← Chapters

အခန်း ၁၅၁၀

Vol. 101 Ch. 1510

အခန်း ၁၅၁၀

Vol. 101 Ch. 1510

အပိုင်း ( 1510 ) နဂါးနန်းတော်၏ ရတနာတိုက်။

နတ်ဘုရားအပြစ်ပေး ကမ္ပည်းစာလိပ်၏ ကမ္ပည်းအစီရင်က မအောင်မြင်တော့ပေ။

အစီရင်တည်ဆောက်ခြင်း မအောင်မြင်သောကြောင့် ကမ္ပည်းစာလိပ်မှာ မီးလောင်ကျွမ်းပြီး ပြာဖြစ်သွားခဲ့သည်။

အများအားဖြင့် ကမ္ပည်းစာလိပ်များက တစ်ကြိမ်သုံးပစ္စည်းများ ဖြစ်ချေသည်။

"ဂါး"

ကမ္ပည်းစာလိပ်၏ အစီရင် မအောင်မြင်သောအခါ နဂါးနက်ကြီးက သံရှည်ဆွဲ၍ ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ အားကောင်းသော အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာ၏။

"ဝုန်း"

နဂါးနက်ကြီးက ဟိန်းဟောက်ပြီး ၎င်း၏ နဂါးလက်သည်းများနှင့် ကျောက်စိမ်းမျှော်စင်လေးကို လွင့်စဉ်သွားစေခဲ့ပေသည်။

ထို့နောက် နဂါးနက်ကြီးက သံရှည်ဆွဲကာ ဟိန်းဟောက်ရင်း ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။ ၎င်းက ခန်းမမျက်နှာကျက်ကို အပေါက်ဖောက်ပြီး ပျံထွက်သွား၏။

"ဝုန်း"

ကျောက်တုံးကျောက်ခဲများက နေရာအနှံ့သို့လွင့်စဉ်သွားပြီး နဂါးနန်းတော်အထက်တွင် အပေါက်ကြီးတစ်ခု ပေါ်လာတော့သည်။ နဂါးနက်ကြီးက ကောင်းကင်ကိုဖြတ်ကာ ပျံသန်းထွက်ပြေးသွားတော့မည် ဖြစ်သည်။

"ဘယ်သူလဲကွ"

ရှန်းကျစ်က ဒေါသတကြီးဟိန်းဟောက်ရင်း အလွန်အေးစက်သော သတ်ဖြတ်ချင်စိတ်များဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

ယခုလေးတင်၊ တစ်စုံတစ်ယောက်က သူ၏ နတ်ဘုရားတားမြစ် ဟင်းလင်းပြင် ကမ္ပည်းစာလိပ်အား တိတ်တဆိတ် ချိုးဖျက်၍ နဂါးနက်ကြီးကို လွတ်မြောက်ခွင့်ပေးခဲ့သည်။

ထို့ကြောင့် အခွင့်အလမ်းကောင်း ပျက်စီးရပြီး နတ်ဘုရားတားမြစ် ဟင်းလင်းပြင်ကမ္ပည်းစာလိပ်ကိုလည်း ဆုံးရှုံးခဲ့ရပေသည်။ ဤအရာက ရှန်းကျစ်၏ သတ်ဖြတ်ချင်စိတ်ကို အလွန်ပြင်းထန်သွားစေခဲ့သည်။

သို့သော်၊ မည်သူမျှ အသံမထွက်ပေ။

"ဝှစ်"

ဓားအလင်းတစ်ခု လင်းလက်လာပြီး ဝမ့်ကျန့်က ကောင်းကင်သို့ပျံတက်ကာ နဂါးနက်ကြီး၏နောက်သို့ လိုက်သွားခဲ့သည်။

ရှန်းကျစ်ကလည်း ကောင်းကင်သို့ပျံတက်ပြီး နဂါးနက်ကြီးနောက်သို့ လိုက်သွားခဲ့ပေသည်။

"သွားကြည့်ရအောင်"

"မှန်ပါတယ်၊ ငါတို့လည်း အနည်းဆုံး ရှယ်ယာတစ်ခုတော့ ရသင့်တယ်"

အခြား ကျွမ်းကျင်သူများလည်း ကောင်းကင်သို့ ခုန်လွှားကာ မျက်နှာကျက်ရှိ အပေါက်ဆီသို့ ပျံသန်းသွားကြသည်။

လေထဲတွင် အလင်းရောင်အမျိုးမျိုး ထွက်‌လာခဲ့၏။ အားလုံးက နဂါးနန်းတော်၏ခေါင်မိုးကို တိုက်ရိုက်ထိုးဖောက်ပြီး နဂါးနန်းတော်မှ ထွက်သွားကြတော့သည်။

"အဲဒါ အစစ်အမှန်နဂါးကြီးလား။ မဟုတ်သေးဘူး၊ အစစ်အမှန်နဂါး ရုပ်အလောင်းလား"

"သွားကြည့်ရအောင်"

လုမင်တို့သုံးယောက်လည်း အပြင်ဘက်မှ ထွက်ပေါ်လာသော အသံများကို ကြားလိုက်ရသည်။

နဂါးနန်းတော်ထဲသို့ မဝင်နိုင်သူများက အစစ်အမှန်နဂါးကြီးတစ်ကောင် ပျံထွက်လာသည်ကို မြင်ရသောကြောင့် အံ့ဩတကြီး အော်လိုက်ခြင်းဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။

"ဂါး"

"ဝုန်း"

ထို့နောက်တွင် နဂါးဟိန်းသံနှင့် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ နဂါးနက်ကြီးကို လိုက်မီသွားပြီး ရှန်းကျစ်နှင့် ကျန်သူများကြားမှာ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ကြောင်း ထင်ရှားသည်။

"တွိ"

လုမင်၏ ပခုံးပေါ်မှ ပူဖောင်းလေးက အော်လိုက်သည်။ လုမင်လည်း ပြုံးလိုက်လေသည်။

ယခုလေးတင်၊ လုမင်က ပူဖောင်းလေးအား နတ်ဘုရားတားမြစ် ဟင်းလင်းပြင်ကမ္ပည်းစာလိပ်ကို ဖျက်ဆီးစေခဲ့ခြင်း ဖြစ်သည်။

ပူဖောင်းလေးက အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်ဖြစ်၍ အချိန်နှင့်ဟင်းလင်းပြင်ကို ထိန်းချုပ်နိုင်ပေသည်။ ထို့ကြောင့်၊ မည်သူမျှ သတိမပြုမိဘဲ ဟင်းလင်းပြင်ကို လျှို့ဝှက်စွာ ဖျက်ဆီးနိုင်သည်။

"ငါတို့ ဘာဆက်လုပ်သင့်လဲ။ ပွဲကြည့်ဖို့ အပြင်ပြန်ထွက်တော့မှာလား"

ထျန်းချွေးမှာ အနည်းငယ် စိတ်ဓာတ်ကျသွားသည်။

နဂါးနန်းတော်သို့ ခရီးစဉ်တွင် ရတနာသန့်စင်ခြင်း ပစ္စည်းများမှလွဲ၍ အခြား ဘာမှ မရခဲ့ပေ။

ထို့အပြင် အစစ်အမှန်နဂါးရုပ်အလောင်းကြီးကို မြင်နေရပါလျက်နှင့် မတိုက်ခိုက်နိုင်ဘဲ ရပ်နေရသည်။ သူတို့ စိတ်ဓာတ်မကျဘဲ အဘယ်မှာ ရှိတော့မည်နည်း။

"အစစ်အမှန်နဂါးတွေက အများအားဖြင့် လျှို့ဝှက်ရတနာတိုက်ကို တည်ဆောက်ရတာ နှစ်သက်ကြတယ်။ ကြည့်ရတာ၊ အဲဒါကို ရှာမတွေ့သေးဘူးထင်တယ်"

ရွယ်နင်ရှင်းက‌ ပြောလိုက်သည်။

"ရတနာတိုက်လား"

ထျန်းချွေး၏ မျက်လုံးများက တောက်ပလာခဲ့သည်။

ရွယ်နင်ရှင်းက အစစ်အမှန်နဂါး ဖြစ်ချေသည်။ သူမက အခြားသူများထက် အစစ်အမှန်နဂါးများ၏ အလေ့အထကို ပိုသိသည်။

ရွယ်နင်ရှင်းလည်း ခေါင်းညိတ်ပြပြီး ပြောလိုက်လေသည်။

"အမှန်ပါပဲ၊ ရတနာတိုက်က အရမ်းလုံခြုံတဲ့နေရာမှာ သိုဝှက်ထားတာ။ ဒါက အစစ်အမှန်နဂါးရဲ့ အလောင်းနဲ့ သိပ်မဝေးဘူး"

"သိပ်မဝေးဘူးဆိုရင် ဒီခန်းမထဲမှာ ရှိနေတာ ဖြစ်နိုင်တယ်"

လုမင် ပြောလိုက်သည်။

"အမှန်ပဲ"

ရွယ်နင်ရှင်း ခေါင်းညိတ်လိုက်၏။

"ဒါဆိုရင် မြန်မြန်ရှာကြရအောင်။ ဟိုကောင်တွေ ပြန်ရောက်လာရင် ငါတို့ ဘာမှရမှာမဟုတ်တော့ဘူး"

ထျန်းချွေး ပြောလိုက်သည်။ ထို့နောက်တော့ လျင်မြန်စွာလှုပ်ရှားရင်း ပတ်ဝန်းကျင်တွင် လျှို့ဝှက်တံခါးများ ရှိ၊မရှိ အပြူးအပြဲ ရှာဖွေနေတော့သည်။

လုမင်နှင့် ရွယ်နင်ရှင်းလည်း ပတ်ဝန်းကျင်ကို လှည့်ပတ်ရှာဖွေလိုက်ကြသည်။

သို့သော်လည်း ခန်းမပတ်ပတ်လည်ကို မည်မျှပင် လိုက်ကြည့်နေစေကာမူ၊ ဘာမျှမတွေ့ခဲ့ပေ။

"နဂါးခေါင်းတလားအောက်မှာ ဖြစ်နိုင်မလား"

ထိုအချိန်တွင် လုမင်က နဂါးခေါင်းတလားကို ကြည့်လိုက်သည်။

ရွယ်နင်ရှင်း၏ မျက်လုံးများလည်း တောက်ပသွား၏။

"ဒါ ဖြစ်နိုင်တယ်"

အကယ်၍ ရွယ်နင်ရှင်းပြောသည့်အတိုင်းဖြစ်ပါက၊ နဂါးရတနာတိုက်သည် နဂါးနက်ရှိခဲ့သည့် နဂါးခေါင်းတလားနှင့် အနီးစပ်ဆုံးဖြစ်လိမ့်မည် မဟုတ်လော။

"ဟားဟားဟား၊ မြန်မြန်လုပ်ကြဟေ့"

ထျန်းချွေးက ပြေးလာပြီး နဂါးခေါင်းတလားကို လက်ဝါးနှစ်ဖက် တင်လိုက်သည်။ ထို့နောက် အားစိုက်၍ တွန်းလိုက်ရာ သန်မာသော သူ့ကြွက်သားများက ဖုထစ်၍ ဖောင်းကြွလာခဲ့၏။

"ဝုန်း"

ထျန်းချွေးက ကြီးမားသော နဂါးခေါင်းတလားကြီးကို တွန်းထုတ်လိုက်သည်။

လုမင်နှင့် ရွယ်နင်ရှင်းကလည်း ကူညီကာ တွန်းထုတ်ကြ၏။ သုံးယောက်သား နဂါးခေါင်းတလားကြီးကို တက်ညီလက်ညီ တွန်းလိုက်ကြတော့သည်။

"တကယ်ကြီး တံခါးရှိတယ်ဟ"

နဂါးခေါင်းတလားကြီး ရွေ့သွားသည်နှင့် သူတို့၏ မျက်လုံးများက တောက်ပလာခဲ့သည်။

နဂါးခေါင်းတလားအောက်တွင် တံခါးပေါက်တစ်ခု အမှန်တကယ် ရှိပေသည်။ အစစ်အမှန်နဂါး၏ ရတနာတိုက်က ခေါင်းတလားအောက်တွင်ရှိကြောင်း သူတို့ မြင်လိုက်ကြရပြီ ဖြစ်သည်။

"ဒီတံခါးကို ချိုးလိုက်ကြရအောင်"

ထျန်းချွေး၏ လက်ထဲတွင် တူကြီးတစ်လက် ပေါ်လာခဲ့သည်။

"ခဏလေး"

လုမင် တားမြစ်လိုက်သည်။ သူ့မျက်ခုံးနှစ်ခုကြားမှ အလင်းရောင် တောက်ပပြီး ထူထဲသော ကမ္ပည်းများ ထွက်ပေါ်လာ၏။ ဤကမ္ပည်းအစီရင်က အသံများကို ခွဲထုတ်နိုင်သည်။

ဤသည်မှာ လုမင်မှတဆင့် ကမ္ပည်းတာအို ဒုတိယခန္ဓာ‌ ရေးထိုးလိုက်သော အစီရင်တစ်ခုပင်။

"ဆရာတူညီလေးက တကယ်ကို ဉာဏ်ကောင်းတာပဲ"

ထျန်းချွေးက ပြုံးပြီး ပြောလိုက်သည်။ နောက်တော့ သူ့တူကြီးကိုမြှောက်ပြီး မြေပြင်ပေါ်ရှိ တံခါးကို ပြင်းပြင်းထန်ထန် ထုချလိုက်တော့သည်။

"ဒုန်း"

ဧရာမသံတူကြီး ကျရောက်လာခြင်းကြောင့် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့သည်။ အသံပိတ်လှောင်အစီရင်ကြောင့်သာ မဟုတ်ပါက အပြင်မှလူများကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မည်။

သို့သော်လည်း ဧရာမတူကြီးဖြင့် ရိုက်လိုက်သည့်တိုင် မြေပေါ်မှတံခါးက အခိုင်အမာရှိနေဆဲ ဖြစ်သည်။ တံခါးက ပွင့်လာမည့် အရိပ်အယောင်လေးများပင် မရှိပေ။

"မာလှချေလားဟ။ ငါတော့မယုံဘူးကွာ၊ ထပ်လာမယ်"

ထျန်းချွေးလည်း ဧရာမတူကြီးဖြင့် ထပ်မံထုချလိုက်သည်။

သို့သော်၊ အသုံးမဝင်ပေ။

ထျန်းချွေးက ခုနစ်ကြိမ်၊ ရှစ်ကြိမ်ခန့် ဆက်တိုက် ထုရိုက်သော်လည်း ရလဒ်မှာ အတူတူ ဖြစ်သည်။

"ချီးတဲ့မှပဲ၊ ငါလုံးဝမဖွင့်နိုင်ဘူးကွာ"

ထျန်းချွေးလည်း အကူအညီမဲ့သွားဟန်ဖြင့် ပြောလိုက်သည်။

"ဒီတံခါးကို အထူးနည်းလမ်းနဲ့ပဲ ဖွင့်လို့ရမယ် ထင်တယ်။ အကြမ်းနည်းနဲ့ ချိုးဖျက်တာက အသုံးမဝင်ဘူး"

လုမင်က အတန်ငယ်စဉ်းစားကာ ပြောလိုက်သည်။

"တချို့ အစစ်အမှန်နဂါးတွေက ရတနာတိုက်တံခါးကို တံဆိပ်ခတ်ဖို့ သော့အနေနဲ့ သူတို့ရဲ့သွေးကို အသုံးပြုကြတယ်လို့ ကြားဖူးတယ်။ ငါ့သွေးနဲ့ စမ်းကြည့်ရအောင်"

ရွယ်နင်ရှင်းက ခဏစဉ်းစားပြီး ပြောသည်။

ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ သူမ၏ လက်မောင်းတွင် ပြတ်ရှ ဒဏ်ရာတစ်ခု ပေါ်လာခဲ့သည်။ တဖိတ်ဖိတ် တောက်ပနေသော သွေးများ မြေပြင်ပေါ်သို့ စီးကျလာ၏။

"ဝုန်း"

မြေပြင်က ရုတ်တရက် တုန်ခါပြီး အသံကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။ ထို့နောက် မြေပေါ်ရှိ တံခါးက ဘေးနှစ်ဖက်သို့ ပွင့်သွားပြီး မြေအောက်လျှို့ဝှက်ခန်းတစ်ခု ပေါ်လာတော့သည်။

တံခါးဖွင့်လိုက်သည်နှင့် တပြိုင်နက် အောက်ဘက်ဆီမှ တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

"တံခါးပွင့်ပြီဟေ့၊ ဆင်းကြရအောင်"

သုံးယောက်စလုံး၏ မျက်လုံးများက တောက်ပကာ ချက်ချင်း ပြေးဆင်းသွားလေသည်။

လျှို့ဝှက်ခန်းအတွင်းသို့ ဆင်းလိုက်သည်နှင့် သုံးယောက်စလုံး အံ့ဩသွားကြသည်။

ရတနာ၊ မြင်မြင်သမျှ အရာအားလုံးက ရတနာများ ဖြစ်ကြသည်။

တစ်ချက်ကြည့်လိုက်ပါက တောင်လိုပုံထားသော ရတနာများကို မြင်တွေ့ရပေသည်။

တလက်လက် တောက်ပနေသော သန့်စင်ခြင်း ပစ္စည်းများလည်း အမျိုးမျိုး ရှိသည်။ အချို့က အုပ်ချုပ်သူရတနာများကို သန့်စင်ရန်အတွက်ဖြစ်ပြီး အချို့မှာတော့ သူတော်စင်ရတနာများကို သန့်စင်ရန်အတွက်ဖြစ်ချေသည်။ မည်သို့ပင်ဆိုစေကာမူ၊ သူတို့အားလုံးတွင် တူညီသောအရာတစ်ခုရှိသည်။ ယင်းမှာ ၎င်းတို့အားလုံး အရောင် တောက်ပနေခြင်းပင်။

ဝိညာဉ်ရတနာများလည်း အမျိုးမျိုး ရှိခဲ့သည်။

လုမင်က ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ အဆင့်အမျိုးမျိုးရှိသည့် ဝိညာဉ်ရတနာများဖြစ်ကြောင်း တွေ့လိုက်ရလေသည်။ အဆင့်နိမ့် ဝိညာဉ်ရတနာများပင် ရှိသည်။ အားလုံးက အလင်းရောင်များ တောက်ပနေပြီး ဝိညာဉ်ရတနာချို့ဆိုလျှင် ကျောက်မျက်များဖြင့်ပင် မြှုပ်ထားသေးသည်။

ညပုလဲ အပုံလိုက်ကြီးကိုလည်း မြင်ကြရသည်။

ဟုတ်သည်၊ ကျောက်ကြမ်းများလည်း ရှိ၏။

သို့သော်လည်း၊ လုမင်၏အကြည့်က လေထဲတွင်လွင့်မျောနေသော အလင်းရောင် ဒါဇင်ချီအပေါ် ကျရောက်သွားခဲ့သည်။

သူတော်စင်ရတနာများ။

အလင်းရောင် ဒါဇင်ချီအားလုံးက သူတော်စင်ရတနာများ ဖြစ်ချေသည်။

သူတော်စင်ရတနာ တစ်ဒါဇင်ကျော်...

လုမင် ရင်ခုန်သံမြန်လာခဲ့သည်။

"မြန်မြန်သိမ်းယူလိုက်ကြရအောင်"

လုမင် ပြောလိုက်သည်။

ရှန်းကျစ်နှင့် အခြားသူများ သိသွားပါက သူတို့ ဘာမျှရနိုင်တော့မည် မဟုတ်ပေ။

"ဟုတ်တယ်... ဟုတ်တယ်၊ မြန်မြန် သိမ်းယူကြရအောင်။ အပြင်ကိုပြန်ရောက်မှ ခွဲဝေယူကြမယ်"

ထျန်းချွေး ပြောလိုက်သည်။

သုံးယောက်သား သိုလှောင်လက်စွပ်များကို ထုတ်ယူပြီး သူတော်စင်ရတနာများ၊ ဝိညာဉ်ရတနာများနှင့် ကျောက်ကြမ်းများ စသည်တို့ကို အကုန်အစင် သိမ်းယူလိုက်ကြလေတော့သည်။

All Chapters