← Chapters

အခန်း ၁၅၃၇

Vol. 103 Ch. 1537

အခန်း ၁၅၃၇

Vol. 103 Ch. 1537

အပိုင်း ( 1537 ) ဟာသတစ်ခု ဖြစ်လာသည်။

"ကောင်လေး၊ သိပ်ပြီး အတင့်မရဲလာနဲ့"

ထိုအချိန်တွင် ခန်းမတစ်ခုမှ အိုမင်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

အသံလာရာကို မှန်းဆကြည့်လျှင်တော့ ကောင်းကင်အဆိပ်ဂိုဏ်းမှ သူတော်စင်နယ်ပယ် အကြီးအကဲ ဖြစ်ပုံရ၏။

"ဟားဟားဟား၊ ဘာထဖြစ်တာလဲ။ ငါ့တပည့်တွေကို သတ်တုန်းကကော ဒီလိုမျိုး မင်း ဘာဖြစ်လို့ မစဉ်းစားခဲ့တာလဲ။ လုမင်၊ မင်း အဲဒီအဘိုးကြီးကို ဂရုစိုက်နေစရာမလိုဘူး"

နဂါးနတ်ဘုရားတောင်ကြား၏ သူတော်စင်နယ်ပယ် အကြီးအကဲထံမှ စကားသံ ထွက်ပေါ်လာသည်။

"ကောင်လေး၊ မင်း သေချာစဉ်းစားတာ ပိုကောင်းမယ်နော်။ မင်းက ဂိုဏ်းထဲမှာပဲ အမြဲနေနိုင်မှာ မဟုတ်ဘူး။ သိပ်ပြီး အတင့်ရဲမနေနဲ့"

ကောင်းကင်အဆိပ်‌ဂိုဏ်းမှ သူတော်စင်နယ်ပယ် အကြီးအကဲက ဆက်ပြောသည်။

"မင်း ရွံစရာကောင်ပဲ။ ငါ့တပည့်ကို ဘယ်လိုတောင် ခြိမ်းခြောက်ဝံ့တာလဲ"

နဂါးနတ်ဘုရားတောင်ကြားမှ အကြီးအကဲက ပြောလိုက်၏။

"ဟမ့်"

ကောင်းကင်အဆိပ်ဂိုဏ်းမှ သူတော်စင်နယ်ပယ် အကြီးအကဲက ပြန်မပြောတော့ဘဲ အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။

သို့ရာတွင်၊ လုမင်၏ တုံ့ပြန်မှုက အလွန်ရိုးရှင်းသည်။

"သတ်"

စကားတစ်ခွန်းဖြင့်၊ လုမင်၏ မျက်လုံးမှ နတ်ဓားနှစ်လက် ထွက်ပေါ်လာပြီး အဆိပ်ငွေ့များအား ထိုးဖောက်သွား၏။ ဝူချမ်တု၏ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သံ ထွက်ပေါ်လာပြီးနောက် အဆိပ်ငွေ့များအားလုံး လုံးဝ ပြိုကျသွားတော့သည်။

ဝူချမ်တု သေသွားပြီ။

ဤသည်မှာ ကောင်းကင်အဆိပ်ဂိုဏ်း၏ သူတော်စင်နယ်ပယ် အကြီးအကဲအပေါ် လုမင်၏ တုံ့ပြန်မှု ဖြစ်သည်။

ထိုအခါမှာတော့ ကောင်းကင်အဆိပ်ဂိုဏ်းဘက်ရှိ ခန်းမထံမှ မည်သည့်အသံကိုမျှ မကြားရတော့ပေ။ သို့သော်လည်း အေးစက်လွန်းသည့် သတ်ဖြတ်ချင်စိတ်က လေထဲတွင် ပြည့်သွားသည်။

ဟုတ်ပေသည်၊ သူတော်စင်နယ်ပယ် အကြီးအကဲများကို ဤအခြေအနေမှာ ဝင်ရောက်စွက်ဖက်ရန် ခွင့်မပြုပေ။ မဟုတ်ပါက၊ အခြား ဂိုဏ်းများကလည်း မိမိတို့ဂိုဏ်းသားအတွက် တစ်ဖက်လူကို ဖိအားပေးခြင်းများ ပြုလုပ်လာနိုင်သည်။

ယခုတော့ ပြီးပြီ။

ဝူချမ်တု အမှန်တကယ် သေသွားပြီ။

ပတ်ဝန်းကျင်မှ ကြည့်ရှုနေသူများလည်း တုန်လှုပ်စွာဖြင့် အသက်ပြင်းပြင်းရှူလိုက်မိကြသည်။

နောက်ထပ် ထိပ်တန်း ပါရမီရှင်တစ်ဦး လုမင်၏လက်တွင် ကျဆုံးသွားခဲ့ပြီ။ ပုမော့ အပါအဝင်၊ လုမင်၏လက်ထဲမှာ ကျဆုံးသွားသော ထိပ်တန်း ပါရမီရှင်က နှစ်ယောက်ရှိနေပြီ ဖြစ်သည်။

ကြေကွဲဖွယ်ကောင်းလွန်းလှပေသည်။

ယခင်နှစ်များက တင်းပေါင်ညီလာခံတွင် အဆင့်မြင့် မြေကမ္ဘာ ဝိညာဉ်ခန္ဓာပိုင်ရှင်များ အသတ်ခံရခြင်းမှာ အလွန်နည်းပါးခဲ့သည်။ တိုက်ခိုက်ရေး စွမ်းအား ကွာခြားမှု ရှိလျှင်ပင် ကြီးကြီးမားမား ဖြစ်လိမ့်မည် မဟုတ်ပေ။ သူတို့ကို အနိုင်ယူနိုင်သော်လည်း သတ်ဖြတ်ရန်တော့ ခက်ခဲလွန်းလှသည်။

ယခုအကြိမ်မှာတော့ အချီနှစ်ဆယ်သာ ရှိသေးသော်လည်း ထိပ်တန်း ပါရမီရှင်နှစ်ဦး သေဆုံးသွားခဲ့ပြီ။ အခြား ပါရမီရှင် အများအပြားမှာလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

လုမင်ကြောင့် ယခုအကြိမ် တင်းပေါင်ညီလာခံငယ်မှာ ယခင်ကထက် အဆပေါင်းများစွာ ပို၍ ကြေကွဲစရာကောင်းခဲ့ပေသည်။

လုမင်လည်း ဝူချမ်တု၏ သိုလှောင်လက်စွပ်ကို သိမ်းယူပြီး ပွဲကြည့်စင်မြင့်ပေါ်သို့ ပြန်သွားခဲ့သည်။

ထို့နောက် တစ်စုံတစ်ယောက်က တိုက်ပွဲကွင်းပြင်ပေါ်သို့ တက်လာပြီး သန့်ရှင်းရေးလုပ်ပေး၏။

နောက်ဆုံးတွင်၊ အစောပိုင်းက ဝူချမ်တု ထုတ်‌လွှတ်ခဲ့သော အဆိပ်မြွေ၊ အဆိပ်ဖားအသေများမှာ တိုက်ပွဲကွင်းပြင်ပေါ်တွင် ရှိနေဆဲပင်။

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ စင်မြင့်ပေါ်တွင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ခေါင်းဆောင်က သူတို့ဒဏ်ရာများအား အသီးသီး ကုသနေဆဲဖြစ်သော ထျန်းချွေးနှင့် ရွယ်နင်ရှင်းကို အေးစက်စက်ဖြင့် ကြည့်လိုက်သည်။

"ဒီကောင်က နောက်တစ်ချီမှာ ဆရာတူအစ်ကို ထျန်းချွေးနဲ့ ဆရာတူအစ်မ ရွယ်နင်ရှင်းကို စိန်ခေါ်ချင်နေတယ်"

လုမင် ပြောလိုက်၏။

ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့ နှစ်ဦးစလုံးက ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ယခုထိ ပြန်မကောင်းသေးပေ။ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူငယ် ခေါင်းဆောင်သာ သူတို့ကို စိန်ခေါ်လျှင် အလွန်အန္တရာယ်များလိမ့်မည်။ ကောင်းကင်နတ်ဘုရားဂိုဏ်း လူငယ်ခေါင်းဆောင်က ဤအခွင့်အရေးကို ဆုပ်ကိုင်ပြီး ထျန်းချွေးနှင့် ရွယ်နင်ရှင်းကို သတ်လိုသည်ဖြစ်ကြောင်း ထင်ရှားသည်။

"ငါ သူ့အကြံကို အောင်မြင်ခွင့်မပြုဘူး"

ဟန်ရွှင်းက သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် အေးစက်စက် ပြောလိုက်သည်။

တိုက်ပွဲကွင်းပြင်ကို ရှင်းလင်းပြီးနောက် ပြိုင်ပွဲများ ဆက်လက်ကျင်းပခဲ့သည်။

ပတ်ဝန်းကျင် လေထုက ပို၍ ပြင်းထန်လာ၏။

အချင်းချင်း ရန်ငြိုးဖွဲ့ထားသော ဂိုဏ်းများသည်လည်း ရန်သူဂိုဏ်းများမှ ထိပ်တန်းကျွမ်းကျင်သူများကို စိန်ခေါ်ရန် ၎င်းတို့၏ ထိပ်တန်းကျွမ်းကျင်သူများကို စေလွှတ်လာကြတော့သည်။

လုမင်နှင့် ဝူချမ်တုတို့ကြားမှ တိုက်ပွဲအပြီးတွင် ထိပ်တန်းကျွမ်းကျင်သူများကြား ထိပ်တိုက်တွေ့ဆုံမှုနှစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။ အဆုံးတွင်၊ ဆန္ဒမဲ့ဓားဂိုဏ်းမှ ပါရမီရှင်နှင့် သွေးနတ်ဆိုးမျှော်စင်မှ ပါရမီရှင်တို့ နှစ်ဦးစလုံး ဒဏ်ရာပြင်းထန်စွာရခဲ့ပြီး တိုက်ပွဲကွင်းပြင်မျ ပြုတ်ကျသွား၏။

တစ်ဖက်တွင်၊ လင်လုံနန်းတော်၏ ထိပ်တန်းပါရမီရှင်က ဒဏ်ရာအပြင်းအထန် ရရှိပြီးနောက် သူ့ပြိုင်ဘက်ကို ၎င်း၏ပြိုင်ဘက်ကို အနိုင်ရခဲ့ပေသည်။

မကြာမီ၊ နဂါးနတ်ဘုရားတောင်ကြား၏ အလှည့်ရောက်ခဲ့သည်။

ထိုအခါ ဟန်ရွှင်းက မတ်တပ်ထရပ်ပြီး တိုက်ပွဲကွင်းပြင်ပေါ်သို့ တက်သွား၏။

"ယွီရှန့်၊ ဆင်းခဲ့စမ်း"

ဟန်ရွှင်းက အေးစက်စက်ဖြင့် ပြောလိုက်သည်။

ယွီရှန့်မှာ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူငယ်ခေါင်းဆောင်၏ အမည် ဖြစ်သည်။

လူတိုင်း လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ ဟန်ရွှင်းက ယွီရှန့်ကို စိန်ခေါ်နေသည်။ ဂိုဏ်းနှစ်ခု၏ ခေါင်းဆောင်များ ထိပ်တိုက်တွေ့တော့မည်။

ယွီရှန့်၏ မျက်လုံးများ အေးစက်သွားသည်။ သူ၏ မူလအစီအစဉ်မှာ နောက်အချီ၊ ကောင်းကင်နတ်ဘုရားဂိုဏ်း စိန်ခေါ်ရမည့် အလှည့်ကျသည့်အချိန်မှ ထျန်းချွေး သို့မဟုတ် ရွယ်နင်ရှင်းကို စိန်ခေါ်ပြီး ကိုယ်တိုင်သတ်ပစ်မည် ဖြစ်သည်။ ယခုတော့ ဟန်ရွှင်းက သူ့အစီအစဉ်ကိုမြင်ပြီး သူ့ကို တိုက်ရိုက်စိန်ခေါ်ခဲ့ပြီ။

ယွီရှန့်လည်း ထွက်လာပြီး တိုက်ပွဲကွင်းပြင်ပေါ်သို့ ဆင်းလိုက်ရသည်။

"ဒီလိုဆိုတော့လည်း မင်းကို အရင်သတ်လိုက်တာပေါ့"

ယွီရှန့်မှ အေးစက်စက် ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်က တောက်ပပြီး သန့်စင်သော အလင်းရောင်များ ပေါက်ကွဲထွက်လာ၏။ သူ့တစ်ကိုယ်လုံးက သန့်စင်သောအလင်းရောင်ဖြင့် နှစ်ခြင်းခံရသကဲ့သို့ အညစ်အကြေး အနည်းငယ်မျှ မကပ်နိုင်ပေ။

ယွီရှန့်က ကောင်းကင်နတ်ဘုရားဂိုဏ်းမှ တိုက်ရိုက်ဆင်းသက်လာသူဖြစ်ကာ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ထိပ်တန်း ကျင့်စဉ်များကို လေ့ကျင့်နိုင်ခဲ့ပေသည်။

"အရှက်မရှိ လျှောက်ပြောနေပြန်ပြီ"

ဟန်ရွှင်းက လှောင်ပြောင်လိုက်သည်။ သူ့ထံမှ ကြောက်စရာကောင်းအောင် အေးစက်သော လေများ ပေါက်ကွဲထွက်လာ၏။ အေးစက်သောလေက အရပ်ရပ်သို့ ပျံ့နှံ့သွားပြီးနောက် တိုက်ပွဲကွင်းတစ်ဝက်ကို အဖြူရောင်နှင်းခဲများဖြင့် ဖုံးလွှမ်းသွားစေတော့သည်။

"ဝုန်း၊ ဝုန်း"

ယွီရှန့်နှင့် ဟန်ရွှင်းက အချိန်မဆိုင်းကြဘဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ကြသည်။

တိုက်ပွဲကွင်းပြင်ပေါ်တွင်၊ ပုံရိပ်နှစ်ခုက အဆက်မပြတ် ထိပ်တိုက်တွေ့ပြီး သူတို့၏အရှိန်ကလည်း ပိုမြန်လာ၏။ အားနည်းသော ကျင့်ကြံသူအချို့ဆိုလျှင် သူတို့နှစ်ဦးကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပါ။

အဆုံးမရှိ မြင့်မြတ်သောအလင်းရောင်နှင့် တိုက်ပွဲကွင်းပြင်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော အေးစက်သောလေအပြင် ကောင်းကင်ပေါ်သို့ ထိုးတက်လာတတ်သော စွမ်းအင်လှိုင်းများကိုသာ မြင်နေခဲ့ရသည်။

ယွီရှန့်က မြင့်မြတ်သော အလင်းရောင်များကြားမှာ ရပ်နေပြီး နတ်ဘုရားပြစ်ဒဏ်ခတ်လှံကို ကိုင်ဆောင်ထားသည်။ သူ့ကိုကြည့်ရသည်မှာ ဤလောကကို အပြစ်ပေးရန် ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်၏။

ဟန်ရွှင်း၏ ခန္ဓာကိုယ်ပေါ်မှာတော့ အဖြူရောင် နဂါးအကြေးခွံများ ပေါ်လာကာ သူ့ခန္ဓာကိုယ်ကို ရေခဲချပ်ကာအလွှာဖြင့် ဖုံးအုပ်ထားတော့သည်။ သူ၏လက်များမှာလည်း နဂါးခြေသည်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။

"ထန်၊ ထန်"

နဂါးလက်သည်းများနှင့် နတ်ဘုရားပြစ်ဒဏ်ခတ် လှံတို့က ထိပ်တိုက်တွေ့ဆုံကြသည်။

နဂါးပြစ်ဒဏ်ခတ်လှံက ဟန်ရွှင်း၏ ပခုံးကို ထိုးမိသွားသည်။ သို့ရာတွင်၊ ဟန်ရွှင်း၏ လက်သည်းကုပ်ချက်ကလည်း ယွီရှန့်၏ရင်ဘတ်ကို ကုပ်မိသွား၏။ ယင်းက ယွီရှန့်၏ နှလုံးသားကိုပင် စုတ်ပြဲစေလုနီးပင်။

နှစ်ယောက်စလုံး ဒဏ်ရာများရပြီး သူတို့၏ အဝတ်အစားများမှာ သွေးများ စွန်းထင်းသွားခဲ့သည်။

သို့သော်လည်း အကြိတ်အနယ် တိုက်ခိုက်နေဆဲပင်။

အမှန်အတိုင်းပြောရလျှင်၊ ဟန်ရွှင်းနှင့် ယွီရှန့်၏ တိုက်ခိုက်ရေးအင်အားက ကြောက်စရာကောင်းလွန်းသည်။ သူတို့သည် ပုမော့ထက်ပင် ပို၍ အားကောင်း၏။ အနာဂတ်တွင်၊ သူတို့က စန်းပြည်နယ်၏ ထိပ်တန်း ပါရမီရှင်ဆယ်ဦးစာရင်းတွင် ပါဝင်လာဖွယ်ရှိသည်ဟုပင် ဆိုနိုင်သည်။

နောက်ဆုံးတွင်၊ ထိပ်တန်းပါရမီရှင်ဆယ်ဦးမှာ သူတော်စင်နယ်ပယ်အောက်မှ မျိုးဆက်သစ်လူငယ်များကြားမှ ရွေးချယ်ခြင်း ဖြစ်သည်။ ဤနှစ်၏ ထိပ်တန်း ပါရမီရှင် ဆယ်ယောက်က သူတော်စင်နယ်ပယ်ကို ရောက်ရှိသွားသည်နှင့်၊ သူတို့ကို ထိပ်တန်း ပါရမီရှင် ဆယ်ယောက်ထဲမှ အလိုအလျောက် ဖယ်ရှားကာ ပါရမီရှင်အသစ်များဖြင့် အစားထိုးလိမ့်မည်။

သို့ဖြစ်ပေရာ၊ အနာဂတ်၏ ထိပ်သီးပါရမီရှင်နှစ်ဦးက ကြိုပြီး တိုက်ခိုက်နေကြသည်ဟု ဆိုနိုင်သည်။

တိုက်ကွက်သုံးရာကျော် ရင်ဆိုင်ပြီးနောက် သူတို့၏ ယွမ်ချီစွမ်းအင်နှင့် ခန္ဓာကိုယ်အင်အားတို့ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။ နောက်ဆုံးတွင် လက်ဗလာချည်း တိုက်ခိုက်ကြသော တိုက်ပွဲဖြစ်သွား၏။ နှစ်ဦးစလုံးက သွေးအလူးလူး ဖြစ်နေသည့်ကြားမှ ပြင်းထန်စွာ ဆက်လက် တိုက်ခိုက်နေတော့သည်။

အဆုံးတွင် သူတို့နှစ်ဦးစလုံး တိုက်ပွဲကွင်းပြင်မှ ပြိုင်တူပြုတ်ကျပြီး တိုက်ပွဲပြီးဆုံးသွားခဲ့သည်။

လုမင်လည်း ချက်ချင်းလှုပ်ရှားပြီး ဟန်ရွှင်းအနားတွင် ပြန်ပေါ်လာခဲ့သည်။ သူက ယွမ်ချီစွမ်းအင်ပို့လွှတ်ပေးကာ ဖေးမရင်း စိုးရိမ်ပူပန်စွာ မေးလိုက်၏။

"ဂိုဏ်းတူအစ်ကို ဟန်ရွှင်း၊ ခင်ဗျား အဆင်ပြေရဲ့လား"

"စိတ်မပူပါနဲ့၊ ငါအဆင်ပြေတယ်။ ဟိုကောင်က ငါ့ထက် အခြေအနေ ပိုဆိုးတယ်"

ဟန်ရွှင်း ပြုံးလိုက်သည်။

"ဟမ့်"

ယွီရှန့်က အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်၏။ ထို့နောက် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ တပည့်များ၏ အကူအညီဖြင့် ပွဲကြည့်စင်ပေါ်သို့ ပြန်တက်သွားပြီး ကုသဆေးတစ်လုံးကို သောက်ကာ သူ့ကိုယ်သူ ပြန်လည်ကုသနေလေတော့သည်။

လုမင်လည်း ဟန်ရွှင်းကို တိုက်ပွဲကွင်းပြင်မှ ခေါ်ထုတ်သွားပြီး ပွဲကြည့်ပရိတ်သတ်နေရာသို့ ပို့ပေးလိုက်သည်။

ဤသို့ဖြင့် နဂါးနတ်ဘုရား‌တောင်ကြားတွင် လူ သုံးယောက်သာ ကျန်တော့သည်။

သို့သော်လည်း ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများ အားလုံး မျက်နှာ မသာမယာ ဖြစ်နေခဲ့သည်။

ယွီရှန့် ထွက်သွားပြီးနောက် ကောင်းကင်နတ်ဘုရားဂိုဏ်းတွင် ထိပ်တန်းကျွမ်းကျင်သူများ မရှိတော့ပေ။ သို့ဖြစ်ပေရာ ပထမနေရာကိုရရန် ရည်မှန်းချက်မှာလည်း ဟာသတစ်ခု ဖြစ်ခဲ့ရပြီ ဖြစ်သည်။

တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေခဲ့သည်။ မကြာမီပင်၊ ဤအချီပြီးဆုံးသွားပြီး နောက်အချီ စတင်ခဲ့၏။

ဤတစ်ကြိမ်တွင် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ကျန်တပည့်များ တိုက်ခိုက်ချင်စိတ် ပျောက်ဆုံးသွားကာ အခြားဂိုဏ်းများကို စိန်ခေါ်ရန် လူတစ်ဦးကို ကျပန်းစေလွှတ်လိုက်ကြလေသည်။

ထို့နောက်တွင်၊ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အလှည့် ဖြစ်သည်။

"ငါလာမယ်"

ကောင်းကင်နတ်ဆိုးဂိုဏ်းမှ မော့ဟဲက သူ့နောက်ကျောတွင် နတ်ဆိုးဓားတစ်လက်ကိုလွယ်ပြီး ထွက်လာခဲ့၏။ သူက တိုက်ပွဲကွင်းပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် နဂါးနတ်ဘုရားတောင်ကြားကို တိုက်ရိုက် ကြည့်လိုက်သည်။

သူ့အကြည့်က ထျန်းချွေးနှင့် ရွယ်နင်ရှင်းအပေါ်တွင် ဖြတ်သန်းသွား၏။

လုမင်၏ နှလုံးသားထဲတွင် လေးလံလာတော့သည်။

All Chapters