← Chapters

အခန်း ၁၅၃၀

Vol. 102 Ch. 1530

အခန်း ၁၅၃၀

Vol. 102 Ch. 1530

အပိုင်း ( 1530 ) တန်ပြန်တိုက်ခိုက်မှု စတင်ပြီ။

"သတ်လိုက်တာ ကောင်းတယ်"

ထျန်းချွေးက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

နဂါးနတ်ဘုရားတောင်ကြားမှ တခြားသူများလည်း ထိုနည်းတူစွာပင်။

ကောင်းကင်နတ်ဘုရားဂိုဏ်းဟာ ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်မှ ပါရမီရှင်သုံးဦးကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ နှစ်ဦးကို လုမင် သတ်ဖြတ်ခဲ့ပြီး ကျန်တစ်ဦးမှာတော့ လော့ရှန်းက သတ်ပစ်ခဲ့၏။

"ချီးပဲ၊ ဒီလုမင် သေသင့်တယ်"

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ တစ်ယောက်က ဒေါသတကြီး အော်လိုက်သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းတွင် မြေကမ္ဘာအလယ်လတ်တန်းစား ဝိညာဉ်ခန္ဓာနှင့် ပါရမီရှင် အများအပြား မရှိပေ။ ယခုတော့ လုမင်ဟာ ထိုအထဲမှ နှစ်ဦးကို သတ်လိုက်သောကြောင့် ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်ခဲ့သည်။

လုမင်လည်း တစ်ဖက်လူ၏ အဖိုးတန်ပစ္စည်းများကိုယူပြီး စင်မြင့်ပေါ်သို့ ပြန်တက်ခဲ့လေသည်။

နောက်တစ်ခုကတော့ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အလှည့် ဖြစ်သည်။

"ငါသွားမယ်"

ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူတစ်ယောက်ကရှေ့သို့ တိုးလာသည်။

"ဒါက သူပဲ၊ မော့ဟဲ"

"မော့ဟဲ တိုက်ခိုက်တော့မယ်"

"ဒီတစ်ခါ ဘယ်သူ့ကို စိန်ခေါ်မှာလဲ"

လူများစွာတို့ လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။

မော့ဟဲမှာ အဆင့်မြင့် မြေကမ္ဘာဝိညာဉ်ခန္ဓာနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံကလည်း ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်နေပြီ။ သူဟာ စန်းပြည်နယ်၏ ထိပ်တန်း ပါရမီရှင်ဆယ်ဦးအနက် တစ်ဦးဖြစ်လာရန်ပင် အလားအလာရှိနေသူတစ်ဦးလည်း ဖြစ်သည်။

စန်းပြည်နယ်၏ ထိပ်တန်း ပါရမီရှင် ဆယ်ဦးစလုံးတွင် အဆင့်မြင့် မြေကမ္ဘာ ဝိညာဉ်ခန္ဓာများ ရှိပေသည်။ သီအိုရီအရ၊ အဆင့်မြင့် မြေကမ္ဘာ ဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသူတိုင်း ထိပ်တန်း ပါရမီရှင်ဆယ်ဦးအနက် တစ်ဦးဖြစ်လာရန် အခွင့်အလမ်း ရှိသည်။

ဟုတ်ပေသည်၊ ယင်းက အခွင့်အလမ်းရှိရုံမျှ ဖြစ်သည်။

လူတစ်ဦးတွင် မြေကမ္ဘာ အဆင့်မြင့် ဝိညာဉ်ခန္ဓာရှိပြီး တူညီသော ကျင့်ကြံခြင်းအခြေခံရှိလျှင်ပင် တိုက်ခိုက်နိုင်စွမ်း ကွာခြားမှုများ ရှိလိမ့်မည်။

ဥပမာအားဖြင့် တာအိုနယ်မြေ၊ တာအိုနယ်မြေသိုင်းပညာ၊ ကိုယ်ပိုင် တိုက်ခိုက်နိုင်စွမ်းနှင့် လျှို့ဝှက်ကျင့်စဉ်များက လူတစ်ဦး၏ တိုက်ခိုက်ရေးစွမ်းရည်ကို ဆုံးဖြတ်ပေးနိုင်ပေသည်။

မော့ဟဲ၏ မျက်လုံးအကြည့်များက နဂါးနတ်ဘုရားတောင်ကြားမှ လူငါးဦးအပေါ်သို့ ရောက်သွားသည်။ နောက်ဆုံးတွင်၊ သူ့အကြည့်များက ကျစ်ယွဲ့အပေါ်မှာ ရပ်တန့်သွား၏။

"ငါသိတယ်၊ သူ ငါ့ကို စိန်ခေါ်မယ်ဆိုတာ"

ကျစ်ယွဲ့ ပြုံးလိုက်သည်။

"ကျစ်ယွဲ့၊ မင်းသူ့ကို အနိုင်မယူနိုင်ရင် တိုက်ပွဲကွင်းပြင်ပေါ်က အမြန်ထွက်ခွာပါ။ မင်းအသက် မသေဖို့က အရေးကြီးတယ်"

ဟန်ရွှင်းက သတိပေးသည်။

ကျစ်ယွဲ့၏ တိုက်ခိုက်နိုင်စွမ်းက မဆိုးပေ။ သို့‌ရာတွင်၊ သူ့မှာ အဆင့်မြင့် မြေကမ္ဘာ ဝိညာဉ်ခန္ဓာမရှိသည့်အပြင် မော့ဟဲကိုလည်း ယဉ်နိုင်မည် မဟုတ်ပါ။

"နားလည်ပါတယ်၊ စိတ်ချပါ"

ကျစ်ယွဲ့လည်း အပိုစကားများကို မပြောတော့ဘဲ ကွင်းထဲသို့ ဝင်ရောက်လိုက်သည်။

ထို့နောက် ပြင်းထန်သော တိုက်ပွဲတစ်ခုကို စတင်လိုက်၏။

ကျစ်ယွဲ့မှာ ခရမ်းရောင်နဂါးတောင်ကြားမှ ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူသည် မြေကမ္ဘာ အလယ်အလတ်တန်းစား ဝိညာဉ်ခန္ဓာဖြစ်သည့် ခရမ်းရောင်နဂါး တိုက်ခိုက်ရေးခန္ဓာကို လေ့ကျင့်ခဲ့၏။ သူ၏ တာအိုနယ်မြေကလည်း သတ္တမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး တာအိုနယ်မြေသိုင်းပညာမှာလည်း ပြီးပြည့်စုံခြင်းသို့ ရောက်နေပြီ။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အံ့ဩလောက်စရာ ဖြစ်သည်။

ကျစ်ယွဲ့၏ ဝိညာဉ်ခန္ဓာက မော့ဟဲထက် နိမ့်ကျသော်လည်း၊ တိုက်ခိုက်နိုင်စွမ်းကတော့ များစွာ ကွာခြားလှသည် မဟုတ်ပါ။ မော့ဟဲအနေဖြင့် ကျစ်ယွဲ့ကို အချိန်တိုအတွင်း အနိုင်ယူရန် မဖြစ်နိုင်ပေ။

တိုက်ကွက်တစ်ရာနီးပါး အကြိတ်အနယ် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ပြီးမှ ကျစ်ယွဲ့မှာ တိုက်ပွဲကွင်းပြင်ပေါ်မှ ပြုတ်ကျသွားခဲ့သည်။

ကျစ်ယွဲ့ ရှုံးနိမ့်သွားခဲ့ပြီ။ နဂါးနတ်ဘုရားတောင်ကြားတွင် လူလေးယောက်သာ ကျန်သည်။

စိန်ခေါ်မှုများ ဆက်နေပြီး မကြာမီပင် ကောင်ကင်အဆိပ်ဂိုဏ်းအလှည့် ရောက်လာသည်။

ကောင်းကင်အဆိပ်ဂိုဏ်းခေါင်းဆောင်လည်း နဂါးနတ်ဘုရားတောင်ကြားမှ လူလေးယောက်ကို ကြည့်ပြီး တုံ့ဆိုင်းသွား၏။

နဂါးနတ်ဘုရားတောင်ကြား၏ ကျန်လေးယောက်အနက် မည်သူကမျှ မရိုးရှင်းပေ။

တစ်စုံတစ်ဦးကို တိုက်ခိုက်ရန် စေလွှတ်လိုပါက၊ ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျင့်ကြံခြင်းအခြေခံနှင့် အဆင့်မြင့် မြေကမ္ဘာဝိညာဉ်ခန္ဓာရှိသူကိုသာ စေလွှတ်နိုင်သည်။ ထို့အပြင် ၎င်းတို့က လုမင်နှင့် အခြားသူများကို သတ်နိုင်မည် မဟုတ်ပေ။ လုမင်တို့ကို အနိုင်ယူနိုင်လျှင်ပင် သူတို့ကိုယ်တိုင်လည်း ဒဏ်ရာများ ရရှိသွားကြမည် ဖြစ်သည်။ ထိုအခါ နောက်ဆက်တွဲတိုက်ပွဲများတွင် ၎င်းတို့အတွက် နစ်နာသွားလိမ့်မည်။

နောက်ဆုံးမှာတော့ ကောင်းကင်အဆိပ်ဂိုဏ်းက အားနည်းသူတစ်ဦးကိုသာ စေလွှတ်လိုက်သည်။ ပထမဦးဆုံးအကြိမ်၊ သူတို့က နဂါးနတ်ဘုရားတောင်ကြားအစား အခြား ဂိုဏ်းတစ်ခုကို စိန်ခေါ်ခဲ့၏။

ယင်းကြောင့် ကောင်းကင်နတ်ဘုရားဂိုဏ်း ခေါင်းဆောင်၏ မျက်နှာမှာ မည်းမှောင်သွားသည်။

သို့သော်လည်း ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းက နဂါးနတ်ဘုရားတောင်ကြားကို ကိုင်တွယ်ရန်သာ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သူသိသည်။ တကယ်တမ်းတွင်၊ ဂိုဏ်းသုံးခုစလုံးက နောက်ဆုံးအောင်ပွဲကို လိုလားကြ၏။ အကယ်၍ သူတို့သာ မိမိတို့၏ အကောင်းဆုံး ပါရမီရှင်များကို စောစောစီးစီး စေလွှတ်လိုက်မည်ဆိုပါက နှစ်ဖက်စလုံး ဒဏ်ရာရသွားမည်ဖြစ်ပြီး ဆိုးရွားသော ရလဒ်များ ဖြစ်လာလိမ့်မည်။

ကောင်းကင်အဆိပ်ဂိုဏ်းပြီးနောက် ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းက တိုက်ခိုက်ရန် လူတစ်ယောက်ကို စေလွှတ်လိုက်သည်။ ထို့နောက် မကြာမီပင်၊ နဂါးနတ်ဘုရားတောင်ကြား၏ အလှည့်ကျလာပြန်တော့သည်။

"ကဲ၊ တန်ပြန်တိုက်ခိုက်ဖို့အချိန်တန်ပြီ။ ထျန်းချွေး... မင်းသွားတော့"

ဟန်ရွှင်း ပြောလိုက်သည်။

"ကောင်းတယ်၊ ဟားဟားဟား... နောက်ဆုံးတော့ ငါ့အလှည့်ရောက်ပြီ"

ထျန်းချွေး ရယ်မောလိုက်၏။ သူ ချုပ်တည်းထားရတာ ပေါက်ကွဲခါနီး ဖြစ်နေပြီ။ ယခုတော့ သူ့အလှည့်ရောက်လာပြီ ဖြစ်သည်။

"ဒုန်း"

ထျန်းချွေးက တိုက်ပွဲကွင်းပြင်ပေါ်မှ ခုန်ချလိုက်သည်။ ထို့နောက် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူငယ်တစ်ဦးကိုကြည့်ပြီး အော်ဟစ်လိုက်၏။

"မင်း... ဆင်းလာပြီးတော့ သေစမ်း"

"ငါက မင်းကိုကြောက်မယ် ထင်လို့လား"

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူငယ်လည်း တိုက်ပွဲကွင်းပြင်ပေါ်သို့ ခုန်ဆင်းကာ ထျန်းချွေးနှင့် စတင်တိုက်ခိုက်တော့သည်။

"ငရဲကိုသွားစမ်း"

ထျန်းချွေး ဟိန်းဟောက်လိုက်သည်။ သူက ပြိုင်ဘက်၏ တိုက်ခိုက်မှုများအား လျစ်လျူရှုပြီး အရူးတစ်ယောက်ပမာ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်လိုက်၏။

"ဝုန်း၊ ဒုန်း"

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူငယ်လည်း နာကျင်စွာအော်ဟစ်ရင်း ထျန်းချွေး၏တူကြီးဖြင့် အသားပုံထဲသို့ ရိုက်နှက်ခံလိုက်ရတော့သည်။

"သေ၊ သေစမ်း"

ထျန်းချွေးက ဟိန်းဟောက်လိုက်သည်။ သူ့တူကြီးကို လေထဲတွင် လွှဲယမ်းလိုက်ရာ ပေါက်ကွဲသံများပင် ထွက်ပေါ်လာခဲ့၏။ သူ့မျက်လုံးများမှာတော့ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေတော့သည်။

"သတ်လိုက်တာ ကောင်းတယ်"

နဂါးနတ်ဘုရားတောင်ကြားမှ တပည့်များလည်း ဝမ်းသာအား ဖြစ်သွားခဲ့ကြသည်။

ဟန်ရွှင်းနှင့် လုမင်၏ မျက်နှာပေါ်မှာတော့ အေးစက်စက် အပြုံးများ ထွက်ပေါ်လာခဲ့ကြပေသည်။

နဂါးနတ်ဘုရားတောင်ကြား၏ တန်ပြန်တိုက်ခိုက်မှုက နောက်ဆုံးတွင် စတင်တော့မည် ဖြစ်သည်။

ယင်းက လုမင်၏ အစီအစဉ်ပင်။

ပထမဆုံး မိမိလူကို ကာကွယ်ပြီးမှ တန်ပြန်တိုက်ခိုက်သည်။ ယင်းက နဂါးနတ်ဘုရားတောင်ကြားမှ တပည့်များ၏ အသက်ကို ကာကွယ်ပြီး အသန်မာဆုံးသူကို ချန်ထားနိုင်သည်။

အစပိုင်းမှာတော့ လူတော်တော်များများ အသတ်ခံခဲ့ရသည်။ ဤအတွက် သူတို့မှာ ရွေးချယ်စရာ မရှိခဲ့ပေ။ ထိုသို့မလုပ်လျှင်လည်း အားနည်းသော တပည့်အားလုံး သေကြရလိမ့်မည် ဖြစ်သည်။

ဤနည်းလမ်းက တပည့်များကို ထိန်းသိမ်းရန် တစ်ခုတည်းသော နည်းလမ်းပင်။

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ တပည့်များလည်း ဒေါသတကြီးဖြင့် အံကိုတင်းတင်းကြိတ်လိုက်ကြသည်။

တခြားဂိုဏ်းမှ လူများမှာလည်း ‌နက်နက်နဲနဲ တွေးကုန်ကြ၏။

ထျန်းချွေးကတော့ စင်မြင့်ဆီသို့ ပြန်ထွက်လာတော့သည်။ ထို့နောက် စိန်ခေါ်မှုများကို ဆက်လုပ်နေခဲ့သည်။ မကြာမီ၊ ဤအချီ ပြီးဆုံးသွား၍ ဆယ်ကြိမ်မြောက်ကို စတင်ပြီ။

ကောင်းကင်ဘုရားဂိုဏ်း ထပ်မံစိန်ခေါ်ရမည့် အလှည့် ဖြစ်သည်။

ဤအခိုက်အတန့်တွင် လူတိုင်း၏ မျက်လုံးများက ကောင်းကင်နတ်ဘုရားဂိုဏ်းကို အာရုံစိုက်လာခဲ့သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းက အဘယ်သို့ တိုက်ခိုက်မည်နည်း။ နဂါးနတ်ဘုရားတောင်ကြားကို ဆက်လက် စိန်ခေါ်မးဦးမည်လော။ မည်သူ့ကို စေလွှတ်ပါမည်နည်း။

ဤအခိုက်တွင် ကောင်းကင်နတ်ဘုရားဂိုဏ်း ခေါင်းဆောင်၏ မျက်နှာက မှုန်ကုပ်ပြီး ချီတုံချတုံ ဖြစ်နေပုံရသည်။

သူ့အတွက် ခက်ခဲသော အခြေအနေကို အမှန်တကယ် ရောက်နေပြီ။

နဂါးနတ်ဘုရားတောင်ကြားမှ ကျန်လေးယောက်စလုံးမှာ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားများရှိသည်။ အကယ်၍ သူတို့ကို စိန်ခေါ်ရန် တစ်စုံတစ်ဦးကို စေလွှတ်မည်ဆိုပါက အသန်မာဆုံးသော ပါရမီရှင်ကို စေလွှတ်ရလိမ့်မည်။ အခြားသူများကို စေလွှတ်ခြင်းက သေတွင်းထဲသို့ တွန်းချခြင်းနှင့် မခြားပေ။ ထို့အပြင် လုမင်၊ ထျန်းချွေးနှင့် အခြားသူများက အနိုင်ယူရန် လွယ်ကူသူများ မဟုတ်ပါ။ အနိုင်ရလျှင်ပင် ဒဏ်ရာများ ရရှိလာမည်မှာ သေချာပြီး သူတို့၏ တိုက်ခိုက်ရေးအင်အား အလွန် အားနည်းသွားလိမ့်မည် ဖြစ်သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ အသန်မာဆုံးလူများ ဒဏ်ရာရရှိပါက၊ အခြားဂိုဏ်းများမှ ကျွမ်းကျင်သူများမှာ ဤအခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ အသန်မာဆုံးသူများကို စိန်ခေါ်မည် ဖြစ်သည်။

ဤနည်းအားဖြင့်၊ ကောင်းကင်ဘုရားဂိုဏ်း၏ အသန်မာဆုံး ကျင့်ကြံသူများ ဖယ်ရှားခံရပေလိမ့်မည်။ သူတို့၏ အသန်မာဆုံး ပါရမီရှင်များ မရှိပါက၊ ကောင်းကင်နတ်ဘုရားဂိုဏ်းသည် ထိပ်တန်းဆယ်ဦးတွင်ပင် ဝင်ရောက်နိုင်မည် မဟုတ်တော့ပေ။

ကောင်းကင်နတ်ဘုရားဂိုဏ်းက ယခုအခါ ခက်ခဲသောအနေအထားသို့ ရောက်သွားသည်။

အခြားဂိုဏ်းများမှ ပါရမီရှင်များကလည်း ဤကိစ္စကို ရှင်းရှင်းလင်းလင်း တွေးမိပြီး မျှော်လင့်နေတော့သည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ"

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ခေါင်းဆောင်လည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းမှ ခေါင်းဆောင်များလည်း အလားတူပင် ဖြစ်တော့သည်။

"ဟေ့... မင်းတို့ စိန်ခေါ်မှာလား၊ စိန်မခေါ်တော့ဘူးလား။ တခြားသူတွေရဲ့ အချိန်တွေကို မဖြုန်းစမ်းနဲ့"

လုမင်က ကောင်းကင်နတ်ဘုရားဂိုဏ်း၏ စိန်ခေါ်ချက်ကို စောင့်မျှော်နေသကဲ့သို့ တည်တည်ငြိမ်ငြိမ် လှမ်းပြောလိုက်သည်။

"လုမင်..."

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ တပည့်များစွာတို့လည်း စားမတတ် ဝါးမတတ် အကြည့်မျိုးဖြင့် လုမင်ကို လှမ်းကြည့်လိုက်၏။

သို့သော်လည်း လုမင်ကို မည်သူမျှ စိန်မခေါ်ဝံ့သည်မှာ သဘာဝပင်။ သူ့ကို စိန်ခေါ်ခြင်းက ကိုယ့်သေတွင်း ကိုယ်တူးခြင်းနှင့် မခြားပေ။

"ညီနောင်ဝူ၊ ညီနောင်မော့"

ဤအခိုက်အတန့်တွင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ခေါင်းဆောင်က ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်း၏ ခေါင်းဆောင်များထံ အသံပို့လွှတ်ကာ ဆက်သွယ်လိုက်သည်။

"ဒီလိုဆိုရင်ကော၊ နဂါးနတ်ဘုရားတောင်ကြားကို ခဏဘေးဖယ်ပြီး အားအနည်းဆုံးဂိုဏ်းတွေကို အရင်ချေမှုန်းလိုက်ကြရအောင်။ ပြီးမှ နဂါးနတ်ဘုရားတောင်ကြားကို ကိုင်တွယ်ဖို့ ငါတို့ရဲ့ ခွန်အားတွေကို စုစည်းလိုက်မယ်။ ဒါဆိုရင် မင်းတို့ ဘယ်လိုထင်လဲ"

"ကောင်းပြီ၊ ငါသဘောတူတယ်"

ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်း၏ ခေါင်းဆောင်များလည်း ခေါင်းညိတ်လိုက်တော့သည်။

All Chapters