← Chapters

အခန်း ၁၅၁၉

Vol. 102 Ch. 1519

အခန်း ၁၅၁၉

Vol. 102 Ch. 1519

အပိုင်း ( 1519 ) အဆိပ်ဂိုဏ်း၏ ပါရမီရှင်များ။

"ငါတို့ မင်းတို့ကို ဘယ်လိုလုပ်ပြီး ရှာတွေ့နိုင်သလဲဆိုတာ သိချင်နေတယ် မဟုတ်လား"

အလယ်မှလူက ပြောလိုက်သည်။

"ငါမေးချင်နေတာ ဒါပဲ"

လုမင် ပြောသည်။

"ဒါက ရှင်းရှင်းလေးပါ။ လျိုယွမ်လက်အိတ်ကို မင်းဝယ်တုန်းက အမှုန့်တစ်မျိုးကို ငါပို့လွှတ်ခဲ့တယ်။ အဲဒါက အရောင်မရှိ၊ အနံ့မရှိတာကြောင့် ဘယ်သူမှ သတိမထားနိုင်ဘူးလေ။ ဒီအမှုန့်ကြောင့်ပဲ မင်း ဘယ်ကိုပဲသွားသွား၊ ဘယ်လိုပဲ ခြေရာဖျောက်ဖျောက် ငါ့လက်က လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"

အလယ်မှလူက ရှင်းပြပြီး ဆက်ပြောလိုက်သည်။

"အခု မင်းရဲ့သိုလှောင်လက်စွပ်ကို မြန်မြန်လွှဲပေးလိုက်တော့။ မဟုတ်ရင် သေရမယ်"

"မင်းမှာ အရည်အချင်းရှိရင် စမ်းကြည့်လို့ရတယ်"

လုမင် ပြောလိုက်၏။

"ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနှစ်ဦးနဲ့ စတုတ္ထအလွှာ သိုင်းအုပ်ချုပ်သူလေးတစ်ဦးကများ မောက်မာနေလိုက်တာ။ ငါသာ ဆန္ဒရှိရင် မင်းကို အလွယ်တကူ သတ်နိုင်တယ်"

အလယ်မှလူက ရှေ့သို့တိုးလိုက်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံကလည်း ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်တွင် ဖြစ်၏။

ထိုလူက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ထူထပ်သော အနက်ရောင် တိမ်တိုက်တစ်ခုက သူတို့သုံးယောက်ကို ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။

ယင်းက အဆိပ်ပိုးမွှားများ ဖြစ်သည်။

မရေမတွက်နိုင်အောင် များပြားသော အဆိပ်ပိုးကောင်များက ထူထပ်သော တိမ်တိုက်တစ်ခုသဖွယ် ဖြစ်လာခဲ့ခြင်းပင်။

"ဒီတော့ နင်က အဆိပ်ဂိုဏ်းကပေါ့။ ငါလာမယ်"

ရွယ်နင်ရှင်းက ရှေ့ကို တိုးလိုက်သည်။ သူ့ထံမှ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်၏။

လက်ဝါးအင်အားက ကြောက်စရာကောင်းသော အအေးလှိုင်းများအဖြစ် အဆိပ်ပိုးကောင်များထံ ပျံ့နှံ့သွားတော့သည်။

ချက်ခြင်းဆိုသလိုပင် အဆိပ်ပိုးကောင်များအားလုံး အေးခဲသွားကြသည်။ ထို့နောက် ရွယ်နင်ရှင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အဆိပ်ပိုးကောင်များအားလုံး ရေခဲတုံးများအဖြစ်သို့ ပြောင်းလဲပြီး ပျောက်ကွယ်သွားတော့သည်။

"မဆိုးဘူး။ ထပ်လာမယ်"

အစိမ်းရောင် အခိုးအငွေ့များက ထိုလူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။ သူ့ထံမှ ရွံရှာဖွယ် အနံ့အသက်များလည်း ထွက်ပေါ်နေပြီး ရွယ်နင်ရှင်းထံသို့ ပြေးဝင်လာ၏။

ရွယ်နင်ရှင်းလည်း ရှေ့သို့တိုးကာ လက်သီးချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်တော့သည်။

"ဝုန်း၊ ဝုန်း"

လက်သီးတစ်ချက်စီတိုင်းက ပတ်ဝန်းကျင် ဟင်းလင်းပြင်ကို အေးခဲသွားစေနိုင်အောင် ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်တစ်ခုကို သယ်ဆောင်လာခဲ့သည်။ အဆိပ်အခိုးအငွေ့များပင်လျှင် ရေခဲထဲမှာ ချက်ချင်း ချိတ်ပိတ်ခံလိုက်ရပေသည်။

"ငါ့ရဲ့ အဆိပ်မြူတွေကို အေးခဲချင်နေတာလား။ မင်း အိပ်မက်မက်နေတာပဲ။ တိုက်စားလော့"

ထိုလူက ခပ်တိုးတိုး ပြောလိုက်သည်။ ထိုအခါ အခိုးအငွေ့များက ပိုးကောင်များအဖြစ် ပြောင်းလဲသွားပြီး ရေခဲများကို အမှန်တကယ် တိုက်စားလိုက်၏။

ထို့နောက်တွင် အဆိပ်မြူခိုးများက ရွယ်နင်ရှင်းဆီသို့ ဆက်လက် ပျံ့လွင့်လာတော့သည်။

"ကြောက်စရာကောင်းတဲ့ အဆိပ်မြူတွေ"

လုမင် အံ့ဩသွားခဲ့သည်။

ရွယ်နင်ရှင်း၏ ခွန်အားနှင့် သူမ၏ အေးခဲလှိုင်းများမှာ မည်မျှ အားကောင်းကြောင်း သူကောင်းကောင်းသိသည်။ အရာအားလုံးကို အေးခဲစေနိုင်ပြီး ယွမ်ချီစွမ်းအင်ကိုပင် အေးခဲသွားစေနိုင်စွမ်း ရှိ၏။ ယခုမူကား အဆိပ်မြူခိုးများကြောင့် ပြိုကျသွားရပြီ။ ဤမှ အဆိပ်မြူခိုးများမှာ မည်မျှ ကြောက်စရာကောင်းကြောင်း မြင်နိုင်သည်။

ထိုလူ အလွန်မာနကြီးနေတာ အံ့ဩစရာမဟုတ်တော့ပေ။ သူဟာ အဆိပ်ဂိုဏ်း၏ ပါရမီရှင်တစ်ဦးဖြစ်သည်မှာ သေချာသည်။

"ဂါး"

နဂါးဟိန်းသံတစ်ချက်နှင့်အတူ ရွယ်နင်ရှင်း၏ ခန္ဓာကိုယ်ပေါ်ရှိ အအေးဓာတ်က ပို၍ ပြင်းထန်လာခဲ့သည်။ သူမက လက်သီးချက် ထုတ်ဖော်လိုက်ရာ လက်သီးအင်အားက နှင်းနဂါးကြီးများအဖြစ်သို့ ပြောင်းလဲသွား၏။

"ဂါး"

ဤနှင်းနဂါးများက အစွမ်းထက်လွန်းပြီး အဆိပ်မြူများကိုဖြတ်ကာ အဆိပ်ဂိုဏ်း၏ ပါရမီရှင်ထံသို့ တိုးဝင်သွားတော့သည်။

"ဝုန်း"

အဆိပ်ဂိုဏ်းမှ ပါရမီရှင်၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားခဲ့သည်။ သူ့ခန္ဓာက အဆိပ်ငွေ့များအဖြစ်သို့ ပြောင်းလဲပြီး ရွယ်နင်ရှင်းထံ ဆက်လက် တိုးဝင်သွား၏။

"ဟားဟားဟား၊ ငါ့ကိုယ်ခန္ဓာက အဆင့်မြင့် မြေကမ္ဘာဝိညာဉ်ခန္ဓာ... ဆန္ဒတစ်ထောင် အဆိပ်ခန္ဓာကွ။ မင်းငါ့ကို လုံးဝမထိခိုက်စေနိုင်ဘူး"

ထိုလူ၏အသံက အဆိပ်မြူများကြားမှ ထွက်ပေါ်လာခဲ့သည်။

ရွယ်နင်ရှင်းက လက်သီးချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်သော်လည်း တစ်ဖက်လူကို မထိခိုက်စေပေ။ အဆုံးမဲ့ အဆိပ်မြူများက ရွယ်နင်ရှင်းဆီသို့ ဆက်လက် ရွေ့လျားလာခဲ့သည်။

"ဂါး"

ရွယ်နင်ရှင်းက နဂါးတစ်ကောင်ပမာ ထပ်မံ အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်က လျင်မြန်စွာ ပြောင်းလဲလာ၏။ သူမ၏ အနက်ရောင်ဝတ်ရုံက ပေါက်ကွဲသွားပြီး ကောင်းကင်တွင် ကြီးမားသော နှင်းနဂါးကြီး ပေါ်လာတော့သည်။

"အစစ်အမှန်နဂါးကြီး၊ မင်းတို့က နဂါးနတ်ဘုရားတောင်ကြားကနေ လာကြတာပဲ"

တစ်ဖက်လူ၏အသံက အဆိပ်မြူများကြားမှ ထွက်ပေါ်လာခဲ့သည်။

"ဂါး"

ရွယ်နင်ရှင်းက နှင်းနဂါးအဖြစ်သို့ ပြောင်းလဲပြီးနောက် သံရှည်ဆွဲကာ ဟိန်းဟောက်လိုက်သည်။ နှင်းနဂါးကြီးက ပါးစပ်ကိုဟပြီး ကြောက်မက်ဖွယ် အေးခဲနှင်းလှိုင်းကို မှုတ်ထုတ်လိုက်၏။ ဆယ်မိုင်ပတ်လည် အကွာအဝေးအတွင်းရှိ အရာအားလုံးမှာ လုံးဝ အေးခဲသွားတော့သည်။

ယခုတစ်ကြိမ်တွင် အဆိပ်မြူအချို့ပါ အေးခဲသွားရသည်။

သို့သော်၊ အဆိပ်မြူအများအပြားက ရွယ်နင်ရှင်းဆီသို့ ဆက်လက်တိုးဝင်နေဆဲပင်။

ရွယ်နင်ရှင်းလည်း သူမ၏ နဂါးလက်သည်းများနှင့် ကုပ်ခြင်းပြီး ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

နှစ်ဖက်စလုံးက အပြင်းအထန် တိုက်ခိုက်နေကြသော်လည်း တခဏချင်း အနိုင်ရသူကို ဆုံးဖြတ်ရန်တော့ ခက်ခဲ‌သွားပေသည်။

"အဲဒါ အစစ်အမှန်နဂါးကြီးပဲ၊ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ"

"ပြီးတော့ အဆိပ်ဂိုဏ်းရဲ့ ပါရမီရှင်"

တိုက်ပွဲက ပြင်းထန်လွန်းသဖြင့် အဝေးမှ လူအများအပြား သတိထားမိကာ ရောက်လာခဲ့ကြသည်။

အန္တိမ ရတနာခန်းမအတွင်းရှိ လူများပင် သတိပြုမိကာ ရောက်လာကြတော့သည်။

တခဏချင်းမှာပင် ပတ်ဝန်းကျင်မှာ လူများ ပြည့်သွားသည်။

"ကြောက်စရာကောင်းလိုက်တဲ့ တိုက်ခိုက်နိုင်စွမ်း၊ သူက ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူပဲ"

"သူက အဆင့်မြင့် မြေကမ္ဘာဝိညာဉ်ခန္ဓာနဲ့ ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်ရမယ်"

လူအများက တစ်ယောက်တစ်မျိုး မှတ်ချက်ပေးလိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ရွယ်နင်ရှင်းနှင့် တစ်ဖက်လူက တိုက်ခိုက်မှု ဒါဇင်နှင့်ချီကာ ရင်ဆိုင်ခဲ့ကြ၏။

တိုက်ပွဲအချိန်ကြာလာသည်နှင့်အမျှ အဆိပ်ဂိုဏ်း၏ ပါရမီရှင်မှာ ပို၍ စိတ်မရှည်နိုင်အောင် ဖြစ်လာတော့သည်။

မူလက သူဟာ လုမင်နှင့် အခြားလူများကို အလွယ်တကူ အနိုင်ယူနိုင်မည်ဟု ထင်ခဲ့သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းအရ ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူကို မဆိုထားဘိ၊ သတ္တိမအဆင့် သိုင်းအုပ်ချုပ်သူကိုပင် အလွယ်တကူ သတ်နိုင်သည်။ အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူများပင်လျှင် သတိမထားမိပါက အဆိပ်ခတ်ခံရလိမ့်မည်။

သို့ရာတွင်၊ အဆင့်တူ ကျင့်ကြံသူတစ်ဦးက သူ့ကို လက်ရည်တူ တိုက်ခိုက်‌နိုင်နေသည်။ သူနှင့် အရည်အချင်းတူသော ပါရမီရှင်တစ်ဦးနှင့် ရင်ဆိုင်ရပြီဖြစ်ကြောင်း သူသိသွားပြီ။

"မင်းတို့ သူတို့နှစ်ယောက်ကို မြန်မြန် သတ်ပစ်လိုက်ကြစမ်း"

အဆိပ်ဂိုဏ်း၏ ပါရမီရှင်က အော်ဟစ်လိုက်သည်။

"ဝှစ်၊ ဝှစ်"

အဆိပ်ဂိုဏ်းမှ ကျန်လူနှစ်ဦးလည်း လုမင်နှင့် ထျန်းချွေးကို ချက်ချင်း တိုက်ခိုက်လိုက်၏။ သူတို့၏ အရှိန်အဝါများက သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်သို့ ရောက်နေပြီ။

"ဝီ၊ ဝီ"

သူတို့နှစ်ယောက် တိုက်ခိုက်လိုက်သည်နှင့် တပြိုင်နက် အဆိပ်ပိုးမွှားများမှာ ဖွဲနှင့်ဆုပ်ပက်သကဲ့သို့ လုမင်နှင့် ထျန်းချွေးဆီသို့ ထိုးဆင်းသွားကြသည်။

"သေစမ်း"

ထျန်းချွေးက ဒေါသတကြီး ကြိမ်းမောင်းပြီး သူ၏ တူကြီးကို ရှေ့သို့ ထုချလိုက်သည်။

"ဒုန်း"

ဧရာမတူထုချက်က ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးတစ်ခုကို သယ်ဆောင်လာ၏။ ထိုအဆိပ်အင်းဆက်များ အားလုံး လွင့်စင်ပြီး ပြာများ ဖြစ်သွားတော့သည်။

ထိုမျှသာမကဘဲ၊ လှိုင်းလုံးကြီးက အဆိပ်ဂိုဏ်း၏ လူနှစ်ဦးကိုပင် ဆက်လက်ရိုက်ခတ်သွားခဲ့သည်။

အဆိပ်ဂိုဏ်းမှ လူနှစ်ဦး၏ ခန္ဓာကိုယ်များ ပေါက်ကွဲပြီး အစိမ်းရောင်မြူများအဖြစ် ပြောင်းလဲသွား၏။ အဆိပ်မြူများက အနောက်သို့ မျောပါသွားပြီးနောက် လူနှစ်ဦးအဖြစ် ပြန်လည် ပေါင်းစုသွားတော့သည်။

ထိုလူနှစ်ဦးက ထျန်းချွေးကို ကြောက်လန့်တကြားဖြင့် ကြည့်လိုက်သည်။

သူတို့တွင် အဆိပ်ခန္ဓာများရှိပြီး တိုက်ခိုက်မှုကို တုံ့ပြန်ရန်အတွက် အဆိပ်ငွေ့များအဖြစ်သို့ ပြောင်းလဲနိုင်သော်လည်း ယင်းမှာ ကန့်သတ်ချက်ရှိသည်။ တိုက်ခိုက်မှုက ပြင်းထန်လွန်းလျှင် ဒဏ်ရာရရှိခြင်း သို့မဟုတ် တစ်ခါတည်း သေဆုံးသည်အထိ ဖြစ်နိုင်ပေသည်။

ဤအခိုက်တွင် ထျန်းချွေး၏ တိုက်ခိုက်မှုက သူတို့ကို ဒဏ်ရာရရှိစေခဲ့သည်။

"သတ်၊ မင်းတို့ဘာသာ အဆိပ်ခန္ဓာမကလို့ ဘာကြီးဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ မင်းတို့ အားလုံးကို ငါသတ်မယ်"

ထျန်းချွေးက သူ၏ ဧရာမတူကြီးကိုမြှောက်ပြီး အဆိပ်ဂိုဏ်းမှ လူနှစ်ယောက်ကို ထပ်မံတိုက်ခိုက်လိုက်သည်။ လုမင်

"မဟုတ်ဘူး"

အဆိပ်ဂိုဏ်းမှ လူနှစ်ဦးစလုံး ကြောက်ရွံ့တုန်လှုပ်သွားကြသည်။ သူတို့နှစ်ဦးက အဆိပ်ပိုးကောင်များဖြင့် သူတို့ရှေ့တွင် အကာကွယ်တစ်ခု ပြုလုပ်လိုက်၏။ သို့သော်လည်း ထျန်းချွေး၏ တူထုချက်အောက်တွင် ပိုးကောင်အားလုံး သေဆုံးသွားကြရသည်။ အဆိပ်ဂိုဏ်းမှ လူနှစ်ဦးလည်း အဆိပ်မြူအဖြစ် ထပ်မံပေါက်ကွဲသွားပြီး အဝေးတွင် ပြန်ပေါ်လာ၏။ သူတို့၏ မျက်နှာများကတော့ ဖြူဖျော့ပြီး နှုတ်ခမ်းထောင့်မှလည်း သွေးများ စီးကျနေတော့သည်။

"သေ"

ထျန်းချွေးက ရှေ့သို့တိုးလိုက်သွားသည်။

"အတင့်ရဲလိုက်တာ၊ အဆိပ်ဂိုဏ်းရဲ့ ပါရမီရှင်တွေကိုသတ်ဖို့ စိတ်တောင်မကူးနဲ့"

ထိုအချိန်တွင်၊ အဝေးမှ ပုံရိပ်များစွာ ပျံသန်းလာခဲ့သည်။ သူတို့ရောက်မလာခင်မှာပင် ရွံစရာကောင်းသော အနံ့မျိုးဖြင့် အဆိပ်ငွေ့များက ထျန်းချွေးဆီကို ပျံ့လွင့်သွား၏။

အဆိပ်ဂိုဏ်း၏ ပါရမီရှင်တချို့ မြင်သွားကြပြီး တိုက်ပွဲတွင် ပါဝင်လာခြင်း ဖြစ်တော့သည်။

"မင်းတို့မှာပဲ လူရှိတာလား"

လုမင်က အေးစက်စက် ပြောလိုက်သည်။ သူက ရှေ့သို့ ခြေတစ်ချက်လှမ်းပြီး အဆိပ်ဂိုဏ်းမှ ပါရမှရှင်များရှေ့တွင် ပေါ်လာခဲ့၏။ သူ့လက်ဝါးမှ ဝါးမျိုခြင်းစွမ်းအင် ထွက်ပေါ်လာပြီး အဆိပ်မြူများကို လွှမ်းခြုံသွားတော့သည်။

"ဟူး... ဟူး..."

လုမင်က အဆိပ်မြူများ အားလုံးကို ဝါးမျိုပြီး သန့်စင်ပစ်ခဲ့သည်။

"ဝုန်း၊ ဝုန်း"

ထို့နောက် နဝမနဂါးခြေလှမ်းဖြင့် လေထဲကို နင်းတက်လိုက်၏။ အဆိပ်ဂိုဏ်းမှ ထိုလူများ အနောက်ကို လွင့်စဉ်သွားတော့သည်။

"ဝုန်း"

တစ်ဖက်တွင်၊ ရွယ်နင်ရှင်းနှင့် တိုက်ခိုက်ခဲ့သော ပါရမီရှင်က အဆိပ်‌ငွေ့တိမ်တိုက်အဖြစ်နှင့် လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။ ထို့နောက် လူသားပုံစံအဖြစ် ပြောင်းလဲသွား၏။

ယင်းက ဖြူဖပ်ဖြူရော်နှင့် အေးစက်သော မျက်နှာရှိသော လူငယ်တစ်ယောက် ဖြစ်တော့သည်။

"အဆိပ်ဝင်္ကပါ ခင်းကျင်းကြ"

အေးစက်စက် မျက်နှာနှင့် လူငယ်က အော်ဟစ်လိုက်သည်။

All Chapters