← Chapters

အခန်း ၁၅၁၂

Vol. 101 Ch. 1512

အခန်း ၁၅၁၂

Vol. 101 Ch. 1512

အပိုင်း ( 1512 ) သူတော်စင်ရတနာများ။

လုမင်တို့သုံးဦးလည်း ကောင်းကင်ခွင်းလွန်းပျံဖြင့် သတ်ဖြတ်ခြင်းအငွေ့အသက်များကိုဖြတ်ကာ လျင်မြန်စွာ ထွက်ခွာသွားကြသည်။

သတ်ဖြတ်ခြင်း အငွေ့အသက်နယ်မြေမှ ထွက်လာပြီးနောက် ထျန်းချွေးလည်း ဦးတည်ချက်ပြောင်းကာ စန်းတောင်တန်းများဆီသို့ ပျံသန်းခဲ့တော့သည်။

...........

လွန်းပျံယဥ်ကို ထိန်းချုပ်ကာ ပျံသန်းသွားစေရင်း လုမင်နှင့် အခြားနှစ်ဦးတို့လည်း နဂါးနန်းတော်ဘဏ္ဍာတိုက်မှ ရတနာများကို ခွဲဝေလိုက်ကြသည်။

ပထမဦးစွာ၊ သန့်စင်ခြင်းပစ္စည်းများ အပုံလိုက်ကြီး ဖြစ်ပေသည်။ အဆင့်နိမ့်နှင့် အဆင့်မြင့် သန့်စင်ခြင်းပစ္စည်းများ အမျိုးမျိုး ရှိခဲ့သည်။

ရွယ်နင်ရှင်းက အရောင်တလက်လက်ဖြင့် တောက်ပြောင်သော သန့်စင်ခြင်းပစ္စည်းများကို အထူးတလည် ကောက်ယူသည်။ လုမင်နှင့် ထျန်းချွေးကတော့ သာမန်ကာလျှံကာ ခွဲယူပြီး သိမ်းဆည်းလိုက်၏။

ဝိညာဉ်ရတနာများမှာလည်း ရွယ်နင်ရှင်းက မပြောင်းလဲပေ။ သူမက တောက်ပြောင်ပြီး လှပသော ဝိညာဉ်ရတနာများကို အထူးရွေးချယ်ပြန်သည်။ လုမင်နှင့် ထျန်းချွေးအတွက် အသုံးမဝင်သော ညပုလဲများ၊ ကျောက်စိမ်းနှင့် အခြားကျောက်မျက်ရတနာများက ရွယ်နင်ရှင်း၏ မျက်လုံးများကို တောက်ပစေပေသည်။ လုမင်နှင့် ထျန်းချွေးလည်း ဘာလုပ်ရမည်မှန်း မသိတော့ပေ။

နောက်ဆုံးတွင်၊ သူတော်စင်ရတနာများ ဖြစ်သည်။

လွန်းပျံယဉ်ထဲတွင် လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များဖြင့် သူတော်စင်ရတနာ စုစုပေါင်း ဆယ့်သုံးခု ရှိပေသည်။

ဤသူတော်စင်ရတနာ ဆယ့်သုံးခုစလုံးက တောက်ပသော သူတော်စင်ရတနာများ ဖြစ်သည်။

နောက်ဆုံးတွင်၊ ကြီးမြတ်သော သူတော်စင်ရတနာက အလွန်ရှားပါး၏။ စန်းပြည်နယ် တစ်ခုလုံးမှာပင် ယင်းက အလွန်ရှားပါးသော ပစ္စည်းတစ်ခုဖြစ်ပေသည်။

"သူတော်စင်ရတနာ ဆယ့်သုံးခုရှိတယ်။ ကျွန်တော်တို့ တစ်ယောက်ကိုလေးခုစီ ယူကြတာပေါ့၊ အပိုတစ်ခုကိုတော့ အစ်မနင်ရှင်းကိုပဲ ပေးလိုက်မယ်။ ဒီတစ်ခေါက် သူ့ကြောင့်သာမဟုတ်ရင် ဘဏ္ဍာတိုက်တံခါးကို ဖွင့်နိုင်မှာ မဟုတ်ဘူးလေ။ သတ္တမမြောက် ဆရာတူအစ်ကို ဘယ်လိုထင်လဲ"

လုမင် ပြောလိုက်သည်။

"ကောင်းပါတယ်"

ထျန်းချွေးက ပြုံးသည်။

"ငါက တစ်ခုပိုပြီး လက်ခံရမယ်၊ ဒါကို ငါဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာလဲ"

ရွယ်နင်ရှင်း ပြောလိုက်၏။ သို့သော်လည်း သူမ၏ မျက်လုံးများက ဓားရှည်တစ်လက်ကို စိုက်ကြည့်နေမိပြီ ဖြစ်သည်။ ဤဓားရှည်က ရောင်စုံကျောက်မျက်ခုနစ်မျိုးဖြင့် ထွင်းထားပြီး အလွန်လှပလေသည်။

လုမင်လည်း တစ်ချက်ပြုံးပြီး ပြောလိုက်သည်။

"ဆရာတူအစ်မ၊ အစ်မ အရင်ရွေးလိုက်ပါ"

"ဒါဆို ငါ ဒီဓားကိုလိုချင်တယ်"

လုမင် စကားဆုံးသည်နှင့် ရွယ်နင်ရှင်းက မတုံ့ဆိုင်းတော့ဘဲ ရတနာဓားကို ယူလိုက်သည်။

"နင်တို့ရွေးကြပါ၊ ငါ့အတွက်တော့ ဒီဓားက လုံလောက်ပြီ။ ကျန်တာက နင်တို့အတွက်ပဲ"

ရွယ်နင်ရှင်းက ကျေနပ်စွာပြုံးရင်း ပြောလိုက်သည်။

"ဒါဆိုရင် ဒီတူက ငါ့ဟာပဲ"

ထျန်းချွေးကလည်းက ခရမ်းရွှေရောင် တူကြီးကို ယူလိုက်၏။ တူလက်ကိုင်ကို ဆုပ်ကိုင်ရင်း သူ ကျေနပ်သွားလေသည်။

"ဒီတူလက်ကိုင်က တိုလွန်းတာပဲ။ ပန်းပဲပညာရှင်တစ်ဦးဦးနဲ့ ဒါကို ပြုပြင်ဦးမှ"

ထျန်းချွေးက လွန်စွာ ပျော်ရွှင်နေဟန်ဖြင့် တူကြီးကို ဝှေ့ယမ်းကြည့်နေသည်

လုမင်လည်း လှံတစ်လက်ကို ဆွဲကိုင်လိုက်သည်။

ဤလှံရှည်က နက်မှောင်နေပြီး ပတ်ပတ်လည်မှာလည်း အနက်ရောင်နဂါးကြီးတစ်ကောင် ရှိနေပုံရ၏။ ယင်းက အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ကြီးစိုးနေပုံရပေသည်။

"နောက်ဆုံးတော့ ငါလည်း သူတော်စင်အဆင့် လှံတစ်ချောင်းကို ရပြီ"

လုမင် ပြုံးလိုက်သည်။

အကယ်၍ သူသာ သူတော်စင်အဆင့် လှံကိုအသုံးပြုပါက၊ အစွန်းရောက်လှံ ဆယ့်သုံးခု၏ တိုက်ခိုက်မှုစွမ်းအားမှာ သေချာပေါက် ပို၍ အားကောင်းလာပေမည်။

ကံမကောင်းစွာဖြင့်၊ သူတော်စင်ရတနာ ဆယ့်သုံးခုထဲတွင် လက်အိတ်အမျိုးအစား သူတော်စင်ရတနာ မပါဝင်ခဲ့ပေ။

သုံးဦးစလုံး မိမိအလိုရှိသော ရတနာများကို ရရှိသောကြောင့် လွန်စွာ ကျေနပ်သွားကြသည်။ ထို့နောက် ကျန်သော သူတော်စင်ရတနာများကိုတော့ ပေါ့ပေါ့ပါးပါး ရွေးချယ်ခဲ့ကြလေသည်။

လုမင်နှင့် ထျန်းချွေးက နောက်ထပ် သူတော်စင်ရတနာသုံးခုစီ ယူငင်ခဲ့ကြသည်။ ကျန်လေးခုကို ရွယ်နင်ရှင်းက ယူလိုက်၏။

ဤခရီးက အကျိုးအမြတ် အလွန်ကြီးမားသည်ဟု ဆိုနိုင်သည်။

အခြားအရာအားလုံးကို ဘေးဖယ်ထားလျှင်ပင်၊ သူတော်စင်ရတနာ တစ်ခုတည်းက ဂိုဏ်းထည့်ဝင်မှတ် တစ်သန်း တန်သည်။ ဤထည့်ဝင်မှတ်ပမာဏဖြင့် ရတနာမည်မျှ လဲလှယ်နိုင်မည်နည်း။ နိဗ္ဗာနဆေးလုံးများဆိုပါက အပုံလိုက်ကို လဲလှယ်၍ရသည်။

"ဒီလှံကို နဂါးနက်လှံလို့ ငါခေါ်မယ်။ ဒါက အချိန်တစ်ခုအထိ ငါအသုံးပြုဖို့ လုံလောက်ပါလိမ့်မယ်။ ဒါနဲ့ အနန္တနဂါးလှံက ဘယ်တော့မှ သူတော်စင်အဆင့်ကို မြှင့်တင်နိုင်မလဲ မသိဘူး"

လုမင် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ထိုအခိုက်တွင်၊ တောင်နှင့်မြစ်ပန်းချီကားအတွင်းမှာ ကမ္ပည်းတာအိုဒုတိယခန္ဓာက အနန္တနဂါးလှံကိုကိုင်ပြီး ပေါ်လာခဲ့သည်။ သူက အဖိုးတန်သန့်စင်ခြင်းပစ္စည်းများကို ရွှေရောင်ဝိညာဉ်မီးဖြင့်သန့်စင်ပြီး အနန္တနဂါးလှံထဲသို့ ဖြည်းညှင်းစွာ ပေါင်းစပ်လိုက်၏။

ယခုအခါ၊ လုမင်၏လက်ထဲတွင် အဖိုးတန် သန့်စင်ခြင်းပစ္စည်းများ အပြားရှိနေပြီ ဖြစ်သည်။ ထိုအဖိုးတန်သန့်စင်ခြင်းပစ္စည်းများကို အနန္တနဂါးလှံသို့ ဆက်လက်ပေါင်းစပ်နေသရွေ့ အဆင့်တက်လာပေလိမ့်မည်။

'အချိန်ရရင် ဒီနဂါးနက်လှံကိုလည်း ပြုပြင်ရမယ်'

ဒုတိယခန္ဓာ လုမင်က အနန္တနဂါးလှံကိုကိုင်ပြီး အနှစ်သာရစွမ်းအင်များ ပို့လွှတ်တော့မည်။

"ဝမ်"

ထိုအချိန်တွင် နဂါးနက်လှံက အနည်းငယ် တုန်ခါသွားသည်။

"ဝမ်၊ ဝမ်"

ထို့နောက် နဂါးနက်လှံက ပို၍ ပြင်းထန်စွာ တုန်ခါသွား၏။ လှံ၏ကိုယ်ထည်က တောက်ပနေပြီး ၎င်းပတ်ပတ်လည်မှ အနက်ရောင်နဂါးကြီးမှာလည်း အသက်ဝင်သကဲ့သို့ ဖြစ်လာတော့သည်။

"ဘာတွေဖြစ်နေတာလဲ"

ရွယ်နင်ရှင်းနှင့် ထျန်းချွေးတို့နှစ်ယောက်လည်း ကြည့်လိုက်ကြသည်။

"မသိဘူး၊ လှံက သူ့ဘာသာသူ ရုတ်တရက် တုန်ခါသွားတာ"

လုမင် ပြောလိုက်သည်။

"ဝမ်"

နဂါးနက်လှဲက ထပ်မံတုန်ခါပြီး လေထဲတွင် လွင့်မျောလာ၏။ လှံသွားကလည်း ဦးတည်ရာတစ်ခုကို အလိုလို ညွှန်ပြလာတော့သည်။

"လှံထိပ်က ဦးတည်ရာတစ်ခုကို ညွှန်ပြနေတယ်။ ဘာတွေဖြစ်နေတာလဲ။ အဲဒီမှာ နဂါးနက်လှံကို ဆွဲဆောင်နေတဲ့ အရာတစ်ခုခုရှိတာလား"

လုမင် မှန်းဆလိုက်သည်။

ကောင်းကင်ခွင်းလွန်းပျံက ရှေ့သို့ ဆက်လက်ပျံသန်းသွားသော်လည်း နဂါးနက်လှံ၏ လှံသွားက အနည်းငယ်လည်သွားသည့်တိုင် ဦးတည်ချက်တစ်ခုတည်းကို ညွှန်ပြနေဆဲပင်။

ထိုအရပ်တွင် နဂါးနက်လှံကို ဆွဲဆောင်နေသည့် တစ်စုံတစ်ခု ရှိနေသည်မှာ သေချာသည်။

"သွားကြည့်ကြရအောင်"

ရွယ်နင်ရှင်း ပြောလိုက်သည်။

"ကောင်းပြီ၊ ဒါပေမဲ့ ကျွန်တော်တို့တွေ ကောင်းကင်ခွင်းလွန်းပျံနဲ့တော့ သွားလို့မဖြစ်ဘူး"

လုမင် ပြောလိုက်၏။

နဂါးနက်လှံက အနက်ရောင်အစစ်မှန်နဂါး၏ နန်းတော်မှ ဖြစ်သည်။ သို့ဖြစ်ပေရာ နဂါးနက်လှံ၏ မူမမှန်သော အခြေအနေက နဂါးနက်နန်းတော်နှင့် ပတ်သက်ပေလိမ့်မည်။ သို့သော်လည်း ရှန်းကျစ်နှင့် ဝမ့်ကျန့်က နဂါးနက်နောက်သို့ လိုက်သွားသည်ကို သူတို့တွေ့ခဲ့ကြရသည်။ သူတို့ရှေ့တွင် ရှန်းကျစ်နှင့် ဝမ့်ကျန့် ရှိနေနိုင်သောကြောင့် သတိထားရမည်။

သူတို့ သုံးယောက်လည်း ကောင်းကင်ခွင်းလွန်းပျံအတွင်းမှ ထွက်လိုက်ကြသည်။ ထျန်းချွေးက ကောင်းကင်ခွင်းလွန်းပျံကို သိမ်းဆည်းလိုက်၏။ ထို့နောက်တော့ နဂါးနက်လှံ၏ ဦးတည်ချက်အတိုင်း သူတို့ သုံးဦး၏ အရှိန်အဝါများကို ဖုံးကွယ်ကာ ပျံသန်းသွားတော့သည်။

များများပျံသန်းလေ၊ အနက်ရောင်နဂါးလှံက ပို၍ တုန်ခါလာလေလေ ဖြစ်သည်။

မကြာမီ၊ သူတို့က တောင်တန်းတစ်ခုသို့ ရောက်လာခဲ့ကြသည်။

"ဟင်၊ အဲဒါ... အဲဒါက သူတော်စင်အဆင့် နဂါးနက်ရဲ့ အလောင်းပဲ"

ရွယ်နင်ရှင်းက အော်ပြောလိုက်၏။

လုမင်နှင့် ထျန်းချွေးလည်း တပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြသည်။

တောင်ကြားချိုင့်ဝှမ်းတစ်ခုတွင် နဂါးနက်ကြီးတစ်ကောင်က ငြိမ်သက်စွာ ရှိနေသည်။ သူ့ထံမှ မည်သည့် အငွေ့အသက်မျှ မထုတ်လွှတ်သလို လှုပ်ရှားမှုလည်း မရှိတော့ပေ။

"သူတော်စင်အဆင့် နဂါးနက်က လွတ်မြောက်သွားတာပဲ။ ရှန်းကျစ်နဲ့ တခြားသူတွေ ဖမ်းမမိခဲ့ဘူး"

ရွယ်နင်ရှင်း၏ မျက်လုံးများက တောက်ပလာခဲ့သည်။

"သူ့ခန္ဓာကိုယ်ပေါ်က အမှတ်အသားလည်း လုံးဝပျောက်သွားပြီ"

လုမင်က ဂရုတစိုက်ကြည့်ပြီး ပြောလိုက်၏။

ရှန်းကျစ်၊ အခြားသူများနှင့် တိုက်ပွဲအပြီးတွင် နဂါးနက်၏ ခန္ဓာကိုယ်မှ အင်မော်တယ်အမှတ်အသား ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ယခုတော့ တကယ့် နဂါးအလောင်းကြီး ဖြစ်သွားပြီ။

သုံးယောက်သား ချိုင့်ဝှမ်းထဲသို့ ပြေးဆင်းသွားကြသည်။ လုမင်နှင့် ထျန်းချွေးလည်း တောက်ပနေသော မျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

"အဋ္ဌမမြောက် ဆရာတူညီမလေး၊ ဒါက..."

ထျန်းချွေးက တစ်ခုခုပြောရန် ဟန်ပြင်မှပြီး တုံ့ဆိုင်းသွားသည်။

နဂါးအလောင်းမှာ အဖိုးမဖြတ်နိုင်သော်လည်း ရွယ်နင်ရှင်းက နဂါးနက်ကဲ့သို့ အစစ်အမှန်နဂါးတစ်ကောင် ဖြစ်သည်။ သူတို့သာ နဂါးရုပ်အလောင်းကို ထိလိုက်ပါက မည်သို့ထင်မည်နည်း။

ထို့ကြောင့်ပင် လုမင်နှင့် ထျန်းချွေးတို့ ချီတုံချတုံ ဖြစ်သွားကြလေသည်။

"နင်တို့က ငါ့ကိုတွေးပူနေတာလား၊ ဘာမှမဖြစ်ပါဘူး။ ကျင့်ကြံခြင်းလောကမှာ မိုးနဲ့မြေရဲ့ ရတနာတွေကို လုယက်တာ၊ ကံကောင်းခြင်းတွေကို ရှာဖွေတာ လုယက်တာတွေက လူသားဖြစ်ဖြစ်၊ သားရဲတွေအတွက်ဖြစ်ဖြစ် အတူတူပါပဲ။ နောက်ပြီးတော့ ဒါက နဂါးနက်ပဲလေ၊ ငါနဲ့ မျိုးနွယ်အတူတူတောင် မဟုတ်ဘူး"

ရွယ်နင်ရှင်းက ပြောလိုက်သည်။

ထို့နောက် ရွယ်နင်ရှင်း၏ လက်ထဲတွင် သူတော်စင်ရတနာ လက်နက်တစ်ခု ပေါ်လာခဲ့သည်။ သူမက နဂါးခေါင်းကို ထိုးဖောက်ပြီး နဂါးခေါင်းထဲမှ ပုံဆောင်ခဲတစ်ခုကို တူးဖော်လိုက်၏။

နဂါးသလင်းကျောက်က သူတော်စင်နယ်ပယ် လူသားကျင့်ကြံသူ၏ သူတော်စင်နှလုံးသားကဲ့သို့ပင်။ အစစ်အမှန်နဂါးများ သူတော်စင်နယ်ပယ်သို့ ချိုးဖြတ်ပြီးနောက် နဂါးသလင်းကျောက်များ ဖြစ်ပေါ်လာခဲ့မည် ဖြစ်သည်။

"ဒီနဂါးကျောက်က ငါ့ရဲ့ ကျင့်ကြံခြင်းအတွက် အများကြီး အထောက်အကူဖြစ်လိမ့်မယ်"

ရွယ်နင်ရှင်းက ပြောလိုက်သည်။

"ကောင်းတယ်၊ ဟားဟားဟား... ညီလေး၊ မင်းကော ဘာလိုသေးလဲ"

ထျန်းချွေးက အားပါးတရ ရယ်မောပြီး လုမင်ကို မေးလိုက်သည်။

"ကျွန်တော်က နဂါးအရိုးတွေပဲ လိုတယ်"

လုမင် ပြောလိုက်၏။

လုမင်အတွက် နဂါးနတ်ဘုရားတိုက်ခိုက်ရေးခန္ဓာကို လေ့ကျင့်ရာတွင် နဂါးအရိုး၏ အရေးပါမှုက အစစ်အမှန်နဂါး သွေးအနှစ်သာရပြီးလျှင် ဒုတိယ လိုက်သည်။

သို့သော်လည်း ဤအစစ်အမှန်နဂါးက သေဆုံးသွားခဲ့သည်မှာ မည်မျှကြာခဲ့ပြီမှန်းပင် မသိနိုင်ပေ။ ၎င်း၏ သွေးအနှစ်သာရများ ပျောက်ကွယ်သွားသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။

All Chapters