အခန်း (၁၆၉-၁၇၀)
Vol. 17 Ch. 169-170
အခန်း (၁၆၉) ရုပ်ပြစာအုပ်၊ လိင်မှုရေးရာနည်းလမ်းများနှင့် ကာမရာဂနှိုးဆွသော ပုံများ
လီလန်သည် အညိုရောင်စက္ကူကြမ်းထုပ်တစ်ခုကို သယ်ဆောင်၍ ဟူမိသားစုခြံဝင်းအတွင်းမှ ထွက်လာခဲ့သည်။
သူ၏နောက်တွင်မူ မျက်နှာရှုံ့မဲ့နေသော ဟူလောင်ပါးက လိုက်ပါလာလေသည်။
"ခေါင်းဆောင်ဟူ စိတ်ကိုလန်းလန်းဆန်းဆန်းထားပါ... နောက်မှ ဆိတ်သား ကျင်းနှစ်ဆယ် လာပို့ပေးမယ်၊ ဒီည ခင်ဗျားနဲ့ လောင်ဟူတို့ မုန်လာဥဖြူနဲ့ ဆိတ်သားစွပ်ပြုတ် သောက်လို့ရပြီ..."
"ကျွန်တော့်ရဲ့ မီးခိုးပြာရောင်တောင်ဆိတ်ကြီးက အရမ်းလတ်ဆတ်တာမလို့ စွပ်ပြုတ်လုပ်သောက်ရင် မယုံနိုင်လောက်အောင်ကို မွှေးကြိုင်နေမှာ..."
လီလန်သည် လှည့်၍ ဟူလောင်ပါးကို ပြုံးပြလိုက်သည်။
"ဟွန့် လောလောဆယ်တော့ မင်းကို အကြွားခံလိုက်ဦးမယ် စောင့်သာကြည့်နေလိုက်..."
လီလန်၏ နဖားကြိုးတပ် ဆွဲခေါ်ရာနောက်သို့ ထပ်မံပါလာရသဖြင့် ဟူလောင်ပါးမှာ မပျော်ရွှင်နိုင်ပေ။
သူတို့နှစ်ဦး ခြံဝင်းအတွင်းမှ ထွက်လာခဲ့ပြီး တံခါးဝတွင် စောင့်ဆိုင်းနေသော ကျန်းတယ်ကျွင်းသည် လီလန်ကို မြင်သည်နှင့် အလျင်အမြန်ပင် နှုတ်ဆက်ရန် လျှောက်လာခဲ့သည်။
"အစ်ကိုလန် အပေးအယူ အဆင်ပြေသွားပြီလား..."
ကျန်းတယ်ကျွင်းသည် အောက်သို့ငုံ့ကြည့်လိုက်ရာ လီလန်၏လက်ထဲတွင် အညိုရောင်စက္ကူကြမ်းထုပ်တစ်ခုကို ကိုင်ဆောင်ထားသည်ကို မြင်လိုက်ရသဖြင့် အလွန်အမင်း အံ့အားသင့်သွားတော့သည်။
လောင်ဟူ၏အိမ်မှ အဘယ်ကြောင့် ပစ္စည်းတစ်ခုခုကို ကိုင်ဆောင်၍ ထွက်လာရသနည်း။
ဤအထဲတွင် မည်သည့်အရာများ ပါဝင်နေသနည်း။
၎င်းမှာ လောင်ဟူက အစ်ကိုလန်ကို ပေးလိုက်သော အထူးလက်ဆောင်များ ဖြစ်နေမည်လား။
"အဆင်ပြေသွားပြီ..."
လီလန်သည် ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
ကျန်းတယ်ကျွင်း၏ အကြည့်များမှာ လက်ဖက်ခြောက်ထုပ်ပေါ်တွင် ရပ်တန့်နေသည်ကို သူ သတိထားမိလိုက်သဖြင့် အပေါ်သို့ အနည်းငယ်မြှောက်ပြလိုက်သည်။
"လောင်ဟူပေးလိုက်တဲ့ လက်ဖက်ခြောက်က အရသာတော်တော်ကောင်းတယ်... နောက်မှ မင်းကို နည်းနည်း ခွဲပေးမယ်..."
ထိုစကားကို ကြားလိုက်ရသည့်အခါ ဟူလောင်ပါးသည် သူ့ဟာသူ တီးတိုးရေရွတ်လိုက်၏။
"ပေးလိုက်တာ ဟုတ်လား... မင်းက တကယ် မျက်နှာပြောင်တိုက်လွန်းတဲ့သူပဲ..."
"လောင်ဟူ ခင်ဗျားတို့ရဲ့ အိမ်သာက ဘယ်မှာလဲ... အရင်က ကျွန်တော် သုံးဖူးတယ်..."
လီလန်သည် လှည့်၍ လောင်ဟူကို အနည်းငယ် ပြုံးပြလိုက်သည်။
*ခင်ဗျားက ကျွန်တော့်အကြောင်းကို အတင်းပြောနေတာလား။ ကျွန်တော် မကြားဘူးလို့ ထင်နေတာလား*
လောင်ဟူသည် မျက်ခုံးပင့်လိုက်ပြီး လမ်းညွှန်လိုက်သည်။
"ခြံထဲဝင်ဝင်ချင်း ညာဘက်ကို ကွေ့လိုက်..."
လီလန်သည် ခေါင်းညိတ်လိုက်ပြီး ကျန်းတယ်ကျွင်းကို ပြောလိုက်သည်။
"ကျွင်းဇီ မင်း ခေါင်းဆောင်ဟူနဲ့အတူ ဗို့အားမြင့် ဓာတ်အားပေးရုံကို သွားစစ်ဆေးလိုက်ဦး... ငါ အိမ်သာသွားလိုက်ဦးမယ်..."
လီလန်သည် စကားပြောရင်း သူ၏လက်ထဲရှိ အညိုရောင်စက္ကူကြမ်းထုပ်ကို ကျန်းတယ်ကျွင်းထံသို့ ကမ်းပေးလိုက်သည်။
ကျန်းတယ်ကျွင်းသည် ၎င်းကို ယူလိုက်ပြီး စကားပြန်ဆိုလိုက်သည်။
"ကောင်းပါပြီ..."
ထို့နောက် သူသည် ဟူလောင်ပါး၏နောက်မှလိုက်၍ အိမ်နောက်ဘက်ရှိ ဗို့အားမြင့် ဓာတ်အားပေးရုံကို စစ်ဆေးရန် သွားလေသည်။
ဟူလောင်ပါး ညွှန်ပြလိုက်သော လမ်းကြောင်းအတိုင်း လိုက်သွားရာ လီလန်သည် အိမ်သာဆီသို့ အလျင်အမြန်ပင် ရောက်ရှိသွားတော့သည်။
"ကျွတ်ကျွတ်… ချမ်းသာတဲ့ မိသားစုတွေရဲ့ အိမ်သာက တကယ့်ကို ကွာခြားတာပဲ... ယောကျ်ား မိန်းမ သီးသန့်အခန်းတွေတောင် ခွဲထားသေးတယ်..."
လောင်ဟူ၏ အိမ်သာတွင် အခန်းငယ်နှစ်ခုရှိပြီး ဘယ်ဘက်မှာ ယောကျ်ားလေးအိမ်သာဖြစ်ကာ ညာဘက်မှာ မိန်းကလေးအိမ်သာ ဖြစ်သည်။
လီလန်တို့ကဲ့သို့ သာမန်မိသားစုများတွင် ထိုကဲ့သို့သော အဆောက်အအုံများကို ဆောက်လုပ်ရန် ငွေကြေးမရှိကြသဖြင့် အားလုံးမှာ ကျားမ ရောနှောအသုံးပြုရသော အိမ်သာများကိုသာ အသုံးပြုကြရသည်။
အချို့လူများတွင် အိမ်သာပင် မရှိကြသဖြင့် အလေးသွားချင်လာပါက အပြင်သို့ထွက်၍ ကျပန်းနေရာတစ်ခုကိုရှာကာ ဘောင်းဘီချွတ်၍ ပြီးပြတ်အောင် ရှင်းလေ့ရှိကြသည်။
လီလန်သည် ဘယ်ဘက်ရှိ ယောကျ်ားလေးအိမ်သာထဲသို့ ဝင်သွားရာ အိမ်သာအိုးနှစ်ခုကို မြင်လိုက်ရသည်။
ကျေးလက်ဒေသများတွင် ခြောက်သွေ့သောအိမ်သာများ အားလုံးမှာ ဆောင့်ကြောင့်ထိုင်ရသည့် အိမ်သာများဖြစ်ပြီး အပေါ်ဘက်တွင် စတုဂံပုံစံသဏ္ဌာန် အပေါက်တစ်ခုရှိကာ အောက်ဘက်တွင် ကျင်းတစ်ခုရှိလေသည်။
ချမ်းသာသော မိသားစုများမှာ အလွန်ပင် ဇိမ်ကျလှပေသည်။ သူတို့တွင် အိမ်သာအိုး နှစ်ခုပင်ရှိကြ၏။
လီလန်သည် ကျပန်းနေရာတစ်ခုကိုရှာ၍ သူ၏ဘောင်းဘီဇစ်ကို ဖြုတ်လိုက်သည်။
သူသည် ပျင်းရိလာသဖြင့် အိမ်သာကို အထက်အောက် စူးစမ်းကြည့်ရှုနေမိသည်။
ထောင့်တစ်နေရာတွင် သတင်းစာများနှင့် အရောင်ပြောင်းနေသော ရုပ်ပြစာအုပ်အချို့ ပါဝင်သည့် ကတ်ထူဖာတစ်ခုကို စုပုံထားသည်ကို မြင်လိုက်ရသည်။
"ရုပ်ပြစာအုပ်တွေလား..."
လီလန်၏ နှလုံးသားမှာ ရုတ်တရက် ခုန်ပေါက်သွားပြီး ချက်ချင်းပင် စိတ်ဝင်စားသွားတော့သည်။
ခြောက်သွေ့သောအိမ်သာတွင် ဆောင့်ကြောင့်ထိုင်နေချိန်၌ ပျင်းရိနေပါက အချိန်ဖြုန်းရန်အတွက် စာအုပ်များ သို့မဟုတ် မဂ္ဂဇင်းအချို့ကို ချထားလေ့ရှိကြသည်။
ဤမဂ္ဂဇင်းများနှင့် စာအုပ်များကို အိမ်သာသုံး ဖတ်စရာစာအုပ်များ ဟု ခေါ်ကြသည်။
သိချင်စိတ်ပြင်းပြလာသဖြင့် လီလန်သည် ရုပ်ပြစာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်လေသည်။
သူသည် ၎င်းကို ကျပန်းပုံစံဖြင့် စာမျက်နှာ အနည်းငယ်လှန်ကြည့်လိုက်သည်။
ထိုအပေါ်ရှိ ပုံများကို မမြင်ရမီအချိန်အထိ သူ တိတ်ဆိတ်နေသင့်သော်လည်း ယခုမူ သူ၏မျက်နှာမှာ ရဲရဲနီသွားတော့သည်။
"သေစမ်း ဒီရုပ်ပြစာအုပ်က ဘာခွေးချီးတွေလဲ..."
"ဒါက တရားဝင် ရုပ်ပြစာအုပ်ရော ဟုတ်ရဲ့လား..."
ညည်းတွားနေသော်လည်း လီလန်သည် ရုပ်ပြစာအုပ်ကို ကိုင်ထားဆဲဖြစ်ပြီး အလွန်စိတ်ဝင်တစားဖြင့် ဖတ်ရှုနေလေသည်။
"ငါ နည်းလမ်းတချို့ကို သင်ယူပြီး အစ်မပိုင်ကျဲ့နဲ့ နောက်မှ လက်တွေ့ကျင့်သုံးကြည့်ရမယ်..."
အချိန်အတန်ကြာ ကြည့်ရှုပြီးနောက် လီလန်မှာ ပိုပို၍ စွဲလန်းလာတော့သည်။
"ကောင်းလိုက်တဲ့ ပစ္စည်းတွေ... တကယ့်ကို ကောင်းလိုက်တဲ့ ပစ္စည်းတွေ..."
"ဒီကာမရာဂနှိုးဆွတဲ့ ပုံတွေက လောင်ဟူနဲ့တော့ သေချာပေါက် မသက်ဆိုင်ဘူး... အများအားဖြင့် ခေါင်းဆောင်ဟူရဲ့ ပစ္စည်းတွေ ဖြစ်နိုင်တယ်..."
ဟူလောင်ပါးတစ်ယောက်တည်းသာ ဤကဲ့သို့သောအရာမျိုးကို လုပ်နိုင်လေသည်။
"ပစ္စည်းကောင်းပဲ... ဒါကို ရက်အနည်းငယ်လောက် ငှားသွားဦးမယ်... အဲဒီအပေါ်က နည်းလမ်းတွေကို သင်ယူပြီးမှပဲ ခေါင်းဆောင်ဟူဆီကို ပြန်ပေးတော့မယ်..."
လီလန်သည် အိပ်ခန်းတွင်း နည်းလမ်းလေးဆယ် စာအုပ်ကို သိမ်းဆည်းလိုက်ပြီး သူ၏ ဝါဂွမ်းဖုံး အင်္ကျီအတွင်းသို့ ထိုးထည့်လိုက်လေသည်။
"ငါ ကိုယ်ခံပညာတွေကို ပိုပြီး သင်ယူဖို့ လိုသေးတာပဲ..."
လီလန်သည် သက်ပြင်းချကာ ခေါင်းခါရမ်းမိတော့သည်။
ဤရုပ်ပြစာအုပ်ကို မြင်လိုက်ရသောအခါ လီလန်သည် တိုက်ကြီးတစ်ခုကို အသစ်ရှာဖွေတွေ့ရှိလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
"ဝိုး မတူညီတဲ့ အနေအထားတွေက အများကြီးပါလား..."
"ဟီးဟီး နောက်မှ အစ်မပိုင်ကျဲ့ကို ပြရမယ်... သူလည်း ကြိုက်လောက်မှာပါ..."
သူတို့နှစ်ဦး တစ်ယောက်နှင့်တစ်ယောက် အပြည့်အဝ ပွင့်လင်းမြင်သာမှု ရှိခဲ့ပြီးသည့်အချိန်မှစ၍ ပိုင်ကျဲ့မှာ တစ်ခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားပြီး အလွန်အမင်း တက်ကြွလာခဲ့သည်။
အိမ်သာအတွင်း အလေးအပေါ့သွားပြီးနောက် လီလန်သည် ဟူမိသားစုခြံဝင်း၏ နောက်ကျောဘက်သို့ ပြန်လာခဲ့သည်။
ထိုအချိန်တွင် ကျန်းတယ်ကျွင်းသည်လည်း ဗို့အားမြင့် ဓာတ်အားပေးရုံကို စစ်ဆေးခြင်း ပြီးဆုံးသွားပြီဖြစ်သည်။
"ကျွင်းဇီ ပြီးပြီလား..."
လီလန်က မေးလိုက်သည်။
"ပြီးပါပြီ..."
ကျန်းတယ်ကျွင်းက ခေါင်းညိတ်လိုက်သည်။
"ကျွန်တော် စစ်ဆေးကြည့်ပြီးပြီ ဗို့အားက တော်တော်လေး တည်ငြိမ်တယ်... ကျွန်တော်တို့ လျှပ်စစ်မီး သွယ်ယူလို့ရတယ်... စန်းဟော့ရွာကနေ ခင်ဗျားအိမ်အထိ အကွာအဝေးကို ခန့်မှန်းကြည့်ရရင် ဓာတ်တိုင် ဆယ့်နှစ်တိုင်လောက်နဲ့ မီးကြိုး တစ်ကီလိုမီတာလောက် လိုလိမ့်မယ်..."
ကျန်းတယ်ကျွင်းက ခွဲခြမ်းစိတ်ဖြာ၍ ပြောလိုက်သည်။
"ကျွင်းဇီ မင်း လျှပ်စစ်မီးကြိုးတွေ ရနိုင်မလား... ကုန်ကျစရိတ် ဘယ်လောက်ပဲရှိရှိ ငါ ပေးပါ့မယ်... နောက်မှ မင်းကို ပေးမယ်လေ..."
လီလန်က မေးလိုက်သည်။
"ရပါတယ်... ကျွန်တော်တို့ ဓာတ်အားပေးရုံမှာ ရှိတယ်..."
ကျန်းတယ်ကျွင်းက ခေါင်းညိတ်လိုက်သည်။
"ဓာတ်တိုင်တွေအတွက်တော့ စိတ်မပူနဲ့... အဲဒါကို ငါ တာဝန်ယူမယ်..."
ရွှမ်းရွှေရွာသည် တစ်ဖက်တစ်ချက်စီတွင် တောင်တန်းများ ဝန်းရံထားပြီး တောင်ပေါ်တွင် သစ်ပင်များ ပြည့်နှက်နေလေသည်။
သစ်ပင်ရှိသောနေရာတိုင်းတွင် သစ်သားများရှိပြီး သစ်သားများမှာ ပေါများလှကာ တောင်တန်းများနှင့် လွင်ပြင်များကိုပင် ဖုံးလွှမ်းထားသည်။
တစ်ခုတည်းသော ဒုက္ခပေးသည့်အချက်မှာ ၎င်းတို့ကို ခုတ်လှဲရန် အနည်းငယ်ခက်ခဲပြီး သစ်ခေါက်များကိုပါ ခွာပစ်ရန် လိုအပ်ခြင်းပင် ဖြစ်သည်။
သို့သော်လည်း ဤသည်မှာ လီလန်အတွက် ကြီးမားသော ပြဿနာတစ်ခု မဟုတ်ပေ။
"ကောင်းပြီ... မနက်ဖြန်ကျရင် ဓာတ်တိုင်တွေ ပြင်ဆင်ဖို့ လူတချို့ကို ငါ ခေါ်ထားလိုက်မယ်... သန်ဘက်ခါကျရင် မင်း မီးကြိုးတွေ စသွယ်လို့ရပြီ... ဘယ်လိုလဲ အဆင်ပြေလား..."
"ကောင်းပါပြီ... ဒါပေမဲ့ ကျွန်တော် တစ်ယောက်တည်းတော့ မလုပ်နိုင်ဘူး... လုပ်ဖော်ကိုင်ဖက် နှစ်ယောက်ကိုတော့ ခေါ်လာရလိမ့်မယ်..."
"ဒါက မျှတပါတယ်... တပ်ဆင်ခကို ငါ အပိုပေးမှာမလို့ စိတ်ပူစရာမလိုဘဲ အေးအေးဆေးဆေးသာ လုပ်ပါ..."
လီလန်နှင့် ကျန်းတယ်ကျွင်းတို့သည် လျှပ်စစ်မီးကြိုးများ တပ်ဆင်ရန်အတွက် အသေးစိတ်အချက်အလက်များနှင့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြပြီး သန်ဘက်ခါတွင် လျှပ်စစ်မီး စတင်သွယ်တန်းရန် ဆုံးဖြတ်လိုက်ကြသည်။
"အကုန်ပြီးသွားပြီ... အိမ်ပြန်ကြစို့..."
လီလန်သည် လက်ဖက်ခြောက်ထုပ်ကို ယူလိုက်လေသည်။
"ခေါင်းဆောင်ဟူ ကျွန်တော်နဲ့ လိုက်ခဲ့ပါ... ဆိတ်သားတွေက မခုတ်ထစ်ရသေးဘူးဆိုတော့ ခင်ဗျားရဲ့ အကူအညီ လိုသေးတယ်..."
"ကောင်းပြီလေ..."
ထို့နောက် ဟူလောင်ပါးသည် လီလန်၏နောက်မှလိုက်၍ ရွှမ်းရွှေရွာသို့ ပြန်လာခဲ့လေသည်။
ဟူလောင်ပါးသည် လီလန်၏အိမ်ထဲသို့ ဝင်ဝင်ချင်းပင် ခြံဝင်းထဲတွင် လဲလျောင်းနေသော မီးခိုးပြာရောင်တောင်ဆိတ်ကြီး တစ်ကောင်ကို မြင်လိုက်ရသည်။
ထိုအခါမှ လီလန် လိမ်ပြောနေခြင်းမဟုတ်ကြောင်း ဟူလောင်ပါး သဘောပေါက်သွားတော့သည်။ သူသည် ယနေ့တွင် ကျင်းတစ်ရာကျော် အလေးချိန်ရှိသော မီးခိုးပြာရောင်တောင်ဆိတ်ကြီး တစ်ကောင်ကို အမှန်တကယ် အမဲလိုက်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။
"ခေါင်းဆောင်ဟူ ခင်ဗျားရောက်လာတာပဲ... တကယ့်ကို ရှားပါးဧည့်သည်ပဲ..."
လီတာ့ဟိုင်သည် မီးခိုးပြာရောင်တောင်ဆိတ်ကြီးကို ကိုင်တွယ်ရန် အသင့်အနေအထားဖြင့် ရေနွေးဇလုံတစ်လုံးကို ကိုင်ဆောင်ကာ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။
"ခေါင်းဆောင်ဟူ ကျွန်တော့်ကို ကူညီပါဦး... သားရေခွာပြီး အသားတွေကို ပိုင်းကြရအောင်..."
"ကောင်းပြီလေ..."
ဟူလောင်ပါးသည် အသင့်ပင် သဘောတူလိုက်ပြီး အလုပ်စတင်ရန်အတွက် သူ၏ အင်္ကျီလက်များကို ခေါက်တင်လိုက်လေသည်။
ထိုစဉ် ခြံဝင်းအပြင်ဘက်မှ အံ့အားသင့်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။
" မင်းတို့က ဆိတ်သတ်နေကြတာလား..."
အခန်း (၁၇၀) တာဝန်ခံကျန်း ရာထူးတိုးပြီး ချမ်းသာသွားခြင်း၊ အိမ်တိုင်ရာရောက် လက်ဆောင်များ လာပို့ခြင်းနှင့်
ဆိတ်သားဝယ်ရန် ဆိတ်သတ်ခြင်း
ခြံဝင်းအပြင်ဘက်မှ အံ့သြသွားဟန်ရှိသော အသံတစ်ခု ထွက်ပေါ်လာလေသည်။
မီးခိုးပြာရောင်ဆိတ်ကြီးအား အရေခွံဆုတ်ရန် ပြင်ဆင်နေကြသော လီလန်နှင့် ဟူလောင်ပါးတို့နှစ်ယောက်လုံးသည် တံခါးဆီသို့ တစ်ပြိုင်နက် မော့ကြည့်လိုက်ကြသည်။
အသစ်စက်စက် ဂွမ်းထည်အင်္ကျီကို ဝတ်ဆင်ထားပြီး ကျန်းမာရွှင်လန်းနေဟန်ရှိသော ကျန်းဝေမင်သည် စက်ဘီးတစ်စီးကို တွန်း၍ ဝင်လာ၏။
ထိုရှေးဟောင်းစက်ဘီး၏ လက်ကိုင်ဖျားတွင် အညိုရောင်စက္ကူကြမ်းဖြင့် ထုပ်ထားသော အထုပ်များ ချိတ်ဆွဲထားပြီး နောက်ခုံတွင်မူ ဂုန်နီအိတ်တစ်အိတ်ကို ချည်နှောင်ထားလေသည်။
"ဦးလေးဝေမင်..."
လီလန်က ကျန်းဝေမင်ကို မြင်လိုက်ရသောအခါ လှိုက်လှဲစွာ နှုတ်ဆက်လိုက်သည်။
"ကြယ်နီသံမဏိစက်ရုံက ကျန်းဝေမင်လား..."
လောင်ဟူသည် ကုန်ပစ္စည်းဝယ်ယူရေးအေးဂျင့်ဖြစ်သော ကျန်းဝေမင်ကို သိနေကြောင်း သိသာလှသည်။
သို့သော်လည်း ထိုသူနှစ်ယောက်မှာ အကြိမ်အနည်းငယ်မျှသာ ဆုံဖူးကြသဖြင့် သိပ်ပြီး ရင်းနှီးကျွမ်းဝင်မှု မရှိလှပေ။
"ဟေ့ကောင်လေး မင်းအင်္ကျီထဲမှာ ဘာတွေဖွက်ထားတာလဲ..."
လီလန်သည် မီးခိုးပြာရောင်ဆိတ်ကြီးကို ကိုင်တွယ်ရန် ငုံ့လိုက်သောအခါ ရင်ဘတ်ထဲမှ ရုပ်ပြစာအုပ်၏ ထောင့်စွန်းလေး ပေါ်လာပြီး မျက်စိရှင်သော ဟူလောင်ပါးက မြင်သွားလေသည်။
"ဘာမှမဟုတ်ပါဘူး..."
လီလန်က တည်ငြိမ်ဟန်ဆောင်ကာ ပြောလိုက်သည်။
"အိုး ငါသဘောပေါက်ပြီ..."
လောင်ဟူသည် လီလန်ကို တံတောင်ဖြင့် တွတ်ကာ နားလည်ကြောင်း အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်၏။
"မင်းစောစောကတည်းက ပြောသင့်တာပေါ့ကွ မင်းက ဒီလိုဟာမျိုးတွေကို သဘောကျမှန်း သိရင် ငါမင်းနဲ့ ခုလိုအာပေါက်မတတ် ငြင်းခုန်နေမှာ မဟုတ်ဘူး..."
လီလန်မှာ အသက်နှစ်ဆယ်သာ ရှိသေးပြီး ယောက်ျားတစ်ယောက်၏ ခန္ဓာကိုယ် အသန်စွမ်းဆုံးနှင့် ဟော်မုန်းများ အမြင့်မားဆုံး အချိန်ဖြစ်သောကြောင့် ဤအချက်မှာ ယုတ္တိရှိလှသည်။
ဤအရွယ်တွင် သူတို့သည် မိန်းမများ၏ ခန္ဓာကိုယ်များနှင့် မိန်းမနှင့် ယောက်ျားကြားရှိ ကာမသုခများကို သဘာဝအရ အလွန်စိတ်ဝင်စားတတ်ကြစမြဲပင် ဖြစ်သည်။
"အဲဒါက ဘာမှမဟုတ်သေးဘူး ငါ့ဆီမှာ ပိုကောင်းပြီး ပိုစိတ်လှုပ်ရှားစရာကောင်းတာတွေ ရှိသေးတယ် နောက်မှ မင်းအတွက် နည်းနည်းယူလာပေးမယ်..."
ဟူလောင်ပါးက လက်ကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။
"တော်ပါတော့ တော်ပါတော့..."
လီလန်မှာ အလွန်ပင် ရှက်ရွံ့သွားလေသည်။
"ရှောင်လီ နောက်မှ မင်းကို တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ် အိပ်ရာထဲမှာ မင်းဟာမင်း အမြဲတမ်း ကလိမနေနဲ့ အရမ်းလုပ်ရင် အသုံးမကျဖြစ်သွားလိမ့်မယ် နောက်ကျရင် မတ်နိုင်တော့မှာ မဟုတ်ဘူး မင်းမိန်းမက မင်းကို ရယ်စရာလုပ်လိမ့်မယ်..."
ဟူလောင်ပါးမှာ စကားပြောလေ ပို၍ စိတ်လှုပ်ရှားလာလေဖြစ်ပြီး သူ၏ ပါးစပ်မှ ရိုင်းစိုင်းကြမ်းတမ်းသော စကားလုံးပေါင်းစုံ ထွက်ကျလာတော့သည်။
"ရှောင်လန် မင်းတို့တွေ ဘာအကြောင်းပြောနေကြတာလဲ ဘာလို့ ဒီလောက်တောင် စိတ်အားထက်သန်စွာ ပြောနေကြတာလဲ..."
ကျန်းဝေမင်သည် သူ၏ စက်ဘီးအဟောင်းကို ခြံထဲတွင် ရပ်ထားခဲ့ပြီး စပ်စုချင်စိတ်ဖြင့် လျှောက်လာခဲ့သည်။
"ဘာမှမဟုတ်ပါဘူး ကျွန်တော်တို့ ဘာမှ မပြောပါဘူး..."
လီလန်သည် ဟူလောင်ပါးကို မျက်စောင်းထိုးကြည့်လိုက်သည်။
"ခင်ဗျား ထပ်ပြီး အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေရင် ဆိတ်သား မပေးတော့ဘူးနော်..."
လီလန်က အေးစက်စွာ နှာမှုတ်၍ တိုးတိုးလေး ပြောလိုက်လေသည်။
လောင်ဟူသည် တဟီးဟီး ရယ်မောလိုက်ပြီး ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့သည်။
"ကောင်စုတ်လေး မင်းလည်း အရှက်ကွဲမှာကို ကြောက်နေတာပဲကိုး..."
သူက စိတ်ထဲမှ တွေးလိုက်လေသည်။
သူက အနည်းငယ် ကျေနပ်ဂုဏ်ယူသွားလေသည်။
"ဝိုး ဒီလောက်ကြီးတဲ့ ဆိတ်ကြီးကို ဘယ်ကနေ ရလာတာလဲ..."
ကျန်းဝေမင်သည် ခြံထဲရှိ မီးခိုးပြာရောင်ဆိတ်ကြီးကို မြင်လိုက်ရသောအခါ အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
"ဒီဆိတ်က တောင်ပေါ်က မီးခိုးပြာရောင်ဆိတ်ကြီးလား..."
သူက ထပ်မေးလိုက်ပြန်သည်။
ကျန်းဝေမင်သည် ချင်းယန်ဆိတ်ကြီးများကို သေချာပေါက် သိနေလေသည်။ မည်သို့ပင်ဆိုစေကာမူ သူသည်လည်း မုဆိုးမိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး သူ၏ ဘိုးဘေးသုံးဆက်လုံးမှာ မုဆိုးများ ဖြစ်ခဲ့ကြသည်။
သူ၏ဦးလေးဖြစ်သော အဖွဲ့ခေါင်းဆောင်ကျန်းမှာ ရွာထဲတွင် နာမည်ကျော် မုဆိုးတစ်ဦး ဖြစ်သည်။
"ကျွန်တော် အမဲလိုက်လာတာပါ..."
လီလန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
တောကြောင်ရိုင်းဇနီးမောင်နှံက သူ၏ ကျေးဇူးကို ဆပ်သည့်အနေဖြင့် မီးခိုးပြာရောင်ဆိတ်ကြီးတစ်ကောင် လာပေးသည်ဆိုသော အကြံအစည်မှာ အလွန်လွန်ကဲလွန်းနေပြီး ယုံကြည်နိုင်စရာ မရှိလှပေ။ ထို့ကြောင့် လီလန်သည် ကျန်းဝေမင်ကို ပြောပြရန် အစီအစဉ် မရှိခဲ့ချေ။
သူနှင့် သူ၏အဖေ သိနေလျှင်ပင် လုံလောက်နေပြီ ဖြစ်သည်။
"မင်းက တော်တော်ဟုတ်နေပါလား ကောင်လေး မီးခိုးပြာရောင်ဆိတ်ကြီးတောင် မင်းရဲ့ သားကောင် ဖြစ်လာခဲ့ပြီပဲ..."
ကျန်းဝေမင်က သဘောတကျဖြင့် ခေါင်းညိတ်လိုက်သည်။
သူသည် လီလန်၏ အမဲလိုက်ကျွမ်းကျင်မှုများကို အံ့အားသင့်နေခြင်း မရှိတော့ပေ။
အလေးချိန် ကျင်းခြောက်ရာကျော်ရှိသော တောဝက်၊ အလေးချိန် ကျင်း နှစ်ရာရှိသော ရေချိုငါးများနှင့် အလေးချိန် ကျင်း တစ်ရာ ကျော်ရှိသော မီးခိုးပြာရောင်ဆိတ်ကြီးတို့ပင် ဖြစ်သည်။
ကျန်းဝေမင်သည် လီလန်ကို အထက်အောက် ကြည့်၍ ပြုံးလိုက်လေသည်။
"မင်းက တော်တော်ဟုတ်နေပါလား ကောင်လေး ဘေးနားက မြက်ခင်းပြင်ရွာမှာ မာမိသားစုရဲ့ အမဲလိုက်ခွေး ပျောက်သွားလို့ မင်းက အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး တောင်ပေါ်ကို ရှာဖွေဖို့ သွားခဲ့တယ်၊ ဝံပုလွေအုပ်ကို မောင်းထုတ်ပြီး အမွှေးဖြူဝံပုလွေဘုရင်ကို သတ်ခဲ့တဲ့အပြင် ဝံပုလွေကလေးတစ်ယောက်ကိုတောင် ကယ်ဆယ်ခဲ့တယ်လို့ ငါ ကြားထားတယ်..."
ဤအချိန်အတောအတွင်း လီလန်က အမွှေးဖြူဝံပုလွေဘုရင်ကို သတ်ဖြတ်ခဲ့သည့် ဒဏ္ဍာရီမှာ အနီးအနားရှိ ရွာများစွာသို့ ပြန့်နှံ့သွားခဲ့လေသည်။
ဝံပုလွေကလေးကို ကယ်တင်ခဲ့သည့် သူရဲကောင်းဆန်သော လုပ်ရပ်မှာပင် ကျော်ကြားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာခဲ့တော့သည်။
"ဟီးဟီး… ကျွန်တော် ကံကောင်းသွားတာပါ..."
လီလန်က နှိမ့်ချစွာဖြင့် ပြောလိုက်၏။
"ကျွတ် ကျွတ်…. ကံကောင်းတာတဲ့လား..."
ထိုစကားကို ကြားသောအခါ ဟူလောင်ပါးက စိတ်ထဲမှ တွေးလိုက်လေသည်။
"မင်းက ဘာတွေများ ဟန်ဆောင်ပြီး အထက်စီးကနေ လုပ်နေရတာလဲ..."
"မင်းက တကယ်ကို ကံကောင်းနေတာပဲ ကောင်လေး..."
"ဘယ်မုဆိုးကများ ဆိုက်ဘေးရီးယား ဝံပုလွေ ဆယ်ကောင်ကျော်ကို သတ်ဖြတ်နိုင်ပြီး အဖြူရောင်ဝံပုလွေဘုရင်ကိုတောင် တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်မှာတဲ့လဲ..."
"ဟွန့် အခြားသူတွေကို လှည့်စားဖို့ အားနည်းချင်ယောင် ဆောင်နေတာပဲ..."
ကျန်းဝေမင်သည် တဟားဟား ရယ်မောလိုက်ပြီး သူ့ကို ဖွင့်ချခြင်း မရှိပေ။ သူ၏တူမှာ အဘက်ဘက်မှ ကောင်းမွန်သော်လည်း သူသည် အလွန် နှိမ့်ချလွန်းသောကြောင့် လူများက သူ့ကို ကြွားလုံးထုတ်နေသည်ဟုပင် ထင်မှတ်သွားစေနိုင်သည်။
"အရေခွံကရော ငါကြားတာတော့ မင်းဆီမှာ အမွှေးဖြူဝံပုလွေဘုရင်ရဲ့ အရေခွံ ရှိတယ်ဆို..."
ကျန်းဝေမင်သည် လီလန်က အမွှေးဖြူဝံပုလွေဘုရင်ကို သတ်ဖြတ်ခဲ့ကြောင်း သူ၏တူဖြစ်သူ ကျန်းဝေကော်ထံမှ ကြားသိရပြီးနောက် လီလန်၏အိမ်သို့ မရပ်မနား အပြေးအလွှား လာခဲ့ခြင်းဖြစ်သည်။
အဖြူရောင်ဝံပုလွေအရေခွံများမှာ ထိပ်တန်းအရည်အသွေးရှိသော သားရေများ ဖြစ်ကြသည်။ အကယ်၍ ၎င်းတို့ကို ဝံပုလွေသားရေ ကုတ်အင်္ကျီအဖြစ် ပြုလုပ်ပြီး ခေါင်းဆောင်တစ်ဦးအား လက်ဆောင်အဖြစ် ပေးမည်ဆိုပါက ခေါင်းဆောင်က သေချာပေါက် သဘောကျမည် ဖြစ်သည်။
ကြီးစိုးလွှမ်းမိုးနိုင်သော အငွေ့အသက်များနှင့် ခန့်ညားထည်ဝါသော အသွင်အပြင်များ ထွက်ပေါ်နေသည့် ဝံပုလွေဘုရင်ကြီးမှာ မည်သည့်ခေါင်းဆောင်မဆို အကြိုက်တွေ့မည့်အရာ ဖြစ်သည်မှာ သေချာလှသည်။
ကျန်းဝေမင်သည်လည်း အဖြူရောင်ဝံပုလွေဘုရင်၏ အရေခွံကို မျက်စိကျနေပြီး လီလန်ထံမှ ဝယ်ယူချင်နေခဲ့သည်။
"အရေခွံတွေက မရှိတော့ဘူး..."
လီလန်သည် လှည့်၍ သူ၏ဘေးတွင် ရပ်နေသော ဟူလောင်ပါးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းခါပြလိုက်သည်။
"မရှိတော့ဘူး ဟုတ်လား ဘယ်လိုလုပ်ပြီး ရုတ်တရက် မရှိတော့တာလဲ..."
ကျန်းဝေမင်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"လောင်ဟူဆီ ရောင်းလိုက်ပြီ..."
လီလန်က ပွင့်လင်းစွာ ပြောလိုက်လေသည်။
လီလန်သည် ၎င်းကို ဟူလောင်ပါးထံ ရောင်းချမည်ဟု မပြောဘဲ လောင်ဟူထံ ရောင်းချမည်ဟုသာ ပြောခဲ့သည်။
လောင်ဟူမှာ အနီးအနားရှိ ရွာများတွင် အလွန်လေးစားခံရပြီး နာမည်ကျော်ကြားသူတစ်ဦး ဖြစ်သည်။
"အိုး ဒီတစ်ခါတော့ လောင်ဟူကလည်း အဲ့ဝံပုလွေဘုရင်ရဲ့ အရေခွံကို မျက်စိကျနေတာကိုး..."
"ဒါဆိုလည်း ထားလိုက်ပါတော့လေ..."
ကျန်းဝေမင်က လက်ကို ဝှေ့ယမ်းလိုက်သည်။
"အစ်ကိုဟူ ခင်ဗျားက ခြေလှမ်းမြန်တာပဲ၊ ကျွန်တော်က ကုန်ပစ္စည်းဝယ်ယူရေးမန်နေဂျာအနေနဲ့ နည်းနည်း နှေးကွေးသွားတယ် စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ ခင်ဗျားလောက်တော့ မြန်မြန်ဆန်ဆန် မလုပ်နိုင်ဘူးလေ..."
"ခင်ဗျားရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်..."
ဟူလောင်ပါးက ပြုံးလျက် ပြောလိုက်သည်။
ထို့နောက် သူက အကြောင်းအရာကို ပြောင်းလိုက်ပြီး ဂုဏ်ပြုသည့်အနေဖြင့် လက်အုပ်ချီကာ ပြောလိုက်၏။
"တာဝန်ခံကျန်း ရာထူးတိုးတဲ့အတွက် ဂုဏ်ယူပါတယ်..."
ထိုစကားကို ကြားသောအခါ လီလန်က အံ့သြသွားပြီး "ဦးလေးဝေမင်က ရာထူးတိုးပြီး ခေါင်းဆောင်တစ်ယောက် ဖြစ်သွားပြီလား..." ဟု တွေးလိုက်သည်။
ဤသည်က ဖြစ်နိုင်မည်လား။
*ဦးလေးဝေမင်က အရင်တုန်းက ကုန်ပစ္စည်းဝယ်ယူရေးအေးဂျင့် ဖြစ်ခဲ့ပေမဲ့ အခုတော့ ကုန်ပစ္စည်းဝယ်ယူရေးမန်နေဂျာ ဖြစ်သွားပြီလား…*
"ဟားဟား…အစ်ကိုဟူက တကယ့်ကို သတင်းအချက်အလက် ပြည့်စုံတာပဲ..."
ကျန်းဝေမင်သည် ဟူလောင်ပါးကို အံ့အားသင့်စွာ တစ်ချက်ကြည့်လိုက်သည်။
သူ ရွှမ်းရွှေရွာသို့ ရောက်ရှိပြီးနောက် ဒုတိယတာဝန်ခံဖြစ်လာကြောင်းကို သူ၏ မိသားစုအားပင် မပြောပြရသေးခင်မှာပင် ဟူလောင်ပါးက ဦးစွာ သိရှိနေခဲ့လေသည်။
"လောင်ဟူက တကယ့်ကို စွမ်းဆောင်ရည်ရှိတာပဲ ဘာအရာကမှ သူ့ကို ဖုံးကွယ်ထားလို့ မရဘူး..."
ကျန်းဝေမင်သည် လောင်ဟူ၏အိမ်တွင်ရှိသော လက်လှည့်တယ်လီဖုန်းအကြောင်းကို အနည်းငယ် သိထားလေသည်။
"ဦးလေးဝေမင် အခု ဦးလေးက ဝယ်ယူရေးဌာနရဲ့ အကြီးအကဲ ဖြစ်နေပြီလား..."
လီလန်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"ဟုတ်တယ် မနေ့က နှစ်ပတ်လည်အစည်းအဝေးမှာ ငါ တရားဝင် ရာထူးတိုးခံခဲ့ရတယ်..."
ကျန်းဝေမင်က ခေါင်းညိတ်ပြလိုက်သည်။
"ရှောင်လန် မင်းကို ကျေးဇူးတင်ပါတယ် မင်းကြောင့် ငါ အဆင်ပြေပြေ ရာထူးတိုးနိုင်ခဲ့တာ..."
"ရော့ ဒီအရက်နှစ်ပုလင်း၊ ဂျုံမှုန့် နှစ်ကျင်းနဲ့ မုန့်နှစ်ထုပ်ကို ကျေးဇူးဆပ်လက်ဆောင်အနေနဲ့ ယူလိုက်ပါ..."
ကျန်းဝေမင်သည် အရက်နှစ်ပုလင်းပါဝင်သော အညိုရောင်စက္ကူကြမ်းနှစ်ထုပ်ကို ကမ်းပေးလိုက်လေသည်။
လီလန်၏ ကျေးဇူးကြောင့် သူသည် သူ၏ ဝယ်ယူရေးရည်မှန်းချက်အားလုံးကို ပြီးမြောက်ခဲ့ပြီး ထိုအလေးချိန် ကျင်း တစ်ရာကျော်ရှိသော ရေချိုငါးများနှင့်အတူ သူ၏ အထက်လူကြီးများကို အလွန်သဘောကျစေခဲ့သည်။
ခေါင်းဆောင်မှာ အလွန်ကျေနပ်အားရသွားသဖြင့် နှစ်ကုန်ပိုင်း ဂုဏ်ပြုချီးကျူးပွဲတွင် သူ၏အမည်ကို ထည့်သွင်းပြောဆိုခဲ့ပြီး ထူးချွန်သော တက်ကြွလှုပ်ရှားသူအဖြစ် သတ်မှတ်ခံရကာ ဝယ်ယူရေးဌာန၏ ဒုတိယတာဝန်ခံပင် ဖြစ်လာခဲ့လေသည်။
ဒုတိယတာဝန်ခံမှာလည်း တာဝန်ခံတစ်ဦးပင် ဖြစ်သော်လည်း ယခုအခါ သူ၏ "တာဝန်ခံကျန်း" ဟူသော ဘွဲ့အမည်မှာ တကယ့်ကို သင့်တော်နေပြီ ဖြစ်သည်။
ကုန်ပစ္စည်းဝယ်ယူရေးအေးဂျင့်၏ အလုပ်မှာ စက်ရုံ၏ နေ့စဉ်စားနပ်ရိက္ခာများ၊ ပစ္စည်းများနှင့် အစိတ်အပိုင်းများကို သေချာစေရန် ကျေးလက်ဒေသသို့ သွားရောက်ကာ ထောက်ပံ့ရေးပစ္စည်းများကို ဝယ်ယူရန်ပင် ဖြစ်သည်။
ကျန်းဝေမင်မှာ ဝယ်ယူရေးဌာနတွင် အထူးချွန်ဆုံးဖြစ်သောကြောင့် သူသည် သဘာဝကျစွာပင် ပြဿနာတစ်စုံတစ်ရာမရှိဘဲ ရာထူးတိုးခြင်းနှင့် လစာတိုးခြင်းတို့ကို ရရှိခဲ့လေသည်။
ဤအရာအားလုံးကို လီလန်က သူ့ထံ ဆောင်ကြဉ်းပေးခဲ့ခြင်း ဖြစ်သည်။
လီလန်မှာ သူ၏ ကံကောင်းစေသော ကြယ်ပွင့်လေးပင် ဖြစ်သည်။
ထို့ကြောင့် ကျန်းဝေမင်သည် သတင်းကောင်းကို မျှဝေရန်နှင့် သူ၏ ကျေးဇူးတင်စကားကို ပြောကြားရန်အတွက် ယနေ့တွင် လီလန်ကို အထူးတလည် လာရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
တတိယအချက်အနေဖြင့် ၎င်းမှာ လူများ၏ နှလုံးသားကို အနိုင်ယူရန် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် နှစ်သစ်ကူးပြီးနောက်ပိုင်း လီလန်နှင့် ပိုမိုဆက်သွယ်ရန် လိုအပ်ပြီး လီလန်၏ အမဲလိုက်ကျွမ်းကျင်မှုများကို အားထားရမည်ဖြစ်သောကြောင့်တည်း။
"ဦးလေးဝေမင် ဘာမှပြန်မလုပ်ပေးဘဲနဲ့ လက်ဆောင်တွေကို ကျွန်တော် လက်မခံနိုင်ပါဘူး ဒီလက်ဆောင်တွေကို ကျွန်တော်က ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ..."
"ဘာတွေများ အားနာစရာ ရှိနေလို့လဲ မင်းက ငါ့ကို အကြိမ်ကြိမ် ကူညီပေးခဲ့တာပဲ ငါက မင်းကို အလွန်ကျေးဇူးတင်နေတာပါ..."
"ငါပြောတာ နားထောင်ပြီး လက်ခံလိုက်ပါ ဒါကို မင်းနဲ့ မင်းအဖေအတွက် ဦးလေးရဲ့ ကြိုတင်နှစ်သစ်ကူးနှုတ်ဆက်ခြင်းလို့ပဲ မှတ်လိုက်ပါ..."
"သား လက်ခံလိုက်ပါ ဒါက ဝေမင်ရဲ့ စေတနာပါ..."
လီတာ့ဟိုင်ကလည်း အကြံပြုပြောဆိုလိုက်သည်။
ထိုသို့သော ကြင်နာမှုအပြည့်ပါသည့် ကမ်းလှမ်းချက်ကို မငြင်းဆန်နိုင်သဖြင့် လီလန်မှာ လက်ခံလိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
"ဒါဆိုလည်း ကျွန်တော် လက်ခံလိုက်ပါ့မယ် ပြီးတော့ ဦးလေးဝေမင်ရဲ့ ကံကောင်းမှုတွေကို မျှဝေခံစားလိုက်ပါ့မယ်..."
လီလန်သည် အရက်နှစ်ပုလင်းနှင့် မုန့်နှစ်ထုပ်ကို လက်ခံယူလိုက်လေသည်။
"နောက်ခုံမှာ ဂျုံမှုန့်အိတ်တစ်အိတ် ရှိသေးတယ် အဲဒါကို ချပြီး မီးဖိုချောင်ထဲ ရွှေ့လိုက်ဦး..."
ကျန်းဝေမင်က ထပ်မံညွှန်ကြားလိုက်သည်။
သူကိုယ်တိုင်ကမူ ပေါင်တစ်ရာခန့် အလေးချိန်ရှိသော မီးခိုးပြာရောင်ဆိတ်ကြီးကို ငုံ့ကြည့်လိုက်လေသည်။
"တောင်ပေါ်က မီးခိုးပြာရောင်ဆိတ်ကြီးပဲ တကယ့်ရတနာပါလား..."
ကျန်းဝေမင်သည် ပြုတ်ထားသော ဆိတ်သားကို တွေးကာ သူ၏ ဝိုင်းစက်နေသော ဗိုက်ကို ပုတ်လိုက်ပြီး အနည်းငယ် ဗိုက်ဆာလာသလို ခံစားလိုက်ရသည်။
"တာဝန်ခံယန်က ဒီလိုအစားအစာမျိုးကို သဘောကျပုံရတယ် ငါတို့သာ သူ့ကို ဆိတ်သားနည်းနည်း ပို့ပေးလိုက်ရင်..."
ကျန်းဝေမင်သည် လီလန်အား ရုတ်တရက် မော့ကြည့်လိုက်လေသည်။
"ရှောင်လန် မင်းရဲ့ မီးခိုးပြာရောင်ဆိတ်ကြီးကို ရောင်းမှာလား..."
"ရောင်းမှာပေါ့..."