← Chapters

အခန်း ၁၅၀၈

Vol. 101 Ch. 1508

အခန်း ၁၅၀၈

Vol. 101 Ch. 1508

အပိုင်း ( 1508 ) နဂါးရုပ်အလောင်း။

လုမင်တို့သုံးယောက်လည်း စင်္ကြန်အတိုင်းလျှောက်ရင်း အခန်းတစ်ခုသို့ ရောက်လာခဲ့ကြသည်။ နောက်ဆုံးမှ ခြေရာလက်ရာမပျက် ရှိနေသေးသော အခန်းတစ်ခုကို မြင်လိုက်ရ၏။ အတွင်းပိုင်းရှိ စားပွဲနှင့် ကုလားထိုင်များ အားလုံးက ရတနာပစ္စည်းများ သန့်စင်ရန်အတွက် ရှားပါးပစ္စည်းများ ဖြစ်ကြသည်။ သူတို့ သုံးယောက်လည်း ချက်ချင်း သိမ်းယူလိုက်ကြလေသည်။

ထို့နောက် ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင် အခန်းများအားလုံးကို လုယူသွားကြောင်း တွေ့ရှိခဲ့၏။ ယခုလေးတင် သူတို့ရောက်ခဲ့သော အခန်းက ပိုက်ကွန်မှလွတ်သွားသော ငါးတစ်ကောင်မျှသာ ဖြစ်လေသည်။

သူတို့ သုံးယောက်လည်း အခန်းအနည်းငယ်ကို ဖြတ်ကျော်သွားပြီးနောက် တစ်ဖက်ခန်းဆီသို့ ရောက်လာခဲ့ကြသည်။ ထိုနေရာသို့အရောက်တွင် သူတို့ သုံးယောက် ရပ်သွားကြ၏။

သူတို့ရှေ့တွင် အဖြူရောင်ဝတ်လူငယ်တစ်ယောက်က လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်နေသည်။ သူက အခန်းနံရံပေါ်မှ ပန်းချီကားတစ်ချပ်ကို ကြည့်နေ၏။ ပန်းချီကားထဲရှိ အစစ်အမှန်နဂါးများက ချက်ချင်းပင် ပန်းချီကားထဲမှ ခုန်ထွက်လာတော့မည်ကဲ့သို့ အသက်ဝင်လွန်းပေသည်။

"ရှန်းကျစ်"

လုမင်တို့သုံးယောက် အံ့အားသင့်သွားကြသည်။

ဤလူငယ်ကား ကောင်းကင်နတ်ဘုရားဂိုဏ်း၏ နတ်ဘုရားသားတော် ဖြစ်ချေသည်။

အသံဗလံများကိုကြားသွားဟန်ဖြင့် ရှန်းကျစ်က လုမင်တို့သုံးယောက်ကို အေးစက်စက်ဖြင့် လှည့်ကြည့်လိုက်သည်။

"နဂါးနတ်ဘုရားတောင်ကြားက တပည့်တွေပဲ၊ မင်းတို့ ဒီကို ရောက်လာနိုင်တာ အံ့ဩစရာမရှိပါဘူး။ ထွက်သွားကြ"

ရှန်းကျစ်က အေးစက်စက် ပြောလိုက်သည်။

နောက်ဆုံး "ထွက်သွားကြ"ဟူသော စကားမှာ နတ်ဘုရားတစ်ပါး ငေါက်လိုက်သကဲ့သို့ ဖြစ်၏။ မြင့်မြတ်သောအလင်းရောင်များ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော လေပြင်းက လုမင်တို့သုံးယောက်ဆီသို့ ဦးတည်လာတော့သည်။

သုံးယောက်စလုံး တုန်လှုပ်သွားကြသည်။ သူတို့ကိုယ်ကို ခုခံကာကွယ်ရန် ယွမ်ချီစွမ်းအင်နှင့် တာအိုနယ်မြေများအား ဖြန့်ကျက်လိုက်၏။ သို့သော်လည်း လေပြင်းက အားကောင်းလွန်းလှသည်။ သူတို့သုံးယောက်စလုံး၏ ခန္ဓာကိုယ်ကို ဆက်တိုက် တိုက်ခတ်သွား၏။ သုံးယောက်စလုံး၏ ခန္ဓာကိုယ်ထဲမှသွေးများ ဆူပွက်သွားကာ ဒယီးဒယိုင်ဖြင့် ဆုတ်သွားရတော့သည်။ သူတို့၏ ပါးစပ်ထဲမှ သွေးများပင် အန်ထွက်လုနီး ဖြစ်ခဲ့ရသည်။

ရှန်းကျစ်က သူတို့သုံးယောက်ကို တစ်ဖန် အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ့လက်ဝှေ့ယမ်းပြီး ပန်းချီကားကို သိမ်းယူလိုက်၏။ ၎င်းက သူတို့သုံးယောက်နှင့် ဆက်ဆံရခြင်းကိုပင် စိတ်ပျက်သလို နေရာမှ ထွက်ခွာသွားတော့သည်။

"သူက ကျင့်ကြံခြင်းအဆင့် ပိုမြင့်မားရုံနဲ့ ငါတို့ကို အထင်သေးနေတာပဲ။ သူ့ကိုယ်သူ ဘာထင်နေတာလဲ"

ထျန်းချွေး မကျေမနပ်ဖြင့် အော်ဟစ်လိုက်သည်။

လုမင်ကတော့ ဘာမျှ မပြောတော့ပေ။

ကျင့်ကြံခြင်းကမ္ဘာက ဤအတိုင်းပင်။ လုံလောက်အောင် အင်အားကြီးပါက လုပ်ချင်တာကို လုပ်နိုင်သည်။ အင်အားမရှိဘဲ ပြောနေလျှင်‌လည်း အသုံးဝင်မည် မဟုတ်ပါ။

သူတို့သုံးယောက်လည်း အခြားလမ်းတစ်ခုကို ရွေးချယ်ကာ ရှေ့သို့ လျှောက်သွားခဲ့ကြသည်။

ခဏကြာတော့ အခန်းတစ်ခုကို ဖြတ်သွား၏။ ထိုအခန်း၏ နံရံပေါ်တွင်လည်း လက်သီးဆုပ်အရွယ် ညပုလဲလုံးများ ရှိသေးသည်။

ယင်းကိုမြင်တော့ ရွယ်နင်ရှင်း၏ မျက်လုံးများက တောက်ပလာခဲ့သည်။ သူမက ညပုလဲများကို တစ်လုံးပြီးတစ်လုံး ထုတ်ယူကာ စိတ်လှုပ်ရှားစွာ သိမ်းထားလိုက်၏။

လုမင်နှင့် ထျန်းချွေးလည်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။

တောက်ပသော ဤညပုလဲက သာမန်လူများအတွက် ရတနာတစ်ခုဖြစ်သော်လည်း ကျင့်ကြံသူများအတွက်တော့ အမှိုက်တစ်စနှင့် မခြားပေ။ လုံးဝ အသုံးမဝင်ခဲ့ပါ။

"အစစ်အမှန်နဂါးတွေက အထူးသဖြင့် တောက်ပြောင်တဲ့ အရာတွေကို ရတနာတွေလို စုဆောင်းရတာ ကြိုက်တယ်လို့ ပြောကြတယ်။ ကြည့်ရတာ ဒါက အမှန်ဖြစ်ပုံပဲ"

ထျန်းချွေးက ရေရွတ်လိုက်သည်။

"ဟမ့်၊ ရှင်က ဘာသိလို့လဲ"

ရွယ်နင်ရှင်းက ထျန်းချွေးကို အထင်မြင်သေးစွာဖြင့် ကြည့်လိုက်၏။

"ဝုန်း၊ ဝုန်း"

ထိုအချိန်တွင် သူတို့၏ အမူအရာများ ပြောင်းလဲသွားကြသည်။ အကြောင်းမူ၊ သူတို့ရှေ့မှ ပြင်းထန်သော ပေါက်ကွဲသံ ထွက်ပေါ်လာသောကြောင့်ပင်။

"တစ်ယောက်ယောက် တိုက်ခိုက်နေတာလား၊ ဒါမှမဟုတ်..."

ထျန်းချွေး မျက်ခုံးပင့်လိုက်သည်။

"သွားကြည့်ကြရအောင်။ သတိတော့ထားပါ"

လုမင် ပြောလိုက်၏။

သူတို့ သုံးယောက်လည်း သူတို့၏ အရှိန်အဝါများကိုထိန်းချုပ်ကာ အသံလာရာဆီသို့ ပြေးသွားကြတော့သည်။

မကြာမီ သူတို့သုံးယောက်ဟာ တံခါးမကြီးမှတဆင့် ခန်းမကျယ်ကြီးတစ်ခုဆီသို့ ရောက်သွားသည်။

ခန်းမကြီးက အလွန်ကျယ်ဝန်းပြီး လူပေါင်း ရာနှင့်ချီ၍ လက်ခံထားနိုင်သည်။ ခန်းမအလယ်မှာတော့ အလွန်ကြီးမားသော သတ္တုခေါင်းတလားတစ်ခု ရှိ၏။

ယင်းဧရာမခေါင်းတလားကို အစစ်အမှန်နဂါးပုံ ပြုလုပ်ထားပေသည်။ ခေါင်းတလားတွင် ရှုပ်ထွေးသော ကမ္ပည်းအလွှာများလည်း ပြည့်နေသည်။

နဂါးခေါင်းတလား။

သုံးယောက်စလုံး တုန်လှုပ်သွားကြသည်။ ယင်းက နဂါးခေါင်းတလားဆိုတာ အသိသာကြီးပင်။

ထိုအချိန်တွင် ကျွမ်းကျင်သူ တချို့က နဂါးခေါင်းတလားကို တိုက်ခိုက်နေကြသည်။ သို့သော်လည်း၊ နဂါးခေါင်းတလားပေါ်မှ ကမ္ပည်းများက အလင်းမျက်နှာပြင်တစ်ခုကဲ့သို့ နဂါးခေါင်းတလားကို ပိတ်ဆို့ထား၏။

ထိုကျင့်ကြံသူအားလုံးက သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်နှင့် အထက်တွင် ရှိကြသည်။ နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူများပင် ရှိသေးသည်။ သူတို့၏ တိုက်ခိုက်မှုများက နဂါးခေါင်းတလား၏ အလင်းမျက်နှာပြင်ပေါ်သို့ ဆက်တိုက်ကျရောက်သွားခဲ့သည်။ သို့သော်၊ အလင်းမျက်နှာပြင်က တုန်ခါသွားသည့်တိုင် အချိန်တိုအတွင်း ပျက်စီးသွားမည့်ပုံမရပေ။

လုမင်တို့သုံးယောက် ရောက်လာသောအခါ ထိုသူများက လှည့်ကြည့်လာခဲ့ကြသည်။ သို့သော်လည်း သူတို့သုံးယောက်ထဲတွင် အသန်မာဆုံးက ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူသာဖြစ်ကြောင်း သိရသောအခါ အထင်မြင်သေးသော အရိပ်အယောင်များ ဖြစ်ပေါ်လာပြီး လျစ်လျူရှုလိုက်ကြတော့သည်။

"နဂါးခေါင်းတလား"

ဤအခိုက်အတန့်တွင် အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦး ရောက်ရှိလာပြီး အခြားသူများနှင့် ပူးပေါင်းကာ နဂါးခေါင်းတလားကို တိုက်ခိုက်လိုက်သည်။

သူတို့၏တိုက်ခိုက်မှုမှ အသံများက ကျွမ်းကျင်သူများကို ဆွဲဆောင်နိုင်ခဲ့သည်။ ဤသို့ဖြင့် တဖြည်းဖြည်းနှင့် ကျွမ်းကျင်သူများ ပိုများလာတော့သည်။

"ရွှစ်"

ရုတ်တရက်၊ ဓားအလင်းကဲ့သို့ လူငယ်တစ်ဦးက လမ်းတစ်ခုမှ ထွက်ပေါ်လာခဲ့သည်။

ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းမှ ပါရမီရှင် ဝမ့်ကျန့် ဖြစ်၏။

"ဝှစ်"

အခြားလမ်းတစ်ခုမှလည်း မြင့်မြတ်သော အလင်းရောင်များဖြင့် ရှန်းကျစ် ထွက်လာတော့သည်။

စန်းပြည်နယ်ရှိ ထိပ်တန်းပါရမီရှင်နှစ်ဦးက တပြိုင်နက်တည်း ရောက်လာပြီ ဖြစ်သည်။

"နဂါးခေါင်းတလား"

ရှန်းကျစ်၏ မျက်လုံးများက တောက်ပသွားသည်။

"အမှိုက်တွေ၊ ထွက်သွားစမ်း"

ရှန်းကျစ်က အေးစက်စက် အော်ဟစ်လိုက်သည်။ သူ့ပုံရိပ်က လှုပ်ရှားပြီး နဂါးခေါင်းတလားရှေ့မှာ ပေါ်လာခဲ့၏။ သူ၏ခန္ဓာကိုယ်မှ မြင့်မြတ်သောအလင်းရောင်များ ထွက်ပေါ်လာပြီး ကျင့်ကြံသူနှစ်ဦးကို လွင့်စဉ်သွားစေတော့သည်။

'ချီးပဲ'

ထိုသူနှစ်ဦးမှာ ဘာမှ မပြောဝံ့ဘဲ စိတ်ထဲမှသာ ကျိန်ဆဲလိုက်ကြသည်။

"ဝုန်း"

ရှန်းကျစ်က ဧရာမခေါင်းတလား၏ အလင်းမျက်နှာပြင်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ အလင်းမျက်နှာပြင်က အချိန်မရွေးပြိုကျသွားနိုင်သကဲ့သို့ ပြင်းထန်စွာ တုန်ခါသွား၏။ သို့သော်လည်း အဆုံးမှာတော့ မပျက်စီးခဲ့ပေ။

"ဟားဟားဟား... ရှန်းကျစ်၊ မင်းမလုပ်နိုင်ဘူးထင်တယ်။ ငါ မင်းကို ကူညီပါရစေ"

ဝမ့်ကျန့် ရယ်မောလိုက်သည်။ ဓားစွမ်းအင်များ ပေါက်ကွဲထွက်ပြီး ကြောက်စရာကောင်းသော ဓားအလင်းတစ်ခုက အလင်းမျက်နှာပြင်ကို ခုတ်ချလိုက်၏။ ယခင်အတိုင်း အလင်းမျက်နှာပြင်က ပြင်းထန်စွာ တုန်ခါသွားသော်လည်း မကျိုးပေါက်ခဲ့ပေ။

"အတူတူတိုက်ခိုက်ကြရအောင်"

ရှန်းကျစ်က အခြားသူများကို အေးစက်စက် ဝေ့ကြည့်ရင် ပြောလိုက်သည်။

ထို့နောက် နတ်ဘုရားသားတော်က ဦးစွာ တိုက်ခိုက်လိုက်သည်။ မြင့်မြတ်သော အလင်းရောင်များက နတ်ဓားသွားတစ်လက်အဖြစ် ပြောင်းသွားပြီး နဂါးခေါင်းတလား၏ အလင်းမျက်နှာပြင်ကို ထိုးခုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဝမ့်ကျန့်က သူ့ဓားနှင့် ခုတ်ချလိုက်၏။

တခြားသူများလည်း အံကြိတ်ကာ လိုက်လံတိုက်ခိုက်ရတော့သည်။

လူအများ စုပေါင်းတိုက်ခိုက်ခြင်းကြောင့် စွမ်းအားများမှာ ကြောက်စရာကောင်းလှသည်။ အလင်းဖန်သားပြင်က တရစပ် တုန်ခါသွားသည်။

"ခလွပ်"

အလင်းမျက်နှာပြင်က ကွဲအက်သံသံတစ်ချက်မြည်ပြီး အက်ကြောင်းတစ်ခု ပေါ်လာခဲ့၏။

အလင်းမျက်နှာပြင် အက်ကွဲသွားပြီ။ လူအုပ်ကြီးလည်း စိတ်လှုပ်ရှားလာပြီး ဆက်လက်တိုက်ခိုက်လိုက်ကြသည်။

နောက်ဆုံးတွင် ပေါက်ကွဲသံတစ်ချက်နှင့်အတူ အလင်းမျက်နှာပြင် ပေါက်ကွဲသွားသည်။ ကြီးမားသော နဂါးခေါင်းတလားပေါ်ရှိ ကမ္ပည်းစာများက မှေးမှိန်ပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွား၏။

ထိုအချိန်တွင် လူတိုင်း၏ မျက်လုံးအကြည့်များက နဂါးခေါင်းတလားပေါ်တွင် ကျရောက်လာတော့သည်။

နဂါးခေါင်းတလားထဲတွင် ရှိနေသည်မှာ အဘယ်နည်း။ ယင်းက အစစ်အမှန်နဂါးတစ်ကောင်ကို မြှုပ်နှံထားခြင်း ဖြစ်မည်လော။

"ပွင့်လော့"

ရှန်းကျစ်၏ ခန္ဓာကိုယ်မှ မြင့်မြတ်သော အလင်းရောင်များက ပို၍ တောက်ပလာခဲ့သည်။ ဧရာမ လက်ဝါးကြီးတစ်ဖက်က လေထဲတွင်ပေါ်လာပြီး နဂါးခေါင်းတလားပေါ်ကို ပြင်းထန်စွာ ရိုက်ချလိုက်၏။

"ဝုန်း"

နဂါးခေါင်းတလားကြီး၏ အဖုံးကို ဖွင့်လိုက်ပြီ။

"ဝှစ်၊ ဝှစ်၊ ဝှစ်"

ထိုအချိန်တွင် လူအုပ်ကြီးက လေထဲသို့ ခုန်တက်လာပြီး နဂါးခေါင်းတလားထဲသို့ လှမ်းကြည့်လိုက်ကြသည်။

နဂါး။

အစစ်အမှန်နဂါး။

နဂါးခေါင်းတလားထဲတွင် အစစ်အမှန်နဂါးကြီးတစ်ကောင် အမှန်တကယ် ရှိနေသည်။

ထိုအစစ်အမှန်နဂါးက အနက်ရောင် ဖြစ်သည်။ ၎င်း၏ အနက်ရောင် အကြေးခွံများက မဟူရာရောင် တောက်ပနေ၏။ ၎င်း၏ ဦးခေါင်းပေါ်၌ နဂါးချိုနှစ်ချောင်းရှိပြီး ဝမ်းဗိုက်မှာလည်း နဂါးခြေသည်းငါးချောင်း ရှိသေးသည်။

အနက်ရောင်နဂါးကြီး၏ ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခုလည်း ထွက်ပေါ်နေသည်။

သူတော်စင်နယ်ပယ်၊ အစစ်အမှန်နဂါး အသက်ရှိစဉ်က သူတော်စင်နယ်ပယ်သို့ သေချာပေါက် ရောက်ရှိခဲ့ပေသည်။ သူတော်စင်နယ်ပယ် အစစ်အမှန်နဂါး၏ ခန္ဓာတစ်ခုလုံးက ရတနာများချည်း ဖြစ်ကြသည်။

ထိုစဉ်က လုမင်ဟာ ဝိညာဉ်စွမ်းအင်ပြည့်ဝသော သူတော်စင်နယ်ပယ် နဂါးအရိုး ကီလိုဂရမ်သုံးဆယ်ကို ဝယ်ယူရန် ဂိုဏ်းထည့်ဝင်မှတ်နှစ်သန်း အသုံးပြုခဲ့ရသည်။ ထိုမှ ယင်းမှာ မည်မျှအဖိုးတန်ကြောင်း တွေ့မြင်နိုင်ပေသည်။

ဤအစစ်အမှန်နဂါး၏ အလောင်းကတော့ ဝိညာဉ်အနှစ်သာရအချို့ကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ သို့တိုင် ယင်းက အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးမားပါသေးသည်။

"ဝှစ်"

ရုတ်တရက် တစ်စုံတစ်ယောက်က အစစ်အမှန်နဂါး၏ အလောင်းကို သိမ်းယူရန် ကြိုးစားလိုက်သည်။

"‌အတင့်ရဲလိုက်တာ၊ ငါ့ရဲ့ အစစ်အမှန်နဂါးကို ဘယ်လိုတောင် လုယူဝံ့တာလဲ။ မင်းသေချင်နေပြီ"

ရှန်းကျစ် အေးစက်စက်ဖြင့် အော်ဟစ်လိုက်သည်။ မြင့်မြတ်သောအလင်းများက ပေါက်ကွဲထွက်ပြီး နတ်ဓားတစ်လက်အဖြစ် ပြောင်းလဲကာ ခုတ်ချလိုက်၏။

"အား၊ အား"

အော်ဟစ်သံနှစ်ခု ထွက်ပေါ်လာပြီး အစစ်အမှန်နဂါးရှိရာသို့ ပြေးလွှားသွားသော လူနှစ်ဦးမှာ ထက်ခြမ်းကွဲ၍ တိုက်ရိုက်သေဆုံးသွားတော့သည်။

All Chapters