အခန်း ၁၅၃၆
Vol. 103 Ch. 1536
အပိုင်း ( 1536 ) ဝူချမ်တုကို သန့်စင်ခြင်း။
စိတ်ဝိညာဉ်တိုက်ခိုက်မှုများက သာမန် တိုက်ခိုက်မှုများနှင့်မတူပေ။ ယင်းက ရုပ်ဝတ္တု အတားအဆီးအားလုံးကို ချက်ချင်း ထိုးဖောက်သွားနိုင်သည်။
မိစ္ဆာဝိညာဉ်ဂိုဏ်း၏ မိစ္ဆာဝိညာဉ်အကြီးအကဲ ရင်ဆိုင်ခဲ့စဉ်ကလည်း၊ လုမင်၏ ကစဉ့်ကလျားတာအိုနယ်မြေနှင့် ပူဖောင်းလေး၏ အချိန်နှင့်ဟင်းလင်းပြင် တာအိုနယ်မြေမှာ တိုက်ခိုက်မှု၏ အစိတ်အပိုင်းတစ်ခုမျှသာ အားနည်းသွားစေနိုင်ခဲ့သည်။
ထိုမှတဆင့် သာမန် အကာကွယ်များဟာ အသုံးမဝင်နိုင်ကြောင်း တွေးကြည့်နိုင်ပေသည်။
သို့ရာတွင်၊ စိတ်ဝိညာဉ်တိုက်ခိုက်မှုများတွင်လည်း အားနည်းချက်များ ရှိသည်။ သက်ရှိသတ္တဝါများ သူတို့ရှေ့တွင် ရပ်နေပါက ဝိညာဉ်တိုက်ခိုက်မှုသည် ဖြတ်သန်းသွားနိုင်မည် မဟုတ်ပေ။
ဥပမာအားဖြင့်၊ ဝူချမ်တုက အဆိပ်ပိုးကောင်များကို ရှေ့တွင်ထားကာ ကာကွယ်သွားခဲ့သည်။
အဆိပ်ပိုးမွှားများက သေးငယ်သော်လည်း စိတ်ဓာတ်ကြံ့ခိုင်ပြီး အသက်ဝိညာဉ်ရှိဆဲပင်။
ဝိညာဉ်တိုက်ခိုက်မှုက အဆိပ်ပိုးကောင်များကိုသာ ထိခိုက်မိခဲ့သည်။ အဆိပ်ပိုးကောင်များ၏ နောက်ကွယ်တွင် ကွယ်နေသော ဝူချမ်တုကိုတော့ သဘာဝအတိုင်း မထိခိုက်စေနိုင်တော့ပေ။
သူဟာ ဤသို့ ကြိုတင်စီစဉ်ထားခြင်းကြောင့် လုမင်ကို စိန်ခေါ်ဝံ့ခြင်း ဖြစ်သည်။
သို့သော်လည်း လုမင်၏ အမူအရာက တည်ငြိမ်နေဆဲပင်။
စိတ်ဝိညာဉ်တိုက်ခိုက်မှုများက အသုံးမဝင်ရုံဖြင့်၊ လုမင်တွင် ဝူချမ်တုကို ကိုင်တွယ်ရန် နည်းလမ်းမရှိတော့ဘဲ နေမည်လော။
လုမင်လည်း သူ့ခန္ဓာကို ကစဉ့်ကလျားတာအိုနယ်မြေဖြင့် လွှမ်းခြုံပြီး ကောင်းကင်သို့ ပျံတက်သွားသည်။
"ဝုန်း၊ ဝုန်း၊ ဝုန်း"
ထို့နောက်၊ အမြင့်တွင်ရပ်ပြီး လက်သီးချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်၏။
ဥက္ကာခဲကြွေသကဲ့သို့ ပြင်းထန်သော လက်သီးချက်များက ဝူချမ်တု၊ အဆိပ်ပိုးကောင်များနှင့် အဆိပ်မြွေများထံသို့ ကျရောက်လာတော့သည်။
အဆိပ်ပိုးကောင်များနှင့် ဖားများ၊ မြွေများ အများအပြား သေဆုံးခဲ့ကြသည်။
တိုက်ပွဲကွင်းပြင်တွင် အဆိပ်ပိုးကောင်များ၊ ဖားနှင့် မြွေအသေများက ပြည့်နေ၏။ အဆိပ်ရေများကလည်း တိုက်ပွဲကွင်းပြင်တစ်ခုလုံး ဖုံးလွှမ်းပြီး ရွံ့ရှာဖွယ်ကောင်းသော အနံ့အသက်တို့ ထွက်ပေါ်နေတော့သည်။
အဆိပ်ငွေ့များက တိုက်ပွဲကွင်းပြင်တစ်ခုလုံး ပြည့်သွားခဲ့သည်။
"ဟားဟားဟား... လုမင်၊ မင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ပါတယ်။ အဆိပ်အစီရင် ပြီးသွားပြီ။ အခု မင်းသေလို့ရပြီ"
တိုက်ပွဲကွင်းပြင်တွင် လုမင်က အေးစက်စက်ဖြင့် လှောင်ပြောင်ရယ်မောလိုက်သည်။
အစိမ်းရောင် အခိုးအငွေ့များက သူ့ခန္ဓာကိုယ်မှ ပျံ့နှံ့သွားပြီး တိုက်ပွဲစင်မြင့်ပေါ်ရှိ အဆိပ်ငွေ့များနှင့် ပေါင်းစပ်သွား၏။ တိုက်ပွဲစင်မြင့်တစ်ခုလုံးကို အဆိပ်ငွေ့များဖြင့် ဖုံးလွှမ်းထားတော့သည်။
"အဆိပ်လက်တစ်ထောင်"
ဝူချမ်တုက အေးစက်စက် ပြောလိုက်သည်။ အဆိပ်ငွေ့များက အဆိပ်လက်ဝါးများအဖြစ် ပြောင်းလဲသွားပြီး လုမင်ထံသို့ တိုးဝင်သွား၏။
လုမင်လည်း လေဓာတ်စွမ်းအင်တာအိုသိုင်းဖြင့် အဆိပ်လက်ဝါးများကို ရှောင်ရှားရတော့သည်။
"ဒါဆိုရင် မင်းကို ငါအရင်သတ်ပေးမယ်"
လုမင်၏ လက်ထဲတွင် အုပ်ချုပ်သူအဆင့် ဝိညာဉ်ရတနာ လှံတစ်ချောင်း ပေါ်လာခဲ့သည်။ သူက လှံနှင့်တစ်သားတည်းဖြစ်လာပြီး အဆိပ်ငွေ့ခင်းအစီရင်ထဲသို့ ခုန်ဆင်း၍ ဝူချမ်တုကို တိုက်ခိုက်လိုက်၏။
"မင်းငါ့ကိုမသတ်နိုင်ပါဘူး"
ဝူချမ်တုက အေးစက်စက် ပြောသည်။ ပေါက်ကွဲသံနှင့်အတူ သူ့ခန္ဓာကိုယ်က ပေါက်ကွဲထွက်ပြီး အဆိပ်တိမ်တိုက်များအဖြစ်သို့ ပြောင်းလဲသွား၏။ ထို့နောက် အဆိပ်အစီရင်မှ အဆိပ်များနှင့် ပေါင်းစပ်သွားတော့သည်။
လုမင်၏ လှံရှည်က အလျားလိုက် လွှဲရိုက်လိုက်သည်နှင့် အဆိပ်ငွေ့များမှာ တုန်ဆင်းသွားရသည်။
"သတ်"
လုမင် ဟိန်းဟောက်လိုက်သောအခါ မမြင်နိုင်သော ဝိညာဉ်တိုက်ခိုက်မှုတစ်ခု ထွက်ပေါ်လာ၏။
သို့သော်လည်း အဆိပ်အစီရင်အတွင်း၌ မရေမတွက်နိုင်သော အဆိပ်အင်းဆက်များ ပျံသန်းနေသည်။ လုမင်၏ ဝိညာဉ်တိုက်ခိုက်မှုက အဆိပ်ပိုးကောင် အများအပြားကိုသာ သေဆုံးသွားစေခဲ့ပေသည်။
"ဟားဟား... လုမင်၊ မင်း ငါ့ကိုထိခိုက်အောင် ဘယ်လိုမှ မလုပ်နိုင်တော့ပါဘူးကွာ။ မင်းကို ငါသတ်လိုက်ပါရစေတော့"
ဝူချမ်တု၏ ဂုဏ်ယူဝင့်ကြွားနေသော အသံ ထွက်ပေါ်လာခဲ့သည်။
အဆိပ်အစီရင်မှ အဆိပ်များက လုမင်ဆီသို့ အဆက်မပြတ် လိမ့်ဝင်လာ၏။ ကြောက်မက်ဖွယ်ကောင်းသော အဆိပ်ငွေ့များက ကစဉ့်ကလျားတာအိုနယ်မြေကိုပင် တိုက်စားပြီး လုမင်ကို ပြာအဖြစ်သို့ ပြောင်းလဲပစ်ချင်သလို လွှမ်းခြုံထားတော့သည်။
ထို့အပြင် အဆိပ်ငွေ့များက အရာဝတ္ထုအဖြစ် စုစည်းပြီး လုမင်ကို တိုက်ခိုက်သည်။
လှံရှည်က တုန်ခါသွားပြီး တိုက်ခိုက်မှုများကို တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်လိုက်၏။
"လုမင်၊ မင်းဘာသာ တိုက်ပွဲစင်မြင့်ပေါ်ကနေ အမြန်ဆင်းသွားမလား။ ဒါမှမဟုတ် မင်းကို ငါသတ်ရမှာလား"
ဝူချမ်တု၏ အေးစက်စက်စကားသံ ထွက်ပေါ်လာခဲ့သည်။
"မင်းက ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေတာပဲ"
လုမင်က လျစ်လျူရှူစွာ ပြောလိုက်သည်။
လုမင်ဟာ ဝူချမ်တုကို သတ်ချင်ပါက ချက်ချင်း သတ်နိုင်သည်။ ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကို ထုတ်ဖော်လိုက်ရုံသာ ဖြစ်၏။ ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်၏ ကြောက်မက်ဖွယ်စွမ်းအားက တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို တိုက်ရိုက်လွှမ်းမိုးနိုင်သည်။ ယင်းက ဤအစီရင်ကို အလွယ်တကူ ဖျက်ဆီးပြီး ဝူချမ်တုကိုပင် သတ်ပစ်နိုင်ပေသည်။
သို့သော်၊ ယခုက ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကို အသုံးပြုရမည့် အချိန်မဟုတ်သေးပါ။
လုမင်က ကောင်းကင်နတ်ဘုရားဂိုဏ်း သို့မဟုတ် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ထိပ်သီးပါရမီရှင်များကို ကိုင်တွယ်ရန်အတွက် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကို လျှို့ဝှက်ထားချင်ခဲ့သည်။
ထို့ကြောင့် အခြားနည်းလမ်းများကို အသုံးပြုရဦးမည်။
"ဝမ်"
လုမင်၏ ကစဉ့်ကလျားတာအိုနယ်မြေက ရုတ်တရက် ပျံ့နှံ့ပြီး တိုက်ပွဲစင်မြင့်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။
ထို့နောက် တိုက်ပွဲစင်မြင့်ထက်တွင် အဆုံးမဲ့လျှပ်စီးကြောင်းများ ပေါ်လာပြီး မီးတောက်များလည်း ပြည့်လျှံသွား၏။
တိုက်ပွဲဇာတ်ခုံတစ်ခုလုံးကို မိုးကြိုးလျှပ်စီးနှင့် မီးတောက်များက လွှမ်းခြုံထားတော့သည်။
"ဖျစ်၊ ဖျစ်..."
အဆိပ်ပိုးကောင်များ လောင်ကျွမ်းပြီး တဖြုတ်ဖြုတ် သေဆုံးသွားကြသည်။
"သတ်၊ သတ်"
လုမင်က နတ်ဓားကျင့်စဉ်ကို အသုံးပြုပြီး အရပ်ရပ်သို့ ဟိန်းဟောက်လိုက်၏။ မရေမတွက်နိုင်သော အဆိပ်ပိုးကောင်များ သေဆုံးပြီး လျှပ်စီးနှင့် မီးထဲတွင် ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားက အဆက်မပြတ် ပေါက်ကွဲနိုင်မယ်လို့ ငါမယုံဘူး"
ဝူချမ်တု၏ အသံထွက်လာသည်။
လူတစ်ဦး၏ ဝိညာဉ်စွမ်းအားက ကန့်သတ်ချက်ရှိပေသည်။ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို စဉ်ဆက်မပြတ် အသုံးပြုခြင်းက ဝိညာဉ်စွမ်းအား များစွာ ကုန်ဆုံးစေသည်။
သို့သော်လည်း ခဏအကြာတွင်၊ ဝူချမ်တု ကြောက်ရွံ့လာရသည်။ လုမင်က မရပ်သေးပေ။ သူ၏ ဝိညာဉ် တိုက်ခိုက်မှုက ဆက်လက် ပေါက်ကွဲသွားပြီး အဆိပ်ပိုးမွှားများ အားလုံးနီးပါးကို သေဆုံးခဲ့သည်။
"သတ်"
လုမင် ဟိန်းဟောက်လိုက်သည်။ လျှပ်စီးနှင့် မီးတောက်များက အဆိပ်ငွေ့များကို လောင်ကျွမ်းသွားပြီး ဝူချမ်တု၏အော်သံများ ထွက်ပေါ်လာ၏။
အဆိပ်တိမ်များက လူအသွင်သို့ စုစည်းတော့မည်ကဲ့သို့ တုန်ယင်လာတော့သည်။
"ဝါးမျိုလော့"
လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ဘယ်လက်ဝါးကို ဖြန့်လိုက်သည်။ ဝါးမျိုခြင်းစွမ်းအားက ပေါက်ကွဲလာပြီး အဆိပ်ငွေ့တွေကို ဖုံးလွှမ်းသွား၏။ လုမင်လည်း ထိုအဆိပ်ငွေ့များကို ဝါးမြိုပြီး စတင်သန့်စင်တော့သည်။
ထိုအဆိပ်ငွေ့များက အလွန်ကြောက်စရာကောင်းသည်။ သို့ရာတွင်၊ လုမင်၏ ဝိညာဉ်ခန္ဓာက မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာအဖြစ်သို့ ရောက်ရှိသွားခဲ့ပြီ။ ထို့အပြင်၊ လုမင်၏ ဝိညာဉ်ခန္ဓာတွင် သာမန် မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာထက် သာလွန်အားကောင်းသည့် ကစဉ့်ကလျားချီ၏ အရိပ်အယောင်များပါရှိသည်။ ထို့ကြောင့် သူဟာ ဤအဆိပ်ငွေ့များကို မကြောက်တော့ပေ။
"ဂါး"
လုမင်၏ ခန္ဓာကိုယ်မှ နဂါးဟိန်းသံနှင့် ခပ်တိုးတိုး ထွက်ပေါ်လာခဲ့သည်။ လုမင်က ဝူချမ်တု၏ အဆိပ်ငွေ့များကို အဆက်မပြတ် သန့်စင်လျက်ရှိ၏။
"အား၊ ဒါက ဘယ်လိုဖြစ်တာလဲ။ ငါ့ရဲ့ ဝိညာဉ်ခန္ဓာက တုနှိုင်းမရဘူး။ ဒါကို မင်းက ဘယ်လိုလုပ်ပြီး သန့်စင်နိုင်တာလဲ"
အဆိပ်ငွေ့များကြားမှ ဝူချမ်တု၏ ကြောက်လန့်တကြား အော်သံ ထွက်ပေါ်လာခဲ့သည်။
"သတ်"
လုမင်၏ မျက်လုံးများမှ ဓားအလင်းနှစ်ခုထွက်လာပြီး အဆိပ်ငွေ့ထဲသို့ ထိုးဖောက်ဝင်ရောက်သွား၏။ ဝူချမ်တု၏ အော်ညည်းသံနှင့်အတူ ခုခံမှုများက သိသိသာသာ အားနည်းသွားတော့သည်။
လုမင်က ဝါးမျိုခြင်းစွမ်းအားဖြင့် အဆိပ်ငွေ့များကို ဝါးမြိုပြီး ဆက်လက် သန့်စင်နေခဲ့သည်။
အော်ဟစ်ညည်းညူသံများနှင့်အတူ ဝူချမ်တု၏ အဆိပ်ငွေ့များက ပို၍ သေးငယ်လာ၏။
သူ့ခန္ဓာကိုယ်ကို ပြန်ပြောင်းချင်သော်လည်း လုမင်က တိုက်ရိုက်တိုက်ခိုက်ခဲ့၏။ လုမင်၏ လက်သီးချက်ကြောင့် သူ့ခန္ဓာက အဆိပ်ငွေ့များအဖြစ် ပြန်ပြောင်းသွားပြီး ဝါးမျိုသန့်စင်ခြင်းကို ခံနေရတော့သည်။
မကြာမီတွင်၊ ဝူချမ်တု၏ အဆိပ်ငွေ့များက ထက်ဝက်ကျော် လျော့ကျသွားခဲ့သည်။
"သနားပါ၊ ငါ့ကို ချမ်းသာပေးပါ"
နောက်ဆုံးတွင်၊ ဝူချမ်တုလည်း ကြောက်လန့်သွားပြီး စတင်တောင်းပန်လိုက်သည်။
သူ့ခန္ဓာကိုယ် သန့်စင်ခံရခြင်းကို မြင်နေရသည့် ခံစားချက်က သူ့အား အရိုးထဲထိစိမ့်အောက် ကြောက်ရွံ့သွားစေခဲ့၏။
ထို့အပြင်၊ သူ မသေချင်သေးပါ။ သူ့မှာ ကြီးကျယ်ခမ်းနားသော အနာဂတ် ရှိသည်။ သူ၏ အရည်အချင်းဖြင့် အနာဂတ်တွင် သူတော်စင်နယ်ပယ်ကို ဖြတ်ကျော်နိုင် မည်ဟု ယုံကြည်မှုရှိ၏။
သူတော်စင်တစ်ပါး၏ သက်တမ်းက နှစ်ပေါင်းတစ်သိန်းကျော် ရှိသည်။ ထိုအချိန်ကာလက မည်မျှ လွတ်လပ်ပြီး အတားအဆီးမရှိခဲ့သနည်း။
ပတ်ဝန်းကျင်မှ ကြည့်ရှုနေသူများလည်း တုန်လှုပ်သွားကြသည်။
လုမင်က ဝူချမ်တုကို ဤအခြေအနေထိ ရောက်စေနိုင်သလော။
အခြားပါရမီရှင်များ၏ အမြင်တွင်၊ ဝူချမ်တုက ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုဖြစ်သည်မှာ သေချာသည်။ သူ၏ အဆိပ်ခန္ဓာက လူတိုင်းကို သတိထားစေနိုင်၏။ သူနှင့် အဆင့်တူသော ပါရမီရှင်များပင်လျှင် လွန်စွာ သတိထားကြရသည်။
ယခုမူကား၊ လုမင်၏ရှေ့တွင် ချမ်းသာပေးရန် တောင်းပန်နေရပြီ။
"ချမ်းသာပေးရမှာလား။ အရင်တုန်းက မင်း ငါတို့ နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်တွေကိုသတ်ဖို့ ကောင်းကင်အဆိပ်ဂိုဏ်းရဲ့ ကျွမ်းကျင်သူတွေကို စေလွှတ်ခဲ့တယ်။ အဲဒီအချိန်တုန်းက သူတို့ကို ဘာဖြစ်လို့ မချမ်းသာပေးခဲ့တာလဲ။ ဒီလိုအခြေအနေမျိုး ပြန်ရောက်လာနိုင်တယ်လို့ မင်း မတွေးခဲ့ဘူး မဟုတ်လား"
လုမင်က ဝါးမျိုခြင်းစွမ်းအားဖြင့် ဆက်လက်သန့်စင်ရင်း အေးစက်စက် ပြောလိုက်သည်။
ဝူချမ်တုလည်း အဆိပ်ငွေ့များအဖြစ် ရုန်းကန်ရင်း အော်ဟစ်လိုက်၏။
လုမင်နှင့် မတိုက်ခိုက်မီက၊ ဤရလဒ်ကို သူ မည်သို့စဉ်းစားပါမည်နည်း။ လုမင်အား မည်သို့သတ်ရမလဲ ဆိုတာကိုသာ တွေးခဲ့သည်။
လုမင်၏ ဂရုမစိုက်ဘဲ အဆိပ်ငွေ့များကို ဆက်လက် သန့်စင်လိုက်သည်။ ဝူချမ်တုမှ အသွင်ပြောင်းထားသော အဆိပ်ငွေ့များမှာလည်း သေးငယ်သည်ထက် သေးငယ်လာတော့သည်။