← Chapters

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163-164

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163-164

အခန်း (၁၆၃) အလုပ်မှတ် ပထမရရှိသွားပြီး လီလန် အပ်ချုပ်စက်လက်မှတ်ကို ရယူနိုင်ခဲ့ပြီ

"ရှောင်လီ…မင်းက လျှပ်စစ်မီးကြိုး သွယ်တန်းတော့မလို့လား..."

ကျိုးလျဲ့ရှန်းက အံ့ဩတကြီးဖြင့် မေးလိုက်သည်။

သူသည် လျှပ်စစ်မီးအကြောင်းကို သဘာဝကျကျပင် သိထားပြီးဖြစ်သည်။ သို့သော်လည်း ရွှမ်းရွှေရွာ၏ အခြေအနေကိုလည်း သူ ကောင်းစွာ သဘောပေါက်ထားလေသည်။ ရွာသည် အလှမ်းဝေးခေါင်ဖျားပြီး မြို့နှင့် ကီလိုမီတာ သုံးဆယ်ကျော် ကွာဝေး၏။ ရွာရှိ အိမ်ခြေ သုံးဆယ်ကျော်အနက် မည်သည့်အိမ်မှ လျှပ်စစ်မီး မရရှိကြပေ။

ပိုက်ဆံမရှိကြချေ။ သေချာသည်မှာ သူတို့တွင် ထိုသို့လုပ်ရန် အင်အား မရှိခြင်းပင်ဖြစ်သည်။

လျှပ်စစ်မီးရရှိရန်အတွက် လျှပ်စစ်မီးကြိုးများ သွယ်တန်းခြင်း၊ ဓာတ်တိုင်များ စိုက်ထူခြင်း၊ ဗို့အားမြင့် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းနှင့် လျှပ်စစ်ကျွမ်းကျင်သူ၏ တပ်ဆင်ခများကို ပေးဆောင်ရန် လိုအပ်ပေသည်။ ဤအထွေထွေကုန်ကျစရိတ်များအားလုံး ပေါင်းလိုက်လျှင် ပမာဏမှာ အလွန်များပြားလှ၏။

ရွာသည် ကပ်ဘေးနှင့် ရင်ဆိုင်နေရပြီး လူများမှာ စားဝတ်နေရေးပင် ခက်ခဲနေကြရာ ထိုဗို့အားမြင့် ဓာတ်အားခွဲရုံကြီး တည်ဆောက်ရန် ငွေကြေး မည်သို့မျှ ရှာဖွေနိုင်မည် မဟုတ်ချေ။

ကျိုးလျဲ့ရှန်းသည် လျှပ်စစ်မီး၏ အကျိုးကျေးဇူးများကို သိထားသော်လည်း ငွေကြေးမရှိသောကြောင့် ညဘက်တွင် ရေနံဆီမီးခွက်များနှင့် ဖယောင်းတိုင်များကိုသာ အလင်းရောင်အတွက် အသုံးပြုကာ သည်းခံနေကြရလေသည်။ အဆုံးသတ်တွင်တော့ အရာအားလုံးသည် ငွေကြေးမရှိခြင်းကြောင့်သာ ဖြစ်သည်။

သို့သော်လည်း သူတို့ တတ်နိုင်သည်မှာ ဘာမျှမရှိပေ။ ရွှမ်းရွှေရွာသည် ဆင်းရဲမွဲတေလွန်းလှ၏။ ရွာအဝင်ဝမှ မြို့သို့သွားသော လမ်းသည် ရွှံ့ဗွက်များနှင့် ချိုင့်ခွက်များ ပြည့်နှက်နေသော လမ်းဆိုးကြီးဖြစ်ပြီး မုန်လာဥတူးသကဲ့သို့ တစ်ချက်တူးလိုက်တိုင်း ချိုင့်တစ်ချိုင့် ဖြစ်သွားသကဲ့သို့ ဆိုးရွားလှသည်။

ဤမျှခေါင်းဖျားပြီး ဆင်းရဲမွဲတေလှသော ဒေသတွင် လျှပ်စစ်မီးကြိုးများ တပ်ဆင်ကာ လျှပ်စစ်မီးရရှိရန် တွေးတောခြင်းမှာ လက်တွေ့မကျလှချေ။ ဤသည်မှာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်လေသည်။ လီလန်က လျှပ်စစ်မီးရရှိရန် လျှပ်စစ်မီးကြိုးများ သွယ်တန်းတော့မည်ဟု ပြောလိုက်သည်ကို ကြားသောအခါ ကျိုးလျဲ့ရှန်းမှာ အလွန်အံ့အားသင့်သွားတော့သည်။

လျှပ်စစ်မီးကြိုးများမှတစ်ဆင့် လျှပ်စစ်မီးသွယ်တန်းခြင်းနှင့် ပတ်သက်၍ သူ့ထက် ပိုသိသူမရှိပေ။ ယမန်နှစ်က သူ စဉ်းစားခဲ့ဖူးသော်လည်း လျှပ်စစ်ဓာတ်အားပေးရုံသို့ သွားရောက်ပြီးနောက် ထိုအကြံကို စွန့်လွှတ်ခဲ့ရသည်။ အစီအစဉ် ပျက်ပြားသွားခဲ့ခြင်းဖြစ်၏။

"ရှောင်လီ နောက်မနေနဲ့လေ... ဒါက အလွယ်တကူ လုပ်လို့ရတဲ့ ကိစ္စမျိုး မဟုတ်ဘူးနော်..."

ကျိုးလျဲ့ရှန်းက သတိပေးလိုက်သည်။ တပ်ဖွဲ့ခေါင်းဆောင်ရှန်းက ခွင့်ပြုချက် ပေးလိုက်လျှင်တောင်မှ မြို့ပေါ်ရှိ လျှပ်စစ်ဓာတ်အားပေးရုံသို့ သွားရောက်ရဦးမည် ဖြစ်သည်။

"လျှပ်စစ်ဓာတ်အားပေးရုံက သဘောတူရင်တောင်မှ လျှပ်စစ်မီးကြိုးတွေနဲ့ ဓာတ်တိုင်တွေက ငွေကုန်ကြေးကျ များတယ်၊ အဲဒါက တော်တော်လေး များပြားတဲ့ ပမာဏတစ်ခုပဲလေ..."

ကျိုးလျဲ့ရှန်းသည် လီလန်အနေဖြင့် ထိုကိစ္စကို ပြီးမြောက်ရန် မည်မျှခက်ခဲကြောင်း မစဉ်းစားဘဲ စိတ်လိုက်မာန်ပါ လုပ်ဆောင်မည်ကို စိုးရိမ်နေမိသည်။

"ကျွန်တော် နောက်နေတာ မဟုတ်ပါဘူး၊ လျှပ်စစ်ကျွမ်းကျင်သူနဲ့တောင် စကားပြောပြီးသွားပါပြီ..."

လီလန်က ခေါင်းခါရင်း ပြောလိုက်သည်။ ထိုစကားကို ကြားလိုက်ရသည့်အခါ ကျိုးလျဲ့ရှန်းမှာ ထပ်မံ၍ လန့်ဖျပ်သွားပြန်၏။

လျှပ်စစ်ကျွမ်းကျင်သူနှင့် အရာအားလုံး အဆင်ပြေအောင် စီစဉ်ပြီးဖြစ်ရာ လျှပ်စစ်ဓာတ်အားပေးရုံကလည်း သူ့ကို ခွင့်ပြုချက် ပေးပြီးဖြစ်ရမည်။ လီလန်မှာ အလွန်မြန်ဆန်လှပေသည်။

"ကောင်းပြီ၊ မင်းတို့အိမ် မီးသွယ်ဖို့အတွက် ငါ ခွင့်ပြုစာတစ်စောင် ရေးပေးမယ်..."

ရှန်းဖူကွေ့က ခေါင်းညိတ်၍ အပြာရောင် မင်ရည်ကို စုတ်တံဖြင့်တို့ကာ ခွင့်ပြုစာတစ်စောင် ရေးသားပြီးနောက် ကွန်မြူနစ်အဖွဲ့၏ အနီရောင်တံဆိပ်တုံးကို ရိုက်နှိပ်လိုက်သည်။ သူသည် ခွင့်ပြုစာကို ဆုတ်ဖြဲ၍ လီလန်ထံသို့ ကမ်းပေးလိုက်၏။

"ကျေးဇူးအများကြီး တင်ပါတယ် တပ်ဖွဲ့ခေါင်းဆောင်ရှန်း..."

လီလန်က ပြောလိုက်သည်။

"ခဏလေး လီလန် မင်းက ဝါယာကြိုးတွေကို ဘယ်ကနေ သွယ်တန်းဖို့ စီစဉ်ထားတာလဲ..."

ကျိုးလျဲ့ရှန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"နောက်ကျရင် ခင်ဗျားတို့ သိလာမှာပါ..."

လီလန်က လူတိုင်းကို စိတ်ဝင်စားမှု မြင့်တက်စေရန် ရည်ရွယ်ချက်ဖြင့် ပြောလိုက်သည်။

"ကောင်းပြီ အဖွဲ့ခေါင်းဆောင်လီမှာလည်း အကြံအစည်ရှိနေပြီဆိုတော့ ငါတို့ အတင်းပြောတာတွေကို ရပ်လိုက်ကြရအောင်..."

ရှန်းဖူကွေ့က ခေါင်းခါရင်း ပြောလိုက်သည်။

"အဖွဲ့ခေါင်းဆောင်လီ လုပ်အားခတွေကို ရှင်းပေးဖို့ မင်းရဲ့ အလုပ်မှတ်တွေကို ငါ လာစစ်တာ..."

ရှန်းဖူကွေ့သည် အလုပ်မှတ်စာရင်းစာအုပ်ကို ဆွဲထုတ်ကာ လီလန်၏ အဖေဖြစ်သူ လီတာ့ဟိုင်၏ အမည်ကို ရှာဖွေလိုက်သည်။

"တွေ့ပြီ လီတာ့ဟိုင်က ဒီနှစ်မှာ အလုပ်မှတ် နှစ်ထောင့်ငါးရာရထားတယ်..."

"ပြီးခဲ့သည့်အကြိမ်က မင်း လာပေးထားသော အသား ကျင်း ငါးရာပါ ထည့်တွက်လျှင် အလုပ်မှတ် ငါးထောင်ဖြစ်ပြီး၊ အဲ့နှစ်ခုပေါင်းရင် အလုပ်မှတ် ခုနှစ်ထောင့်ငါးရာဖြစ်သွားပြီ..."

"အဖွဲ့ခေါင်းဆောင်လီ ဒီမှာ ယွမ် တစ်ရာ့ငါးဆယ်ပါ... ရေတွက်ကြည့်လိုက်ပါဦး..."

အလုပ်မှတ် တစ်မှတ်လျှင် နှစ်ဆင့် တန်ဖိုးရှိရာ အလုပ်မှတ် ခုနှစ်ထောင့်ငါးရာဆိုလျှင် ယွမ် ဆစ်ရာ့ငါးဆယ်တန်ဖိုးရှိမည် ဖြစ်သည်။ ဤယွမ် တစ်ရာ့ငါးဆယ်သည် လီလန်၏ မိသားစုက ကွန်မြူနစ်အဖွဲ့အတွက် တစ်နှစ်အတွင်း ရှာဖွေပေးခဲ့သော ဝင်ငွေဖြစ်သည်။ ဤသည်မှာ တစ်နှစ်စာ လစာပင် ဖြစ်လေသည်။

သေချာသည်မှာ ဤယွမ် တစ်ရာ့ငါးဆယ် လစာ၏ အများစုသည် လီလန် ပေးအပ်ခဲ့သော အသား ကျင်းငါးရာမှ လာခြင်းဖြစ်ပြီး၊ ယင်းမှာ ထိုတောဝက်ဘုရင်ကြီးနှင့် လဲလှယ်၍ သူရရှိခဲ့သော အလုပ်မှတ်များပင် ဖြစ်သည်။ သို့မဟုတ်ပါက သူ၏ အဖေဖြစ်သူ ရှာဖွေထားသော အလုပ်မှတ် နှစ်ထောင့်ငါးကာ အပေါ်တွင်သာ မှီခိုနေရလျှင် ယွမ် ငါးဆယ်သာ ရရှိမည် ဖြစ်သည်။ ယွမ် ငါးဆယ်ဆိုသည်မှာ လူလေးယောက်ပါဝင်သော မိသားစုတစ်စုအတွက် တစ်နှစ်စာ စားသောက်ရန် လုံလောက်မည်လား။ သေချာပေါက် မလုံလောက်နိုင်ပေ။

"ရှောင်လီ မင်းက တကယ့်ကို သာမန်မဟုတ်ဘူးပဲ... မင်းရဲ့ အလုပ်မှတ်တွေကို ကြည့်လိုက်ပါဦး... တစ်ကွန်မြူနစ်အဖွဲ့လုံး ပေါင်းလိုက်ရင်တောင် မင်းလောက် ရှိမှာမဟုတ်ဘူး..."

ကျိုးလျဲ့ရှန်းက ဘေးနားမှနေ၍ အားကျစွာဖြင့် ပြောလိုက်သည်။

"အဲဒါတော့ မဖြစ်နိုင်ပါဘူး... ရွာထဲမှာ မိသားစုတစ်စုတည်းက ညီအစ်ကို တော်တော်များများရှိတဲ့ အိမ်ထောင်စုတွေ အများကြီး ရှိသေးတာပဲ..."

လီလန်က မယုံကြည်နိုင်စွာဖြင့် ခေါင်းခါရင်း ပြောလိုက်သည်။ လက်များလျှင် အလုပ်ပိုတွင်ပြီး လူဦးရေများလေလေ သားယောက်ျားလေး များသော မိသားစုများအတွက် အမှတ်ပိုရလေလေ ဖြစ်သည်။ အရွယ်ရောက်ပြီးသော အမျိုးသားတစ်ဦးသည် တစ်နှစ်လျှင် အလုပ်မှတ် သုံးထောင့်ခြောက်ရာ့ငါးဆယ် ရရှိသည်။ အိမ်ထောင်စုတစ်ခုတွင် လူငါးယောက် ခြောက်ယောက်ခန့် ရှိပါက အလုပ်မှတ် နှစ်သောင်းနှစ်ထောင်ရရှိမည်ဖြစ်သည်။ ၎င်းကို တစ်ဝက်သို့ ပြောင်းလဲတွက်ချက်မည် ဆိုလျှင်ပင် အလုပ်မှတ် တစ်သောင်းရရှိနေဆဲပင်။

"သူတို့က လူအင်အားကို အားကိုးကြတာလေ မင်းကကျတော့ မင်းကိုယ်မင်း အားကိုးတာဆိုတော့ ဘယ်လိုလုပ် တူနိုင်မှာလဲ..."

ကျိုးလျဲ့ရှန်းက လီလန်ကို မျက်စောင်းထိုး၍ စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

"ဒါ့အပြင် လူများလေလေ ငွေပိုရလေလေပဲပေါ့... မင်းမိသားစုမှာ မင်းက တစ်ဦးတည်းသော သားဆိုတော့ မင်းက တာဝန်အရှိဆုံးပဲလေ... ဒီယွမ် တစ်ရာ့ငါးဆယ်က မင်းအတွက်ချည်းပဲ မဟုတ်လား..."

ကျိုးလျဲ့ရှန်းက ဆက်ပြောလိုက်သည်။ လီလန်သည် ရယ်မောလိုက်သော်လည်း ဘာမျှမပြောခဲ့ပေ။

ယွမ် တစ်ရာ့ငါးဆယ်ကို လက်ခံရရှိပြီးနောက် လီလန်သည် ကောက်နှံလက်မှတ် နှစ်ကျင်း၊ အသားလက်မှတ် နှစ်ကျင်း၊ ကန်စွန်းဥ တစ်ကျင်းနှင့် အာလူး တစ်ကျင်းတို့ကိုပါ ရရှိခဲ့သည်။

"တပ်ဖွဲ့ခေါင်းဆောင်ရှန်း ဒီနှစ်မှာ အဝတ်အထည်လက်မှတ်တွေ မရှိဘူးလား..."

လီလန်က မေးလိုက်သည်။ နှစ်သစ်ကူးပွဲတော် နီးကပ်လာပြီဖြစ်ရာ လီလန်သည် သူ၏ ညီမနှစ်ယောက်နှင့် ဖခင်ဖြစ်သူအတွက် အင်္ကျီအသစ်များ ဝယ်ပေးရန် မြို့သို့ သွားနိုင်ရန် အဝတ်အထည်လက်မှတ်အချို့ ရယူလိုခြင်း ဖြစ်သည်။

"မရှိဘူးလေ ဒီနှစ်က အထူးအခြေအနေဆိုတော့ ဒီလက်မှတ်နှစ်မျိုးပဲ ရှိတယ်..."

ရှန်းဖူကွေ့က ခေါင်းခါလိုက်သည်။

"ကောင်းပြီ ဒါဆို ကျွန်တော် ပြန်တော့မယ်..."

လီလန်က ငွေနှင့် လက်မှတ်များကို ယူကာ တပ်ဖွဲ့ခေါင်းဆောင်ရှန်းကို နှုတ်ဆက်၍ ကွန်မြူနစ်အဖွဲ့မှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

ကျိုးလျဲ့ရှန်းက သူ့ကို တားလိုက်ပြီး၊

"ရှောင်လီ အမြန်ထွက်မသွားနဲ့ဦးလေ၊ မင်းအတွက် ကြီးမားတဲ့ ဆုကြီးတစ်ခု စောင့်နေသေးတယ်..."

"ကြီးမားတဲ့ ဆုကြီး..."

လီလန်က အနည်းငယ် ကြောင်အမ်းသွားသော်လည်း အခြေအနေကို အမြန်ပင် နားလည်သွားခဲ့သည်။

"ဪ... ခင်ဗျား ပြောတာက ဟိုအပ်ချုပ်စက်လက်မှတ်ကို ဆိုလိုတာလား..."

ကျင်း ခြောက်ရာကျော်ရှိသော ထိုသင်းကွဲတောဝက်ကြီးကို မလွှဲပြောင်းပေးမီတွင် နှစ်ကုန်၍ အလုပ်မှတ်များ ရှင်းလင်းသည့်အခါ ကွန်မြူနစ်အဖွဲ့အတွင်း အလုပ်မှတ် အများဆုံးရရှိသူသည် အပိုဆုအဖြစ် အပ်ချုပ်စက်လက်မှတ်တစ်စောင် ရရှိမည်ဟု တပ်ဖွဲ့ခေါင်းဆောင်ရှန်း ပြောခဲ့ဖူးသည်ကို လီလန် မှတ်မိသွားသည်။ အပ်ချုပ်စက်လက်မှတ်ဆိုသည်မှာ အတော်လေး တန်ဖိုးရှိလှရာ ယင်းက ကြီးမားသော ဆုကြီးတစ်ခု ဖြစ်သည်မှာ သေချာလှသည်။

သို့သော်လည်း ရွှမ်းရွှေကွန်မြူနစ်အဖွဲ့တွင် အိမ်ထောင်စု သုံးဆယ်ကျော်ရှိပြီး အိမ်တိုင်းလိုလို၌ မုဆိုးတစ်ယောက်စီ ရှိကြသည်။ အချို့မိသားစုများတွင် သားယောက်ျားလေး အများအပြားပင် ရှိကြသေးသည်။ ထို့ကြောင့် သူသည် အလုပ်မှတ်ရရှိရာတွင် ပထမဖြစ်မည်ဟု လီလန် မခံစားမိခဲ့ချေ။

"ရောက်နေမှတော့ ခဏလောက် ထပ်စောင့်နေရတာလည်း ကိစ္စမရှိပါဘူးလေ..."

လီလန်သည် ထိုင်ခုံတစ်ခုံကို ရှာ၍ ထိုင်လိုက်ကာ ဆုကြီးမဲဖောက်ပေးမည့် အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။

တစ်ဖက်တွင်မူ ညီအစ်ကိုများဖြစ်ကြသော လီလုံနှင့် လီဟူတို့သည် လူအုပ်ကြီး၏ နောက်ဆုံးဘက်တွင် ရှိနေကြပြီး လီလန်ကို အဝေးမှနေ၍ စောင့်ကြည့်နေကြသည်။

"ဟူး…လီလန်က တကယ့်ကို သာမန်မဟုတ်ဘူးပဲ... သူက ဒီနှစ်မှာ ခုနှစ်ထောင့်ငါးရာရထားပြီး ယွမ် တစ်ရာ့ငါးဆယ်တောင် ရလိုက်တယ်..."

"သူက သင်းကွဲတောဝက်ကြီးကို ပစ်ချနိုင်ခဲ့တာကိုး... အသား ကျင်းငါးရား ခြောက်ရာလောက်တောင် ရှိတာလေ... အကုန်လုံးကို ကွန်မြူနစ်အဖွဲ့ဆီ လွှဲပြောင်းပေးလိုက်လို့သာ အလုပ်မှတ်တွေ အများကြီး ရသွားတာပေါ့... ဟူး… ငါတော့ အရမ်းအားကျမိတာပဲ..."

"အစ်ကို ဒီနှစ်မှာ ငါတို့ အလုပ်မှတ် ဘယ်လောက်ရလဲ... ခန့်မှန်းကြည့်ပါဦး..."

"သိပ်မများပါဘူး သုံးထောင့်ခုနှစ်ရာလောက်ပဲ ရှိမယ် ထင်တယ်..."

"သုံးထောင့်ခုနှစ်ရာတည်းလား... အဲဒါက အရမ်းနည်းလွန်းတယ် လီလန်ရတဲ့ အလုပ်မှတ်ရဲ့ တစ်ဝက်တောင် မရှိဘူး..."

ညီအစ်ကိုနှစ်ယောက်သည် ဤနှစ်အတွင်း သူတို့ရရှိခဲ့သော အလုပ်မှတ်များကို တွက်ချက်နေကြစဉ် သူတို့၏ အစ်မအကြီးဆုံးဖြစ်သူ လီရှန်းဟွာက အလွန် ကြည့်ရဆိုးသော မျက်နှာထားဖြင့် နားထောင်နေလေသည်။ မောင်နှစ်ယောက် ပေါင်းလိုက်လျှင်ပင် လီလန်ရရှိသော အလုပ်မှတ်၏ တစ်ဝက်ကိုတောင် မရနိုင်ချေ။ လီလန် တစ်ယောက်တည်းကပင် အလုပ်မှတ် ငါးထောင်ကို ရှာဖွေနိုင်ခဲ့သည်။ ဆိုလိုသည်မှာ သူမ၏ မောင်နှစ်ယောက်စလုံးက လီလန်ကို မယှဉ်နိုင်ဘူးဆိုသည့် သဘောမျိုး မဟုတ်ပါလော။

"ဟွန့်…မိန်းမမရနိုင်သေးရင်လည်း အလုပ်မှတ်တွေ အများကြီး ရနေတာက ဘာအသုံးကျမှာလဲ..."

လီရှန်းဟွာက လှောင်ပြောင်လိုက်သည်။ လုအန်းနာက လီလန်ကို သဘောကျနေသည်ဟူသော ကိစ္စကို သူမ လုံးဝ မယုံကြည်ပေ။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ နားလည်မှုလွဲတာ တစ်ခုခုတော့ ရှိနေရမည်။

"ကျိုးတာ့မောင်၊ အလုပ်မှတ် ၄၆၈၀..."

"ဝမ်ထျဲ့ကျွင်း၊ အလုပ်မှတ် ၅၅၀၀..."

"ကျိုးလျဲ့ရှန်း၊ အလုပ်မှတ် ၇၀၀၀..."

"လီလုံ၊ အလုပ်မှတ် ၂၀၀၀..."

"လီဟူ၊ အလုပ်မှတ် ၁၇၀၀..."

"..."

ရှန်းဖူကွေ့သည် အလုပ်မှတ်စာရင်းစာအုပ်ထဲရှိ အမည်များအတိုင်း ကွန်မြူနစ်အဖွဲ့ဝင်များထံသို့ လုပ်အားခများအပြင် ကောက်နှံလက်မှတ်များ၊ အသားလက်မှတ်များ၊ ကန်စွန်းဥများနှင့် အာလူးများကို တစ်ယောက်ပြီးတစ်ယောက် ဝေငှပေးလိုက်သည်။

"ကောင်းပြီ ဒါက ဒီနှစ်အတွက် အလုပ်မှတ်ရှင်းလင်းမှု ပြီးဆုံးသွားပြီပဲ... ဘယ်သူ့ကိုများ မေ့ကျန်ခဲ့သေးလဲ..."

"နောက်မှ ပြဿနာတစ်စုံတစ်ရာ ရှိလာရင် ငါ့ဆီ လာခဲ့ကြပါ..."

ရှန်းဖူကွေ့သည် မတ်တတ်ရပ်၍ လူအုပ်ကို တစ်ချက်ကြည့်ကာ အော်ပြောလိုက်သည်။ သူသည် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် သူ၏ အလုပ်မှတ်စာရင်းစာအုပ်ကို ငုံ့ကြည့်လိုက်၏။

"ဒီနှစ်မှာ ငါတို့ ကွန်မြူနစ်အဖွဲ့ထဲကနေ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ထူးချွန်တဲ့ အဖွဲ့ဝင်တစ်ယောက် ရှိတယ်၊ အဲဒီသူက အပိုဆုအဖြစ် အပ်ချုပ်စက်လက်မှတ်တစ်စောင် ရရှိလိမ့်မယ်..."

ရှန်းဖူကွေ့က စကားပြောနေစဉ် ပိုင်ရှန်းမြို့၊ ဖူဆုန့်ခရိုင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး စီမံခန့်ခွဲမှုဦးစီးဌာန၏ အနီရောင်တံဆိပ်တုံး ရိုက်နှိပ်ထားသော လက်မှတ်တစ်စောင်ကို သူ၏အိတ်ကပ်ထဲမှ ဆွဲထုတ်လိုက်သည်။ ဤလက်မှတ်ကို ထုတ်ပြလိုက်သည်နှင့် တစ်ပြိုင်နက် ခြံဝင်းတစ်ခုလုံး၌ ဆူညံပွက်လောရိုက်သွားတော့သည်။

ရှန်းဖူကွေ့နှင့် ကွန်မြူနစ်အဖွဲ့မှ ခေါင်းဆောင်ပိုင်းအချို့သည် အလုပ်မှတ်စာရင်းစာအုပ်ကို အသုံးပြု၍ ခေတ္တမျှ တိုင်ပင်ဆွေးနွေးလိုက်ကြသည်။ ထို့နောက် သူက အော်ပြောလိုက်သည်၊

"ကွန်မြူနစ်အဖွဲ့ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ ဒိနှစ်ရဲ့ တက်ကြွလှုပ်ရှား ထူးချွန်တဲ့ အဖွဲ့ဝင်ကတော့... အဖွဲ့ခေါင်းဆောင် လီလန်ပဲ ဖြစ်တယ်..."

"သူက အလုပ်မှတ် စုစုပေါင်း ခုနှစ်ထောင့်ငါးရာကို ရှာဖွေနိုင်ခဲ့ပြီး ပထမနေရာကို ရရှိထားတယ်..."

"အဖွဲ့ခေါင်းဆောင်လီ၊ အပ်ချုပ်စက်လက်မှတ်ကို ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်..."

အခန်း (၁၆၄) လျှို့ဝှက်သေတ္တာထဲမှ နှစ်သစ်ကူးလက်ဆောင်ထုတ် ထွက်လာခြင်းလော၊ သတင်းအချက်အလက်အသစ် - ကြွက်များက ၎င်းတို့၏တွင်းထဲတွင် ကောက်နှံများဝှက်ထားခြင်း

ကျိုးလျဲ့ရှန်း ပြောသည်မှာ မှန်ကန်ပေသည်။

ဤနှစ်တွင် လီလန်၏ အလုပ်မှတ်များမှာ တပ်ဖွဲ့တစ်ခုလုံးတွင် အများဆုံးဖြစ်လေသည်။

အလုပ်မှတ် အများဆုံးရရှိသူသည် အပိုဆုလာဘ်တစ်ခုအဖြစ် အပ်ချုပ်စက်လက်မှတ်တစ်စောင်ကို ရရှိမည်ဖြစ်သည်။

"ရှောင်လီ... ဂုဏ်ယူပါတယ်..."

ကျိုးလျဲ့ရှန်းသည် ပြုံး၍ လက်သီးဆုပ်ကာ ဂုဏ်ပြုစကား ဆိုလိုက်သည်။

ဤလက်မှတ်မှာ မိမိလက်ထဲသို့ ရောက်လာလိမ့်မည်ဟု တစ်ခါမျှ မတွေးထားခဲ့သောကြောင့် လီလန်ကိုယ်တိုင်လည်း အတော်လေး အံ့အားသင့်သွားတော့သည်။

မယုံနိုင်စရာကောင်းသော ကံကောင်းခြင်းကြီးက သူ၏ခေါင်းပေါ်သို့ ကျရောက်လာခြင်းပင် ဖြစ်၏။

"အဝိုင်းသုံးမျိုး အသံတစ်မျိုး" ဆိုသည်မှာ ထိုခေတ်ကာလ၏ အထည်ဝါဆုံးသော အသုံးအဆောင်ပစ္စည်းများကို ရည်ညွှန်းပြီး အပ်ချုပ်စက်မှာ ၎င်းတို့အနက်မှ အရေးပါသော အရာတစ်ခု ဖြစ်လေသည်။

ဤလက်မှတ်ဖြင့် လီလန်သည် ခရိုင်မြို့ရှိ ကုန်တိုက်သို့ သွားကာ အပ်ချုပ်စက်တစ်လုံးကို ဝယ်ယူနိုင်ပြီဖြစ်သည်။

သေချာသည်က လက်မှတ်ရှိရုံဖြင့် မလုံလောက်ဘဲ ငွေလည်း လိုအပ်ပေသည်။

အပေါဆုံး အပ်ချုပ်စက်ပင်လျှင် ယွမ်တစ်ရာ့ငါးဆယ် တန်ကြေးရှိ၏။

၎င်းမှာ မူလတန်းပြဆရာတစ်ဦး၏ ခြောက်လစာ လစာငွေနှင့် ညီမျှလေသည်။

မြို့ပေါ်ရှိ ရာထူးကြီးမားသော အရာရှိများ၊ သူဌေးများနှင့် အရင်းရှင်များမှလွဲ၍ မည်သူကမျှ အပ်ချုပ်စက်ဝယ်ရန် ယွမ်တစ်ရာ့ငါးဆယ်ကို အကုန်အကျခံမည် မဟုတ်ပေ။

တစ်ခါတစ်ရံတွင်မူ အချို့သော ယောက်ျားများသည် မိမိတို့၏ ချစ်သူကို ကျေနပ်စေရန်အတွက် ခြောက်လတိုင်တိုင် ငွေကို မနည်းစုဆောင်းကာ အပ်ချုပ်စက်ဝယ်ယူရန် အပင်ပန်းခံကြလေသည်။

ဤ "အဝိုင်းသုံးမျိုး အသံတစ်မျိုး" ဟူသည် အမှန်တကယ်ပင် ဂုဏ်သိက္ခာရှိပြီး မျက်နှာပွင့်စေသော အရာများ ဖြစ်ပေသည်။

လီလန်သည် ဝမ်းသာအားရဖြင့် အပ်ချုပ်စက်လက်မှတ်ကို သိမ်းဆည်းလိုက်ပြီး မြို့ပေါ်သို့သွားကာ မှောင်ခိုဈေးကွက်တွင် ငွေဖြင့် ပြန်လည်ရောင်းချရန် စီစဉ်လိုက်သည်။

မိန်းမတစ်ယောက်အတွက် အပ်ချုပ်စက် ဝယ်ပေးမည်လား။ မဖြစ်နိုင်ပေ။ ထိုမိန်းမမျိုးသည် ငွေကိုသာ မက်မောသော မိန်းမမျိုးသာ ဖြစ်လိမ့်မည်ဟု သူ တွေးလိုက်သည်။

မိမိကို တကယ်ချစ်သော မိန်းမသည် မိမိကိုသာ တန်ဖိုးထားမည်ဖြစ်ပြီး မိမိ၏ငွေများကို ဘယ်သောအခါမှ ရက်ရက်ရောရော သုံးစွဲပစ်မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ထိုငွေများကို လွယ်လွယ်ကူကူ ရှာဖွေထားရခြင်း မဟုတ်ကြောင်း သူမ သိထားသောကြောင့် ဖြစ်သည်။

အိမ်ဝိုင်းအတွင်းရှိ သက်ကြီးရွယ်အိုများသည် လီလန်က တစ်နှစ်တာ၏ အကြီးမားဆုံးဆုဖြစ်သော အပ်ချုပ်စက်လက်မှတ်ကို ရရှိသွားသည်ကို မြင်သောအခါ လူတန်းကြီး၏ အနောက်ဘက်ရှိ မိန်းမတစ်ယောက်ထံသို့ အကြည့်များ ရောက်သွားကြတော့သည်။

ထိုမိန်းမမှာ လီရှန်းဟွာပင် ဖြစ်၏။

"အိုး... လီရှန်းဟွာ... အခုတော့ လီလန်မှာ အပ်ချုပ်စက်လက်မှတ်ရှိနေပြီဆိုတော့ အပ်ချုပ်စက် ဝယ်လို့ရပြီလေ... ညည်း သူ့ကို လက်ထပ်ဖို့ သွားမပြောတော့ဘူးလား..."

"ဟွန့်... အဖွဲ့ခေါင်းဆောင်လီရဲ့ အခုလက်ရှိ ချမ်းသာကြွယ်ဝမှုနဲ့ဆိုရင် အပ်ချုပ်စက်တင်မကဘူး... စက်ဘီးနဲ့ ရေဒီယိုကိုတောင် ဝယ်နိုင်နေပြီ..."

"မင်းတို့ တကယ် မသိကြသေးဘူးပဲ... လီလန်က အဖွဲ့ခေါင်းဆောင်ကျန်းရဲ့ မြေးဖြစ်တဲ့ ကျန်းဝေ့ကော်ကို ကယ်တင်ခဲ့လို့ အဖွဲ့ခေါင်းဆောင်ကျန်းက သူ့ကို စက်ဘီးဝယ်ယူခွင့်လက်မှတ်တစ်စောင် ပေးလိုက်တယ်လို့ ကြားတယ်..."

"ကောင်းလိုက်တာ... အခုဆိုရင် အဖွဲ့ခေါင်းဆောင်လီမှာ စက်ဘီးဝယ်ယူခွင့်လက်မှတ်ရော... အပ်ချုပ်စက်လက်မှတ်ရော... ငွေရော ရှိနေပြီ... နှစ်သစ်ကူးပြီးတာနဲ့ သူ စက်ဘီးတစ်စီးနဲ့ အပ်ချုပ်စက်တစ်လုံး ဝယ်လိမ့်မယ်လို့ ငါတော့ ထင်တယ်..."

"အဖွဲ့ခေါင်းဆောင်လီက သားကောင်တွေ အများကြီး အမဲလိုက်ခဲ့ပြီးတော့ ငါးတွေနဲ့ ဝံပုလွေသားရေတွေကို ရောင်းလိုက်ရတာဆိုတော့ ငွေတွေ အများကြီး စုမိနေလောက်ပြီ... ဒီနေ့တောင် လုပ်အားခ ယွမ်တစ်ရာ့ငါးဆယ် ရလိုက်သေးတယ်..."

"လီရှန်းဟွာ... အခုဆိုရင် အဖွဲ့ခေါင်းဆောင်လီက အပ်ချုပ်စက် ဝယ်နိုင်နေပြီ... ပြောစမ်းပါဦး... ညည်း နောင်တရနေပြီလား..."

"အခုမှ နောင်တရနေလည်း အလကားပဲ... အနီးအနားရွာတွေက အိမ်ထောင်မပြုရသေးတဲ့ သမီးပျိုရှိတဲ့ မိသားစုတိုင်းက အဖွဲ့ခေါင်းဆောင်လီကို မျက်စိကျနေကြပြီး ပွဲစားလုပ်ပေးဖို့တောင် လုနေကြတာ..."

"သနားစရာ လီရှန်းဟွာလေး... ဒီလောက်ကောင်းတဲ့ ယောက်ျားတစ်ယောက်ကို ဒီအတိုင်း လက်လွှတ်လိုက်ရတယ်လို့..."

"..."

ဘေးနားရှိလူများက လီရှန်းဟွာကို လှောင်ပြောင် သရော်နေကြလေသည်။ မည်သို့ပင်ဆိုစေ လီရှန်းဟွာက လီလန်ထံမှ တင်တောင်းစရိတ် ယွမ်တစ်ရာနှင့် အပ်ချုပ်စက်တစ်လုံး တောင်းဆိုခဲ့သည့် ကိစ္စမှာ ရွှမ်းရွှေရွာ တစ်ရွာလုံးသို့ ပြန့်နှံ့နေပြီ ဖြစ်သည်။

ယခုအခါတွင် လီလန်သည် အပ်ချုပ်စက်လက်မှတ်နှင့် လုပ်အားခ ယွမ်တစ်ရာ့ငါးဆယ်ကို ရရှိခဲ့ပြီဖြစ်ရာ အစပိုင်းတွင် လီရှန်းဟွာ လိုချင်ခဲ့သော လက်ထပ်ရန် ကန့်သတ်ချက်များနှင့် ကိုက်ညီနေလေပြီ။

ကံမကောင်းစွာဖြင့် ယခုအခါတွင် အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ရွာထဲရှိ မိန်းကလေး အများအပြားမှာ လီလန်ကို လက်ထပ်ချင်နေကြသဖြင့် လီရှန်းဟွာ၏ အလှည့်ကို မရောက်နိုင်တော့ပေ။

လီလန်တစ်ယောက် လီရှန်းဟွာ၏ အလွန်အကျွံ တောင်းဆိုမှုများကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်မှာ အချိန်သိပ်မကြာသေးပေ။ မည်သူက လူပြက်ဖြစ်သွားသနည်း ဆိုသည်မှာ ထင်ရှားနေလေပြီ။

လီရှန်းဟွာသည်သာ ထိုလူပြက်ကြီး ဖြစ်လေသည်။

ဆိုရိုးစကားရှိသည့်အတိုင်း "မြစ်အရှေ့ဘက်တွင် အနှစ်သုံးဆယ်၊ မြစ်အနောက်ဘက်တွင် အနှစ်သုံးဆယ်" ဆိုသော်လည်း လီလန်အတွက်မူ တစ်လပင် မကြာလိုက်ပေ။

ဘေးနားရှိလူများက မိမိကို လက်ညှိုးထိုးကာ လှောင်ပြောင်ရယ်မောနေကြသည်ကို ခံစားလိုက်ရသဖြင့် လီရှန်းဟွာမှာ အရှက်ရလွန်းလှသဖြင့် မြေကြီးထဲသို့ပင် တိုးဝင်ပျောက်ကွယ်သွားချင်စိတ် ပေါက်သွားတော့သည်။

ထိုကဲ့သို့သော အရှက်ခွဲခံရမှုများကို သည်းမခံနိုင်တော့ဘဲ လီရှန်းဟွာသည် မျက်လုံးများ နီရဲလာကာ လူအုပ်ကြီးထဲမှ တိုးထွက်၍ ကွန်မြူနစ်အဖွဲ့ အိမ်ဝိုင်းထဲမှ ပြေးထွက်သွားလေတော့သည်။

လီလန်သည် သူမကို တစ်ချက်ပင် လှည့်မကြည့်ဘဲ သူ၏ လက်ပတ်နာရီကိုသာ ငုံ့ကြည့်လိုက်သည်။ မွန်းတည့်ချိန်သို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်ရာ လျှို့ဝှက်သေတ္တာများ အသစ်ပြန်လည်ထွက်ပေါ်လာမည့် အချိန်ပင် ဖြစ်သည်။

"ဟူး... ကိုယ်စိုက်တဲ့ အသီး ကိုယ်ပြန်စားရတာပါပဲ..."

ရှန်းဖူကွေ့သည် ပြေးထွက်သွားသော လီရှန်းဟွာကို တစ်ချက်ကြည့်လိုက်ပြီးနောက် လီလန်ကို ကြည့်ကာ ခေါင်းခါရုံမှတစ်ပါး အခြားမတတ်နိုင်တော့ပေ။

လီရှန်းဟွာ၏ ယခုလက်ရှိ အခြေအနေမှာ သူမကိုယ်တိုင် ဖန်တီးခဲ့သော ပြဿနာများသာ ဖြစ်သည်။ အကယ်၍ ထိုအချိန်က လီလန်ကို တင်တောင်းစရိတ် ယွမ်တစ်ရာပေးရန် ဖိအားမပေးခဲ့ပါက သူမသည် လီလန်နှင့် လက်ထပ်ပြီး ဇိမ်ကျကျ နေထိုင်နေရမည်မှာ ကြာလှပြီ ဖြစ်သည်။

ယခုတော့ ကဲ့ရဲ့လှောင်ပြောင်ခံရခြင်း၊ ကွယ်ရာတွင် အတင်းပြောခံရခြင်းများနှင့်အတူ ရယ်စရာတစ်ခု ဖြစ်လာခဲ့ရပေသည်။

လီရှန်းဟွာ၏ နာမည်ဂုဏ်သတင်းမှာ ပျက်စီးသွားခဲ့လေပြီ။

"တပ်ဖွဲ့ခေါင်းဆောင်ရှန်း... တပ်ဖွဲ့ခေါင်းဆောင်ကျိုး... ကျွန်တော် ပြန်တော့မယ်..."

အချိန်နီးကပ်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် လီလန်သည် ရှန်းဖူကွေ့နှင့် ကျိုးလျဲ့ရှန်းတို့ကို နှုတ်ဆက်ကာ အိမ်ဝိုင်းထဲမှ ထွက်ခွာလာခဲ့သည်။

အိမ်ဝိုင်းထဲမှ ထွက်လာပြီး ခြေလှမ်းအနည်းငယ်မျှ လျှောက်လိုက်သည်နှင့် ရင်းနှီးနေသော သတ္တုအသံတစ်ခုက သူ၏ စိတ်ထဲတွင် ထွက်ပေါ်လာ၏။

[ဒင်... ယနေ့အတွက် လျှို့ဝှက်သေတ္တာအသစ်များ ထွက်ပေါ်လာပါပြီ...]

[ပိုင်ရှင်၏ လက်ရှိ နှစ်သက်ခြင်းအမှတ်... ရမှတ် ၇၉၉၉ မှတ်...]

လီလန်မှာ ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။

(၇၉၉၉ )မှတ် ဖြစ်နေလေသည်။

အဆင့် (၅)လျှို့ဝှက်သေတ္တာကို ရရှိရန်အတွက် တစ်မှတ်သာ လိုတော့၏။

ထိုတစ်မှတ်ကပင် သူ့ကို တားဆီးရန် လုံလောက်နေခဲ့လေသည်။

လီလန်သည် အံ့သြတကြီးဖြင့် စုပ်သပ်လိုက်မိသည်။

ဤကာလအတွင်း သူသည် ပညာတတ်လူငယ်မလေး၊ မာလောင်တ၊ ကျိုးတာ့ဖူနှင့် ဟန်ကျန်းတန်တို့ထံမှ နှစ်သက်ခြင်းအမှတ် အမြောက်အမြားကို ရရှိခဲ့လေသည်။

သူက ထိုနှစ်သက်ခြင်းအမှတ်များ အားလုံးပေါင်းလိုက်လျှင် ရှစ်ထောင်ကျော်သွားပြီဟု ထင်မှတ်ထားခဲ့သည်။

မထင်မှတ်ထားဘဲ အဆင့် (၅) လျှို့ဝှက်သေတ္တာကို လဲလှယ်ရန်အတွက် တစ်မှတ် လိုအပ်နေသေးသည်။

အဆင့် (၅ )လျှို့ဝှက်သေတ္တာတစ်ခုအတွက် ရမှတ်ရှစ်ထောင် လိုအပ်ပြီး ၎င်းမှာ ရမှတ် လေးထောင်၏ နှစ်ဆ ဖြစ်လေသည်။

လက်ရှိတွင် လီလန်၌ ရမှတ် (၇၉၉၉) မှတ်သာ ရှိပြီး စည်းမျဉ်းများအရ အဆင့် (၄)လျှို့ဝှက်သေတ္တာ တစ်ခုတည်းကိုသာ လဲလှယ်နိုင်မည် ဖြစ်သည်။

"ကောင်းပြီလေ... အဆင့် ၄ ပဲ ယူလိုက်တော့မယ်... နှစ်သစ်ကူးပွဲတော်ကလည်း နီးနေပြီဆိုတော့ နှစ်သစ်ကူးပစ္စည်းတွေ အရင်ပြင်ဆင်ထားဖို့က ပိုအရေးကြီးတယ်..."

လီလန်သည် လျင်မြန်စွာပင် ဆုံးဖြတ်ချက်ချလိုက်သည်။

"အဆင့် ၄ လျှို့ဝှက်သေတ္တာနဲ့ လဲလှယ်လိုက်ပါ..."

[အဆင့် ၄ လျှို့ဝှက်သေတ္တာ လဲလှယ်ခြင်း အောင်မြင်ပါသည်...]

[ရမှတ် ၄၀၀၀ ကို နှုတ်ယူပြီးဖြစ်ပါသည်... ပိုင်ရှင်၏ လက်ကျန် နှစ်သက်ခြင်းအမှတ်... ၃၉၉၉ မှတ်...]

"လျှို့ဝှက်သေတ္တာကို ဖွင့်လိုက်ပါ..."

လီလန်က အမိန့်ပေးလိုက်သည်။

[လျှို့ဝှက်သေတ္တာကို ဖွင့်နေပါသည်...]

[ဂုဏ်ယူပါတယ် ပိုင်ရှင်... အောက်ပါအရာများကို ရရှိပါသည်...]

[ပစ္စည်းများ - အဝတ်အထည်လက်မှတ် ၂ စောင် (၅ ပေ)၊ ဖိနပ်လက်မှတ် ၄ စောင်၊ ချက်ပြုတ်ပြီးသားအသားလက်မှတ် ၁ စောင် (၁ ကျင်း)၊ ဆပ်ပြာလက်မှတ် ၁ စောင်၊ အဝတ်လျှော်ဆပ်ပြာမှုန့်လက်မှတ် ၁ စောင်၊ မီးခြစ်လက်မှတ် ၁ စောင်၊ မီးသီးလက်မှတ် ၃ စောင်၊ အခြေခံစားသောက်ကုန်မဟုတ်သော ပစ္စည်းလက်မှတ် ၁ စောင် (၂ ကျင်း)...]

ရေတွက်နေသကဲ့သို့ ဆက်တိုက်ထွက်ပေါ်လာသော အီလက်ထရောနစ် အချက်ပေးသံများကို ကြားလိုက်ရသဖြင့် လီလန်မှာ အံ့အားသင့်သွားတော့သည်။

ဤတစ်ကြိမ်တွင် စနစ်၏ ဆုလာဘ်များမှာ အလွန်ကောင်းမွန်လှပေသည်။ ၎င်းတို့ထဲတွင် သူလိုအပ်နေသော အဝတ်အထည်လက်မှတ်များ၊ အခြေခံစားသောက်ကုန်မဟုတ်သော ပစ္စည်းလက်မှတ်များနှင့် မီးသီးလက်မှတ်များပင် ပါဝင်နေလေသည်။

စနစ်သည် နှစ်သစ်ကူးပွဲတော် နီးကပ်လာပြီဖြစ်ကြောင်းကို သိရှိပြီး နှစ်သစ်ကူးလက်ဆောင်ထုတ်ကို ပေးပို့လိုက်ခြင်းပေလောဟု တွေးမိလိုက်သည်။

လီလန် တွေးတောနေစဉ်မှာပင် စနစ်၏ အသံက ထပ်မံထွက်ပေါ်လာပြန်၏။

[သတင်းအချက်အလက် - ရွှမ်းရွှေရွာ၏ ရှေ့ဘက် ကီလိုမီတာ နှစ်ဆယ်အကွာရှိ အများပိုင်လယ်ကွင်းဘေးရှိ ကျောက်တုံးကြီးအောက်သို့ သုံးမီတာခန့် တူးလိုက်ပါက ကောက်နှံ ကျင်းသုံးဆယ် ပါဝင်သော လယ်ကြွက်တွင်းတစ်ခုကို တွေ့ရပါမည်...]

All Chapters