← Chapters

အခန်း ၁၅၁၈

Vol. 102 Ch. 1518

အခန်း ၁၅၁၈

Vol. 102 Ch. 1518

အပိုင်း ( 1518 ) ပစ်မှတ်ထားခံရခြင်း။

"လျိုယွမ်လက်အိပ်ကို အသုံးပြုဖို့က အင်မတန်လွယ်ပါတယ်ရှင်။ အတွေးတစ်ခုနဲ့ အသုံးပြုလို့ရပြီး ဖယ်ရှားချင်တဲ့အခါမှာလည်း အတွေးတစ်ခုပဲ လိုပါတယ်"

မိန်းကလေးက မိတ်ဆက်ပေးလိုက်သည်။

"အံ့သြစရာကောင်းလိုက်တဲ့ လက်အိတ်"

"ဒီလိုလက်အိတ်မျိုးက ကမ္ဘာပေါ်မှာ ရှားပါးတဲ့ ရတနာတစ်ခုပါပဲ"

ဘေးနားမှ လူများစွာလည်း အရောင်လက်နေသော မျက်လုံးများဖြင့် မိန်းကလေး၏ လက်အိတ်ကို စိုက်ကြည့်လိုက်ကြသည်။

ထိုလက်အိတ်သည် လက်ဝါးသိုင်းများ၊ လက်ချောင်းသိုင်းပညာများနှင့် လက်သီးသိုင်းများကို ကျွမ်းကျင်သော ကျင့်ကြံသူများအတွက် အလွန်အဖိုးတန်ပြီး ဆွဲဆောင်မှုရှိပေသည်။

"မိန်းကလေး၊ ငါ ဒီလက်အိတ်ကို လိုချင်တယ်၊ ဘယ်လောက်ကျမလဲ"

"ငါရောပဲ၊ မိန်းကလေး... ကျောက်ကြမ်းဘယ်လောက် ကျမလဲ"

ရုတ်တရက် လူတချို့က ရှေ့ကိုတိုးလာခဲ့ကြသည်။

လုမင် မျက်မှောင်ကြုတ်သွား၏။ သူက အရင်မေးနေသူ မဟုတ်ပါလော။

"စိတ်မရှိပါနဲ့ရှင်။ လျိုယွမ်လက်အိတ်အတွက် ပစ္စည်းတွေက ရှာရခက်ပြီး ဖန်တီးရတာလည်း အင်မတန်ခက်ခဲပါတယ်။ အခုတော့ ဒီတစ်ခုပဲ ရှိပါတယ်"

မိန်းကလေးက ပြောလိုက်သည်။

"တစ်ခုတည်းလား။ ဒါဆိုရင် ငါ့ကိုရောင်းပါ"

"ထွက်သွားစမ်း၊ ဒါက ငါ့ဟာ"

အနည်းဆုံး လူတစ်ဒါဇင်ခန့်က ငြင်းခုန်လာပြီး မြင်ကွင်းမှာ ဆူညံသွားတော့သည်။

"ဒီလက်အိတ်ရဲ့ ဈေးနှုန်းက အလယ်အလတ်တန်းစား ကျောက်ကြမ်း သန်းငါးရာပါ။ အလျှော့အတင်းမရှိပါဘူးရှင်"

မိန်းကလေးက ပြောလိုက်သည်။

"ဘာ၊ သန်းငါးရာ..."

မြင်ကွင်းက ရုတ်တရက် ငြိမ်သက်သွားသည်။ ပင့်သက်ရှိုက်သံများကိုသာ ကြားလိုက်ရ၏။

“ငါး… အလယ်လတ်တန်းစား ကျောက်ကြမ်း သန်းငါးရာလား။ မိနါးကလေး၊ ဒီလက်အိတ်တစ်ဖက်တည်းကလား"

အစောပိုင်းက ဈေးမေးခဲ့သူမှာ လေသံပျော့သွားသည်။

ပုံမှန်အားဖြင့် လက်အိတ်အမျိုးအစား သူတော်စင်ရတနာများမှာ သာမန် သူတော်စင်ရတနာများထက် အနည်းငယ်ပို၍ ဈေးကြီးတတ်သည်။ သို့သော်လည်း အစုံလိုက်ဖြစ်ခြင်းကြောင့်သာ ပို၍စျေးကြီးကြခြင်းပင်။ လက်အိတ်အမျိုးအစား သူတော်စင်ရတနာ တစ်စုံသည် သာမန်သူတော်စင်ရတနာ သုံးခုနှင့် ထိုက်တန်သည်။

သူတော်စင်အဆင့် ရတနာလက်နက်တစ်ခု၏ တန်ဖိုးမှာ အလယ်လတ်တန်းစား ကျောက်ကြမ်း သန်းတစ်ရာခန့် တန်ဖိုးရှိ၏။ ထို့ကြောင့်ပင် ဤလက်အိတ်၏ တန်ဖိုးကို သန်းတစ်ရာငါးဆယ်ခန့် ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။ မမျှော်လင့်ဘဲ ယခုတော့ ဈေးနှုန်းမှာ သန်းငါးရာအထိ ဖြစ်နေပြီ။

ထိုစျေးနှုန်းက အံ့သြစရာကောင်းလောက်အောင် မြင့်မားသည်။

"စျေးကြီးလွန်းတယ်၊ ငါမတတ်နိုင်ဘူး"

"ဒါကြီးကတော့ မတန်တော့ဘူး"

ထိုလူများလည်း အသီးသီး ခေါင်းခါယမ်းကာ ဝယ်ယူမှုကို လက်လျှော့လိုက်ကြသည်။

သန်းငါးရာက ဈေးကြီးလွန်းပေသည်။

"သန်းငါးရာ"

လုမင်လည်း ရင်မောသွားလေသည်။

သန်းငါးရာမှာ တောက်ပသော သူတော်စင်ရတနာ ငါးခုနှင့် ညီမျှသည်။

လုမင်ဟာ နဂါးနန်းတော် ရတနာတိုက်မှ တောက်ပသောသူတော်စင်ရတနာ လေးခု ရရှိထားခဲ့သည်။ ထိုအထဲမှ နဂါးနက်လှံကို သူ့အတွက် သိမ်းထားသောကြောင့် သုံးခုသာ ကျန်၏။ ထိုတောက်ပသောသူတော်စင်ရတနာ သုံးခုစလုံးကို ရောင်းချလျှင်ပင် အလယ်လတ်တန်းစားကျောက်ကြမ်း သန်းနှစ်ရာခန့် လိုဦးမည်။

သူလက်ထဲတွင်ရှိသော ကျောက်ကြမ်းအားလုံး ပေါင်းလိုက်လျှင်ပင် သန်းနှစ်ရာ မပြည့်ပါ။ ထို့နောက် သန့်စင်ခြင်းပစ္စည်းအများကို ထပ်မံရောင်းချလိုက်ပါမှ လုံလောက်ရုံမျှ ရမည်။

"မိန်းကလေး၊ မင်းတို့ဒီမှာ သူတော်စင်ရတနာတွေကို လက်ခံလား"

လုမင် မေးလိုက်သည်။

"လက်ခံပါတယ်ရှင်"

မိန်းကလေးက ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်ပြသည်။

လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ တောက်ပသော သူတော်စင်ရတနာသုံးခု သူ့လက်ထဲမှာ ပေါ်လာ၏။ ၎င်းတို့အားလုံးကို နဂါးနန်းတော် ဘဏ္ဍာတိုက်မှ ရရှိခဲ့ခြင်း ဖြစ်ချေသည်။

"သူတော်စင်ရတနာ သုံးခု"

လုမင်ကိုကြည့်ရင်း လူအများ၏ မျက်လုံးများက တောက်ပလာခဲ့သည်။

"သခင်လေးရှင့်၊ လျိုယွမ်လက်အိတ်ကို ဝယ်ယူချင်ရင် တောက်ပသောသူတော်စင်ရတနာတွေနဲ့ချည်း အစားထိုးလို့ရပါတယ်။ ဒီတောက်ပသောသူတော်စင်ရတနာ သုံးခုနဲ့ ကျောက်ကြမ်းသန်းနှစ်ရာဆိုရင်လည်း ရပါတယ်"

မိန်းကလေးက ပြောလိုက်သည်။

သို့ရာတွင်၊ လုမင်၏ မျက်လုံးများက တုံ့ဆိုင်းမှုအရိပ်အယောင်များ ဖြစ်ပေါ်နေဆဲပင်။ သူက မလိုချင်တာမဟုတ်ဘဲ သူ့တွင်မရှိခြင်းကြောင့် ဖြစ်သည်။

သူ့တွင် ဒိုင်းတစ်ခုနှင့် အနက်ရောင်တောင်ပံတစ်စုံ ရှိနေသေးသော်လည်း နှစ်ခုလုံးကို သိမ်းထားချင်သေးသည်။ ယင်းက သူ့အတွက် အသုံးဝင်သော ရတနာများ ဖြစ်သည်။

"ညီလေး၊ ငါမင်းကို သူတော်စင်ရတနာနှစ်ခု အရင်ချေးပေးထားလို့ ရပါတယ်"

ထျန်းချွေးက လုမင်၏အတွေးများကို မြင်နိုင်ပုံရသည်။ သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ နောက်ထပ် သူတော်စင်ရတနာနှစ်ခု ပေါ်လာခဲ့၏။

"အကိုကြီး၊ ခင်ဗျား…"

လုမင်၏ မျက်လုံးများက ဝင်းလက်သွားခဲ့သည်။

"လောလောဆယ် ငါ့အတွက် မလိုသေးပါဘူး"

ထျန်းချွေး ပြုံးလိုက်သည်။

"ကောင်းပြီ၊ ကျွန်တော် တတ်နိုင်သမျှ အစ်ကိုကြီးကို ပြန်ပေးမယ်"

လုမင်လည်း ယဉ်ကျေးမနေတော့ပေ။ ထျန်းချွေး၏ သူတော်စင်ရတနာနှစ်ခုကိုယူကာ မိန်းကလေးကို ပြန်လှည့်ပြောလိုက်သည်။

"မိန်းကလေး၊ သူတော်စင်ရတနာငါးခုနဲ့ လျိုယွမ်လက်အိတ်ကို ဝယ်ယူချင်ပါတယ်"

"ကောင်းပါပြီရှင်"

မိန်းကလေး ခေါင်းညိတ်လိုက်၏။ သူက လုမင်၏ သူတော်စင်ရတနာငါးခုကို ယူလိုက်ပြီးနောက် လျိုယွမ်လက်အိတ်ကို သေတ္တာထဲသို့ ထည့်ပေးလိုက်လေသည်။

လုမင်လည်း လက်ခံယူပြီး ဘောလုံးအဖြစ်သို့ ပြန်ပြောင်းသွားသည့် လျိုယွမ်လက်အိတ်ကို ကိုင်လိုက်သည်။

အထိအတွေ့က နွေးထွေးပြီး ကောင်းမွန်ပေသည်။ လုမင် ယွမ်ချီစွမ်းအင် ပို့လွှတ်လိုက်သော် လျိုယွမ်လက်အိတ်မှာ အရည်ကဲ့သို့ စီးကျလာပြီး သူ၏ ညာဘက်လက်ဖဝါးကို ရစ်ပတ်သွားခဲ့သည်။

"ငှက်မွေးလေးလို ပေါ့ပါးတာပဲ"

လုမင် ဂရုတစိုက် ခံစားကြည့်လိုက်သည်။

လျိုယွမ်လက်အိတ်က အလေးချိန်မရှိသကဲ့သို့ ပေါ့ပါးလွန်းပေသည်။

"ဝမ်"

လုမင်က ယွမ်ချီစွမ်းအင် ထပ်မံပို့လွှတ်လိုက်သောအခါ လျိုယွမ်လက်အိတ်မှ အစွမ်းထက်သော ရောင်ဝါများ ထုတ်လွှတ်လာခဲ့သည်။

"ဟမ်"

လုမင် အနည်းငယ် အံ့သြသွားသည်။ ယွမ်ချီစွမ်းအင်ကို ပို၍ သွန်းလောင်းလိုက်တိုင်း လက်အိတ်၏အလေးချိန်ကလည်း လျင်စွာ တိုးမြင့်လာကြောင်း တွေ့လိုက်ရ၏။ ယွမ်ချီစွမ်းအင်က အားကောင်းလေလေ၊ လက်အိတ်အလေးချိန်မှာ ပို၍ မြင့်မားလေလေပင်။

လုမင်လည်း လက်အိတ်တွင် ထိုသို့သောလုပ်ဆောင်ချက် ပါဝင်နေသောကြောင့် အတော်လေး အံ့ဩသွားမိသည်။

"သခင်လေး စိတ်ကျေနပ်မှုရှိရဲ့လားရှင့်"

မိန်းကလေးက မေးသည်။

"ကျေးဇူးပါပဲ"

လုမင်က အများကြီးပြန်မပြောပေ။ အတွေးတစ်ခုဖြင့် လျိုယွမ်လက်အိတ်ကို ဖယ်လိုက်သည်။ ယင်းကို လွတ်လွတ်လပ်လပ် အသုံးပြုချင်ပါက မိမိနှင့်ပေါင်းစပ်ရန် ထပ်မံသန့်စင်ရဦးမည်။

ဘေးနားမှာလည်း အရောင်လက်နေသော မျက်လုံးများစွာက လုမင်ကို စိုက်ကြည့်နေခဲ့သည်။

မျက်လုံးအကြည့် အားလုံးမှာတော့ လောဘအရိပ်အယောင်များ ပြည့်နေကြ၏။

လုမင် သူ့စိတ်ထဲမှ လှောင်ပြုံးပြုံးလိုက်သည်။ အန္တိမရတနာခန်းမထဲတွင် ဤလူများ သူ့ကို ဘာမှလုပ်ဝံ့မှာ မဟုတ်ပေ။

လုမင်လည်း ရွယ်နင်ရှင်း၊ ထျန်းချွေးတို့နှင့်အတူ ရင်ကော့ပြီး လှည့်ထွက်ခဲ့သည်။

"အဲဒါ... ရေခဲနှလုံးသားပဲ"

မကြာမီ ရွယ်နင်ရှင်းက ကောင်တာတစ်ခုမှာ ရေခဲနှလုံးသားတစ်ခုကို တွေ့ရှိခဲ့သည်။

ရေခဲနှလုံးသားမှာ ရှားပါးရတနာတစ်ခု ဖြစ်၏။ ရွယ်နင်ရှင်း၏ မူလခန္ဓာကလည်း နှင်းနဂါးဖြစ်သောကြောင့် သူ့အတွက် အလွန်တရာ အသုံးဝင်ပေသည်။

နောက်ဆုံးတွင်၊ ရွယ်နင်ရှင်းက သူတော်စင်ရတနာနှစ်ခုနှင့် ရေခဲနှလုံးသားကို လဲလှယ်ခဲ့သည်။

"တောက်ပသောသူတော်စင်ရတနာတွေ အများကြီးပါလား။ ဒီသုံးယောက်မှာ သူတော်စင်ရတနာတွေ အများကြီးရှိတယ်"

လူအချို့က လုမင်တို့ကို အစောပိုင်းကတည်းက အာရုံစိုက်ခဲ့သည်။ ဤမြင်ကွင်းကို ထပ်မံမြင်ရသောအခါ သူတို့၏ မျက်လုံးများက ဝင်းဝင်းလက်လက် တောက်ပနေတော့သည်။

လုမင်၊ ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့က စုစုပေါင်း သူတော်စင်ရတနာ ခုနစ်ခုကို ထုတ်ယူခဲ့ကြသည်။ ယင်းက မည်မျှ အံ့ဩစရာကောင်းလိုက်သနည်း။

"ဆရာတူအစ်ကိုနဲ့ အစ်မ၊ လူတချို့က ကျွန်တော်တို့ကို စောင့်ကြည့်နေကြပြီ။ သူတို့ကို အာရုံလွှဲဖို့ လူစုခွဲပြီး နောက်မှ ပြန်ပေါင်းကြရအောင်"

လုမင်က ရွယ်နင်ရှင်းနှင့် ထျန်းချွေးကို အသံပို့လွှတ်ကာ ပြောလိုက်သည်။

အန္တိမ ရတနာခန်းမ၏ အလွှာသုံးထပ်တွင် လူပေါင်း နှစ်သိန်းနီးပါး ရှိသည်။ သူတို့ထဲတွင် တစ်ဝက်လောက်က အနက်ရောင် ၀တ်စုံဝတ်ပြီး ဝါးခမောက်များ ဆောင်းထား၏။ ထိုလူများထဲ ရောထွေးပြီး လှုပ်ရှားနေသရွေ့ ဤလူများ ရှာတွေ့နိုင်မှာ မဟုတ်ပေ။

"ကောင်းပြီ"

"ဒီလိုပဲ လုပ်ကြတာပေါ့"

ထျန်းချွေးနှင့် ရွယ်နင်ရှင်းလည်း ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက်တော့ သုံးယောက်သား လူစုခွဲကာ လူအုပ်ထဲသို့ အမြန်တိုးဝင်လိုက်တော့သည်။

"မကောင်းတော့ဘူး၊ သူတို့ ထွက်ပြေးဖို့ ကြိုးစားနေကြပြီ။ လိုက်မှ"

လူတစ်ချို့က လုမင်တို့သုံးဦးနောက်ကို ချက်ချင်း လိုက်လာခဲ့ကြသည်။

သို့သော် သူတို့ သုံးယောက်က သူတို့၏ အရှိန်အဝါများကို ထိန်းချုပ်ထားကြသည်။ တစ်ဖက်လူများမှာ သူတို့၏ အရှိန်အဝါကို ဖမ်းယူ၍မရပေ။ သူတို့သုံးဦးက လူအုပ်ကြားတွင် လျင်မြန်စွာ လှုပ်ရှားသွားကြသည်။ ပထမထပ်တွင် လှည့်ပတ်ပြီးနောက် ဒုတိယထပ်တွင် ပတ်လျှောက်သည်။ ထို့နောက် တတိယထပ်သို့ ဆင်းသွားကြလေသည်။

တစ်နာရီအကြာတွင် ထိုလူများအားလုံး လုမင်တို့ကို မျက်ခြေပြတ်သွားကြသည်။

"သွားရောကွာ"

"နာတာပဲ"

လူတချို့က သက်ပြင်းချလိုက်ကြသည်။ လုမင်တို့သုံးဦးက အလွန်ကြွယ်ဝချမ်းသာမည်မှာ သေချာသည်။ သူတို့ကို ဖမ်းမိပါက တစ်ချီတည်းဖြင့် သူဌေးဖြစ်လိမ့်မည်။ ကံမကောင်းစွာဖြင့်၊ လုမင်နှင့် အခြားနှစ်ယောက်က လိမ္မာပါးနပ်လွန်းလှသည်။ ထိုလူများလည်း စိတ်မသက်မသာဖြင့် စုပ်သပ်လိုက်ကြလေသည်။

နှစ်နာရီကြာပြီးနောက် လုမင်၊ ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့ဟာ အသံလွှင့်ပြောဆိုရင်း ဂိတ်ပေါက်တွင် ပြန်ဆုံခဲ့ကြသည်။

သူတို့လိုအပ်တာများကို ဝယ်ယူပြီးပြီဖြစ်၍ ယခု ထွက်ခွာကြရန် အချိန်တန်ပြီ။

သူတို့သုံးယောက်လည်း တံခါးမှထွက်ပြီး နဂါးနတ်ဘုရားတောင်ကြား၏ စခန်းဆီသို့ ပြေးထွက်ခဲ့ကြသည်။

သို့သော်၊ အတန်ကြာအောင် ပျံသန်းပြီးနောက် သူတို့ သုံးယောက် ရုတ်တရက် ရပ်တန့်သွားသည်။

သူတို့ရှေ့တွင် အနက်ရောင် ၀တ်စုံဝတ်ထားသည့် လူသုံးဦးက လမ်းပိတ်ရပ်ထား၏။

"ကဲ၊ မင်းတို့ရဲ့ သိုလှောင်လက်စွပ်တွေကို လွှဲပေးပြီး ထွက်သွားကြတော့"

အလယ်မှလူက ပြောလိုက်သည်။ သူ့လေသံကို နားထောင်ကြည့်ရတာတော့ အတော်ငယ်ဦးမည်။

"မင်းတို့ တကယ်ကို အနံ့ခံကောင်းတာပဲ"

လုမင် အေးစက်စက်ဖြင့် ပြောလိုက်သည်။ သူတို့ အလွန်သတိထားနေသည့်ကြားမှပင် ပစ်မှတ်ထားခံရသေးသည်။

All Chapters