အခန်း ၁၅၀၅
Vol. 101 Ch. 1505
အပိုင်း ( 1505 ) မျိုးဆက်သစ် ထိပ်သီးပါရမီရှင် ဆယ်ဦးမှ နှစ်ဦး။
"ဝှစ်"
ရုတ်တရက်၊ ငွေရောင်အလင်းတန်းတစ်ခုက ရေကန်၏တစ်ဖက်ကမ်းမှ ပျံထွက်လာသည်။ အလင်းတန်းက လူသားကျင့်ကြံသူတစ်ဦးကို ထိုးဖောက်သွား၏။ ထိုသူ၏ သွေးများက နေရာအနှံ့သို့ ဖြာကျသွားတော့သည်။
ယင်းက ငွေရောင် နတ်ဓားတစ်လက်ကဲ့သို့ ငွေရောင်ဓား ငါးတစ်ကောင်ဖြစ်ကြောင်း လူတိုင်း မြင်လိုက်ကြရသည်။
ကျင့်ကြံသူတစ်ဦးကို သတ်လိုက်ပြီးနောက် ငွေရောင်ဓား ငါးက ရေကန်ထဲသို့ ပြန်ထိုးဆင်းကာ ပျောက်ကွယ်သွားခဲ့သည်။
"အား၊ အား..."
ဤအချိန်တွင် နာကျင်စွာ အော်ဟစ်လိုက်သံများ ထပ်မံထွက်ပေါ်လာသည်။ ရေကန်အတွင်းမှ သားရဲတချို့ ထပ်မံထွက်ပေါ်လာပြီး လူသားကျင့်ကြံသူတချို့ကို သတ်လိုက်ခြင်း ဖြစ်၏။
"မကောင်းတော့ဘူး"
လူတော်တော်များများ တုန်လှုပ်သွားကြသည်။
ယခင်က၊ ရေကန်သည် တည်ငြိမ်နေသောကြောင့် ရေကန်အောက်တွင် သက်ရှိသတ္တဝါများ မရှိဟု ထင်ခဲ့မိကြသည်။ ယခုကဲ့သို့ ရေသတ္တဝါများစွာက သူတို့ကို ရုတ်တရက် တိုက်ခိုက်လာရန် မမျှော်လင့်ထားပေ။
"ဝုန်း"
ရေကန်၏ ရေမျက်နှာပြင်က တုန်ခါသွားသည်။ ဤတစ်ကြိမ်တွင် မရေမတွက်နိုင်သော ရေသတ္တဝါများ ရေကန်ထဲမှ ပြေးထွက်လာပြီး လူအုပ်ကို တိုက်ခိုက်ကြတော့သည်။
တချို့က အားနည်းသော်လည်း တချို့မှာ အလွန်ကြောက်စရာကောင်းသည်။
"သတ်၊ ဒီသားရဲတွေကို သတ်ကြ"
တစ်ယောက်က အော်ဟစ်ပြီး ရေသတ္တဝါများကို စတင် တိုက်ခိုက်လိုက်သည်။
တိုက်ပွဲများ ဖြစ်လာခဲ့၏။
ရေသတ္တဝါများလည်း အဆက်မပြတ် သတ်ဖြတ်ခံနေရတော့သည်။
လူသားကျင့်ကြံသူများထဲတွင် အားနည်းသူမရှိပေ။ ယခင်လူများမှာ ပေါ့ဆနေပြီး အလစ်အငိုက် တိုက်ခိုက်ခြင်းကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။ ယခုတော့၊ အားလုံးက သတိထားပြီး ပြန်လည်တိုက်ခိုက်လာသောအခါ ရေသတ္တဝါ အမြောက်အများ သတ်ခံရတော့သည်။
"လူသားကျင့်ကြံသူတွေ၊ ဒီနေရာကနေ ထွက်သွားကြစမ်း"
ရေဘဝဲကြီးတစ်ကောင်က ကောင်းကင်သို့ ထိုးတက်လာပြီး မိုးကြိုးထစ်ချုန်းသကဲ့သို့ အသံမျိုးဖြင့် အော်ဟစ်လိုက်သည်။
ဧရာမ လက်တံကြီးရှစ်ခုက လေထဲတွင် လူးလွန့်လှုပ်ရှားပြီး သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို ရစ်ပတ်သွား၏။ ထိုကျွမ်းကျင်သူလည်း ရေဘဝဲကြီး၏ လက်ထဲတွင် တစ်ချက်တည်း သေဆုံးသွားတော့သည်။
ယင်းနောက်တွင်၊ ရေဘဝဲကြီးက သူ့လက်တံကြီးများကို လှုပ်ရှားပြီး ဆဋ္ဌမအလွှာ ကျင့်ကြံသူနှစ်ဦးကို ထပ်မံသတ်လိုက်သည်။
သန်မာပေသည်။
ဤရေဘဝဲကြီးက သိုင်းအုပ်ချုပ်သူနယ်ပယ် နဝမအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။
"တိရိစ္ဆာန်ကောင်၊ မင်းကို ငါသတ်မယ်"
အိုမင်းသော အသံတစ်ခုကို ကြားလိုက်ရသည်။ အဘိုးအိုတစ်ဦးက ကြိမ်းမောင်းပြီး ရေဘဝဲအနီးသို့ ချဉ်းကပ်သွား၏။ နှစ်ယောက်သား အပြင်းအထန် တိုက်ခိုက်ကြတော့သည်။
လုမင်၊ ထျန်းချွေးနှင့် ရွယ်နင်ရှင်းလည်း တိုက်ခိုက်ခံခဲ့ရသည်။
ကျောက်ပုဇွန်အုပ်ကြီးက သူတို့ကို တိုက်ခိုက်ကြ၏။
ဤကျောက်ပုဇွန်များ၏ အခွံများက ချပ်ဝတ်တန်ဆာများကဲ့သို့ဖြစ်ပြီး ဓားနှင့်လှံတို့ တိုးမပေါက်နိုင်ပေ။ ၎င်းတို့၏ ခုခံကာကွယ်မှုစွမ်းရည်က အံ့မခန်း ဖြစ်သည်။
၎င်းတို့ကို ဦးဆောင်သူမှာ သတ္တမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် ကျောက်ပုဇွန် ဖြစ်သည်။
"ဝုန်း"
လုမင်၏လှံက ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျောက်ပုဇွန်ကို ထိုးဖောက်သွားခဲ့သည်။
"မာလိုက်တာ"
လုမင်လည်း ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျောက်ပုဇွန်၏ ခုခံနိုင်စွမ်းက ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် လူသားကျင့်ကြံသူ အများစုထက်ပင် ပို၍ အားကောင်းသည်ဟု ခံစားခဲ့ရပေသည်။
'ဒီရေကန်ထဲမှာ အစွမ်းထက် နတ်ဆိုးသားရဲတွေ အများကြီး ရှိနေတာပဲ၊ တကယ်ကို မရိုးရှင်းတော့ဘူး'
လုမင် တွေးလိုက်သည်။
ကျင့်ကြံခြင်းအခြေခံ မြင့်မားလာသည်နှင့်အမျှ နတ်ဆိုးသားရဲများကို ယေဘူယျအားဖြင့် အမျိုးအစားနှစ်မျိုး ခွဲခြားနိုင်သည်။
ပထမတစ်ခုမျိုးမှာ လူသားအသွင်သဏ္ဍာန်နှင့် စွမ်းအားကို ပုံဖော်ရန် ဖြစ်သည်။ သူတို့က လူသားကျင့်ကြံခြင်းဂိုဏ်းများနှင့် ပူးပေါင်းပြီး မိုးနှင့်မြေ၏ နိယာမများကို နားလည်ဆင်ခြင်ကာ လေ့ကျင့်ကြပေသည်။
သူတို့၏ ကျင့်ကြံမှုလမ်းစဉ်က လူသားများနှင့် အလွန်ဆင်တူပြီး ၎င်းတို့ကို သားရဲကျင့်ကြံသူများဟု ဆိုကြသည်။
ကျန်တစ်မျိုးကမူ၊ ၎င်းတို့က လူသားပုံစံနှင့်မဟုတ်ဘဲ မူလသားရဲပုံစံဖြင့် ရှိပေသည်။ သူတို့က တောတောင်များအတွင်း နေထိုင်ကြပြီး သားရဲ သဘာဝအတိုင်း ဆက်လက် လေ့ကျင့်နေကြသည်။ သူတို့က သားရဲခန္ဓာကိုယ်ကို လေ့ကျင့်ကာ ၎င်းတို့၏ သားရဲသဘာဝကို ထိန်းသိမ်းထားပေသည်။ ဤသားရဲအမျိုးအစားများကို ယေဘူယျအားဖြင့် တောရိုင်းသားရဲများ သို့မဟုတ် မိစ္ဆာသားရဲများဟု လူသိများသည်။
ဤသားရဲမျိုးက ပို၍ ရက်စက်ကြမ်းကြုတ်ပြီး ၎င်းတို့၏ တိုက်ခိုက်နိုင်စွမ်းကလည်း အံ့မခန်း ဖြစ်လိမ့်မည်။
ဤရေကန်အတွင်းရှိ နတ်ဆိုးသားရဲများကတော့ မိစ္ဆာသားရဲ အမျိုးစားများဖြစ်ကြောင်း ထင်ရှားသည်။
နှစ်ဘက်ကြားမှ တိုက်ပွဲက အလွန် ပြင်းထန်ပေသည်။ သို့သော်လည်း လူသားမျိုးနွယ်တွင် ကျွမ်းကျင်သူများ ပိုများသည်။ အဆင့်ရှစ်နှင့် အဆင့်ကိုး သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူအချို့ပင် ရှိ၏။ သူတို့အားလုံးက ချီလုံနဂါးရေကန်အနီးရှိ အင်အားစုငယ်များမှ ကျွမ်းကျင်သူများ ဖြစ်ကြသည်။
တဖြည်းဖြည်းနှင့် လူသားမျိုးနွယ်က အသာစီးရလာပေသည်။ မိစ္ဆာ သားရဲများ တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်ခံခဲ့ရပြီး ရေကန်မျက်နှာပြင်ကို သွေးများဖြင့် နီရဲစေခဲ့သည်။
"ဝုန်း"
ရုတ်တရက်၊ ရေမျက်နှာပြင်က တုန်ခါသွားပြီး ရေအောက်မှ အနက်ရောင် အရိပ်ကြီးတစ်ခု ထွက်လာခဲ့သည်။ ရေလှိုင်းကြီးများ ထလာပြီး အဆင့်ရှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို မျိုချလိုက်၏။
၎င်းသည် မီတာတစ်ထောင်ကျော် ရှည်လျားသော ဧရာမ အနက်ရောင်မြွေကြီး ဖြစ်သည်။ ၎င်း၏ အရှိန်အဝါကလည်း အလွန်ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်း၏။
အဆင့်ရှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူကိုပင် တစ်ချက်တည်း မျိုချလိုက်ခြင်းက အံ့ဖွယ်ကောင်းလွန်းပေသည်။
"မကောင်းတော့ဘူး၊ သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်က သူတော်စင်တစ်ပိုင်း ရေနက်မြွေကြီး"
တစ်ယောက်က ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။
လုမင်နှင့် အခြားသူများလည်း အံ့သြသွားကြသည်။
အထွတ်အထိပ် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူကို သူတော်စင်တစ်ပိုင်းဟုလည်း ခေါ်သည်။ သူတို့က သူတော်စင်နယ်ပယ်နှင့် ခြေတစ်လှမ်းသာဝေးပြီး အလွန်အစွမ်းထက်၏။ ယခုတော့ ဤနေရာတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော သူတော်စင်တစ်ပိုင်းအဆင့် ရေနက်မြွေကြီးတစ်ကောင် ရှိနေပြီ။
သို့သော်၊ ပို၍ပင် ထိတ်လန့်ဖွယ်ရာကောင်း မြင်ကွင်းတစ်ခုက ရှိနေသည်။
ရေကန်အတွင်းမှ ဧရာမ ရေနက်မြွေကြီးတစ်ကောင် ထပ်မံ ပေါ်လာခဲ့၏။ ၎င်း၏ အရှိန်အဝါကလည်း ပထမတစ်ကောင်ထက် အားမနည်းပေ။ သူ့အမြီးကို လွှဲရိုက်လိုက်ရုံဖြင့် အဆင့်ကိုး သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူတစ်ဦး လွင့်စဉ်ကာ သွေးများ အန်ထွက်လာခဲ့သည်။
ရေနက်မြွေကြီးနှစ်ကောင်၊ ချီလုံနဂါးရေကန်တွင် ဤမျှကြောက်စရာကောင်းသော ရေနက်မြွေကြီး နှစ်ကောင်ပင် ရှိနေသည်။
"ထွက်သွား၊ ဒီနေရာကနေ ထွက်သွားကြစမ်း။ မဟုတ်ရင် မင်းတို့အားလုံးကို သတ်ပစ်မယ်"
ရေနက်မြွေကြီးတစ်ကောင်က ဟိန်းဟောက်ပြီး အစစ်အမှန်နဂါးတစ်ကောင်ကဲ့သို့ ကောင်ကင်းကို ပျံတက်သွားခဲ့သည်။
၎င်းက ကြီးမားသော ခန္ဓာကိုယ်ကြီးကို လူးလွန့်၍ အဆင့်ကိုး သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူတစ်ဦးထံ ဦးတည်သွား၏။
ထိုသူလည်း လွန်စွာ တုန်လှုပ်ချောက်ချားသွားတော့သည်။
အဆင့်ကိုး သိုင်းအုပ်ချုပ်သူမှာ ယေဘူယျအားဖြင့် သိုင်းအုပ်ချုပ်သူနယ်ပယ်တွင် အမြင့်ဆုံးဖြစ်နေပြီ ဖြစ်သည်။ သို့သော်လည်း သူတော်စင်တစ်ပိုင်း ကျွမ်းကျင်သူနှင့် နှိုင်းယှဉ်ပါက ဝေးကွာနေသေးသည်။
"ဒုန်း"
တစ်ချက်တည်းဖြင့် အဆင့်ကိုးသိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူ လွင့်စဉ်သွားခဲ့သည်။ သူ့ပါးစပ်အတွင်းမှ သွေးများ အန်ထွက်လာပြီး မျက်နှာမှာလည်း ဖြူဖျော့သွားပေသည်။
"မင်းတို့ ထွက်မသွားရင် မင်းအားလုံးကို သတ်မယ်"
အခြား ရေနက်မြွေကြီးက အေးစက်စက်ဖြင့် ပြောလိုက်သည်။
"လေလုံးထွားလိုက်တာ၊ ဘယ်သူက ဘယ်သူ့ကို သတ်နိုင်မလဲဆိုတာ ကြည့်ရအောင်"
ထိုအချိန်တွင် ကောင်းကင်မှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်တွင် နို့ဖြူရောင် သန့်စင်သော အလင်းတစ်ခုက ကောင်းကင်မှ ရေနက်မြွေကြီးတစ်ကောင်ထံ ကျရောက်လာတော့သည်။
"ရွှီး"
ရေနက်မြွေကြီးက သူ့ပါးစပ်ကိုဟပြီး နို့ဖြူရောင် သန့်စင်သော အလင်းရောင်ဆီသို့ အနက်ရောင်ရေစီးကြောင်းတစ်ခုကို ထွေးထုတ်လိုက်သည်။ သို့သော်၊ သန့်စင်သောအလင်းရောင်က အနက်ရောင် ရေစီးကြောင်းကို ချေဖျက်ပြီး ဆက်လက်ကျရောက်လာခဲ့သည်။
သန့်စင်သော အလင်းရောင်က ရေနက်မြွေကြီးအပေါ်သို့ ကျရောက်သွား၏။ ရေနက်မြွေကြီး၏ အော်ဟစ်လိုက်သံနှင့်အတူ အကြေးခွံများ ပြုတ်ကျပြီး သွေးများ ပန်းထွက်လာတော့သည်။
"အစွမ်းထက်လိုက်တာ"
လူအုပ်ကြီး တုန်လှုပ်သွားကြသည်။ သူတော်စင်တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ရေနက်မြွေကြီးမှာ တစ်ချက်တည်းဖြင့် ဒဏ်ရာရရှိသွားခဲ့ပြီ။ ထိုသူက သူတော်စင်နယ်ပယ် အကျော်အမော်များ ဖြစ်နေပါသလော။
"ဝုန်း"
ပြင်းထန်သော ဖိအားတစ်ခုက ကောင်းကင်မှ ဆင်းသက်လာခဲ့သည်။ လူအုပ်ကြီးက မျှော်ကြည့်လိုက်တော့ အဖြူရောင်ဝတ်စုံနှင့် အဖြူရောင်ဖိနပ်ကို စီးထားသော လူငယ်တစ်ယောက်ကို တွေ့လိုက်ရ၏။ သူ့ထံမှ သန့်စင်သောအလင်းများ ဖြာထွက်နေပြီး လေထဲမှ တစ်လှမ်းချင်း လျှောက်လာခဲ့ပေသည်။ ဤအခိုက်တွင် သူ့ကိုကြည့်ရသည်မှာ နတ်ဘုရားတစ်ပါးနှင့်ပင် တူလှသည်။
"ကောင်းကင်နတ်ဘုရားဂိုဏ်းက နတ်ဘုရားသားတော်"
ထိုလူကိုမြင်တော့ ရွယ်နင်ရှင်း၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ ရေရွတ်လိုက်သည်။
"ဘာ၊ ဒီလူက နတ်ဘုရားသားတော်လား"
ထျန်းချွေးလည်း တအံ့တဩဖြစ်ပြီး ရေရွတ်လိုက်၏။ နောက်တော့၊ သူ့မျက်လုံးတွင် ပြင်းထန်သော တိုက်ခိုက်ချင်စိတ်တို့ ပေါ်လာတော့သည်။
ကောင်းကင်နတ်ဘုရားဂိုဏ်းတွင် သူတော်စင်သားတော်နှင့် သူတော်စင်သမီးတော်ဟူ၍ ရှိကြသည်။ သို့သော်... နတ်ဘုရားသားတော်ကတော့ တစ်ဦးတည်းပင်။ သူဟာ စန်းပြည်နယ်၏ မျိုးဆက်သစ် ထိပ်တန်းပါရမီရှင်ဆယ်ဦးထဲမှ တစ်ဦးဖြစ်သည်။
နတ်ဘုရားသားတော်က လေထဲမှပင် အေးဆေးတည်ငြိမ်စွာ လျှောက်လာခဲ့သည်။ သူ့ထံမှ အားကောင်းသော အရှိန်အဝါများကတော့ ရေနက်မြွေကြီးကို ဖိနှိပ်ထား၏။ သူက လေထဲသို့ တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"ဝမ့်ကျန့်၊ မင်း ဒီနေရာကို ရောက်လာမှတော့ ဘာဖြစ်လို့ မတိုက်ခိုက်တာလဲ"
"ဟားဟားဟား၊ အစကတော့ ငါက ဒီပွဲကိုပဲ ကြည့်ချင်ခဲ့တာ။ ဒါပေမဲ့၊ မင်းရောက်နေမှတော့ အခြား ရေနက်မြွေကြီးကို ငါ့အတွက် ထားခဲ့လိုက်ပါတော့"
ဓားအလင်းတစ်ခုက လေထဲတွင် လင်းလက်သွားသည်။ ဓားရှည်တစ်ချောင်းကိုင်ထားသော လူငယ်တစ်ယောက် လေထဲ၌ ပေါ်လာခဲ့၏။
"ဝမ့်ကျန့်၊ ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းရဲ့ ပါရမီရှင်... စန်းပြည်နယ်ရဲ့ မျိုးဆက်သစ် ထိပ်သီး ပါရမီရှင်ဆယ်ဦးထဲက တစ်ဦးပဲ"
တစ်ယောက်ယောက်က အော်ဟစ်လိုက်သည်။
စန်းပြည်နယ်၏ ထိပ်သီး မျိုးဆက်သစ်ပါရမီရှင်ဆယ်ဦးအနက် နှစ်ဦးက အမှန်တကယ် ရောက်လာပြီ။
"ထွက်သွား၊ မင်းတို့ဘယ်သူလဲ။ ထွက်သွားကြစမ်း"
ရေနက်မြွေကြီးတစ်ကောင်က အော်ဟစ်ကြိမ်းမောင်းပြီး ဝမ့်ကျန့်ကို တိုက်ခိုက်လိုက်သည်။
"နတ်ဘုရားသားတော်၊ ဒီရေနက်မြွေကြီးကို ဘယ်သူက ပိုပြီးမြန်မြန် သတ်နိုင်မလဲဆိုတာ ကြည့်ရအောင်။ မင်း ဘယ်လိုထင်လဲ"
ဝမ့်ကျန့်က ပြုံးပြီး ဓားတစ်လက်ကဲ့သို့ လက်ညှိုးတစ်ချက်ညွှန်လိုက်သည်။ ကြောက်စရာကောင်းသော ဓားအလင်းတစ်ခုက ရေနက်မြွေကြီးထံ တိုးဝင်သွား၏။
ရေနက်မြွေကြီး၏ ခန္ဓာကိုယ်ပေါ်တွင် နက်ရှိုင်းသော ဓားဒဏ်ရာတစ်ခု ပေါ်လာတော့သည်။
"ဒါက ငါလိုချင်တဲ့အတိုင်း အတိအကျပဲပေါ့။ ဝမ့်ကျန့်... မင်းကို ငါမတွေ့ရတာ သုံးနှစ်ရှိပြီ။ မင်း ဘယ်လောက်ထိ တိုးတက်လာသလဲဆိုတာ ကြည့်ရအောင်"
နတ်ဘုရားသားတော်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သူက ရှေ့သို့ခြေတစ်ချက်လှမ်းလိုက်သည်နှင့် နတ်ဘုရားအလင်းတစ်ခုက ရေနက်မြွေကြီးတစ်ကောင်ထံ တိုးဝင်သွားတော့သည်။