← Chapters

အခန်း ၁၅၁၁

Vol. 101 Ch. 1511

အခန်း ၁၅၁၁

Vol. 101 Ch. 1511

အပိုင်း ( 1511 ) ရှန်းကျစ် ဒေါသပေါက်ကွဲခြင်း။

တစ်မိနစ် မပြည့်မီပင် ဘဏ္ဍာတိုက်တစ်ခုလုံး တစိုးတစိမျှမကျန်အောင် ရှင်းသွားခဲ့သည်။

"သွားကြရအောင်"

ထို့နောက် သုံးယောက်သား ဘဏ္ဍာတိုက်အတွင်းမှ ပြေးထွက်လာကြ၏။ သုံးဦးသား မတုံ့ဆိုင်းတော့ဘဲ အစစ်အမှန်နဂါး ဖောက်ထွက်သွားသော အပေါက်မှ ပြေးထွက်လာကြတော့သည်။

"ဝုန်း၊ ဝုန်း"

ပြင်ပကမ္ဘာတွင်၊ ချီလုံနဂါးရေကန်အထက်မှာတော့ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

ရှန်းကျစ်၊ ဝမ့်ကျန့်နှင့် အခြားသူများက အစစ်အမှန်နဂါးအလောင်းကို ဝန်းရံတိုက်ခိုက်နေကြဆဲ ဖြစ်၏။

"ဂါး"

အနက်ရောင် အစစ်အမှန်နဂါး၏ ခန္ဓာကိုယ်မှ အနက်ရောင်မီးတောက်များ လောင်ကျွမ်းနေသကဲ့သို့ အနက်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာတော့သည်။ ၎င်း၏ တိုက်ခိုက်ရေး စွမ်းအားသည်လည်း ယခင်ကထက် ပို၍ အားကောင်းလာခဲ့သည်။

"ဒီအစစ်အမှန်နဂါးအလောင်းက သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို တိုးမြှင့်ဖို့အတွက် အမှတ်အသားကို လောင်ကျွမ်းစေလိုက်ပြီပဲ။ ဒါပေမဲ့ မကြာခင် အမှတ်အသားက ပျောက်ကွယ်သွားလိမ့်မယ်။ အဲဒီအခါကျရင် အစစ်အမှန်နဂါးအလောင်းမှာ ခုခံနိုင်စွမ်း မရှိတော့ဘူး"

ရွယ်နင်ရှင်းက ပြောလိုက်သည်။

သူတို့ သုံးယောက်လည်း ရေကန်ဘက်သို့ ပျံသန်းသွားကာ အဝေးမှ လှမ်းကြည့်လိုက်ကြလေသည်။

ရှန်းကျစ်က ကျောက်စိမ်းမျှော်စင်ကို နတ်ဘုရားငယ်တစ်ပါးကဲ့သို့ ထိန်းချုပ်ထားသည်။ သူ့တကိုယ်လုံးမှာလည်း သန့်စင်သောအလင်းရောင်များ ဖြာထွက်နေပြီး အနက်ရောင် အစစ်အမှန်နဂါးကြီးအား အဆက်မပြတ် တိုက်ခိုက်နေ၏။

တစ်ဖက်မှာလည်း ဝမ့်ကျန့်၏ ဦးခေါင်းထက်တွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များဖြင့် ဓားကြီတစ်ချောင်း ပျံဝဲနေသည်။ ယင်းက သူတော်စင်ရတနာဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းများက အနက်ရောင် အစစ်အမှန်နဂါးကြီးကို ထိုးခုတ်လိုက်ကြသည်။

ယခုအခါတွင် အခြားကျင့်ကြံသူများက အဝေးကနေသာစောင့်ကြည့်နေပြီး ဝင်မစွတ်ဖက်နိုင်ကြတော့ပေ။

"ဂါး"

အနက်ရောင် အစစ်အမှန်နဂါးကြီးက ရုတ်တရက် ဟိန်းဟောက်လိုက်သည်။ နဂါးဦးချိုနှစ်ချောင်းက သူ့ဦးခေါင်းမှ ကျွတ်ထွက်လာပြီး အရွယ်အစား လျင်မြန်စွာ ကြီးထွားလာ၏။ အဆုံးတွင်၊ ၎င်းတို့က ကောင်းကင်ကို ပိုင်းဖြတ်သော ဓားနှစ်ချောင်းကဲ့သို့ ပြောင်းလဲကာ ရှန်းကျစ်နှင့် ဝမ့်ကျန့်ကို ခုတ်ပိုင်းလိုက်တော့သည်။

"ဝုန်း၊ ဝုန်း"

ရှန်းကျစ်၏ ကျောက်စိမ်းမျှော်စင်နှင့် ဝမ့်ကျန့်၏ တိုက်ခိုက်ရေးဓားက နဂါးဦးချိုများဖြင့် တိုက်မိသွားကြသည်။ ရှန်းကျစ်နှင့် ဝမ့်ကျန့်တို့၏ ခန္ဓာကိုယ်များ တုန်ခါသွားကာ နောက်သို့ ဆုတ်သွားရ၏။

"ဂါး"

အနက်ရောင် အစစ်အမှန်နဂါးကြီးလည်း ဒေါသတကြီးဟိန်းဟောက်ရင်း သူ့ခန္ဓာကိုယ်ကို တွန့်လိမ်လှုပ်ရှားကာ အဝေးသို့ ပြေးထွက်သွားတော့သည်။

"မင်းထွက်သွားချင်တာလား၊ အိပ်မက်မက်နေတာပဲ"

ရှန်းကျစ်က ဟိန်းဟောက်လိုက်သည်။ သူက ကျောက်စိမ်းမျှော်စင်ကို ထိန်းချုပ်ပြီး နဂါးဦးချိုတစ်ချောင်းကို အပြင်းအထန် တိုက်ခိုက်လိုက်၏။ နဂါးဦးချိုက လွင့်စဉ်သွားပြီး အလင်းရောင် မှိန်ဖျော့ကာ လျင်မြန်စွာ ပြန်ကျုံ့သွားတော့သည်။

ရှန်းကျစ်လည်း ပြေးတက်သွားပြီး နဂါးဦးချိုကို ဖမ်းယူလိုက်သည်။

တစ်ဖက်မှာလည်း ဝမ့်ကျန့်က နဂါးဦးချိုကို ဖမ်းယူလိုက်၏။ ထို့နောက် သူတို့နှစ်ဦးစလုံး နဂါးဦးချိုများကိုသိမ်းကာ အလင်းတန်းများကဲ့သို့ အစစ်အမှန်နဂါးနောက်ကို လိုက်သွားကြတော့သည်။

"ဟိုမှာ နဂါးအကြေးခွံတွေရှိတယ်ဟ"

"အဲဒါတွေက ငါ့ဟာ"

ရှန်းကျစ်နှင့် ဝမ့်ကျန့် ထွက်သွားသည်နှင့်တပြိုင်နက် ကျန်လူများမှာ ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကြသည်။

ယခုတိုက်ပွဲတွင်၊ အစစ်အမှန်နဂါးကြီး၏ ခန္ဓာကိုယ်မှ နဂါးအကြေးခွံများစွာ ပြုတ်ကျသွား၏။ အကယ်၍ ထိုနဂါးအကြေးခွံများကို ခံစစ်ချပ်ဝတ်တန်ဆာအဖြစ် သန့်စင်ထားပါက ရှားပါးရတနာများ ဖြစ်လာမည်မှာ သေချာသည်။

ကျွမ်းကျင်သူများစွာက နဂါးအကြေးခွံများအတွက် တိုက်ခိုက်ကြရာ‌ နေရာတွင် ခဏချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

ခဏချင်းမှာပင် ကျွမ်းကျင်သူတချို့ သတ်ခံရခြင်းကြောင့် အော်ညည်းသံများလည်း ထွက်ပေါ်လာခဲ့သည်။

"ဆရာတူ အစ်ကိုနဲ့ အစ်မတို့၊ သွားကြရအောင်"

လုမင်က ထျန်းချွေးနှင့် ရွယ်နင်ရှင်းကို ပြောလိုက်သည်။

ဤခရီးစဉ်တွင် သူတို့ အကျိုးအမြတ်များစွာ ရရှိခဲ့သည်။ သူတို့က သူတော်စင်နယ်ပယ် အစစ်အမှန်နဂါး၏ ရတနာတိုက်ကို အပိုင်သိမ်းခဲ့ခြင်း ဖြစ်၏။ သူတို့က အကျိုးအမြတ်အများဆုံး ရခဲ့သူများဟု ဆို၍ရပေသည်။ ဤခရီးစဉ်က ထိုက်တန်နေပြီဖြစ်ရာ ဤနေရာတွင် ဆက်နေလျှင်လည်း အရေးမပါတော့ပေ။

"ကောင်းပြီ"

ထျန်းချွေးလည်း ကောင်းကင်ခွင်းလွန်းပျံကို ထုတ်ယူလိုက်သည်။ သုံးဦးသား လွန်းပျံအတွင်းကို ဝင်ရောက်သွား၏။ ထို့နောက်တော့ ကောင်းကင်ခွင်းလွန်းပျံက လေဟာပြင်ကို ဖောက်ထွင်းကာ ပျံသန်းသွားတော့သည်။

လုမင်နှင့် အခြားသူများ ထွက်သွားပြီး မကြာမီပင်၊ အေးစက်စက် မျက်နှာများဖြင့် ရှန်းကျစ်နှင့် ဝမ့်ကျန့်တို့ ပြန်ရောက်လာခဲ့ကြသည်။

အထူးသဖြင့် ရှန်းကျစ်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော သတ်ဖြတ်ချင်စိတ်များပင် ထွက်ပေါ်နေတော့သည်။

အနက်ရောင် အစစ်အမှန်နဂါးကြီးကို သူတို့ လက်လွှတ်လိုက်ရပုံပေါ်သည်။

"သေစမ်း"

ရှန်းကျစ်၏ ခန္ဓာကိုယ်က လှံရှည်တစ်လက်အဖြစ်သို့ ပြောင်းလဲသွားပုံရပြီး နဂါးအကြေးခွံများအတွက် တိုက်ခိုက်နေကြသော ကျင့်ကြံသူများကို တိုက်ခိုက်လိုက်သည်။

"ရွှစ်"

အဆင့်ကိုး သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူတစ်ဦးမှာ အော်ပင်မအော်နိုင်ဘဲ ချက်ချင်း သေဆုံးသွား၏။

"ဒီ​နေ့ မင်းတို့ ဘယ်​သူမှ မထွက်သွားနိုင်ဘူး"

ရှန်းကျစ်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ နတ်ဘုရားပြစ်ဒဏ်ပေးလှံက လေထုကိုဖောက်ထွင်းသွားပြီး အခြား ကျွမ်းကျင်သူတစ်ဦး ထပ်မံ သေဆုံးသွားပြန်တော့သည်။

ယခင်က နဂါးနန်းတော်တွင်၊ သူဟာ အနက်ရောင် အစစ်အမှန်နဂါးကို ပိတ်လှောင်ရန်အတွက် နတ်ဘုရားတားမြစ် ကမ္ပည်းစာလိပ်ကို အသုံးပြုခဲ့သည်။ ထိုနည်းအားဖြင့် နဂါးနက်ကြီး မလွတ်မြောက်နိုင်တော့ဘဲ သူ့လက်တွင် ဖျက်ဆီးခံရလိမ့်မည်။ နတ်ဘုရား၏အမှတ်အသားကို ဖျက်ဆီးပစ်ပြီးနောက် အစစ်အမှန်နဂါး ရုပ်အလောင်းက သူ့အပိုင်ဖြစ်လာမည် ဖြစ်သည်။

သို့သော်လည်း အရေးကြီးသောအခိုက်အတန့်တွင် တစ်စုံတစ်ယောက်က အနက်ရောင်နဂါးကြီး လွတ်မြောက်စေရန် နတ်ဘုရားတားမြစ် ကမ္ပည်းစာလိပ်ကို ဖျက်ဆီးခဲ့ပေသည်။

နတ်ဘုရားတားမြစ် ကမ္ပည်းစာလိပ်မှာ မတော်တဆ သူရခဲ့သော ရှေးဟောင်းကမ္ပည်းစာလိပ် ဖြစ်သည်။ ယင်းမှာ အလွန်တန်ဖိုးကြီး၏။ သို့သော်လည်း အစစ်အမှန်နဂါးအလောင်းကို ရရှိနိုင်လျှင် အမြတ်အစွန်းများပေဦးမည်။

သို့ရာတွင်၊ သူတော်စင်နယ်ပယ် အစစ်အမှန်နဂါးအလောင်းကို မရရှိခဲ့သည့်အပြင် နတ်ဘုရားတားမြစ် ရှေးဟောင်းကမ္ပည်းစာလိပ်ကိုလည်း ဆုံးရှုံးခဲ့ရသည်။ ဤအရာက သူ့ကို သတ်ဖြတ်ချင်စိတ်များ တားမနိုင်ဆီးမရ ဖြစ်ပေါ်လာစေတော့သည်။

ကမ္ပည်းစာလိပ်ကို ဖျက်ဆီးခဲ့သူက နဂါးနန်းတော်ထဲသို့ ဝင်လာသူများကြားတွင် ပါဝင်သူတစ်ဦး ဖြစ်နိုင်သည်။ ထို့ကြောင့်ပင် ရှန်းကျစ်က လူသတ်ပွဲကြီးတစ်ခုကို စတင်ခဲ့တော့သည်။

"ဝုန်း၊ အား"

မကြာမီ၊ ကျွမ်းကျင်သူများစွာ ရှန်းကျစ်က တစ်ယောက်ပြီးတစ်ယောက် ပညာရှင်တွေကို သတ်ပစ်လိုက်သည်။

"ရှန်းကျစ် ရူးသွားပြီပဲ"

"ပြေးကြဟေ့"

ကျန်ကျွမ်းကျင်သူများလည်း အရပ်ရပ်သို့ ထွက်ပြေးသွားကြသည်။

"ထွက်သွားချင်တာလား၊ စဉ်းတောင်မစဉ်းစားနဲ့"

ရှန်းကျစ်က အေးစက်စက် ပြောလိုက်သည်။ ကျောက်စိမ်းမျှော်စင်က လေထဲသို့ ပျံတက်သွားပြီး တောင်လုံးတမျှ အရွယ်အစား ကြီးမားလာ၏။

ကျန်လူများလည်း အော်ဟစ်ညည်းညူသံများနှင့်အတူ သူတို့၏ခန္ဓာကိုယ်များ ပေါက်ကွဲသွားတော့သည်။ သူတို့၏ ခန္ဓာကိုယ်နှင့် နတ်ဘုရားဝိညာဉ်များပင် ဖျက်ဆီးခံခဲ့ရသည်။

ခဏချင်းမှာပင်၊ နဂါးနန်းတော်ထဲသို့ ဝင်ရောက်သွားသော ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာမှာ ဝမ့်ကျန့်မှလွဲ၍ ကျန်လူအားလုံး ရှန်းကျစ်၏ အသတ်ခံခဲ့ရသည်။

"နဂါးနတ်ဘုရားတောင်ကြားက ပုရွက်ဆိတ်သုံးကောင် ဘယ်မှာလဲ"

ရှန်းကျစ်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ သို့သော်၊ လုမင်တို့သုံးယောက်ကို မမြင်ပေ။

သို့သော်လည်း သူ သိပ်တော့မတွေးမိခဲ့ပါ။ အသန်မာဆုံးဟူ၍ ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူသာရှိသော သူတို့သုံးဦးက သူ၏ နတ်ဘုရားတားမြစ် ရှေးဟောင်းကမ္ပည်းစာလိပ်ကို ဖျက်ဆီးနိုင်မည်ဟု သူမထင်ပေ။

"ဟားဟားဟား... ရှန်းကျစ်၊ ဒီနေ့တော့ မင်း နှစ်ခါနာတာပဲပေါ့"

မနီးမဝေးမှ ဝမ့်ကျန့်က ရယ်မောလိုက်သည်။

"ဟေ့ကောင်၊ မင်းပါးစပ်ကို ပိတ်ထားရင် ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် မင်းကိုလည်း ငါ သတ်မယ်"

ရှန်းကျစ်က အေးစက်စက် ပြောလိုက်၏။

"မင်းစမ်းကြည့်လို့ရတယ်"

ဝမ့်ကျန့်က သန်မာသော တိုက်ခိုက်ချင်စိတ်ဖြင့် ပြောသည်။

ရှန်းကျစ်၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်လာ၏။ သို့သော်လည်း သူ မတိုက်ခိုက်ခဲ့ပေ။ ဝမ့်ကျန့်၏ ကျင့်ကြံခြင်း‌အခြေခံက သူနှင့် အတူတူဖြစ်ကာ ပါရမီရှင်တစ်ဦးလည်း ဖြစ်သည်။ ဝမ့်ကျန့်ကို သတ်လိုပါက ဤမျှလွယ်ကူမည် မဟုတ်ပေ။

ရှန်းကျစ်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူက နန်းတော်အပေါက်မှတဆင့် နဂါးနန်းတော်ထဲသို့ ပြေးဝင်သွား၏။

နဂါးနန်းတော်တွင် ရတနာများ ကျန်ခဲ့သလားဆိုတာ သူသိချင်မိသည်။

နန်းတော်ထဲကို ပြေးဝင်လာလိုက်နှင့် သူ့အမူအရာ ပြောင်းသွားသည်။ နဂါးခေါင်းတလားက နေရာရွေ့နေပြီး အောက်ကိုဆင်းသော တံခါးတစ်ခုကိုလည်း သူမြင်ရ၏။

"ဒါက အစစ်အမှန်နဂါးရဲ့ ရတနာတိုက်ပဲ"

ရှန်းကျစ်က အော်ဟစ်လိုက်သည်။

ထိုစဉ် ဓားအလင်းတစ်ခု တောက်ပပြီး ဝမ့်ကျန့်ပေါ်လာသည်။ သူက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး အေးစက်စက်ဖြင့် ပြောလိုက်၏။

"ငါတို့ရဲ့ ကြိုးစားမှုကို တခြားတစ်ယောက်က အခွင့်ကောင်းယူသွားပုံရတယ်"

ထို့​နောက်​ သူတို့နှစ်​​ယောက်စလုံး ဘဏ္ဍာတိုက်​ထဲသို့ ​ပြေးဝင်​သွားကြသည်​။ ဗလာလွတ်နေသော ဘဏ္ဍာတိုက်ကို စိုက်ကြည့်ရင်း သူတို့၏ ခန္ဓာကိုယ်များမှ အေးစက်သော သတ်ဖြတ်ချင်စိတ်များ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ဤတစ်ကြိမ်တွင် သူတို့က အလွန်ကြိုးစားခဲ့ရသော်လည်း နောက်ဆုံးမှာတော့ နဂါးဦးချိုနှင့် နဂါးအကြေးခွံ အနည်းငယ်မှတပါး တခြားဘာမျှ မရရှိခဲ့ပေ။ နဂါးနန်းတော်ရှိ အရေးကြီးဆုံးသော ဘဏ္ဍာတိုက်ကိုပင် အခြားသူတစ်ဦးမှ လုယူသွားခဲ့သည်။

အထူးသဖြင့် ရှေးဟောင်း ကမ္ပည်းစာလုံးကို ဆုံးရှုံးခဲ့ရသူ ရှန်းကျစ် ဖြစ်သည်။

"ဘယ်သူလဲ"

ရှန်းကျစ် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့ထံမှ သတ်ဖြတ်ချင်စိတ်များက ကြောက်စရာကောင်းလွန်းလှ၏။

ထို့နောက် ဘဏ္ဍာတိုက်မှ ပြေးထွက်လာပြီး ဘဏ္ဍာတိုက်တံခါးဝတွင် ရပ်ကာ သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။

"အစစ်အမှန်နဂါးသွေးပဲ၊ ဘဏ္ဍာတိုက်တံခါးကို သူတို့ ဖွင့်နိုင်ခဲ့ကြတာ အံ့ဩစရာမဟုတ်ပါဘူး"

တံခါးဝမှ ရွယ်နင်ရှင်း၏သွေးကို ခံစားမိတော့ ရှန်းကျစ်၏ မျက်လုံးများတွင် အေးစက်သောအလင်းရောင်များ လက်ဖြာသွားခဲ့သည်။

"အစစ်အမှန်နဂါးသွေး၊ အဲဒါ နဂါးနတ်ဘုရားတောင်ကြားက နဂါးပဲ။ ဒါက အဲဒီ ပုရွက်ဆိတ်သုံးကောင်ပဲ"

"ငါ့မျက်စိအောက်မှာ ဘဏ္ဍာတိုက်ကို ခိုးယူသွားဝံ့တယ်။ အတင့်ရဲလှချေလား"

ခဏအကြာတွင် ရှန်းကျစ်က အေးစက်သောလေသံဖြင့် ပြောလိုက်သည်။

"အတင့်ရဲလွန်းတယ်"

ဝမ့်ကျန့်လည်း အေးစက်စက်ဖြင့် ‌ပြောလိုက်၏။ ထို့နောက်တော့ သူက ဓားအလင်းတစ်ခုကဲ့သို့ ထိုနေရာမှ ထွက်သွားတော့သည်။

ယင်းနောက်တွင် ရှန်းကျစ်လည်း သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် လေထဲသို့ တိုးဝင်သွားခဲ့သည်။

ရှန်းကျစ်နှင့် ဝမ့်ကျန့်တို့ ထွက်ခွာသွားမှ သိုင်းအုပ်ချုပ်သူနယ်ပယ် အဆင့်ခုနစ်အောက်မှ ကျင့်ကြံသူအချို့မှာ ကြောက်ကြောက်လန့်လန့်ဖြင့် ထွက်လာခဲ့ကြသည်။ ထို့နောက် နဂါးနန်းတော်အတွင်းကို ပြေးဝင်သွားပြီး ငပြူးငပြဲ ရှာဖွေလိုက်ကြ၏။ သို့သော်လည်း အဆုံးမှာတော့ ဘာမျှမတွေ့ခဲ့ကြရပေ။

All Chapters