အခန်း ၁၅၁၇
Vol. 102 Ch. 1517
အပိုင်း ( 1517 ) ဧကရာဇ်အဆင့် အင်အားစု။
ရွယ်နင်ရှင်း၏ ရှင်းပြမှုဖြင့် အခြေအနေကို လုမင် နားလည်သွားသည်။
တင်းပေါင်ညီလာခံကို သုံးနှစ်လျှင် တစ်ကြိမ် ကျင်းပသည်။ အချိန်တိုင်းတွင် စန်းပြည်နယ်မှ ထိပ်သီး အင်အားစုကြီး ဆယ့်သုံးခုက စန်းတောင်တွင် စုဝေးမည် ဖြစ်၏။
ထိုမျှသာမကဘဲ အခြား အင်အားစုပေါင်းစုံကလည်း တက်ရောက်ကြဦးမည်။ ဤသည်မှာ စန်းပြည်နယ်၏ အကြီးမားဆုံး စုဝေးပွဲတစ်ခု ဖြစ်သည်။
ဤကဲ့သို့သော ပွဲကြီးမျိုးက ကုန်သည်အဖွဲ့အစည်းများ အပြားကို စန်းတောင်သို့ လာရောက်စေရန် သဘာဝအတိုင်း ဆွဲဆောင်နိုင်ခဲ့ပေသည်။
စန်းပြည်နယ်၏ ပြင်ပမှ ကုန်သည်အဖွဲ့အစည်းများပင် ရှိခဲ့သည်။ ၎င်းတို့က စန်းပြည်နယ်တွင် ရှာမတွေ့နိုင်သော ရှားပါးရတနာများစွာကို ယူဆောင်တတ်ကြ၏။
ထိုအထဲတွင် အကျော်ကြားဆုံးက ရတနာခန်းမ ဖြစ်တော့သည်။
"ရတနာခန်းမဆိုတာ စန်းပြည်နယ်ရဲ့ ပြင်ပက အတော်ကြီးမားတဲ့ ကုန်သည်ခန်းမကြီးတစ်ခုလို့ ငါကြားဖူးတယ်။ သူတို့က အင်အားလည်း အရမ်းကြီးမားတယ်လေ။ စန်းပြည်နယ်ရဲ့ ထိပ်သီးအင်အားစုကြီး ဆယ့်သုံးခုတောင် ရတနာခန်းမလောက် အင်အားမကြီးမှာ ကြောက်ရတယ်"
ရွယ်နင်ရှင်းက ရှင်းပြလိုက်သည်။
"အလို၊ ဒီလောက်တောင် အင်အားကြီးတာလား"
လုမင် အံ့သြသွားသည်။
"သေချာတာပေါ့၊ သူတို့က ဧကရာဇ်အဆင့် အင်အားစုတစ်ခုပဲလေ"
ရွယ်နင်ရှင်းက ပြော၏။
"ဧကရာဇ်အဆင့် အင်အားစု"
လုမင်၏ မျက်ခုံးများ တလှုပ်လှုပ်ဖြစ်သွားသည်။
နာမည်အတိုင်း မဟာဧကရာဇ်ကြီးများရှိသည့် အင်အားစုကိုသာ ဧကရာဇ်အဆင့် အင်အားစုဟု ခေါ်ဆိုကြသည်။
စန်းပြည်နယ်ရှိ ထိပ်သီးအင်အားစုကြီး ဆယ့်သုံးခုမှာတော့ ဧကရာဇ်တစ်ပါးမျှ မရှိပေ။ သူတို့၏အင်အားက ဧကရာဇ်အဆင့် အင်အားတစ်ခုနှင့် နှိုင်းယှဉ်၍ မရပါ။ ကွာခြားမှုက ကြီးမားလွန်းလှသည်။
"အန္တိမရတနာခန်းမဆောင်က စန်းပြည်နယ်ကို လာရောက်တိုင်းမှာ ရှားပါးတဲ့ ရတနာတွေကို ယူလာတတ်တယ်။ ဒီနေ့က ရတနာခန်းမရဲ့ ဖွင့်ပွဲနေ့ပဲလေ။ ဒါက လူတွေဘယ်လောက်ထိ ဆွဲဆောင်နိုင်မလဲမသိဘူး။ အဲဒီမှာ ငါတို့အတွက် အသုံးဝင်တာတွေ ရှိမလားဆိုတာ သွားကြည့်ကြရအောင်"
ရွယ်နင်ရှင်းက ပြောလိုက်သည်။
"ကောင်းပြီ"
လုမင်လည်း စိတ်ဝင်စားလာပြီး ခေါင်းညိတ်လိုက်လေသည်။
မကြာမီ၊ သူတို့သုံးယောက်စလုံး အနက်ရောင်ဝတ်စုံများဝတ်ပြီး အနက်ရောင် ခမောက်များကို ခပ်အုပ်အုပ် ဆောင်းလိုက်ကြသည်။
တစ်ချိန်တည်းမှာပင် သူတို့သုံးယောက်၏ အရှိန်အဝါများကို ဖုံးကွယ် ဖုံးကွယ်လိုက်၏။ ဤပုံစံဖြင့် အသိမိတ်ဆွေများရှိလျှင်ပင် မှတ်မိနိုင်မည် မဟုတ်တော့ပေ။
ရွယ်နင်ရှင်း၏ အဆိုအရ ယနေ့တွင် အန္တိမ ရတနာခန်းမကို ဖွင့်လှစ်မည်ဖြစ်သည်။ ဂိုဏ်းပေါင်းစုံမှ လူတော်တော်များများလည်း ထိုနေရာကို သွားရောက်ကြ၏။ အများစုက ရန်ဘက်များဖြစ်ကြသောကြောင့် အချင်းချင်းတွေ့လျှင် တိုက်ပွဲဖြစ်ရန်လွယ်လိမ့်မည်။
ထို့ကြောင့်ပင် လူအများစုက ရုပ်ဖျက်ရန်အတွက် အနက်ရောင်ဝတ်ရုံနှင့် ဝါးခမောက်များကို ဆောင်းထားခဲ့ကြသည်။
ဤနည်းအားဖြင့် အဖိုးတန်သောအရာကို ဝယ်ခဲ့လျှင်ပင် ပစ်မှတ်ထားလွယ်မည် မဟုတ်တော့ပေ။
သုံးယောက်သား တောင်ပေါ်သို့ ပျံတက်သွားကြသည်။ မကြာမီ၊ သူတို့သုံးဦးရှေ့မှာ ကြီးကျယ်ခမ်းနားသော နန်းတော်တစ်ခု ပေါ်လာခဲ့၏။
နန်းတော်ထိပ်မှာလည်း ရတနာခန်းမဟူသော စကားလုံးကြီးများက ထည်ဝါစွာ ရှိနေသေးသည်။
အန္တိမရတနာခန်းမ၏ တံခါးများက ပွင့်နေပြီ ဖြစ်သည်။ မရေမတွက်နိုင်သော လူရိပ်များကလည်း နန်းတော်ထဲသို့ ဝင်ရောက်သွားခဲ့ကြပေသည်။
လူအများစုကတော့ လုမင်တို့ကဲ့သို့ အနက်ရောင် ၀တ်စုံနှင့် ဝါးခမောက်များ ဆောင်းထားခဲ့ကြသည်။ အနက်ရောင် ၀တ်စုံများကို မ၀တ်ထားလျှင်ပင် သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားကြသေးသည်။
သုံးယောက်သား တံခါးမကြီးကို ဖြတ်လျှောက်လာပြီးနောက် ကောင်တာအကြီးကြီးတစ်ခုကို တွေ့လိုက်ရသည်။ ကောင်တာနောက်မှာလည်း ရတနာမျိုးစုံ ရှိ၏။
ခန်းမအတွင်းပိုင်းက အလွန်ကျယ်ဝန်းသည်။ ကောင်တာများကို စနစ်တကျ စီစဉ်ထားပြီး ဧည့်သည်များကို ကြိုဆိုရန် အထူးတာဝန်ပေးထားသည့် တာဝန်ခံများလည်း ကောင်တာများရှေ့တွင် ရပ်နေကြသေးသည်။
နန်းတော်ထဲတွင် လူများစွာတို့ လျှောက်သွားနေကြသည်။ တစ်ချက်ကြည့်လိုက်ပါက လူတစ်သိန်းထက်မနည်း ရှိ၏။ သို့သော်လည်း ချောင်ချောင်ချိချိ ဖြစ်နေပုံကို ကြည့်ခြင်းအားဖြင့် နန်းတော်မှာ မည်မျှကြီးမားမှန်း သိမြင်နိုင်သည်။
ထို့အပြင် ဤနေရာ၌ ရတနာများကို လုယက်ခြင်းမျိုး မည်သူမျှ မလုပ်ဆောင်ဝံ့ပါ။
အကြောင်းမှာ၊ ဤသည်က အန္တိမ ရတနာခန်းမ ဖြစ်သည်။
လွန်ခဲ့သောနှစ်များစွာက၊ စန်းပြည်နယ်သို့ အန္တိမ ရတနာခန်းမ စတင်ရောက်ရှိသောအခါတွင် သူတော်စင်တစ်ဦးဟာ ၎င်းတို့၏ ရတနာများကို ခိုးယူရန် ကြိုးစားခဲ့ဖူးသည်။ သို့သော်လည်း နောက်ဆုံးတွင်၊ အန္တိမသူတော်စင်တစ်ပါး ထွက်ပေါ်လာပြီး ထိုသူတော်စင်ကို သတ်ဖြတ်ခဲ့ပေသည်။
ထို့နောက်မှာတော့ အန္တိမရတနာခန်းဆောင်၏ ရတနာများကို မည်သူမျှ မျက်စောင်းမထိုးဝံ့တော့ပေ။
"အဖိုးတန် ရတနာတွေ အများကြီးပဲ"
လုမင်လည်း တောက်ပသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
သို့သော်လည်း ဤနေရာရှိ ပစ္စည်းများ၊ ဝိညာဉ်လက်နက်များနှင့် ဆေးဝါးများက အဆင့်နိမ့်ပြီး သူတို့သုံးဦးအတွက် အသုံးမဝင်ပေ။
"အပေါ်ကို တက်ကြရအောင်။ ဒုတိယထပ်မှာရှိတဲ့ ရတနာတွေက ပိုပြီး အဆင့်မြင့်တယ်"
ရွယ်နင်ရှင်းက ပြောလိုက်သည်။
ဤနန်းတော်တွင် စုစုပေါင်း အထပ်သုံးထပ် ရှိသည်။ အထပ်တစ်ခုစီရှိ ရတနာများက အဆင့်ပိုမြင့်လာပြီး တန်ဖိုးလည်း မြင့်မားကြ၏။
သုံးယောက်သား လှေကားထစ်မှ ဒုတိယထပ်ကို ဆက်တက်ခဲ့ကြသည်။
ဒုတိယထပ်ရှိ ရတနာများက အမှန်တကယ် အဆင့်မြင့်ပြီး ပို၍ တန်ဖိုးကြီးမားကြပေသည်။
"ဒါက ဖန်ဆင်းခြင်းရဲ့ဆေးအရည်။ အဲဒါက ဝိညာဉ်တစ်သောင်းဆေးအရည်ထက်တောင် ပိုတန်ဖိုးကြီးတယ်"
လုမင်က ဖန်ဆင်းခြင်းဆေးအရည် ကီလိုငါးဂရမ် ၀ယ်လိုက်သည်။ ဟုတ်ပေသည်၊ စျေးနှုန်းကလည်း သူ၏ အလယ်အလတ်တန်းစား ကျောက်ကြမ်းထက်ဝက်ကျော် ပေးခဲ့ရ၏။
လုမင်က ဖန်ဆင်းခြင်းဆေးရည်ကို တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ပို့လိုက်သည်။ ကမ္ပည်းတာအို ဒုတိယခန္ဓာလည်း ဖန်ဆင်းခြင်းဆေးရည်ကို ရှေးဟောင်းဉာဏ်အလင်းသစ်ပင်ပေါ်သို့ သွန်းလောင်းလိုက်၏။
ယခုအခါ၊ ရှေးဟောင်းဉာဏ်အလင်းသစ်ပင်က ပို၍ ကြီးထွားလာပြီး အရွက်များမှာလည်း ပို၍ များပြားလာခဲ့ပြီ။
သုံးယောက်သား ဆက်လျှောက်ခဲ့ကြသည်။ ထျန်းချွေးနှင့် ရွယ်နင်ရှင်းလည်း ပစ္စည်းတချို့ကို ဝယ်ယူခဲ့ကြပေသည်။
"တတိယထပ်ကို သွားရအောင်"
လုမင် ပြောလိုက်သည်။
ထို့နောက် သုံးယောက်သား တတိယထပ်ကို တက်ခဲ့ကြ၏။
တတိယထပ်တွင်လည်း လူပေါင်း တစ်သောင်းထက်မနည်း ရှိနေသည်။
တတိယထပ်မှ ရတနာများစွာကတော့ သူတော်စင်ဆေးဝါးနှင့် သူတော်စင်လက်နက်ကဲ့သို့ သူတော်စင်အဆင့် ရတနာများ ဖြစ်ချေသည်။ ထိုရတနာများက တန်ဖိုးကြီးလွန်းသဖြင့် လူအများစု မတတ်နိုင်ကြပေ။ သူတို့က အမြင်ကျယ်စေရန်အတွက်သာ ရောက်နေခဲ့ကြခြင်း ဖြစ်သည်။
"သူတော်စင်ရတနာတွေ အများကြီးပဲ"
လုမင်က ကောင်တာတစ်ခုကို ကြည့်လိုက်သည်။
ကောင်တာပေါ်တွင် သူတော်စင်ရတနာ အမြောက်အမြား ရှိ၏။ တစ်ချက်ကြည့်လိုက်ပါက တစ်ရာထက်မနည်း မြင်ရသည်။
သူတော်စင်ရတနာ တစ်ရာကျော်မှာ မည်မျှ အံ့ဩစရာကောင်းသော အရေအတွက် ဖြစ်သနည်း။
သူတော်စင်ရတနာ တစ်ခုစီတိုင်းကလည်း လျှို့ဝှက်ဆန်းကြယ်ပြီး အမျိုးမျိုးသော အလင်းတန်းများ ဖြာထွက်နေခဲ့သည်။
ကောင်တာမှာတော့ ငယ်ရွယ်ပြီး ချောမောလှပသော မိန်းကလေး နှစ်ယောက်သာ ရပ်နေသည်။ သူတို့ကတော့ သိုင်းအုပ်ချုပ်သူများသာဖြစ်ပုံရလေသည်။
ဤအခိုက်တွင် လူတော်တော်များများက ကောင်တာရှေ့မှာ ရပ်ပြီး ကြည့်နေကြသည်။ အားလုံး၏ မျက်လုံးများမှာလည်း အရောင်တဖိတ်ဖိတ်တောက်နေကြ၏။ ထိုသူတော်စင်ရတနာများကို ချက်ချင်းသိမ်းပိုက်ရန် သူတို့အားလုံး မစောင့်နိုင်တော့ပေ။
အကယ်၍၊ အခြားနေရာတွင် ရာနှင့်ချီသော သူတော်စင်ရတနာများကို စောင့်ကြပ်နေသူမှာ သိုင်းအုပ်ချုပ်သူနှစ်ပါး ဖြစ်နေပါက လုယက်ကြကုန်မည်မှာ ကြာလှပြီ ဖြစ်သည်။
သို့သော်လည်း ဤနေရာမှာတော့ မည်သူမျှ မလှုပ်ဝံ့ကြပေ။
အတင့်ရဲစွာ လှုပ်ရှားဝံ့ပါကလည်း၊ နောက်အခိုက်အတန့်တွင် သူ့ရှေ့မှာ ရပ်နေသူမှာ သူတော်စင်တစ်ပါး ဖြစ်နိုင်ဖွယ်ရှိသည်။
လုမင်တို့သုံးဦးလည်း ကောင်တာသို့ ရောက်လာခဲ့ကြသည်။
"မိန်းကလေး၊ မင်းတို့မှာ လက်အိတ်အမျိုးအစား သူတော်စင်ရတနာတွေ ရောင်းဖို့ရှိသလား"
လုမင်က လေသံခပ်တိုးတိုးဖြင့် မေးလိုက်သည်။
"ရှိပါတယ်၊ ရှင်တို့ ဝယ်ချင်လို့လား"
မိန်းကလေးတစ်ဦးက ပြုံးရွှင်စွာဖြင့် ပြန်ဖြေသည်။
"ဟုတ်ပါတယ်၊ ငါ့ကို ပြလို့ရမလား"
လုမင် ပြောလိုက်သည်။
"ကောင်းပါပြီရှင်"
မိန်းကလေးတစ်ယောက်က ခေါင်းညိတ်ပြီး သေတ္တာတစ်လုံးကို ထုတ်ယူလိုက်၏။ သူမက သေတ္တာကို ဖွင့်လိုက်သောအခါ ကြက်မောက်သီးအရွယ်အစားရှိ အနီရောင်အလုံးကြီးတစ်လုံး ပေါ်လာတော့သည်။
"ဒါက"
လုမင် အနည်းငယ် စိတ်ရှုပ်သွားသည်။ သူ့ကို လက်အိတ်အမျိုးအစား သူတော်စင်ရတနာ ပေးအပ်ရမည် မဟုတ်လော။ အဘယ်ကြောင့် ဘောလုံးတစ်လုံးကို ထုတ်ပေးနေသနည်း။
"သခင်လေးရှင့်၊ ဒါက ကျွန်မတို့ ရတနာခန်းမက အထူးပြုလုပ်ထားတဲ့ သူတော်စင်ရတနာလက်အိတ်ပါ။ အဲဒါက အင်မတန် ဆန်းကျယ်တယ်လေ၊ ကျွန်မ နမူနာပြပါမယ်"
မိန်းကလေးက ပြုံးလိုက်သည်။ ထို့နောက် ဘောလုံးကိုယူပြီး သူမ၏ လက်ဖဝါးပေါ်ကို တင်လိုက်သည်။
ထိုအခါ အံ့ဖွယ်မြင်ကွင်းတစ်ခုက အထင်အရှား ပေါ်လာခဲ့၏။ ဘောလုံးက အရည်ကဲ့သို့ ပျော့ပျောင်းလာပြီး လက်အိတ်ပုံစံဖြင့် မိန်းကလေး၏လက်ဝါးကို လွှမ်းခြုံသွားတော့သည်။
မသိပါက၊ မိန်းကလေး၏လက်ဝါးကို အနက်ရောင် ပိတ်စလေးတစ်လွှာဖြင့် ဖုံးအုပ်ထားသကဲ့သို့ ဖြစ်သည်။
ထို့နောက် မိန်းကလေးက ယွမ်ချီစွမ်းအင် ပို့လွှတ်လိုက်သည်။
"ဝှစ်"
လက်အိတ်မှ အစွမ်းထက်သော ရောင်ဝါတစ်ခု ထုတ်လွှတ်လာ၏။ ယင်းက သူတော်စင်ရတနာ၏ အရောင်အဝါ ဖြစ်တော့သည်။
လုမင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။
ဤသူတော်စင်ရတနာ လက်အိတ်ကို သူ သဘောကျသွားပြီ။
"သခင်လေးရှင့်၊ ဒီသူတော်စင်ရတနာလက်အိတ်ကို လျိုယွမ်လက်အိတ်လို့ ခေါ်ပါတယ်။ သူ့ကို လျိုယွမ်ရွှေ၊ အခြား အဖိုးတန်ရတနာတွေနဲ့ ပြုလုပ်ထားတာပါ။ ဒါက သဘာဝနိယာမတွေပါဝင်တဲ့ သူတော်စင်ရတနာတစ်ခုပဲလေ။ အရမ်းလည်းမာကျောတာကြောင့် အဆင့်တူ သူတော်စင်ရတနာတွေ ချိုးဖြတ်ဖို့ မဖြစ်နိုင်ပါဘူး။ နောက်ပြီးတော့ အထူးဖွင့်စရာမလိုဘဲ အသုံးပြုရ လွယ်ကူပါတယ်"
မိန်းကလေး၏ စကားအဆုံးတွင် လျိုယွမ်လက်အိတ်က အသက်ဝင်နေသကဲ့သို့ မိန်းကလေး၏လက်ဝါးထဲမှာ ပြန်ကျုံ့သွားကြောင်း မြင်လိုက်ရသည်။ ထို့နောက်တော့ လက်ဖဝါးပေါ်မှာတင် ပျောက်ကွယ်သွားတော့သည်။