အခန်း ၁၅၁၅
Vol. 101 Ch. 1515
အပိုင်း ( 1515 ) ရှစ်ထျန်းကို သတ်ခြင်း။
ရှစ်ထျန်း၏ မျက်နှာက သွေးဆုတ်ဖြူရော်သွားခဲ့သည်။
"မင်း အတင့်ရဲလှချေလား"
ရှစ်ထျန်း ဟိန်းဟောက်လိုက်သည်။
"ငါ မင်းကို အခုသတ်မယ်"
လုမင်က ရှေ့သို့တိုးလာပြီး ရှစ်ထျန်းကို တိုက်ခိုက်လိုက်၏။
ရှစ်ထျန်း အနောက်ကို ကသောမျောပါးဆုတ်သွားပြီး အော်ဟစ်တော့သည်။
"ဂိုဏ်းတူအစ်ကိုကြီး၊ ကူညီပါဦး"
"ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ တပည့်ကို သတ်ဝံ့တယ်။ အတင့်ရဲလှချေလား၊ သေစမ်း"
ထိုအချိန်တွင် အေးစက်စက် သတ်ဖြတ်ချင်စိတ်များက တောင်ကြားအတွင်းမှ ပေါက်ကွဲထွက်လာခဲ့သည်။ သန့်စင်သောအလင်းများဖြင့် ဖန်တီးထားသော ဧရာမလက်ဝါးပုံရိပ်ကြီးက လုမင်ဆီသို့ ကျရောက်သွား၏။
ဤလက်ဝါးရိုက်ချက်က အလွန်ကြောက်စရာကောင်းသည်။ လုမင်လည်း ဤလက်ဝါးရိုက်ချက်သာ သူ့ကိုထိမှန်ပါက သေသွားနိုင်သည်ဟု ခံစားခဲ့ရပေသည်။
"ငါ့အတွက်ထားလိုက်"
"ငါလုပ်လိုက်မယ်"
ထျန်းချွေးနှင့် ရွယ်နင်ရှင်းလည်း လျင်မြန်သောအဟုန်ဖြင့် တပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။
ထျန်းချွေးက ဧရာမတူကြီးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်၏။ သူ့လက်မောင်းကြွက်သားများက ဖုထစ်လာပြီး ဧရာမလက်ဝါးကြီးကို တူဖြင့် ထုချလိုက်တော့သည်။
"ဂါး"
ရွယ်နင်ရှင်းထံမှလည်း နဂါးဟိန်းသံ ထွက်ပေါ်လာခဲ့သည်။ သူမ၏ခန္ဓာမှ အေးစက်သော အငွေ့အသက်များ ပျံ့နှံ့သွား၏။ သူမက လက်သီးချက် ထုတ်ဖော်လိုက်ရာ ရေခဲထုလက်သီးကြီးများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့၏ တိုက်ခိုက်မှုများက လက်ဝါးပုံရိပ်ကြီးကို တပြိုင်နက်တည်း ထိမှန်သွားကြသည်။
"ဝုန်း၊ ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံ နှစ်ခု အပြီးတွင် ထျန်းချွေးကော ရွယ်နင်ရှင်းပါ အော်ဟစ်ညည်းညူရင်း လွင့်စဉ်သွား၏။
သို့သော်လည်း လက်ဝါးပုံရိပ်ကြီးမှာ အလွန်အင်အားနည်းသွားခဲ့ရသည်။ ထိုလက်ဝါးပုံရိပ်ကြီးက လုမင်ဆီသို့ ဆက်လက်တိုးဝင်လာခဲ့ပေသည်။
လုမင်၏ မျက်ခုံးနှစ်ခုကြားမှ အလင်းရောင်တောက်ပပြီး ဒိုင်းတစ်ခု ပေါ်လာခဲ့သည်။ ဒိုင်းက ရှေ့သို့ ပြေးထွက်လာပြီး လက်ဝါးပုံရိပ်ကြီးကို ပိတ်ဆို့လိုက်သည်။
တစ်ချိန်တည်းမှာပင် လုမင်၏လက်ထဲတွင် လှံရှည်တစ်ခု ထွက်ပေါ်လာ၏။ သူက လှံရှည်ကိုဆုပ်ကိုင်ပြီး လျှပ်စီးကဲ့သို့ ရှစ်ထျန်းကို ထိုးဖောက်လိုက်တော့သည်။
ဤလှုပ်ရှားမှုဟာ အံ့သြစရာကောင်းလောက်အောင် မြန်ဆန်ခဲ့သည်။ လှံရှည်က ရှစ်ထျန်း၏ အကာအကွယ်များကိုဖြတ်ပြီး သူ့ဒန်တျန်မှတဆင့် မြေပြင်တွင် သံရိုက်သကဲ့သို့ ဖောက်ဝင်သွားတော့သည်။
"ငါလက်မခံ..."
ရှစ်ထျန်း အော်ဟစ်လိုက်သည်။
သူ့မျက်လုံးများက လက်မခံလိုခြင်းများ ပြည့်နေသော်လည်း နောက်အခိုက်မှာတော့ အသက်ဓာတ်များ ပျောက်ကွယ်သွားတော့သည်။
လုမင်က သူ့ကို တိုက်ရိုက်သတ်လိုက်ပြီ ဖြစ်သည်။
"ဝုန်း"
ဒိုင်းက လက်ဝါးပုံရိပ်ကို ထိမှန်ပြီး ပြန်လွင့်လာခဲ့သည်။ ထို့နောက် လျင်မြန်စွာ ပြန်ကျုံ့သွားပြီး လုမင်၏ မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။ သို့သော်လည်း ဤဒိုင်းမှာ သူတော်စင်ရတနာဖြစ်သောကြောင့် တစ်ဖက်လူ၏ တိုက်ခိုက်မှုအား အောင်မြင်စွာ တားဆီးနိုင်ခဲ့ပေသည်။
"မင်း သေချင်နေတာပဲ"
တောင်ကြားအတွင်းမှ ဒေါသတကြီး ကြိမ်းမောင်းသံတစ်ခုကို ကြားလိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက တောင်ကြားအတွင်းမှ ပြေးထွက်လာခဲ့၏။
"မကောင်းတော့ဘူး၊ ပြေး"
လုမင်လည်း အော်ပြောပြီး ကောင်းကင်သို့ ပျံတက်သွားတော့သည်။
တစ်ချိန်တည်းမှာပင်၊ ထျန်းချွေးနှင့် ရွယ်နင်ရှင်းလည်း အဝေးသို့ ပျံသန်းသွားကြသည်။
"ဝှစ်"
ထိုအချိန်တွင် လူတစ်ဦးက တောင်ကြားအတွင်းမှ ပြေးထွက်လာခဲ့သည်။ သူ့ထံမှ သတ်ဖြတ်ချင်စိတ်များက ကြောက်ခမန်းလိလိ ထွက်ပေါ်လျက် ရှိ၏။ သူက လုမင်တို့သုံးဦးကို စိုက်ကြည့်ရင်း ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
"ငါ့ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ တပည့်တွေကို သတ်ပြီး ထွက်ပြေးချင်နေတာလား။ သတ်"
လူငယ်က သန့်စင်သော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လုမင်တို့နောက်သို့ အံ့မခန်းအမြန်နှုန်းဖြင့် လိုက်လာတော့သည်။
"မြန်လှချေလား"
လုမင် အံ့အားသင့်သွားသည်။ တစ်ဖက်လူ၏အရှိန်က အလွန်မြန်ပြီး သူတို့ထက် များစွာသာလွန်သည်။
ထိုလူငယ်က သူ့လက်ကိုဝှေ့ယမ်းပြီး သန့်စင်သောအလင်းတစ်ခုကို ထုတ်လွှတ်လိုက်၏။ သန့်စင်သောအလင်းက လေထုကိုဖြတ်ပြီး လုမင်ဆီသို့ ဦးတည်လာတော့သည်။
နောက်ဆုံးတွင်၊ လုမင်က ရှစ်ထျန်းကို သတ်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ကို တစ်ဖက်လူမှ ပစ်မှတ်ထားလာခဲ့ခြင်း ဖြစ်ချေသည်။
ရှစ်ထျန်းက ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ရှားပါး ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူဟာ စန်းဧကရာဇ်၏ လျှို့ဝှက်နယ်မြေတွင် သူတော်စင်အမွေကိုပင် ရရှိခဲ့သူ ဖြစ်၏။ သို့သော်လည်း ယခုတော့ လုမင်မှ သူ့ကို သတ်ပစ်လိုက်ချေပြီ။
"ဆရာတူညီလေး၊ သတိထား"
ထျန်းချွေး အော်ဟစ်လိုက်သည်။
သန့်စင်သောအလင်းက အလွန်မြန်ပြီး လုမင်ကို ချက်ချင်း ထိမှန်သွား၏။
"ဝှစ်"
အနက်ရောင်တောင်ပံများက လုမင်၏နောက်ကျောမှ ဆန့်ထွက်လာပြီး တကိုယ်လုံးကို ကာကွယ်ထားလိုက်တော့သည်။
"ထန်"
သန့်စင်သောအလင်းက အနက်ရောင်တောင်ပံများကို ထိမှန်ပြီး ပြင်းထန်စွာ တုန်ခါသွားစေခဲ့သည်။ လုမင်၏ ခန္ဓာကိုယ်လည်း အမြောက်ကျည်ကဲ့သို့ လွင့်စဉ်သွားတော့သည်။
"အရမ်းအစွမ်းထက်တယ်"
လုမင်လည်း သူ့ချီနှင့်သွေးများ ဆူပွက်သွားသလို ခံစားရပြီး နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာခဲ့သည်။
အနက်ရောင်တောင်ပံများ၏ အကာအကွယ်ဖြင့်ပင် သွေးအန်နေသေးသည်။ ထိုမှ တစ်ဖက်လူ၏ တိုက်ခိုက်မှုမှာ မည်မျှပြင်းထန်ကြောင်း မြင်နိုင်သည်။
သိုင်းအုပ်ချုပ်သူနယ်ပယ် နဝမအဆင့်။
ထို့အပြင်၊ တစ်ဖက်လူက အံ့မခန်း တိုက်ခိုက်နိုင်စွမ်းရှိသည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။
"ဆရာတူမောင်လေး၊ အဆင်ပြေရဲ့လား"
ရွယ်နင်ရှင်းက စိုးရိမ်တကြီး မေးလိုက်သည်။
"ကျွန်တော်အဆင်ပြေပါတယ်။ ဒါပေမဲ့ ဒီအတိုင်းဆက်သွားရင် သူ ကျွန်တော်တို့ကို အနှေးနဲ့အမြန်ဆိုသလို လိုက်မီလာလိမ့်မယ်။ ဆရာတူအစ်ကိုနဲ့ ဆရာတူအစ်မ၊ မခုခံကြပါနဲ့"
လုမင် အော်ပြောလိုက်သည်။
"ကောင်းပြီ"
ထျန်းချွေးနှင့် ရွယ်နင်ရှင်းလည်း အလိုအလျောက် ခေါင်းညိတ်လိုက်၏။
လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ တောင်နှင့်မြစ်ပန်းချီကားတစ်ခု ပေါ်လာသည်။ သူက ထျန်းချွေးနှင့် ရွယ်နင်ရှင်းကို တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ ဆွဲသွင်းလိုက်သည်။ ထို့နောက် သူက လေဓာတ်စွမ်းအင်တာအိုသိုင်းကို အသုံးပြုပြီး အနောက်ရောင်တောင်ပံများကို ခတ်လိုက်၏။ သူ့ခန္ဓာကိုယ်က အနက်ရောင်လျှပ်စီးကဲ့သို့ ရှေ့ကို တဟုန်ထိုး ပျံသန်းသွားတော့သည်။ ဤအခိုက်တွင်၊ သူ့အမြန်နှုန်းက ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ပါရမီရှင်ထက် အားမနည်းတော့ပေ။
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ပါရမီရှင်၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ ထို့နောက် သူ့မျက်နှာပေါ်မှ သတ်ဖြတ်ချင်စိတ်များက ပို၍ ပြင်းထန်လာ၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ သန့်စင်သော အလင်းရောင်က အဖြူရောင် မီးတောက်ကဲ့သို့ လောင်ကျွမ်းသွားပြီး အရှိန်ပြင်းပြင်းနှင့် လုမင်အနောက်ကို အနီးကပ်လိုက်လာတော့သည်။
"အဲဒါ ဘယ်သူလဲဟ"
"အားကောင်းလိုက်တဲ့အတက်အကျ၊ အဲဒါ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ ပါရမီရှင် ရှစ်ကွမ်းပဲ"
"နေပါဦး၊ ရှေ့ကပြေးနေတဲ့သူက ဘယ်သူလဲ။ ရှစ်ကွမ်းက ဘာဖြစ်လို့ သူ့နောက်ကို လိုက်နေတာလဲ"
"အဲဒီလူက သာမာန်တော့ မဟုတ်ဘူးပဲ၊ အဲဒီအတောင်ပံကတောင် သူတော်စင်ရတနာပဲ"
သူတို့နှစ်ယောက်၏ လှုပ်ရှားမှုက အခြားသူများ၏အာရုံကို ဖမ်းစားသွားခဲ့သည်။
"ဟမ်၊ အဲဒီလူက လုမင်ပဲ"
ဆူဆူညံညံ အသံများကိုကြား၍ အနက်ရောင်ဝတ် လူငယ်တချို့က လှမ်းကြည့်လိုက်ကြသည်။ လုမင်ကိုမြင်တော့ သူတို့ထဲမှ လူတစ်ယောက်၏ မျက်လုံးများက သတ်ဖြတ်ချင်စိတ်များ တောက်လောင်လာခဲ့၏။
ဤလူများက ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တပည့်များ ဖြစ်သည်။ ယခုလေးတင် ပြောလိုက်သူကတော့ မော့ဟဲပင်။
"သူ့နောက်ကို လိုက်နေတာက ရှစ်ကွမ်းပဲ၊ လုမင်ကို တားဆီးလိုက်ကြရအောင်"
မော့ဟဲက အေးစက်စက် ပြောလိုက်သည်။ ထို့နောက်တော့ နတ်ဆိုးဓားဖြင့် လုမင်ဆီသို့ ဓားအလင်းတစ်ခုကို ထုတ်ဖော်လိုက်တော့သည်။
လုမင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး အနက်ရောင်တောင်ပံများဖြင့် သူ့ရှေ့မှ ဓားအလင်းကို ပိတ်ဆို့လိုက်ရသည်။
"ဒုန်း"
နတ်ဆိုးဓားက အနက်ရောင်တောင်ပံများကို ခုတ်ချလိုက်၏။ လုမင်၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး ရပ်တန့်သွားတော့သည်။
"လုမင်၊ ဒီနေ့ မင်း ဘယ်လိုသေမလဲဆိုတာ ကြည့်ရသေးတာပေါ့"
အေးစက်စက် မျက်လုံးများနှင့် မော့ဟဲက လုမင်ရှေ့မှာ ပေါ်လာခဲ့သည်။ နတ်ဆိုးစွမ်းအင်များကလည်း ကောင်းကင်တွင် ပြည့်နေခဲ့၏။
ထိုစဉ်က သူဟာ လုမင်ကိုသတ်ရန် အမိန့်ထုတ်ခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင်၊ လုမင်ကို သတ်ရန် ပျက်ကွက်ခဲ့ရုံသာမက သူ့နောက်လိုက်လာသော သိုင်းအုပ်ချုပ်သူနယ်ပယ် အဆင့်ခုနစ်မှ ကျွမ်းကျင်သူငါးဦးစလုံးလည်း သေဆုံးသွားခဲ့ရသေးသည်။ သူကိုယ်တိုင် လုမင်၏ လှည့်စားခြင်းကို ခံခဲ့ရသည်။ သူ့လက်တစ်ဖက် ပြတ်တောက်သွားပြီး သိုလှောင်လက်စွပ်ကိုလည်း ဆုံးရှုံးခဲ့ရပေသည်။
ထိုကာလအတွင်း၌ သူဟာ လုမင်ကိုလက်စားချေရန် နည်းလမ်းများကို တစ်ချိန်လုံး တွေးနေခဲ့သည်။
ယခုကဲ့သို့ လုမင်ကို ဤနေရာတွင်ပြန်တွေ့ရန် သူ မမျှော်လင့်ထားပေ။ ထို့အပြင်၊ လုမင်မှာ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ကျွမ်းကျင်သူ၏ လိုက်ဖမ်းခြင်းကို ခံနေရသည်။ သို့ဖြစ်ပေရာ၊ သူက သဘာဝအတိုင်း တိုက်ခိုက်ရန် တွန့်ဆုတ်နေမည် မဟုတ်တော့ပေ။
"မော့ဟဲ၊ ငါ မင်းကို အနှေးနဲ့အမြန် သတ်ပစ်မယ်"
လုမင် အေးစက်စက်ဖြင့် ပြောလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုလှုပ်ရှားပြီး တစ်ဖက်သို့ ပြေးသွားရန် ဟန်ပြင်လိုက်၏။
"ရပ်စမ်း"
မော့ဟဲလည်း အေးစက်စက် အော်ဟစ်ပြီး နတ်ဆိုးဓားဖြင့် ဓားအလင်းများစွာကို ထုတ်ဖော်လိုက်တော့သည်။
ယခုအခါ၊ ပြတ်တောက်သွားသော မော့ဟဲ၏လက်က ပြန်ပေါက်နေခဲ့ပြီ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံကလည်း သိုင်းအုပ်ချုပ်သူနယ်ပယ် ဆဋ္ဌမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ။
မော့ဟဲတွင် အဆင့်မြင့် မြေကမ္ဘာဝိညာဥ်ခန္ဓာရှိပြီး သူ၏ တိုက်ခိုက်နိုင်စွမ်းက အံ့မခန်း ဖြစ်သည်။
လုမင်လည်း မပြေးသာတော့ဘဲ မော့ဟဲ၏ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရသည်။ သူ၏ အနက်ရောင်အတောင်ပံများက ကောင်းကင်ဓားသွားကဲ့သို့ မော့ဟဲ၏ ဓားအလင်းများကို ခုတ်ထစ်ပစ်လိုက်သည်။
"ဒီမှာနေ"
မော့ဟဲနောက်မှ လိုက်လာကြသော ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တပည့်နှစ်ဦးကလည်း လုမင်ကို ဝင်ရောက်တိုက်ခိုက်ကြ၏။
ဤလူငယ်နှစ်ဦးက ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်တွင်ရှိကြပြီး ၎င်းတို့၏တိုက်ခိုက်ရေးစွမ်းအားမှာလည်း အားနည်းခြင်းမရှိပေ။
တစ်ချိန်တည်းမှာပင် သူ့နောက်မှ ရှစ်ထျန်းက နီးကပ်လာခဲ့သည်။
"သတ်"
လုမင် အော်ဟစ်လိုက်၏။ အနက်ရောင်အလင်းတန်းနှစ်ခုက သူ့မျက်လုံးထဲမှ လင်းလက်လာပြီး ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တပည့်နှစ်ယောက်ကို ထိမှန်သွားတော့သည်။
ထိုလူနှစ်ယောက်၏ ခန္ဓာကိုယ်များ တုန်လှုပ်သွားကြသည်။ ထိုအချိန်တွင် လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ နဂါးနက်လှံရှည် ပေါ်လာသည်။ သူက လှံချက်နှစ်ချက်ထုတ်ဖော်ပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းမှ တပည့်နှစ်ဦးကို ထိုးစိုက်လိုက်၏။
ဤလှံချက်များတွင် အစွန်းရောက်လှံဆယ့်သုံးချက်ဖြင့် ထုတ်ဖော်ထားသည်။ လှံရှည်က စွမ်းအင်ဆယ်ဆဖြင့် ထွက်ပေါ်လာပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူနှစ်ဦး၏ တိုက်ခိုက်မှုနှင့် အကွာကွယ်များကိုဖြတ်ကျော်ကာ ထိုးဖောက်ဝင်သွားတော့သည်။
"စွပ်၊ စွပ်"
ကောင်းကင်နတ်ဆိုးဂိုဏ်းမှ တပည့်နှစ်ယောက်စလုံး သေဆုံးသွားကြသည်။
"သေစမ်း"
ထိုအချိန်တွင် ရှစ်ကွမ်း ရောက်လာခဲ့၏။ သူက နတ်ဘုရားအပြစ်ပေးလှံတစ်လက်ကို ဖန်တီးကာ လုမင်အား ထိုးစိုက်လိုက်တော့သည်။