ တောက်ယွမ်ခရိုင်မှာ မရှိတာ ကြာပြီ ဖြစ်သော်လည်း ခရိုင်အတွင်းမှ ပြည်သူတွေက ရိုးသားဖြူစင်သော ဓလေ့ကို ထိန်းသိမ်းထားနိုင်ဆဲပင်။ လမ်းကြောင်းက သိပ်မလွဲသေးပေ။

ရုံးဆင်းပြီးနောက် အောက်ချန်သည် ဖန်ကျန်းရီထံသို့ အလျင်အမြန် ပြေးလာခဲ့၏။ "သခင်လေး... အရှင်မင်းကြီး ပြန်သွားပြီလားဟင်။"

ဖန်ကျန်းရီက ဖြေလိုက်သည်။ "အေး... ပြန်သွားပြီ။ ကျုပ် လာတာက ခင်ဗျားကို ကိစ္စတစ်ခု မေးမလို့။ မြေလွတ်တွေ ဝယ်ထားတဲ့သူ နှစ်ယောက်က ဘယ်မှာလဲ။ သူတို့ကို လျှောက်လုပ်ခွင့် ပေးလို့ မဖြစ်ဘူး။ ကျုပ် တခြား စီစဉ်ထားတာ ရှိတယ်။"

အောက်ချန်က ပြန်ဖြေလိုက်၏။ "သူတို့က မြို့ပြင်မှာလို့ ကျုပ် ကြားတယ်။ ဒီနေ့ မြေစတူးပြီး အလုပ်စလုပ်နေပြီ။ အပြင်ဘက်က ကျွမ်းကျင်သူတချို့ကိုတောင် ခေါ်ပြီး မြို့ပြင်မှာ ပန္နက်ချ အခမ်းအနား လုပ်ဖို့ ပြင်ဆင် နေကြတယ်။ ကျုပ် အခုပဲ လူလွှတ်ပြီး သူတို့ကို သွားခေါ်ခိုင်းလိုက်ရမလား။"

ဖန်ကျန်းရီက ခေါင်းယမ်းလိုက်သည်။ "မလိုဘူး... ကျုပ်တို့ပဲ တိုက်ရိုက် သွားကြတာပေါ့။"

All Chapters