← Chapters

အခန်း ၁၅၁၆

Vol. 102 Ch. 1516

အခန်း ၁၅၁၆

Vol. 102 Ch. 1516

အပိုင်း ( 1516 ) အကျပ်အတည်းမှ လွတ်မြောက်ရန်။

ရှစ်ကွမ်း၏ နတ်ဘုရားအပြစ်ပေးလှံမှာ ကမ္ဘာပေါ်ရှိ အရာအားလုံးကို ထိုးဖောက်ဝင်ရောက်နိုင်သကဲ့သို့ အလွန်အစွမ်းထက်သည်။

လုမင်၏ ဆံပင်များပင် ထောင်ထသွား၏။ ရှစ်ကွမ်း၏ သူ့အား အန္တရာယ်ပေးနိုင်သော ခံစားချက်မှာ ပြင်းထန်လွန်းလှသည်။

"ရပ်စမ်း"

အတွေးတစ်ခုနှင့်၊ သူတော်စင်ရတနာဒိုင်းက ပျံသန်းထွက်လာပြီး တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည်။

တစ်ချိန်တည်းမှာပင်၊ သူက ရှေ့သို့ ဆက်လက် ပျံသန်းသွား၏။

"ဒီမှာပဲနေ"

မော့ဟဲ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

သူဟာ လုမင်ကို ကြားဖြတ်ပြီး တားဆီးလိုသော်လည်း၊ သူ့ကောင်းကင်နတ်ဆိုးဂိုဏ်းမှ တပည့်နှစ်ယောက်အား လုမင် သတ်ဖြတ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ လုမင်အပေါ် သူ၏ သတ်ဖြတ်လိုစိတ်များက ပို၍ ပြင်းထန်လာခဲ့သည်။

နတ်ဆိုးဓားအလင်းတစ်ခုက လုမင်ထံသို့ ပေါက်ကွဲထွက်လာခဲ့၏။

"မင်းသေချင်နေတာပဲ"

လုမင်၏ မျက်လုံးများက အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာပြီး အနက်ရောင်တောင်ပံများဖြင့် သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းလိုက်တော့သည်။

"ဒုန်း"

ရှစ်ကွမ်း၏ နတ်ဘုရားအပြစ်ပေးလှံရှည်က ဒိုင်းကိုထိမှန်ပြီး လွင့်စဉ်သွားစေခဲ့သည်။ ထို့နောက်၊ အနက်ရောင်တောင်ပံများကို ဆက်လက် ထိမှန်သွား၏။ လုမင်၏ခန္ဓာက တုန်ခါသွားပြီး အဝေးကို လွင့်စဉ်သွားတော့သည်။ သူ့ပါးစပ်ထဲမှ သွေးများပင် အန်ထွက်လာခဲ့သည်။

ရှစ်ကွမ်း၏ တိုက်ခိုက်မှုက ပြင်းထန်လွန်းပေသည်။ အကယ်၍ သူ့တွင် အကာအကွယ်အဖြစ် သူတော်စင်ရတနာနှစ်ခု မရှိပါက တားဆီးနိုင်မည် မဟုတ်ပေ။

"သူတော်စင်ရတနာတွေ အများကြီးပဲဟ။ ဒီကောင်က ဘယ်သူပါလိမ့်၊ သူ့မှာ သူတော်စင်ရတနာတွေ အများကြီးရှိနေတယ်"

အဝေးမှကြည့်သူအချို့က လုမင်အား အရောင်တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ကြသည်။

လုမင်တွင် သူတော်စင်ရတနာများ အများအပြား ရှိ၏။ သူက သုံးခုအထိ ဆက်တိုက် ထုတ်သုံးသွားခဲ့သည်။

"သူတော်စင်ရတနာတွေကို အားကိုးပြီး သေဘေးကနေ ရှောင်နိုင်မယ်လို့ ထင်နေတာလား။ ဒီနေ့ မင်း သေကိုသေရမယ်၊ သတ်"

ရှစ်ကွမ်းက အော်ဟစ်ကြိမ်းမောင်းလိုက်သည်။ သူ့ခန္ဓာက သန့်စင်သောအလင်းများ လွှမ်းခြုံနေပြီး နတ်ဘုရားအပြစ်ပေးလှံကိုလည်း လက်ထဲတွင် ကိုင်ဆွဲထား၏။ သူက နတ်ဘုရားတစ်ပါးကဲ့သို့ လုမင်ကို တိုက်ခိုက်ပြန်တော့သည်။

ရှစ်ကွမ်းမှာ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ရှားပါး ပါရမီရှင်တစ်ဦးဖြစ်သည်မှာ သေချာသည်။ သူပေးသောဖိအားက နတ်ဘုရားသားတော် ရှန်းကျစ်နှင့် ဝေးကွာသော်လည်း အလွန်ကြောက်စရာကောင်းနေသေးသည်။

အကယ်၍ ဤအတိုင်း ဆက်သွားပါက၊ လုမင်တွင် သူတော်စင်ရတနာ အကာကွယ်များ ရှိထားသည့်တိုင် တိုက်ခိုက်မှု အနည်းငယ်ထက်ပို၍ တားဆီးနိုင်မည် မဟုတ်ပေ။

"တွိ... တွိ..."

ထိုအချိန်တွင် လုမင်၏ ပခုံးပေါ်၌ ပူဖောင်းလေး ပေါ်လာခဲ့သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အချိန်ဟင်းလင်းပြင် လျှောက်လမ်းတစ်ခု ပေါ်လာခဲ့၏။ လုမင်လည်း မဆိုင်းမတွ ပြေးဝင်သွားပြီး နောက်အခိုက်တွင် မိုင်ထောင်ချီဝေးကွာသောအရပ်မှာ ပြန်ပေါ်လာတော့သည်။

ထို့နောက် အနက်ရောင်တောင်ပံများကို ခတ်ပြီး အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်။

"အချိန်ဟင်းလင်းပြင် တာအိုနယ်မြေ၊ ချီးပဲ"

ရှစ်ကွမ်း ဒေါသပေါက်ကွဲသွားပြီး လုမင်နောက်ကို အရှိန်ပြင်းပြင်းနှင့် လိုက်တော့သည်။

သို့သော် သူ့ရှေ့တွင်၊ ပူဖောင်းလေးက အချိန်ဟင်းလင်းပြင်လျှောက်လမ်းကို ထပ်မံဖွင့်လိုက်သည်။ ဤတစ်ကြိမ်မှာတော့ လုမင်၏ပုံရိပ်ကိုပင် မမြင်မတွေ့နိုင်ဘဲ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

"အား"

ရှစ်ကွမ်း ဒေါသချောင်းချောင်းထွက်သွားပြီး အော်ဟစ်လိုက်သည်။ သူ၏ သတ်ဖြတ်ချင်စိတ်များမှာလည်း နှင်းတောင်မှ ဆောင်းနှင်းများကဲ့သို့ အေးစက်နေတော့သည်။

"ဒီကောင် လွတ်သွားပြန်ပြီ"

မော့ဟဲ၏ မျက်လုံးများက အေးစက်သွားသည်။

"ရှစ်ကွမ်း၊ အဲဒီကောင်က နဂါးနတ်ဘုရားတောင်ကြားကပဲ"

မော့ဟဲ၏ အသံက ပဲ့တင်ထပ်သွားခဲ့သည်။

"နဂါးနတ်ဘုရားတောင်ကြားလား။ ဟမ့်၊ ဒီညီလာခံမှာ နဂါးနတ်ဘုရားတောင်ကြားက လူအားလုံးကိုသတ်ပစ်ရမယ်"

ရှစ်ကွမ်း အေးစက်စက်ဖြင့် ပြောလိုက်သည်။ ထို့နောက်တော့ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထွက်ခွာသွားတော့သည်။

"လုမင်"

မော့ဟဲ အံကိုတင်းတင်းကြိတ်လိုက်သည်။ သူ့မျက်လုံးများမှာလည်း အဆိပ်ပြင်းသေ မြွေတစ်ကောင်ပမာ အေးစက်နေ၏။ ထို့နောက် သူလည်း ထွက်သွားတော့သည်။

တစ်ဖက်တွင်၊ လုမင်က စန်းတောင်တလျှောက် အသည်းအသန် ပြေးနေသည်။

ယခင်က ပူဖောင်းလေး၏ ဒုတိယအကြိမ် အချိန်ဟင်းလင်းပြင်လျှောက်လမ်းကို ဖွင့်အပြီးတွင် စန်းတောင်မှာ သူပေါ်လာခဲ့သည်။

စန်းတောင်၏ မြေအနေအထားက ရှုပ်ထွေးပြီး ရှေးဟောင်းသစ်ပင်များမှာလည်း ကောင်းကင်ယံထိ တိုးထွက်လျက်ရှိ၏။ သို့ဖြစ်ပေရာ၊ ရှစ်ကွမ်းအနေဖြင့် လုမင်ကို လိုက်ဖမ်းရန် မလွယ်ကူတော့ပေ။

လုမင်လည်း စန်းတောင်တွင် ခဏတာ ပြေးနေပြီးနောက် နေရာတစ်ခုရှာကာ ထျန်းချွေးနှင့် ရွယ်နင်ရှင်းကို ပြန်ခေါ်ထုတ်လိုက်သည်။

"နဝမမြောက် ဆရာတူညီလေး အဆင်ပြေရဲ့လား"

"နဝမမြောက် မောင်လေး၊ အဆင်ပြေရဲ့လား"

ထျန်းချွေးနှင့် ရွယ်နင်ရှင်းက လုမင်ကို ကြည့်လိုက်ကြသည်။

"ကျွန်တော် အဆင်ပြေပါတယ်၊ သူ့ကို ‌မျက်ချေဖြတ်ထားပြီးပြီ"

လုမင် ပြောလိုက်သည်။

"ချီးပဲ၊ အဆင့်ကိုး သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူဖြစ်ပြီး ငါတို့ကို လိုက်သတ်နေတယ်။ ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံ နောက်နှစ်ဆင့်တိုးတာနဲ့ ငါ့ရဲ့တူနဲ့ သူ့ကိုထုသတ်မယ်"

ထျန်းချွေးက မကျေမနပ်ဖြင့် ရေရွတ်ပြောဆိုနေ၏။

"နဝမမြောက် ဆရာတူမောင်လေး၊ ဒီတစ်ကြိမ်အတွက် ကျေးဇူးတင်ပါတယ်"

ရွယ်နင်ရှင်းက ပြောလိုက်သည်။

သူနှင့် ထျန်းချွေး၏အမြန်နနှုန်းက မမြင့်မားပေ။ လုမင်၏ ဂူလှိုဏ်ကောင်းကင်ရတနာအတွက်သာ မဟုတ်ပါက၊ သူတို့ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

"နဝမမြောက် ဆရာတူညီလေး၊ မင်းမှာ ဂူလှိုဏ်ကောင်းကင်ရတနာရှိနေမယ်လို့ ငါ မမျှော်လင့်ထားဘူး"

ထျန်းချွေး ပြုံးလိုက်သည်။

"ဂူလှိုဏ်ကောင်းကင်ရတနာတွေက အရမ်းရှားပါးတာလား"

လုမင် စိတ်ဝင်တစား မေးလိုက်သည်။

"ရှားတာပေါ့၊ ဂူလှိုဏ်ကောင်းကင်ရတနာဆိုတာ ကိုယ်ပိုင်ကမ္ဘာငယ်ရှိတဲ့ ရတနာတစ်ခုပဲ။ ဒါကို မဟာဧကရာဇ်တစ်ပါးကသာ ပြုလုပ်နိုင်ကြတာ၊ နောက်ပြီး ရှားပါးပစ္စည်းတွေလည်း အများကြီး လိုအပ်‌သေးတယ်"

ထျန်းချွေးက ရှင်းပြလိုက်သည်။

"ဧကရာဇ်ကြီးတွေပဲ ပြုလုပ်နိုင်တာလား"

လုမင် အံ့သြသွား၏။

မူလက သူဟာ ဂူလှိုဏ်ကောင်းကင်ရတနာများကို ယွမ်လုတိုက်ကြီးတွင်မရှားပါးဟု ထင်ခဲ့သည်။ ယခုတော့၊ ကမ္မတိုက်ပွဲမှ ရရှိသော ရတနာများမှာ အလွန်ရှားပါးနေပုံပင်။

"ဒီမှာ အနားယူကြရအောင်"

လုမင် ပြောလိုက်သည်။

ဤတိုက်ပွဲတွင် သူတို့ ဒဏ်ရာအချို့ ရရှိခဲ့၏။ ဒဏ်ရာများက မပြင်းထန်သော်လည်း ပြန်လည်ကောင်းမွန်ရန် အချိန်အနည်းငယ် လိုအပ်နေသေးသည်။

ထျန်းချွေးနှင့် ရွယ်နင်ရှင်းလည်း ခေါင်းညိတ်လိုက်ကြသည်။

သုံးယောက်သား တင်ပျဉ်ခွေထိုင်ပြီး လေ့ကျင့်လိုက်၏။ တစ်နာရီခန့်အကြာတွင် လုမင်၏ ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာတော့သည်။

"အခု ငါတို့ ဘယ်သွားကြမလဲ"

ထျန်းချွေးက မေးလိုက်သည်။

"နဂါးနတ်ဘုရားတောင်ကြားရဲ့ စခန်းချရာကို သွားကြတာပေါ့။ အင်အားစုတိုင်းက တပည့်တွေနေဖို့ စန်းတောင်မှာ စခန်းတွေရှိတယ်။ အဲဒီမှာ သူတော်စင်နယ်ပယ် အကျော်အမော်တွေ ရှိတယ်လေ။ နဂါးနတ်ဘုရားတောင်ကြားမှာရှိတဲ့ စခန်းကို အခြားသူတွေ မလာရဲကြဘူး"

ရွယ်နင်ရှင်းက ပြောလိုက်၏။

လုမင်နှင့် ထျန်းချွေးလည်း မကန့်ကွက်တော့ပေ။

ထို့နောက်၊ ရွယ်နင်ရှင်း၏ ဦးဆောင်မှုဖြင့် သူတို့သုံးဦးလည်း နဂါးနတ်ဘုရားတောင်ကြား၏ စခန်းသို့ သွားခဲ့ကြသည်။

မကြာမီ၊ သူတို့ရှေ့မှာ ကြီးမားသော အဆောက်အဦတစ်ခု ပေါ်လာခဲ့သည်။ အဆောက်အဦကို တောင်စောင်းပေါ်တွင် တည်ဆောက်ထားပြီး အလွန်ခမ်းနား၏။

လုမင်တို့သုံးဦးလည်း သူတို့၏ နဂါးနတ်ဘုရားတောင်ကြား၏တပည့် တံဆိပ်ပြားများကို ထုတ်ယူကာ အတားအဆီးမရှိ ဝင်ရောက်ခဲ့ကြတော့သည်။

"လုမင်"

ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အသံလာရာသို့ လှမ်းကြည့်လိုက်ပြီးနောက် လုမင်၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။

"ရင်ရင်၊ ညီနောင်ချိုး"

လုမင် ပြုံးပြလိုက်သည်။

ချိုးရင်ရင်နှင့် ချိုးဟောက်တို့ ဖြစ်ချေသည်။ သူတို့နှစ်​​ယောကလည်း အအပြုံးများဖြင့် လုမင်ဆီသို့ ​လျှောက်​လာခဲ့ကြသည်​။

"ရင်ရင်၊ ငါမင်းကိုမတွေ့ရတာ မကြာသေးပေမဲ့ မင်းရဲ့ ကျင့်ကြံမှုက တော်တော်တိုးတက်သွားပြီပဲ"

လုမင်က ချိုးရင်ရင်ကိုကြည့်ကာ ပြုံးလျက်ပြောလိုက်သည်။

ချိုးရင်ရင်၏ ကျင့်ကြံခြင်းက တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ပင် ရောက်သွားပြီ။ ဤသည်က လုမင်၏ မျှော်လင့်ချက်ထက် သာလွန်သည်။

တစ်ဖက်တွင်၊ ချိုးဟောက်၏ ကျင့်ကြံခြင်းအခြေခံက ဒုတိယအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ရောက်ရှိခဲ့ပေသည်။

"စန်းဧကရာဇ်ရဲ့ လျှို့ဝှက်နယ်မြေမှာ အမွေအနှစ်တစ်ခု ရရှိခဲ့ပြီးနောက် ရေခဲနဂါးတောင်ကြားကို ငါဝင်ခဲ့တယ်လေ။ ရေခဲနဂါးတောင်ကြားရဲ့ အကြီးအကဲတစ်ယောက်ကလည်း ငါ့ကို သူ့တပည့်အဖြစ် ခေါ်သွားတယ်။ အဲဒါကြောင့် ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံက မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့တာ"

ချိုးရင်ရင်က ရှင်းပြလိုက်သည်။

"ဂုဏ်ယူပါတယ်"

လုမင် ပြုံးလိုက်၏။ ချိုးရင်ရင်အတွက် သူ အမှန်တကယ် ပျော်ရွှင်ခဲ့ပေသည်။

သူတို့နှစ်ယောက်က သူငယ်ချင်းများ ဖြစ်ကြသည်။ ထိုအတွက်၊ ချိုးရင်ရင်က အခွင့်အလမ်းကောင်းများ ရရှိသောအခါ သဘာဝအတိုင်း သူ ပျော်ရွှင်မိပေသည်။

"ဒါနဲ့၊ သူတို့နှစ်ယောက်က..."

ချိုးရင်ရင်က ထျန်းချွေးနှင့် ရွယ်နင်ရှင်းကို တစ်ချက်ကြည့်လိုက်သည်။

"ဒါက တိမ်နဂါးတောင်ကြားက ငါ့ရဲ့ဆရာတူအစ်ကိုနဲ့ အစ်မပါ"

လုမင်က မိတ်ဆက်ပေးလိုက်၏။

နှစ်ဖက်စလုံးက အပြန်အလှန် နှုတ်ဆက်လိုက်ကြသည်။

"ရင်ရင်၊ မင်းတို့ ဘယ်တုန်းက ရောက်လာတာလဲ"

လုမင် မေးလိုက်သည်။

"ငါတို့ရောက်နေတာ ဆယ်ရက်ရှိပြီ။ မူလကတော့ နင့်ကို ငါတို့နဲ့အတူ လိုက်လာဖို့ ခေါ်ချင်ပေမဲ့ တိမ်နဂါးတောင်ကြားကို ရောက်တဲ့အခါ နင်ခရီးထွက်သွားပြီလို့ ကြားခဲ့ရတယ်လေ။ အဲဒါနဲ့ ကိုယ့်ဘာသာလာခဲ့တာ။ နင်က ဘာဖြစ်လို့ အခုမှရောက်လာရတာလဲ"

ချိုးရင်ရင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။

"ငါတို့လမ်းမှာ နောက်ကျသွားတာ"

လုမင်လည်း ထပ်မရှင်းပြတော့ဘဲ ပြုံးလိုက်သည်။

"နင်တို့အနားယူဖို့ နေအိမ်ကို ငါလိုက်ပို့ပေးမယ်လေ၊ ဒါက စာရင်းသွင်းဖို့ပဲလိုတာ"

ချိုးရင်ရင်က ပြောသည်။ လုမင်ကို တွေ့ရသောကြောင့် သူ အလွန်ပျော်ရွှင်နေပုံရလေသည်။

ထို့​နောက် လုမင်နှင့်​ အခြားလူများလည်း အိမ်​တစ်​လုံးကို ​တောင်းယူကြပြီး ကိုယ်ပိုင်အခန်းများဆီသို့ လာခဲ့ကြသည်​။ ချိုးရင်ရင်တို့ မောင်နှမလည်း ပြန်ထွက်သွားတော့သည်။

လုမင်လည်း သူ့အခန်းထဲသို့ ဝင်လာပြီးနောက် တင်ပျဉ်ခွေထိုင်ကာ လေ့ကျင့်လိုက်သည်။

တင်းပေါင်ညီလာခံမတိုင်မီ ရက်နှစ်ဆယ်ခန့် လိုသေးသည်။ အချိန်က စောသေးသည်။

နောက်ရက်များတွင် လုမင်တို့ အေးအေးဆေးဆေး လေ့ကျင့်နိုင်ခဲ့ကြသည်။ ရှစ်ကွမ်းနှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းသားများလည်း မလာခဲ့ကြပေ။

သုံးရက်အကြာတွင်၊ ရွယ်နင်ရှင်းနှင့် ထျန်းချွေးက လုမင်ဆီသို့ ရောက်လာခဲ့ကြသည်။

"စျေးဝယ်ထွက်မလို့လား"

လုမင် အံ့သြသွား၏။

ရွယ်နင်ရှင်းနှင့် ထျန်းချွေးက ဈေးဝယ်ထွက်ရန် သူ့အား လာခေါ်ကြခြင်းပင်။

All Chapters