အခန်း ၁၅၂၄
Vol. 102 Ch. 1524
အပိုင်း ( 1524 ) ထိပ်တိုက်ရင်ဆိုင်ခြင်း။
သူတော်စင်နယ်ပယ် အကြီးအကဲက အမှာစကား ပြောကြားပြီးနောက် တင်းပေါင်ညီလာခံ ကျင်းပရာနေရာသို့ ဦးဆောင်သွားခဲ့သည်။
ဟုတ်သည်၊ သူတို့လူစုချည်း သွားရောက်ခြင်းတော့ မဟုတ်ပေ။ အခြား တပည့်များလည်း လိုက်ကြည့်ကြသည်။
တင်းပေါင်ညီလာခံ တည်ရှိရာနေရာမှာ စန်းတောင်အတက်လမ်း တစ်ဝက်မှ ကြီးမားသော အဆောက်အအုံတစ်ခု၌ တည်ရှိသည်။
အဆောက်အဦးက စက်ဝိုင်းပုံဖြစ်ပြီး အပေါ်ပိုင်း ဗလာဖြစ်၏။
လုမင်နှင့် အခြားသူများ ရောက်ရှိလာသောအခါ အဆောက်အဦးအလယ်တွင် ကြီးမားသော တိုက်ပွဲစင်မြင့်တစ်ခုကို တွေ့လိုက်ကြရသည်။
တိုက်ပွဲစင်မြင့် အနီးတစ်ဝိုက်မှာတော့ ကြီးမားသော ဆလင်ဒါပုံစံ လူနေစင်မြင့် ဆယ့်သုံးခု ရှိ၏။ ယင်းက တိုက်ပွဲစင်မြင့်ထက် အနည်းငယ်မြင့်မားပြီး တိုက်ပွဲစင်မြင့်ကို ဝိုင်းရံထားခြင်း ဖြစ်သည်။
ကောင်းကင်အမြင့်မှ ငုံ့ကြည့်လိုက်လျှင်တော့ ဆလင်ဒါပုံစံ စင်မြင့်တစ်ခုစီမှာ နံပါတ်တစ်ခုစီ မြင်ရလိမ့်မည်။ ၎င်းတို့ကို နံပါတ်တစ်မှ ဆယ့်သုံးအထိ နာရီလက်တံအတိုင်း စီစဉ်ထားသည်။
ဆလင်ဒါပုံစင်မြင့်များ အပြင်ဘက်မှာတော့ ပရိသတ်များ ကြည့်ရှုနိုင်ရန် အထူးတန်းများ ရှိသည်။ ၎င်းတို့က ဆလင်ဒါပုံစံစင်များထက် အနည်းငယ်မြင့်မားသောကြောင့် အထူးတန်းပေါ်တွင် ထိုင်နေသူများမှာ တိုက်ပွဲစင်မြင့်ပေါ်ရှိ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပေသည်။
ထို့အပြင်၊ အထူးတန်းထက် ပိုမြင့်မားသောနေရာမှာလည်း အဆောင်များစွာ ရှိသည်။
"ငါတို့ ပါဝင်သူတွေက ဟိုစင်မြင့်တွေပေါ်မှာ နေကြရမယ်။ ဆင်းကြစို့"
ဟန်ရွှင်းက ပြောပြီး ရှေ့ဆုံးမှ ဆင်းသွားသည်။
သူတို့က ကျပန်းစင်မြင့်တစ်ခုသို့ ဆင်းသက်သွားခြင်းဖြစ်ပြီး နံပါတ်တစ်ဆယ် စင်မြင့်တွင် နေရာယူလိုက်ကြ၏။
သူတော်စင်နယ်ပယ် အကြီးအကဲကတော့ အဆောင်တစ်ခုထဲသို့ ပျံသန်းသွားတော့သည်။
လုမင်တို့နောက်သို့ လိုက်ပါကြသော နဂါးနတ်ဘုရားတောင်ကြားမှ အခြားတပည့်များမှာလည်း စင်မြင့်တစ်ဆယ် အနောက်တွင် ရပ်နေလိုက်ကြသည်။
"နဂါးနတ်ဘုရားတောင်ကြား၊ မင်းတို့ အတော် စောတာပဲ"
အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်မှ မြင့်မြတ်သော အလင်းတန်းများ ဖြန့်ကျက်လာ၏။ ကောင်းကင်နတ်ဘုရားဂိုဏ်းသားများ ရောက်ရှိလာကြပြီ။
ကောင်းကင်နတ်ဘုရားဂိုဏ်းမှလူများက နံပါတ်တစ် စင်မြင့်ပေါ်သို့ ဆင်းသက်ခဲ့ကြသည်။
ပြိုင်ပွဲတွင်မပါဝင်သော ကောင်းကင်နတ်ဘုရားဂိုဏ်း၏ တပည့်များလည်း နံပါတ်တစ် စင်မြင့်အနောက်မှ ပွဲကြည့်စင်တွင် ရပ်လိုက်ကြလေသည်။
"ဝှစ်၊ ဝှစ်၊ ဝှစ်"
ဤအခိုက်တွင် လေထဲသို့ ဖြတ်သန်းလာနေသော အသံများကို ကြားလိုက်ရသည်။ ဂောာင်းကင်ယံမှ လူအုပ်ကြီးက စင်မြင့်ဆီသို့ ပျံသန်းလာနေကြ၏။
ထိပ်တန်းအင်အားစုကြီး ဆယ့်သုံးခုက တစ်ခုပြီးတစ်ခု ရောက်ရှိလာကြပြီ ဖြစ်သည်။
သူတို့ထဲတွင် ကောင်းကင်နတ်ဆိုးဂိုဏ်းက အမှတ်စဉ်နှစ် စင်မြင့်ပေါ်တွင် ဆင်းသက်ခဲ့သည်။
ကောင်းကင်အဆောင်ဂိုဏ်း၊ အမှတ်စဉ် သုံး။
မိစ္ဆာလမင်းဂိုဏ်း၊ အမှတ်စဉ် လေး။
အဆိပ်ဂိုဏ်း၊ အမှတ်စဉ် ငါး။
ကောင်းကင်ကိုးဆင့်ဓားဂိုဏ်း၊ အမှတ်စဉ် ခြောက်။
လင်းလုံနန်းတော်၊ အမှတ်စဉ် ခုနစ်။
အမှတ်စဉ်ရှစ် စင်မြင့်မှာတော့ ဗလာဖြစ်ကာ မရောက်ကြသေးပေ။
ဆန္ဒမဲ့ဓားဂိုဏ်း၊ အမှတ်စဉ် ကိုး။
နဂါးနတ်ဘုရားတောင်ကြားက အမှတ်စဉ် တစ်ဆယ်ဖြစ်ပြီး အမှတ်စဉ် တစ်ဆယ့်တစ်က ပိုယွမ်မိသားစု ဖြစ်သည်။
အမှတ်စဉ် တစ်ဆယ့်နှစ်မူကား သွေးနတ်ဆိုးမျှော်စင် ဖြစ်၏။
နတ်ဆိုးရဲတိုက်က အမှတ်စဉ် တစ်ဆယ့်သုံးတွင် နေရာယူထားတော့သည်။
ဤတွင်၊ ထိပ်တန်းအင်အားစုကြီး ဆယ့်သုံးခုအနက် ရောက်မလာသေးသော အင်အားစုက လျှို့ဝှက်ဆန်းကျယ်ဆုံးသော သေခြင်းရှင်ခြင်းဓားဂိုဏ်း ဖြစ်သည်။
"ဝှစ်၊ ဝှစ်"
ထိုအချိန်တွင် ဓားအလင်းတန်းများ ကောင်းကင်သို့ ဖြတ်သန်းလာပြီး သေခြင်းရှင်ခြင်းဓားဂိုဏ်းမှ လူများ ရောက်လာခဲ့ကြသည်။
"လူနည်းလှချေလား"
လုမင် တစ်ချက်လှမ်းကြည့်ရင်း အနည်းငယ် အံ့ဩသွား၏။
သေခြင်းရှင်ခြင်းဓားဂိုဏ်းမှ ဆယ့်သုံးဦးသာ ရောက်လာသည်။
ခေါင်းဆောင်လာသူ အဘိုးကြီးကို ဖယ်လိုက်ပါက လူငယ် ဆယ့်နှစ်ယောက်သာ ရှိပေသည်။
"ဝှစ်၊ ဝှစ်"
သေခြင်းရှင်ခြင်းဓားဂိုဏ်းမှ လူငယ်ဆယ့်နှစ်ယောက်က အမှတ်စဉ် ရှစ် စင်မြင့်ပေါ်တွင် ဆင်းသက်လိုက်ကြသည်။ ယခုတော့ အင်အားစုကြီး ဆယ့်သုံးခုစလုံး ရောက်ရှိလာကြပြီ။
"လုမင်၊ သေခြင်းရှင်ခြင်းဓားဂိုဏ်းက တပည့်လက်ခံတဲ့နေရာမှာ အရမ်းတင်းကျပ်တယ်လေ။ အဲဒါကြောင့် လူနည်းနည်းပဲ ရှိတယ်။ တင်းပေါင်ညီလာခံမှာ ပါဝင်ချိန်ကစပြီး လူဆယ့်နှစ်ယောက်ပဲ လာလေ့ရှိကြတယ်။ ဒါပေမဲ့ လူနည်းတယ်ဆိုပြီး သူတို့ကို ဘယ်သူမှအထင်မသေးဝံ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သေခြင်းရှင်ခြင်းဓားဂိုဏ်းရဲ့ လူတစ်ဦးစီက ကြောက်စရာကောင်းတဲ့ ပါရမီရှင်တွေ ဖြစ်နေကြလို့ပဲ။ သူတို့က သေခြင်းရှင်ခြင်းဓားသိုင်းကို လေ့ကျင့်ကြပြီး သူတို့ရဲ့ စွမ်းအားက အရမ်းကြောက်ဖို့ကောင်းတယ်"
ရွယ်နင်ရှင်းက လေသံသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။
လုမင် ခေါင်းညိတ်လိုက်လေသည်။ သေခြင်းရှင်ခြင်းဓားဂိုဏ်းကို သူလှမ်းကြည့်မိတော့ ရင်းနှီးပြီးသား လူတစ်ယောက်ဖြစ်သည့် လော့ရှန်းကို မြင်လိုက်ရသည်။
ထိုလူငယ်ကိုတော့ လုမင် အတော်သတိထားမိပေသည်။ သူဟာ ဓားဝိညာဉ်ကို အကောင်းဆုံးဖြစ်အောင် ဆယ့်ငါးနှစ်ကြာ လေ့ကျင့်နိုင်သောသူ ဖြစ်သည်။ ဤသို့သော လူမျိုးက အလွန်ကြောက်စရာကောင်းပေသည်။
"ဟားဟးဟား၊ နဂါးနတ်ဘုရားတောင်ကြားကလူတွေ တကယ်လာဝံ့တယ်"
ကောင်းကင်နတ်ဆိုးဂိုဏ်းတွင်၊ မော့ဟဲက လုမင်နှင့် နဂါးနတ်ဘုရားတောင်ကြား၏အဖွဲ့ကို အေးစက်စက်ဖြင့် လှမ်းကြည့်လိုက်သည်။
"သူတို့ရောက်လာတာက ပိုမကောင်းဘူးလား။ ဒီတစ်ခါတော့ နဂါးနတ်ဘုရားတောင်ကြားက လူအားလုံးကို သတ်ရမယ်"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ပါရမီရှင်တစ်ဦးကလည်း အေးစက်စက်ဖြင့် ပြော၏။ သူ့ခန္ဓာကိုယ်က မြင့်မြတ်သော အလင်းရောင်များ တောက်ပနေသော်လည်း သူ့မျက်လုံးများမှာတော့ သတ်ဖြတ်ချင်စိတ်တို့ ပြည့်နေတော့သည်။
"ဟုတ်တယ်၊ သူတို့ တစ်ယောက်ကိုမှ အလွတ်မပေးနိုင်ဘူး"
အဆိပ်ဂိုဏ်းမှာလည်း၊ လုမင်တို့ကို တိုက်ခိုက်ခဲ့သောလူငယ်က အေးစက်စက်ဖြင့် လှမ်းကြည့်လိုက်သည်။
"ခွန်အားဆိုတာ စကားလုံးပေါ်မှာ မမူတည်ပါဘူး။ အဆုံးမှာ ဘယ်သူတွေ အသက်ရှင်ပြီး ဘယ်သူသေမလဲဆိုတာ သိရလိမ့်မယ်"
လုမင် လက်သီးကို တင်းတင်းဆုပ်ရင်း ပြောလိုက်သည်။
ဤတစ်ခါတော့ သူစိတ်ကျေနပ်သည်အထိ သတ်ရပေတော့မည်။
"လုမင်၊ မင်းရဲ့အသက်ကို ငါယူမယ်"
မော့ဟဲက လုမင်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"မင်းရဲ့အသက်ကိုပဲ ငါယူရမှာ"
လုမင် အေးစက်စက် ပြောလိုက်၏။
တိုက်ပွဲမစသေးသော်လည်း နဂါးနတ်ဘုရားတောင်ကြား၊ ကောင်းကင်နတ်ဆိုးဂိုဏ်း၊ ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် အဆိပ်ဂိုဏ်းတို့က ရန်မီးပွားများ ဖြစ်ပေါ်နေပြီ။
သူတို့အပြင်...
တခြားဂိုဏ်းများမှာလည်း အချင်းချင်းလည်း ပဋိပက္ခများ ရှိကြသည်။ တစ်ယောက်ကိုတစ်ယောက် စူးစူးဝါးဝါးကြည့်ရင်း နေရာတစ်ခုလုံးမှာ သတ်ဖြတ်ချင်စိတ်များက ပြည့်နေတော့သည်။
ထိုအချိန်တွင် ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ရင်ပြင်တစ်ခုမှာ၊ နတ်ဘုရားသားတော် ရှန်းကျစ်က လက်နှစ်ဖက်ကိုနောက်ပစ်ပြီး ရပ်နေသည်။ သူ့နောက်မှာတော့ ရှစ်ကွမ်းက တလေးတစားရပ်ပြီး တစ်ခုခု ပြောဆိုနေ၏။
"ငါရောက်မလာခင် ရက်နည်းနည်းအတွင်းမှာ ဒီလောက်အများကြီး ဖြစ်သွားမယ်လို့ မမျှော်လင့်ထားဘူး။ နဂါးနတ်ဘုရားတောင်ကြားရဲ့ လူတွေက ပိုပြီး အတင့်ရဲလာပြီ။ မင်းတို့ကတော့ ပိုပြီး အမှိုက်ဆန်လာကြတာပဲ။ သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်အောက်က လူနည်းနည်းလေးကိုတောင် မသတ်နိုင်ကြဘူး"
ရှန်းကျစ်က အေးစက်စက်ဖြင့် ပြောလိုက်သည်။
"အချိန်နဲ့ဟင်းလင်းပြင်ကို ထိခိုက်စေနိုင်တဲ့ အဲဒီကောင်လေးရဲ့ အထူးဆန်း သားရဲကြောင့်သာမဟုတ်ရင် ကျွန်တော် သူ့ကိုသတ်ပစ်ခဲ့တာ ကြာပါပြီ"
ရှစ်ကွမ်းက ဦးညွတ်ပြီး ပြောလိုက်၏။
အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်က ဒဏ္ဍာရီလာ သတ္တဝါတစ်ကောင် ဖြစ်သည်။ ထိုအကြောင်းကို လူတိုင်း မသိခဲ့ကြပေ။ ထို့အတူ ရှစ်ကွမ်းသည်လည်း အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်မှန်း မသိနိုင်ခဲ့ပါ။
"အချိန်နဲ့ဟင်းလင်းပြင်ကို ထိခိုက်စေနိုင်တဲ့ အိမ်မွေးသားရဲလား"
ရှန်းကျစ်၏ မျက်လုံးများက အေးစက်သွားသည်။ သတ်ဖြတ်လိုစိတ်များကလည်း သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာတော့သည်။
"ပြောစမ်း၊ အဲဒီကောင်လေးက ဘယ်လိုပုံစံရှိလဲ။ သူ့အဖော်နှစ်ယောက်ကရော ဘယ်လိုပုံစံလဲ။ သူတို့အထဲမှာ အစစ်အမှန်နဂါး ရှိသလား"
နတ်ဘုရားသားတော်က မေးခွန်းအနည်းငယ်ကို ဆက်တိုက်မေးလိုက်သည်။
"တကယ်ပဲ အစစ်အမှန်နဂါး ရှိပါတယ်။ အဲဒါက နှင်းနဂါးနဲ့..."
ထို့နောက်တွင် ရှစ်ကွမ်းက လုမင်နှင့် အခြားသူများ၏ အသွင်အပြင်ကို ဖော်ပြခဲ့လေသည်။
"တကယ်ကို ဒီကောင်တွေပဲ။ သူတို့က ငါ့ကို နဂါးနန်းတော်မှာ လှည့်စားသွားဝံ့တယ်"
ရှန်းကျစ်၏ မျက်လုံးများက အေးစက်သွားသည်။
ထိုအချိန်က နဂါးနန်းတော်တွင်၊ သူဟာ နဂါးနက်၏အလောင်းကို တားဆီးရန် နတ်ဘုရားတားမြစ် ရှေးကမ္ပည်းစာလိပ်ကို အသုံးပြုခဲ့သည်။ သို့သော်လည်း တစ်စုံတစ်ယောက်က လျှို့ဝှက်စွာ ဖျက်ဆီးပြီး နဂါးနက်အား လွတ်မြောက်သွားစေခဲ့၏။ ထို့ကြောင့် ကမ္ပည်းစာလိပ်ကို ဆုံးရှုံးရသလို သူ၏ ကြိုးစားအားထုတ်မှုအားလုံးကလည်း အချည်းနှီးဖြစ်သွားရတော့သည်။
ထိုစဉ်ကတည်းက တရားခံဟာ မည်သူဖြစ်မှန်း သူစဉ်းစားနေခဲ့သည်။ ယခုတော့ လုမင်ဖြစ်မှန်း သေချာပြီ။
အချိန်နှင့်ဟင်းလင်းပြင်ကို ထိခိုက်စေနိုင်သော အိမ်မွေးသားရဲပိုင်ရှင်က လုမင်မှလွဲ၍ အခြား မည်သူဖြစ်နိုင်မည်နည်း။
"အတင့်ရဲလိုက်တဲ့ကောင်၊ သူ အခုဘယ်မှာလဲ။ ငါ သူ့ကို အခုသွားသတ်မယ်"
ရှန်းကျစ်က အေးစက်သော သတ်ဖြတ်ချင်စိတ်တို့ဖြင့် ပြောလိုက်သည်။
"နတ်ဘုရားသားတော်၊ အခုချိန်မှာ လုမင်က တင်းပေါင်ညီလာခံမှာ ပါဝင်နေသင့်တယ်။ ထိပ်တန်းအင်အားစုကြီး ဆယ့်သုံးခုစလုံးလည်း စုံနေလောက်ပြီလေ။ သူ့ကို အခုသတ်လိုက်ရင် အခြားအင်အားစုတွေ မကျေမနပ်ဖြစ်သွားမှာကို ကြောက်ရတယ်"
ရှစ်ကွမ်းက ကပျာကယာ ပြောလိုက်သည်။
"ဒါဆိုရင်လည်း သူ့ကို တင်းပေါင်ညီလာခံပြီးတဲ့အထိ အသက်ရှင်ခွင့်ပေးထားလိုက်တာပေါ့"
ထိုသို့ပြောပြီးသည်နှင့် ရှန်းကျစ်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ပျောက်ကွယ်သွားတော့သည်။
တင်းပေါင်ညီလာခံတွင်၊ တိုက်ပွဲအငွေ့အသက်များက ပို၍ ပြင်းထန်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် အဘိုးအိုတစ်ဦးက တိုက်ပွဲကွင်းအထက် လေထဲတွင် ပေါ်လာသည်။
အဘိုးအိုက အဖြူရောင်ကို ၀တ်ဆင်ထားပြီး ကောင်းကင်နတ်ဘုရားဂိုဏ်းမှ အကြီးအကဲ ဖြစ်၏။
နှစ်များကြာလာသည်နှင့်အမျှ၊ ကောင်းကင်နတ်ဘုရားဂိုဏ်းဟာ ပို၍ အားကောင်းလာခဲ့သည်။ သူတို့က နှစ်နှစ်ဆက်တိုက် တင်းပေါင်ညီလာခံတွင် ပထမနေရာကို ရရှိခဲ့၏။ တင်းပေါင်ညီလာခံငယ်မှာလည်း ပထမနေရာကို နှစ်ကြိမ်တိုင်တိုင် ရရှိခဲ့သေးသည်။
ကောင်းကင်နတ်ဘုရားဂိုဏ်းက သုံးနှစ်ဆက်တိုက် ပထမနေရာကို ရယူမည်ဟု ကြေညာထားခဲ့သည်။ တင်းပေါင်ညီလာခံ သို့မဟုတ် တင်းပေါင်ညီလာခံငယ်တွင် ပထမနေရာကို ရယူကြလိမ့်မည်။