← Chapters

အခန်း ၁၅၂၂

Vol. 102 Ch. 1522

အခန်း ၁၅၂၂

Vol. 102 Ch. 1522

အပိုင်း ( 1522 ) ထိပ်သီး ပါရမီရှင်များ ပေါ်လာသည်။

"ဝုန်း"

ထျန်းချွေးနှင့် ရွယ်နင်ရှင်းလည်း ပြိုင်ဘက်များနှင့် တိုက်ခိုက်မှုခြင်းဖလှယ်ကာ ဆုတ်ခွာလိုက်ကြသည်။

ထျန်းချွေးက နောက်သို့ဆုတ်ပြီး လုမင်အနီးသို့ ရောက်လာသည်။

ရွယ်နင်ရှင်းလည်း ရပ်လိုက်ပြီး လုမင်နံဘေးသို့ ရောက်လာခဲ့၏။ သူမက ပတ်ဝန်းကျင်ကို လေးလေးနက်နက် ကြည့်လိုက်သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် အဆိပ်ဂိုဏ်းတို့ သုံးခုပေါင်းကို အနည်းဆုံး လူတစ်ရာခန့် ရှိသည်။ သူတို့ထံမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေပြီး လုမင်တို့အဖွဲ့ကို ဝိုင်းထားကြ၏။ အေးစက်စက် သတ်ဖြတ်ချင်သော စိတ်ဆန္ဒများကလည်း လေထဲတွင် ပြည့်နေတော့သည်။

"အခု ငါတောင်မှ ဘာမှလုပ်စရာမလိုတော့ဘူး။ သူတို့အားလုံး သေပြီ"

ရှစ်ကွမ်းက လှောင်ပြောင်လိုက်သည်။

"နဂါးနတ်ဘုရားတောင်ကြားမှာ ဘယ်သူမှမရှိတော့ဘူးလို့ မင်းတကယ်ထင်နေတာလား။ နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်တွေ ဘယ်မှာလဲ"

ဟန်ချောင်က အော်ပြောလိုက်သည်။ သူ့အသံက အလွန်ကျယ်ပြီး အဝေးသို့ ပျံ့လွင့်သွား၏။

"ဂိုဏ်းတူအစ်ကိုကြီး၊ ကျုပ်ကူညီမယ်"

"ကျုပ်တို့လာပြီ"

အသံများ ထွက်လာခဲ့သည်။ ထို့နောက် ပုံရိပ်များစွာက နေရာအနှံ့မှ ပျံသန်းလာပြီး ဟန်ချောင်အနောက်တွင် ရပ်လိုက်ကြ၏။ သူတို့အားလုံးက နဂါးနတ်ဘုရားတောင်ကြားမှ တပည့်များချည်း ဖြစ်တော့သည်။

နဂါးနတ်ဘုရားတောင်ကြားမှ လူအုပ်ကြားမှ ပြေးထွက်လာပြီး လူပိုများလာခဲ့သည်။

"လူတိုင်းပဲ၊ ဒါက လုမင်နဲ့ တိမ်နဂါးတောင်ကြားက လူနှစ်ယောက်ကြောင့် ဖြစ်တာ။ ငါတို့က ဘာဖြစ်လို့ ဒီအရှုပ်အထွေးမှာ ဝင်ပါရမှာလဲ"

ဟဲယွိက နဂါးနတ်ဘုရားတောင်ကြားမှ တပည့်တချို့၏ ရှေ့တွင်ရပ်ကာ ပြောလိုက်သည်။

သူဟာ လုမင်ကို အလွန်မုန်းတီးသူ ဖြစ်၏။ ယခုကဲ့သို့ လုမင်ကို ဂိုဏ်းသုံးခုက ဝန်းရံထားသည်အား မြင်ရသောအခါ သဘာဝအတိုင်း မကူညီချင်တော့ပေ။

"နဂါးနတ်ဘုရားတောင်ကြားရဲ့ တောင်ကြားခုနစ်ခုက အချင်းချင်း ပြိုင်ဆိုင်မှုတွေ ရှိပေမဲ့ အရေးကြီးရင် သွေးစည်းရမယ်ကွ။ မင်း ကြောက်နေရင် ငါ့ရှေ့က ထွက်သွား"

နဂါးနက်တောင်ကြားမှ တပည့်တစ်ယောက်က အော်ဟစ်ပြီး တိုက်ပွဲဆီသို့ ပြေးသွားခဲ့သည်။

နဂါးနတ်ဘုရားတောင်ကြားမှ အခြားတပည့်များသည်လည်း တိုက်ပွဲဆီသို့ ပြေးသွားကြ၏။

ဟဲယွိ၏ မျက်နှာက မှုန်ကုပ်သွားသည်။ ထို့နောက်တော့ သူက နှာခေါင်းတစ်ချက်ရှုံ့ပြီး လူအုပ်ထဲသို့ ပြန်ဝင်သွားတော့သည်။

ဟန်ချောင်၏နောက်တွင် နဂါးနတ်ဘုရားတောင်ကြား၏ တပည့်လေးဆယ်ကျော် ရှိသည်။ နှစ်ဖက်စလုံးမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လျက်ရှိ၏။ လေထုကလည်း ပို၍ တင်းမာလာတော့သည်။

"ဟန်ချောင်၊ မင်းရဲ့ နဂါးနတ်ဘုရားတောင်ကြားက ငါတို့ ဂိုဏ်းသုံးဂိုဏ်းကို ဆန့်ကျင်နိုင်မယ်လို့ ထင်နေတာလား။ မိုက်မဲလိုက်တာ။ မင်းက နောက်မဆုတ်ချင်ရင် ဒီနေ့ မင်းပါသေရမယ်"

ရှစ်ကွမ်း၏ မျက်လုံးများက အေးစက်စက် သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်သွားသည်။

လက်ရှိအခြေအနေအရ ဂိုဏ်းသုံးခုမှာ အကြွင်းမဲ့ အားသာချက်များ ရှိသည်။ ဤအခွင့်အရေးကို အသုံးပြုပြီး နဂါးနတ်ဘုရားတောင်ကြား၏ ပါရမီရှင်တစ်စုကို သတ်လိုက်ခြင်းဖြင့် သူတို့၏ခွန်အားကို အားနည်းစေနိုင်ပေလိမ့်မည်။

"ဘယ်​သူက သတ်​မှာလဲ"

ထိုစဉ်၊ ကောင်းကင်မှ အရှိန်အဝါကြီးသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဝုန်း"

ထို့နောက် ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခုက ရှစ်ကွမ်းဆီသို့ ကောင်းကင်မှ ဆင်းသက်လာ၏။

ရှစ်ကွမ်း၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ သူက ဒေါသတကြီး အော်ဟစ်ရင်း ထိုအရှိန်အဝါကို တွန်းလှန်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း သူ့ခန္ဓာကိုယ်မှ သန့်စင်သောအလင်းရောင်က ပြင်းထန်စွာ တုန်ခါသွားပြီး ခြေလှမ်းအနည်းငယ်ပင် နောက်ပြန်ဆုတ်ရတော့သည်။ သူ မျက်နှာမသာမယာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

"ကျစ်ဖုန်း"

ရှစ်ကွမ်းက ဒေါသတကြီး ဟိန်းဟောက်ပြီး လေးနက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ထိုအချိန်တွင် လူတိုင်း၏ အကြည့်များကလည်း ကောင်းကင်သို့ စူးစိုက်ကြည့်လိုက်မိ၏။

ကောင်းကင်ထက်တွင် ခရမ်းရောင်ဝတ်ရုံဝတ် လူငယ်တစ်ဦးက လက်နှစ်ဖက်ကို နောက်ပစ်ပြီး ရပ်နေသည်။ သူက တည်ငြိမ်စွာဖြင့် ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် အဆိပ်ဂိုဏ်းတို့ကို ကြည့်နေ၏။

'ကျစ်ဖုန်းက နဂါးနတ်ဘုရားတောင်ကြားရဲ့ နံပါတ်တစ်ပါရမီရှင်... စန်းပြည်နယ်ရဲ့ ထိပ်တန်းပါရမီရှင် ဆယ်ယောက်ထဲက တစ်ယောက်ပဲ'

လုမင် သူ့စိတ်ထဲမှ တွေးလိုက်သည်။

"ဂိုဏ်းတူအစ်ကို ကျစ်ဖုန်း"

"ဒါက ဂိုဏ်းတူအစ်ကို ကျစ်ဖုန်းပဲ"

နဂါးနတ်ဘုရားတောင်ကြားမှ အခြားတပည့်များလည်း အလွန်ဝမ်းသာသွားကြသည်။

ကျစ်ဖုန်း ရောက်လာပြီ။ ယနေ့ တိုက်ပွဲမဖြစ်လျှင်ပင် မရှုံးနိုင်တော့မှန်း သူသိသည်။

"ကျစ်ဖုန်း၊ မင်းက ဝင်ပြီးစွတ်ဖက်ချင်တာလား"

ရှစ်ကွမ်းက မျက်နှာမသာမယာဖြင့် ကျစ်ဖုန်းကို ကြည့်ရင်း ပြောလိုက်သည်။

သူ၏ တိုက်ခိုက်နိုင်စွမ်းက အားမနည်းသော်လည်း စန်းပြည်နယ်၏ ထိပ်သီးပါရမီရှင် ကျစ်ဖုန်းနှင့်ယှဉ်လျှင် ဘာမျှမပြောပလောက်ပေ။ သူ့ကို တစ်ချက်တည်းနှင့် သတ်ပစ်နိုင်မှာ ကြောက်ရသည်။

"မင်းတို့ဂိုဏ်းသုံးခုက လူတွေက ငါ့နဂါးနတ်ဘုရားတောင်ကြားကို အရင် အနိုင်ကျင့်နေကြတာ မဟုတ်ဘူးလား။ ငါက ဘာကို ဝင်စွတ်ဖက်တာလဲ"

ကျစ်ဖုန်းက လျစ်လျူရှုစွာပြောရင်း ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

"ဂါး"

ကျယ်လောင်သော နဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။ ခရမ်းရောင် အစစ်အမှန်နဂါး အရိပ်တစ်ခုက ကောင်းကင်သို့ ပျံတက်သွားပြီး ပတ်ဝန်းကျင်ကို ငုံ့ကြည့်လိုက်၏။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် အဆိပ်ဂိုဏ်းတို့၏ တပည့်များအပေါ် ကျရောက်လာတော့သည်။

အင်အားစုသုံးခုမှ တပည့်များ၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်။ တောင်ကြီးတစ်လုံးက သူတို့အပေါ် ဖိချထားသလိုဖြစ်ကာ သူတို့ အသက်တောင် ကောင်းကောင်းမရှူနိုင်တော့ပေ။

"ဒီဖိအားက အားကောင်းလွန်းတယ်။ ဒါက ထိပ်သီး ပါရမီရှင်တစ်ယောက်ရဲ့ အင်အားလား"

ကြောက်ရွံ့မှု အရိပ်အယောင်များက ဂိုဏ်းသုံးခုမှ တပည့်များ၏ မျက်လုံးများတွင် ပေါ်လွင်လာခဲ့သည်။

သူတို့၏ တိုက်ခိုက်ရေးအင်အားက ကျစ်ဖုန်းထက် အဆပေါင်းများစွာ အားနည်းသည်။ အမှန်တကယ် တိုက်ခိုက်ပါက အားလုံး သတ်ခံရလိမ့်မည်။

"ကျစ်ဖုန်း၊ စန်းပြည်နယ်ရဲ့ ထိပ်သီး ပါရမီရှင် ဆယ်ယောက်ထဲက တစ်ယောက်ဖြစ်ပြီး ဒီသာမန်တပည့်တွေကို တိုက်ခိုက်တဲ့အတွက် တခြားသူတွေ လှောင်ရယ်ခံရမှာကို မကြောက်ဘူးလား"

ထိုအချိန်တွင် ကြီးစိုးသော အသံတစ်ခု ထွက်ပေါ်လာသည်။

ထွားကျိုင်းသော လူရိပ်တစ်ခုက လေထဲတွင်ပေါ်လာပြီး ကျစ်ဖုန်းနှင့် မနီးမဝေးတွင် ရပ်လိုက်၏။ အားကောင်းသော နတ်ဆိုး အငွေ့အသက်များက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး ကျစ်ဖုန်း၏ ဖိအားများကို ဖျက်ဆီးလိုက်တော့သည်။ အင်အားစုသုံးခု၏ တပည့်များလည်း ဤတော့မှ သူတို့၏ ခန္ဓာကိုယ်များ ပေါ့ပါးသွားသည်ကို ခံစားလိုက်ရသည်။

"ဂိုဏ်းတူအစ်ကို မော့ယန်"

ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တပည့်များက အံ့အားသင့်သွားကာ အော်ဟစ်လိုက်ကြသည်။

"ထိပ်တန်း ပါရမီရှင်ဆယ်ယောက်ထဲက မော့ယန်လည်း ရောက်လာပြီ"

ပရိသတ်များလည်း အသက်ပြင်းပြင်း ရှူလိုက်မိကြသည်။ တစ်ချိန်တည်းမှာပင် စိတ်လှုပ်ရှားသွား၏။

စန်းပြည်နယ်၏ ထိပ်တန်း ပါရမီရှင် ဆယ်ဦးအနက် နှစ်ဦး ရောက်လာပြီ ဖြစ်သည်။ ထိပ်တန်းပါရမီရှင် ဆယ်ယောက်က ယနေ့တွင် တိုက်ပွဲကြိုဖြစ်တော့မည်လော။

စန်းပြည်နယ်၏ ထိပ်တန်း ပါရမီရှင်ဆယ်ဦးဟာ လွန်ခဲ့သော သုံးနှစ်က စန်းပြည်နယ် တင်းပေါင်ညီလာခံတွင် တိုက်ခိုက်ခဲ့ဖူးသည်။ ထို့နောက်တော့ လူမြင်ကွင်းမှ ပျောက်ကွယ်ကာ လေ့ကျင့်ခြင်းတွင် နှစ်မြုပ်နေခဲ့၏။ သူတို့ မတိုက်ခိုက်ကြတာ သုံးနှစ်ကြာသွားပြီ။

လူတိုင်းက လွန်စွာသိချင်မိကြသည်။ သုံးနှစ်ကြာပြီးနောက်၊ ထိပ်တန်း ပါရမီရှင် ဆယ်ဦး၏ တိုက်ခိုက်နိုင်စွမ်းမှာ အဘယ်အတိုင်းအတာအထိ ရောက်ရှိခဲ့ပြီနည်း။

"တခြားသူတွေ ငါ့ကို လှောင်ရယ်ကြတာလား။ မင်းတို့ ကောင်းကင်နတ်ဆိုးဂိုဏ်း၊ ကောင်းကင်နတ်ဘုရားဂိုဏ်းနဲ့ အဆိပ်ဂိုဏ်းတို့လို ဂိုဏ်းကြီးသုံးခုက ဝိုင်းအနိုင်ကျင့်နေတာရော ရယ်စရာမကောင်းဘူးလား"

"ပြောရရင် တင်းပေါင်ညီလာခံမတိုင်ခင်မှာ သိုင်းအုပ်ချုပ်သူနယ်ပယ် သတ္တမအဆင့်အထက် လူတွေက ညီလာခံအတွက် ပြင်ဆင်နေကြပြီး အလွယ်တကူ တိုက်ခိုက်ကြမှာမဟုတ်ဘူး။ စုဝေးပွဲမစမီကာလက သိုင်းအုပ်ချုပ်သူနယ်ပယ် သတ္တမအဆင့်အောက်က ပါရမီရှင်တွေအတွက်ပဲ။ သူတို့ချင်းပဲ တိုက်ခိုက်ကြလိမ့်မယ်။ သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်အထက်ကလူတွေ ဝင်ပြီး စွတ်ဖက်ခွင့်မရှိဘူး၊ ဒါပေမဲ့ မင်းတို့က ဘာလဲ"

ထိုစကားကို ပြောဆိုပြီးနောက် ကျစ်ဖုန်းက ဂိုဏ်းကြီးသုံးခုမှ တပည့်များကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

ထိုလူများထဲတွင် အနည်းဆုံး သုံးပုံတစ်ပုံက သိုင်းအုပ်ချုပ်သူနယ်ပယ် သတ္တမအဆင့်၏ အထက်တွင်ရှိသည်။

"အမှန်ပဲ၊ ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ အဆိပ်ဂိုဏ်းရဲ့ လူတွေက ငါတို့ကို ပထမဆုံး ဝိုင်းထားကြတာ။ သူတို့ရဲ့ သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်နဲ့ သူ့အထက် ပါရမီရှင်တွေက ငါတိုရဲ့ ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနှစ်ဦးနဲ့ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူလေးတစ်ဦးကို ဝိုင်းတိုက်ခိုက်နေတယ်။ ဒါပေမဲ့ အနိုင်မယူနိုင်ဘူးတဲ့လေ။ နောက်ဆုံးတော့ ရှစ်ကွမ်းလိုကောင်တောင်မှ ပါဝင်လာတော့တာပဲ။ ဒါက ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ"

ဟန်ချောင်က အေးစက်စက် လေသံဖြင့် အော်ပြောလိုက်သည်။

ရှစ်ကွမ်း မျက်နှာပျက်သွား၏။

ကျစ်ဖုန်းနှင့် ဟန်ချောင်ပြောတာ မမှားပေ။ တင်းပေါင်ညီလာခံမတိုင်မီ ကာလများက သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်အောက်မှ တပည့်များကြား တိုက်ပွဲတစ်ခု ဖြစ်သည်။ သိုင်းအုပ်ချုပ်သူနယ်ပယ် သတ္တမအဆင့်အထက် ကျင့်ကြံသူများက ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

ယခင်ကတော့ လုမင်နှင့် တခြားနှစ်ယောက်ကို မြန်မြန်သတ်ပြီး ထွက်သွားပါက အဆင်ပြေမည်ဟု သူထင်ခဲ့သည်။ ယခုတော့ မထင်မှတ်ဘဲ ကြန့်ကြာသွားပေရာ အခြားဂိုဏ်းများ သူ့အပေါ် အမြင်ကြည်ကြတော့မည် မဟုတ်ပေ။

ဤသည်က ပြဋ္ဌာန်းမထားသော ဂိုဏ်းကြီးဆယ့်သုံးခု၏ အခြေခံ စည်းမျဉ်းတစ်ခု ဖြစ်သည်။

"ကောင်းပြီ၊ ဒါဆိုရင် တင်းပေါင်ညီလာခံမှာ တွေ့ကြတာပေါ့။ နဂါးနတ်ဘုရားတောင်ကြားရဲ့ အရန်အင်အားက ဘယ်လောက် အားကောင်းသလဲဆိုတာ ကြည့်ကြရအောင်"

မော့ယန်က တည်ငြိမ်စွာ ပြောလိုက်သည်။

"အမှန်ပဲ၊ ဆယ်ရက်အတွင်း တင်းပေါင်ညီလာခံမှာ နဂါးနတိဘုရားတောင်ကြား မဆုတ်ဘူးဆိုရင် မင်းဘယ်လိုသေမလဲ ကြည့်ရသေးတာပေါ့။ ကံမကောင်းရင် နဂါးနတ်ဘုရားတောင်ကြားရဲ့ ပြိုင်ပွဲဝင်မှုက ခဏလေးနဲ့ ပြီးဆုံးသွားနိုင်တယ်။ ဟားဟား"

ရှစ်ကွမ်းကလည်း လှောင်ပြောင်ပြောဆိုလိုက်၏။

ထိပ်သီး ပါရမီရှင်နှစ်ယောက်ဖြစ်သော ကျစ်ဖုန်းနှင့် မော့ယန် ရောက်ရှိလာပြီမို့ ယနေ့တွင် တိုက်ပွဲဆက်မဖြစ်နိုင်တော့မှန်း သူသိသည်။

နောက်ဆုံးတွင်၊ သူတို့က စည်းမျဥ်းများကို ဦးစွာချိုးဖောက်သူ ဖြစ်သည်။ အမှန်တကယ် ဆက်လက်တိုက်ခိုက်ပါက အခြားထိပ်တန်းဂိုဏ်းများ ဝင်ရောက်စွက်ဖက်နိုင်ပြီး သူတော်စင်နယ်ပယ် အကြီးအကဲများကိုပင် ဆွဲဆောင်နိုင်လိမ့်မည်။

All Chapters