အခန်း ၁၅၂၉
Vol. 102 Ch. 1529
အပိုင်း ( 1529 ) နောက်ထပ် ပါရမီရှင်တစ်ဦးကို သတ်ခြင်း။
ပဉ္စမအချီမှစတင်၍ နဂါးနတ်ဘုရားတောင်ကြား၏ ရှင်သန်မှုနှုန်းမှာ ပို၍ မြင့်မားလာခဲ့သည်။
ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းတို့က နဂါးနတ်ဘုရားတောင်ကြားမှ အားနည်းသောအဖွဲ့ဝင်များကို စိန်ခေါ်ရန် ၎င်းတို့၏ကျွမ်းကျင်သူများကို ဆက်လက်စေလွှတ်ခဲ့သော်လည်း သတ်ဖြတ်ရန် ပို၍ ခက်ခဲလာခဲ့ပြီ။
ပဉ္စမအချီတွင် လူတစ်ဦးက တိုက်ပွဲကွင်းပြင်မှ လွတ်မြောက်ပြီး သူ့အသက်ကို ကယ်တင်နိုင်ခဲ့သည်။ ကျန်နှစ်ဦးမှာလည်း တိုက်ပွဲကွင်းပြင်မှ လွတ်မြောက်လုနီးပါး ဖြစ်ခဲ့၏။ သို့သော်လည်း နောက်ဆုံးတွင် သေဆုံးသွားခဲ့ရသေးသည်။
ဤအချီတွင်၊ နဂါးနတ်ဘုရားတောင်ကြားက နှစ်ဦးသေပြီး နှစ်ဦး ရှုံးနိမ့်သွားခဲ့သည်။ ဆယ့်ခုနစ်ယောက်သာ ကျန်တော့သည်။
ဤအချီမှာတော့ လုမင်ကို မည်သူမျှ မစိန်ခေါ်ခဲ့ပါ။ သူတို့က ယုံကြည်မှုမရှိသေးဘဲ နောက်ဆုံးအချိန်ထိ စောင့်နေချင်ပုံရသည်။
ဆဋ္ဌမအချီမှာတော့ နဂါးနတ်ဘုရားတောင်ကြားက ရှုံးနိမ့်ခဲ့သော်လည်း မည်သူမျှ အသက်မသေတော့ပေ။ ကောင်းကင်နတ်ဘုရားတောင်ကြားနှင့် အခြားဂိုဏ်းနှစ်ခုက နဂါးနတ်ဘုရားတောင်ကြားမှ လူများကို သတ်ချင်သော်လည်း သူတို့အားလုံး တိုက်ပွဲကွင်းပြင်မှ ထွက်ခွာနိုင်ခဲ့ကြပေသည်။
နဂါးနတ်ဘုရားတောင်ကြား၏ လေထုက ပို၍ အားကောင်းလာခဲ့သည်။
ဤတစ်ချီပြီးနောက် နဂါးနတ်ဘုရားတောင်ကြားတွင် လူဆယ့်သုံးယောက်သာ ကျန်တော့သည်။
သေခြင်းရှင်ခြင်းဓားဂိုဏ်းအပြင် နဂါးနတ်ဘုရားတောင်ကြားက လူအနည်းဆုံး ဖြစ်လာခဲ့သည်။
ယခုအကြိမ်မှာ ဆဋ္ဌမအချီသာဖြစ်ပြီး ကျန်ဂိုဏ်းအများစုက လူသုံးဆယ်ခန့် ကျန်ရှိသည်။ ဂိုဏ်းငယ်အချို့ပင်လျှင် လူနှစ်ဆယ်ခန့် ကျန်ခဲ့ပြီး အချို့က သုံးဆယ်နီးပါး ရှိသေးသည်။
ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းတို့၌ လူသုံးဆယ်ခန့် ကျန်ခဲ့သည်။
ထို့နောက် နောက်ထပ် နှစ်ကျော့ ပြီးသွား၏။
နဂါးနတ်ဘုရားတောင်ကြားတွင် လူငါးယောက်သာ ကျန်တော့သည်။
၎င်းတို့မှာ လုမင်၊ ဟန်ရွှင်း၊ ထျန်းချွေး၊ ရွယ်နင်ရှင်းနှင့် ကျစ်ယွဲ့တို့ ဖြစ်သည်။
အချီပေါင်းများစွာအတွင်း ထျန်းချွေးနှင့် ရွယ်နင်ရှင်းကို မည်သူမျှ စိန်ခေါ်ခြင်း မရှိခဲ့ပေ။
လွန်ခဲ့သော ဆယ်ရက်မှ တိုက်ပွဲတွင် ထျန်းချွေးနှင့် ရွယ်နင်ရှင်းက ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်နိုင်စွမ်းကို ပြသခဲ့ကြသည်။ သူတို့၏အင်အားက အလွန်အားကောင်းပြီး မော့ဟဲ၊ ဝူချမ်တောက်နှင့် အခြားပါရမီရှင်များစွာကို တိုက်ထုတ်ခဲ့၏။ ထို့ကြောင့် သူတို့ကို စိန်ခေါ်မခံရသေးသည်မှာ ပုံမှန် ဖြစ်သည်။
ဤသို့ဖြင့် အဋ္ဌမအချီ ပြီးသွားပြီ။
နဝမအချီမှစ၍ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများမှာ မျက်နှာပျက်လာခဲ့ကြသည်။
နဂါးနတ်ဘုရားတောင်ကြားမှ ကျန်ငါးဦးစလုံးက အားမနည်းသောကြောင့် မည်သူ့ကို စိန်ခေါ်ရမည်မှန်း မသိကြတော့ပေ။
"ငါ လုမင်ကို သွားသတ်မယ်"
ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်မှ လူငယ်တစ်ယောက် ထွက်လာပြီး တိုက်ပွဲကွင်းပြင်ပေါ်သို့ ပျံသန်းသွားခဲ့သည်။
"လုမင်၊ ထွက်ခဲ့စမ်း"
ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ လူငယ်လေးက နတ်ဘုရားအပြစ်ပေးလှံဖြင့် လုမင်အား ညွှန်ပြလိုက်သည်။
"ဒါက ငါလိုချင်တာပဲ"
လုမင် အေးစက်စက် ပြုံးလိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး တိုက်ပွဲကွင်းပြင်ပေါ်သို့ ဆင်းသက်ခဲ့၏။
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ပါရမီရှင်၏ ခန္ဓာကိုယ်မှ သန့်စင်သောအလင်းများ ထုတ်လွှတ်လာခဲ့သည်။ သူက အုပ်ချုပ်သူအဆင့် ချပ်ဝတ်တန်ဆာကိုပင် ဝတ်ဆင်လိုက်၏။
ထိုလူက ယခင်တိုက်ပွဲမှ သင်ခန်းစာယူခဲ့ရကြောင်း ထင်ရှားသည်။ တိုက်ပွဲစတင်ကတည်းက သူ့ပတ်ဝန်းကျင်တွင် ကာကွယ်ရေးအလွှာများကို ချမှတ်ထားပြီးပြီ။
"မင်းက ပိုပြီး သတိကြီးတာပဲ။ ဒါပေမဲ့ သေရဦးမှာပဲ"
လုမင် ပြောလိုက်သည်။
"အရှက်မရှိ လေကြီးနေလိုက်တာ၊ သေရမဲ့လူက မင်းကွ။ သတ်"
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ပါရမီရှင်က အော်လိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး အလင်းတန်းတစ်ခုကဲ့သို့ လုမင်ထံ ပြေးသွားခဲ့၏။
"ဝှစ်"
နတ်ဘုရားအပြစ်ပေးလှံက ကြောက်မက်ဖွယ်ကောင်းသော အသံမျိုးဖြင့် လေထုကို ထိုးဖောက်လာတော့သည်။
"ဝုန်း"
လုမင်က လက်သီးဖြင့် လှံသွားကို ဆီးကြိုထိုးလိုက်သည်။
ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာ၏။ လုမင်၏ ခန္ဓာကိုယ်က မလှုပ်ရှားသော်လည်း တစ်ဖက်လူမှာ ခြေလှမ်းများစွာ ဆုတ်သွားရတော့သည်။
"မင်းရဲ့ တိုက်ခိုက်ရေးအင်အားက ဒီလောက်ပဲလား"
လုမင် နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။
"မပြီးသေးဘူးကွ"
တစ်ဖက်လူငယ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ နို့ဖြူရောင် စာအုပ်တစ်အုပ် ပေါ်လာခဲ့၏။ ထိုစာအုပ်ကလည်း အုပ်ချုပ်သူအဆင့် ဝိညာဉ်ရတနာတစ်ခု ဖြစ်ချေသည်။
စာအုပ် ပွင့်သွားပြီးနောက် အဖြူရောင် အလင်းများက ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ပါရမီရှင်အပေါ် ကျရောက်လာခဲ့သည်။ သူ့အရှိန်အဝါကလည်း ပို၍ အားကောင်းလာခဲ့ပြီ။
သူ့လက်ထဲတွင် နို့ဖြူရောင် လှံရှည်တစ်ချောင်း ပေါ်လာခဲ့သည်။ ထို့နောက် ပို၍အားကောင်းသော အင်အားဖြင့် လုမင်ကို ပစ်ထိုးလိုက်၏။
"ဝုန်း၊ ဝုန်း"
လုမင်လည်း လက်သီးအချို့ကို အဆက်မပြတ် ထုတ်ဖော်လိုက်သည်။ လက်သီးအင်အားများက ပေါက်ကွဲထွက်ပေါ်လာ၏။
လက်သီးအင်အားနှင့် လှံအလင်းများ ထိပ်တိုက်တွေ့ဆုံပြီးနောက် တိုက်ပွဲကွင်းပြင်ပေါ်တွင် ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ယောက်သား တိုက်ခိုက်မှု ဆယ်ခုထက်မနည်း ရင်ဆိုင်ခဲ့ကြသည်။
"လုမင်ရဲ့အင်အားက မယုံနိုင်စရာပါလား။ သူက စတုတ္ထအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူတစ်ဦးပဲ၊ ဒါပေမဲ့ သူက ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်က ပါရမီရှင်ကို တွန်းလှန်နိုင်တယ်"
"ဒါက တကယ်ကို ကြောက်စရာကောင်းပါတယ်။ ဒါပေမဲ့ လုမင်ရဲ့ ကျင့်ကြံခြင်းက သူ့ထက်နှစ်ဆင့်နိမ့်တယ်။ လုမင် ရှုံးနိမ့်မှာ သေချာပါတယ်"
"ဒီလိုလည်းမဟုတ်သေးဘူး။ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့လူက မြေကမ္ဘာ အလယ်လတ်တန်းစား ဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားတာ၊ လုမင်ကတော့ အဆင့်မြင့် မြေကမ္ဘာဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားတယ်လေ"
လူအများက အချင်းချင်း ဆွေးနွေးပြောဆိုခဲ့ကြသည်။
"သေ၊ သေစမ်း"
ဒေါသတကြီးတိုက်ခိုက်ရင်း ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူငယ်၏ တိုက်ခိုက်မှုများက ပို၍ ပြင်းထန်လာခဲ့သည်။
"ဒါက မင်းရဲ့ ကန့်သတ်ချက်လား။ ဒီလိုဆိုရင် အဆုံးသတ်ဖို့အချိန်တန်ပြီ"
လုမင်က အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
"ဝုန်း"
လုမင်၏လက်သီးက လေဟာပြင်ကို ဖြိုခွဲပစ်လိုက်သည်။ ခဏချင်းမှာပင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူငယ်၏ နတ်ဘုရားအပြစ်ပေးလှံက ပေါက်ကွဲသွားသည်။
"ဝုန်း"
ထို့နောက် လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ပုံရသော လက်သီးတစ်ချက် ထုတ်ဖော်လိုက်သည်။ သူ့လက်သီးက တစ်ဖက်လူ၏ ရင်ဘတ်ကို ပြင်းထန်စွာ ထိုးချလိုက်၏။ ပြင်းထန်သော လက်သီးအင်အားက တစ်ဖက်လူ၏ ကာကွယ်ရေးအလွှာများစွာကို ဖြတ်ကျော်ကာ ချပ်ဝတ်တန်ဆာကို ထိုးချလိုက်တော့သည်။
"ဝုန်း"
ချပ်ဝတ်တန်ဆာက တုန်ခါပြီး ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ပါရမီရှင် လွင့်စဉ်သွားသည်။ သူ့ခန္ဓာက တိုက်ပွဲကွင်းပြင်တစ်လျှောက် လျှောထွက်သွားပြီး ပါးစပ်ထဲမှလည်း သွေးများ အန်ထွက်လာခဲ့၏။
ယခင် တိုက်ခိုက်မှုများတွင် လုမင်က သူ့အင်အားကို အပြည့်အဝ မထုတ်ဖော်သေးပါ။ ယခုတော့ လုမင်ဟာ သူ့အင်အားကို အပြည့်အဝ ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။
တစ်ဖက်လူ၏ ကျင့်ကြံခြင်းအခြေခံက သူ့ထက် နှစ်ဆင့်မြင့်မားသည်။ သို့ရာတွင် လုမင်၏ မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာနှင့် ကစဉ့်ကလျားတာအိုနယ်မြေက ပြိုင်ဘက်ထက် များစွာ အားကောင်း၏။ ယင်းက သူတို့ကြားမှ အဆင့်ကွာခြားမှုကို ဖြည့်ဆည်းပေးနိုင်ခဲ့ပေသည်။
"မင်း…"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ပါရမီရှင်လည်း တုန်လှုပ်ပြီး ဒေါသတကြီး ဖြစ်သွားသည်။ လုမင်ကို ဤမျှ အစွမ်းထက်မည်ဟု သူ မမျှော်လင့်ထားပေ။
"သေစမ်း"
လုမင်လည်း ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ပြိုင်ဘက်ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ချဉ်းကပ်သွားသည်။
"ငါ့မှာ ကာကွယ်ရေး အုပ်ချုပ်သူဝိညာဉ်ရတနာ ရှိတယ်ကွ။ မင်းငါ့ကိုသတ်လို့မရဘူး"
ကောင်းကင်ဘုံနတ်ဘုရားဂိုဏ်းမှ ပါရမီရှင်လည်း အော်ဟစ်ရင်း အမြန်ပြန်ဆုတ်သွား၏။
"ဟုတ်လား"
လုမင် နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။ သူ့လက်ထဲတွင် အုပ်ချုပ်သူဝိညာဉ်ရတနာ လှံတစ်လက် ပေါ်လာခဲ့သည်။
"ဝှစ်"
လှံရှည်က တစ်ဖက်လူကို ထိုးဖောက်သွား၏။
အစွန်းရောက်လှံ ဆယ့်သုံးချက်။
ကြောက်မက်ဖွယ်ကောင်းသော လှံအလင်းက တစ်ဖက်လူ၏ တိုက်ခိုက်မှုများကို ဖြိုဖျက််ပြီး ချပ်ဝတ်တန်ဆာကို ဆက်လက် ထိုးနှက်တော့သည်။
"အသုံးမဝင်..."
တစ်ဖက်လူငယ် အော်ဟစ်လိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်တွင် သူ့မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။
လုမင်၏လှံသွားက ကြောက်မက်ဖွယ်ကောင်းအောင် အင်အားဆယ့်သုံးဆဖြင့် ပေါက်ကွဲထွက်လာခဲ့၏။
"ဝုန်း"
ကြောက်မက်ဖွယ်ကောင်းသော ထိုးဖောက်နိုင်စွမ်းဖြင့် လှံရှည်က အုပ်ချုပ်သူဝိညာဉ်ရတနာကိုဖြတ်၍ တစ်ဖက်လူ၏ နှလုံးသားကို ထိုးဖောက်သွားတော့သည်။
"ဝမ်"
ထို့နောက် လှံရှည်က တစ်ချက်တုန်ခါပြီး ကစဉ့်ကလျားစွမ်းအားများ ပေါက်ကွဲလာခဲ့သည်။ တစ်ဖက်လူ၏ နတ်ဘုရားဝိညာဉ်လည်း မလွတ်မြောက်နိုင်တော့ဘဲ အမှုန့်ဖြစ်ကာ ပျောက်ကွယ်သွားတော့သည်။
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ပါရမီရှင်တစ်ဦး ကျဆုံးသွားပြီ။
"ဝှူး"
လူအုပ်ကြီးထံမှ ပင့်သက်ရှိုက်သံများကို ကြားလိုက်ရသည်။
မြေကမ္ဘာ အလယ်လတ်တန်းစား ဝိညာဉ်ခန္ဓာနှင့် ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျင့်ကြံခြင်းအခြေခံရှိသော ပါရမီရှင်တစ်ဦးကို လုမင် သုတ်သင်ပစ်လိုက်ပြီ။
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ပါရမီရှင်က လုမင်ကို သတ်ချင်သော်လည်း၊ နောက်ဆုံးတွင် လုမင်၏ တန်ပြန်သတ်ဖြတ်ခံခဲ့ရပေသည်။
ယခုတစ်ကြိမ် တင်းပေါင်ညီလာခံတွင် ပါဝင်သူများကြားတွင်ပင်၊ ဤလူငယ်ကို မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာပိုင်ရှင် ပါရမီရှင်များပြီးပါက ထိပ်တန်း တည်ရှိမှုတစ်ခုအဖြစ် သတ်မှတ်ခံကြရသည်။
သို့သော်လည်း အဆင့်မြင့် မြေကမ္ဘာဝိညာဉ်ခန္ဓာပိုင်ရှင်မှာ အလွန်ရှားပါးသည်။ စန်းပြည်နယ် တစ်ခုလုံးမှာပင် ၎င်းတို့က အများအပြားမရှိပေ။
တင်းပေါင်ညီလာခံ၏ ထိပ်တန်းအင်အားစုကြီး ဆယ့်သုံးခုအနက်၊ ဂိုဏ်းတစ်ခုစီတွင် မြေကမ္ဘာ အဆင့်မြင့် ဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသူက တစ်ဦး၊ နှစ်ဦးခန့်သာ ရှိသည်။ တချို့ အင်အားစုများဆိုပါက တစ်ဦးပင် မရှိကြပေ။
တင်းပေါင်ညီလာခံတွင် လုမင်၏ တိုက်ခိုက်နိုင်စွမ်းက ထိပ်တန်း ပါရမီရှင်များထဲမှ တစ်ဦးဖြစ်နေပြီဟု ဆိုနိုင်သည်။
လုမင်ကို မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာနှင့် ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ ပါရမီရှင်များနှင့် ယှဉ်ပြိုင်နိုင်မလားဟုပင် လူအများက မှန်းဆနေခဲ့ကြသည်။