← Chapters

အခန်း ၁၅၀၇

Vol. 101 Ch. 1507

အခန်း ၁၅၀၇

Vol. 101 Ch. 1507

အပိုင်း ( 1507 ) နဂါးနန်းတော်ဆီသို့ အပြေးအလွှား။

"ဝှစ်"

ရုတ်တရက်၊ လူရိပ်တစ်ခုက နဂါးနန်း​တော်​အဝင်​​ပေါက်​ဆီသို့ ​ပြေးသွားသည်​။

သို့သော် ဝင်ပေါက်၏ရှေ့လမ်းသို့ ရောက်သောအခါ၊ လမ်း၏တစ်ဖက်တစ်ချက်စီရှိ နဂါးရုပ်တုများမှ နဂါးဟိန်းသံနှင့်အတူ တောက်ပသောအလင်းရောင်များ ထုတ်လွှတ်လာကြ၏။ ထို့နောက်၊ အစစ်အမှန်နဂါးပုံရိပ်များ ထွက်ပေါ်လာပြီး ထိုလူရိပ်ကို တိုက်ခိုက်ကြတော့သည်။

ထိုလူရိပ်က စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံခြင်းအခြေခံရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ ထိုလူလည်း အနည်းငယ် တုန်လှုပ်သွားပြီး သူ့ကိုယ်သူ ကာကွယ်ရန် အစွမ်းကုန် ကြိုးစားလိုက်၏။ သို့သော်လည်း၊ နောက်အခိုက်အတန့်တွင်၊ ပုံရိပ်ယောင် အစစ်အမှန်နဂါးများ၏ တိုက်ခိုက်မှုအောက်တွင် သူ၏အကာကွယ်က ကျိုးပေါက်ကာ ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်း ပေါက်ကွဲသွားတော့သည်။

စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူမှာ တခဏချင်း သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထိုမြင်ကွင်းကြောင့် လူများစွာတို့ ပင့်သက်ရှိုက်မိခဲ့ပေသည်။ နဂါးနန်းတော်ထဲသို့ ဝင်ရောက်လိုပါက ဤမျှမလွယ်ကူပုံရသည်။

"ဒီနဂါးပုံရိပ်တွေက အရမ်းအစွမ်းထက်တာပဲ။ သူတို့က သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်မှာ ရှိနေပုံရတယ်"

"အမှန်ပဲ၊ သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်အောက်က ကျင့်ကြံသူတွေ ဝင်လို့မရတော့ဘူးထင်ပါတယ်"

ပတ်ဝန်းကျင်မှ ပြောဆိုဆွေးနွေးသံများ ထွက်ပေါ်လာခဲ့သည်။

"ဒီအဘိုးကြီး စမ်းကြည့်ရအောင်"

အဘိုးအိုတစ်ယောက်က ရှေ့သို့ တိုးလာခဲ့သည်။ သူက နဂါးနန်းတော်အဝင်ဝဆီသို့ ပြေးသွား၏။ ယခင်နည်းအတိုင်း၊ လမ်းကြောင်းပေါ်သို့ ရောက်သွားသည်နှင့် အစစ်အမှန်နဂါး ပုံရိပ်များက ခုန်အုပ်လာတော့သည်။

အဘိုးအိုလည်း လက်ဝါးရိုက်ချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်သည်။

အစစ်အမှန်နဂါးပုံရိပ်များ လွင့်စဉ်သွား၏။ အဘိုးအိုက ရှေ့သို့ ဆက်တိုးသွားပြီး မကြာမီ လျှောက်လမ်းကိုဖြတ်ကာ နဂါးနန်းတော်အဝင်ဝသို့ ရောက်သွားတော့သည်။

ယင်းကိုမြင်တော့ လူများစွာတို့လည်း နဂါးနန်းတော်အဝင်ဝကို ပြေးသွားခဲ့ကြသည်။

သို့ရာတွင်၊ သူတို့ထဲမှာ အများစုက သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထက်တွင် ရှိကြသည်။ သူတို့က အရှိန်အဟုန်အပြည့်ဖြင့် ဝင်ပေါက်ကို ပြေးဝင်သွားခဲ့ကြပေသည်။

ရှန်းကျစ်နှင့် ဝမ့်ကျန့်တို့သည်လည်း လှုပ်ရှားခဲ့ကြသည်။ အစစ်အမှန်နဂါး ပုံရိပ်များက သူတို့ကို လုံးဝ မတားဆီးနိုင်ပေ။

"ဝင်ပေါက်ကို ချိုးဖောက်"

ရှန်းကျစ်က ရှေ့သို့တိုး၍ နဂါးနန်းတော်အဝင်ဝကို လက်သီးဖြင့် ထိုးချလိုက်သည်။

နဂါးနန်းတော်အဝင်ပေါက်က ပြိုပျက်လုနီးပါး ပြင်းထန်စွာ တုန်လှုပ်သွား၏။

"ဟေ့၊ မင်းတို့ဘာကိုစောင့်နေကြတာလဲ"

ရှန်းကျစ် အော်ဟစ်လိုက်သည်။

"ကောင်းပြီ၊ အတူတူလုပ်ရအောင်"

တခြားသူများလည်း လှုပ်ရှားလိုက်ကြသည်။ စုစုပေါင်း အယောက်နှစ်ဆယ်ခန့်ရှိပြီး တပြိုင်နက်တည်း တိုက်ခိုက်လိုက်၏။ တံခါးက ပြင်းပြင်းထန်ထန် တုန်ခါပြီး အဆုံးမှာတော့ ဖိအားကို မခံနိုင်ဘဲ ပေါက်ကွဲသွားတော့သည်။

"သွားကြစို့"

"ဝှစ်"

နဂါးနန်းတော် ဂိတ်ဝကို ဖွင့်လိုက်သည်နှင့် လူနှစ်ဆယ်ကျော်စလုံး နဂါးနန်းတော်ထဲသို့ ပြေးဝင်ကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြသည်။

"ဆရာတူအစ်ကို၊ ဆရာတူအစ်မ... စမ်းကြည့်ချင်လား"

လုမင်က ထျန်းချွေးနှင့် ရွယ်နင်ရှင်းကို ကြည့်လိုက်သည်။

"ငါတို့ ဒီကိုတောင် ရောက်လာမှတော့ စမ်းကြည့်ကြတာပေါ့"

ထျန်းချွေး ပြောလိုက်၏။ ရွယ်နင်ရှင်းကလည်း ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ၊ အတူတူသွားစို့"

လုမင် ပြောလိုက်သည်။

ချက်ခြင်းပင် သူတို့သုံးယောက်လည်း နဂါးနန်းတော်တံခါးဆီသို့ ပြေးသွားတော့သည်။

ပတ်ဝန်းကျင်မှ လူများစွာလည်း သူတို့ကို အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်ကြသည်။

"ဟာ...ဟာ၊ ဒီလူတွေ သတ္တိကောင်းလှချေလား။ ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူနှစ်ယောက်နဲ့ တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူတစ်ဦးက နဂါးနန်းတော်ကို စိန်ခေါ်ဝံ့တယ်။ ဘယ်လောက်တောင် အတင့်ရဲလိုက်သလဲ"

"မွေးကင်းစ နွားပေါက်ကလေးက ကျားကို မကြောက်ဘူး"

လူတချို့က လှောင်ပြောင်ပြောဆိုလိုက်ကြသည်။

လုမင်တို့သုံးဦးကတော့ မကြားချင်ယောင်ဆောင်ကာ ဂရုမစိုက်တော့ပေ။ တံခါးဝသို့ ရောက်ခါနီးတော့ အစစ်အမှန်နဂါးပုံရိပ် အများအပြား ထွက်ပေါ်လာခဲ့ကြပြန်သည်။

"ထွက်သွား"

ထျန်းချွေးက ဟိန်းဟောက်ပြီး တူကြီးတစ်လက်ဖြင့် ရှေ့ကို ပြေးထွက်သွား၏။

"ဒုန်း"

အစစ်အမှန်နဂါး အရိပ်တစ်ခု လွင့်စဉ်သွားတော့သည်။

ရွယ်နင်ရှင်းကလည်း အစစ်အမှန်နဂါး အရိပ်တစ်ခုကို လွင့်စဉ်သွားစေခဲ့သည်။

လုမင်က လှံရှည်တစ်လက်ကိုကိုင်ပြီး လှံချက် ထုတ်ဖော်လိုက်၏။ ချက်ချင်းပင်၊ လှံရှည်မှ စွမ်းအားဆယ်မျိုး ထွက်ပေါ်လာပြီး အစစ်အမှန်နဂါးပုံရိပ်ကို လွင့်စဉ်သွားစေတော့သည်။

"ဘာ၊ အစစ်အမှန်နဂါးပုံရိပ်ကို လွင့်စဉ်သွားစေခဲ့တာလား"

"ဘာ၊ တတိယအဆင့် သိုင်းအုပ်ချုပ်သူတစ်ပါးကတောင် အစစ်အမှန်နဂါးပုံရိပ်ကို လွင့်စဉ်သွားစေနိုင်တယ်လား။ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်အောက်မှ ကျင့်ကြံသူများ မယုံကြည်နိုင်စွာ အော်ဟစ်လိုက်ကြသည်။

"ဂါး... ဂရား..."

အစစ်အမှန်နဂါးပုံရိပ်များက လုမင်တို့သုံးယောက်အား ဆက်လက် ခုန်အုပ်လာ၏။

သူတို့သုံးယောက်လည်း တြိဂံအသွင်ရပ်ကာ ရင်ဆိုက်တိုက်ခိုက်လိုက်ကြတော့သည်။

"ဝုန်း၊ ဝုန်း၊ ဝုန်း"

အစစ်အမှန်နဂါးပုံရိပ်များ တစ်ခုပြီးတစ်ခု လွင့်စဉ်သွားကြသည်။ သူတို့သုံးယောက်က သုံးထောင့်စကြာတစ်ခုကဲ့သို့ပင်။ မကြာမီပင်၊ သူတို့က အစစ်အမှန်နဂါးပုံရိပ် အတားအဆီးကိုဖြတ်ကျော်ပြီး တံခါးပေါက်သို့ အောင်အောင်မြင်မြင် သွားနိုင်ခဲ့ကြသည်။

"ဒီအစစ်အမှန်နဂါးပုံရိပ်တွေက အားနည်းသွားကြတာဖြစ်မယ်"

"ဖြစ်နိုင်တယ်၊ လူအများကြီးရဲ့ တိုက်ခိုက်တာကို ခံရပြီးနောက် ပုံရိပ်ယောင် အစစ်အမှန်နဂါးတွေက အားနည်းသွားတာ ဖြစ်ရမယ်။ မဟုတ်ရင် တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူက ဘယ်လိုလုပ်ပြီး ဖြတ်ကျော်နိုင်မှာလဲ။ ဒါက ငါတို့ရဲ့ အခွင့်အရေးပဲ"

"ဝှစ်၊ ဝှစ်"

ချက်ခြင်းဆိုသလိုပင် လူတချို့က နဂါးနန်းတော်တံခါးဆီသို့ ပြေးသွားခဲ့ကြသည်။

နဂါးဟိန်းသံများနှင့် ပုံရိပ်ယောင် အစစ်အမှန်နဂါးများ ထွက်ပေါ်လာပြီး သူတို့ကို ခုန်အုပ်လိုက်၏။

"ထွက်သွား"

ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အဘိုးအိုတစ်ဦးက ပုံရိပ်ယောင် အစစ်အမှန်နဂါးတစ်ကောင်အား လက်သီးဖြင့် ထိုးချလိုက်သည်။ သို့သော်၊ သူ၏လက်သီးချက်က ပုံရိပ်ယောင် အစစ်အမှန်နဂါးနှင့် တိုက်မိသောအခါ အရိုးကျိုးသံ ထွက်ပေါ်လာခဲ့သည်။ သူ့မျက်နှာက ဖြူဖျော့ပြီး သွေးအန်ရင်း လွင့်စဉ်သွား၏။ ထိုအချိန်တွင် ပုံရိပ်ယောင် အစစ်အမှန်နဂါးတစ်ကောင် ထပ်မံထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်ကို ထက်ဝက်ဆုပ်ဖြဲလိုက်တော့သည်။

"အား၊ အား"

တချိန်တည်းမှာပင် အခြားသူများမှာလည်း နာကျင်စွာအော်ဟစ်ရင်း အစစ်အမှန်နဂါး ပုံရိပ်များ၏ သတ်ဖြတ်ခြင်း ခံလိုက်ရတော့သည်။

ကျန်လူများ အံ့သြဘနန်း ဖြစ်သွားခဲ့ကြသည်။

ရှေ့သို့ပြေးသွားရန် ဟန်ပြင်နေသူတချို့လည်း တုံ့ခနဲ ရပ်သွားခဲ့ကြသည်။ သူတို့၏နဖူးမှ ချွေးများ စီးကျလာခဲ့၏။ သူတို့၏ တုံ့ပြန်မှု နှေးကွေးလွန်းသောကြောင့်လည်း တိတ်တဆိတ် စိတ်သက်သာသာရသွားကြလေသည်။

ဤပုံရိပ်ယောင် အစစ်အမှန်နဂါး ပုံရိပ်များ၏ စွမ်းအားက လုံးဝ အားနည်းမသွားပေ။ သူတို့၏အင်အားက ယခင်အတိုင်း အားကောင်းသန်မာနေနိုင်ဆဲ ဖြစ်သည်။

ထိုလူငယ်သုံးယောက်သာ ဖြတ်ကျော်နိုင်ခဲ့ခြင်းပင်။

လူတော်တော်များများလည်း လုမင်နှင့် အခြားလူများကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

ယခုတော့ သူတို့သုံးဦးက အလွန်အစွမ်းထက်သည့် ပါရမီရှင်များဖြစ်ကြောင်း နားလည်သွားကြပြီ။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းကို သာမန်အသိအမြင်ဖြင့် ဆုံးဖြတ်၍မရပေ။

ထိုအချိန်တွင် လုမင်တို့သုံးဦးက နဂါးနန်းတော် တံခါးမှတဆင့် ဝင်ရောက်သွားခဲ့သည်။

တံခါးအတွင်းမှာတော့ ကျယ်ဝန်းသော ခန်းမကြီးတစ်ခုရှိသည်။ ခန်းမ၏ နောက်ဘက်တွင်လည်း ဘယ်၊ညာ ဝင်ပေါက်နှစ်ပေါက် ရှိ၏။

"ဘယ်တစ်ခုကို သွားကြမလဲ"

ထျန်းချွေးက မေးလိုက်သည်။

"ဘယ်ဟာပဲဖြစ်ဖြစ် ရပါတယ်၊ ကျွန်တော်ကတော့ ညာဘက်ကိုသွားချင်တယ်"

လုမင် ပြောလိုက်သည်။

ထျန်းချွေးနှင့် ရွယ်နင်ရှင်း ခေါင်းညိတ်လိုက်၏။ သုံးယောက်သား ညာဘက်တံခါးအတွင်းသို့ ပြေးဝင်သွားရာ လမ်းတစ်ခုကို တွေ့လိုက်ရသည်။ အတန်ကြာ လျှောက်သွားပြီးနောက် ဘေးတစ်ဖက်တစ်ချက်စီတွင် အခန်းများပါရှိသော စင်္ကြံရှည်များကို တွေ့လိုက်ရ၏။

သူတို့သုံးယောက်က အခန်းများအတွင်းသို့ ဝင်ကြည့်လိုက်သော်လည်း အထဲမှာ ဘာမျှမရှိတော့ပေ။

"ငါတို့ နောက်ကျသွားတယ်၊ အားလုံး သိမ်းယူသွားကြပြီ"

ထျန်းချွေး ပြောလိုက်သည်။

အကြောင်းမူ၊ မြေပြင်ပေါ်တွင် လောလောလတ်လတ် ထင်ကျန်နေသော ခြေရာများကို မြင်ရသောကြောင့်ပင်။ ယခင်က ရတနာပစ္စည်းများ ရှိနိုင်သော်လည်း ယခုအခါ အကုန်လုံး ပြောင်နေပြီ ဖြစ်သည်။

သူတို့ရှေ့မှ ဝင်ရောက်သွားကြသူများ ယူငင်သွားခြင်း ဖြစ်သင့်သည်။

"စားပွဲတွေ၊ ကုလားထိုင်တွေကိုတောင် သိမ်းသွားတာပဲ"

လုမင် အနည်းငယ် ဆွံ့အသွားခဲ့သည်။

"အစစ်အမှန်နဂါးတွေက ရတနာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို စုဆောင်းရတာ နှစ်သက်တယ်လို့ ဒဏ္ဍာရီတွေမှာ ဆိုထားတယ်။ သာမန်ပရိဘောဂအချို့ကိုတောင် အဖိုးတန်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတယ်တဲ့"

ထျန်းချွေးက ခပ်တိုးတိုးရေရွတ်ရင်း ရွယ်နင်ရှင်းကို ကြည့်လိုက်သည်။

"ဘာလဲ၊ ရှင်က သဘောမကျဘူးလား"

ရွယ်နင်ရှင်းက ထျန်းချွေးကို စိုက်ကြည့်လိုက်၏။

ထျန်းချွေးလည်း သွားဖြဲကြီးဖြင့် ပြုံးပြလိုက်လေသည်။ သူတို့သုံးယောက်သား ရှေ့ကို ဆက်လျှောက်သွားခဲ့သည်။ ဤသို့ဖြင့် အခန်းတစ်ခန်းကို ဖြတ်သွားသောအခါ ပစ္စည်းအားလုံးကို စုဆောင်းနေသော အဘိုးအိုတစ်ဦးအား တွေ့လိုက်ရသည်။

စားပွဲများ၊ ကုလားထိုင်များ၊ ပန်းကန်လုံးများနှင့် ရှိသမျှ ပစ္စည်းအားလုံးကို သိမ်းသွားခဲ့၏။

"ဟင်၊ အဲဒီပန်းအိုးက ကျောက်စိမ်းအနှစ်သာရနဲ့ ပြုလုပ်ထားတာပဲ။ ကျောက်စိမ်းအနှစ်သာရကျောက်က အုပ်ချုပ်သူဝိညာဉ်ရတနာတွေ ပြုလုပ်တဲ့နေရာမှာ အသုံးပြုနိုင်တယ်"

"နောက်ပြီး အဲဒီစားပွဲကလည်း နဂါးစွယ်ကျောက်စိမ်းနဲ့ ပြုလုပ်ထားတာ။ အဲဒါက သူတော်စင်ရတနာတွေ ပြုလုပ်တဲ့နေရာမှာတောင် အသုံးပြုနိုင်တယ်"

အော်ဟစ်ပြောဆိုရင်း ထျန်းချွေး၏ မျက်လုံးများက ပြူးကျယ်သွားသည်။

ထိုအဘိုးအိုက အလွန် လက်သွက်ပေသည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အခန်းတစ်ခုလုံး ပြောင်ရှင်းသွားသည်။

အမှန်ပင်၊ အစစ်အမှန်နဂါးများက ရတနာများ စုဆောင်းခြင်းကို စုဆောင်းရန် နှစ်သက်ကြသည်။ သာမာန်ပရိဘောဂ ပစ္စည်းများသည်ပင် အဖိုးတန်ရတနာများ ဖြစ်၏။ ရှေ့မှ အခန်းအား‌လုံး မပြောင်ရှင်းနေမှသာ ထူး‌ဆန်းပေလိမ့်မည်။

အဘိုးအိုက သူတို့ကို ရုတ်ရက် မြင်ရသောကြောင့် အနည်းငယ် အံ့ဩသွားသည်။ ထို့နောက်တော့ သူတို့သုံးဦးကို လျစ်လျူရှုကာ တစ်ဖက်သို့ အလျင်စလို ပြေးထွက်သွားတော့သည်။

"မြန်မြန်သွားကြရအောင်၊ မဟုတ်ရင် ငါတို့ အရိုးအရင်းလေးတောင်မှ မရလိုက်ဘဲ ဖြစ်လိမ့်မယ်"

ထျန်းချွေးက အော်ပြောလိုက်သည်။ သူတို့သုံးဦးလည်း ကျပန်းလမ်းကြောင်းတစ်ခုကို ရွေးချယ်ကာ အမြန်ဆုံးနှုန်းဖြင့် ပြေးထွက်သွားတော့သည်။

All Chapters